← Chapters

မသိသေးသော အလားအလာ

Vol. 19 Ch. 272

မသိသေးသော အလားအလာ

Vol. 19 Ch. 272

“မင်းက မကြာခဏ သွေးဆုံးရှုံးခဲ့ပြီး မင်းခန္ဓာကိုယ်မှာ အားနည်းတာ၊ ကြုံလှီတာနဲ့ မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေ ဆုတ်ယုတ်သွားတာတွေ ဖြစ်ခဲ့တယ်။ အကောင်းမြင်စရာက မင်း အသက်ရှင်ဖို့ သုံးနှစ်ကျန်သေးတယ်…”

ဆေးခန်းထဲတွင် ရီရယ့်ချင်းသည် အနားကွပ်မပါသော မျက်မှန်ကို ၀တ်ဆင်ထားပြီး အော်ရိုရာ၏ ခန္ဓာကိုယ်ကို ဆရာဝန်တစ်ယောက်ကဲ့သို့ စစ်ဆေးကြည့်ရာတွင် ဤသို့ အဆိုးမြင်မှုရလဒ်ကို ရရှိခဲ့သည်။

လူများ၏ အမူအရာများ ပြောင်းလဲသွားသည်ကို မစောင့်ဘဲ ရီရယ့်ချင်းက “ဟုတ်တယ်၊ ဒါ သာမန်လူတစ်ယောက်အတွက်ပါပဲ။ မင်းရဲ့ခန္ဓာကိုယ်က အားနည်းနေပေမယ့် မင်းရဲ့ဆဲလ်လှုပ်ရှားမှု အဆင့်က ငါတစ်ခါမှမမြင်ဖူးတဲ့အရာတစ်ခုပဲ။"

သူမစကားပြောနေစဉ်တွင် ရီရယ့်ချင်းသည် အဏုကြည့်မှန်ဘီလူးဓာတ်ပုံအချို့ကို ထုတ်ကာ “ပုံမှန်အားဖြင့်၊ လူ့ခန္ဓာကိုယ်ရဲ့ မိမိကိုယ်ကို ကုသခြင်းသည် အရမ်းနှေးကွေးတယ်။ မပျက်စီးသေးတဲ့ဆဲလ်တွေက ပျက်စီးမှုကို ပြန်လည်ပြုပြင်ဖို့အတွက် ဆဲလ်အသစ်များအဖြစ်သို့ ဖြည်းဖြည်းချင်း ကွဲထွက်သွားတယ်။ နှိုင်းယှဥ်ကြည့်လျှင် စူပါလူသားတွေက မိမိကိုယ်ကို ကုသနိုင်တဲ့အစွမ်း ပိုမြင့်တယ်။ စွမ်းအင် ဒါမှမဟုတ် အခြားသော စွမ်းအင်ရင်းမြစ်တွေကို အသုံးပြုပြီး ကုသနိုင်တယ်။ ငါဆိုရင် ဒဏ်ရာတွေအတွက် အပင်တွေက အသက်စွမ်းအားတွေကို ထုတ်ယူပြီး ပြန်လည်ကောင်းမွန်လာနိုင်တယ်။ သာမန်လူပဲဖြစ်ဖြစ် စူပါလူသားပဲဖြစ်ဖြစ် မိမိကိုယ်မိမိ ကုသရာမှာ စွမ်းအင်နဲ့ အာဟာရ လိုအပ်တယ်။

“သို့သော် မင်းရဲ့ဆဲလ်က အလွန်စုစည်းထားတဲ့ အသက်စွမ်းအင်တစ်စက်နှင့်တူတယ်။ အဲဒါက လူတစ်ဦးရဲ့ မိမိကိုယ်ကို ကုသနိုင်စွမ်းကို အဆပေါင်း ရာနှင့်ချီပြီး၊ ထောင်နဲ့ချီပြီးတောင် တိုးပွားစေနိုင်တယ်။ မင်းရဲ့ဆံပင်၊ သွေးနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအားလုံးက အလွန်အားကောင်းသောဆေးလိုပဲ၊ မင်းရဲ့ဆဲလ်တွေရဲ့ လုပ်ဆောင်မှုအဆင့်က ဘယ်လောက်အားကောင်းတယ်ဆိုတာကို ဘယ်လိုပြောရမလဲဆိုတော့ ... ဥပမာပြောရရင်၊ သာမန်လူတစ်ဦးရဲ့ ဆဲလ်က ရေတစ်ပန်းကန်၊ စူပါလူသားရဲ့ဆဲလ်က မီးတောက်တစ်ခုဆိုရင် မင်းရဲ့ဆဲလ်က နေမင်းကြီးလိုပဲ။ လုံးဝ ယှဉ်လို့မရဘူး။

“မင်းရဲ့ဆဲလ်တွေထဲမှာ ကိုယ့်ကိုယ်ကို တုံ့ပြန်မှု လက္ခဏာတွေတောင် ရှိတယ်။ ဆဲလ်တိုင်းက စုစည်းပြီး ရင့်ကျက်တဲ့ ကြယ်တစ်စင်းလိုဖြစ်နေပြီး၊ စက္ကန့်တိုင်းမှာ လှုပ်ရှားမှုအဆင့်က အလိုအလျောက်တိုးလာတယ်။ ဒါပေမယ့်လည်း၊ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆဲလ်လှုပ်ရှားမှုအဆင့်က အဆိပ်သင့်တာမျိုး လုံးဝမရှိဘူး၊ သက်ရှိများကို အပြုသဘောဆောင်တဲ့ သက်ရောက်မှုများကို ပေးရုံပဲ။ တကယ် မယုံနိုင်စရာကောင်းတယ်…”

ရီရယ့်ချင်းသည် လုံးဝ သွေးဆောင်ခြင်းခံလိုက်ရသည်။ သူမ မျက်လုံးများသည် တောက်ပနေပြီး အော်ရိုရာကို ကြည့်နေ၏။

သူမမျက်လုံးထဲရှိ စိတ်အားထက်သန်မှုများက အော်ရိုရာကို ဟီလာဆီသို့ ကပ်သွားစေသည် ။

ထိုအကြည့်ကို သူမ သိသည်။ ဂျာမီနယ်အဖွဲ့အစည်းမှ အင်္ကျီဖြူဝတ်ထားသူ အားလုံးက သူမကို ဤကဲ့သို့ ကြည့်နေခဲ့ကြသည်။

“မင်းရဲ့သွေးတချို့ကို စမ်းသပ်ဖို့ ငါယူချင်တယ်။ ရနိုင်မလား…”

“မရဘူး!” ဟီလာက ချက်ချင်း ငြင်းလိုက်သည်။ သူမသည် ရီရယ့်ချင်းကို ဒေါသတကြီးကြည့်ကာ သူမသည် အချိန်မရွေး တိုက်ခိုက်တော့မည့်ပုံပေါက်နေသည်။

အော်ရိုရာသည် သူမ အထိမခံသောလူ ဖြစ်သည်။ မည်သူ့ကိုမှ နှောင့်ယှက်ခွင့်မပြုပေ။

ဟန်ရှောင်းသည် သူ့လက်ပိုက်ကာ ဘေးဘက် စားပွဲပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူက စကားဖြတ်ပြီး “မင်းရဲ့ သဘောထားကို ငါလေးစားတယ်။ သိပ္ပံပညာက မရပ်မနား တိုးတက်မှုတွေနဲ့ ပင်မနည်းပညာကို သိလိုခြင်းက ထာဝရရည်မှန်းချက်ဖြစ်တယ်... ဒါပေမယ့်၊ ဒါက မင်းရဲ့ စမ်းသပ်ခံမဟုတ်ဘဲ ဖျားနာနေတဲ့သူ။ နောက်ပြီး မင်းက အနိုင်ကျင့် ခံထားရတဲ့သူကို ထပ်ရိုက်လို့ မရဘူးလေ"

ရီရယ့်ချင်းသည် သူမ၏ နှုတ်ခမ်းများကို ကွေးလိုက်ပြီး သူမ၏ ရောဂါရှာဖွေရေး ကိရိယာများကို သိမ်းဆည်းရန် လှည့်ထွက်သွားကာ ပုံမှန်အတိုင်း ပြောလိုက်သည်။ “သူမက ရောဂါစစ်ဆေးဖို့ လုံးဝ မလိုအပ်ပါဘူး။ သူမရဲ့ စွမ်းအားက အချိန်အတော်ကြာအောင် ဖိနှိပ်ခံထားရပြီး အပြည့်အဝ သက်ရောက်မှု မရှိခဲ့ဘူး။ သူမ မသေသရွေ့တော့ သူမရဲ့ စွမ်းအားတွေက တဖြည်းဖြည်းနဲ့ ပြန်လည်ကောင်းမွန်လာလိမ့်မယ်။ ဘာတောင်ဖြစ်နိုင်လဲဆိုတော့… ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ်၊ ခဏလောက် အနားယူဖို့လိုပြီး သူမရဲ့ ခန္ဓာကိုယ် ပြန်ကောင်းလာမယ်၊ အမာရွတ်တွေလည်း ပျောက်သွားမှာပါ။”

ဟန်ရှောင်းမျက်ခုံးပင့်လိုက်သည်။ ရီရယ့်ချင်း မပြောခဲ့သည့်စကားကို သူနားလည်သွားပြီး၊ သူ့ကို တစ်စုံတစ်ခု တွေးမိစေသည်။

အော်ရိုရာသည် သူ့အရင်ဘဝက အရည်ဖြစ်သွားခဲ့သည်။ သူမ၏ စွမ်းအား၏ အကျိုးသက်ရောက်မှုကို အတိအကျ မြင်ရန် အခွင့်အလမ်း မရှိခဲ့သဖြင့် အားကောင်းလာသောအခါတွင် မည်သို့မည်ပုံ ဖြစ်လာမည်ကို သူတွေးမိ၏။

သူမသည် ဟီလာ၏ညီမဖြစ်သောကြောင့် အော်ရိုရာသည် ပို၍အားနည်းလိမ့်မည်မဟုတ်ပေ။ ဘဝပုံစံများကို ထိန်းချုပ်နိုင်ပါသလား။ ဟန်ရှောင်းသည် တွေးမိတွေးရာ ခန့်မှန်းနေမိသည်။

သူ့အတွက် အော်ရိုရာ၏ အခြေအနေကို သိရန်မှာ အော်ရိုရာနှင့် တိုက်ခိုက်ရမည်ဖြစ်ပြီး ယင်း၏ အဓိကအချက်မှာ သနားစရာကောင်းသော မိန်းကလေးကို ရိုက်နှက်သလို ဖြစ်သွားလိမ့်မည်။ သူ့၏ စွမ်းအားအရ၊ ရလဒ်က သိပ်ပြီးကောင်းမှာ မဟုတ်ပေ။ ဟုတ်ပါသည်၊ ဟန်ရှောင်းက ဒီလိုလုပ်မည်မဟုတ်ဘဲ ဟီလာကလည်း သူ့ကို အသက်နဲ့ရင်းပြီး တိုက်ခိုက်မှာ သေချာ၏။

ဟီလာ သက်ပြင်းရှည်ကြီး ချလိုက်ရင်း သက်သာရာရသွားသည်။ သူမသည် အော်ရိုရာ၏ နောက်တွင်ရပ်လိုက်ပြီး အော်ရိုရာ၏ ပခုံးပေါ်၌ လက်နှစ်ဖက်ကိုတင်ကာ ဖြည်းဖြည်းလေး ဖိညှစ်လိုက်သည်။

ညီမလေး အဆင်ပြေနေသရွေ့ပေါ့။

“စကားမစပ်၊ သူမက တစ်ချိန်က ဦးနှောက်ဆေးကြောခံခဲ့ရပြီး အခြားကိုယ်ရည်ကိုယ်သွေးတစ်ခုကို ဖန်တီးခံထားရတယ်။ သူမကို သော့ချက်စကားလုံးဖြင့် အစပျိုးလိုက်တာနဲ့ အမိန့်အတိုင်း လုပ်ဆောင်တဲ့ ရုပ်သေးရုပ်ဖြစ်လာလိမ့်မယ်။ အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိလား" ဟန်ရှောင်းက ဆိုင်ဘာလော့စ် ပြောပြသည်ကို ပြန်ပြောပြလိုက်သည်။

“ငါက ဆေးဝါးပညာရှင်၊ စိတ်ရောဂါကု ဆရာဝန်မဟုတ်ဘူး။ မင်းက ပညာရှင်ကို ရှာသင့်တယ်” ရီရယ့်ချင်းက လှည့်တောင်မကြည့်ဘဲ ပြန်ပြောသည်။ “ဒါပေမယ့် ငါ့အတွေ့အကြုံအရတော့ ဒါဟာ ပုံမှန် ဦးနှောက်ဆေးကြောတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပြီး အချိန်အကြာကြီး မလုပ်ဆောင်ဘဲ အားကောင်းနေသရွေ့ ဦးနှောက်ဆေးကြောခြင်းရဲ့ အကျိုးသက်ရောက်မှုက အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါကြောင့်၊ မရဏခေါင်းလောင်းကျွန်းက အစောင့်တွေက အကျဉ်းသားတွေကို အချိန်တစ်ခုကြာတိုင်း အဖွဲ့လိုက် ဦးနှောက်ဆေးကြောပေးကြတယ်။ ဒါပေမယ့် မင်းသိတဲ့အတိုင်းပဲ၊ အဲဒီနေရာကလူတွေက အရမ်းသန်မာတော့ ဦးနှောက်ဆေးကြောတာက အကျိုးသက်ရောက်မှု သိပ်မရှိဘူး။ အဲဒီအစား၊ အဲဒီလိုအချိန်မှာ အစောင့်တွေကို သတ်ဖြတ်ခဲ့တဲ့ အကျဉ်းသားတချို့ အမြဲရှိတယ်။”

ပညာရှင်? ဟန်ရှောင်းက သူ့မေးစေ့ကို ကိုင်ရင်း စဉ်းစားနေသည်။ ရုတ်တရက် ဟီလာကို လှမ်းကြည့်လိုက်၏။ ဟီလာရဲ့ အားသာချက်က စိတ်နဲ့ပက်သက်တာတွေ မဟုတ်ဘူးလား?

ဟီလာက သူ့ကြည့်နေတာကို သတိထားမိပြီး လက်ကို ဝှေ့ယမ်းပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ငါ့ရဲ့ စွမ်းအားက အရမ်းအန္တရာယ်များတယ်။ အမှားလုပ်မိမှာကြောက်တယ်၊ စွန့်စားရမှာက ကြီးလွန်းတယ်။"

"ဒါဆို မင်းရဲ့ စွမ်းအားကို ပိုလေ့လာပြီးပြီး ပိုကောင်းအောင်လုပ်ရလိမ့်မယ်။" ဟန်ရှောင်းသည် အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲမှာတော့ အထွတ်အထိပ်အဆင့်ရှိ ဟီလာသည် ကွဲကြေလွယ်သည့် ဝိညာဉ်ကို မထိခိုက်စေဘဲ ပလတ်စတစ်နဲ့ ကစားသလိုမျိုး ဘဝပုံစံ၏ ဝိညာဉ်ကို ကစားနိုင်၏။

“ကျန်တာ ဘာမှမရှိရင် သွားတော့။ ငါ့ဆေးတွေကို စမ်းသပ်ဖို့ ဂြိုဟ်သားတချို့ကို ငါတောင်းဆိုထားတယ်၊ ငါ့ကို မနှောင့်ယှက်နဲ့။"

သူတို့ သူမကို ကြည့်လိုက်သည်။ ရီရယ့်ချင်းသည် ပွက်ပွက်ဆူနေဆဲဖြစ်သည့် ထူးဆန်းပြီး စိမ်းမှောင်သောအရည်များဖြင့် ပြည့်နေသော အကြည်ရောင်ပုံးကို ထုတ်ကာ ဆေးထိုးပြွန်ကိုကိုင်ကာ အပ်ဖျားကို အသာအယာ ပုတ်လိုက်သည်။

ရီရယ့်ချင်းသည် နည်းပညာ လူမှုအဖွဲ့အစည်းများတွင် ဆေးဝါးကျွမ်းကျင်သူအဖြစ် လူသိများသည်။

မှော်ပညာ လူမှုအဖွဲ့အစည်းများတွင် ဆေးဝါးကျွမ်းကျင်သူများကို Witches စုန်းမဟုခေါ်သည်။

ဟန်ရှောင်းသည် ဤဆေးများကို စမ်းသပ်သည့် ကစားသမားများအတွက် သုံးစက္ကန့်ကြာ အသံတိတ် ဂုဏ်ပြုလိုက်၏။

နည်းပညာတိုးတက်မှုအတွက် သူတို့ကိုယ်သူတို့ အနစ်နာခံတာ ဘယ်လောက်တောင် မွန်မြတ်လိုက်လဲ။

ဆေးဝါးခန်းထဲက ထွက်လာပြီး လမ်းပေါ်မှာ ဖြည်းညှင်းစွာ လျှောက်လာကြ၏။ ရုတ်တရက် ဟီလာက သူ့ဘက်လှည့်ပြီး "ဒါကို မင်းဘယ်လိုထင်လဲ"

ဟီလာသည် အော်ရိုရာနှင့် ပတ်သက်သည့် အရာများကိုသာ စိတ်ဝင်စားခဲ့ပြီး အရင်လို အမြဲအေးစက်သော မျက်နှာမျိုးမရှိပေ။ သူမသည် သူ့ကိုယုံကြည်သောကြောင့် ဟန်ရှောင်းထံမှ ထင်မြင်ချက်တစ်ခု တောင်းနေ၏။ ဟန်ရှောင်းသည် အော်ရိုရာကို နာကျင်ခြင်းပင်လယ်ထဲမှ ကယ်တင်ခဲ့ပြီး သူတို့သည် ကမ္ဘာပေါ်တွင် သူငယ်ချင်း သို့မဟုတ် မိသားစုမရှိသောကြောင့် ဟန်ရှောင်းသာလျှင် ယုံကြည်ထိုက်သည်။

ဟန်ရှောင်းက မေးစေ့ကို ထိလိုက်ပြီး “ဒီထက်ပိုပြီး အနားယူတာ အကောင်းဆုံးပါပဲ။ ငါ သူ့အတွက် အထူး ဘီးတပ်ကုလားထိုင် ဆောက်မယ်။ မင်းညီမက အကြာကြီးထောင်ကျနေခဲ့တာဆိုတော့ သူမကို ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ခွင့်ပေးပြီး သူငယ်ချင်းအသစ်တွေရတာက ပိုကောင်းပါတယ်။ မင်းစိတ်ပူနေရင် ငါစည်းကမ်းရှိတဲ့ ဆယ်ကျော်သက်တချို့ကို ငါမိတ်ဆက်ပေးနိုင်တယ်။"

ဟီလာက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ငါ မင်းကို အကြွေးတင်နေပြိ။"

"မင်းငါ့ကို အကြွေးတင်နေပြီးသားပါ။" ဟန်ရှောင်းက သူ့နားကို ကလော်လိုက်၏။

ဟီလာစကားမပြောနိုင်ဖြစ်သွားသည်။ သူမ ခေါင်းယမ်းပြီး သတိရသွားသည်။

သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် ဘာမှမထူးခြားပါ။ သူမသည် သွေးထဲတွင် အေးစက်ပြီး မာနကြီးသူဖြစ်သောကြောင့် ခင်မင်ရင်းနှီးမှုကို လက်မခံချင်ပေ။ ပရဟိတလို ခံစားရတဲ့ သနားစရာကောင်းတဲ့ အကူအညီကို လက်ခံတာကို သူမ မကြိုက်ပေ။ သို့သော် သူမသည် ကျေးဇူးကြွေး တင်လိုက်သည်နှင့် သူမသည် ၎င်းကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ သူမသည် လက်တွေ့လုပ်ဆောင်သူဖြစ်ပြီး ကျေးဇူးတင်စကားများစွာလည်း မပြောတတ်ပေ။ အရာအားလုံး မျှော်လင့်ချက်မဲ့နေချိန်တွင် သူမရရှိခဲ့တဲ့ ကြင်နာမှုကို သူမ သတိရနေပြီး၊ ဟန်ရှောင်းကို ပြန်ပေးနိုင်မယ့်နေ့ကို စောင့်မျှော်နေ၏။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟီလာသည် သူမ မေးလိုသောမေးခွန်းကို မေးသည်။ "ညီမလေးကို ဘာလို့ ကယ်ခဲ့တာလဲ"

“ကြိုမြင်ထားလို့ပေါ့။” ဟန်ရှောင်းက ခိုင်လုံသောအကြောင်းပြချက်ကို ပေးသည်။

"ဒါဆို မင်းဘာကို ကြိုမြင်ခဲ့တာလဲ" ဟီလာမျက်မှောင်ကြုတ်လိုက်သည်။

ဟန်ရှောင်းက ရှက်ရွံ့စွာပြောပြီး "မင်းညီမရဲ့ အစွမ်းက ငါ့အသက်ကို နောင်တစ်ချိန်မှာ ကယ်တင်နိုင်မယ်ဆိုတာ မင်းယုံလား"

"ဒါက အဓိပ္ပာယ်ရှိလိမ့်မယ်။" ဟီလာသဘောပေါက်သွား၏။

ထိုအချိန်တွင် လက်ကလေးက သူ့အင်္ကျီကို ဆွဲလိုက်သည်။ ဟန်ရှောင်းငုံ့ကြည့်လိုက်တော့ အော်ရိုရာက သူ့ကို လေးနက်တဲ့ မျက်နှာနဲ့ မော့ကြည့်နေတာကို တွေ့လိုက်ရ၏။

"ဦးလေး ဇီးရိုး၊ ငါမင်းကို သေချာပေါက်ကယ်မယ်။"

အော်ရိုရာက သူပြောတာကို အလေးအနက်ထားနေသည်။

ဟန်ရှောင်းက သူမမျက်နှာကို ညှစ်လိုက်ပြီး ရယ်သည်။ “ဇီးရိုးက အတိတ်မှာ ကျန်ခဲ့ပြီ။ ငါ့ကို ဟန်ရှောင်းလို့ပဲ ခေါ်ပါ"

“ကောင်းပြီ အန်ကယ်ဟန်။”

“ပိုငယ်တဲ့နာမည်ကို သုံးလို့ရတယ်…”

“နားလည်ပါပြီ ဦးလေးဟန်။”

ဟန်ရှောင်းမျက်လုံးများ လည်သွားသည်။

ငါကလေးတွေကို မကြိုက်ဘူး။

…

နောက်တစ်နေ့မှာတော့ ဟန်ရှောင်းက ဘီးတပ်ကုလားထိုင်ကို ဆောက်ပြီး အော်ရိုရာကို ပေးလိုက်သည်။

“သားရေအစစ် လက်ကိုင်နဲ့ အထဲမှာ ဆွဲဆန့်နိုင်တဲ့ ချည်သားပါတဲ့ ထိုင်ခုံအစွပ်က မင်းအမေက ပွေ့ဖက်ထားသလိုမျိုး နှစ်သိမ့်မှုပေးစွမ်းနိုင်တယ်၊ အ‌ကောင်းဆုံး အပိုင်းက…” ဟန်ရှောင်းက ဖုန်မှုန့်မတင်နိုင်သော အဝတ်စကို လှန်လိုက်ပြီး “ဒီဘီးတပ်ကုလားထိုင်ကို ခြေနင်း တပ်ဆင်ထားတယ်၊ အတွင်းမှာတော့ အင်ဂျင်အသေးစားဖြစ်ပေမယ့် လက်တနဘေးမှာ ဂီယာတစ်ခု ပါတယ်။ တစ်နာရီကို ၄၀ ကီလိုမီတာအထိ မောင်းနှင်နိုင်တယ်။”

"ငါက သာမာန် ဘီးတပ်ကုလားထိုင်ပဲ လိုချင်တာလေ..." ဟီလာ၏ မျက်လုံးထောင့်မှာ လှုပ်ယမ်းသွားသည်။

ခြေနင်းတပ်ထားတဲ့ ဘီးတပ်ကုလားထိုင်ကို တစ်ခါမှ မကြားဖူးဘူး၊ ဒါဆို ဘီးတပ်ကုလားထိုင်က ဘာအတွက်လဲ။

တစ်နာရီကို ၄၀ ကီလိုမီတာလား? နင်က ဘီးတပ်ကုလားထိုင်ပြိုင်ပွဲကို ကျင်းပနေတာလား၊ နင် ရူးနေလား‽

"မွမ်းမံပြင်ဆင်မှု မလုပ်ရင် ငါက ဘယ်လို ယန္တရားပညာရှင်လဲ" ဟန်ရှောင်းသည် နှာခေါင်းနှိုက်လိုက်ပြီး ဟီလာကို တစ်ချက်ကြည့်လိုက်သည်။ ဟီလာသည် ဟန်ရှောင်း၏မျက်လုံးများမှ 'ပရော်ဖက်ရှင်နယ်ကို မထီမဲ့မြင်ပြုခြင်း' ဟုလူသိများသောအကြည့်ကို ခံစားလိုက်ရသည်။

သို့သော် အော်ရိုရာသည် ဘီးတပ်ကုလားထိုင်ကို အလွန်နှစ်သက်သည်။ အရုပ်အသစ် ရသလိုပင်။ ထိုအချိန်တွင် Frenzied Sword နှင့် အခြားသုံးယောက် ချဉ်းကပ်လာသည်။ ဟန်ရှောင်းက သူတို့ကို အော်ရိုရာနဲ့ ကစားဖို့ ခေါ်ပြီး သူတို့လေးယောက်ကို မစ်ရှင်တစ်ခု ပေးလိုက်တယ်။

သူသည် သူတို့အတွက် သင့်တော်သည့် မစ်ရှင်တွေ မရှိလို့ စိတ်ပူနေခဲ့၏။ Frenzied Sword လို သူတို့အားလုံးကို ကခုန်ပြီး သီချင်းမဆိုခိုင်းနိုင်ပေ။ ကလေးမလေးတစ်ယောက်နဲ့ ကစားရတာ ပိုကောင်းပါသည်။

ကစားသမားလေးယောက်က ဒီမစ်ရှင်အတွက် ဆန်းသစ်တဲ့ခံစားချက်ကို ခံစားရသည်။ ဆုကြေးများသည် မယုံနိုင်လောက်အောင် မြင့်မား၏။ ဒါက လျှို့ဝှက်ထားတဲ့ မစ်ရှင်တစ်မျိုးလို့ သူတို့ထင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ခဲ့ကြ၏။ အော်ရိုရာသည် Maple Moon နှင့် အကောင်းဆုံးချိတ်ဆက်ထားပြီး မကြာမီတွင် ဝက်ဝံလေးသည် အော်ရိုရာ၏ ခြေထောက်များပေါ်တွင် ၎င်း၏ဗိုက်ကိုလှန်ပြီး လူးလိမ့်ကာ အော်ရိုရာရယ်မောစေခဲ့သည်။

မြင်ကွင်းက နွေးထွေးမှုအပြည့်ပင်။

ဟီလာ၏ မျက်လုံးများသည် နူးညံ့လာသည်။ သူမသည် ဘေးဘက်သို့ ပြန်လှည့်လာပြီး သူ့ညီမ၏ သူငယ်ချင်းအသစ်များနှင့် ကစားနေသည်ကို ကြည့်နေ၏။

…

ရက်များစွာကြာပြီးနောက်၊ အော်ရိုရာ၏ အပြုံးသည် ပိုမိုတောက်ပလာပြီး သူမ၏ကျန်းမာရေးသည် သိသာထင်ရှားသောနှုန်းဖြင့် တိုးတက်လာသည်။

ဟီလာနှင့် အော်ရိုရာတို့သည် အခြေချနေထိုင်ခဲ့ကြသည်။ စစ်ဆင်ရေးခရီး၏ အခြေအနေသည် ပိုကောင်းလာကာ သန့်ရှင်းရာဌာနရှိ ပြိုင်ကွင်းလည်း ပြီးစီးသွားလေသည်။ ဟန်ရှောင်းသည် အရေးကြီးကိစ္စများကို ချက်ချင်းအာရုံစိုက်လိုက်သည်။

သူလုပ်မယ့်အရာတွေအတွက် အာရုံစူးစိုက်မှုနှစ်ခုကို သတ်မှတ်ထားတယ်။ တစ်ခုမှာ အရင်းအမြစ်များကို စဉ်ဆက်မပြတ်ရယူပြီး ကမ္ဘာမှထွက်ခွာရန်အတွက် အစောပိုင်းအဆင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်ဖြစ်သည်။

နောက်တစ်ချက်မှာ 'ကစားသမားများ၏ အဓိကမြို့တော်' အစီအစဉ်ကို မြှင့်တင်ရန်၊ ကစားသမားများ၏ သူ့အပေါ် အထင်ကြီးမှုကို အားကောင်းစေကာ သွယ်ဝိုက်သောနည်းဖြင့် သူ၏ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန်ဖြစ်သည်။ ပရိုလိဂ်အတွက် သူ့မှာရှိခဲ့တဲ့ အစီအစဉ်တွေက သူ့အမြင်မှာ ကြီးမားတဲ့ စီးပွားရေးအခွင့်အလမ်း တစ်ခုဖြစ်သည်။

ဒီအာရုံစူးစိုက်မှုနှစ်ခုမှာ တူညီတဲ့အချက်က ကစားသမားတွေဆီကနေ အကျိုးအမြတ်ရဖို့ပါ။

“ဟီး ဟီး ဟီး…” ကြောက်စရာကောင်းသော ရယ်မောသံများက ပိတ်ထားသော အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။

တော်တော်ကြာခဲ့ပြီ။

All Chapters