အဆုံးသတ် - ၁
Vol. 19 Ch. 284
“ဟူး…”
ပြင်းထန်သောအသက်ရှုသံသည် ကျိုးပဲ့နေသော ဖားဖိုကြိးကဲ့သို့ အခန်းထဲသို့ ပြည့်သွားပြီး လည်ချောင်းထဲတွင် သွေးများ စေးကပ်ကာ ထွေးထုတ်လိုက်သည်။
သွေးများ ဖုံးလွှမ်းနေသော မျက်နှာဖုံးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ စားပွဲတစ်ခု၏ဘေးကို မှီ၍ ခေါင်းဆောင်သည် မျက်လုံးများကို မနည်းဖွင့်ထားရပြီး ကြမ်းပြင်တွင် အလောင်းများပြည့်နှက်နေသည့် တိုက်ပွဲအပြီး ပျက်စီးသွားသောအခန်းကို မြင်နိုင်သည်။ အခန်းထဲတွင် ရပ်နေတဲ့ ခေါင်းဆောင်က တစ်ယောက်တည်း ကျန်ရစ်သူဖြစ်ပြီး အမှုဆောင် အရာရှိတွေအားလုံး သူ့လက်သီးများအောက်တွင် ပြိုလဲသွားကြသည်။ အကြီးတန်းအရာရှိများ၏ ထိတ်လန့်သောအမူအရာမှာ အသက်ရှုရပ်သွားသည့်အချိန်မှာပင် သူတို့၏မျက်နှာပေါ်၌ ရှိနေသေး၏။
ခေါင်းဆောင်သည် သွေးများရောထွေးနေသည့် ချွဲများကို ထွေးထုတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သိပ်သည်းသော သွေးနံ့က သူ့နှာခေါင်းကို မအီမသာဖြစ်စေကာ မတတ်နိုင်ဘဲ နောက်ထပ် နှစ်မိနစ်ကြာအောင် ချောင်းဆိုးလိုက်ရသည်။
ပြင်းထန်သောတိုက်ပွဲသည် ဟန်ရှောင်း၏ ခြုံခိုတိုက်ခိုက်ခံရမှုမှ သူ၏ လျှို့ဝှက်ဒဏ်ရာကို နှိုးဆွပေးခဲ့သည်။ သူ့မှာ ပြန်ကောင်းလာဖို့ အချိန်မရှိသလို၊ မကြာခင်မှာပဲ မြန်မြန်ဆန်ဆန် ဖြေရှင်းလို့ မရတော့ပေ။
သိမ်မွေ့သော နာကျင်မှုကို ခံစားလိုက်တိုင်း ဟန်ရှောင်းကို သတိရမိသည်။ ယခုအချိန်အထိ ခေါင်းဆောင်သည် သူ့နှလုံးသားထဲတွင် မုန်းတီးမှုကိုသာ ခံစားနိုင်ခဲ့သည်။ တစ်ခါတစ်ရံ ဒေါသများ ပျောက်ကွယ်သွားသည့်အခါ ဗလာသက်သက်ဖြစ်နေသလို ခံစားရ၏။
ခေါင်းဆောင်သည် ဗဟိုထိန်းချုပ်ရေးအဖွဲ့ရှေ့တွင် ရပ်ကာ နျူဗုံးကို ပစ်လွှတ်ရန် ရွေးချယ်မှုကို ပြုလုပ်လိုက်သည်။ လက်အိတ်များကို ချွတ်ကာ လက်ဗွေနှင့် မျက်လုံးများကို စကင်န်ဖတ်ကာ လွှတ်တင်ရန် ခွင့်ပြုလိုက်၏။ သော့နှစ်ချောင်းရှိပြီးနောက် သော့နှစ်လုံးစလုံးကို လှည့်ရန်လိုအပ်သလို လှည့်ပြီးနောက် နျူကလီးယားဗုံးကို လွှတ်တင်မည်ဖြစ်သည်။ နောက်ဆုံးအဆင့်တွင် လက်များတွင် အမာရွတ်များ ပြည့်နေသောလက်ဖြင့် သော့ကိုင်ထားသော်လည်း လှည့်၍မရပေ။
ခေါင်းဆောင်က ကုလားထိုင်ပေါ် မှီပြီး မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက နေ့ခင်းအိပ်မက်လို ဘာကိုမှ အာရုံစိုက်မနေပေ။ သူဘာတွေတွေးနေမှန်း ဘယ်သူမှ မသိခဲ့ကြပေ။
ဒူ ဒူ ဒူ
ဖုန်းခေါ်ဆိုမှုတစ်ခုသည် ဖန်သားပြင်၏ထောင့်တွင် ထွက်ပေါ်လာပြီး အံ့သြစရာကောင်းသည်မှာ ဟန်ရှောင်းထံမှ ဖြစ်သည်။
ခေါင်းဆောင်သည် စဉ်းစားမနေဘဲ 'လက်ခံ' ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် ဖန်သားပြင်တွင် ဟန်ရှောင်း၏မျက်နှာကို ပြသလာ၏။
ကြမ်းပြင်ပေါ်ရှိ အလောင်းများကို မြင်လိုက်ရသဖြင့် ဟန်ရှောင်းက မျက်ခုံးပင့်လိုက်သည်။ ဂျာမီနယ်အဖွဲ့အစည်းဘက်ခြမ်းက အခြေအနေကို ကြည့်ဖို့ သူဖုန်းဆက်ချင်တယ်။ သူလည်း ခေါင်းဆောင်ကို နောက်ဆုံးအကြိမ် တွေ့ချင်ပေမယ့် အခင်းဖြစ်ရာကို မြင်ပြီးနောက် အခြေအနေကို သူ နားလည်သွား၏။ သူက ခေါင်းယမ်းပြီး ပြောလိုက်သည်။ “ကြည့်ရတာ မင်း ဆုံးဖြတ်ချက်ချပြီးပြီပေါ့”
ခေါင်းဆောင်၏ မျက်လုံးများက စိတ်ပျက်မှုများ ထွက်ပေါ်လာသည်။
"မင်းလို... ပိုးမွှားလေးတစ်ကောင်ကို ငါရှုံးခဲ့တာကို ငါမယုံနိုင်သေးဘူး။ အမှားတွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီး ငါ့ဘဝရဲ့အလုပ်က မင်းကြောင့် ပျက်စီးသွားပြီ... ကဲ မင်းဘာလိုချင်တာလဲ။ မင်းလုပ်ခဲ့တာတွေအတွက် ထပ်ပြီး ဂုဏ်ယူချင်တာလား၊ ငါဒီမှာ ရှိနေတယ်လေ - မင်းကိုယ်မင်း ပျော်အောင်နေပါ။ ငါ့ဘဝ၊ ဂျာမီနယ်အဖွဲ့အစည်းရဲ့ အဆုံးသတ်က မင်းရဲ့သမိုင်း၏ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မယ်။ မင်းက အောင်နိုင်သူမို့ မင်းရှုံးတဲ့သူကို နှိမ့်ချဖို့ စွမ်းအားရှိတယ်။"
“ငါပြောခဲ့တယ်၊ နဂါးငွေ့တန်းဟာ နားမလည်နိုင်လောက်အောင် ခက်ခဲနက်နဲတယ်။ ဒီကမ္ဘာဂြိုဟ်က ဖုန်မှုန့်လေးပဲဖြစ်ပြီး ဒီနေရာမှာ ဘာတွေဖြစ်နေလဲဆိုတာကို မည်သူမှ စဉ်းစားပေးနေမှာ မဟုတ်ဘူး။" ဟန်ရှောင်းခေါင်းခါလိုက်သည်။ သူ့ရန်သူ ကျဆုံးခြင်းကို ကြည့်နေသော်လည်း ဟန်ရှောင်းသည် တည်ငြိမ်ပြီး ဣန္ဒြေရနေသည်။ နောက်ဆုံးတွင် သူသည် လူကြီးလူကောင်းဖြစ်ဆဲပင်။ သူက ဖြည်းညှင်းစွာ ပြော၏ "မင်းဘ၀မှာ အများကြီးလုပ်ပြပြီးပြီ၊ မင်းရဲ့ခံစားချက်တွေကို ထုတ်ပြောဖို့အခွင့်အရေး မရသေးဘူးထင်တယ်"
"ငါ့ရဲ့ ကမ္ဘာမကြေရန်သူ မင်းကို ငါ့ကို ဝန်ခံချင်တာလား" ခေါင်းဆောင်၏ မျက်နှာသည် ပို၍ပင် ရုပ်ဆိုးသွားသည်။ သူက ကုလားထိုင်ပေါ် မှီပြီး ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်တယ်။ “အဲဒါက စိတ်ဝင်စားဖို့ကောင်းပုံရတယ်။”
ဟန်ရှောင်းက ပခုံးတွန့်ပြီး သူလိုချင်တာကို တိုက်ရိုက်ဖြတ်မေးလိုက်သည်။ "ကံကြမ္မာရဲ့ကလေးက ဘာဖြစ်နေတာလဲ"
ခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောပြီး ခဏအကြာတွင် ရပ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ “ကံကြမ္မာရဲ့ကလေးက သနားစရာကောင်းတဲ့လူကလွဲလို့ ဘာမှမဟုတ်ဘူး။ သူက အနာဂတ်ကို မြင်နိုင်ပြီး လူတွေ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ပေမယ့် သူ့ကိုယ်ပိုင်ဘဝနှင့် သေခြင်းကို မဆုံးဖြတ်နိုင်ဘူး။ သူက အခြားသူတွေ အသုံးပြုတာခံရဖို့ ကံပါလာပြီးသား။ မင်းမှာ အနာဂတ်ကို ခန့်မှန်းနိုင်စွမ်းလည်း ရှိတယ်၊ ဒါကြောင့် ကံကြမ္မာရဲ့ကလေး ရဲ့ ကံကြမ္မာက မင်းအတွက် ဖြစ်နိုင်တယ်။”
ဟန်ရှောင်းသည် ထိုပြောဆိုချက်ကို ပြင်ဆင်မနေတော့ပေ။ "ကိုယ့်အကြောင်းပြောပါ။ မင်း ဂေါလမ်ကဖြစ်ပုံရတယ်၊ ငါမှန်တယ်မလား"
ခေါင်းဆောင်၏ အမူအရာ ပြောင်းသွားပြီး “မင်း သိပြီးပြီလား…အဲဒါ မှန်ပါတယ်။ ငါက တစ်ချိန်က ဂေါလမ်နိုင်ငံသားတစ်ဦး။ အဲဒီတုန်းက ငါဟာ စိတ်အားထက်သန်မှု ပြင်းပြတဲ့ လူငယ်တစ်ယောက်။ မီမော့ဖြစ်ရပ်ပြီးတော့ သူပုန်အဖွဲ့အစည်းထဲ ဝင်ခဲ့တယ်။ ရုန်းရင်းဆန်ခတ်တွေဖြစ်တယ်၊ ကန့်ကွက်ဆန္ဒပြခဲ့တယ်။ ငါလိုချင်တာတစ်ခုက တိုင်းပြည်ကို ပုပ်ပွနေတဲ့အစိုးရလက်ကနေ ကယ်တင်ဖို့ပဲ။
“ဒါပေမယ့် ရုတ်တရက် စစ်ပွဲက စလာတယ်။ ရိုင်းလင်းက တိုင်းပြည်ကို ကျူးကျော်ပြီး ငါ့နိုင်ငံဟာ အတွင်းကပ်ပါးကောင်တွေနဲ့ ပြင်ပတိုက်ခိုက်မှုတွေအောက်မှာ အပိုင်းပိုင်းကွဲသွားတယ်…”
ခေါင်းဆောင်၏ အသံသည် ရုတ်တရက် ဒေါသသံပါလာသည်။ "မင်းကြားဖူးလား? လူတွေက ငါတို့ကို ကပ်ပါးကောင်လို့ခေါ်တယ်။ ငါဘာမှားခဲ့လဲ၊ ဆန္ဒပြတာ မှားလား။ မဟုတ်ဘူး! ငါတို့လိုချင်တာက တစ်ချိန်က ငါတို့ရခဲ့တဲ့ အခွင့်အရေးတွေကို ပြန်ယူပြီး ငါတို့နိုင်ငံကို ပိုကောင်းတဲ့ နေရာဖြစ်အောင် လုပ်ဖို့ပဲ။”
“ငါတို့ အောင်ပွဲရဖို့ နီးနေပြီ၊ အလင်းရောင်က ငါတို့ရှေ့မှာပဲ။ ဒါပေမယ့်လည်း စစ်ပွဲက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ ဂေါလမ်ကျဆုံးပြီး၊ ငါ့သူငယ်ချင်းအားလုံး သေဒဏ်ပေးခံရတယ်။ ငါတို့အားလုံးကို လူ့အဖွဲ့အစည်းထဲက ချို့ယွင်းချက်တစ်ခုလို မြင်ကြပြီး ငါတို့ကို ဖယ်ထုတ်လိုက်တာက အကောင်းဆုံးနည်းလမ်းပေါ့။ ဂေါလမ်ရဲ့ ကျန်နိုင်ငံသားတွေကို ကျွန်အဖြစ်ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်။ အနည်းငယ်ပဲ လွတ်မြောက်နိုင်ခဲ့ပြီး ငါကလည်း အဲဒီထဲက တစ်ယောက်ပါ။"
"ငါက ဒဏ္ဍာရီမဟုတ်ခဲ့ဘူး။ ငါဟာ ရိုင်းလင်းရဲ့ သော့ခတ်ထားတဲ့ ဂေါလမ်နယ်နိမိတ်ကို မတွေ့မချင်း လမ်းပျောက်သွားတဲ့ သာမန်ကလေးတစ်ယောက်ပါပဲ။ မီးလောင်နေတဲ့ ဂေါလမ်ရဲ့ အလံနဲ့ မြင့်တက်လာတဲ့ ရိုင်းလင်းရဲ့ အလံကိုမြင်တော့ ငါနိုးထလာပြီး ငါထမ်းဆောင်ရမယ့်တာဝန်ကို သဘောပေါက်သွားတယ်။
“ဂေါလမ်က မပြည့်စုံပါဘူး။ အမှောင်ထုနဲ့ အားနည်းချက်တွေရှိပေမယ့်… ဒါဟာ ငါ့နိုင်ငံဖြစ်နေတုန်းပဲ။ ငါလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက…
"ငါ့နိုင်ငံအတွက် လက်စားချေဖို့ပဲ!"
ခေါင်းဆောင်က အသက်ရှူသွင်းပြီး သူ့မျက်လုံးတွေက ဖန်သားပြင်ပေါ်မှ အဝေးရောက်သွားသည်။ သူ့စိတ်ထဲတွင် အမှတ်တရများ တဖြည်းဖြည်း ပေါ်လာသည်။
“ဒါပေမယ့် ခေတ်လှိုင်းလုံးကြီးမှာ ဘာမှမဟုတ်တဲ့ သာမန်လူငယ်တစ်ယောက်၊ သူ့ဘဝက ပိုးကောင်တစ်ကောင်လို ပျက်စီးလွယ်တယ်။ စစ်မြေပြင်ကိုဖြတ်သန်းဖို့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်နဲ့ ဒုက္ခသည်စခန်းတစ်ခုကနေ အခြားတစ်ခုကို ပြောင်းရွှေ့ခဲ့ရတယ်။ ခွေးတစ်ကောင်လို ဆက်ဆံခံရပြီး လေးစားမှုမရှိတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်။
“ဒါပေမယ့် ငါ့သွေးတွေက ပွက်ပွက်ဆူနေပြီး ငါဘယ်လိုအန္တရာယ်မျိုးကြုံရပါစေ ငါအသက်ဆက်ရှင်ရမယ်လို့ ကိုယ့်ကိုယ်ကိုပြောခဲ့တယ်။ ငါ့ခြေထောက်တွေ ရှေ့ကို ရွေ့လျားစေတဲ့ ငါ့ရဲ့နှလုံးကို ဆက်ပြီးခုန်စေတဲ့ အရာက အမုန်းတရားပဲ… နောက်ဆုံးတော့၊ စစ်မြေပြင်ကို ဖြတ်ကျော်ပြီးနောက်မှာ ခိုလှုံရာနေရာရှာဖို့ မရပ်ခဲ့ဘဲ တောထဲကို ဆက်သွားတယ်။
“စွမ်းအားမရှိရင် လက်စားချေလို့ မရဘူးဆိုတာ ငါသိတယ်။ ထို့ကြောင့် ငါက တောထဲမှာနေထိုင်ပြီး သားရဲတွေနဲ့ ရင်ဆိုတယ်။ ငါ့ကိုယ်ငါ မပျက်စီးနိုင်သော သံမဏိအဖြစ် ပြောင်းလဲခဲ့တယ်။"
ထိုအချိန်တွင် ခေါင်းဆောင်က သူ့မျက်နှာနှင့် လက်ပေါ်ရှိ အမာရွတ်များကို ညွှန်ပြသည်။ “အမာရွတ် တစ်ရာ့ခုနစ်ဆယ့်ခြောက် ဟာ ငါ့စွမ်းအားအတွက် ငါပေးခဲ့ရတဲ့ စျေးပဲ”
ဟန်ရှောင်းမျက်ခုံးပင့်လိုက်သည်။ "ဒါဆို မင်းတကယ်သာမန်လူသားပဲလား"
"ဘာလို့ သာမန်လူမဖြစ်နိုင်ရတာလဲ" ခေါင်းဆောင်က ပြန်မေးတယ်။
အတန်ကြာစဉ်းစားပြီးနောက် ဟန်ရှောင်းက ခေါင်းညိတ်ကာ ခေါင်းဆောင်သည် သူ့ဇာတ်လမ်းကို ဆက်ပြောနိုင်ကြောင်း အချက်ပြလိုက်သည်။
ထို့နောက် ခေါင်းဆောင်က “တောထဲမှာပဲ ဆက်တွေးပြီး စစ်မြေပြင်ကို ပြန်သွားတဲ့အခါ မီမော့အဖွဲ့ ရှိနေသေးတယ်လို့ ကြားတယ်။ ဖြစ်ချင်တော့၊ ကမ္ဘာကို အထိတ်တလန့်အောင် ဖန်တီးထားတဲ့ ကိရိယာက ဂေါလမ်ရဲ့ အသန့်စင်ဆုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော အရာဖြစ်နေတယ်။ အဲဒါနဲ့ စိတ်ထဲ အကြံတစ်ခုပေါ်လာတယ်၊ မီမော့ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ပြီး ဂျာမီနယ်အဖွဲ့အစည်းလို့ ပြောင်းလိုက်တယ်။ အဖွဲ့အစည်းကို ဝှက်ထားပြီး ဖြည်းဖြည်းချင်း ဖွံ့ဖြိုးအောင် လုပ်ခဲ့တယ်။ ငါလည်း အဲဒီအချိန်ကစပြီး မျက်နှာဖုံး ၀တ်ထားတာပဲ။
“စစ်ပွဲက အခွင့်အလမ်းတွေ အများကြီး ဖန်တီးတယ်။ မရေမတွက်နိုင်သောလူများ နေအိမ်ဆုံးရှုံးခဲ့ပြီး နေစရာနေရာမရှိတော့ဘူး။ အဲ့နောက် ငါ ဂျာမီနယ်အဖွဲ့အစည်းရဲ့ အမြင်ကို ဆုံးဖြတ်ပြီး သူတို့ကို ကမ္ဘာသစ်တစ်ခု ဖန်တီးနိုင်မည်ဟု မျှော်လင့်ချက်ပေးထားတယ်။ အယူဝါဒကို ပံ့ပိုးပေးတဲ့ သူတွေကြားမှာ စိတ်ကူးစိတ်သန်း/ အမြော်အမြင်က ရှင်သန်လာတယ်။ ငါက ပြန်သွားစရာနိုင်ငံမရှိတဲ့ ဒုက္ခသည်တွေကို အသုံးပြုခဲ့တာမဟုတ်ဘူး၊ သို့သော် သူတို့ရဲ့ စိတ်ဆန္ဒအရ အသက်ပေးလှူသူတွေပဲ ဖြစ်တယ်။ အဲဒါက အမုန်းတရားပဲ၊ အသက်ကိုစတေးပြီးနောက် သူတို့ရဲ့ ပန်းတိုင်ကို ရောက်နိုင်သရွေ့ ဘာမှဂရုမစိုက်ကြတော့ဘူး။
“ငါ့ရဲ့ဆန္ဒက အများသူငှာရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့အတွက် အကူအညီတွေ အများကြီး ရခဲ့တယ်။ စစ်ပွဲအပြီးမှာ ပျိုးထောင်ထားတဲ့ ဂျာမီနယ်အဖွဲ့အစည်းက မျိုးစေ့ကနေ အပင်ကြီးတစ်ပင်လို အလျင်အမြန် ကြီးထွားလာတယ်။
ခေါင်းဆောင်၏ အသံသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ ခေါင်းဆောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အိပ်မက်ကို တခြားလူက ဖျက်ဆီးပစ်လိုက်ပြီး ဒေါသကလွဲလို့ သူ့ခံစားချက်တွေ ရှုပ်ထွေးသွားသည်။
“ပြီးတော့… မင်းပေါ်လာတယ်။
“မင်းက…အဲဒီသစ်ပင်ကြီးကို ခုတ်ချလိုက်တယ်။”