အခန်း (၆၃၂)
Vol. 43 Ch. 632
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ အပြင်ဘက် မြေအောက်နန်းတော်၌ဖြစ်သည်။
ဤအချိန်တွင် လန်မိသားစု ဝင်ဆယ့်နှစ်ယောက်တို့က ခရမ်းရောင်အလင်းတစ်ခုလင်းလက်
တောက်ပနေသည့် ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ခြောက်လွှာမြောက်အား အာရုံစူးစိုက်ကြည့်နေကြသည်။
ဤပုဂ္ဂိုလ်က သူတို့လန်မိသားစု၏ဘိုးဘေး ထိုအချိန်ကဖန်တီးခဲ့သောဒဏ္ဍာရီအား ဖန်တီးနိုင်ခဲ့ပါက ကောင်းကင်ဘုံသိုင်းမျှော်စင်၏ခုနှစ်လွှာမြောက်၌ အလင်းလင်းလက်လာနိုင်သည်ဖြစ်သည်။
ဤအချိန်တွင် ဧကရာဇ်မင်းလန်ယွမ်က လှည့်လိုက်ပြီး သူ၏လက်သီးတို့အားတိုင်လုံးများထက်၌ ရှိသော ဘိုးဘေးတို့ထံလေးစားစွာဆုပ်ပြလိုက်သည်။ သူ၏အကြည့်ကနောက်ဆုံး၌ အလယ်ရှိ ရွှေရောင်နဂါးတိုင်လုံးအထက်၌ရှိနေသာ ဘိုးဘေးပေါ်သို့ ကျရောက်သွားသည်။
“ဘိုးဘေး. ဘိုးဘေးက ခြောက်လွှာမြောက်ကို ရောက်ခဲ့တဲ့တစ်ဦးတည်းသောသူဖြစ်တာမို့ .. အဲ့ ခြောက်လွှာမြောက်မှာ ဘာများရှိနေပါသလဲ.. ဘာလို့ဘိုးဘေးတောင်မှအဲ့အချိန်တုံးက မချိုးဖျက်နိုင်ခဲ့ရတာလဲ”
လန်ယွမ်၏စကားဆုံးသည်နှင့် အခြားသော အဘိုးကြီးများကလည်း သူ၏တို့၏ခေါင်းများလှည့်၍ မျက်နှာများထက်၌ သိချင်မှုများဖြစ်ပေါ်နေသည်။ သူတို့ကအလယ်ရှိအဘိုးအားမေးလိုက်သည်။
“ဟုတ်တယ်..ဟုတ်တယ်…အဲ့အချိန်တုံး
ကဦးလေးတောင်မချိုးဖျက်နိုင်ခဲ့တဲ့ခြောက်လွှာမှာ ဘာရှိနေလဲဆိုတာကို ကျုပ်သိချင်နေခဲ့တာကြာပြီ”
“ကျုပ်လည်းသိချင်တယ်”
“ကျုပ်ရောပဲ”
ထို့နောက် အဘိုးကြီးများကတစ်ယောက်ပြီး
တစ်ယောက်ပြောကြသည်။ အားလုံး ၏အကြည့်များက မျက်နှာထက်၌အရေးအကြောင်းများစွာ
ရှိနေသာ အဘိုးအိုပေါ်သို့ကျရောက်နေသည်။
“ကိုယ်ကိုယ်တိုင်ပဲ”
အဘိုးအိုက သူ၏ပါးစပ်ကိုဖွင့်ဟ၍ ပြောလိုက်သည်။
“ကိုယ်ကိုယ်တိုင်”
“ကိုယ်ကိုယ်တိုင်”
“ကိုယ်ကိုယ်တိုင်ဟုတ်လား”
အဘိုးအို၏စကားများအားကြားပြီးနောက် သူတို့၏မျက်နှာများထက်၌ ပို၍ ရှုပ်ထွေးမှုများဖြစ်ပေါ်လာသည်။
“ငရဲဘုံခုတ်ပိုင်းချက်”
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ခြောက်လွှာမြောက် ကျယ်ပြောလှသောဟင်းလင်းပြင်ထဲ၌ ရှစ်ဖုန့်အတုကသူသင်ယူထားသော အားကောင်းသည့်သိုင်းပညာရပ်ငရဲဘုံခုတ်
ပိုင်းချက်အားထုတ်ဖော်၍ ရှစ်ဖုန့်ကို မရေတွက်နိုင်အောင်တိုင်ခိုက်ပြီးဖြစ်သည်။
အခြားတစ်ဖက်တွင် ရှစ်ဖုန့်မှာသူ၏ဤဓားပညာရပ်အားအသုံးပြု၍ အကြိမ်မည်မျှ တန်ပြန်တိုက်ခိုက်ခဲ့ရသည်ကိုပင်
မရေတွက်နိုင်ဖြစ်နေသည်။
“ငရဲဘုံခုတ်ပိုင်းချက်”
“ငရဲဘုံခုတ်ပိုင်းချက်”
သူတို့၏ထက်ကောင်းကင်ထဲတွင် အဖြူရောင်ဓားချီတန်းများက ရုတ်ခြည်းပစ်ဆောင့်ကြ၏။
“ဝုန်း”
နောက်တစ်ကြိမ် မိုးခြိမ်းသံကဲ့သို့ပေါက်ကွဲသံများ
ထွက်ပေါ်လာသည်။ပြင်းထန်သောစွမ်းအင်များကလည်း ထပ်မံဖရိုဖရဲဖြစ်လာသည်။၎င်းတို့က တကယ့်ရှစ်ဖုန့်ရောရှစ်ဖုန့်အတုကိုပါဝါးမျိုသွားသည်။
ပြင်းထန်သောစွမ်းအင်များအလည်တွင် ရှစ်ဖုန့်အတုက ရှစ်ဖုန့်အား လှောင်ပြောင်စွာကြည့်၍ ပြောလိုက်သည်။
“ဟားဟား..မင်းအစွမ်းမဲ့နေသလိုခံစားရလား…ဟားဟားဟား”
“ဒါပေမဲ့ မင်းကတားဆီးတဲ့နေရာမှာလည်း
အရမ်းတော်နေမယ်လို့ မမျှော်လင့်ထားမိဘူး.. ဒါပေမဲ့ .ဒီသခင်လေးမင်းဘယ်လောက်
ကြာကြာခံမလဲကြည့်ချင်သေးတယ်..ငရဲဘုံခုတ်ပိုင်းချက်”
ယင်းမှာတူညီသောတိုက်ခိုက်မှုဖြစ်သည့် ငရဲဘုံခုတ်ပိုင်းချက်ပင်ဖြစ်သည်။
“လီးပဲလေ”
ရှစ်ဖုန့်က ဝမ်းဗိုက်အတွင်း စွမ်းအင်အဆီအနှစ်ဆေးတစ်လုံးအားဝါး
မျိုလိုက်သည်။ သို့သော် ရှစ်ဖုန့်၏ သိုလှောင်လက်စွပ်အတွင်း၌ မူလချီဆေးလုံးထောင်ပေါင်းများစွာရှိနေလျှင်ပင်ယင်းကအသုံးမဝင်ပေ။ဤသို့သာဆက်သွားနေလျှင် မကြာခင်သို့မဟုတ်နောက်ပိုင်း၌ ၎င်းတို့ကုန်သွားလိမ့်မည်ဖြစ်သည်။
ဤအချိန်တွင်ရှစ်ဖုန့်ဒေါသထွက်သည်ထက်ထွက်လာသည်။ ခုဏကထိုခွေးသူတောင်းစားက သူ့အား စွမ်းအားမဲ့သလိုခံစားရသည်ဟုပြောခဲ့သည်။ ယခုအချိန်ထိတိုင် ရှစ်ဖုန့်အနေဖြင့် မျက်ကန်းတစ္ဆေခုခံနေခဲ့ရသည်ဖြစ်၏။
ရှစ်ဖုန့်အနေဖြင့်ပိုအားကောင်းသော သိုင်းပညာရပ်ကိုလည်းအသုံးမပြုလိုပေ။ အကယ်၍ ဤသူတောင်းစာက ပို၍ အားကောင်းသောသိုင်းပညာရပ်ကိုသာသင်ယူခဲ့လျှင်တောင် သူ့၌ကုန်ဆုံးသွားသောစွမ်းအင်များကို
လျှင်မြန်စွာပြန်ဖြည့်နိုင်သည်ဖြစ်သည်။ သို့သော် သူကတော့ ဤအားကောင်းသောသိုင်းပညာရပ်က်ကိုသာအသုံးပြုလိုက်ပါက ၎င်းအားတားဆီးရန်အတွက် စွမ်းအင်များကိုပိုသုံးရလိမ့်မည်ဖြစ်၏။
“ဝုန်း”
ကောင်းကင်ထဲ၌နောက်ထပ်မြည်ဟိန်းသံတစ်ခုထွက်လာသည်။ ပြင်းထန်သောစွမ်းအင်များကနောက်ထပ်ဖရိုဖရဲဖြစ်လာ၏။
“ငါဒါကိုလုပ်လို့ရလောက်တယ်.
တိုက်ကြတာပေါ့”
ထို့နောက်ရှစ်ဖုန့်စတင်စဉ်းစားလိုက်သည်။
ဤအချိန်တွင်ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု”
ထို့နောက် ရှစ်ဖုန့်ကသူ၏လက်တို့ဖြင့်ဆီးလ်အား
ပုံဖော်လိုက်သည်။ သူ၏မျက်လုံးများကသူ့ရှေ့ရှိသူနှင့်တစ်ထေရာတည်းတူသောသူပေါ်သို့ကျရောက်နေသည်။
ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုကစွမ်းအားကြီးသော်လည်း ၎င်း၌ချို့ယွင်းချက်တစ်ခုရှိသည်ဖြစ်သည်။ ယင်း က ၎င်းအား အသက်သွင်းရန်အတွက် အချိန်အချို့လိုအပ်ခြင်းပင်ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးက ဤအရာအားသတိပြုမိသည်နှင့် ဤကြားကာလအတွင်း ၎င်းအား အခွင့်အရေးယူပြီး ပြိုင်ဘက်အားသတ်၍ ရနိုင်သည်ဖြစ်သည်။
ရှစ်ဖုန့်၏လက်တို့က ဆီးလ်သင်္ကေတများအဆက်မပြတ်
ပြောင်းလဲနေပြီး အဖြူရောင်ပုံရိပ်များကတစ်ခုပြီးတစ်ခု ကျန်ရစ်ခဲ့သည်။သို့သော်ဤအချိန်တိုလေး
အတွင်း ရှစ်ဖုန့်က အခြားသော ရှစ်ဖုန့်အတုအပေါ်၌ အာရုံစူးစိုက်ထားသ်ည။
အကယ်၍ ၎င်းကသာ ရုတ်ခြည်းတိုက်ခိုက်လာလျှင် သူ့အနေဖြင့်သူ၏ ဆီးလ်များအားချက်ချင်းရုတ်သိမ်း
ရလိမ့်မည််ဖြစ်သည်။
သို့သော် ရှစ်ဖုန့်အတုနှင့်အချိန်အတော်ကြာ
တိုက်ခိုက်လာပြီးသည့်နောက်၌ ရှစ်ဖုန့်အနေဖြင့် ၎င်းအပေါ်တွင်နားလည်မှုအချို့ရှိလာသည်။ ၎င်းသင်ယူခဲ့သည့်အားအကောင်းဆုံးတိုက်ခိုက်မှုက ငရဲဘုံခုတ်ပိုင်းချက်ဖြစ်သည်။ အကယ်၍၎င်းကသာ သူ့အားငရဲဘုံခုတ်ပိုင်းချက်ဖြင့် တိုက်ခိုက်လာလျှင် သူ့အနေဖြင့် ၎င်းအား ကိုင်တွယ်နိုင်စွမ်းရှိသည်ဖြစ်၏။
သို့သော် ရှစ်ဖုန့်မျှော်လင့်ထားသကဲ့သို့ပင် သူ ဆီးလ်များအားပုံဖော်နေချိန်တွင် ရှစ်ဖုန့်အတုက စူးစမ်းလိုသောအမူအယာကိုပြသပြီးချက်ချင်းပဲ ဆီးလမ်များအားစိုက်ကြည့်နေသည်။ ရှစ်ဖုန့်အတုကသူ ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုအား အသုံးပြုသည့်အခိုက်အတန့်တွင် ဤစွမ်းအားကြီးသိုင်းပညာရပ်အား သင်ယူနေသည်ကို ရှစ်ဖုန့်ကောင်းစွာသိသည်ဖြစ်သည်။
ကောင်းကင်ထက်၌ တောင်ငယ်လေးတစ်လုံးစာအရွယ်အစားရှိသော အဖြူရောင်စတုရန်းကြီးတစ်ခုပေါ်လာသည်။
ရှစ်ဖုန့်၏ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုပေါ်လာပြီးနောက် အခြား သော ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုကလည်း ကောင်းကင်ထဲ၌ပေါ်လာသည်။ ယင်းက ရှစ်ဖုန့်ထိုအချိန်က သင်ယူကာထုတ်ဖော်ခဲ့သော ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခုဖြစ်သည်။
ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုပေါ်ပေါ်လာခြင်း ရှစ်ဖုန့်အတုက ပို၍ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“ဟားဟား. ကောင်းလိုက်တာ.. ဒါကကောင်းလိုက်တာ.. စွမ်းအားကြီးလိုက်တဲ့စွမ်းအင်.. ဒီတိုက်ခိုက်မှုကိုထုတ်ဖော်ဖို့စွမ်းအင်တော်တော်များများကုန်ဆုံးရတာကိုငါခံစားနိုင်တယ်”
“ဒီသခင်လေး က အချိန်တိုအတွင်းပြန်ပြည့်တင်းနိုင်ပေမဲ့ မင်းကတော့အရူးပဲ..မင်းရဲ့စွမ်းအင်က
ကုန်ခမ်းပြီးဆေးလုံးတွေတောင်မှမင်းကို အချိန်မှီပြန်ဖြည့်တင်းပေးနိုင်မှာမဟုတ်ဘူး.. မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ..
မင်း က ကြိုးတန်းအဆုံးကိုရောက်နေပီလို့
မထင်ဘူးလား. ဒီသခင်လေးလက်ထဲမှာ မင်းမကြာခင်သေရတော့မယ်လို့မထင်ဘူးလား.ဟားဟား”
ရှစ်ဖုန့်အတုက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး စွမ်းအားကြီးငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု နှစ်ခုကသူတို့နှစ်ဦး၏ထိန်းချုပ်မှုအောက်၌ ပစ်ဆောင့်မိကြသည်။
“ဝုန်း”
ယင်းမှာ ယခင်ကထက် ပိုမိုပြင်းထန်ပြီး ပို၍ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခုမြည်ဟိန်းထွက်
လာစေသည်။ ပြင်းထန်သောစွမ်းအားနှစ်ခု၏ပစ်ဆောင့်မှုကြောင့် ဟင်းလင်းပြင်မှာပြိုကွဲတော့
မည်သကဲ့သို့ဖြစ်လာပြီး ပြန်းထန်သောတုန်လှုပ်မှုများဖြစ်လာစေသည်။
ပြင်းထန်သော စွမ်းအင်များက သားရဲရိုင်းများကဲ့သို့ဝရုန်းသုန်းကားဖြင့် ဦးတည်ချက်အနှံ့ပျံ့နှံ့သွားသည်။ထိုစဉ်ရှစ်ဖုန့်က သူရွေ့လျားမှုပညာ၍ရပ်အား
အသုံးပြုပြီးဖြစ်ပြီး သူ၏ပုံရိပ်က အလျှင်အမြန်ဆုတ်ခွာသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏သိုလှောင်လက်စွပ်အတွင်းမှ များပြားလှသော စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးများအား ထုတ်ယူလိုက်ပြီး သူ၏ပါးစပ်ထဲသို့ပစ်ထည့်ကာ အစောပိုင်းကကုန်ဆုံးသွားသောစွမ်းအင်
များအားပြန်လည်ဖြည့်တင်းလိုက်သည်။
“ဟားဟား.. မင်းဘယ်ကိုသွားဖို့ကြိုးစားနေတာလဲ”
ရှစ်ဖုန့်အတုက ပြင်းထန်သောစွမ်းအင်များထဲမှ ထွက်လာပြီး ရှစ်ဖုန့်၏နောက်သို့ အရိုင်းဆန်သောအပြုံးဖြင့် တစ်ဟုန်ထိုးလိုက်ဖမ်းလိုက်သည်။
တကယ့်ရှစ်ဖုန့်အနေဖြင့် မကြာခင်သူ၏တိုက်ခိုက်မှုအောက်၌
သေဆုံးရတော့မည်ပုံကဲ့သို့ပင်ဖြစ်သည်။
“ဒီသခင်လေးက စွမ်းအားကြီးပညာရပ်ကိုသင်ကြားခဲ့တယ်.. အကယ်၍ ဒီသခင်လေးသာ မင်းကိုသတ်ဖို့ဒီပညာရပ်ကိုအသုံး
မပြုဘူးဆိုရင် ဒီသခင်လေးစိတ်ကျေနပ်နိုင်မှာမဟုတ်ဘူး. ဟားဟားဟား”
“ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု..”
ရယ်မောနေရင်း ရှစ်ဖုန့်အတုက ရှစ်ဖုန့်နားချဉ်းကပ်လာသည်။ သူ က အော်ပြောလိုက်ပြီး လက်သင်္ကေတဆီးလ်များအား
စတင်ပုံဖော်လိုက်သည်။ ၎င်းက ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခု၏ ဆီးလ်များဖြစ်၏။
လက်သင်္ကေတဆီးလ်များက
အဆက်မပြတ်ပြောင်းလဲနေပြီး အဖြူရောင် လက်ပုံရိပ်များက တစ်ခုပြီးတစ်ခုပေါ်လာသည်။
ရှစ်ဖုန့်အတု၏ ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု လက်သင်္ကေတဆီးလ်များအား ကြည့်ရင်း ရှစ်ဖုန့်အတု၏ မျက်နှာထက်၌ သူ၏အကြံအစည်အောင်မြင်သွားသကဲ့သို့ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာသည်။