← Chapters

တိုက်ပွဲ

Vol. 19 Ch. 274

တိုက်ပွဲ

Vol. 19 Ch. 274

“မင်းတို့ကလည်း ဒီမစ်ရှင်ကို လက်ခံခဲ့တယ်ပေါ့” နောက်ဆုံးတော့ ဂျူပီတာက စက်ရုပ်ဟာ စက္ကူနဲ့တူတဲ့ အကြောင်းရင်းကို နားလည်သွား၏။ သူတို့က သတ်ဖြတ်မှုကို ခိုးယူခဲ့ခြင်းဖြစ်သည်။

တောင်းပန်မည့်အစား ဂျူပီတာသည် ကျေနပ်သွားသည်။ ‘နတ်ဘုရားများအသင်း’ သည် အခြား အသင်းအဖွဲ့များနှင့် ရင်ဆိုင်ရသောအခါ နောက်ပြန်ဆုတ်မည်မဟုတ်ပေ။ ထို့အပြင် သူသည် သူတို့၏ပြိုင်ဘက်ဟောင်းဖြစ်သော ‘ကောင်းကင်နယ်မြေ’ ဖြစ်သည်။

"ဒါဆို ငါတို့က ခိုးတယ်ဆိုရင် ဘာလုပ်မလဲ။ လက်ခံလိုက်စမ်းပါ။”

အငြင်းအခုံက သိပ်မကြာခင်မှာပဲ ပဋိပက္ခဖြစ်သွားသည်။ အုပ်စုဖွဲ့ရန်ပွဲအပြီးတွင် အခြေအနေမကောင်းသည့် ‘ကောင်းကင်နယ်မြေ’ သည် ဖျက်စီးခံလိုက်ရ၏။

"ဂျူပီတာ ငါ -ိုးမသား... မင်းစောင့်နေ!" Rebels Shall Rule ဂျူပီတာသို့ သီးသန့် စာပို့ခဲ့သည်။

ဂျူပီတာသည် ချက်ဘောက်ကို ချက်ချင်းပိတ်လိုက်သည်။

လာနောက်နေတာလား? အသတ်တွေကို မခိုးရင် ဘာလို့ ဂိမ်းဆော့ရတာလဲ။

သူတို့မှာ မစ်ရှင်ပစ္စည်းရှိတယ်၊ ဒါကြောင့် ‘နတ်ဘုရားများအသင်း’ က လူတွေက မစ်ရှင်ကို ချက်ချင်းပြီးအောင် ပြန်လာပြီး မစ်ရှင်ပြီးသွားသရွေ့ ‘ကောင်းကင်နယ်မြေ’ က ဘယ်လောက်ပဲ မပျော်နေပါစေ၊ သူတို့လက်ခံရလိမ့်မည်။

သို့သော်လည်း ဂျူပီတာနှင့် သူ့လူများသည် ရာထူးကြီးများ နေထိုင်သော နေရာကို ရောက်လာသော်လည်း ရပ်တန့်ခံလိုက်ရသည်။

“မစ္စတာ ဟန်ရှောင်းက ကျွန်တော်တို့ကို ပြောတဲ့အတိုင်း ပြီးသွားပါပြီ။ ဘာလို့ ဝင်ခွင့်မပေးတာလဲ”

“ပြင်ပလူတွေကို ဝင်ခွင့်မပြုဖို့ အမိန့်ထုတ်ထားတယ်။”

ဘာပဲပြောပြော အစောင့်တွေက ခြေတစ်လှမ်းမှ မဆုတ်ပေ။ ‘နတ်ဘုရားများအသင်း’ မှလူများသည် ကူကယ်ရာမဲ့ဖြစ်ပြီး ထွက်ခွာရန်မှတပါး ရွေးချယ်စရာမရှိပေ။

မစ်ရှင်ပြီးမြောက်ဖို့အတွက် ဟန်ရှောင်းပြန်ပေါ်လာဖို့ပဲ စောင့်နေကြတယ်။

အဖွဲ့က ထွက်ခွာသွားပြီး ခဏမျှ လမ်းလျှောက်ပြီးနောက် သူတို့ ရုတ်တရက် ပိတ်ဆို့ခံလိုက်ရသည်။ ‘ကောင်းကင်ကျောက်စိမ်း’ ဦးဆောင်သော ကြမ်းတမ်းသော လူတစ်စုက သူတို့ကို ဝိုင်းရံထားသည်။ ၎င်းတို့သည် ‘ကောင်းကင်နယ်မြေ’ မှ လူများကို ရှင်းပြရန်တောင်းဆိုခဲ့သည်။

"ဒါက မင်းအတွက် တော်တော်အကျင့်ပျက်တာပဲ၊ ဂျူပီတာ။ ငါတို့လူတွေက မစ်ရှင်ကို အရင်ရပြီး၊ ငါတို့ကြောင့်ပဲ ပစ်မှတ်က နောက်ဆုံးသွေးအမှတ်ပဲ ကျန်တော့အောင် ပျက်စီးသွားတယ်။ မင်းက ရုတ်တရတ်ပေါ်လာပြီး သတ်ပစ်ခြင်းကို ခိုးခဲ့သေးတယ်။ မင်းရှင်းပြဖို့ လိုလိမ့်မယ်” ‘ကောင်းကင်ကျောက်စိမ်း’ က စိတ်ပျက်နေသော မျက်နှာဖြင့် ပြော၏။

“မင်းက လွန်လွန်ကဲကဲ တုံ့ပြန်နေတာပဲ။ တစ်ခုခုဖြစ်ရင် မင်းတို့ကံမကောင်းတာကိုပဲ အပြစ်တင်သင့်တယ်။” ဂျူပီတာသည် ကြောက်ရွံ့ခြင်းမရှိပေ။ ခိုလှုံရေးစခန်းသည် ဘေးကင်းသောဇုန်ဖြစ်သည်။ ဘယ်သူမှ မတိုက်ခိုက်နိုင်ဘဲ ဝိုင်းရံခံရမှာကို မကြောက်ကြပေ။

နှစ်ယောက်၏ အကြည့်များ လေထဲသို့ တိုက်ခိုက်သွားကြသည်။

တရုတ်နိုင်ငံရှိ အသင်းအဖွဲ့ကြီးများ၏ အသင်းအဖွဲ့ခေါင်းဆောင်များသည် တစ်ဦးနှင့်တစ်ဦး သိကြသည်။ ‘ကောင်းကင်ကျောက်စိမ်း’ နှင့် ဂျူပီတာတို့သည် ဘယ်တော့မှ မပြေလည်ဘဲ၊ ဤအတွက် အကြောင်းပြချက်တစ်ခု ရှိ၏။ ၎င်းတို့၏ ပဋိပက္ခသည် ပရိုပြိုင်ပွဲတွင် စတင်ခဲ့သည်။ လီကဲသည် ‘နတ်ဘုရားကျောင်းဆောင်’ကလပ် ၏ ထောက်တိုင်ဖြစ်ပြီး ဟောက်ထျန်းသည် ‘ကောင်းကင်နယ်မြေ’ ၏ ကိုယ်စားလှယ်ဖြစ်သည်။ ဟောက်ထျန်းသည် လီကဲကို အနိုင်ရသည်ထက် ပိုမိုရှုံးနိမ့်ခဲ့သည်။ အရေးပါသောတိုက်ပွဲများအတွင်း လီကဲအား အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့၏။

ထို့ကြောင့်၊ ဆန့်ကျင်ကွဲလွဲမှုသည် အလွန်ပြင်းထန်သည်။ သူတို့ အချင်းချင်း မကြိုက်ကြပေ။

ဤခိုးယူခံရသော မစ်ရှင်သည် စနက်တံ ဖြစ်လာသည်။ သေးငယ်သော ပဋိပက္ခတစ်ခုမျှသာ ဖြစ်သော်ငြားလည်း ၎င်းတို့သည် ပြိုင်ဖက်များဖြစ်၍ ပိုမိုကြီးမားလာနိုင်သည်။

ဒါကို အနီးနားက ကစားသမားတွေက မြင်ပြီး ဝိုင်းကြည့်ကြတယ်။ ဈေးထက်ပင် ပိုစည်ကားပြီး လမ်းလယ်မှာ လုံးဝ ပိတ်ဆို့သွား၏။

အချိန်အတန်ကြာ အချင်းချင်း ငြင်းခုံကြပြီးနောက် ဂျူပီတာက စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။ "ကျောက်စိမ်း၊ မင်း ဘာလိုချင်လဲ"

"မစ်ရှင်ပစ္စည်းကို ငါတို့ဆီ ပြန်ပေးပါ"

"အိပ်မက်ဆက်မက်နေလိုက်။" ဂျူပီတာက ချက်ချင်း ငြင်းလိုက်၏။

သတ်ဖြတ်တာကို ခိုးသွားပြီးမှ ဘာကြောင့် ပြန်ပေးရမှာလဲ။ ထို့အပြင်၊ သူသည် အသင်းအဖွဲ့၏ အမည်ကို ကိုယ်စားပြုသည်။ အကယ်၍ သူနောက်ဆုတ်ခဲ့မည်ဆိုလျှင်၊ အခြားသူများက သူသည် ‘ကောင်းကင်နယ်မြေ’ ကို ကြောက်သည်ဟု ပြောကြမည်မဟုတ်လား။

ဟုတ်ပါတယ်၊ ‘ကောင်းကင်ကျောက်စိမ်း’ လည်း ဒါကို လက်ခံမှာ မဟုတ်ပေ။ နှစ်ဖက်စလုံးက နောက်ပြန်မဆုတ်ချင်ကြ၍ ပဋိပက္ခတွေ မပြေလည်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ခွန်အားနှင့် စကားပြောရမည်။ သို့သော် ကြီးမားသော လူထုတိုက်ပွဲကို မလိုလားပါ။ သူတို့နှစ်ယောက်လုံး ရှုံးနိမ့်သွားလျှင် တခြား အသင်းအဖွဲ့တွေက ကျော်တက်သွားလိမ့်မည်။

‘ကောင်းကင်ကျောက်စိမ်း’ က စဉ်းစားပြီး ပြိုင်ကွင်း၏ လောင်းကစားတိုက်ပွဲကို ရုတ်တရက် သတိရသွားတယ်။ ယင်းသည် ၎င်းတို့၏ ပဋိပက္ခကို ဖြေရှင်းရန် အသင့်တော်ဆုံးနေရာ မဟုတ်ပါလော။

"ကောင်းပြီ၊ မင်းပြန်မပေးချင်ဘူးဆိုတော့၊ ငါတို့ပြိုင်ကွင်းကိုသွားပြီး လောင်းကစားတိုက်ပွဲလုပ်မယ်။"

"ဘာဖြစ်လို့ ငါမင်းကို တိုက်ရမှာလဲ? အနိုင်ရရင် အကျိုးမရှိဘူး၊ ငါရှုံးရင် ငါ့ပစ္စည်းကို စွန့်လွှတ်ရမယ်။ မင်းရှုံးရင် ငါ့မှာရှိပြီးသားပစ္စည်းတွေကိုပဲ စွန့်လွှတ်ရမှာ"

"ဟမ့်၊ ငါတို့လည်း ငွေ၊ ကိရိယာ၊ ပစ္စည်း၊ ဘာမဆို လောင်းကြေးထပ်မယ်" ‘ကောင်းကင်ကျောက်စိမ်း’ က ဒေါသတကြီးပြောသည်။ "မင်းကို တိုက်ခိုက်ဖို့ ငါတရားဝင်ဖိတ်နေတာ၊ မင်းမှာ သတ္တိရှိရင် လက်ခံလိုက်"

Black Phantom ၏ မစ်ရှင်ဆုလာဘ်များသည် အမြဲကြွယ်ဝသောကြောင့် ဤကွင်းဆက်မစ်ရှင်ကို အမှန်တကယ် လိုချင်နေပြီး ၎င်းသည် Black Phantom ၏ ဆက်ဆံရေးအမှတ်များကို တိုးမြင့်စေနိုင်သည်။ ကောင်းသော သဘောတူညီချက်ဖြစ်ခဲ့သည်။

သို့သော် ဂျူပီတာသည် ဒေါသလုံးဝမထွက်ပေ။ ‘ကောင်းကင်နယ်မြေ’ မှ လူများကို ဘေးသို့တွန်းထုတ်ပြီး ထွက်ခွာသွား၏။

ဘာပဲဖြစ်ဖြစ်၊ သူ့မှာ ပစ္စည်းရှိတယ်၊ မစ်ရှင်ပြီးတာနဲ့၊ သူက အကျိုးကျေးဇူးအားလုံးကို ခံစားရမည့်သူဖြစ်သည်။ စွန့်စားပြီး လောင်းကစားတိုက်ပွဲကို တိုက်ခိုက်ရာမှာ ဘာအကြောင်းမှ မရှိပေ။

‘ကောင်းကင်နယ်မြေ’ မှ လူများ ဒေါသတကြီး ဖြစ်နေကြသည်။ Rebels Shall Rule ဒေါသတကြီး တောင်းဆိုကာ “ခေါင်းဆောင်၊ ငါတို့က သူတို့ကို ဒီအတိုင်းလွှတ်လိုက်တာလား။”

“သူတို့ကို ရန်စ! သူတို့ကို စိန်ခေါ်မှုကို လက်ခံဖို့ အတင်းအကြပ် တွန်းအားပေး” ‘ကောင်းကင်ကျောက်စိမ်း’ က ဒေါသတကြီးပြောသည်။ “ဒါကို ငါသည်းခံမှာမဟုတ်ဘူး။ ဖိုရမ်များရှိ ပို့စ်တွေအားလုံးကို ထုတ်ဝေဖို့ အဖွဲ့ဝင်များအား တတ်နိုင်သမျှ ရန်စခိုင်းလိုက်။”

…

‘ကောင်းကင်နယ်မြေ’ သည် စကားလုံးများကို စတင်တိုက်ခိုက်လာသည်နှင့်အမျှ၊ ‘နတ်ဘုရားများအသင်း’ နှင့်ပတ်သက်သည့် အရှုပ်တော်ပုံများ လျင်မြန်စွာပေါ်ထွက်ခဲ့ပြီး ‘နတ်ဘုရားများအသင်း’ သည် ယုတ္တိမဲ့ပြီး အကျင့်ပျက်နေကြောင်း၊ စိန်ခေါ်မှုကိုလက်ခံရန် ကြောက်ရွံ့ကာ အားနည်းသူများကို ရန်စပြီး အက်အားကြီးသူများကို ကြောက်ရွံ့သည့်ပုံတစ်ပုံကို ရေးဆွဲထားသည်။ VR-Capsule ရှိသည့်သူများသာ ဖိုရမ်များတွင် ပို့စ်တင်ခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်းများ ပြုလုပ်နိုင်သောကြောင့် ပေါက်ကရပြောသူ အနည်းငယ်သာ ရှိသော်လည်း၊ ယခုတစ်ကြိမ်တွင် ‘ကောင်းကင်နယ်မြေ’ တွင် အထောက်အထားနှင့် အကြောင်းပြချက်များရှိသည်။ သူတို့သည် အဖွဲ့ဝင်အားလုံးကို ပို့စ်များတင်ကာ လမ်းကြောင်းသစ်ကို စတင်ခဲ့သည်။

ကောလာဟလများသည် အလွန်ရှုံ့ချဖွယ်ကောင်းသော်လည်း ‘နတ်ဘုရားများအသင်း’ သည် လုံးဝထိတ်လန့်ခြင်းမရှိပါ။

ဂျူပီတာမြင်ပုံက ဟန်ရှောင်းပေါ်လာပြီး မစ်ရှင်ပြီးအောင် စောင့်ရမှာသာ ဖြစ်သည်။ ထိုအချိန်တွင်၊ ‘ကောင်းကင်နယ်မြေ’ သည် မည်မျှ ဆူညံနေစေကာမူ မည်သည့်အရာမှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

သို့သော် ရက်များစွာကြာသွားသော်လည်း ဟန်ရှောင်းပေါ်လာခြင်းမရှိသေးပေ။

ဂျူပီတာသည် စိုးရိမ်စပြုလာ၏။ သူသည် အစောင့်များကို အချိန်နှင့်တပြေးညီ မေးမြန်းခဲ့သော်လည်း ဟန်ရှောင်း၏ မည်သည့်နေရာတွင် ရှိသည်ဆိုသည့် အချက်အလက်ကို မရခဲ့ပေ။

ဟန်ရှောင်းသည် ဖိုရမ်များကို မြင်နိုင်၏။ သူသည် ရည်ရွယ်ချက်ရှိရှိ ပေါ်မလာဘဲ၊ ‘နတ်ဘုရားများအသင်း’ ကို မီးထဲထည့်လိုက်သလိုပင်။ ‘နတ်ဘုရားများအသင်း’ သည် မစ်ရှင်ကို မပြီးသရွေ့၊ မစ်ရှင်ပစ္စည်းသည် သူတို့ကို ဒုက္ခပေးရုံသာဖြစ်သည်။

မစ်ရှင်မစတင်မီက အသင်းအဖွဲ့နှစ်ခုအား ပြိုင်ကွင်းအတွင်း လောင်းကစားတိုက်ပွဲတစ်ခုပြုလုပ်ရန်၊ လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်ရန်နှင့် ကွင်းအတွင်း လောင်းကစားတိုက်ပွဲအသုံးပြုပုံကို ကစားသမားများ ပိုမိုသိရှိစေရန် အစီအစဉ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။

တစ်စုံတစ်ဦးသည် ၎င်းကို ဦးစွာပြုလုပ်ပြီး လောင်းကစားတိုက်ပွဲ၏ ရည်ရွယ်ချက်ကို ကစားသမားများအား ပြသသရွေ့၊ အလားအလာရှိသည့် တောင်းဆိုမှုရှိသော သူများသည် သူတို့၏လိုအပ်ချက်ကို သိရှိလာမည်ဖြစ်သည်။

‘နတ်ဘုရားများအသင်း’ နှင့် ‘ကောင်းကင်နယ်မြေ’ သည် ၎င်းကို မတော်တဆ သို့မဟုတ် တိုက်ဆိုင်မှုတစ်ခုအဖြစ် မှတ်ယူခဲ့သည်။ ဒါတွေအားလုံးကို ဖြစ်စေတဲ့ မစ်ရှင်ကို ထုတ်ပေးခဲ့တဲ့ 'NPC' ဟန်ရှောင်းလို့ သူတို့ ခန့်မှန်းဖို့ မဖြစ်နိုင်ပေ။ ထိုအရာက သူတို့ မျှော်လင့်ထားသည်၏ အပြင်မှာ ရှိနေသည်။

‘နတ်ဘုရားများအသင်း’ အတွက် ကောလဟာလတွေ ပိုဆိုးလာတာကို တွေ့လိုက်ရ၍ ဂျူပီတာက စိတ်ဖိစီးလာတယ်။

နောက်ဆုံးတွင် ဟန်ရှောင်း'ပျောက်' နေသောနောက်တစ်ရက်အကြာတွင် ဂျူပီတာသည် မခံစားနိုင်တော့ပေ။ ‘နတ်ဘုရားများအသင်း’ ကိုယ်စား ဖိုရမ်များတွင် လောင်းကစားတိုက်ပွဲကို တရားဝင်လက်ခံခဲ့သည်။

"‘နတ်ဘုရားများအသင်း’ ကိုယ်စား၊ ‘ကောင်းကင်နယ်မြေ’ နဲ့ လောင်းကစားတိုက်ပွဲကို လက်ခံပါတယ်။ ကျွန်ုပ်တို့၏ချစ်ပ်သည် မစ်ရှင်ပစ္စည်း ['ထိန်းချုပ်မှုလွတ်' ရိန်းဂျား၏ချစ်ပ်] ဖြစ်ပြီး၊ ‘ကောင်းကင်နယ်မြေ’ သည် တူညီသောတန်ဖိုးရှိသော အရာတစ်ခုကို ပေးဆောင်မည်ဖြစ်သည်။ တည်နေရာသည် ပြိုင်ပွဲကွင်း၊ ၅ယောက်တိုက်ပွဲ၊ အနိုင်ရသူ ကျန်ရှိပြီး၊ ရှုံးနိမ့်သူ ထွက်ခွါရမည်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နှစ်ဖက်လုံးသည် ရလဒ်ကို ဂုဏ်သိက္ခာရှိစွာ လက်ခံပြီး အခြားပါတီကို ပြဿနာရှာခြင်း မပြုလုပ်ရ။"

သိပ်မကြာခင်မှာပဲ ‘ကောင်းကင်ကျောက်စိမ်း’ က ပြန်ဖြေတယ်။

“လက်ခံတယ်။!”

ကြီးမားသော အသင်းအဖွဲ့နှစ်ခုကြား တိုက်ပွဲကြောင့် ခိုလှုံရေးစခန်းရှိ ကစားသမားများအားလုံး စိတ်လှုပ်ရှားလာကြသည်။

…

ကွင်းအတွင်း လောင်းကစားပွဲ၏ တရားမျှတမှုကို ခိုလှုံရေးစခန်း တာဝန်ရှိသူများက အာမခံပေးကြသည်။ လောင်းကစား ချစ်ပ်များကို တိုက်ပွဲမစမီ စုဆောင်းပြီး အနိုင်ရရှိသူအား ပေးအပ်ရန် အာမခံထားသည်။ ထိုတရားမျှတမှု အာမခံချက်ကို ခံစားဖို့အတွက် ပြိုင်ကွင်းတစ်ခုကို ငှားရမ်းရ၏။

ပြိုင်ကွင်းတစ်ခု ငှားရမ်းခြင်းသည် အခကြေးငွေ ပေးဆောင်ရပြီး ကွင်း၏ လည်ပတ်မှုကို အထောက်အကူ ပြုပါသည်။

အသင်းအဖွဲ့ကြီးနှစ်ခုက ချမ်းသာသည်။ တိုက်ပွဲ၏ တရားမျှတမှုကို အခြားကစားသမားများအား ဆုံးဖြတ်စေလိုသောကြောင့် အလယ်ဗဟိုရှိ ကြေးအမြင့်ဆုံးဖြစ်သော အကြီးဆုံးပြိုင်ကွင်းကို ငှားရမ်းခဲ့သည်။

တိုက်ပွဲစသည့်နေ့တွင်၊ ခိုလှုံရေးစခန်းရှိကစားသမားများသည် ကွင်းထဲတွင် စုရုံးကြပြီး မကြာမီ လူစည်ကားလာသည်။

"ဘယ်သူအနိုင်ရမယ်ထင်လဲ"

“သေချာပေါက် ‘နတ်ဘုရားများအသင်း’ ပဲ။ ‘ကောင်းကင်နယ်မြေ’ က သူတို့ကို ယှဉ်နိုင်စရာ မရှိဘူး။”

“ဒီတစ်ခေါက်တော့ ‘နတ်ဘုရားများအသင်း’ က တကယ်ပဲ အကျင့်မကောင်းဘူး။

"လာနောက်နေတာလား? ဂိမ်းတစ်ခုတွင် သတ်ဖြတ်ခြင်းကို ခိုးယူတာမှာ ဘာများမှားနေလို့လဲ။ ပြဿနာကို အကျယ်မချဲ့စမ်းပါနဲ့။"

“အဲဒီမှာ ဒိုင်တစ်ယောက်က လောင်းကြေးဖွင့်ထားတယ်။ ‘နတ်ဘုရားများအသင်း’ ဘက်က လောင်းဖို့ သွားလိုက်ဦးမယ်။"

"လောင်းကြေးရှိတာလား" အတူတူ သွားမယ်လေ။"

မြင်ကွင်းသည် အလွန်ဆူညံနေသည်၊ တိုက်ရိုက်ဖျော်ဖြေပွဲကဲ့သို့ပင်။ နှစ်ဖက်စလုံးမှ ပြိုင်ဘက်များ နောက်ကျမှ ပေါ်လာသည့်အထိ ပရိသတ်က အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သည်။ နှစ်ဖက်စလုံး၏ ID များကို ရှင်းရှင်းလင်းလင်းမြင်ရသောအခါ ပရိသတ်အားလုံး အံ့အားသင့်သွားကြသည်။

ပြိုင်ပွဲဝင်များသည် အသင်းအဖွဲ့အဖွဲ့ဝင်များသာမက၊ ၎င်းတို့အားလုံးသည် ကလပ်နှစ်ခုလုံး၏ ပရော်ဖက်ရှင်နယ်ကစားသမားများဖြစ်သည်။

ကစားသမားများစွာသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ကြသည်။ သူတို့ရဲ့ စိတ်အားထက်သန်မှုက အမိုးများ ပွင့်သွားမတတ်ပင်။

မူလက ပရိသတ်အများစုသည် ဒီအတိုင်း ကြည့်ရှုရန်သာ ထိုနေရာတွင် ရှိနေသော်လည်း ပရော်ဖက်ရှင်နယ်ကစားသမားများ ပေါ်လာသောအခါတွင် ပရိသတ်အားလုံး ချက်ချင်းစိတ်ဝင်စားလာကြသည်။

ပရိုလိဂ်က မစသေးသည့်အတွက် ပရော်ဖက်ရှင်နယ်ကစားသမားတွေ ဘယ်လောက် အားကောင်းလဲဆိုတာ မမြင်ရသေးပေ။ ထို့ကြောင့် သူတို့ အလွန် စိတ်လှုပ်ရှားလာကြသည်

“‘နတ်ဘုရားကျောင်းဆောင်’ က တကယ့်ကို ခိုင်မာတဲ့ အုတ်မြစ်ရှိတယ်။ ရောက်လာသူတိုင်းက ထိပ်တန်းကစားသမားတွေ ဒါမှမဟုတ် အဲဒီအဆင့် တဝိုက်ကပဲ။ ဝမ်းနည်းစရာကောင်းတာက လီကဲက ဒီမှာမရှိဘူး၊ သူက စစ်ဆင်ရေးခရီးမှာ ပါဝင်ဖို့ ထွက်တယ်လို့ ကြားတယ်။”

“အတိအကျပင်၊ နှိုင်းယှဉ်ကြည့်ရင် ‘ရှည်လျားကောင်းကင်ကလပ်’က နည်းနည်း အားနည်းတယ်။ အများစုက ဒုတိယတန်း ကစားသမားတွေပဲ။ ပထမတန်းကစားသမားတွေ Sleepy Winter နဲ့ Twinkle Fried Rice တို့လည်း စစ်ပွဲကို သွားနေကြတယ်… နေပါဦးဟ၊ အဲဒါ… ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား။ နတ်ဘုရား ဟောက်ထျန်း‽”

ဟောက်ထျန်းသည် ‘ရှည်လျားကောင်းကင်ကလပ်’အဖွဲ့တွင် ခံစားချက်မရှိဘဲ ရပ်နေသည်။ ပရိသတ်များက သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည် ။

သူဖြတ်သွားသည့် နေရာတိုင်းတွင် ပရိသတ်များက အသံကို လျှော့လိုက်ကြသည်။ သူ့မှာ မတုန်မလှုပ်နိုင်တဲ့ အရှိန်အဝါ ရှိနေသလိုပင်။

‘ရှည်လျားကောင်းကင်ကလပ်’၏ ထောက်တိုင်တစ်ခုအနေဖြင့် ဟောက်ထျန်းကို ‘ကောင်းကင်ကျောက်စိမ်း’ မှ တက်ရောက်ရန် တောင်းဆိုခဲ့သည်။ သူ့နာမည်နှင့် အရည်အချင်းက ပထမတန်းကစားသမားတွေထက် အများကြီး ပိုမြင့်သောကြောင့် သူက မြင်ကွင်းမှာ အာရုံစိုက်မှုအများဆုံးရရှိတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်သည်။ ပြိုင်ပွဲဝင်တွေက သူ့ကိုတွေ့တဲ့အခါ ဖိအားတွေ ခံစားရ၏။

အသင်းအဖွဲ့ကြီးနှစ်ရပ်လုံး ပိုင်ဆိုင်သည့် ကလပ်များသည် ၎င်းတို့၏ ပရော်ဖက်ရှင်နယ် ကစားသမားများအား သဘောတူညီမှု တစ်စုံတစ်ရာမရှိဘဲ တိုက်ပွဲသို့ တက်ရောက်ရန် တောင်းဆိုခဲ့ကြသည်။

တစ်ဖက်စီမှ အသင်းသားများကို မြင်ပြိး ‘ကောင်းကင်ကျောက်စိမ်း’ နှင့် ဂျူပီတာနှစ်ယောက်စလုံး အေးစက်တဲ့ချွေးတွေနဲ့ ဖုံးလွှမ်းသွားတယ်။ တစ်ချိန်တည်းမှာပဲ သူတို့တွေးမိသည်က ကံကောင်းလို့၊ ငါဒီမှာ ပရော်ဖက်ရှင်နယ်ကစားသမားတွေ ခေါ်ထားမိတယ်။ ချီးထဲမှပဲ၊ သူတို့လိမ်တာ ခံရတော့မလို့။

ဆဋ္ဌဂံပုံအလယ်ကွင်းသည် အလွန် ကျယ်ဝန်းသည်။ အလယ်ကွင်းပြင်သည် စစ်မြေပြင်ဖြစ်ပြီး ဘေးနှစ်ဖက်ရှိ တြိဂံများသည် စောင့်ဆိုင်းနေရာများဖြစ်သည်။ ‘ကောင်းကင်နယ်မြေ’ နှင့် ‘နတ်ဘုရားများအသင်း’ နှစ်ခုလုံးမှ လူများသည် ကွင်းအတွင်းရှိ စောင့်ဆိုင်းနေသောနေရာများတွင် စောင့်ဆိုင်းနေကြသည်။

ပရိသတ်များ အချင်းချင်း စကားစမြည်ပြောပြီး မျှော်လင့်စောင့်စားနေကြသည်။

ကစားသမားအချို့က မတူတဲ့အချက်ကို တွေးနေခဲ့ကြပါတယ်။

ကွင်းထဲတွင် လောင်းကစားတိုက်ပွဲတစ်ခုရှိခြင်းက ထိတွေ့မှုကို တိုးမြင့်စေနိုင်ပုံရသည်... အချို့သော အသင်းအဖွဲ့များက ထင်မြင်ယူဆကြသည်။

ငါယှဉ်ပြိုင်မှု တစ်ခုလုပ်ရင်၊ ပုံစံအမျိုးမျိုးရှိတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အလမ်းတွေ ရှိလာမယ်၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ လောင်းကစားကနေ အမြတ်ရနိုင်မယ်ဟု PVP ကို စိတ်အားထက်သန်သည့် ကစားသမားအချို့က တွေးနေကြသည်။

ကြည့်ရှုနေသော ပရော်ဖက်ရှင်နယ် ကစားသမားများကလည်း ခေါင်းညိတ်ကြသည်။ ယှဉ်ပြိုင်မှုသည် ထိတွေ့မှုကို ပေးရုံသာမက အရည်အချင်းကိုလည်း မြှင့်တင်နိုင်သည်။ ၎င်းသည် အတော်လေးကောင်းသောလုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။

အားကစားကွင်း၏ လောင်းကစားတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် လူကြိုက်များမှုကို မြင်တွေ့ရသောအခါ ကစားသမားအများအပြားသည် ၎င်း၏ အကျိုးကျေးဇူးများနှင့် ဖျော်ဖြေရေးတန်ဖိုးများကို မြင်သွားကြသည်။ ဟန်ရှောင်းသည် ကြီးမားသော အသင်းအဖွဲ့နှစ်ခုကြား တိုက်ပွဲကို အစပျိုးရခြင်းမှာ အမှန်ပင် ဤလုပ်ဆောင်ချက်ကို အခြားကစားသမားများ သိရှိနားလည်စေရန်၊ ထို့နောက် ကစားသမားများ၏ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းကို အသုံးပြုကာ ဤလုပ်ဆောင်ချက်ကို မြှင့်တင်ရန်နှင့် ချဲ့ထွင်ရန်အတွက် အမျိုးမျိုးသော တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။

ရရှိသောငှားရမ်းခသည် အရေးအကြီးဆုံးမဟုတ်ပေ။ ဟန်ရှောင်း၏ အမြင်၌ ပိုအရေးကြီးသည်မှာ အားကစားကွင်းအတွက် ကစားသမားများ၏ တောင်းဆိုမှုနှင့် အသုံးပြုမှုကို မြှင့်တင်ရန်ဖြစ်သည်။ ထိုနည်းအားဖြင့် 'အဓိကမြို့တော်' အပေါ် အထငအမြင်သည် ပိုမိုအားကောင်းလာမည်ဖြစ်သည်။

All Chapters