အခန်း (၆၃၄)
Vol. 43 Ch. 634
အကန့်သတ်မဲ့သောခရမ်းရောင်မီးပင်လယ်ကြီး၏အလယ်တွင် သေးငယ်သောသွေးနီရောင်မီးပင်လယ်လေးတစ်ခုရှိနေသည်။ ခရမ်းရောင်မီးပင်လယ်က၎င်းအား ဝန်းရံနေပြီး ပြင်းထန်စွာတောက်လောင်နေ၏။ ရှစ်ဖုန့်က သွေးနီရောင်မီးပင်လယ်၏ အလယ်၌ရှိနေသည်။ သူက သွေးနီရောင်မီးပင်လယ်ပြင်ပရှိ
ခရမ်းရောင်မီးတောက်များအားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“ငါဒီအလွှာကိုရောဘယ်လိုချိုးဖျက်ရမလဲ”
ထို့နောက်ရှစ်ဖုန့်စတင်လှုပ်ရှားလိုက်သည်။သူ့အားဝန်းရံနေသည့်သွေးနီရောင်မီးတောက်တို့က နောက်မှလိုက်ပါလာပြီး သူ့ရှေ့ရှိခရမ်းရောင်မီးပင်လယ်ထံ
သို့ရွေ့လျားသွားသည်။
သွေးနီရောင်မီးပင်လယ်ဖြတ်သန်းသွား သောနေရာတိုင်းတွင် ခရမ်းရောင်မီးတောက်တို့မှာ သွေးနီရောင်မီးပင်လယ်၏ရုတ်ခြည်းဝါးမျိုခြင်းကိုခံလိုက်ရသည်။
“ဂါး”
ဤအချိန်တွင် ကောင်းကင်ထဲမှနဂါးတစ်ကောင်၏အော်သံထွက်ပေါ်လာသည်။နဂါးတစ်ကောင်၏
အော်သံထွက်ပေါ်လာသကဲ့သို့ ခရမ်းရောင်မီးတောက်များကလည်း စတင်ပြင်းထန်စွာဆူပွက်လာ၏။
နဂါး၏အော်သံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကလည်းသူ၏ခေါင်းကိုမော့၍ ကောင်းကင်ထဲသို့ကြည့်လိုက်သည်။
ကောင်းကင်ထဲ၌ ဟိန်းဟောက်နေသော ဧရာမခရမ်းရောင်နဂါးကြီးတစ်ကောင်ရှိနေပြီး လေထဲ၌စက်ဝိုင်းသဏ္ဍန်လှည့်ပတ်နေသည်။
ခရမ်းရောင်နဂါးထံမှ ရှေးခေတ်အချိန်ကာလများကလာပုံရသော အရှိန်အဝါကို ရှစ်ဖုန့်ရုတ်ခြည်းခံစာမိလိုက်သည်။
“ရှေးခေတ်အစစ်အမှန်နဂါးတစ်ကောင်လား”
ဆန်းကြယ်သောအရှိန်အဝါအားအာရုံခံရင်း ရှစ်ဖုန့်က ရုတ်ခြည်းအံ့အားသင့်စွာပြောလိုက်သည်။
ထိုနောက်ရှစ်ဖုန့်က ချက်ချင်းသူ၏ခေါင်းအားခါယမ်းလိုက်ပြီး
တီးတိုးရေရွတ်လိုက်သည်။
“ဟုတ်တယ်.. ဒီခရမ်းရောင်နဂါးကအစစ်အမှန်နဂါး
တစ်ကောင်ကနေဆင်းသက်လာ
တာဖြစ်လိမ့်မယ်..သူ့ရဲ့မျိုးဆက်သွေးက မသန့်စင်ပေမဲ့လည်း ထျန်းဟန်တိုက်ကြီးပေါ်က အစစ်အမှန်နဂါးတွေနဲ့ ယှဉ်လိုက်ရင် ဒီမီးနဂါးရဲ့မျိုးဆက်သွေးကအများ
ကြီးပိုသန့်စင်တယ်”
“ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲမှာ ဒီလိုမျိုး သက်ရှိတစ်ကောင်ရှိနေလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ.ဒါက အရင်အလွှာမှာ တွေ့ခဲ့ရတဲ့ ဒီသခင်လေးရဲ့ ပုံစံတူလိုမျိုး ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့စိတ်လှည့်စားမှုတစ်ခုလားဒါမှမဟုတ် တကယ့်တည်ရှိမှုလားဆိုတာကို ငါသိချင်မိတယ်”
“ဂါး”
ဤအချိန်တွင် ခရမ်းရောင်မီးတောက်နဂါးကြီးက ဟင်းလင်းပြင်ထဲ၌ ဒေါသထွက်စွာဖြင့်အော်ဟစ်လိုက်သည်။ ၎င်းက ရှစ်ဖုန့်၏တည်ရှိမှုအား ရှာတွေ့သွားပုံပေါ်သည်။ တူညီစွာကြီးမားသော မျက်လုံးကြီးနှစ်လုံးတို့ဖြင့် အောက်ဘက်၌ရှိနေသော သွေးနီရောင်မီးပင်လယ်ထံသို့ ဒေါသတကြီးစိုက်ကြည့်နေသည်။ ၎င်းက မီးတောက်ပင်လယ်အတွင်းမှပုံရိပ်အား စိုက်ကြည့်နေခြင်းဖြစ်သည်။
ထို့နောက် ခရမ်းရောင်မီးတောက်နဂါးကြီးက ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုး ထိုးဆင်းလာကာ ခရမ်းရောင် မီးတောက်များလောင်ကျွမ်းနေသော ဧရာမတောင်ကြီးတစ်လုံး ကဲ့သို့ ရှစ်ဖုန့်ပေါ်ဖိကျလာသည်။
“မိစ္ဆာသတ္တဝါ. မင်းက တကယ့်နဂါးတစ်ကောင်ဆိုရင်တောင်
ဒီသခင်လေးမင်းကို ရှောင် အုံးမယ်.. ဒါပေမဲ့မင်းက မျိုးကွဲလေးတစ်ကောင်သာသာပဲ.. မင်းက မင်းအတွက်ဘာကကောင်းလဲဆိုတာ
ကိုမသိမှတော့ . ဒီသခင်လေးမင်းရဲ့နဂါးအရွတ်တွေဆွဲထုတ် အရေပြားကိုနွှာ ပြီး မင်းရဲ့နဂါးသွေးကိုသောက်ပစ်မယ်”
ရှစ်ဖုန့်က ခေါင်းမော့ကာ ပြင်းထန်စွာထိုးဆင်းလာသောခရမ်း
ရောင်မီးတောက်နဂါးကြီးအားကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။ထို့နောက် ငွေရောင် အလင်းတစ်ခုက သူ၏ဘယ်လက်၌ လင်းလက်လာပြီး ငွေရောင်တံစဉ်က သူ၏လက်ထဲ၌ပေါ်လာသည်။
ထို့နောက်တွင် ရှစ်ဖုန့်ချက်ချင်းပဲ ငရဲဘုံကိုးခုစွမ်းအင်တို့အား ငွေရောင်တံစဉ်အတွင်းသို့သွန်းလောင်းလိုက်သည်။ ရှစ်ဖုန့်မှာ ကြယ်ငါးပွင့် မဟာသူတော်စင်နယ်ပယ်ဖြစ်ပြီး ငရဲဘုံကိုးခုစွမ်းအင်အားလုံးတို့အား ငွေရောင်တံစဉ်အတွင်းသို့သွန်း
လောင်းလိုက်သည်။သို့သော် ငွေရောင်တံစဉ်မှာ အခြေမဲ့အသူရာချောက်နက်ကြီး
တစ်ခုကဲ့သို့ပင်ဖြစ်သည်။ များပြားလှစွာသော စွမ်းအင်တို့အား စုပ်ယူပြီးသည့်နောက်၌ပင် ၎င်းက က ပြည့်ဝနိုင်ခြင်းမရှိသေးပေ။
သို့သော် ရှစ်ဖုန့်မှာ ဤငွေရောင်တံစဉ်က ခမ်းနားသောစွမ်းအင်တစ်အား ထုတ်လွှတ်နေသည်ကို အာရုံခံနိုင်သည်ဖြစ်သည်။
၎င်းမှာထည့်သွင်းလိုက်သောစွမ်းအင်၏
တူညီသော ပမာဏအားပြန်လည်ထုတ်လွှတ်သကဲ့သို့ ပင်ဖြစ်သည်။အနည်းဆုံးတော့ ရှစ်ဖုန့်အနေဖြင့် သူ၏ စွမ်းအင်အားလုံးအား ၎င်းတွင်းသို့သွန်းလောင်းထည့်ခဲ့သည်တောင် ဆန်းကြယ်သောငွေရောင်တံစဉ်က ၎င်း၏ပြည့်ဝနိုင်စွမ်းနှင့်များစွာ ဝေးကွာလျှက်ရှိနေသေးသည်ကို ရှစ်ဖုန့်အာရုံခံနိုင်သည်ဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်ကသူ၏ဘယ်လက်ထဲရှိ ငွေရောင်တံစဉ်အားကိုင်၍ ထိုးဆင်းလာသော ခရမ်းရောင်မီးတောက်နဂါးထံသို့ မီးပင်လယ်ထဲမှ တစ်ဟုန်ထိုးတိုးထွက်လိုက်သည်။
“ဂါး”
ကောင်းကင်ထဲ၌ ထိုးဆင်းလာသောမီးတောက်နဂါးမှာ ကြီးစွာသောအန္တရာယ်နှင့် ငွေရောင်တံစဉ်မှခြိမ်းခြောက်မှုတို့အား အာရုံခံမိပုံပေါ်သည်။ ၎င်းက အော်ဟစ်လိုက်ပြီးထိုးဆင်းလာ
သောဧရာမီးတောက်နဂါးကြီးက ရုတ်တရက်၎င်း၏ခေါင်းအားလှည့်လိုက်ပြီး အမြှီးအားလွှဲယမ်းလိုက်သည်။ ၎င်းမှာ လွန်စွာအန္တရာယ်များသောသက်ရှိတစ်ကောင်
အားတွေ့လိုက်ရသကဲ့သို့ ရှစ်ဖုန့်၏ဆန့်ကျင်ဘက်ဆီတကယ်ကြီးပျံသန်းထွက်ပြေးသွားလေသည်။
“ဟမ့်. မိစ္ဆာသတ္တဝါ အခုမှမင်းကထွက်ပြေးချင်နေတာလား..
မင်းအရမ်းနောက်ကျသွားပြီမထင်ဘူးလား”
ရှစ်ဖုန့်က မရပ်တန့်ခဲ့ပေ။ခရမ်းရောင်မီးတောက်
နဂါးကလှည့်ထွက်ပြီးထွက်ပြေးသည်အားတွေ့ရသောအခါတွင် သူ၏ပျံသန်းနှုန်းအား မြှင့်လိုက်၏။
“ဒီသခင်လေးအတွက်ငရဲကိုသွားလိုက်စမ်း”
ပျံသန်းနေရင်း ရှစ်ဖုန့်ကသူ၏ဘယ်လက်အား ခရမ်းရောင်မီးတောက်နဂါးထံသို့လွှဲယမ်း
လိုက်ပြီး ရှစ်ဖုန့်ကြောင့်ငွေရောင်တံစဉ်က ပျံသန်းသွားသည်။
ခရမ်းရောင်မီးတောက်နဂါးကထွက်ပြေး
နေပြီး၎င်း၏အမြန်နှုန်းကအရမ်းမြန်ဆန်သော်လည်း ရှစ်ဖုန့်ပစ်လွှတ်လိုက်ပြီးသည့်နောက်ရှစ်ဖုန့်၏ငွေရောင်တံစဉ်က ခရမ်းရောင်မီးတောက်နဂါးထက်ပို၍ မြန်ဆန်နေသည်။
ထို့နောက် ငွေရောင်တံစဉ်က ဧရာမခရမ်းရောင်မီးတောက်နဂါးကြီး ၏ဦးခေါင်းအားခုတ်ပိုင်းသွားသည်။
“ဂါး..ဂါး.ဂါး..ဂါး..ဂါး..”
စူးစူးဝါးဝါးနာကျင်မှုအပြည်ဖြင့်နဂါးအော်သံလှိုင်းတို့က ခရမ်းရောင်မီးတောက်များဖြင့်ပြည့်နှက်နေ
သောဤကမ္ဘာထဲ၌ ပဲ့တင်ရိုက်ခတ်ထွက်ပေါ်လာသည်။ ထို့နောက်ချက်ချင်း ခရမ်းရောင်မီးတောက်နဂါး၏ကိုယ်က လက်သီးဆုပ်အရွယ် ခရမ်းရောင်မီးတောက်များအဖြစ်သို့ပြောင်းလဲသွားပြီး ခရမ်းရောင်မီးတောက်များရှိရာ မြေပြင်သို့ ကျဆင်းလာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
ခရမ်းရောင်မီးတောက်များ ကဆက်တိုက်ကျဆင်းလာသကဲ့သို့ ခရမ်းရောင်မီးတောက်နဂါးကြီး၏
ကိုယ်ကလည်း ဖြည်းဖြည်းချင်းပြိုကွဲလာသည်။
ရှစ်ဖုန့်က ရွေ့လျားခြင်းအား ရပ်တန့်လိုက်ပြီး ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသည်။ ခရမ်းရောင်မီးတောက်များအဖြစ်ပြောင်းလဲသွားသည့် ခရမ်းရောင်မီးတောက်နဂါးကြီးအားကြည့်၍ စိတ်ပျက်စွာဖြင့်သူ၏ခေါင်းအား
ခါယမ်းလိုက်သည်။
ခရမ်းရောင်မီးတောက်နဂါးပထမ
ဆုံးပေါ်လာချိန်တွင် စစ်မှန်သောနဂါးတစ်ကောင်မှ
ဆင်းသက်လာသော မျိုးဆက်သွေးနှင့် ရှေးခေတ်အရှိန်အဝါတို့အားသူခံစား
မိခဲ့သည်ဖြစ်သည်။ သို့သော်ယခုအခါတွင် ဤခရမ်းရောင်နဂါး၏အသွင်သဏ္ဍန်အားသူမြင်တွေ့လိုက်ရသည်။ဤခရမ်းရောင်
မီးတောက်နဂါးမှာ ကောင်းကင်ဘုံသိုင်းမျှော်စင်က ဤနေရာရှိခရမ်းရောင်မီးတောက်များ
အားအသုံးပြု၍ ပုံတူကူးထားခြင်း ဖြစ်လိမ့်မည်သာဖြစ်သည်။
အကယ်၍ ၎င်းကသာတကယ့်ကို အစစ်အမှန်နဂါးတစ်ကောင်မှဆင်းသက်လာပြီး ဤကဲ့သို့ သန့်စင်သောမျိုးဆက်သွေးဖြင့်ဆိုလျှင် ၎င်း၏အကြေးခွံများ၊ အရေပြားနှင့် သွေးတို့အားလုံးက ရတနာများဖြစ်သည်။၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကရတနာဖြစ်သည်ဟုပင်ပြော၍ရနိုင်သည်ဖြစ်သည်။
သို့သော်ရှစ်ဖုန့်ထပ်မံတွေးလိုက်သည်။အကယ်၍ ဤခရမ်းရောင် မီးတောက်နဂါး၏မျိုးဆက်သွေးကသာ တကယ်ပဲအရမ်းသန့်စင်နေပြီး ၎င်းကရှေးခေတ်အချိန်များမှတကယ်လာခဲ့လျှင် ၎င်း၏စွမ်းအားက ယခုထက်များစွာသာလွန်လိမ့်မည်
သာဖြစ်သည်။
ထိုအချိန်တွင် ထွက်ပြေးရမည့်သူကသူသာ
လျှင်ဖြစ်လိမ့်မည်ဖြစ်သည်။
သို့သော်ထို့နောက်တွင် စိတ်ပျက်နေသော ရှစ်ဖုန့်မှာ ရုတ်တရက် ခမ်းနားပြီးရင်းနီးသော ဆန်းကြယ်သည့်စွမ်းအားတစ်ခုက
သူ့ထံသို့ဦးတည်ချက်ပေါင်းစုံမှ တစ်ဟုန်ထိုးဝင်လာနေသည်ကို ခံစားမိလိုက်သည်။
အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်က ခရမ်းရောင်မီးတောက်နဂါးအား ပိုင်းဖြတ်သွားသောငွေရောင်တံစဉ်အား သူ၏လက်အတွင်းပြန်လည်ပျံသန်းလာအောင်လုပ်လိုက်ပြီး ၎င်းက ငွေရောင်တံစဉ်အမှတ်အသားအဖြစ်ပြောင်းလဲသွားသည်။
ဤအချိန်တွင်ရှစ်ဖုန့်က နောက်တစ်ကြိမ် သူ၏ငရဲဘုံကိုးခု စွမ်းအင်တို့အားလှည့်ပတ်လိုက်ပြီး သူ့ထံသို့ ဦးတည်လာနေသော ဆန်းကြယ်သည့်စွမ်းအင်တို့အား စတင်စုပ်ယူလိုက်သည်။
ဆန်းကြယ်သောစွမ်းအင်တို့အားရှစ်ဖုန့်အပြည့်အဝစုပ်ယူပြီးသည့်အခါတွင် ရုတ်တရက်သူ၏ညာလက်သီးအား
ကျစ်နေအောင်ဆုပ်လိုက်ပြီး နောင်တစ်ကြိမ်ရှေ့သို့ပြင်းထန်စွာ ထိုးလိုက်သည်။
“ဝုန်း”
ရှစ်ဖုန့်၏လက်သီးချက်က မိုးချုန်းသံကဲ့သို့ ဟင်းလင်းပြင်ထဲ၌ပေါက်ကွဲထွက်ပေါ်လာသည်။ ဟင်းလင်းပြင်ထဲ၌ ပြင်းထန်သောစွမ်းအင်အတက်
အကျတစ်ခုဖြစ်ပေါ်လာသည်။
ရှစ်ဖုန့်၏လက်သီးချက်က မဟာသူတော်စင်နယ်ပယ်သို့လုံးဝရောက်ရှိနေပြီဖြစ်သည်။ ရှစ်ဖုန့်၏ ကာယခန္ဓာကိုယ်က နောက်တုံးတွင် ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်း မဟာသူတော်စင်နယ်ပယ်သို့
ရောက်ရှိခဲ့ပြီဖြစ်သည်။
ရှစ်ဖုန့်၏ဒန်တန်အတွင်း၌ရှိနေသော စွမ်းအင်တို့ကလည်း တစ်ဝက်တိတိပြည့်နေခဲ့ပြီဖြစ်၏။ နောက်ထပ်စွမ်းအင်တစ်ဝက်ကျော်
ကိုသာသူစုဆောင်းရရှိသည်နှင့် ကြယ်ခြောက်ပွင့်မဟာသူတော်စင်နယ်ပယ်သို့သူအောင်မြင်စွာ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။
“ဒီကောင်းကင်ဘုံသိုင်းမျှော်စင်က တကယ့်ကိုထူးခြားတာပဲ.”
ထို့နောက် ရှစ်ဖုန့်မှာ ဟင်းလင်းပြင်ထဲ၌ဝင့်ကြွား
စွာရပ်နေဆဲဖြစ်သည်။ ခရမ်းရောင်မီးတောက်နဂါးအား
သတ်ပစ်ခဲ့ပြီးနောက် သူ၏ကိုယ်၌ ခရမ်းရောင်အလင်းလင်း
လက်လာမည်ဟုသူထင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ခရမ်းရောင်အလင်းကတောက်ပမလာခဲ့ပေ။
“ခုနှစ်လွှာမြောက်က နဂါးကဖျက်ဆီးမခံရသေး
တာများဖြစ်နိုင်မလား”
ရှစ်ဖန့်ကစိတ်ထဲမှနေ၍တိတ်တဆိတ်တွေးလိုက်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ပြင်းထန်စွာလောင်ကျွမ်းနေသော ခရမ်းရောင်မီးတောက်များ
ဖြင့်ပြည့်နှက်နေသည့် နေရာတစ်ခုလုံးအား ထပ်မံတစ်ချက်ကြည့်လိုက်သည်။