← Chapters

Black Phantom ၏ ယန္တရားသေတ္တာ - ၂

Vol. 19 Ch. 277

Black Phantom ၏ ယန္တရားသေတ္တာ - ၂

Vol. 19 Ch. 277

"ဒါက (တိုက်ခိုက်ပြီးရတဲ့ သေတ္တာ) လုယက်ပုံး မဟုတ်ဘူးလား"

ဤအတွေးသည် ဗိုင်းရပ်စ်ကဲ့သို့ ကူးစက်တတ်ပြီး ကစားသမားများသည် ချက်ချင်းပင် စိတ်ဝင်စားလာကြသည်။ လောင်းကစားရန် စိတ်အားထက်သန်သော ကစားသမားအချို့သည် စိတ်လှုပ်ရှားမှု‌ကြောင့် တုန်လှုပ်နေပြီး ‘ယုံကြည်ခြင်းဆယ်ပါး’ - လုယက်ပုံး ဆယ်ပုံးကို တစ်ခါတည်းဝယ်ကာ ဆက်တိုက်ဖွင့်လှစ်ရန် မစောင့်နိုင်တော့ပေ။

ငွေထုတ်ခြင်း၏ ယုတ်ညံ့သောလမ်း သို့မဟုတ် Ultimate Hand Chopping Method ဟုလည်း လူသိများသော လုယက်ပုံးများသည် ဂိမ်းဆော့ဖ်ဝဲရေးဆွဲသူများအတွက် ငွေရှာရန်အတွက် ဂန္တဝင်ဆန်သော အကွက်တစ်ခုဖြစ်သည်။ ဟန်ရှောင်းသည် ဤအရာကို အလွန်ရင်းနှီးသည်။ ၎င်းသည် ကစားသမားများ၏ အတွင်းစိတ်ရှိ လောင်းကစားသမားများကို နိုးထစေပြီး မလွတ်မြောက်နိုင်သော အပေါက်ထဲသို့ စုပ်ယူနိုင်ရုံသာမကဘဲ ၎င်းမှလည်း အမြတ်ထွက်နိုင်သည်။

သူ့တွင် မှန်ကန်သည့် အရင်းအမြစ်နှင့် ထိုအတွက် တောင်းဆိုမှုများရှိသည်။ သူက ကစားသမားတွေကို ဆွဲဆောင်ဖို့ ထပ်တလဲလဲ ပွဲတော်တွေထဲက တစ်ခုအဖြစ် ဖန်တီးနိုင်၏။

ကမ္ဘာဂြိုဟ်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်ငွေကြေးရှိကြပြီး အကြီးမားဆုံးသော စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခုက စည်းမျဥ်းစည်းကမ်းများကို ဖန်တီးပြီးနောက် လူမှုအဖွဲ့အစည်းများအကြား ဆက်သွယ်မှုအဆင်ပြေစေရန်အတွက် အထွေထွေယဉ်ကျေးမှု၊ အထွေထွေငွေကြေးနှင့် အထွေထွေဘာသာစကားတို့ကို တီထွင်ခဲ့ကြသည်။ ကြယ်စင်စု လူမှုအဖွဲ့အစည်းများ၏ ထူးခြားသောငွေကြေးများကို အထွေထွေငွေကြေးအဖြစ် လဲလှယ်နိုင်၏။ သို့သော် ရေပင်လယ်ဂြိုလ်ကဲ့သို့သော ဂြိုဟ်အဖွဲ့အစည်းသည် ယင်းကဲ့သို့ ဆက်ဆံမှုကို မရရှိနိုင်ပေ - ရေပင်လယ်ဂြိုလ်ဒေါ်လာများသည် ဝယ်ယူနိုင်စွမ်းအား သုညနီးပါးရှိပြီး နဂါးငွေ့တန်းတွင် လုံးဝအသုံးမပြုနိုင်ချေ။ တကယ်တော့ အိမ်သာသုံးစက္ကူအဖြစ် သုံးရတာတောင် ကြမ်းတမ်းလွန်းတယ်။

ထို့ကြောင့် သူသည် နဂါးငွေ့တန်းထဲသို့ ရောက်သွားချင်ပါက၊ သူသည် ဤငွေများကို အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲကာ ထိုအရင်းအမြစ်များကို စက်ယန္တရားအဖြစ်သို့ ပြောင်းလဲပစ်ရမည်ဖြစ်သည်။ အရင်းအမြစ်များသည် မတူညီသော လူမှုအဖွဲ့အစည်းများတွင် မတူညီသောတန်ဖိုးများရှိပြီး ၎င်းကို နဂါးငွေ့တန်းရှိ ငွေကြေးအဖြစ် သတ်မှတ်နိုင်သည်။ အဆိုးဆုံးတွင်ပင်၊ ၎င်းသည် ရေပင်လယ်ဂြိုလ်ဒေါ်လာထက် များစွာတန်ဖိုးကြီးသည်မှာ သေချာ၏။ ဗားရှင်း ၂.၀ [ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ်] တွင်၊ အစပျိုးဂြိုလ်များသည် ကြယ်စင်စု လူမှုအဖွဲ့အစည်းများကို ပုံစံအမျိုးမျိုးဖြင့် ထိတွေ့လာမည်ဖြစ်သည်။ ထို့နောက် ပြည်တွင်းငွေကြေးများကို အခြားငွေကြေးများအဖြစ် လဲလှယ်နိုင်မည်ဖြစ်ပြီး ကစားသမားများအနေဖြင့် ဤပြဿနာအတွက် စိတ်ပူစရာမလိုပေ။ သို့သော်လည်း ဟန်ရှောင်းသည် ဗားရှင်း ၁.၀ တွင် အစပျိုးဂြိုဟ်မှ ထွက်ခွာလိုသောကြောင့် ငွေကြေး၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် အခြားအရာများစွာ၏ ခြားနားချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

သူ၏ပိုင်ဆိုင်မှုအားလုံးသည် ရေပင်လယ်ဂြိုလ်အပြင်ဘက်တွင် စက္ကူစုတ်ကဲ့သို့ဖြစ်သည့် ရေပင်လယ်ဂြိုလ်ဒေါ်လာဖြင့်ဖြစ်သည်၊ ထို့ကြောင့် ထိုငွေကြေးအားလုံးကို ကုန်ကြမ်းပစ္စည်းဝယ်ပြိး စက်ပစ္စည်းတည်ဆောက်ရန်အတွက် သုံးစွဲလိုက်သည်။ ထို့ပြင် စက်ယန္တရားများ တည်ဆောက်ခြင်းက သူ၏ကြီးထွားမှုအတွက်လည်း အထောက်အကူဖြစ်စေသော အတွေ့အကြုံအမှတ်ကိုလည်း ပေး၏။

ထို့အတွက်ကြောင့် သူသည် အသုံးမဝင်သော စက်ယန္တရားများစွာကို စုစည်းထားသည်။ ၎င်းတို့ကို လုယက်ပုံးများအတွက် ဆုများအဖြစ် အသုံးပြုခြင်းသည် အမှိုက်များကို ကောင်းမွန်စွာ အသုံးချနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ လုယက်ပုံးများ၏ ရှားပါးအခွင့်အလမ်းသည် သူ၏ထိန်းချုပ်မှုအောက်တွင် လုံးဝရှိနေသည်။ အများစုမှာ အသုံးမဝင်သော အစိတ်အပိုင်းများနှင့် အမှိုက်များဖြင့် ပြည့်နေ၏။ အနည်းစုသာ အလွန်ကောင်းမွန်သော ပစ္စည်းများပါရှိသည်။ အမြတ်ထက် ကုန်ကျစရိတ် ပိုမြင့်ဖို့ဆိုတာ မဖြစ်နိုင်ပေ၊ ဒါက သေချာပေါက် အမြတ်ထွက်မယ်လို့ ဆိုလိုတာပါ။

သူသည် လက်ကျန်ပစ္စည်းများကို ရှင်းထုတ်လိုပြီး ၎င်းတို့တွင် ကောင်းမွန်သော အရာများရှိသည်ဟု အာမခံချက်မပေးထားပေ။ သို့သော်လည်း ကစားသမားများသည် သူတို့၏ငွေများ အလဟသ ဖြစ်သွားနိုင်သည့် အခြေအနေကို သိရှိထားသော်လည်း သူတို့သည် ငွေကိုသုံးစွဲပြီး သူတို့၏ အနာဂတ်အတွက် လောင်းကြေးထပ်နေကြဆဲဖြစ်သည်။ အမှိုက်ပုံကြီးကို မတွေ့ခင်အထိ လူတိုင်းက ကံကောင်းသည်ဟု ခံစားနေရသည်။

ပိုက်ဆံများများစားစားမရှိသော ကစားသမားများပင်လျှင် သူတို့ကံကြမ္မာကို စမ်းကြည့်ရန် အံကြိတ်၍ သေတ္တာတစ်လုံးကို ဝယ်လိုက်ကြသည်။ အကယ်၍ သူတို့ကံမကောင်းပါက၊ အချိန်အတန်ကြာပြီးနောက်တွင် ၎င်းတို့သည် နောက်တစ်ကြိမ် ကံကောင်းလာမည်ဟု မိမိကိုယ်ကို အခိုင်အမာ ယုံကြည်လာကာ သံသရာသည် သူ့အလိုလို ပြန်ဖြစ်လာမည်ဖြစ်သည်။

ကစားသမားအများစုသည် ဤကံစမ်းမဲပွဲကို နှစ်သက်ကြသည်။ ထီကဲ့သို့ အလွန်သေးငယ်သော ကုန်ကျစရိတ်ဖြင့် ကြီးမားသောအမြတ်အစွန်းရရှိရန် အခွင့်အလမ်းအနည်းငယ်ရှိ၏။ လောလောဆယ်မှာတော့ တခြားဘယ်မှာမှ ကံစမ်းမဲပွဲ မရှိပေ။ ကံစမ်းမဲပွဲ အမျိုးအစား နှစ်မျိုးရှိသည် - တစ်မျိုးမှာ တရားဝင်ဂိမ်းစတိုးဖြစ်ပြီး၊ ဂိမ်းစတိုးတွင် ကံစမ်းမဲများ မဖြစ်ပေါ်သေးပေ။ ဤကံစမ်းမဲအမျိုးအစားတွင် (တံခါးပိတ်လေ့ကျင့်ရေးစင်တာ) Dungeon သလင်းကျောက်များ၊ မျိုးရိုးဗီဇဆိုင်ရာ ကုသရေး ပစ္စည်းများ၊ သွေးနှင့် မန်နာပုလင်းများ၊ အတွေ့အကြုံအမှတ်ပုလင်းများ၊ အလှကုန်ပစ္စည်းများနှင့် အခြားအရာများကဲ့သို့သော အထူး VR ပစ္စည်းများ ပါဝင်ပါသည်။ စက်ပစ္စည်းများ မပါရှိပေ - ၎င်းသည် ထောက်ပံ့ရေး ကံစမ်းမဲအမျိုးအစားဖြစ်သည်။

အခြားကံစမ်းမဲအမျိုးအစားမှာ အဖွဲ့အစည်းများနှင့် ဇာတ်ကောင်များကြားတွင်ဖြစ်သည်။ ဒါမှ တိုက်ရိုက်အကျိုးအမြတ်ရဖို့ မှန်ကန်တဲ့လမ်းစဉ်ဖြစ်၏။ ဥပမာအားဖြင့်၊ အချို့သောအဖွဲ့အစည်းများနှင့် အုပ်စုများသည် အားကောင်းသောပစ္စည်းများ သို့မဟုတ် ပစ္စည်းကိရိယာများကို မဲနှိုက်ရန်အတွက် အသုံးပြုနိုင်သည့် ပံ့ပိုးမှုအမှတ်စနစ်တစ်ခုရှိသည်။ အချို့သော လျှို့ဝှက်ဆန်းကြယ်သော ရောင်းချသူများတွင် လောင်းကစားဂိမ်းများ ရှိကြပြီး အချို့သော အဖွဲ့အစည်းများသည် ကစားသမားများအား ၎င်းတို့၏ ကုန်ပစ္စည်းအဟောင်းများကို ဝယ်ယူစေသည်။ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများများသည် ကစားသမားများကို ပိုမိုနားလည်သဘောပေါက်လာပြီး သူတို့ကို ကြေးစားများအဖြစ် အသုံးပြုလာကြသည်။ ထိုအခါမှသာ အချို့သော ဇာတ်ကောင်များသည် ကံစမ်းမဲကို ရရှိမည်ဖြစ်သည်။ ဤအရာကို အဖွဲ့အစည်းများက အမြတ်အစွန်းဖြင့် 'ဂြိုလ်သား ကြေးစားသမားများ' ကို လှုံ့ဆော်သည့် နည်းလမ်းအသစ်များ ကြိုးပမ်းနေသည်ဟု ယူဆနိုင်သည်။

ငါ့အပေါ် ကစားသမားတွေရဲ့ အထင်အမြင်က 'ကမ္ဘာ့ပင်မဇာတ်ကောင်'၊ ' ယန္တရားပညာလမ်းညွှန်နဲ့ စီးပွားရေးသမား'၊ 'ချောမောသူ' နှင့် 'အရေးပါတဲ့ ဂန္ထဝင် NPC' အဲဒါတွေ ဖြစ်နိုင်ခြေများတယ်။ ငါသာ ကံစမ်းမဲပွဲကို လုပ်တဲ့သူဆိုရင် ကစားသမားတွေက ပိုလက်ခံလိမ့်မယ်။ ပြီးတော့၊ ပထမဆုံး ကံစမ်းမဲ ပွဲတော်က အာရုံစိုက်မှုကို အများဆုံး ဆွဲဆောင်နိုင်လိမ့်မယ်။

တစ်လုံးကို ၃,၀၀၀ က စျေးမနည်းပေမယ့် ကစားသမားတွေရဲ့ လက်ရှိအဆင့်မှာ အပိုငွေအချို့ရှိတယ်။ ဒါကြောင့် တစ်ခု သို့မဟုတ် နှစ်ခုဝယ်ဖို့ ကိစ္စကြီးမဟုတ်ဘူး။ အဲဒါအပြင် သူတို့သာ ခရမ်းရောင် ကိရိယာပစ္စည်းတွေကို ရလိုက်ရင် အရမ်း ချမ်းသာသွားလိမ့်မယ်။ စျေးကွက်တွင် ခရမ်းရောင် ကိရိယာပစ္စည်း လုံးဝမရှိသေးတော့ ရောင်းချသူက ဈေးနှုန်းသတ်မှတ်နိုင်မယ်။ ရှားပါးသောအရာက အဖိုးတန်တယ်၊ အဲဒါက မတန်တဆ စျေးနှုန်းဖြစ်မှာ သေချာတယ်။

အားလုံးက ကုန်သေတ္တာတွေ ပြည့်နေတဲ့ ကားပေါ်ကို စူးစိုက်ကြည့်နေကြသည်။ ကစားသမားများ၏ မျက်လုံးများသည် အဓိပ္ပါယ်အမျိုးမျိုးဖြင့် တောက်ပနေကြပြီး ဟန်ရှောင်းဘေးတွင် ရပ်နေသည်ကို တွေ့လိုက်သောအခါတွင် သူတို့၏ မကောင်းသော အကြံအစည်လေးများ ငြိမ်းသွားကြသည်။

ရိုးရိုးသားသားနဲ့ စျေးပေးရတာ ပိုကောင်းပါတယ်။ ကြောက်စရာကောင်းတဲ့ သေခြင်းတရားကို ရှာဖွေနေစရာ အကြောင်းမရှိဘူးလေ။

သေတ္တာဆယ်လုံးတွင် အမှိုက်ကိုးခုရှိပြီး တစ်လုံးမှာ ခရမ်းရောင် ကိရိယာပစ္စည်း တစ်ခုသာရှိသည်။ ကောင်းကင်ကျောက်စိမ်း ကံကောင်းတာလား အချိုးအစားက မြင့်လွန်းတာလား ဆိုတာ သေချာမသိနိုင်ပေ။

ကစားသမားများသည် လုယက်ပုံးများကို စတင်ဝယ်ယူကြသည်။ သေတ္တာများကို တစ်လုံးပြီးတစ်လုံးဖွင့်သည်။ တစ်ချို့က ကျေနပ်ပြီး တစ်ချို့က စိတ်ဆိုးကြ၏။ အမှိုက်မှလွဲ၍ အခြားအသုံးဝင်သောပစ္စည်းများနှင့် အစိမ်းရောင် သို့မဟုတ် အပြာရောင် ကိရိယာပစ္စည်းများကဲ့သို့သော အခြားအရာများလည်း ရှိသေးသည်။ ယေဘုယျအားဖြင့် တုံ့ပြန်မှုမှာ အပြုသဘောဆောင်၏။ သို့သော်လည်း ဒုတိယမြောက် ခရမ်းရောင် ကိရိယာ မရှိတော့ပေ။

“ခရမ်းရောင်ပစ္စည်းတွေက ဆယ်ကြိမ်ဆက်တိုက် မဲနှိုက်တော့မှ ပေါ်လာတာဖြစ်နိုင်မလား” ကစားသမားတစ်ဦးမှ ပြောလိုက်သည်၊ အားလုံးက စိတ်လှုပ်ရှားလာကာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။

“မဖြစ်နိုင်ဘူး။ ရှားပါး အခွင့်အလမ်းက နည်းနည်းထူးဆန်းပြီး ပုံမန်အမြင်နဲ့ ကြည့်လို့မရနိုင်ဘူးလို့ ခံစားမိတယ်။ ပထမဆုံး၊ ငါတို့နားလည်ထားရမယ့် အချက်က Black Phantom က လုယက်ပုံးတွေကို မိတ်ဆက်တာက ဇာတ်ကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာလား ဆိုတာပဲ။ 'Galaxy' က အရမ်းလက်တွေ့ကျပြီး ဇာတ်ကောင်တိုင်းမှာ တကယ့်ကမ္ဘာနီးပါး တစ်ဦးချင်းစိတ်ထား ရှိပုံရတယ်။ ဇာတ်ကောင်တစ်ဦးရဲ့ လုပ်ဆောင်ချက်တွေက သူတို့ရဲ့ ထူးခြားတဲ့ အကြောင်းပြချက် ဒါမှမဟုတ် လှုံ့ဆော်မှု ရှိနေတတ်တယ်။ ဒါဆို ဒီကံစမ်းမဲနှိုက်တာက ဂိမ်းဆော့ဖ်ဝဲရေးဆွဲသူတွေဆီက တရားဝင် လုပ်ဆောင်ချက်တစ်ခုလား၊ ဒါမှမဟုတ် သူက သူ့ဂိုဒေါင်ကို တကယ် ရှင်းလင်းရေးလုပ်နေတာလား။” ဘေးနားက လူတစ်ယောက်က သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး မျက်လုံးထဲမှာ ဉာဏ်ပညာ အလင်းတန်းတစ်ခု ပေါ်လာသည်။ "တကယ်လို့ သူက သူ့ဂိုဒေါင်ကို ရှင်းလင်းရေးလုပ်နေရင် ဘာလို့ မလွှင့်ပစ်ဘဲ ငါတို့ကို ရောင်းတာလဲ"

"ရိုး၊ ညီအစ်ကို၊ မင်းက ဒီအကြောင်း တော်တော်ရင်းနှီးတာပဲ" ထိုလူ၏ အပြောအဆိုကြောင့် လူတွေရဲ့ အာရုံစူးစိုက်မှုကို ခံရပြီး သူ့ကို ကြည့်နေကြသည်။ နောက်တော့ ထိုလူ၏ ID – ‘ကံစမ်းမဲဘုရင်’ ကို တွေ့သွားကြ၏။

အနီးနားရှိ ကစားသမားများ၏ ပါးစပ်များ တွန့်သွားကြသည်။

သူဒီလောက် နားလည်တာ အံ့သြစရာမရှိဘူး။ အတွေ့အကြုံ ဘယ်လောက်ရှိလဲဆိုတာ အဲဒီ ID နဲ့တင် ထင်ရှားတယ်။

"အဲဒါက အဓိပ္ပါယ်ရှိတယ်၊ ဒါဆို ငါတို့ ဘယ်လိုသိနိုင်မလဲ" တစ်ယောက်ယောက်က မေးတယ်။

ထရပ်ကားထဲတွင် ပစ္စည်းများမှာ တဖြည်းဖြည်း နည်းပါးလာသည်။ ‘ကံစမ်းမဲဘုရင်’ ၏ မျက်လုံးများ တောက်ပလာသည်။ သူသည် လူအုပ်ကြားမှ လှမ်းအော်ပြီး မေးလိုက်သည် “အထဲမှာ နောက်ထပ် သေတ္တာ ဘယ်နှစ်လုံး ရှိနေလဲ”

ဟန်ရှောင်းက သူ့လက်ကို ဝှေ့ယမ်းပြီး "စုစုပေါင်း သေတ္တာ ၇၈၆လုံး ရှိတယ်၊ အခု ၅၃၀ ကျန်သေးတယ်"

ကစားသမားများ အံ့သြသွားကြသည်။ သေတ္တာများကို အကန့်အသတ်မရှိဟု ထင်ခဲ့ကြသော်လည်း ထိုသို့မဟုတ်ပေ။ အခုချိန်မှာတော့ စောင့်ကြည့်နေသည့် ကစားသမားတချို့က မစောင့်နိုင်ကြတော့ပေ။ သူတို့ ပိုက်ဆံတွေ ကိုင်ပြီး တန်းစီကုန်၏။

‘ကံစမ်းမဲဘုရင်’ သည် သူ၏စတိုင်ကို ပြောင်းလဲလိုက်သည်။ သူ့ရင်ဘတ်ကို လက်တစ်ဖက်နှင့် ပတ်ထားပြီး လက်တစ်ဖက်က မေးစေ့ကို ကိုင်ထားကာ၊ စဉ်းစားနေသည့် စုံထောက်တစ်ဦးလို ဖြစ်နေသည်။ "မှန်တယ်။ ကန့်သတ်ထားသောကြောင့်၊ ၎င်းသည် တရားဝင် လုပ်ဆောင်ချက်တစ်ခု မဖြစ်နိုင်ဘူး။ Black Phantom က သူ့ရဲ့ ဂိုထောင်ကို တကယ် ရှင်းလင်းနေတာ။ ဒါပေမယ့် သူက စွန့်ပစ်တာထက် အဲဒါတွေကို သေတ္တာထဲ ထုပ်ပိုးပြီး ရောင်းချဖို့ ရွေးချယ်ခဲ့တယ်။ အင်း… အဲဒီမှာ မပျက်စီးသေးတဲ့ ရှားပါး ခရမ်းရောင် ကိရိယာတွေတောင် ရှိသေးတယ်။ ဒါက အမှိုက်ကို အသုံးချတာဆိုရင် အဓိပ္ပာယ်မရှိဘူး။ ဆိုတော့၊ ဒါအတွက် တစ်ခုတည်းသော ဖြေရှင်းချက်ဆိုရင်၊ ဒါက တကယ် ရှင်းလင်းရေး မဟုတ်ဘူး။ Black Phantom က ဒါကိုလုပ်ပေးပြီး အကျိုးကျေးဇူးတွေ ပေးနေတယ်။ ဟုတ်တယ်၊ ငါတို့ 'ဂြိုလ်သားတွေ' က သူ့ကို ခိုလှုံရေးစခန်းကို ဆောက်ဖို့ ကူညီပေးခဲ့တယ်၊ ဒါကြောင့် သူက ငါတို့ကို ဆုချချင်နေတာပဲ!”

‘ကံစမ်းမဲဘုရင်’ သည် သူ၏ အတွေးများကို ကျယ်လောင်စွာ နိဂုံးချုပ်လိုက်သည်နှင့် ရင်ပြင်ရှိ ကစားသမားများ ကြားပြီး ချက်ခြင်း နားလည်သွားသည်။

ဒါဟာ ယုတ္တိရှိပုံရပြီး ယုံကြည်နိုင်စရာပါပဲ။

"ဒါဟာ တရားဝင် လုယက်ပုံး လုပ်ဆောင်ချက်တစ်ခုဖြစ်ရင် အခွင့်အလမ်းတွေကို သေချာကြေငြာမှာပဲ၊ ဒါပေမယ့် ဒါက ဇာတ်လမ်းရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင်တော့၊ ငါတို့ကစားသမားတွေက အဲဒါကို ကိုယ်တိုင် အတွေ့အကြုံယူပြီး ဖုံးကွယ်ထားတဲ့ ရှားပါးအခွင့်အလမ်းကို ကောက်ချက်ချရလိမ့်မယ်..."

‘ကံစမ်းမဲဘုရင်’ ၏ မျက်လုံးများသည် တောက်ပနေ၏။

"ဂိမ်းဆော့ဖ်ဝဲဖန်တီးသူက ညီမျှဖို့အတွက် ကံစမ်းမဲကနေ အရမ်းအားကောင်းတဲ့ ပစ္စည်းကို ဘယ်တော့မှ အနိုင်မရအောင် လုပ်ထားလိမ့်မယ်၊ ဒါပေမယ့် Black Phantom ရဲ့ ကံစမ်းမဲကတော့ မတူဘူး။ တကယ်ကောင်းတာတစ်ခု ရှိကောင်းရှိနိုင်တယ်၊ ဆိုလိုတာကတော့ ဒီ ယန္တရားသေတ္တာတွေဟာ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေမယ့် နတ်ဘုရားပစ္စည်းတွေ တကယ်ရှိကောင်းရှိနိုင်တယ်!”

ထိုသတင်းကိုကြားသောအခါ လူအုပ်ကြီး တုန်လှုပ်သွားသည်၊ အလွန်စိတ်လှုပ်ရှားသွားကြသည်။

ဟန်ရှောင်းသည် ဘေးနားမှ နားထောင်ရင်း အံ့အားသင့်သွားကာ၊ အလွန်စိတ်ရှုပ်သွားသည်။

ငါသရုပ်ဆောင်ငှားထားလား မမှတ်မိတော့ဘူး။ ဒီကောင် ဘယ်ကရောက်လာတာလဲ။

All Chapters