အခန်း (၆၃၁)
Vol. 43 Ch. 631
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ဆဋ္ဌမအလွှာတွင်ဖြစ်သည်။
ဤနေရာတွင် အကန့်သတ်မဲ့ပြန့်ကား
နေသော ကောင်းကင်ပြင်ကြီးရှိနေ၏။
ဤအချိန်တွင် ရှစ်ဖုန့်က ကျယ်ပြောလှသော ကောင်းကင်ပြင်ထဲ၌လွင့်မျောရပ်တည်နေသည်။ အားကောင်းသော လေပြင်းများက တဟူးဟူးတိုက်ခတ်နေပြီး သူ၏ ဆံပင်ရှည်တို့က လေနှင့်အတူကခုန်နေသည်။
ရှစ်ဖုန့်၏ရှေ့တွင် လေထဲ၌သွေးနီရောင်ချပ်ဝတ်အားဝတ်ဆင်ထားသော ပုံရိပ်တစ်ခုကလွင့်မျောနေသည်။ ဤလူ၏အသွင်အပြင်နှင့် အရှိန်အဝါတို့က ရှစ်ဖုန့် နှင့်တစ်ထေရာတည်းတူညီပြီး အမြွှာများကဲ့သို့ပင်ဖြစ်သည်။
ရှစ်ဖုန့်အတု ကရှစ်ဖုန့်အားကြည့်၍ သရော်ပြုံးပြုံးလိုက်သည်။
“ငါကမင်းပဲ. မင်းကမင်းကိုယ်မင်းတိုက်ခိုက်ရမယ်”
“တိုက်”
ရှစ်ဖုန့်က အချိန်ဖြုန်းနေခြင်းမရှိပေ။ သူကအေးစက်စွာအော်ပြောလိုက်ပြီး သူ၏ ပြိုက်ဘက်ထံသို့ ပြင်းထန်သောလက်သီးတစ်လုံးအား
ပစ်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏
ပြိုင်ဘက်ရှစ်ဖုန့်က လည်း ရှိသမျှအားအကုန်သုံး၍
လက်သီးတစ်လုံးကိုပစ်သွင်းလိုက်၏။
“ဘန်း”
ပြင်းထန်သောလက်သီးနှစ်ခုက ရုတ်ခြည်းအတူတကွ ပစ်ဆောင့်သွားသည်။ ကောင်းကင်ထဲတွင် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့သောမြည်ဟိန်းသံက ရိုက်ခတ်ထွက်ပေါ်လာသည်။ လက်သီးနှစ်ခုပစ်ဆောင့်သွားသောနေရာ၌ ဟင်းလင်းပြင်အတွင်း စွမ်းအင်အတက်အကျလှိုင်းများအား
ထုတ်လွှတ်ပြီးနောက် ထိုစွမ်းအင်အတက်အကျလှိုင်းများက ဦးတည်ချက်ပေါင်းစုံသို့ စတင်ပျံ့နှံ့လာသည်။
ထို့နောက်ချက်ချင်း ထပ်တူညီသော ပုံရိပ်နှစ်ခုက ဟင်းလင်းပြင်ထဲ၌တစ်ဟုန်ထိုးပျံသန်းလာကြသည်။ အစောပိုင်းက လက်သီးချင်းဖလှယ်မှုတွင် သူတို့နှစ်ဦး၏တိုက်ခိုက်မှုက တကယ်ကိုသရေကျခဲ့သည်ဖြစ်သည်။
နောက်သို့လွင့်ပျံသွားသော ရှစ်ဖုန့်က ရုတ်တရက်လေထဲ၌တန့်သွားသည်။ သူကမျက်မှောင်ကြုတ်လိုက်ပြီး သူနှင့်တစ်ထေရာတည်းတူညီသောပုံရိပ်အားစိုက်ကြည့်နေသည်။ ထိုလူက သူနှင့်တစ်ထေရာတည်းတူညီရုံသာမက သူ၏ကိုယ်မှထုတ်လွှတ်သောစွမ်းအားတို့ကပင် တစ်ထေရာတည်းတူညီနေသည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်အတုကလည်းကောင်းကင်ထဲ၌ ရပ်တန့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး ရှစ်ဖုန့်ထံသို့ မကောင်းသည့်အသွင်ဖြင့်အပြုံး
တစ်ခုအားပြုံးပြလိုက်သည်။
ထို့နောက် ရှစ်ဖုန့်၏ ညာလက်၌သွေးနီရောင်အလင်းတစ်ခုတောက်ပလာပြီး သွေးသောက်ဓားက သူ၏လက်ထဲ၌ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ထဲ၌ ယုတ်မသောအပြုံးဖြင့်ရပ်နေသည့် ရှစ်ဖုန့် အတု၏လည်း သွေးနီရောင်အလင်းတစ်ခုလင်းလက်လာကာ သွေးသောက်ဓားနှင့်တစ်ထေရာတည်း
တူညီသည့် သွေးနီရောင်ဓားရှည်တစ်ခုပေါ်လာသည်။
ထိုလူဝတ်ထားသည့် သွေးနီရောင်ချပ်ဝတ်၏အဆင့်က သူကဲသို့တစ်ထေရာတည်းတူညီသည်ကို ရှစ်ဖုန့်သတိပြုမိပြီးဖြစ်သော်လည်း အစောပိုင်းကပေါ်လာသောသွေးသောက်ဓားပင် တစ်ထေရာတည်းတူညီမှုရှိနေသည်ဖြစ်သည်။
ယင်းမှာ လုံးဝကို သူနှင့်ထပ်တူကျနေခြင်းဖြစ်ပြီး ယခု သူကသူ့ကိုယ်သူနှင့်ပြန်တိုက်ခိုက်
နေရခြင်းပင်ဖြစ်သည်။
“ဟမ့်..မင်းကြောက်လို့လား”
ရှစ်ဖုန့်အတုက ရှစ်ဖုန့်အားယုတ်မာသောအပြုံးဖြင့်မေးကာ
ပြောလိုက်သည်။
“ဒီသခင်လေးကကြောက်စရာလား”
ရှစ်ဖုန့်ကပြန်ပြောလိုက်သည်။ ထို့နောက် ရှစ်ဖုန့်အတုထံသို့ ရွှတ်ခနဲဝင်ရောက်သွား၏။
“ဟားဟား.. “
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်အတုကရယ်မောပြီး ပြောလိုက်သည်။
“ငါကမင်းပဲ. ငါမင်းကို ကောင်းကောင်းသိတယ်.. မင်းကဘာလို့ကြောက်မှာလဲ.. ဟားဟား. မင်းကမကြောက်မှတော့ ဒီသခင်လေးက မင်းကို ကြောက်တဲ့အထိရိုက်နှက်ပေးရတာပေါ့.. တိုက်စမ်း”
ရှစ်ဖုန့်အတုက အေးစက်စွာအော်ပြောလိုက်သည်။ ထို့နောက် ရှစ်ဖုန့်အစစ်ကဲ့သို့ ရှေ့သို့ အပြင်းဦးတည်လာ၏။ဩ
“ငရဲဘုံခုတ်ပိုင်းချက်”
ရှစ်ဖုန့်က သူ၏သွေးသောက်ဓားအားလေထဲသို့ ခပ်မြင့်မြင့်မြှောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ထဲ၌ဧရာမအဖြူ
ရောင်ဓားချီတစ်ခုပေါ်လာသည်။
“ငရဲဘုံခုတ်ပိုင်းချက်”
ဤအချိန်တွင် ရှစ်ဖုန့်အတုကလည်း ကြုံးဝါးလိုက်ပြီးသူ့လက်ထဲရှိသွေးသောက်ဓားအားမြှောက်လိုက်သည်။ဟင်းလင်းပြင်ထဲတွင် ဧရာမအဖြူရောင်ဓားချီတစ်ခုပေါ်လာသည်။
ထို့နောက်ဓားချီနှစ်ခုက အပြင်းအထန်ပစ်ဆောင့်မိကြသည်။ နောက်တစ်ကြိမ်ထပ်မံ၍ ဟင်းလင်းပြင်ထဲ၌ ပြင်းထန်သောပေါက်ကွဲမှု
တစ်ခုဖြစ်ပေါ်လာသည်။
ပစ်ဆောင့်ပြီးနောက် စွမ်းအားကြီးဓားချီနှစ်ခုက ပြင်းထန်သော စွမ်းအင်များအဖြစ်ပြောင်းသွားပြီး ဟင်းလင်းပြင်အတွင်းဦးတည်ချက်ပေါင်းစုံသို့ ဖရိုဖရဲပျံ့နှံ့သွားသည်။
အပူလှိုင်းများက ရှစ်ဖုန့်နှစ်ယောက်တို့၏ဆံပင်များအား တစ်ဖျပ်ဖျပ်လူးလွန့်စေသည်။သွေးနီရောင်ချပ်ဝတ်၏နောက်ရှိ သွေးနီရောင်ဝတ်ရုံကလည်း အပူလှိုင်းများက တဖျပ်ဖျပ်လူးလွန့်နေ၏။
ဤအချိန်တွင် နှစ်ယောက်သား ဟင်းလင်းပြင်ထဲ၌ ပြိုင်တူရပ်တန့်လိုက်ကြသည်။ ရှစ်ဖုန့်က ရှစ်ဖုန့်အတု၏ရှေ့တွင်ရပ်နေသည်။ ထို့နောက် သူ၏ဘယ်လက်ဖြင့် ဓားလက်ချောင်းအားပြုလုပ်လိုက်ပြီး ရှေ့သို့ထိုးညွှန်လိုက်သည်။အဖြူရောင်ဓားချီက
ရှစ်ဖုန့်၏လက်ချောင်းထိပ်မှထွက်သွား၏။
တစ်ချိန်တည်းမှာပင် အခြားရှစ်ဖုန့်ကလည်း သူ၏ဘယ်လက်အားဓားလက်ချောင်း
အသွင်ဖန်တီးလိုက်ပြီး အဖြူရောင်ဓားချီတစ်ခုကသူ၏
လက်ချောင်းထိပ်မှထွက်လာသည်။ဓားချီတန်းနှစ်ခုကထပ်မံပစ်ဆောင့်သွားပြန်သည်။ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြန်၏။
သူတို့နှစ်ဦးကြားရှိစွမ်းအင်များပျောက်ပြယ်သွားပြီးနောက် ရှစ်ဖုန့်အတုက သွားပေါ်အောင်ရှစ်ဖုန့်အားရယ်ပြ၍ပြောလိုက်သည်။
“ဟားဟား..မင်းရှာတွေ့သွားပြီလား”
ရှစ်ဖုန့်အတုကသူ၏လက်နက်များကိုပါထပ်တူကျအောင်ကူးယူနိုင်သည်သာမက သူ၏သိုင်းပညာရပ်များကိုပါသင်
ယူနိုင်စွမ်းရှိသည်ကို ရှစ်ဖုန့်တကယ်ရှာတွေ့ခဲ့သည်။ သူသိုင်းပညာရပ်တစ်ခုအားသုံးလိုက်သည့်အချိန်တိုင်းတွင် ရှစ်ဖုန့်အတု၌ ၎င်းအားသင်ယူ နိုင်စွမ်းရှိနေလိမ့်မည်ဖြစ်သည်။
ထိုထက်ပိုသည်ကားရှစ်ဖုန့်အတု၏
ကိုယ်အတွင်း၌ရှိနေသောစွမ်းအင်က အကန့်အသတ်မဲ့ပြီး ကုန်ဆုံးခြင်းရှိပုံမရသည်ကိုလည်း ရှစ်ဖုန့်ရှာတွေ့ခဲ့သည်။ သိုင်းပညာတစ်ခုအားအသုံးပြုလိုက်ပြီးနောက်ကုန်ဆုံးသွားသည့် စွမ်းအင်တို့က လျှင်မြန်စွာပြန်လည်ပြည့်တင်လာပြီး အားအင်ကုန်ခမ်းခြင်းမရှိသကဲ့သို့ပင်ဖြစ်သည်။
“ဒါက..ဘယ်လိုချိုးဖျက်မှရနိုင်မှာလဲ”
ရှစ်ဖုန့်၏မျက်မှောင်က ဖြည်းဖြည်းချင်းကြုံ့လာသည်။
သိုင်းပညာတစ်ခုအားသူအသုံးပြုလိုက်သည့်
အချိန်တိုင်းတွင် ရှစ်ဖုန့်အတုက ၎င်းအားသင်ယူနိုင်ပြီးချိုးဖျက်
နိုင်သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား သူက သိုင်းပညာရပ်တစ်ခုအားသုံးတိုင်းတွင်သူ၏ စွမ်းအင်များကုန်ဆုံးလိမ့်မည်ဖြစ်သော်လည်း ရှစ်ဖုန့်အတု၌တော့ အကန့်သတ်မဲ့စွမ်းအင်ထောက်ပံ့မှုတို့ရှိနေသည်။ အကယ်၍ ဤသို့သာဆက်သွားနေလျှင် မကြာခင်သို့မဟုတ်နောက်ပိုင်း၌ သေခြင်းတရားနှင့်သူမိတ်ဆက်ရ
လိမ့်မည်ဖြစ်သည်။
“ဟားဟား.. တိုက်ခိုက်မှုအသစ်တစ်ခုကို မင်းမထုတ်သုံးတော့ဘူးလား”
ရှစ်ဖုန့်အတုက ရှစ်ဖုန့်အား သရော်၍ပြောလိုက်သည်။
ထို့နောက် ရှစ်ဖုန့်အတု၏သရော်သံက ပို၍ အေးစက်လာသည်။ သူ၏ကြွက်တစ်ကောင်အားကြောင်တစ်ကောင်ကကြည့်နေသကဲ့သို့ လှောင်ပြောင်သောအမူအယာကိုပင်ပြသလာ၏။ သူကပြောလိုက်သည်။
“ဒီလိုဆိုရင်လည်း ဒီသခင်လေး မင်းကိုသတ်တော့မယ်”
“ငရဲဘုံခုတ်ပိုင်းချက်”
ရှစ်ဖုန့်အတုကအေးစက်စွာအော်ပြောလိုက်ပြီး သူ့လက်ထဲရှိသွေးသောက်ဓားအား မြှောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် အဖြူရောင်ဓားချီက ကောင်းကင်ထဲ၌ထပ်မံပေါ်လာသည်။ရှစ်ဖုန့်အတု၏လှုပ်ရှားမှုနောက်သို့လိုက်ပါ၍၎င်း
ကရှစ်ဖုန့်ထံသို့ ရုတ်တရက် ကျဆင်းလာသည်။
“ငါဒါကိုဘယ်လိုချိုးဖျက်ရမလဲ. ငါဒါကိုဘယ်လိုချိုးဖျက်ရမလဲ..
ကောင်းကင်ထဲမှာသူစွမ်းအင်ကုန်ဆုံးရင်တောင် ထောက်ပံ့ပေးထားတဲ့ အကန့်အသတ်မဲ့စွမ်းအင်ကရှိနေတယ်..အဲ့တာထက် .. တိုက်ခိုက်မှုတိုင်းက ငါ့နဲ့တစ်ထေရာတည်းပဲ..ဒီလိုသာဆက်သွားရင် . ငါ့ရဲ့စွမ်းအင်က မကြာခင်ဒါမှမဟုတ်နောက်ပိုင်းမှာ ကုန်ခမ်းလာပြီး သူသတ်တာကိုခံရလိမ့်မယ်”
သို့သော်ဤအချိန်တွင် ရှစ်ဖုန့်အနေဖြင့် စဉ်းစားနေရန်အချိန်မရှိပေ။ ကောင်းကင်ထဲရှိငရဲဘုံခုတ်ပိုင်းချက်အားကြည့်၍ ရှစ်ဖုန့်က အသံတိုးတိုးဖြင့်အော်ပြောလိုက်သည်။
“ငရဲဘုံခုတ်ပိုင်းချက်”
ထို့နောက် ဧရာမအဖြူရောင်ဓားချီကြီးတစ်ခုက ပေါ်လာပြီး ရှစ်ဖုန့်အတုအားခုတ်ပိုင်းချလိုက်သည်။
ရှစ်ဖုန့်အတုက သူ၏ သိုင်းပညာများအား သင်ယူနိုင်ပြီးဓားပညာရပ်များကိုလည်းအသုံးပြုနိုင်နေသည်ကိုသဘောပေါက်ပြီးနောက် ရှစ်ဖုန့်အနေဖြင့် ၎င်းသင်ယူနိုင်ရန် အခြားသောသိုင်းပညာရပ်များအားအသုံး မပြု ချင်တော့ပေ။
သို့သော်ဤသို့ဆိုလျှင် တောင် ယင်းရေရှည်ဖြေရှင်းချက်တစ်ခုမဟုတ်ပေ။ရှစ်ဖုန့်အတုက သူ့အား သေချာပေါက်တစ်လှိုင်းပြီးတစ်လှိုင်း တိုက်ခိုက်မည်ဖြစ်ပြီးသူက လည်းရွေးချယ်ပိုင်ခွင့်မရှိဘဲခုခံနေရ
မည်ဖြစ်သည်။ သူခုခံလျှင် သူ၏ကိုယ်ကသေချာပေါက်စွမ်းအင်ကုန်ခမ်း
မည်ဖြစ်သည်။
ဧရာမဓားချီနှစ်ခု ပစ်ဆောင့်သွားပြီးနောက် စွမ်းအင်တို့ကလျှင်မြန်စွာပျောက်ကွယ်သွား
သည်။တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်အတုက ရှစ်ဖုန့်အားကြည့်၍ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“ဟားဟား..ဟားဟားဟား. မင်းကူကယ်ရာမဲ့နေတယ်လို့မခံစားရဘူးလား.. မင်းဒီသခင်လေးကို သတ်ချင်ပေမဲ့ ဘယ်လိုသတ်ရမလဲမသိဘူးမလား. ဟားဟားဟား..ဒီနေ့တော့မင်း ကိုယ့်စွမ်းအားနဲ့ကိုယ်သေရမှာပဲ..”
“ငရဲဘုံခုတ်ပိုင်းချက်”
ထို့နောက်တွင် ရှစ်ဖုန့်အတုကသွေးသောက်ဓားအား ထပ်မြှောက်လိုက်ပြီး သိပ်မဝေးသောနေရာ၌ရှိနေသည့် ရှစ်ဖုန့်ထံသို့ထပ်မံခုတ်ပိုင်းချလိုက်သည်။