← Chapters

အခန်း (၆၃၅)

Vol. 43 Ch. 635

အခန်း (၆၃၅)

Vol. 43 Ch. 635

ခရမ်းရောင်မီးတောက်နဂါးကရှစ်ဖုန့်၏ဓားချက်အောက်၌ဖျက်ဆီးခံလိုက်ရပြီး အကန့်သတ်မဲ့သော ဆန်းကြယ်သည့်စွမ်းအင်တို့က ရှစ်ဖုန့်၏စုပ်ယူခြင်းအားလုံးဝခံလိုက်ရသည်။ သို့သော် ဤအချိန်တွင် ရှစ်ဖုန့်မှာလောင်ကျွမ်းနေဆဲဖြစ်သော ခရမ်းရောင်မီးတောက်များ၏အလယ်၌ ဝင့်ကြွားစွာရပ်နေဆဲဖြစ်ပြီး ကောင်းကင်ထဲ၌လည်း

မီးတောက်အလင်းတို့ဖြင့်ပြည့်နှက်နေသည်။

တစ်ခုခုများရှိနေမည်လား သို့မဟုတ် နောက်တစ်ဆင့်သို့တက်ရန်

လမ်းကြောင်းတစ်ခုရှိနေမည်လားဆိုသည်ကိုသိနိုင်ရန်အတွက် ခရမ်းရောင်မီးတောက်ကမ္ဘာတစ်ခုလုံးအား သူစတင်စစ်ဆေးလိုက်သည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်အား အလွှာကိုးခုပိုင်းခြားထားသည်ဖြစ်သည်။သူကယခု ခုနှစ်လွှာမြောက်တွင်ဖြစ်ပြီးနောက်ထပ်နှစ်လွှာတက်ဖို့ကျန်နေသေးသည်ဖြစ်သည်။ ဆန်းကြယ်သောစွမ်းအင်များအတွက်မှာမူ သူဝင်ရောက်သည့်အလွှာတိုင်းတွင်၎င်းတို့အားစုပ်ယူရမည်ဖြစ်သည်။ သူသာ ဤကောင်းကင်ဘုံသိုင်းမျှော်စင်အား အမှန်တကယ်ချိုးဖျက်နိုင်ခဲ့လျှင် သေချပေါက် ကြီးမားသောဆုလာဘ်များအားသူရရှိမည်ဖြစ်သည်ကို ရှစ်ဖုန့်ယုံကြည်သည်ဖြစ်သည်။ သူ၏ခွန်အားကလည်းက

ပို၍ကြီးမားလာလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်ကပတ်ဝန်းကျင်အား

ဖြန့်ကျတ်ကြည့်ရှုလိုက်သော်လည်းဤနေရာ၌ မည်သည့်အရာကိုမှသူရှာဖွေတွေ့ရှိခြင်းမရှိပေ။ ထို့နောက်မကြာခင် ရှစ်ဖုန့်၏ပုံရိပ်က ရွှေ့လျားသွားပြီး သူ့ရှေ့ရှိလေထုအား လျှင်မြန်စွာထိုးခွင်းလိုက်သည်။ ဤဧရိယာမှသူထွက်ခွာပြီး နောက်တစ်ဆင့်သို့တက်လှမ်းသောလမ်းကြောင်းအားရှာဖွေရန်အတွက်အခြားသော ဧရိယာများသို့သွားရန်သူပြင်ဆင်လိုက်သည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ပြင်ပ မြေအောက်နန်းတော်တွင်ဖြစ်သည်။

ဤအချိန်တွင် လန်မိသားစုဝင်ဆယ့်နှစ်ဦးတို့ကတောင်ကဲ့သို့ ကောင်းကင်ဘုံသိုင်းမျှော်စင်အား

စိုက်ကြည့်နေကြသည်။ခုနှစ်လွှာမြောက်မှအလင်းလင်းလက်လာပြီးနောက် ယခင်အလွှာများအား ဝင်ရောက်စဉ်ကကဲ့သို့ ၎င်း၌ အချိန်အကြာကြီးလင်းလက်နေခဲ့ခြင်းမရှိပေ။

အချိန်က ငါးရက်တာကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ဤငါးရက်တာအတောအတွင်းသူတို့အားလုံး ကောင်းကင်ဘုံသိုင်းမျှော်စင်ထံ

သို့သာစိုက်ကြည့်နေကြသည်။လူငယ်ခုနှစ်လွှာမြောက်အားဝင်ရောက်ပြီးကတည်းက ကောင်းကင်ဘုံသိုင်းမျှော်စင်က လုံးဝလှုပ်ရှားခြင်းမှရှိတော့ချေ။ ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲမှလူငယ်ထွက်လာသည်ကိုလည်းသူတို့မြင်တွေ့ရခြင်းမရှိပေ။

လူငယ်ရှစ်လွှာမြောက်သို့ဝင်ရောက်ရန်အတွက်ကမူ သူတို့အနေဖြင့် ယင်းအကြောင်းအားတွေးပင်မတွေးမိကြချေ။

ရှစ်လွှာမြောက်အား အရှေ့ပို်ငးဒေသကြီးတစ်ခုလုံး၌ ကျော်ကြားသူတစ်ယောက်ဖြစ်ခဲ့သော ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူဖြစ်သည့်သူတို့၏ဘိုးဘေးပင်လျှင်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပေ။

“အဲ့လူငယ် ခုနှစ်လွှာမြောက်မှာသေသွားပြီလို့ထင်လား”

ဤအချိန်တွင် အဘိုးအိုတစ်ဦးက မြောက်အောက်နန်းတော်အတွင်းမှ တိတ်ဆိတ်မှုအားဖြိုခွင်းလိုက်သည်။

ထိုအဘိုးအို စကားဆုံးသွားပြီးနောက် အခြားအဘိုးအိုတစ်ဦးက

လည်းပြောလိုက်သည်။

“အဲ့မှာသေတာလား..အဲ့လိုမဖြစ်နိုင်ဘူး. ငါတို့လဲငါးလွှာမြောက်မှာကျရှုံးခဲ့တာပဲမဟုတ်ဘူးလား. အဲ့တုံးက ငါတို့ကပိုတောင်စိတ်မချမ်း

မြေ့စရာကောင်းသေးတယ်..ငါ့နှလုံးဆို မိန်းမတစ်ယောက်ဆွဲထုတ်တာကိုခံခဲ့ရတာ..အဲ့အချိန်တုံးက ငါ့ကိုယ်ငါသေပြီထင်ခဲ့ပေမဲ့ သေခြင်းအတုအဖြစ်ပဲပြောင်းသွားခဲ့တာ.. ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲကနေအထုတ်ခံရပြီးတဲ့နောက် ငါအကောင်းတိုင်းရှိတာပဲ. ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲမှာသေတာက အစစ်အမှန်သေတာမဟုတ်ဘူး”

“ဒါကပြောဖို့ခက်တယ်…”

အခြားအဘိုးအိုတစ်ဦးကပြောလိုက်သည်။

“ငါတို့က ငါးလွှာမြောက်ကို ရောက်ခဲ့တယ်.. ခြောက်လွှာမြောက်ကို ရောက်ဖူးတာ က ဘကြီးတော်တစ်ဦးပဲရှိတယ်.. ငါတို့ရဲ့ဘိုးဘေးကလွဲပြီးတော့ ဘယ်သူကမှခုနှစ်လွှာကိုမရောက်ဖူးကြဘူး. ခုနှစ်လွှာမြောက်မှာက သေပြီးတဲ့နောက်မှာတကယ်

သေသွားတာမျိုးဖြစ်နိုင်လောက်တယ်”

ဤအဘိုးအို က အခြားအဘိုးအိုထက်အနည်းငယ်ငယ်သည်။ အခြားသောအဘိုးအိုက အလယ်ဗဟိုရှိ အဘိုးအိုအားဦးလေးတော်ဟုခေါ်သော်လည်းသူကတော့ဘကြီးတော်ဟုခေါ်သည်။

“အကယ်၍သူသာ ခုနှစ်လွှာမြောက်မှာသေသွားခဲ့ရင် ဒီလိုမွန်းစတားဆန်တဲ့ပါရမီရှင်မျိုး ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲမှာသေရတာက နှမြောစရာတစ်ခုပဲ.ဒီလူငယ်က အရမ်းငယ်သေးပြီး သူ့ရဲ့အနာဂတ်အောင်မြင်မှုတွေက

လည်းစိတ်ကူးကြည့်လို့တောင်ရမှာမဟုတ်ဘူး. အနာဂတ်မှာသူက ဧကရာဇ်နယ်ပယ်တစ်ဦးတောင်ဖြစ်လာဖို့များတယ်.အဲ့တာထက်ပိုတာက ဒီတစ်ကြိမ်ကောင်းကင်ဘုံသိုင်းမျှော်စင်

ကိုဖွင့်ပြီးတာ့သူ့ကိုငါတို့အဝင်ခံတာကဘာကြောင့်လဲဆိုတာကိုမမေ့နဲ့အုံး”

“ဟူး …ဟုတ်တယ်”

ဤတွေ့ဆုံမှု၏ရည်ရွယ်ချက်အား ကြားပြီးနောက် အဘိုးအို၏မျက်နှာထက်၌ အောင့်မေ့မှုများဖြင့်ပြည့်နှက်နေသည်။နောက်တစ်ကြိမ် လန်မိသားစု၏အကျပ်အတည်းနှင့် နန်းတော်အောက်ခြေ၌ဖိနှိပ်ထားသော မိစ္ဆာသတ္တဝါတို့အား အမှတ်ရလိုက်သည်။

ဆီးလ်၏စွမ်းအားက အားနည်းသည်ထက်အားနည်းလာနေသည်ကိုသူတို့အာရုံခံမိနေသည်မှာကြာပြီဖြစ်သည်။

ဒဏ္ဍာရီများထဲမှစွမ်းအားကြီးသက်ရှိသာ ထွက်ပေါ်လာခဲ့လျှင် သူတို့အတူတကွလုပ်ဆောင်ခဲ့လျှင်တောင် ၎င်းအားထိန်းချုပ်နိုင်မည်ဟုကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိကြချေ။

သူတို့အနေဖြင့် ဤသတို့သားရွေးချယ်ပြိုင်ပွဲအားကျင်းပပြီး ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးအား ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်းသို့ဝင်ရောက်စေကာ ပို၍သန်မာလာစေရန်လိုချင်ခဲ့သည်။ထို့နောက်၎င်းထွက်လာချိန်တွင်သူတို့၏အကူအညီဖြင့် မိစ္ဆာသတ္တဝါအားအတူတကွရင်ဆိုင်

တိုက်ခိုက်ကြမည်ဖြစ်သည်။

ထို့သို့သာမဟုတ်ပါက လန်မိသားစု၏လျှို့ဝှက်ရတနာအတွင်း ပြင်ပလူတစ်ဦးအားဝင်ရောက်စေ၍ဖြုန်းတီးခြင်းကိုမည်ကဲ့သို့ပြုလုပ်ပါမည်နည်း။အရင်သာဆိုလျှင် ရှစ်ဖုန့်မှာ ထျန်းလျန်အင်ပါယာဧကရာဇ်မင်း ၏သားမက်တော်သာဖြစ်လိမ့်မည်ဖြစ်သည်။၎င်း၌မိသားစုနမည် လန်မပါလျှင် သေချာက်ပေါက်ဝင်ခွင့်ပြုခံရလိမ့်မည်မ

ဟုတ်ပေ။

“ဒီကလေးမှာဘာမှဆိုးရွားတာမဖြစ်ဖို့

ငါမျှော်လင့်တယ်..မဟုတ်ရင်..အဲ့ကောင်မလေးဝမ်းနည်းလိမ့်မဘ်”

လန်ယွမ်ကကောင်းကင်ဘုံသိုင်းမျှော်စင်သို့ကြည့်၍ တီးတိုးရေရွတ်လိုက်သည်။

ထိုလူများက မြေအောက်နန်းတော်အတွင်းမှမ

ထွက်ခွာကြသော်လည်း လန်ယွမ်ကတော့ကွဲပြားသည်ဖြစ်သည်။ထျန်းလျန်အင်ပါယာ၏ဧကရာဇ်မင်းတစ်ပါးဖြစ်ပြီးနိုင်ငံတစ်ခု၏အုပ်ချုပ်သူတစ်ဦး ဖြစ်သည်နှင့်အညီ သူ့အနေဖြင့်နံနက်ခင်းညီလာခံသို့ တက်ရောက်၍ ဆောင်ရွက်စရာကိစ္စအဝဝအားပုံမှန်ဆောင်ရွက်ရသည်ဖြစ်သည်။

နန်းတော်ထဲ၌သူတုံနေအောင်

ချစ်ရသောထိုကောင်မလေးနှင့် အကြိမ်များစွာတွေ့ရမည်ဖြစ်သည်။ထိုညက ရှစ်ဖုန့်၏ငြင်းဆိုမှုအားသူမခံလိုက်ရပြီးကတည်းက သူမအားဖခင်တစ်ဦးဖြစ်သည်သူ့ထက်မည်သူကမှကောင်းစွာပိုမသိကြချေ။ထို့အပြင်သူက သူမကြီးပြင်းအရွယ်ရောက်လာသည်အားကြည့်ရှုခဲ့သူဖြစ်သည်။လက်တလော၌သူ၏သမီးဖြစ်သူအရမ်းမပျော်မရွှင်ဖြစ်နေသည်

ကိုလန်ယွမ်မြင်နိုင်သည်ဖြစ်၏။

ထိုထက်ပိုသည်ကားလန်ယွမ်မှာ

သူ့သမီး၏အစေခံမလေး ရှောင်းစွေ့အားကိုယ်တိုင်ခေါ်တွေ့ခဲ့သည်။

ရှောင်းစွေ့၏တင်ပြချက်အရ

ထိုကောင်မလေးမှာ လက်တလော၌ စိတ်လွတ်နေသည်။တိတ်တဆိတ်ငိုကြွေးခဲ့သော အကြိမ်အချို့ပင်ရှိခဲ့သည်ဖြစ်သည်။

“ဘာတွေပဲဖြစ်နေပါစေ သူသာကောင်းကင်ဘုံသိုင်းမျှော်စင်

ထဲတကယ်သေခဲ့ရင် ငါအဲ့ကောင်မလေးကိုပေးမသိနိုင်ဘူး. “

လန်ယွမ်သူ့ဖာသာသူတွေးလိုက်သည်။အကယ်၍သူသာကောင်းကင်ဘုံသိုင်းမျှော်စင်ထဲကထွက်မလာခဲ့ပါက ထိုကလေးကနှုတ်ဆတ်ခြင်းပင်မပြုဘဲထွက်ခွာသွားသည်ဟုသူပြောမည်ကို ဆုံးဖြတ်ထားပြီးဖြစ်သည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ခုနှစ်လွှာမြောက်တွင်ဖြစ်သည်။ ကောင်းကင်ထဲသို့ ထိုးထက်နေသည့်ခရမ်းရောင်မီးတောက်များဖြင့်ပြည့်နေသောကမ္ဘာတစ်ခုရှိသည်ဖြစ်သည်။

ထိုနေ့က ရှစ်ဖုန့် ငွေရောင်တံစဉ်အားအသုံးပြု၍ ခရမ်းရောင်မီးတောက်နဂါးအားသတ်ပစ်ခဲ့သည်။နှစ်နာရီခန့်ပျံသန်းပြီးသည့်နောက်၌ ခရမ်းရောင်မီးတောက်ကမ္ဘာကရုတ်တရက်ပြင်းထန်စွာတုန်ခါသွားသည်။

ကမ္ဘာတစ်ခုလုံးလှုပ်ခါသွားသကဲ့သို့ ခရမ်းရောင်မီးတောက်များမှာ မြေပြင်မှစတင်လှိမ့်တက်လာသည်။

ဧရာမမီးတောက်တိုင်လုံးများက ကောင်းကင်ထဲသို့ ဧရာမရေပန်းများကဲသို့ ထိုးတက်လာ၏။

သိပ်သည်းလှသောခရမ်းရောင်မီးတောက်တိုင်လုံးများက ကောင်းကင်ထဲသို့ ထိုးတက်လာပြီးရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။ကောင်းကင်ထက်မှကျဆင်းလာသောဧရာမမီးလုံးများက ရှစ်ဖုန့်အားခြေမွပစ်ရန်ကျဆင်းလာ၏။

အစပိုင်း၌ ရှစ်ဖုန့်မှာ သွေးနီရောင်မီးတောက်များအားတောက်လောင်စေ၍ ၎င်းပြင်းထန်သောစွမ်းအားတို့ကို ခုခံနိုင်ခဲ့သည်။

သို့သော် အချိန်များဖြည်းညှင်းစွာကုန်ဆုံးလာသကဲ့သို့ ခရမ်းရောင်မီးတောက်တိုင်လုံးများနှင့် ကောင်းကင်ထဲမှကျဆင်းလာသော ဧရာမခရမ်းရောင်မီးလုံးများက ပို၍ပို၍ ပြင်းထန်လာပြီး စွမ်းအားကြီးမားလာသည်ကို ရှစ်ဖုန့်တွေ့လာရသည်။

ခရမ်းရောင်မီးတော်ကများက အပေါ်သို့ထိုးတက်လာပြီး ရှစ်ဖုန့်ကိုယ်မှထွက်ပေါ်လာသော သွေးနီရောင်မီးတောက်တို့အားငြိမ်းသွားစေသည်။ကျဆင်းလာသောဧရာမခရမ်း

ရောင်မီလုံးများက မျက်စိတစ်မှိတ်အတွင်းရှစ်ဖုန့်၏တစ်ကိုယ်လုံးအား ဝါးမျိုသွားသည်။

ယခုအချိန်၌ရှစ်ဖုန့်မှာ ပြင်းထန်စွမ်းအားကြီးသောမီးတောက်များကိုခုခံရန်အတွက် သွေးနီရောင်ချပ်ဝတ်အား အသက်သွင်း၍ခုခံခြင်းသာ တက်နိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် ကုန်ဆုံးသွားသောနေ့ရက်များအား စိတ်ထဲ၌ရေတွက်နိုင်ခြင်းမရှိပေ။ဤကံဆိုးခြင်း ကွင်းပြင်အတွင်ပြင်းထန်သောမီး

တောက်များအားသူခုခံနေရသည်မှာ အချိန်တော်တော်ကြာမြင့်နေပြီဖြစ်သည်တစ်ခုတည်းကိုသာရှစ်ဖုန့်သိသည်ဖြစ်သည်။

ရှစ်ဖုန့်၏ ကိုယ်တွင်ယခုအခါ၌ မီးတောက်များ၏ လောင်ကျွမ်းရာများဖြင့်ပြည့်နှက်နေသည်။

ကောင်းမွန်သောအသားဟူ၍တစ်နေရာပင်ရှာမရတော့ချေ။သူ၏မူလက ချောမောသောမျက်နှာပင် ဖျက်ဆီးခံလိုက်ရသည်မှာကြာပြီဖြစ်သည်။

“ဝုန်း..ဝုန်း”

ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာမြည်ဟိန်းနေပြီး ရှစ်ဖုန့်အနေယင်းအားကြုံတွေ့နေခဲ့သည်မှာ

ကြာပြီဖြစ်သည်။မြန်ဟိန်းသံတစ်ချက်အားကြားလိုက်ရသည့်အချိန်တိုင်းတွင် ဤစည်းချက်နှင့်အညီစွမ်းအင်အတက်

အကျများဖြစ်ပေါ်လာကာ သူ့အားလောင်ကျွမ်းနေသောခရမ်းရောင်

မီးတောက်များ၏စွမ်းအားက ပို၍အားကောင်းလာသည်ကို ရှစ်ဖုန့်အာရုံခံမိသည်ဖြစ်သည်။

All Chapters