← Chapters

အခန်း (၆၃၈)

Vol. 43 Ch. 638

အခန်း (၆၃၈)

Vol. 43 Ch. 638

အလောင်းကောင်ဧကရာဇ်မှာ ရှစ်ဖုန့်ကြောင့်ဒေါသထွက်သွားသည်။သူ့အနေဖြင့် ကြီးစွာသောထိခိုက်ဒဏ်ရာရထားပြီး သူ၏စွမ်းအင်အားလုံးကလည်း ကုန်ခမ်းလုနီးပါးဖြစ်နေကာ ငွေရောင်တံစဉ်မှလည်း သူ့အား အန္တရာယ်အသိအာရုံအားပေးစွမ်းနေသည်ကို ကောင်းစွာသိသည်ဖြစ်သည်။သို့သော်အလောင်းကောင်ဧကရာဇ်အနေဖြင့်သူ၏

လက်သီးအားအသုံးပြု၍ ဤတိုက်ခိုက်မှုအားချိုးဖျက်နိုင်ကြောင်းကို စက်ဆုပ်ဖို့ကောင်းလှသော ဤလူသားအားသိစေလိုသေးသည်။

“ငါဘယ်လောက်သန်မာတယ်ဆိုတာ

မင်းကိုပြမယ် စက်ဆုပ်ဖို့ကောင်းတဲ့လူသား..ငါ့ကို ဒေါသထွက်အောင်လုပ်တဲ့အကျိုး

ဆက်ကိုမင်းကိုသိအောင်ငါပြပေးမယ်”

ရှေ့သို့တစ်ဟုန်ထိုးဦးတည်လာပြီး ငွေရောင်တံစဉ်ထံသို့ လက်သီးဖြင့်ထိုးနှက်သော အလောင်းကောင်ဧကရာဇ်အားကြည့်ရင်း ရှစ်ဖုန့်၏မျက်နှာထက်၌ စိုးရိမ်မှုတို့ကင်းဝေးနေပြီး သူ၏မှတ်မိနိုင်ဖို့ခဲ့ယဉ်းလှသော မျက်နှာထက်မှလှောင်ပြုံးမှာပို၍ ပီပြင်လာသည်။

အလောင်းကောင်ဧကရာဇ်ထံသို့ ငွေရောင်တံစဉ်နှင့်တိုက်ခိုက်မှုအား

ထုတ်ဖော်လိုက်စဉ်ကတည်းက ဤသတ္တဝါအား ကိုင်တွယ်မှုနှင့်ပက်သက်ပြီးသူ့၌ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု

အပြည့်အဝရှိပြီးသားဖြစ်သည်။

“အား”

“ဘန်း”

အလောင်းကောင်ဧကရာဇ်၏ ပြင်းထန်သောလက်သီးချက်က သူ့ထံသို့ဦးတည်ပျံသန်းလာသော ငွေရောင်တံစဉ်ပေါ်သို့ကျရောက်သွားသည်။

ခရမ်းရောင်မီးတောက်များက ကောင်းကင်နှင့်မြေပြင်အနှံ့သိမ်း

ကျုံးပျံ့နှံ့သွားပြီး ပြင်းထန်သောပေါက်ကွဲမှု

တစ်ခုကထပ်မံဖြစ်ပေါ်လာကာ ဟင်းလင်းပြင်အတွင်း၌ နောက်ထပ်တစ်ကြိမ် စွမ်းအားကြီးစွမ်းအင်အတက်အကျလှိုင်းများဖြစ်ပေါ်သွားစေသည်။

အလောင်းကောင်ဧကရာဇ်မူလက

ရှိနေခဲ့သောနေရာ၌ အစောပိုင်း က ၎င်းနှင့်မီးနဂါးတို့၏တိုက်ပွဲမှ ဖြစ်ပေါ်လာသော၎င်းတို့၏စွမ်းအားများကြောင့်ကောင်းကင်နှင့်မြေပြင်ထက်၌ရှိနေသော ခရမ်းရောင်မီးတောက်များမှာ ပြန့်ကျဲသွားသည်။

တိုက်ပွဲပြန်လည်ငြိမ်သက်သွားသောအခါတွင် ခရမ်းရောင်မီးတောက်များက အလောင်းကောင်ဧကရာဇ်ထံသို့ တစ်ဟုန်ထိုး ဦးတည်လာ၏။ သို့သော် ခရမ်းရောင်မီးတောက်တို့မရောက်ခင်မှာပင် အလောင်းကောင်ဧကရာဇ်နှင့်ငွေရောင်တံစဉ်တို့ ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသောအားကောင်းသည့်လှုတ်ခတ်မှုကြောင့် ၎င်းတို့အားလုံး ဘာမှမကျန်တော့အောင်အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။

သို့သော် ဤအချိန်တွင် အလောင်းကောင်ဧကရာဇ် ၏ မျက်နှာထားကသိသိသာသာကိုပြောင်းလဲသွားသည်။ ထို့နောက် အလောင်းကောင်ဧကရာဇ်က လက်သင့်မခံနိုင်မှုများပြည့်နှက်စွာဖြင့် ခက်ထန်စွာအော်ဟစ်လိုက်သည်။

“မဖြစ်နိုင်ဘူး. ဒါကမဖြစ်နိုင်ဘူး. ငါက ဧကရာဇ်နယ်ပယ်ယင်အလောင်းကောင်ပဲ.. ဘယ်လိုဖြစ်ပြီးငါကရှုံးရတာလဲ..

ဒီနိမ့်ကျတဲ့လူသားကြောင့်ငါ့ရဲ့လက်ကို ဆုံးရှုံးသွားရတယ်..အား..”

အလောင်းကောင်ဧကရာဇ်၏ ခက်ထန်သောအော်သံနှင့်အတူ ယှဉ်တွဲ၍ ၎င်း၏ညာလက်သီးဖြင့်ထိုးနှက်လိုက်သော ငွေရောင်တံစဉ်က ရုတ်တရက်တုန်ခါသွားသည်။ထို့နောက် အလောင်းကောင် ဧကရာဇ်၏လက်သီးက ငွေရောင်တံစဉ်၏စွမ်းအားကြီးစွမ်းအင်

တို့အောက်၌ ရုတ်ခြည်းပေါက်ကွဲသွားသည်။

ထို့နောက်တွင် ငွေရောင်တံစဉ်ကရှေ့သို့ ဆက်လက်ပျံသန်းသွားပြီး အလောင်းကောင်ဧကရာဇ်၏

ရင်ဘက်အားခုတ်ပိုင်းကာ ခန္ဓာကိုယ်ကိုထိုးဖောက်ဝင်ရောက်သွားသည်။ထို့နောက်တွင် ၎င်းက အလောင်းကောင်ဧကရာဇ်၏ ပိန်းပေါက်အောင်နက်မှောင်သော ခန္ဓာကိုယ်အားသယ်ဆောင်၍ ရှေ့သို့တစ်ဟုန်ထိုး ဆက်လက်ပျံသန်းသွားသည်။

“အား.အား..အား.အား.အား”

ငွေရောင်တံစဉ်၏ရွေ့လျားမှုအောက်၌ အလောင်းကောင်ဧကရာဇ်၏ကိုယ်မှာ ၎င်း၏ထိန်းချုပ်နို်ငစွမ်းအား ဆုံးရှုံးသွာပြီး အဆတ်မပြတ် အော်ဟစ်မြည်တမ်းနေရင်း ဓားနှင့်အတူ လိုက်ပါလည်ပတ်ပျံသန်းနေ၏။

ဤသည်မှာနာကျင်မှုကြောင်မြည်တမ်းသောအသံမဟုတ်ပေ။ သို့သော် ယင်းမှာ အလောင်းကောင်ဧကရာဇ်၏လက်သင့်မခံနိုင်မှုများပြည့်နှက်စွာဖြင့် အော်ဟစ်မြည်တမ်းသောအသံဖြစ်သည်။

ခရမ်းရောင်မီးတောက်ပင်လယ်၏အလယ်တွင် ရှစ်ဖုန့်က များပြားလှသောမူလစွမ်းအင်

ပြန်လည်ဖြည့်တင်းဆေးလုံးများအား ဝါးမျိုလိုက်ပြီး သူ၏ပုံရိပ်က ဖျက်ခနဲရှေ့သို့တစ်ဟုန်ထိုးပေါက်ကွဲ

ဦးတည်လိုက်သည်။

သူ့အားလောင်ကျွမ်းနေသော ခရမ်းရောင်မီးတောက်များကလည်း အသက်ဝင်လာကာ ရှစ်ဖုန့်ကဲ့သို့ရွေ့လျားလာသည်။ ၎င်းတို့က ရှစ်ဖုန့်နောက်သို့တစ်ဟုန်ထိုးလိုက်ဖမ်းကြ၏။

ဤအချိန်တွင် ရှစ်ဖုန့်၏အတွေးတစ်ချက်ဖြင့် အလောင်းကောင်ဧကရာဇ်အား ထိုးစိုက်နေသော ငွေရောင်တံစဉ်က ရှစ်ဖုန့်ထံသို့နောက်ပြန်ပျံသန်းလာသည်။

ဤအချိန်တွင်အလောင်းကောင်ဧကရာဇ် မှာသူ့ရှေ့ရှိကျယ်ဝန်းလှသော

ဟင်းလင်းပြင်အတွင်းမှ ပြင်းထန်လှသောမီးတောက်ပင်လယ်တစ်ခုက သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသည်ကိုသတိပြုမိလိုက်သည်။ထိုထက်ပိုသည်ကား ပြင်းထန်သောမီးတောက်များအတွင်း၌ သွေးနီရောင်ပုံရိပ်တစ်ခုပါပါနေပြီး အထူးသဖြင့် ၎င်းက အလောင်းကောင် ဧကရာဇ်ထံကိုဦးတည်လာနေခြင်းဖြစ်သည်။

“အား.အား..မင်းကိုသတ်မယ်. ငါမင်းကိုသတ်ပစ်မယ်”

အလောင်းကောင်ဧကရာဇ်မှာသွေးနီရောင်ပုံရိပ်အားထပ်မံတွေ့လိုက်ရပြီး ၎င်းက သူထံသို့ ဦးတည်လာနေသည်ကိုတွေ့ရသောအခါရူးသွပ်လုနီးပါးဖြစ်သွားရသည်။

“မင်းအတွက်ဒါကမဖြစ်နိုင်တော့ဘူး”

အလောင်းကောင်ဧကရာဇ်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်၏အေးစက်သောအသံက ထပ်မံပဲ့တင်ထွက်ပေါ်လာသည်။

ထို့နောက်တွင်ပြင်းထန်သေမီးတောက်ပင်လယ်တစ်ခုဝန်းရံခံထားရပုံရသောရှစ်ဖုန့်က

အလောင်းကောင်ဧကရာဇ်ထံသို့ ချဉ်းကပ်လာသည်။ပြင်းထန်သော

မီးတောက်များကအလောင်းကောင်ဧကရာဇ်၏ကိုယ်ထံသို့အရင်ဆုံးကူးလူးသွားပြီးနောက် ရှစ်ဖုန့်ကအလောင်းကောင်ဧကရာဇ်၏

ရှေ့သို့တစ်ဟုန်ထိုးရောက်ရှိလာသည်။

ရှစ်ဖုန့်က သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ငွေရောင်တံစဉ်၏ အရိုးအားဆုပ်ကို်ငလိုက်သည်။

ငွေရောင်တံစဉ်ရော ၎င်း၏ထိုးစိုက်မှုကိုခံထားရသည့်

အလောင်းကောင်ဧကရာဇ်ပါ မြောက်တက်လာသည်။

“ငါ့ကိုလွှတ်..ငါ့ကိုလွှတ်စမ်း. စက်ဆုပ်ဖို့ကောင်းတဲ့လူသား..မင်းလိုစက်ဆုပ်ဖို့ကောင်းတဲ့လူသားကအဆုံးသတ်ကောင်းမှာမဟုတ်ဘူး”

အလောင်းကောင်ဧကရာဇ်က အောက်မှရှစ်ဖုန့်အား ကြိမ်းဝါးနေကာ ငွေရောင်တံစဉ်ထက်မှ အပြင်းအထန်ရုန်းကန်နေသည်။

“ဟူး.”

အလာင်းကောင်ဧကရဇ်၏ စကားသံဆုံးသွားသောအခါတွင် ရှစ်ဖုန့်၏ကိုယ်အတွင်းမှ သက်ပြင်းချသံတစ်ခုရုတ်တရက်

ထွက်ပေါ်လာသည်။

ထိုသက်ပြင်းချသံမှာ ရှစ်ဖုန့်၏ ဒန်တန်အတွင်း၌ရှိနေသော ကောင်းကင်မီးတောက်ထံမှလာခြင်းဖြစ်သည်။ သက်ပြင်းချသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကကောင်းကင်မီးတောက်အားပြုံး၍ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ ..ခင်ဗျားတစ်ခုခုခံစားရလို့လား”

“ဟူး..”

ကောင်းကင်မီးတောက်က ထပ်မံသက်ပြင်းချပြီးပြောလိုက်သည်။

“အဲ့အချိန်တုံးက ငါဟာ မင်းလိုစက်ဆုပ်ဖို့ကောင်းတဲ့လူသားရဲ့ကောက်ကျစ်တဲ့နည်းလမ်းတွေအောက်မှာ သက်ဆင်းခဲ့ရတယ်. ငါလည်းမင်းကိုအဲ့တုံးတက တစ်ပုံစံတည်းမကျိန်ဆဲခဲ့ဘူးလား. ဒါပေမဲ့မင်းလိုစက်ဆုပ်ဖို့ကောင်းတဲ့လူသားက လက်စားချေတာကိုမခံရရုံမက ပိုပြီးတောင်သန်မာအစွမ်းထက်လာသေးတယ်… တစ်နှစ်တည်းနဲ့ လက်ရှိအဆင့်အထိကိုမင်းရောက်လာတယ်.. ငါတောင်မှအဲ့အချိန်တုံးက မမျှော်လင့်ထားခဲ့ဘူး…နတ်ဘုရားတွေကအရမ်းကိုတရားမျှတမှုမရှိဘူး”

ကောင်းကင်မီးတောက်၏ခံစားချက်များနှင့်

စကားလုံးများအား ကြားရပြီးနောက် ရှစ်ဖုန့်ကအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။

“ဘာကိုကောက်ကျစ်ယုတ်မာတာလဲ. ဒီသခင်လေးက ဖြူစင်ပြီးကြင်နာတတ်တဲ့နှလုံးသားရှိတဲ့သူပါ.. အရင်ဘဝတုံးကတစ်ကြိမ်သေခဲ့ရပြီးနတ်ဘုရားတွေက ဒီသခင်လေးအတွက် မနေနိုင်ခဲ့ဘူး..နောက်ဆုံးကြဒီသခင်လေး

ပြန်လည်မွေးဖွားလာရတယ်”

“ဝေါ့”

ရှစ်ဖုန့်၏ “ဖြူစင်ပြီးကြင်နာတတ်တဲ့နှလုံးသားရှိတဲ့သူ”ဟူသောစကားအား ကြားလိုက်ရသောအခါတွင်

ကောင်းကင်မီးတောက်မှာမနေနိုင်ပဲ

ပျို့တက်လာသည်။

ဤအချိန်တွင် ရှစ်ဖုန့်အားလောင်ကျွမ်းနေသည့်ခရမ်းရောင်မီးတောက်တို့က ဒီရေကဲ့သို့စတင်လျော့ကျလာပြီး လှုပ်ခါနေသောဟင်းလင်းပြင်မှာလည်း ဖြည်းဖြည်းချင်းတည်ညိမ်လာသည်။

ဤအချိန်တွင် ခမ်းနားသောအသံတစ်ခုက ရှစ်ဖုန့်နားထဲသို့ဝင်ရောက်လာသည်။

“ ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ခုနှစ်လွှာမြောက်ကိုမင်းအောင်သွားပြီ..မင်းဒီမှာ အချိန်တစ်ချို့နေချင်သေးလားဒါမှမဟုတ် နောက်တစ်လွှာကိုဝင်ချင်လား.. ဒါမှမဟုတ် မင်း ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲက

နေထွက်သွားချင်လား”

အသံမှာ ခမ်းနားပြီး တည်ငြိမ်က ထူးခြားခြင်းမရှိပေ။

ထိုအသံအားကြားလိုက်ရပြီးနောက်အစပိုင်း၌ရှစ်ဖုန့်အံ့အားသင့်သွားသည်။ ထို့နောက်လျော့ကြလာသော

မီးတောက်များအားကြည့်ကာ ဖြည်းဖြည်းချင်းတည်ငြိမ်လာသော ကမ္ဘာအားခံစားရင်းရှစ်ဖုန့်က

ပြန်ဖြေလိုက်သည်။

“ဒီမှာ အချိန်တစ်ချို့နေအုံးမယ်”

ရှစ်ဖုန့်၏ပြန်ဖြေမှုအားကြားပြီးနောက် ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ခုနှစ်လွှာမြောက်မှ ပြင်းထန်သောခရမ်းရောင်မီးတောက်များက ရုတ်ခြည်းပျောက်ကွယ်သွားပြီးပြင်းထန်စွာလှုပ်ခါနေသောကမ္ဘာမှာလည်း ရုတ်ခြည်းညိမ်ကျသွားသည်။

ထို့နောက် ခမ်းနားတည်ငြိမ် ထူးခြားမှုမရှိသောအသံကရှစ်ဖန့်၏

စိတ်ထဲ၌ထပ်မံထွက်ပေါ်လာသည်။

“ထွက်သွားဖို့ဖြစ်စေ နောက်တစ်လွှာကိုဝင်ဖို့ဖြစ်စေ.. အချိန်ကျလာရင် ကောင်းကင်ထဲကိုသာထိုးတက်လိုက်..”

အသံက ဤစကားများအားရှစ်ဖုန့်ကိုပြောပြီးနောက်

တိတ်ကျသွားသည်။

သို့သော်ရှစ်ဖုန့်အားအံ့အားသင့်စေသည်မှ အသံပေါ်လာပြီးကတည်းက ကမ္ဘာကညိမ်ကျသွားခြင်းဖြစ်သည်။ ယင်းမှာ ၎င်းကခုနှစ်လွှာမြောက်သို့ဝင်လာခြင်းဖြစ်သည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။ သို့သော် ၎င်းဝင်လာကတည်းကဆန်းကြယ်စွမ်းအင်တို့ကပေါ်မလာခဲ့ပေ။

ယခုပေါ်လာခြင်းမရှိရုံသာက ဘဲ အလောင်းကောင်ဧကရာဇ်၏

လက်သီးချက်ကြောင့်ခရမ်းရောင်

မီးတောက်နဂါးဖျက်ဆီးခံရပြီး

နောက်၌ပင် ဆန်းကြယ်စွမ်းအားများက

သူ့ထံသို့ပေါ်လာခြင်းမရှိပေ။

၎င်းက အလောင်းကောင်ဧကရာဇ်ထံသို့လည်း

ဦးတည်ပေါ်လာခြင်းမရှိပေ။ ထိုသို့မဟုတ်ပါက အလောင်းကောင်ဧကရာဇ်၏ စွမ်းအားကပြန်လည်ပြည့်တင်းပြီး

ဖြစ်သည်မှာကြာမြင့်ပြီးလောက်ပြီဖြစ်သည်။ထိုသို့သာဆိုလျှင် ၎င်းအနေဖြင့် မည်ကဲ့သို့ ယခုလို ရှစ်ဖုန့်ငွေရောင်တံစဉ်၏ထိုးစိုက်မှုကို ခံရပြီးခေါင်းအထက်သို့မြှောက်တင်ထားခြင်းကိုခံရပါမည်နည်း။

“ငါ့ကိုလွှတ်စမ်း.ငါ့ကိုလွှတ်စမ်း.

ငါ့ကိုလွှတ်ပေးစမ်း. “

အလောင်းကောင်ဧကရာဇ်ကခက်ထန်သော

မျက်နှာဖြင့် ဆက်လက်အော်ဟစ်နေဆဲဖြစ်သည်။

“မင်းက အရမ်း ခက်ထန်နေတုံးပါလား. ဒုက္ခနည်းနည်းလေးမှမခံစားရရင် မင်းအခုဘယ်အခြေအနေကိုရောက်နေတယ်ဆိုတာကိုမင်းနားလည်မှာမဟုတ်ဘူးပဲ”

ရှစ်ဖုန့်က ခေါင်းမော့လိုက်ပြီး ခက်ထန်ကြမ်းကြုတ်သောမျက်နှာနှင့်

အလောင်းကောင်ဧကရာဇ်အား ကြည့်၍ အေးစက်စွာပြောလိုက်သည်။

All Chapters