သဘောကောင်းလွန်းတဲ့ မိန်းမ
Vol. 19 Ch. 285
သေချာပါသည်။ သိပ်မကြာခင် ရှားဝမ်ချွေ့ တံခါးဝကို ရောက်လာပါပြီ။
ဗီလာထဲက အသံကျယ်ကျယ်များကို ကြားသည့်အခါ ရှားဝမ်ချွေ့ ခေါင်းလေးပြူကြည့်လိုက်သည်။
“မြောင်” ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ကာ တောက်ပစွာ ပြုံးလိုက်ပါသည်။
“ပြန်လာပြီလား အပြင်မှာ အလုပ်လုပ်နေတုန်း အနိုင်ကျင့်မခံရဘူးမလား” လင်းဖန်လည်း ပြုံးလိုက်ပြီး ရှေ့ထွက်ကာ ရှားဝမ်ချွေ့၏ လက်ကိုသွားကိုင်လိုက်ပါသည်။
“အွန်း~ ဘယ်အနိုင်ကျင့်ခံရပါ့မလဲ။ အစ်မယန်ကော၊ လုံခြုံရေးအစောင့်တွေကော အဲ့မှာ ရှိနေတာပဲကို။ လုံခြုံရေးတွေအများကြီးက ငါ့ကို ကာကွယ်ပေးကြမှာ” ရှားဝမ်ချွေ့က လင်းဖန်ကို လက်ကိုင်ခွင့်ပေးကာ ပြောလိုက်ပါသည်။
ဗီလာထဲတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ပေါ်တင် ချစ်ပြကြသည်။
အားလုံးလည်း မြင်သားကျနေပါပြီ။ ထို့အပြင် ယန်ချင်းလည်း ရှားဝမ်ချွေ့နဲ့အတူ လိုက်လာပါသည်။
“အဲ့တာ အစ်မယန် မလား။ မြန်မြန်ဝင်ခဲ့လေ။ ဒီနေ့ပင်ပန်းသွားမှာပဲ။ ရေသောက်ပါဦး” လင်းဖန်က ပြုံးလိုက်ပြီး ယန်ချင်းကို အမြန်ကြိုဆိုလိုက်ပါသည်။
ထို့ကြောင့်လည်း လင်းဖန်က ရေပန်းစားခြင်း ဖြစ်သည်။ သူက အားလုံးအပေါ် ခင်မင်မှုရှိကာ ဆယ်လီဖြစ်နေတာကြောင့်နဲ့ မောက်မာမှု မရှိပေ။
ထို့အပြင် ယန်ချင်းက ရှားဝမ်ချွေ့၏ မန်နေဂျာဖြစ်ပြီး ရှားဝမ်ချွေ့၏ လုပ်ငန်းများကို တာဝန်ယူထားရသူဖြစ်သည်။
နာမည်ကျော် ဆယ်လီတစ်ယောက်အနေနဲ့ ရှားဝမ်ချွေ့က အလွန်အလုပ်များလေ့ရှိသည်။ ယန်ချင်း၏ ထောက်ပံ့မှုမပါဘဲ မဖြတ်သန်းနိုင်လောက်ပါ။
“လင်းဖန် စိတ်မပူပါနဲ့။ ငါ့ဖာသာငါ ငှဲ့သောက်လိုက်ပါ့မယ်။ နင်တို့တွေ သွားနှင့်ကြလေ” ယန်ချင်းက ပြုံးလိုက်ပါသည်။ သူမလည်း လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အလွန် တပူးပူး တတွဲတွဲ ဖြစ်နေတာကို အသားကျနေပါပြီ။
သို့သော်လည်း လင်းဖန်၏ စိတ်အားထက်သန်နေမှုက ယန်ချင်းကို အလွန်နေရခက်စေပါသည်။
ဘာလို့ သူမနဲ့ ဆုံတဲ့ ဆယ်လီတိုင်းက သဘောကောင်းနေကြတာလဲ။ လင်းဖန်ကို မဆိုဦးနဲ့၊ ရှားဝမ်ချွေ့ကပါ သူမအပေါ် အလွန်ကောင်းပါသည်။
ယုတ္တိရှိရှိပြောရလျှင် မန်နေဂျာများက ဆယ်လီတစ်ယောက်ကို မစော်ကားရဲကြပါ။
ထို့ကြောင့် လင်းဖန်ကို ယန်ချင်း အလွန်သဘောကျသွားပါသည်။
လင်းဖန်သာ ရှားဝမ်ချွေ့ကို ကာကွယ်ပေးထားပါက အားလုံး စိတ်အေးနိုင်ပါသည်။
ယန်ချင်းက ရှားမိသားစုအတွက် အလုပ်လုပ်ပေးနေသူဖြစ်သည်။ အစက သူမ ရှားဝမ်ချွေ့၏ မန်နေဂျာတစ်ယောက်အနေဖြင့် သူမကို နှောက်ယှက်သည့် ယောက်ျားသားများထံမှ ကာကွယ်ပေးခဲ့ရပါသည်။
ထို့အပြင် ယန်ချင်းတွင် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုလည်း ရှိပါသေးသည်။ ဒါကတော့ ရှားဝမ်ချွေ့ အဖေကိုယ်စား လင်းဖန်ကို အကဲခတ်ထားဖို့ ဖြစ်ပါသည်။
ရှားဝမ်ချွေ့ကိုယ်တိုင်တောင် ဒီလျှို့ဝှက်ချက်ကို မသိပါ။
လင်းဖန်က အလွန်ရည်မွန်သောကြောင့် ယန်ချင်း၏ အမြင်မှာတော့ လင်းဖန် စမ်းသပ်ချက်ကို အောင်မြင်သွားပါပြီ။
လင်းဖန်ရဲ့ စရိုက်ကောင်းမျိုးနဲ့ နှိုင်းယှဥ်နိုင်သည့် လူများများစားစာ အနုပညာလောကထဲမှာ မရှိပါ။
“လာလေ။ သိုးသားတုတ်ထိုး၊ ဝက်သားတုတ်ထိုး၊ အာလူး၊ မှို၊ ခရမ်းသီး၊ ကြက်တောင်ပဲ၊ ပဲ အကုန်လုံးကို အသင့်ပြင်ပြီး အကင်စက်ပေါ် တင်လိုက်”
“အိမ်မှာ ဇီရာနဲ့ ငရုတ်သီးမှုန့်တောင် သိပ်မကျန်တော့ဘူး။ ချမ့်ဝေ ဇီရာနဲ့ ငရုတ်သီးမှုန့် နည်းနည်းလောက် သွားဝယ်ပေးစမ်းပါ” လင်းဖန်က ပြုံးကာ လင်းချမ့်ဝေကို ကြည့်လိုက်ပါသည်။
လင်းချမ့်ဝေက ခေါင်းငြိမ့်လျက် အခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားပါသည်။
အားလုံး အချိန်အကြာကြီး စောင့်မျှော်ပြီးနောက် လင်းဖန် နောက်ဆုံးတော့ တုတ်ထိုးများကို စကင်ပါပြီ။
တကယ်တော့ အကင်များ၏ နောက်ဆုံးအဆင့်ကို လင်းဖန်တစ်ယောက်တည်း ကိုင်တွယ်သွားခြင်း ဖြစ်သည်။ တခြားသူတွေက ဒီတိုင်း ကူညီပေးရုံသာ ရှိပါသည်။
တခြားသူတွေက ဘာမှမဖြစ်သော်လည်း စုရှောင်းယွီက အကင်များကို စားချင်နေပါပြီ။ အကင်များ အသင့်မဖြစ်သေးခင်မှာပင် စုရှောင်းယွီက ကြက်တောင်ပံတွေ ယူစားချင်နေပါပြီ။
ခဏလောက်ကြာသောအခါ အကင်စက်ပေါ်က သိုးသားတုတ်ထိုးများ၊ မှိုများ၊ အသားချောင်းများ၊ အစရှိသည်တို့ ကျက်သွားကြပါပြီ။
လင်းချမ့်ဝေ ဝယ်လာသည့် ငရုတ်သီးမှုန့်နဲ့ ဇီယာမှုန့်တို့ကို ထိုတုတ်ထိုးများအပေါ် ဖြူးလိုက်၏။ မီးသွေးမီးမှ ဆီကွက်များနဲ့ မီးခိုးများလည်း ရှိနေပါသည်။
လင်းဖန်က မီးသွေးမီးကို ငြှိမ်းလိုက်သည်။ တုတ်ထိုးများစွာ အသင့်ဖြစ်နေပါပြီ။
အကင်ထဲတွင် ကောက်ညှင်းကင်တချို့လည်းပါကာ အလွန်အရသာရှိပါသည်။
ပထမဆုံး ယူစားလိုက်သည့်လူကတော့ ထုံးစံအတိုင်း အစားပုပ် စုရှောင်းယွီ ဖြစ်သည်။
စုရှောင်းယွီ မစောင့်နိုင်တော့ပါ။
“အရသာရှိလိုက်တာ”
“ဆရာ နင်လုပ်တဲ့ အစားအသောက်တွေက အရမ်းအရသာရှိတာပဲ။ ငိုတောင်ငိုချင်လာပြီ” စုရှောင်းယွီက ပြောလိုက်သည်။
အကင်များက အလွန်ပူနေပါသေးသည်။ ပူနေစဥ်မှာပဲ သူမ ယူစားလိုက်ပါသည်။
သူမက ဣန္ဒြေရှိသည့် ကောင်မလေးတစ်ယောက်နဲ့ မတူတော့ဘဲ ကိုယ့်ပုံစံကိုကိုယ်တောင် ဂရုမစိုက်တော့သည့်ပုံစံပင်။
သူမ၏ ပုံစံကို ဂရုမစိုက်သော်လည်း အကင်စားနေစဥ် အလွန်ချစ်ဖို့ကောင်းပြီး လှပနေဆဲ ဖြစ်သည်။
သို့သော် လင်းဖန်တွင် ရှားဝမ်ချွေ့ရှိနေပြီးသားဖြစ်၏။ ရှားဝမ်ချွေ့သာ မရှိပါက ဘယ်သူမှ စိတ်ထိန်းနိုင်မှာ မဟုတ်ပါ။
“အဲ့လောက်တောင် အရသာရှိတယ်လား။ ငါလည်း တစ်ကိုက်လောက် စားကြည့်ဦးမှ” ရှုယန် ပြုံးလိုက်ပြီး သိုးသားတုတ်ထိုး တစ်ချောင်းကို ယူလိုက်ပါသည်။ စားကြည့်ပြီးနောက် သူ့မျက်လုံးများ ပြောင်းလဲသွားရ၏။
“လခွမ်း… ဒါက Old Street Grill မှာ လုပ်တဲ့ဟာတွေထက်တောင် ပိုအရသာရှိပါလား။ မင်းက စားဖိုမှူးကြီးများလား”
“စားဖိုမှူးကြီးတွေပဲ ဒီလောက်ကောင်းကောင်း ချက်တတ်ပြုတ်တတ်မယ်ထင်ထားတာ။ လင်းဖန် အကင်ကင်တာတောင် ဘာလို့ ဒီလောက်အရသာရှိအောင် ကင်နိုင်တာလဲ။ လူတိုင်း အကင်ကင်တတ်ပေမယ့် ခြားနားချက်က ကြီးမားလွန်းတယ်” ရှုယန်က အားကျစွာ ပြောလိုက်ပါသည်။
“ကျင်ကျင်း တုတ်ထိုးစားကြည့်” ရှုယန်က သိုးသားတုတ်ထိုးတစ်ချောင်းယူကာ လင်းကျင်းကျင်းလက်ထဲ ထည့်ပေးလိုက်ပါသည်။ သူ လင်းကျင်းကျင်း၏ ခေါင်းလေးကိုလည်း ပွတ်ပေးလိုက်ပါသေးသည်။
“ဟုတ်ပြီ~” လင်းကျင်းကျင်းက နာခံစွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး မျက်နှာပေါ်မှာလည်း ပျော်ရွှင်သည့် အပြုံးတစ်ခုပေါ်လာသည်။ သိုးသားတုတ်ထိုးကို တစ်ကိုက်စားကြည့်ပြီးနောက် သူမလည်း မှင်သက်သွားခဲ့ရပါသည်။
“တကယ်အရသာရှိတာပဲ။ လင်းဖန်ရဲ့ အကင်တွေစားရဖို့က မလွယ်ဘူး” လင်းဖန်၏ သိုးသားတုတ်ထိုးများကို နည်းနည်းချင်းစီ ကိုက်စားရင်း လင်းကျင်းကျင်း ပြောလိုက်ပါသည်။
“လင်းဖန်က တော်တယ်နော်။ အလုပ်မှာတော်ရုံတင်မဟုတ်ဘဲ အကင်ကင်တဲ့နေရာမှာ အရမ်းတော်နေပါလား” ယန်ချင်းက ဆို၏။
“ရန်ရန်လေး အရသာရှိတာ တစ်ခုခုစားပါဦး” လင်းဖန်က ပြုံးကာ ထန်ရှင်းရန်၏ လက်ထဲသို့ အကင်ထည့်ပေးလိုက်ပါသည်။
“ကျေးဇူးပါ အစ်ကိုလင်းဖန်” ထန်ရှင်းရန် ခေါင်းငြိမ့်လိုက်သည်။ အကင်စားးပြီးနောက် သူမ ငိုမိသည်။
“ဘာလို့ ငိုနေတာလဲ” လင်းခဲ့ရှင်းက ထန်ရှင်းရန်၏ လက်ကို ဆုပ်ကိုင်ကာ နူးညံ့စွာ ပြုံးလိုက်ပါသည်။
“သမီးငယ်ငယ်ကတည်းက ဒီလောက်အရသာရှိတာမျိိုး မစားဖူးဘူး အဟင့်အဟင့်” ထန်ရှင်းရန်က ဘယ်ဘက်လက်တွင် သိုးသားတုတ်ထိုးတစ်ချောင်းကို ကိုင်ထားပြီး ညာဘက်လက်တွင် အသားချောင်းတစ်ချောင်းကို ကိုင်ထားသည်။ သူမ၏ ပါးစပ်က ဆီများ ပေကျံနေပြီး တုတ်ထိုးများက စပ်လွန်းသဖြင့် ရေသောက်ချင်မိသည်။ အရေးအကြီးဆုံးက သူမ ဆက်စားချင်နေဆဲပင်။”
“မိန်းမ လာပါ စားပါဦး” လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ တကယ်တော့ သူလည်း တစ်ကိုက်တောင် မစားရသေးပါ။ သေချာပေါက် ရှားဝမ်ချွေ့ကို အရင်ဂရုစိုက်ရပါမည်။
“ဒီမှာ နင်က အကြာကြီး ပင်ပန်းထားရတာဆိုတော့ ရေအရင်သောက်လိုက်~” ရှားဝမ်ချွေ့က ချိုမြိန်စွာပြုံးလိုက်ပြီး လင်းဖန် နဖူးပေါ်က ချွေးများကို ပဝါဖြင့် သုတ်ပေးလိုက်ပါသည်။
“အိုကေ” လင်းဖန် ရှားဝမ်ချွေ့ပေးသည့် ဖန်ခွက်ကို ယူလိုက်ပြီး ရေသောက်လိုက်သည်။
အားလုံးက စားသောက်နေကြသည်။ လင်းဖန်ကို ဂရုစိုက်သည့်လူတစ်ယောက် ရှိပါက ရှားဝမ်ချွေ့သာ ဖြစ်နိုင်ပါသည်။
သူမက အလောတကြီးမစားပါ။ လင်းဖန်အတွက် ရေအရင်ငှဲ့ပေးကာ ကမ်းလိုက်ပါသည်။
လင်းဖန် ရေသောက်ပြီးနောက် ဖန်ခွက်ကို ချလိုက်ပြီး ရှားဝမ်ချွေ့လက်ကို ကိုင်လိုက်သည်။
“ငါ့မိန်းမက အရမ်းသဘောကောင်းတာပဲ” လင်းဖန် ပြုံးလိုက်သည်။
“အတူတူ စားကြရအောင်လေ” ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားသည်။ သူမ ရှက်သွေးဖြာသည့် အချိန်တွင် အလှဆုံးဖြစ်ပါသည်။
“မြောင်~” ချွေ့ချွေ့လေးလည်း ပြေးထွက်လာသည်။ သူတို့ အကင်စားကြသည့်အချိန်တိုင်း ချွေ့ချွေ့လေးက အလွန်ပျော်ရွှင်ပါသည်။ ဗီလာထဲမှာ ကြောင်လေးတစ်ကောင်မွေးထားရတာ အဆင်ပြေပါသည်။
ချွေ့ချွေ့လေး လင်းဖန်ကို မြင်တော့ အနည်းငယ် ကြောက်နေပြီး စိတ်တိုနေပါသည်။
အရင်တုန်းက သူ့ကို လင်းဖန်က မြုံသွားအောင်လုပ်ပစ်မည်ဟု ခြိမ်းခြောက်ထား၏။ သောက်လူ… သူ့ကို သွားမရှုပ်တာ ပိုကောင်းပါမည်။
စားသောက်နေကြစဥ် အားလုံး ပျော်ရွှင်နေသည့်ပုံပင်။
ကြောင်လေးတောင် အားရပါးရ စားသောက်နေပါသည်။
ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ အတူတူ ထိုင်နေကြ၏။ စားသောက်နေကြရင်း ဘဝရဲ့ပျော်ရွှင်မှု Season 2 ထုတ်လွှင့်ချိန်ကို စောင့်မျှော်နေကြပါသည်။
စားသောက်ပြီးနောက် ဘဝရဲ့ပျော်ရွှင်မှု Season 2 တရားဝင် ထုတ်လွှင့်ချိန်ကို ရောက်လာခဲ့ပါသည်။
လင်းဖန်ကလွဲပြီး ဘဝရဲ့ပျော်ရွှင်မှု Season 2 ကိုထုတ်လုပ်ပြီးနောက် ဘယ်လိုပုံစံမျိုး ရှိလဲဆိုတာ ဘယ်သူမှ မမြင်ဖူးသေးပါ။
ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက်လည်း ဇာတ်ဝင်တေးကို လင်းဖန် သီဆိုပေးထားမှန်းတော့ သူတို့သိကြပါသည်။
ထို့နောက် ရုပ်သံဒရမ်မာ တရားဝင် စတင်လေသည်။
ဇာတ်ဝင်တေးကို ကြားသောအခါ အားလုံးမျက်လုံးများပြူးကာ လင်းဖန်ကို ကြည့်လိုက်ကြသည်။
ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ လင်းခဲ့ရှင်း၊ ထန်ရှင်းယန်၊ ရှုယန်နဲ့ ယန်ချင်းတို့အားလုံး မှင်သက်သွားကြသည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ၏ဇာတ်ဝင်တေးသံ ထွက်ပေါ်လာသောအခါ သူတို့ ကောင်ကင်းဘုံတမျှ ကောင်းမွန်သည့် အသံကို ကြားလိုက်ရပါသည်။
လင်းဖန်က ဇာတ်ဝင်တေးကိုတောင် အလွန်ကောင်းမွန်စွာ သီဆိုနိုင်သည်။