← Chapters

အခန်း (၆၃၃)

Vol. 43 Ch. 633

အခန်း (၆၃၃)

Vol. 43 Ch. 633

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ခြောက်လွှာမြောက်အတွင်း

အကန့်သတ်မဲ့သော ဟင်းလင်းပြင်ထဲ၌ သွေးနီရောင်ချပ်ဝတ်အားဝတ်ဆင်ထားသော ရှစ်ဖုန့်တစ်ယောက်ရှိနေသည်။ သူ၏လက်များက ဆီးလ်များအားပုံဖော်နေပြီး

သူ၏လက်များ၏လှုပ်ရှားမှုနောက်၌ အဖြူရောင်ပုံရိပ်များကပေါ်လာသည်။ ၎င်းနှင့်သိပ်မဝေးသောနေရာတွင် နှုတ်ခမ်းထောင့်ကတွန့်ကွေးကာ

လှောင်ပြုံးပြုံးနေသော နောက်ထပ်ရှစ်ဖုန့်တစ်ယောက်ရှိနေ၏။

ရှစ်ဖုန့်အစစ်က ရှစ်ဖုန့်အတု၏ ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခု

အားကြည့်နေသည်။ ဤပညာရပ်မှာ မူလဘူတက သူဖန်တီးထားသောအရာဖြစ်သည်။ ထို့ကြောင့် ဤပညာရပ်၏မည်သည့်နေရာ၌အားနည်းချက်များရှိနေသည်ကို သူ ပင်ကိုယ်အားဖြင့်သိသည်ဖြစ်သည်။

ထို့နောက် မကြာလိုက်ခင် ရှစ်ဖုန့်က ပြောလိုက်သည်။

“ဥက္ကာလွန်းပျံဓားသွား”

သူ၏အော်သံနောက်သို့လိုက်ပါ၍ ရှစ်ဖုန့်က သူ၏ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။ ရုတ်ခြည်း ဥက္ကပျံကဲ့သို့ အဖြူရောင်ဓားချီတစ်ခုက ဟင်းလင်းပြင်အားပိုင်းဖြတ်သွားပြီး ရှစ်ဖုန့်အတု၏ရှေ့သို့ ရောက်သွားသည်။

ရှစ်ဖုန့်အတုရုတ်တရက်တစ်စုံတစ်ခုအား သဘောပေါက်လိုက်ချိန်တွင် ဥက္ကာပျံကဲ့သို့ အဖြူရောင်ဓားချီက သူ၏လည်ချောင်းအားထိုးဝင်သွားသည်။

ထို့နောက် ၎င်းက လည်ပင်းနောက်ဘက်မှ ဖောက်ထွက်လာပြီး အကန့်သတ်မဲ့ မိုးကုတ်စက်ဝိုင်းအတွင်း ပျံသန်းသွား၏။

“ငါ..ရှုံးသွားတာလား”

ဓားကသူ၏လည်ချောင်းအား ထွင်းဖောက်သွားပြီးနောက် ရှစ်ဖုန့်အတု ကသူ၏ လက်သင်္ကေတဆီးလ်တို့အားရပ်လိုက်သည်။ သူ့ထံသို့လှောင်ပြုံးဖြင့်ကြည့်နေသော သွေးနီရောင်ပုံရိပ်အားမှင်တွေစွာကြည့်နေ၏။

“မင်းကအရမ်းစက်ဆုပ်ဖို့ကောင်းတာပဲ”

ရှစ်ဖုန့်အတုမှာသူလှည့်စားခံလိုက်ရမှန်း

ကိုသဘောပေါက်လိုက်သည်။

ထို့နောက် ရှစ်ဖုန့်အတု၏ရှုံ့မဲ့နေသောမျက်နှာထက်၌ အပြုံးတစ်ခုရုတ်တရက်ပေါ်လာ၏။

ရှစ်ဖုန့်အတု၏မျက်နှာထက်ရှိအပြုံးအားကြည့်ရင်းရှစ်ဖုန့်တုန်လှုပ်အံ့အားသင့်သွားသည်။

“ဒီသူတောင်းစား. သူရဲ့မူလချီတွေနဲ့အဆက်မပြတ်ပြန်လည်ကောင်းမွန်နိုင်စွမ်းကိုထက်ပေါင်းပြီး သူ့ရဲ့ဒဏ်ရာတွေကို အလိုအလျောက်ကိုကုသနိုင်နေတာလား..သူကအင်မော်တယ်လားဟ”

“သေစမ်း. ဒီလိုသာဆိုရင်. ဒီတိုက်ခိုက်မှုကဘာလုပ်ရတော့မှာလဲ”

“မင်းအောင်ပြီ”

ရှစ်ဖုန့်အတုက မျက်နှာထက်၌ အပြုံး တစ်ခုပေါ်လာပြီးနောက် ရှစ်ဖုန့်အားပြောလိုက်သည်။

ထို့နောက် ရှစ်ဖုန့်မှာ သူနှင့်တစ်ထေရာတည်းတူညီသောပုံရိပ်က ဖြည်းဖြည်းချိန်းပါးလွှာမှုန်းဝါးလာသည်

ကိုတွေ့လိုက်ရသည်။

သိပ်မကြာခင် ပုံရိပ်က ဟင်းလင်းပြင်ထဲ၌ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

“ငါဒီအဆင့်ကို အောင်သွားတာလား..”

ပျောက်ကွယ်သွားသောပုံရိပ်အားကြည့်၍ရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။ သူ၏ညာလက်၌သွေးနီရောင်အလင်းတစ်ခုလင်းလက်လာ၏။သွေးသောက်ဓားက ဓားအမှတ်အသားအဖြစ်ပြောင်းသွားပြီး ရှစ်ဖုန့်၏ညာဘက်လက်ခလယ်၌ ပျောက်ကွယ်သွားသည်။

ထို့နောက်ရှစ်ဖုန့်က တလိပ်လိပ်ထနေသော ဆန်းကြယ်သည့်စွမ်းအင်တို့အား ရင်ဆိုင်လိုက်သည်။ငရဲဘုံကိုးခု ပညာရပ်အား အဆက်မပြတ်လှည့်ပတ်လိုက်၏။သူ၏ကိုယ်ရှိ မွှေးညှင်ပေါက်များအားလုံးအား ထပ်မံဖွင့်လိုက်ပြီး ဆန်းကြယ်သောစွမ်းအင်တို့အား ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး စုပ်ယူလိုက်သည်။

ထို့နောက် အဖြူရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ကိုယ်ပေါ်၌ လင်းလက်လာသည်။ကောင်းကင်ဘုံသိုင်း

မျှော်စင်၏ ငါးလွှာမြောက်အား သူဖြတ်ကျောက်ခဲ့စဉ်က သူ၏ဒန်တန်အတွင်းရှိစွမ်းအင်တို့က ပြည့်လုပြည့်ခင်ဖြစ်နေခဲ့ပြီဖြစ်သည်။ဤအချိန်၌ ရှစ်ဖုန့်မှာ သူ၏ ဒန်တန်အတွင်း ဆန်းကြယ်သောစွမ်းအင်တို့အားများစွာ စုပ်ယူခြင်းရှိခဲ့သော်လည်း အောင်မြင်စွာဖြင့် ကြယ်လေးပွင့်မဟာသူတော်စင်

နယ်ပယ်အဆင့်မှ ကြယ်ငါးပွင့်မဟာသူတော်စင်နယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ကြယ်ငါးပွင့်မဟာသူတော်စင်နယ်ပယ်သို့ရှစ်ဖုန့်ဝင်ရောက်ပြီးနောက် ဆန်းကြယ်သောစွမ်းအင်တို့အား ဆက်လက်ဝါးမျိုလိုက်သည်။ဆန်းကြယ်သော စွမ်းအင်တို့အား သူ၏ကာယခန္ဓာကိုယ်အတွင်း လုံးဝစုပ်ယူပြီးသောအခါတွင် နောက်ထပ်လက်သီးတစ်လုံးအားပစ်သွင်းလိုက်သည်။

“ဝုန်း”

ကောင်းကင်ထဲ၌ ပြင်းထန်သောပေါက်ကွဲမှု

တစ်ခုဖြစ်ပေါ်လာသည်။ ယင်းမှာ လက်သီးချက်ကြောင့် ကောင်းကင်က ပြိုကွဲတောမည့်သကဲ့သို့ပင်ဖြစ်သည်။ဆန်းကြယ်သောစွမ်းအင်တို့အား စုပ်ယူပြီးနောက် ရှစ်ဖုန့်၏ကျင့်ကြံမှုက ကြယ်ငါးပွင့် မဟာသူတော်စင်နယ်ပယ်သို့ရောက်ရှိခဲ့ရုံသာမက သူ၏ကာယခန္ဓာ လက်သီးချက်ကပင် အထွတ်အထိပ်ကြယ်ကိုးပွင့်

သူတောင်စင်နယ်ပယ်သို့ရောက်ရှိနေသည်။ မဟာသူတော်စင်နယ်ပယ်နှင့်ခြေတစ်လှမ်းစာသာကွာဝေးတော့သည်ဖြစ်သည်။

ထို့နောက်ခရမ်းရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ ကိုယ်ပေါ်၌ လင်းလက်လာသည်။ ခရမ်းရောင်အလင်းပျောက်ကွယ်သွားပြီးနောက် ရှစ်ဖုန့်၏ပုံရိပ်က အကန့်သတ်မဲ့သော ဟင်းလင်းပြင်ထဲမှပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံသိုင်းမျှောင်စင်၏ ပြင်ပမြေအောက်နန်းတော်ထဲ၌ လန်မိသားစု ဝင်ဆယ့်နှစ်ယောက်တို့မှာ ၎င်းတို့၏မျက်လုံများ ပြူးကျယ်နေကြသည်။အရမ်းစိတ်ဝင်စား

နေသော မျက်နှာထားတို့ဖြင့် ခရမ်းရောင်အလင်းတောက်ပစွာလင်းလက်လာသော ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ခုနှစ်လွှာမြောက်ကို ကြည့်နေကြသည်။

“သူပဲ.. သူခုနှစ်လွှာမြောက်ကိုဝင်သွားတယ်..ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ခုနှစ်လွှာမြောက်ကို “

လန်မိသားစု၏ ကျင့်ကြံသူများမှ ခဏမျှတိတ်ကျသွားသောအခြေအနေ

သို့စိုက်ရောက်ပြီးနောက် အဘိုးအိုတစ်ဦးက ရုတ်တရက်ပြောလိုက်သည်။

အဘိုးအို၏အသံထွက်ပေါ်လာပြီးနောက် အခြားအံ့အားသင့်စွာပြောဆိုသော

အသံများလည်းထွက်ပေါ်လာသည်။

“ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ခုနှစ်လွှာမြောက်က မလင်းလက်ခဲ့တာ နှစ်တစ်ထောင်နီးပါးကြာခဲ့ပြီ.. ဒီနေ့ငါတို့ရှေ့မှာ အဲ့တာကလင်းလက်လာမယ်လို့ ဘယ်သူကထင်မိမှာလဲ..သူက နှစ်တစ်ထောင်မှတစ်ခါသာပေါ်ထွန်းတဲ့ပါရမီရှင်တစ်ဦးပဲ.. ဒီလူက နှစ်တစ်ထောင်မှာတစ်ခါသာပေါ်ထွန်းတဲ့စစ်မှန်တဲ့ပါရမီရှင်ပဲ.”

ထို့နောက် အခြား သောအဘိုးအိုတစ်ဦးက လည်းသက်ပြင်းချ၍ ပြောလိုက်သည်။

“ဟူး..ကောင်းကင်ဘုံသိုင်းမျှော်စင်က ငါတို့လက်ထက်မှာ ကျင်ဆင်းလာလိမ့်မယ်လို့ဘယ်သူကထင်မိမှာလဲ. ငါတို့ဘိုးဘေးကလွဲပြီး ခုနှစ်လွှာမြောက်ကို ဘယ်သူကမှမဝင်နိုင်ခဲ့ကြဘူး”

“ဒီနေ့ နှစ်ပေါင်းတစ်ထောင်ကြာပြီးတဲ့နောက် သူက ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲဝင်နိုင်တဲ့ပထမဆုံး ပြင်ပကလူဖြစ်လိမ့်မယ်… ဒီပြင်ပကလူက ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲကို ဝင်ပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့နှစ်တစ်ထောင်က ငါတို့လန်မိသားစုက အားလုံးထက်သာလွန်နေလိမ့်မယ်လို့ဘယ်သူကထင်မိမှာလဲ”

ထိုအဘိုးအို စကားဆုံးပြီးနောက် အခြားသောအဘိုးအိုတစ်ဦးကလည်း သက်ပြင်းချ၍ ပြောလိုက်သည်။

“ဟူး. ဟုတ်တယ်..ဒါကအမှန်ပဲ..”

မြေပြင်ထက်တွင် ထျန်းလျန်အင်ပါယာ၏ဧကရာဇ်မင်းဖြစ်သူ လန်ယွမ်က ကောင်းကင်ဘုံသိုင်းမျှော်စင်၏ခုနှစ်လွှာမြောက်အားကြည့်၍ သူ၏ မျက်နှာထက်၌စိတ်လှုပ်ရှားမှုတို့ဖြစ်နေသည်။

“သူ.. သူခုနှစ်လွှာမြောက်ကိုဝင်သွားတယ်.. သူတကယ်ပဲ ခုနှစ်လွှာမြောက်ကိုဝင်သွားတယ်..သူရဲ့ပါရမီကတကယ်ကိုကောင်းကင်ဘုံကို

ဆန့်ကျင်နေတာပဲ.. ဒီလိုပါရမီရှင်မျိုးကသာငါ့ရဲ့လင်လုံလေးနဲ့လက်ထပ်ပြီးငါတို့ထျန်းလျန်အင်ပါယာရဲ့သားမက်ဖြစ်လာခဲ့ရင်..”

“ဒီကလေးကတကယ့်ကိုပြိုင်ဘက်ကင်းမွန်းစတားပဲ..”

မင်းသာကွမ်းကလည်း ကောင်းကင်ဘုံသိုင်းမျှော်စင်၏ခုနှစ်လွှာမြောက်အား အံ့အားသင့်စွာကြည့်၍ ပြောလိုက်သည်။

လန်မိသားစုဝင်ဆယ့်နှစ်ဦးမှာ

ရှစ်ဖုန့်ခြောက်လွှာမြောက်အားဝင်ရောက်မည်ကိုမျှော်လင့်ထားပြီးဖြစ်သည်။ သို့သော် ခုနှစ်လွှာမြောက်အားဝင်ရောက်ခြင်းကတော့သူတို့မျှော်မှန်းထားသည်ထက်ကျော်လွန်နေသည်။အချိန်ခဏမျှမလူကတိတ်ကျနေသောမြေအောက်နန်းတော်၌ အံ့အားသင့်ဆူညံသံများပွက်လောထလာသည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ခုနှစ်လွှာမြောက် လင်းလက်လာခြင်းက လန်မိသားစုအတွက် သေချာပေါက် ဖြစ်ရပ်ကြီးတစ်ခုဖြစ်သည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ခုနှစ်လွှာမြောက်တွင် ရှစ်ဖုန့်အားခရမ်းရောင်မီးတောက်တို့က ဝန်းရံထားသည်။ ပတ်ဝန်းကျင်အားကြည့်လိုက်လျှင် ခရမ်းရောင်မီးပင်လယ်၏ အဆုံးသတ်အား မြင်တွေ့နိုင်ခြင်းမရှိပေ။ ကြမ်းကြုတ်သောသားရဲများကဲ့သို့ ခရမ်းရောင်မီးတောက်များကရှစ်ဖုန့်အား အလယ်ဗဟိုပြု၍ တလိပ်လိပ်ထကာဝန်းရံကာ ဦးတည်လာနေသည်။

“လောင်ကျွမ်းစမ်း”

သူ့ထံသို့ ဦးတည်ချက်ပေါင်းစုံမှဦးတည်လာနေသည့် ပြင်းထန်သော ခရမ်းရောင်မီးတောက်များ အားကြည့်၍ ရှစ်ဖုန့် အော်ပြောလိုက်သည်။ မကြာခင်တွင် ပြင်းထန်သောသွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ကိုယ်မှထွက်ပေါ်လာသည်။

သွေးနီရောင်မီးတောက်တို့ကရှစ်ဖုန့်၏ကိုယ်မှထွက်ပေါ်လာပြီးနောက် ပြင်းထန်သောသွေးနီရောင်မီးတောက်ပင်လယ်အဖြစ်ပြောင်းလဲသွားပြီး သူ့ထံသို့ဦးတည်လာနေသော ခရမ်းရောင်မီးတောက်များဖြင့်တွေ့ဆုံရန် ဦးတည်ချက်ပေါင်းစုံသို့ သိမ်းကျုံးပျံ့နှံ့သွားသည်။

ရှစ်ဖုန့်၏ ကိုယ်မှထွက်ပေါ်လာသော သွေးနီရောင်မီးပင်လယ်က ထိုခရမ်းရောင်မီးတောက်များထက်ပို၍ ပြင်းထန်ပုံပေါ်သည်။ခက်ထန်သောသားရဲများကဲ့သို့ တလိပ်လိပ်ဦးတည်လာနေသော

ခရမ်းရောင်မီးတောက်များမှာ သွေးနီရောင်မီးတောက်များ၏ရုတ်ခြည်း ဝါးမျိုလောင်ကျွမ်းမှုကိုခံလိုက်ကြရသည်။

All Chapters