အခန်း (၆၃၇)
Vol. 43 Ch. 637
“ဂါး.ဂါး.ဂါး..ဂါး.ဂါး…”
အလောင်းကောင်ဧကရာဇ်မှာ ဆီးလ်အားချိုးဖျက်ပြီးသည့်နောက်
လေထဲ၌ ဆက်လက်ဟစ်အော်နေသည်။ သူ၏အသံမှတဆင့် ဖော်ပြ၍မရနိုင်လောက်သော စိတ်လှုပ်ရှားမှုနှင့်ပျော်ရွှင်မှုတို့ပါဝင်
နေသည်ကို ကြားသိနိုင်သည်ဖြစ်သည်။ဤသည်မှာ နှစ်တွေမည်မျှကြာမြင်ခဲ့ပြီဖြစ်ပါသနည်း။နှစ်တွေမည်မျှရှိခဲ့ပြီဖြစ်သနည်း။နောက်ဆုံး၌
သူဆီးလ်အားချိုးဖျက်နိုင်ခဲ့ပြီးသူ၏လွတ်လွပ်မှုအားပြန်လည်ရရှိနိုင်ခဲ့ပြီဖြစ်သည်။
သူ့ထက်အားနည်းခြင်းမရှိသော ပြိုင်ဘက်အားရင်ဆိုင်နေရသည့်အချိန်တွင်ပင် အလောင်းကောင်ဧကရာဇ်၏ကိုယ်၌ စွမ်းအားများဖြင့်ပြည့်နှက်နေသည်။ သူ၏ ပြိုင်ဘက်က ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်ဖြစ်ပြီးသူ့ထက်အားနည်းခြင်းမရှိတော့ရော
ဘာဖြစ်သေးသနည်း။
“ဂါး”
အလောင်းကောင်ဧကရာဇ်က
အော်ဟစ်လိုက်သကဲ့သို့ သူ့ပတ်ဝန်းကျင်ရှိနေရာတစ်ခုလုံး ပြင်းထန်စွာလှုပ်ခါသွားသည်။ ထို့နောက်တွင် အလောင်းကောင်ဧကရာဇ်က သူ၏ပုရွတ်ဆိတ်ကဲ့သို့သေးငယ်သော ကိုယ်ဖြင့် ဧရာမမီးတောက်နဂါးကြီးအား
ရင်ဆိုင်လိုက်ပြီးနောက် ဧရာမမီးတောက်နဂါးကြီး၏ ဦးခေါင်းထံသို့ ပြင်းထန်သောလက်သီးတစ်လုံးအား
ပစ်သွင်းလိုက်သည်။
လက်သီးချက်ဖြတ်သန်းသွားသော နေရာတိုင်းတွင် နေရာတစ်ခုလုံးပို၍ ပြင်းထန်စွာတုန်ခါသွားသည်။ ဤလက်သီးချက်က မည်မျှအထိကြောက်ဖို့ကောင်းသည်ကို စိတ်ကူးကြည့်၍ ရနိုင်သည်ဖြစ်သည်။
“ဂါး”
အလောင်းကောင်ဧကရာဇ်၏
ပြင်းထန်သောလက်သီးချက်အား ရင်ဆိုင်ရင်းဧရာမမီးတောက်နဂါးကြီးမှာပို၍ ခက်ထန်လာသည်။၎င်းကခက်ထန်သော
နဂါးအော်သံကိုအော်ဟစ်လိုက်သည်။ထို့နောက်တွင် ဧရာမ ခရမ်းရောင်မီးတောက်နဂါးကြီးက ပါးစပ်အပြည့်ကြီးမားသောစွမ်းအင်များ
ပါဝင်သည့်
မီးတောက်များအားမှုတ်ထုတ်လိုက်ပြီး အလောင်းကောင်ဧကရာဇ်အား
ဝါးမျိုရန်ကြိုးပမ်းလိုက်သည်။
“ဟ”
အလောင်းကောင်ဧကရာဇ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏ပြင်းထန်သောလက်သီးချက်က ပြင်းထန်သောခရမ်းရောင်မီးတောက်များဖြင့် တွေ့ဆုံသွားသည်။၎င်းကခရမ်းရောင်မီးတောက်အားဆန့်ကျင်၍ ရှေ့သို့ တိုးဝင်သွားပြီး နဂါးဦးခေါင်းထံသို့ချဉ်းကပ်သွားသည်။
သို့သော် ဤအချိန်တွင် ဧရာမခရမ်းရောင်မီးတောက်နဂါးကြီး၏ အမြှီးက အလောင်းကောင်ဧကရာဇ်၏အထက်၌ ပေါ်လာသည်။ ၎င်းက အောက်ဘက်ရှိအလောင်းကောင်ဧကရာဇ်ထံသို့ ပြင်းထန်စွာဖြင့် ခြေမွပစ်ရန်ကျဆင်းလာသည်။
အမြှီး၌ပါဝင်သောစွမ်းအားတို့က ခြေမွဖျက်ဆီးပစ်နိုင်သော
တောင်ငယ်လေးတစ်လုံးကဲ့သို့ပင်ဖြစ်သည်။
“ဂါး”
အခြားတစ်ဖက်တွင် ရှစ်ဖုန့်မှာ သွေးနီရောင်ချပ်ဝတ်အားအသုံးပြု၍ သူ့ထံသို့ ဦးတည်လောင်ကျွမ်းလာနေသော ခရမ်းရောင်မီးတောက်များအား
ခုခံနေဆဲဖြစ်သည်။တစ်ဖက်တွင်လည်း ဧကရာဇ်နယ်ပယ်နှစ်ဦးကြား
ကတိုက်ပွဲအားသူစောင့်ကြည့်နေဆဲဖြစ်၏။
နဂါးအမြှီးက အလောင်းကောင်ဧကရာဇ်ထံ
သို့ဦးတည်လာသောအခါတွင်မူလက ဧရာမမီးနဂါးခေါင်းကြီးအားချိန်ရွယ်ထားသော အလောင်းကောင်ဧကရာဇ်၏ လက်သီးမှာ ရုတ်တရက်ဦးတည်ချက်ပြောင်းသွားသည်။သူ ၏ပိတုန်းကဲ့သို့ မည်းနက်သောကိုယ်ကလည်း ကောင်းကင်ထဲသို့ထိုးတက်သွား၏။
ဤသတ္တဝါနှစ်ဦးစလုံးမှာ ကြယ်တစ်ပွင့် ဧကရာဇ်နယ်ပယ်များဖြစ်ကြသည်။ ၎င်းတို့၏စွမ်းအားကမျှခြေညီနေ၏။အနိုင်ရလဒ်အားဆုံးဖြတ်ရန်အတွက်အချိန်တစ်ချို့ယူရလိမ့်မည်ဖြစ်သည်.
သို့သော်ရှစ်ဖုန့်အနေဖြင့် ဤသတ္တဝါနှစ်ကောင်ဆက်
တိုက်ခိုက်နေဖို့ကိုမျှော်လင့်သည်။
အဆုံးသတ်၌နှစ်ဦးစလုံးထိခိုက်သွားခဲ့လျှင် အကောင်းဆုံးဖြစ်သည်။ထို့နောက်တွင်သူကအကျိုးအမြတ်များအား
ရိတ်သိမ်းနိုင်လိမ့်မည်ဖြစ်၏။
ကောင်းကင်ဘုံသိုင်းမျှော်စင်၏အပြင်ဘက်တွင်နောက်ထပ်နှစ်ရက်အချိန်ကုန်သွားခဲ့သည်။
အခြားစကားဖြင့်ပြောရလျှင် လူငယ်ခုနှစ်လွှာမြောက်သို့ ဝင်ရောက်သွားခဲ့ပြီးနောက် စုစုပေါင်းခုနှစ်ရက်တာကုန်လွန်သွားခဲ့ပြီဖြစ်သည်။ကောင်းကင်ဘုံသိုင်းမျှော်စင်၏
ခုနှစ်လွှာမြောက်၌ လင်လက်ခဲ့သော ခရမ်းရောင်အလင်းမှာလည်း ဆက်လက်လှုပ်ရှားလာခြင်းမရှိတော့ချေ။
“အဲ့လူငယ်လေး ထွက်မလာသေးတာတော်တောကြာနေပြီ.. သူတကယ်အဲ့မှာသေသွား
တာဖြစ်ကောင်းဖြစ်နေနိုင်တယ်..”
ဤသည်မှာ လန်မိသားစုဝင်ဆယ့်နှစ်ဦးတို့၏ ယေဘုယျအမြင်ပင်ဖြစ်သည်။
ထို့အပြင် ခုနှစ်လွှာမြောက်မှာ ကောင်းကင်ဘုံသိုင်းမျှော်စင်၏အထင်ကရခုနှစ်လွှာမြောက်ဖြစ်သည်။
“ဂါး.ဂါး.ဂါး.ဂါး.ဂါး”
“အား..ဟ…ယား..ဟ..”
“ဝုန်း..ဝုန်း.ဝုန်း.ဝုန်း..ဝုန်း”
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ခုနှစ်လွှာမြောက်ရှိ ခရမ်းရောင်မီးတောက်ကမ္ဘာအတွင်း၌ တိုက်ပွဲဖြစ်ပွားနေသည်မှာနှစ်ရက်ကြာမြင့်ခဲ့ပြီ
ဖြစ်သည်။သို့သော် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ပို၍ ပို၍ပြင်းထန်လာသည်။
အလောင်းကောင်ဧကရာဇ်၏တိုက်ခိုက်မှုများမှာ ခရမ်းရောင်မီးတောက်နဂါးမှာပို၍ပို၍သေးငယ်သည်ထက်သေးငယ်လာသည်။ ၎င်းကသေးငယ်သည်ထက်သေးငယ်လာသော်လည်း တောင်ငယ်လေးတစ်လုံးစာအရွယ်တော့ရှိနေဆဲဖြစ်သည်။
အလောင်းကောင်ဧကရာဇ်မှာလည်း လွယ်ကူနေခြင်းတော့မရှိချေ။သူ၏ ကိုယ်ကမီးတောက်များ၏လောင်ကျွမ်းမှု
ကိုခံရပြီး သူ၏ဘယ်လက်မှာလည်း တိုက်ပွဲအတွင်းမီးတောက်နဂါး၏ ကိုက်ဖြတ်ခြင်းကိုခံထားရသည်။သူက လက်တစ်ဖက် အလောင်းကောင်ဧကရာဇ်ဖြစ်လာသည်။
“အချိန်ကျလာတော့မယ်.. ရလဒ်က ဆုံး ဖြတ်ပြီးနေပြီ”
ရှစ်ဖုန်က တိုက်ပွဲမြေပြင်အားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။ရလဒ်အား
ဆုံးဖြတ်ပြီးဖြစ်သည်ကို သူ မြင်ထားပြီးဖြစ်သည်။
ရှစ်ဖုန့်တီးတိုးရေရွတ်နေစဉ်လက်တစ်ဖက်
အလောင်းကောင်ဧကရာဇ်မှာ မီးတောက်နဂါး၏ နဖူးရှေ့သို့ ရောက်နှင့်နေပြီးဖြစ်သည်။သူ၏ကျန်နေသာညာလက်သီးဖြင့် မီးတောက်နဂါး၏နဖူးထံသို့လက်သီးတစ်လုံးပစ်သွင်းလိုက်ပြီး နဂါးကြီး၏ နဖူးအတွင်းသို့ထိုးနှက်လိုက်သည်။
ထို့နောက်ချက်ချင်း ခရမ်းရောင်မီးတောက်နဂါးကြီး၏ကိုယ်မှာ ရုတ်တရက်အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။၎င်းက ခရမ်းရောင်မီးလုံးများအဖြစ်သို့ပြောင်းလဲပြီး အောက်သို့တစ်ဟုန်ထိုးပြုတ်ကျလာသည်။၎င်းမှာကောင်းကင်ထက်မှမီးလုံးမိုးများရွာသွန်းသကဲ့သို့ပင်ဖြစ်သည်။
ခရမ်းရောင်မီးတောက်နဂါးမှာ နောက်ဆုံး၌ အလောင်းကောင်ဧကရာဇ်၏ လက်သီးချက်ဖြင့်ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
အလောင်းကောင်ဧကရာဇ်၏ မည်းနက်ပြီးအဝတ်မဲ့နေသောကိုယ်မှာ လေထဲ၌ ဝင့်ကြွားစွာရပ်နေသည်။လက်သီး
တစ်ချက်တည်းဖြင့်သူဖျက်ဆီးလိုက်သော ဧရာမမီးတောက်ကိုယ်ကြီးနှင့် အဆက်မပြတ်ကျဆင်းနေသောခရမ်းရောင်မီးတောက်များအားကြည့်နေသည်။
“ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်..”
ဤတိုက်ပွဲပြီးသည့်နောက်၌ အလောင်းကောင်ဧကရာဇ်မှာ အပြင်းအထန်ဒဏ်ရာရသွားသည်။သူ၏လက်တစ်ဖက်အားဆုံးရှုံးလိုက်ရ၏။ယခုနောက်ဆုံးတွင် သူ၏ပြိုင်ဘက်အား အနိုင်ယူပြီးနောက်အ
လောင်းကောင်ဧကရာဇ်မှာ ပြင်းထန်စွာအသက်ရှူနေသည်။နှစ်ရက်နှင့်နှစ်ညတာတိုက်ပွဲပြီးသည့်နောက်၌ လက်ရှိသူ့အနေဖြင့်လွန်စွာ
မောပန်းနေသည့်ပုံပေါ်၏။
သို့သော်မကြာခင်တွင် အလောင်းကောင်ဧကရဇ်၏အမူအယာက ကြီးစွာပြောင်းလဲသွားပြီး နောက်သို့ မပြေမပြစ်ဖြင့်လှည့်ကြည့်လိုက်သည်။
ငွေရောင်တံစဉ်တစ်ခုကသူ့ထံသို့ပျံသန်းလာနေသည်ကို အလောင်းကောင်ဧကရာဇ်တွေ့လိုက်ရသည်။ငွေရောင်တံစဉ်အားဖြတ်ကျော်၍ အကွာအဝေးတစ်ခုရှိခရမ်းရောင်
မီးတောက်များပြင်းထန်စွာလောင်ကျွမ်း
နေသောဟင်းလင်းပြင်ထဲ၌ သွေးနီရောင်ပုံရိပ်တစ်ခုအား
သူတွေ့လိုက်ရသည်။
ထို့နောက်တွင် အလောင်းကောင်ဧကရာဇ်က မှတ်မိနိုင်ဖို့ခဲယဉ်းသော မီးမြှိုက်ခံထားရသည့်မျက်နှာအား ကြည့်လိုက်သည်။
ဤမျက်နှာအားကြည့်နေရင်း ၎င်းက ပြာအဖြစ်ပြောင်းလဲသွားလျှင်တောင် အလောင်းကောင် ဧကရာဇ်အနေဖြင့် မည်သူမည်ဝါဆိုသည်ကို မှတ်မိလိုက်သည်။ယင်းမှာ
လွန်ခဲ့သောအချိန်အချို့ခန့်က သူ အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေခဲ့သော မျက်နှာပင်ဖြစ်သည်။ထိုမျက်နှာက မှတ်မိနိုင်ရန် ခဲယှဉ်းလှသော်လည်း ဤစက်ဆုပ်ဖို့ကောင်းသောသူ၏မျက်နှာထက်မှ လှောင်ပြုံးအား
အလောင်းကောင်ဧကရာဇ်မြင်နိုင်ဆဲဖြစ်သည်။
ဤလူက သူ့အားဒေါသထွက်စေရုံသာမက သူ့အပေါ်၌အမြတ်လည်းထုတ်ခဲ့သည်။
“အား. စက်ဆုပ်ဖို့ကောင်းတဲ့လူသား. ..ယုတ်မာကောက်ကျစ်တဲ့လူသား. မင်းသေခြင်းဆိုးနဲ့သေရမယ်.. ငါမင်းကိုအပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်..”
သူ့ထံသို့ဦးတည်လာနေသော
ငွေရောင်တံစဉ်အား ရင်ဆိုင်ရင်း အလောင်းကောင်ဧကရာဇ်မှာထပ်မံ ခက်ထန်လာပြန်သည်။သူ၏မျက်နှာက ကြမ်းကြုတ်သောသားရဲကဲ့သို့ ခက်ထန်နေပြီး အော်ဟစ်လိုက်သည်။
နှစ်ရက်နှစ်ညတာကြာတိုက်ပွဲပြီးသည့်
နောက်တွင်သူပင်ပန်းနွမ်းနယ်နေပြီး ပြင်းထန်စွာထိခိုက်ဒဏ်ရာရထားသည်ဖြစ်သည်။နောက်ဆုံး၌စွမ်းအားကြီးရန်သူအားသူဖျက်ဆီးနိုင်ခဲ့သော်လည်း ဤစက်ဆုပ်ဖို့ကောင်းသောလူသားကသူ့အားတကယ်ကြီးအမြတ်ထုတ်ကာ တိုက်ခိုက်ခဲ့သည်။
ဤအချိန်၌ အလောင်းကောင် ဧကရာဇ်အနေဖြင့် မည်မျှဒေါသခြောင်းခြောင်းထွက်နေပြီး ထိုလူအား မည်မျှဖျက်ဆီးပစ်ချင်နေသည်ဆိုသည်အားမြင်တွေ့နိုင်သည်ဖြစ်သည်။
ပုံမှန်ဆိုလျှင် အလောင်းကောင် ဧကရာဇ်မှာ ဤပျံသန်းလာနေသောငွေရောင်တံစဉ်အား
အလေးအနက်ထားခြင်းပြုလိမ့်မည်
မဟုတ်သော်လည်း သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု
အားကြုံတွေ့ပြီးနောက်၌သူ၏ ကိုယ်အတွင်းရှိစွမ်းအင်တို့က ကုန်ခမ်းလုနီးပါးဖြစ်နေပြီဖြစ်သည်။ယခု တံစဉ်မှလာနေသော အန္တရာယ်အားသူခံစားနိုင်သည်ဖြစ်၏။
“ဟမ့်..ဘာကို တစ္ဆေတစ်ကောင်လိုအော်ဟစ်နေတာလဲ..အားလုံးက ခွန်အားနဲ့ပဲဆုံးဖြတ်ကြာတပဲ. ဒီသခင်လေးရဲ့တိုက်ခိုကမှုကိုအရင်ကာစမ်း”
ရှစ်ဖုန့်က လေထုထဲရှိ ခရမ်းရောင်မီးပင်လယ်ထဲ၌ ဝင်ကြွားစွာရပ်နေပြီး အထင်သေးတို့ပြည့်နှက်နေသော
လေသံဖြင့်ပြောလိုက်သည်။သူ၏ အသံကခရမ်းရောင်မီးတောက်ကမ္ဘာအတွင်း၌ ပဲ့တင်ထွက်ပေါ်လာသည်။
“အား”
ရှစ်ဖုန့် ၏အထင်အမြင်သေးသော လေသံနှင့်စကားလုံးတို့က အလောင်းကောင်ဧကရာဇ်အား လုံးဝဒေါသထွက်သွားစေသည်။
အလောင်းကောင်ဧကရာဇ်က အော်ဟစ်လိုက်ပြီး ဆုတ်ခွာရမည့်အစား ငွေရောင်တံစဉ်ထံသို့ ဦးတည်တိုးဝင်လိုက်သည်။
သူ၏ညာလက်သီးအားဆုပ်၍ နောက်တစ်ကြိမ်ဒေါသတကြီးအော်ဟစ်ကာ ငွေရောင်တံစဉ်ထံသို့ ထိုးနှက်လိုက်သည်။
“ချီးပဲ..ချီးပဲ..သေစမ်း…သေစမ်း..”
“မင်းလိုစက်ဆုပ်ဖို့ကောင်းတဲ့လူရဲ့တိုက်ခိုက်မှုကို ချိုးဖျက်ဖို့ငါလာပြီ.. တကယ့်စွမ်းအားဘာလဲဆိုတာ
မင်းကိုသိခွင့်ပေးမယ်”