အခန်း (၆၃၆)
Vol. 43 Ch. 636
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ခုနှစ်လွှာမြောက်တွင် ပြင်းထန်သောမီးတောက်များကတောက်လောင်နေပြီးဤကမ္ဘာနှင့်အရာအားလုံးတို့အား ဖျက်ဆီးပစ်တော့မည်သကဲ့သို့အရူးအမူးလောင်ကျွမ်းနေသည်။
ရှစ်ဖုန့်မှာ ဤကမ္ဘာရှိတစ်ဦးတည်းသောသက်ရှိ
တစ်ဦးဖြစ်ပြီး သူ့အနေဖြင့် စွမ်းအားကြီးခရမ်းရောင်မီးတောက်များ
၏လောင်ကျွမ်းမှုအားခံနေရသည်။ ဤကမ္ဘာရှိ ခရမ်းရောင်မီးတောက်များက ပိုပိုများလာပြီး သူ့ထံသို့အရူးအမူးတစ်ဟုန်ထိုးဦးတည်လာနေသည်ကို သူအာရုံခံမိပြီးဖြစ်သည်။ဤကမ္ဘာက သူ့ဖာသာသူဖျက်ဆီးနေပုံရပြီး ရှစ်ဖုန့်ကလည်းအရှုံ့းပေးခြင်းမရှိသေးပေ။
ရှစ်ဖုန့်၏ကိုယ်အတွင်းရှိ ငရဲဘုံကိုးခု စွမ်းအင်တို့အား သွေးရောင်ချပ်ဝတ်အတွင်းသို့အရူးအမူး
သွန်းလောင်းထည့်ပြီး သွေးရောင်ချပ်ဝတ်အားအသက်သွင်း၍ သူ၏ကိုယ်အားကာကွယ်ရန် တောက်ပသော သွေးနီရောင်အလင်းတို့အား
ထုတ်လွှတ်နေသည်။
“ဝုန်း..ဝုန်း.”
ကမ္ဘာတစ်ခုလုံးရုတ်တရက်တုန်ခါမှုနှင့်အတူ ရင်းနှီးသောအသံတစ်ခုက ရှစ်ဖုန့်၏နားထဲသို့ ရုတ်ခြည်းဝင်ရောက်လာသည်။
ဤအသံအားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်စိတ်ထဲမှကျိန်ဆဲလိုက်သည်။
“သေစမ်း..ထပ်ပြီးလာပြန်ပြီ”
ဤရက်များအတွင်း ဤမြည်ဟိန်းသံအားရှစ်ဖုန့်ကြားလိုက်ရသည့်အချိန်တိုင်းတွင် သူ၏ကိုယ်အား မီးများတောက်လောင်မှုကို ရုတ်ခြည်းခံစားရသည်ဖြစ်သည်။မီးတောက်တို့၏စွမ်းအင်ကလည်း ပို၍ထပ်မံစွမ်းအားကြီးလာပြန်သည်။
“ဒီလိုသာဆက်သွားနေရင် ငါ့ကိုယ်သတ်သေသလိုပဲဖြစ်နေတော့မယ်”
ရှစ်ဖုန့်က သူ့အားလောင်ကျွမ်းနေသာ မီးတောက်များအား ခုခံနေရင်းစိတ်ထဲမှထပ်မံကျိန်ဆဲလိုက်သည်။
ထို့နောက်ချက်ချင်း သူ၏အထက််ကောင်းကင်ထဲမှလာနေသော စွမ်းအားကြီးရှေးဟောင်းအရှိန်အဝါတစ်ခုအား ရှစ်ဖုန့် အာရုံခံမိလိုက်သည်။
ရှစ်ဖုန့်ကသူ၏ခေါင်းအားမော့ကာ
အပေါ်သို့ကြည့်လိုက်ပြီးသည့်နောက်တွင် တုန်လှုပ်အံ့အားသင့်စွာဖြင့်
ရေရွတ်ပြောဆိုလိုက်၏။
“အဲ့တာက ဒီမိစ္ဆာနဂါးပဲ ..သူထပ်ပြီးမွေးဖွားလာပြန်ပြီ.. သူရဲ့အသက်ရှုသံကိုငါခံစားမိနိုင်တယ်…ဒါပေမဲ့ သူရဲ့စွမ်းအားက……..”
ကောင်းကင်ထက်တွင် အစပိုင်းက ရှစ်ဖုန့်၏ငွေရောင်တံစဉ်ဖြင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ဧရာမ ခရမ်းရောင်မီးတောက်နဂါးကြီးက ထပ်မံပေါ်လာကာ အစွယ်များလက်သည်းများကို ဝင့်၍ ပျံသန်းနေသည်။
ဤခရမ်းရောင်နဂါးပြန်လည်မွေးဖွားလာခြင်းနှင့်ပက်သက်၍ ရှစ်ဖုန့်အံ့အားမသင့်သော်လည်း ဤမီးတောက်နဂါး၏ကိုယ်မှယခင်ကနှင့်
နှိုင်းယှဉ်၍ မရသော စွမ်းအားတစ်ခုကို ရှစ်ဖုန့်ခံစားမိခဲ့သည်ဖြစ်သည်။ယင်းမှာနှလုံးရပ်သွားစေနိုင်သောတုနှိုင်းမဲ့စွမ်းအား
တစ်ခုဖြစ်သည်။
“ဧကရာဇ်နယ်ပယ်မီးတောက်နဂါးတစ်ကောင်”
ထို့နောက်ရုတ်ခြည်း ကောင်းကင်ထဲ၌ပျံသန်းနေသော ဧရာမ ခရမ်းရောင်မီးတောက်နဂါးကြီးက ၎င်း၏နဂါးခေါင်းအားငုံ့၍ တူညီသော ကြီးမားသည့်၎င်း၏မျက်လုံးနှစ်လုံး
တို့ဖြင့်ရှစ်ဖုန့်အားမျက်မှောင်ကုတ်ကာ စိုက်ကြည့်နေသည်။နဂါး၏မျက်နှာထက်၌ ခက်ထန်ကြမ်းကြုတ်မှုတို့ဖြင့်ပြည့်နှက်နေ၏။သူ၏ရန်သူအားတွေ့လိုက်သောအခါတွင် သူ့အားယခင်ကသတ်လိုက်သော
သူကိုတွေ့လိုက်ရသကဲ့သို့ မုန်းတီးမှုတို့ဖြင့်ပြည့်နှက်နေသည်။၎င်း၏မျက်မှောင်ကုတ်မှုမှတစ်ဆင့် ဤဧရာမ ခရမ်းရောင်မီးတောက်နဂါးကြီးက သူ့အား အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည်ကို သိနိုင်သည်ဖြစ်သည်။
“ဂါး”
ဧရာမမီးတောက်နဂါးကြီးက ဒေါသတကြီးအော်ဟစ်လိုက်ပြီးနဂါး၏ အော်သံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ရိုတ်ခတ်ထွက်ပေါ်လာသည်။ထို့နောက်
ချက်ချင်းအရာအားလုံးအားဖျက်ဆီးပစ်နိုင်
ပုံရသောစွမ်းအားဖြင့် ဧရာမမီးတောက်နဂါးကြီး၏ ကိုယ်က အောက်ဘက်ရှိရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးထိုးဆင်းဦးတည်လာသည်။
“ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်စွမ်းအား”
ရှစ်ဖုန့်ကသူ့ထံသို့ ထိုးဆင်းလာသောမီးတောက်နဂါးကြီးအား
စိုက်ကြည့်နေသည်။ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်စွမ်းအား မှာရိုးရှင်းစွာပင် ယခုအချိန်၌သူ ရင်ဆိုင်နိုင်ခြင်းမရှိသေးသောအရာဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က ပါးစပ်အားဖြည်းဖြည်းချင်းဖွင့်ဟ၍ ပြောလိုက်သည်။
“သွားဖို့ကဒီတစ်နည်းပဲရှိတော့တဲ့ပုံပဲ. တစ်ချက်ကြည့်တာပေါ့”
ရုတ်ခြည်းရှစ်ဖုန့်ကသူ၏ ဘယ်လက်မှလက်ငါးချောင်းအားဖြန့်လိုက်ပြီး သူ၏လက်ဖဝါးအားကောင်းကင်ထဲသို့ မျက်နှာမူ၍ နဂါး၏သက်ရောက်ရောက်မှုအားရင်ဆိုင်လိုက်သည်။ထို့နောက် ရှစ်ဖု်န့၏လက်မှသွေးနီရောင်အလင်းတန်းတစ်ခုကပေါက်ကွဲထွက်ပေါ်လာသည်။
“ဟိုး.ဟိုး.ဟိုး.ဟိုး.”
ရှစ်ဖုန့်၏အထက်ကောင်းကင်ထဲတွင် နောက်ထပ် အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးအားဖြတ်သန်းရိုက်ခတ်ကာ ပို၍ ရုန်းရင်းဆန်ခတ်မှုတို့ဖြစ်လာစေ၏။
ရှစ်ဖုန့်၏မျက်လုံးအောက်၌ပင် ကောင်းကင်ထဲသို့ ဧရာမ အနက်ရောင်သံမဏိတိုင်လုံးကြီးတစ်ခုက ထိုးတက်လာသည်။ အစောပိုင်းကအော်ဟစ်သံက သံမဏိချိန်းကြိုးဖြင့်တိုင်လုံးကြီးအားချည်နှောင်ထားရာ အနက်ရောင်သံမဏိတိုင်လုံးကြီး၏ အောက်ခြေဘက်မှထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းမှာ ချူးမိသားစု ၏ချိတ်ပိတ်ကုန်းမြေ၌ ရှစ်ဖုန့်ရရှိခဲ့သော အနက်ရောင်ရှိပြီး သန်မာသည့်အဝတ်မဲ့ကိုယ်အား သံမဏိချိန်းကြိုးများဖြင့်ချည်နှောင်ထားခြင်းခံထားရသော အလောင်းကောင်ဧကရာဇ်ပင်ဖြစ်သည်။
ဟုန်းဟုန်းတောက်တောက်လောင်နေသော ဧကရာဇ်နယ်ပယ်နဂါးကြီးအောက်ကို
ထိုးဆင်းဦးတည်လာနေခြင်းအားရင်ဆိုင်ရန်အတွက် ရှစ်ဖုန့် ပို၍ ခက်ထန်ကြမ်းကြုတ်နေသော အလောင်းကောင်ဧကရာဇ်အား သူ၏သွေးကျောက်ပြားနေရာ
လွတ်ကမ္ဘာအတွင်းမှလွှတ်ပေး
လိုက်ခြင်းဖြစ်သည်။
အလောင်းကောင်ဧကရာဇ်မှာ ဤကမ္ဘာ၌ပေါ်ပေါ်လာခြင်း ရူးသွပ်စွာ အော်ဟစ်နေသည်။ထို့နောက် သတ္ထုချင်းထိခတ်သောအသံများက
အဆက်မပြတ်ထွက်ပေါ်လာသည်။
သို့သော်ဤအခိုက်အတန့်တွင် ခက်ထန်သော အလောင်းကောင် ဧကရာဇ်မှာ ဒေါသတကြီးဖြစ်နေသောသူ၏
အနက်ရောင်မျက်နှာထက်၌ တစ်စုံတစ်ခုအားရုတ်တရက် ခံစားမိပုံရမှုကိုပြသလာပြီး
လွန်စွာတုန်လှုပ်သောအမူအယာတို့ဖြစ်ပေါ်လာသည်။သူ၏ခေါင်းအား ရုတ်တရက်မော့လိုက်ပြီးနောက် အလောင်းကောင်ဧကရာဇ်မျက်လုံးတို့က ရုတ်တရက်ပြူးကျယ်သွား ကာ ဟင်းလင်းပြင်ထဲသို့ကြက်သေသေစွာ စိုက်ကြည့်နေသည်။ဧရာမခရမ်းရောင်
မီးတောက်နဂါးကြီးတစ်ကောင်က တစ်ဟုန်ထိုးထိုးဆင်းလာနေ၏။
“ဒီ.နဂါး.မီးတောက်နဂါး…အား..အား….ကြယ်တစ်ပွင့်…ဧကရာဇ်နယ်ပယ်..
မီးတောက်နဂါးတစ်ကောင်”
စွမ်းအားကြီး ဧရာမ ခရမ်းရောင်မီးတောက်နဂါးကြီးတစ်ကောင်အားတွေ့လိုက်ရသောအခါတွင် အလောင်းကောင်ဧကရာဇ်မှာပို၍ ခက်ထန်ကြမ်းကြုတ်လာပြီး သံမဏိချိန်းကြိုးများ၏
အက်ကွဲသောအသံများက ပို၍ကျယ်လောင်လာကာ ပို၍ အဆက်မပြတ်ဖြစ်ပေါ်လာသည်။
ဒေါသထွက်နေသောအလောင်းကောင်ဧကရာဇ်မှာ အပြင်းအထန်ရုန်းကန်နေပြီး သူ၏ကိုယ်ပိုင်ခွန်အားဖြင့်
ဆီးလ်အားချိုးဖျက်၍ ဦးတည်လာနေသော နဂါးအားခုခံရန်ကြိုးပမ်းနေသည်။
သို့သော် အလောင်းကောင်ဧကရာဇ်ရုန်းနေရင်း
သိပ်မကြာလိုင်ခင်မှာပင် ဧရာမ မီးတောက်နဂါးကြီးက ကောင်းကင်ထဲအထိထိုးတက်နေသာ ဧရာမအနက်ရောင်သံမဏိတိုင်လုံးကြီးအား လာရောက်ပစ်ဆောင့်ထိမှန်သွားသည်။
ထို့နောက်တွင် အဆက်မပြတ်ထွက်ပေါ်လာ
သောပေါက်ကွဲသံများအာကြားရ၏။
“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း.”
ခရမ်းရောင်မီးတောက်နဂါးကြီး
ကအဆက်မပြတ်တိုက်ခိုက်နေသကဲ့သို့ ၎င်းဖြတ်သန်းသွားသောနေရာတိုင်းတွင် အနက်ရောင်သံမဏိတိုင်လုံးကြီးက အပိုင်းပိုင်းပေါက်ကွဲထွက်သွားကာ ဧရာ မအနက်ရောင်သံမဏိတိုင်လုံးကြီးမှာ အပိုင်းအစများအဖြစ်သို့ပြောင်းလဲသွားသည်။ ဧရာမအနက်ရောင်သံမဏိတိုင်လုံးကြီး မှာ ဟင်းလင်းပြင်ထဲ၌ အစအနများအဖြစ် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ ၎င်း၏ရှေ့၌ မည်သည့်အရာကမှ၎င်း၏လမ်းကြောင်းအား တားဆီးနိုင်စွမ်းမရှိသည့်ပုံပေါ်၏။
ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်မီးတောက်နဂါး၏စွမ်းအားအရမ်းကိုထိတ်လန့်
ကြောက်ရွံ့ဖို့ကောင်းသော စွမ်းအားဖြစ်သည်။
ထို့နောက်တွင် အနက်ရောင်သံမဏိတိုင်လုံးကြီးအား ထိုးခွဲဖျက်ဆီးလာသော မီးတောက်နဂါး၏ ဧရာမကိုယ်ကြီးက ရုတ်တရက် အလောင်းကောင်ဧကရာဇ်၏ အနက်ရောင်ခန္ဓာကိုယ်နှင့် ပစ်ဆောင့်သွားသည်။
“ဂါး”
“ဂါး”
ဟင်းလင်းပြင်ထဲ၌ နဂါးတစ်ကောင် ၏အော်သံထပ်မံထွက်ပေါ်လာပြီး ကြမ်းကြတ်သော သားရဲတစ်ကောင်၏ အသံကဲ့သို့ အလောင်းကောင်ဧကရာဇ် ၏ ပါးစပ်မှလည်းအသံထွက်ပေါ်လာသည်။
ထို့နောက်ချက်ချင်း မိုးခြိမ်းသံကဲ့သို့သောပေါက်ကွဲ
သံတစ်ခုထွက်ပေါ်လာ၏။
“အုန်း”
ဟင်းလင်းပြင်ထဲ၌ စွမ်းအားကြီးစွမ်းအင်တစ်ခု အဟုန်ပြင်းစွာဖြစ်ပေါ်နေသည်။ဟင်းလင်းပြင်အားလှုပ်ခါစေသောစွမ်းအင်အတက်အကျလှိုင်းများကလည်း ဖြစ်ပေါ်နေ၏။ကောင်းကင်ထဲ
အထိတိုင်ပြည့်နှက်နေသော ခရမ်းရောင်မီးတောက်များမှာ စွမ်းအားကြီး စွမ်းအင်အတက်အကျလှိုင်းတို့နှင့် ထိတွေ့သောအခါတွင် ရုတ်ခြည်းဘာမှကျန်ရစ်ခြင်း
မရှိတော့သည်အထိပြောင်းလဲသွားသည်။
ဤအချိန်တွင် ရှစ်ဖုန့်မှာ အလောင်းကောင်ဧကရာဇ်နှင့် နဂါးကြီးတို့ ပစ်ဆောင့်ရာဧရိယာနှင့် ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီးဖြစ်သည်။
“ဒီမိစ္ဆာသားရဲနှစ်ကောင်က တော်တော်ကြမ်းတမ်းတာပဲ”
ရှစ်ဖုန့်ကထိုဘက်သို့ ကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“ဂါး”
“ဘန်း..ဘန်း.ဘန်း..ဘန်း.ဘန်း”
အလောင်းကောင် ဧကရာဇ်မှာ ခရမ်း ရောင် မီးတောက်နဂါးကြီးနှင့်ပြင်းထန်စွာ
ပစ်ဆောင့်နေဆဲအချိန်၌ပင် ထပ်မံအော်ဟစ်လိုက်သည်။
အလောင်းကောင်ဧကရာဇ်၏
ခက်ထန်သောအော်ဟစ်မှုအောက်တွင် သူ၏ ပိတုန်းနက်ကဲ့သို့ကိုယ်အား ချည်နှောင်ထားသော အနက်ရောင် သံမဏိချိန်းကြိုးများမှာ သူ၏စွမ်းအား အောက်၌ ရုတ်တရက်ပေါက်ကွဲထွက်ကုန်သည်။
သူ၏လည်ပင်း၊ရင်ဘက်၊လက်တို့တွင် ထိုးစိုက်ထားသော အနက်ရောင်သံမဏိအပ်များမှာလည်း စတင်ပေါက်ကွဲထွက်လာသည်။
အလောင်းကောင်ဧကရာဇ်၏ ကိုယ်မှအကြွင်းမဲ့ စွမ်းအားကြီးအရှိန်အဝါတို့ မြင့်တက်ထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
“ဒီသတ္တဝါဆီးလ်ကိုချိုးဖျက်သွားပြီ”
ကြီးစွာပြောင်းလဲသွားသော
အရှိန်အဝါကိုကြည့်၍ ရှစ်ဖုန့်ကသူ့ဖာသာသူထပ်မံတီးတိုး
ရေရွတ်လိုက်သည်။
သို့သော် ဤသတ္တဝါဆီးလ်အား ချိုးဖျက်ခြင်းကသူ၏မျှော်မှန်းထားချက်အတွင်း၌သာရှိသည်ဖြစ်သည်။အလောင်းကောင်ဧကရာဇ်၏နဖူး၌ ထိုးစိုက်ထားခဲ့သော မြင့်မြတ်ဓား၏အပိုင်းအစက သူနှုတ်ယူထားခဲ့ပြီးဖြစ်၏။ ထို့နောက်တွင် ဆီးလ်အား ဖြည့်တင်းရန်အတွက်သွေးကျောက်ပြား၏စွမ်းအားကိုသူအသုံးပြုခဲ့ခြင်းဖြစ်သည်။
ယခု ဤသတ္တဝါအား သွေးကျောက်ပြားနေရာလွတ်ကမ္ဘာ
အတွင်းမှထုတ်ပေးလိုက်ပြီးသည့်နောက်၌ ဆီးလ်၏စွမ်းအားက မပြည့်မစုံဖြစ်လာလိမ့်မည်ဖြစ်သည်။
ထိုထက်ပိုသည်ကား အနက်ရောင်သံမဏိတိုင်လုံးကြီးအားလည်း မီးတောက်နဂါးကအစောပိုင်းက ဖျက်ဆီးပစ်လိုက်သည်ဖြစ်သည်။