← Chapters

ဆယ်မိုင် ကြယ်သဲမှုန် ကပ်ဘေးဝင်္ကပါ

Vol. 41 Ch. 566

ဆယ်မိုင် ကြယ်သဲမှုန် ကပ်ဘေးဝင်္ကပါ

Vol. 41 Ch. 566

ချင်မူ သေတ္တာကြီးနှင့် ကျန်းမြောင်ကို တောင်ကြားလမ်းထဲ ခေါ်သွားလိုက်သည့်အခါ တောင်နံရံနှစ်ဖက်ပေါ်ရှိ ဧရာမသင်္ကေတအမှတ်အသားများမှ အလင်းတန်းများ ဖြာထွက်လာသည်ကို မြင်လိုက်ရသည်။ နောက်တခဏတွင် သဲမုန်တိုင်းတစ်လုံး အစပျိုးနေသကဲ့သို့ လမ်းတောက်လျှောက်ရှိ အဝါရောင်သဲအားလုံး မြောက်တက်လာ၏။

“အသက်မရှူနဲ့” ချင်မူက အော်လိုက်သည်။ “မွှေးညင်းပေါက်အားလုံး ပိတ်ထား”

ကျန်းမြောင်က တမုဟုတ်ချင်း နားလည်လိုက်၍ မွှေးညှင်းပေါက်အားလုံး ပိတ်ရင်း အသက်ရှူအောင့်လိုက်သည်။

တောင်ကြားလမ်းထဲရှိ သဲများသည် အဝါရောင်သဲများမဟုတ်၊ ကိုက်ပေါင်းများစွာ ကျယ်ဝန်းသော သဲမုန်တိုင်းတစ်လုံးအဖြစ် အချိန်မရွေး ပြန့်ကားသွားနိုင်သည့် ဝိညာဉ်လက်နက်များ ဖြစ်ကြ၏။

သဲမှုန်များကို နှာခေါင်း‌ပေါက်မှတစ်ဆင့် ရှူမိလျှင်... ရလဒ်က ကောင်းမည်မဟုတ်‌ပေ။

သဲမှုန်တချို့ မွှေးညှင်းပေါက်ထဲ ဝင်လာပြီး ပြန့်ကားသွားလျှင်လည်း အဖြစ်ဆိုးနှင့် ကြုံတွေ့ရလိမ့်မည်။

သဲများ သူတို့ဆီ ရောက်မလာခင် ချင်မူက ချီစွမ်းအင်ကို ဓားစက်လုံးထဲ ပို့လွှတ်လိုက်သည်။ ဓားပျံများက စီးဆင်းနေသော ရေအလျဉ်ပမာ ကားထွက်သွားပြီး သူတို့ကို လွှမ်းခြုံ၍ လုံးဝန်းသော သတ္ထုစက်လုံးအသွင် ဖွဲ့တည်လိုက်၏။

အစွမ်းထက်ဆုံးဓားကွက်များပင် သဲမှုန်များ၏ဝင်တိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဓားစက်လုံးဖြင့် သူတို့အား ကာကွယ်ရန်သာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လီမြို့တွင် ချင်မူသည် သူ၏ဓားပျံများကို စီးဆင်းနေသော ရေအလျဉ်ပမာ သွန်းလုပ်နိုင်ခဲ့၏။ ရွှေအ၏ ဓားစက်လုံးများနည်းတူ သူ၏ဓားစက်လုံးသည်လည်း အလိုရှိရာအသွင်သို့ ပြောင်းလဲနိုင်ချေပြီ။

လက်နက်တစ်ခုကို ထိုအဆင့်အထိ သွန်းလုပ်နိုင်ခဲ့ခြင်းအရ သူ၏ပန်းပဲစွမ်းရည်မှာ နတ်ဘုရားအဆင့်စွမ်းရည်ဟုပင် တင်စားနိုင်ပေသည်။

ချင်မူ ဓားစက်လုံးထဲ၌ ပုန်းလိုက်သောအခိုက်အတန့်တွင် သဲမုန်တိုင်း ရောက်ရှိလာ၏။ လုံးဝန်းနေသော ဓားစက်လုံး၌ တမုဟုတ်ချင်း ချိုင့်ခွက်များ နစ်ဝင်သွားတော့သည်။

ချင်မူ ဓားများသွန်းလုပ်ရန် စစ်ယွင်ရှန်း ပို့ပေးခဲ့သော သတ္ထုများသည် အရည်အသွေးအမြင့်ဆုံး သတ္ထုများ ဖြစ်၏။ ယခင်က သူ၏သိုင်းအဆင့် နိမ့်ကျခဲ့သောကြောင့် ဓားများက အလွန်လေးလံခဲ့သော်လည်း ယခုအချိန်တွင် စစ်ယွင်ရှန်းကို သူ ကျေးဇူးတင်မိသည်။ သူမ ပို့ပေးခဲ့သည့် အကောင်းဆုံးသတ္ထုများကြောင့် သူ၏ဓားစက်လုံး တစ်ချက်တည်း ပြိုကွဲမသွားခြင်း ဖြစ်လေသည်။

သို့တိုင်အောင် ဓားစက်လုံးမှာ တွန်းထုတ်ခံလိုက်၍ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် တောင်ကြားလမ်းထဲတွင် ဟိုတိုက်၊ သည်တိုက်ရင်း လိမ့်ထွက်သွားသည်။

အထဲတွင် ချင်မူနှင့် ကျန်းမြောင်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး အလွန်မူးဝေလွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်နေကြသည်။ သဲမှုန်များကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ထိတိုက်မှုမှ တုန်ခါလှိုင်းများကြောင့် သူတို့နှစ်‌ယောက်လုံး တစစီ စုတ်ပြတ်လုမတတ် ခံစားနေရသည်။

ချင်မူက ဓားစက်လုံး၏ စီးဆင်းနေသော ရေအလျဉ်သဖွယ် အလိုက်သင့် ပြောင်းလဲနိုင်စွမ်းအား အဆုံးစွန်အထိ အသုံးချနေ၏။

ချိုင့်ခွက်တစ်ခု ပေါ်လာတိုင်း အလိုအလျောက် ပြန်ဖောင်းသွားတတ်သည်။ သို့သော် သဲမှုန်များက ချင်မူ၏ချီစွမ်းအင်ကို ဖြိုခွဲနေသည့်အတွက် ဓားစက်လုံးကို စိတ်တိုင်းကျ ပြောင်းလဲရခက်နေသည်။ ရလဒ်အနေဖြင့် ချိုင့်များစွာ ပေါ်လာတော့သည်။

‘ဒီအသတ်အဖြတ်ဝင်္ကပါက ငါ ထင်ထားတာထက် ပိုပြီး ကြောက်စရာကောင်းတာပဲ’ ချင်မူ အားလျော့သွားသည်။

သူတို့ တောင်ကြားလမ်းထဲ ပြေးဝင်လိုက်တုန်းက ရှင်းအန်းလည်း ပြေးလိုက်ခဲ့သည်။ သူ ဓားစက်လုံးကို လှမ်းဆွဲရန် လက်ဆန့်ထုတ်လိုက်သည့်အချိန်တွင် အဝါရောင်သဲများက သူ့ဆီ ပျံသန်းလာ၏။ ရှင်းအန်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လက်ချောင်းများ လှုပ်ခါလိုက်သည်။ သူ၏ ကောင်းကင်နတ်သိုင်းက သဲမှုန်များအား တွန်းထုတ်လိုက်လေသည်။

“ဒီသဲတွေနဲ့ ပတ်သက်ပြီး တစ်ခုခုမူမမှန်ဘူး... နေဦး ဒါတွေက ဝိညာဉ်လက်နက်တွေပဲဟ... သဲတွေမှ မဟုတ်တာ.... ဒါမဲ့ ငါ့ရုပ်ခန္ဓာက အစစ်အမှန်နတ်ဘုရားရုပ်ခန္ဓာလေ.... ဘာမဟုတ်တဲ့ သဲမှုန်လေးတွေကို ကြောက်စရာလား’

ရှင်းအန်က သဲလွန်စကို မြင်သည်နှင့် အဖြေမှန်ကို ခန့်မှန်းလိုက်နိုင်၏။ နတ်ဘုရားအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်သည့်အတွက် သူကား တောင်ကြားလမ်းထဲ တရှိန်ထိုး ပြေးဝင်ကာ ချင်မူ၏ ဓားစက်လုံးနောက် လိုက်တော့သည်။

ရှင်းအန်း၏အစွမ်းအစများသည် ယခင်ထက် များစွာ သန်မာအားကောင်းလာခဲ့သော်လည်း တောင်ကြားလမ်းကို ဖြတ်သွားရန် အတိုင်းထက်အလွန် ခက်ခဲနေသေး၏။ ခြေတစ်လှမ်းတိုင်းအား ခက်ခက်ခဲခဲ လှမ်းနေရသည်။

အဝါရောင်သဲများက မြေပြင်ကို ဖုံးလွှမ်းလျက် ရှိပြီး သူ့ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နေကြသည်။ ရှင်းအန်းမှာ လက်နှစ်ဖက်လုံးဖြင့် ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ကာ ပျံသန်းလာသော သဲမှုန်များကို ကာဆီးနေရ၏။ သူ မတားနိုင်လိုက်သည့် သဲမှုန်များ ရှိပါသော်လည်း သူ၏ရုပ်ခန္ဓာကို နာကျင်ရုံသာ ဖြစ်စေသည်။ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပေ။

ရုတ်တရက် ခြေထောက်များ လေးလံလာသလို ရှင်းအန်း ခံစားလိုက်ရဿည်။ သူ့ခြေထောက်ပေါ် ကျနေခဲ့သော သဲမှုန်များကို မြင်လျှင် ရှင်းအန်းက ခြေထောက်ကို ခါလိုက်သော်လည်း သဲမှုန်များ ထပ်ကျလာ၏။ သဲမှုန်များကား အသက်ရှိနေသကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ် တက်လာနေကြသည်။

ရှင်းအန်း နဖူးမှ ချွေးများကျလာသည်။ သူက အားကုန်သုံးကာ သဲဝါဝါများကို ခါထုတ်နေ၏။ ထိုအချိန်တွင် ချင်မူ၏ဓားစက်လုံးမှာ ဟိုဟိုသည်သည် တိုက်မိရင်း လွင့်ထွက်နေသဖြင့် တဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ဆူညံနေသည်။ ဓားစက်လုံးတွင် ချိုင့်ခွက်များ ပြည့်နေပြီး အချိန်မရွေး ကြေမွတော့မည့်အလား ထင်ရသည်။

မကြာမီ ရှင်းအန်း၏ခြေထောက်နှစ်လုံး အဝါရောင်သဲများထဲ နစ်ဝင်သွားပြီး ရုန်းရခက်လာ၏။ ချင်မူ၏ဓားစက်လုံးလည်း ဝင်တိုက်မှုများကြောင့် ပုံပျက်ဆင်းပျက် ဖြစ်နေပြီး ဆက်မသွားနိုင်တော့ပေ။

‘ဒီကောင်လေးကတော့ သေချင် သေချင်လိမ့်မယ်.... ငါကတော့ သူနဲ့ လိုက်မသေနိုင်ဘူး... ဒီနေရာက အရင်ဆုံးထွက်မှပဲ... လူသားဘုရင်ဖန်ဆင်းပညာ”

ရှင်းအန်း ခပ်အုပ်အုပ် အော်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်က ဖုန်မှုန့်လေးအရွယ်အထိ ကျုံ့သွားသည်။ ဤနည်းဖြင့် သူသည် သဲများဖြင့် အရှင်လတ်လတ် ဖိသတ်ခံရမည့် ကံကြမ္မာမှ ထွက်ပြေးရန် ကြံစည်နေ၏။

သူ၏ဖန်ဆင်းပညာမှာ မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာကို ကျင့်ကြံထားသည့် ပန်ကုန်းစုန်ဆီမှ သင်ထားခြင်းဖြစ်သည်။ ရှင်းအန်းသည် ဖန်ဆင်းပညာတွင် ပန်ကုန်းစုန်ထက်သာမက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ချင်မူ့ထက်ပင် သာ၏။

ကိုယ်ကို ချုံ့လိုက်သော အခိုက်အတန့်တွင် သဲမှုန်များက လျင်မြန်စွာ ပြန့်ကားလာ၍ ရှင်းအန်း မှင်သက်သွားသည်။ ဧရာမကျောက်ခဲကြီးများက ဂြိုဟ်ပျံကြီးများသဖွယ် သူ့ဆီ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။

ကြီးခြင်း၊ သေးခြင်းဆိုသည်မှာ အပြန်အလှန် သက်ရောက်နေသော အချိုးအစားမျိုး ဖြစ်၏။ သူ့ခန္ဓာကိုယ် အဆပေါင်းများစွာ သေသွားသည့်အခါ သဲမှုန်များကလည်း အဆပေါင်းများစွာ ကြီးမားလာပြီး သူ့ကို ဖိသတ်တော့မည့် ဂြိုဟ်ကြီးများသဖွယ် ဖြစ်လာ၏။

သူ့မှာ ပရမ်းပတာ ပြိုကွဲနေသော စကြဝဠာတစ်ခုထဲသို့ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

“ဒါက အစစ်အမှန်နတ်ဘုရားတွေအတွက် ပြင်ထားတဲ့ အသတ်အဖြတ်ဝင်္ကပါပဲ... ဒီဝင်္ကပါမျိုးက သဲတစ်ပွင့်ကို ကြယ်တစ်စင်းအဖြစ် ပြောင်းလဲပေးနိုင်တယ်... ငါ့အရွယ်အစားပေါ် လိုက်ပြီး ပြောင်းလဲနေမယ့် ဝင်္ကပါမျိုးပဲ”

ကြယ်သဲမှုန်ကြီးနှစ်ခဲကြား ညပ်သွားသဖြင့် ရှင်းအန်း ညည်းညူလိုက်ရသည်။ ကြယ်သဲမှုန်ကြီးနှစ်ခဲက သူ့ဘေးသို့ ကျပြီးနောက် လိမ့်သွားပြီး နောက်နှစ်ခဲကျလာသည်။ ရှင်းအန်းမှာ ရှောင်ချိန်မရလိုက်ပေ။

ဘုန်း ဘုန်း ဘုန်း

ရှင်းအန်း၏မျက်နှာ သွေးဆုပ်ဖြူလျော်နေသည်။ နောက်ဆုံးတော့ သူ မချုပ်တည်းနိုင်တော့ဘဲ နတ်ဘုရားသွေးတစ်လုပ် အန်လိုက်ရ၏။ ကြယ်သဲမှုန်များမှာ ကြယ်အစစ်မဟုတ်ဘဲ ကိုက်ပေါင်းများစွာ ကြီးမားသော ဝိညာဉ်လက်နက်များ ဖြစ်ကြသည်။ ထိတိုက်အားက သိပ်ကြောက်မက်ဖွယ်ရာ မကောင်းပါသော်လည်း အမြန်နှုန်းက အံ့အားသင့်ဖွယ်ကောင်းလွန်း၏။ ရှင်းအန်း ဒဏ်ရာအပြင်းအထန် ရသွားချေပြီ။

သူက မာန်သွင်းဟိန်းဟောက်ရင်း ရှိရှိသမျှအင်အားအကုန် စုစည်းကာ ကောင်းကင်နတ်သိုင်းဖြင့် ကြယ်သဲမှုန်များကို မှုတ်ထုတ်လိုက်သည်။ သူ့အနောက်၌ မြစ်ကြီးတစ်စင်း ဖွဲ့တည်လာပြီး သူ့ခန္ဓာကိုယ်ကို ပင့်မြှောက်ပေးလိုက်၏။

မြစ်သည် ရေနဂါးတစ်ကောင်ပမာ လူးလွန့်ရွေ့လျားလျက် ကြယ်သဲမှုန်များကြားမှ ပွတ်ကာသီကာ ဖြတ်သန်းသွား၏။

ရှင်းအန်း သက်ပြင်းချလိုက်မိသော်လည်း ထိုအခိုက်တွင် သဲမှုန်များက မယုံနိုင်လောက်အောင် တောက်ပလာပြီး ကြယ်အလင်းတန်းများ ဖြန့်ကျက်လိုက်သည်။

ကြယ်သဲမှုန်များဆီမှ အလင်းတန်း‌ပေါင်းများစွာသည် ကောင်းကင်ယံတွင် ချိတ်ဆက်သွားပြီး အလွန်တရာ ထူးဆန်းသော မိစ္ဆာမျက်လုံးကြီးတစ်လုံးအား ဖွဲ့တည်ပေးလိုက်၏။

‘သေစမ်း...’

ရှင်းအန်း ထိုသို့တွေးလိုက်မိစဉ်မှာပဲ ထိုမိစ္ဆာမျက်လုံးမှ အလင်းတန်းတစ်တန်း ထွက်လာကာ သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။

သူ့ခြေ‌ထောက်အောက်ရှိ မြစ်ရှည်ကြီး ပြိုကွဲသွားပြီး သူ့မှာ သွေးအန်လျက် ပြုတ်ကျသွား၏။

သဲတစ်မှုန်၏အင်အားက သိပ်မကြီးမားသော်လည်း သဲမှုန်များ ပေါင်းစည်းသွားသည့်အခါ ကြောက်မက်ဖွယ်ရာ ကောင်းလာပြီး သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်သွားသည်။

ထို့အပြင် မရေမတွက်နိုင်သော ကြယ်သဲမှုန်များက အချင်းချင်း ပေါင်းစည်းပြီး မိစ္ဆာမျက်လုံးများအသွင် ဖွဲ့လျက် ပျံဝဲနေကြသည်။ အလင်းတန်းများက သူ့ကို ဘက်ပေါင်းစုံမှ ပစ်ခတ်နေကြ၏။

ထိုအလင်းတန်းများမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ‌ကောင်းလောက်အောင် ထက်မြနေသော ဓားချီတန်းများ ဖြစ်သည်။ ရှင်းအန်း၏ခန္ဓာကိုယ်မှာ အစစ်အမှန်နတ်ဘုရား၏ ရုပ်ခန္ဓာ ဖြစ်ပါသော်လည်း သူ့ကိုယ်သူ ခုခံရန် ခက်ခဲနေသေးသည်။

‘ငါတော့ ဝင်္ကပါထဲ မျှားခေါ်ရပြီး မထွက်နိုင်တော့ဘူး...’

ရှင်းအန်း အကြီးအကျယ် စိတ်ဓာတ်ကျသွားပြီး ချင်မူ့ဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။ ထိုကောင်လေးလည်း ဓားစက်လုံး ပွင့်ထွက်သွားသဖြင့် သူ့လို အခြေအနေ ဖြစ်နေသည်။ သို့သော် ချင်မူက တစ္ဆေအရိပ်ကျင့်စဉ်ဖြင့် အရိပ်အသွင် ပြောင်းကာ ကြယ်သဲမှုန်များကို ရှောင်တိမ်းရင်း အသက်ရှင်နေသေး၏။

သေတ္တာကြီးနှင့် နဂါးလေးမှာမူ သူ၏ထောင်ကျယ်အိတ်ထဲတွင် ဖြစ်သည်။

ကြယ်သဲမှုန်အားလုံး ကြယ်သဲမှုန်မိစ္ဆာမျက်လုံးများအဖြစ် ပေါင်းစည်းသွားကြ၍ ဓားချီတန်းများက သူတို့နှစ်ယောက်လုံးကို ဝန်းရံနေသည်။

ရှင်းအန်း ဓားချီတန်းများကို ရှောင်တိမ်းရင်း တွေးလိုက်မိသည်။ ‘ငါနဲ့အတူ အဲဒီခွေးကောင်လေး သေသွားရင်တော့ အရှုံးမရှိပါဘူး.. နေဦး မဟုတ်သေးဘူး.. ငါက အခုလေးတင် နတ်ဘုရားဖြစ်လာတာလေ... အဲဒီခွေးကောင်လေးနဲ့အတူ လိုက်သေရင် အကြီးကြီးရှုံးတာပေါ့’

အခြားတစ်ဖက်တွင် ချင်မူက တုံ့ခနဲ ရပ်သွားသည်။ သူက ကြယ်သဲမှုန်မိစ္ဆာမျက်လုံးတစ်လုံးကို မော့ကြည့်ပြီး ကံကြမ္မာကို လက်ခံလိုက်သကဲ့သို့ ငြိမ်ကျသွား၏။

ရှင်းအန်းတွင် မြင့်မားသော သိုင်းအဆင့်၊ သန်မာသော ရုပ်ခန္ဓာ ရှိသည့်အတွက် တောင့်ခံနိုင်သေးသည်။ ကြယ်သဲမှုန်ဝင်္ကပါ၏ အက္ခသင်္ချာအပြောင်းအလဲကို ဖြေရှင်းနိုင်လျှင် လွတ်မြောက်နိုင်ခြေရှိလိမ့်မည်။

ယခုတွင် ချင်မူက အရိပ်အသွင်မှ လူအသွင် ပြန်ပြောင်းလိုက်သည်။ သူက မုဒြာလက်ဟန်တစ်ခုဖြင့် လက်မြှောက်လိုက်သည့်အခါ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း၏ ကြယ်တာရာများ အတန်းလိုက် ဖြာထွက်သွားပြီး သူ့ဆီ လာနေသော ဓားချီတန်းအား ပြေးတိုက်လိုက်၏။

ထို့နောက် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွားသည်။ ဓားချီတန်းကြောင့် မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း၏ ကြယ်များက ပြိုင်ဘက်ကင်းလောက်အောင် တောက်ပလင်းထိန်လာသည်။ ဝှမ်ခနဲ မြည်သံတစ်ချက်နှင့်အတူ အလုံးတုတ်တုတ် အလင်းတန်းကြီးတစ်တန်း ထွက်သွားပြီး ကြယ်သဲမှုန်မိစ္ဆာမျက်လုံးတစ်လုံးအား ပစ်ခွင်းလိုက်၏။

ရှင်းအန်း ကြက်သေသေသွားသည်။ ချင်မူ၏ မုဒြာလက်ဟန်ကို သူ သိ၏။ လီထျန်းရှင် သူ့ကို တိုက်ခိုက်ခဲ့တုန်းက သုံးခဲ့သော လက်ဟန်ဖြစ်ပြီး မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းဟု ခေါ်သည်။ သို့သော် အဆုံးသတ်တွင် လီထျန်းရှင်မှာ ရှင်းအန်းလက်ထဲ၌ သေဆုံးခဲ့ရသေးသည်။

သို့သော် လီထျန်းရှင်၏ လက်ဝါးသိုင်းက အတိုင်းထက်အလွန် အားကောင်းပြင်းထန်သော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်သည်ကိုတော့ ငြင်းမရချေ။ လီထျန်းရှင်၏ ကျင့်စဉ်စွမ်းအင်က အားနည်းနေ၍သာ ရှင်းအန်းကို မယှဉ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့တိုင်အောင် ချင်မူက ထိုလက်ဝါးသိုင်းဖြင့်ပင် ကြယ်သဲမှုန်မိစ္ဆာမျက်လုံး၏ ဓားချီကို ကာဆီးကာ မျက်လုံးကိုလည်း ဖြိုခွဲနိုင်ခဲ့သည်။ အမှန်တကယ် ထူးဆန်းလှ၏။

အဝေးတွင် ချင်မူသည် မဟာကြယ်ခြုံလွှမ်းလက်သိုင်းဖြင့် ကြယ်သဲမှုန်မိစ္ဆာမျက်လုံး တစ်လုံးပြီးတစ်လုံး ဖြိုခွဲနေသည်။ သူက ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ ‌တောင်ကြားလမ်းတစ်လျှောက် လျှောက်သွားသည်။

ရှင်းအန်းမှာ ချင်မူ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းအား ထုတ်ဖော်ကြည့်သည်။ သို့သော် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ဖန်ဆင်းပညာများကိုသာ လေ့လာထား၍ မထုတ်ဖော်တတ်ပေ။

‘ဒီခွေးကောင်လေး နတ်ဘုရားတွေကိုတောင် သတ်နိုင်တဲ့ ဒီဝင်္ကပါကို ဘယ်လိုဖြေရှင်းသွားတာပါလိမ့်’ ရှင်းအန်း ရင်ထဲတွင် သံသယတို့ ပေါက်ဖွားလာသည်။

အချိန်များစွာကြာသော် ချင်မူ ဆယ်မိုင်ရှည်သော တောင်ကြားလမ်းထဲမှ ထွက်လာနိုင်ခဲ့သည်။ အဝါရောင်သဲများ အနောက်တွင် ကျန်ခဲ့သည်နှင့် သူက ထောင်ကျယ်အိတ်ထဲမှ ကျန်းမြောင်နှင့် သေတ္တာကြီးကို ထုတ်ပေးလိုက်၏။

ကျန်းမြောင် နောက်လှည့်ကြည့်လိုက်သည့်အခါ ဟိုဟိုသည်သည် ပျံသန်းနေသော ကြယ်သဲမှုန်မိစ္ဆာမျက်လုံးများကို တွေ့လိုက်ရသည်။ ဓားချီတန်းများက တဖျတ်ဖျတ် လင်းလက်နေ၍ သူ တုန်လှုပ်သွားမိ၏။ ချင်မူ မည်သို့ထွက်လာနိုင်ခဲ့မှန်း သူ နားမလည်တော့ပေ။

ချင်မူက ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ အကဲခတ်နေပြီး ကောင်းကင်ယံတွင် စီးဆင်းနေသော အဝါရောင်သဲများအား မြင်လိုက်ရသည်။ ရှေ့ဆက်လျှောက်သွားကြည့်ရာတွင် သဲမှုန်များ၏ ဇစ်မြစ်ကို တွေ့လိုက်ရသည်။

သဲများ ပြည့်နေသော ဧရာမဒယ်အိုးကြီးတစ်လုံး

ဆယ်မိုင်ကပ်ဘေးက ဤဒယ်အိုးဆီမှ အစပြုခြင်းဖြစ်သည်။

သို့သော် ၎င်းကို လွန်လျှင် ခံ့ညားထည်ဝါသော နန်းဆောင်တစ်ခု ရှိနေသည်။ နဂါးရုပ်သွင်၊ ဖုန့်ဟွမ်ငှက်ရုပ်သွင်များ ရေးဆွဲထားသော ကြမ်းခင်းကြွေပြားများကား တောက်ပြောင်လင်းလက်လျက် ရှိ၏။ နန်းဆောင်ကြီးမှာ ထူးခြားသော အဆင်အပြင်နှင့် ခမ်းနားသော အဆင်းသဏ္ဍာန်တို့ဖြင့် ပနံ့သင့် လှပနေသည်။ ခေါင်းမိုးများအပေါ်၌ နတ်သားရဲရုပ်တုဆယ်ရုပ် ထိုင်နေပြီး အရှေ့တွင်မူ ကြိုးကြာငှက်အား စီးနင်းထားသည့် လူရုပ်တုတစ်ရုပ် ရှိနေ၏။

သို့သော် ထူးဆန်းသည်မှာ သံကြိးများသည် နန်းဆောင်ဆီမှ ဖြာထွက်လာပြီး တောင်ကမ်းပါးနံရံများထဲသို့ နစ်ဝင်သွား၏။

သံကြိုးများက အလွန်လေးလံမည့်ပုံရသော်လည်း တစ်ချက်တစ်ချက် တဂျောင်းဂျောင်း မြည်လာတတ်သည်။

ကျန်းမြောင်မှာ စိတ်လှုပ်ရှားလာပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “နတ်နဂါးမင်းရဲ့အသံကို ကြားရတယ်.... သူ့အသံက ဒီက လာနေတာ.... အခုဆို ပိုပြီးရှင်းရှင်းလင်းလင်း ကြားနေရတယ်”

ချင်မူက နဂါးမဟုတ်သောကြောင့် အသံမကြားရပေ။ နဂါးသွေးပါသူသာ အသံကြားနိုင်သည်။

“မသွားနဲ့ဦး” ချင်မူ လှမ်းသတိပေးပြီး သံကြိုးများဆီသို့ လျှောက်သွားလိုက်သည်။ သူက သံကြိုးတစ်ချောင်းကို ဂရုတစိုက် လေ့လာရင်း အသာအယာ ပွတ်သပ်ကြည့်လိုက်၏။ ရုတ်ခြည်းဆိုသလို သင်္ကေတအမှတ်အသားများ လင်းထိန်လာပြီး မီးပွားသေးသေးလေးများ ဖြာထွက်လာသည်။

သူက တောင်ကမ်းပါးနံရံဆီသို့ လျှောက်သွားကာ ထိုနေရာရှိ သင်္ကေတအမှတ်အသားများကို စစ်ဆေးကြည့်သည်။ ၎င်းတို့က နတ်ဘုရားစာလုံးများ ဖြစ်သည့်တိုင် စောစောက ဆယ်မိုင်လမ်း၏ ဝင်္ကပါမှာ အစစ်အမှန်နတ်ဘုရားတစ်ပါးကို အသေသတ်နိုင်သည့် မိစ္ဆာဝင်္ကပါတစ်ခု ဖြစ်ခဲ့သည်။ ပို၍ပင် ထူးဆန်းသည်မှာ နတ်ဘုရားစာလုံးများက မိစ္ဆာဝင်္ကပါအား အားဖြည့်ပေးခဲ့၏။ နှစ်ခုယှဉ်တွဲသုံးထားခြင်းမှာ အလွန်ပညာသားပါပေသည်။

“ရိုးရှင်းလွယ်ကူစွာ နေထိုင်၍ သဘာဝတရား၏ လမ်းပြရာနောက် လိုက်ရမည်။ ဤသည်က တာအို၏ အဓိပ္ပာယ် ဖြစ်၏။ သို့ဖြစ်၍ ထိုသူက နတ်ဘုရားဖြစ်စေ၊ မိစ္ဆာဖြစ်စေ ငါ၏အမှုကိစ္စ ဖြစ်ပါမည်လော ” ချင်မူက အံ့အားသင့်သွားခြင်းမရှိဘဲ ပြောလိုက်သည်။ “ကျန်းမြောင်၊ ဒါက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ စာသားပဲ.... မင်း လက်ဆန့်ထုတ်လိုက်”

ကျန်းမြောင်က ပြောသည့်အတိုင်း လုပ်၍ ချင်မူ ဟင်းရိုင်းပြဒါးထုတ်ပြီး သူ့လက်ဝါးပေါ်တွင် နံရံပေါ်ရှိ နတ်ဘုရားစာသားအတိုင်း သင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။ “သွားစို့ ၊ ဝင်ကြမယ်”

ကျန်းမြောင်မှာ သူ လုပ်နေသည်ကို နားမလည်သော်လည်း နန်းဆောင်ထဲ အလျင်အမြန် ဝင်လိုက်သည်။

နန်းဆောင်ထဲ၌ သံကြိုးများဖြင့် တုပ်နှောင်ခံထားရသော နတ်နဂါးတစ်ကောင် ရှိနေသည်။

နတ်နဂါးကြီးမှာ အလွန်မြင့်မားထွားကြိုင်းပြီး ခံ့ညားထည်ဝါ၏။ သူ၏နဂါးချီနှင့် နဂါးအရှိန်အဝါက လူတိုင်းအား တအံ့တဩ မော့ကြည့်စေမိလိမ့်မည်။

နတ်နဂါးမင်းက မျက်လုံးဖွင့်ကာ ချင်မူနှင့် ကျန်းမြောင်ကို ကြည့်သည်။ ထို့နောက် ပါးစပ်ဟပြီး အလွန်ကျယ်လောင်သော အသံကြီးဖြင့် ပြောလိုက်၏။ “ငါ့မျိုးနွယ်... နောက်ဆုံးတော့ ရောက်လာပြီပဲ”

“ဂိုဏ်းသခင်၊ ဒီနတ်နဂါးမင်းကို မြန်မြန် ကယ်ပေးရအောင်” ကျန်းမြောင်က အလျင်အမြန် ပြောသည်။

ချင်မူက ခေါင်းယမ်းလိုက်ပြီး သံကြိုးများဖြင့် တုပ်နှောင်ခံထားရသည့် နဂါးကြီးကို ကြည့်ကာ နူးညံ့သိမ်မွေ့သော အသံဖြင့် ပြောလိုက်သည်။ “နတ်နဂါးမင်းခင်ဗျာ၊ ကျွန်တော် နားမလည်တာ တစ်ခု ရှိပါတယ်... ဘာကြောင့် ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်က နတ်နဂါးမင်းကို ဒီမှာ ချုပ်နှောင်ထားတာပါလဲ”

၎

င

၎

၎

All Chapters