← Chapters

အခန်း (၆၃၉)

Vol. 43 Ch. 639

အခန်း (၆၃၉)

Vol. 43 Ch. 639

ရှစ်ဖုန့်က လေထဲ၌ဝင့်ကြွားစွာရပ်နေရင်း သူ၏လက်ထဲရှိ ငွေရောင်တံစဉ်အား မြှောက်ထားသည်။ထို့နောက်တွင် ရှစ်ဖုန့်က သူ၏လက်ထဲရှိငွေရောင်တံစဉ်အား မြေပြင်သို့လွှဲယမ်းလိုက်ပြီး အလောင်းကောင်ဧကရာဇ်က ငွေရောင်တံစဉ်မှလွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ပစ်ကျသွားသည်။

“ဘန်း”

အလောင်းကောင်ဧကရာဇ်၏ကိုယ်က မြေပြင်နှင့်ရုတ်ခြည်းထိမှန်သွားသည်။ သူ၏သန်မာသောကိုယ်မှာ မြေပြင်အားရိုက်ခတ်သွားပြီး ၎င်းနှင့်အတူ မြေပြင်အားလှုပ်ခါသွားစေသည်။

“အား.အား..အား..အား”

အလောင်းကောင်ဧကရာဇ်မှာ

မြေပြင်နှင့်ထိမှန်ပြီးနောက် ပြင်းထန်စွာအော်ဟစ်နေ၏။

ရှစ်ဖုန့်က အလောင်းကောင်ဧကရာဇ်အားငုံ့ကြည့်၍ အေးစက်စွာပြောလိုက်သည်။

“ဘာလဲ မင်းလိုအလောင်းကောင်ဧကရာဇ်တစ်ယောက်က ဒီသခင်လေးရဲ့လက်ထဲမှာ အရှက်ခွဲခံနေရတယ်လို့ခံစားနေရတာလား.. ဒါပေမဲဒီလိုအရှက်ခွဲခံရမှုက

ဘာမှမဟုတ်သေးဘူး. နောက်ပြီးရင် မင်းလက်သင့်မခံနိုင်တဲ့အရှက်ခွဲမှုကိုတွေကို ခံစားရဖို့ မင်းကိုစောင့်နေတယ်”

ရှစ်ဖုန့်ကစကားပြောနေရင်း သူ၏လက်တို့ဖြင့်ဆီးလ်တစ်ခု

အားပုံဖော်လိုက်ပြီးနောက် လေထုအလယ်၌ကြီးမားသော

အဖြူရောင်ခြေဖဝါးကြီးတစ်ခုက

ဖြည်းဖြည်းချင်းပေါ်လာသည်။

ထို့နောက်တွင် ၎င်းက အောက်ဘက်ရှိမြေပြင်သို့ရုတ်ခြည်းဆောင့်နင်းချလိုက်၏။

မြေပြင်ထက်၌လဲနေသော အလောင်းကောင်ဧကရာဇ်မှာ အထက်မှလာနေသောစွမ်းအားကြီးစွမ်းအင်ကိုအာရုံခံမိပြီး သူ၏ခေါင်းကိုမော့လိုက်သည်။

ဧရာမခြေဖဝါးကြီးအားမြင်တွေ့လိုက်ရသောအခါတွင် သူ၏မျက်လုံးတို့ပြူးကျယ်သွားပြီး ဒေါသတကြီးထပ်မံအော်ဟစ်လိုက်သည်။

“ အား..အား.အား.အား.အား”

“ဘန်း”

အလောင်းကောင်ဧကရာဇ်မည်မျှပင် အော်ဟစ်ပါစေ မည်မျှပင်ခက်ထန်နေပါစေအားလုံက အချည်းအနှီးသာဖြစ်သည်။

အဆုံးသတ်တွင် အဖြူရောင်ခြေဖဝါးကြီးကအောက်သို့ ဆောင့်နင်းချလာဆဲဖြစ်ပြီး အလောင်းကောင်ဧကရာဇ်အားဝါးမျိုသွားသည်။ မြေပြင်ထက်မှပြင်းထန်သောတုန်ခါမှုတို့ထပ်မံထွက်ပေါ်လာသည်။

ဖြည်းဖြည်းချင်း အဖြူရောင်ခြေဖဝါးကြီးက

မြေပြင်ထက်မှပျောက်ကွယ်သွားပြီး ဒဏ်ရာများဖုံးလွှမ်းနေသောအနက်ရောင်ခန္ဓာကိုယ်တစ်ခုကသာမြေပြင်ထက်၌ အခြေအနေမကောင်းစွာဖြင့် လဲလျောင်းလျှက်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်က အနက်ရောင်ခန္ဓာကိုယ်အားကြည့်၍ ထူးမခြားနားစွာပြောလိုက်သည်။

“ဒီသခင်လေးကိုအညံ့ခံပြီး မင်းရဲ့သခင်အဖြစ်အသိအမှတ်ပြုလိုက်..

ဒါဆိုမင်းခံစားနေရတဲ့ဒုက္ခနည်းသွားမယ်.. မဟုတ်ရင် မင်းထပ်တလဲလဲခံစားပြီးရင်းခံစားနေရမယ်”

ရှစ်ဖုန့်၏စကားအားကြားပြီး

နောက်ဆိုးရွားသောအခြေအနေဖြင့် မြေပြင်ထက်၌လဲနေသောပုံရိပ်က သူ၏ပိတုန်းနက်ကဲ့သို့မည်းနက်သော

ဦးခေါင်းအား ဖြည်းညှင်းစွာမော့လိုက်သည်။သူ၏မျက်နှာထက်၌ အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေသော်လည်းမျက်နှာထက်၌ ရမ်းကားခက်ထန်မှုတို့ကတော့ရှိနေဆဲဖြစ်သည်။ သူကလေထဲ၌ရှိနေသာရှစ်ဖုန့်အား အေးစက်စွာအော်ပြောလိုက်သည်။

“ဒီနေ့ငါက သောက်နဂါးစုတ်နဲ့ တိုက်ပွဲကြီးတစ်ခုတိုက်လိုက်ရတယ်.. ငါအပြင်းအထန်ဒဏ်ရာရထားပြီး ငါ့ရဲ့စွမ်းအားအကုန်လုံးကလည်း

ကုန်ခမ်းနေတယ်. ကောင်လေးမင်းငါ့ကိုရက်

နည်းနည်းလောက်ပြန်ကောင်းအောင်လွှတ်ပေးရဲလား”

“မင်းညီမကြီးကိုပဲသွားပြောလေ”

အလောင်းကောင်ဧကရာဇ်၏စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်ပြီးလေထဲ၌ကြီးမားသောအဖြူရောင်

လက်ဝါးကြီးတစ်ခုပေါ်လာသည်။ ထို့နောက်တွင် ၎င်းကအောက်ဘက်ရှိ

အလောင်းကောင်ဧကရာဇ်အားပြင်းထန်စွာရိုက်နှက်လိုက်၏။

“အား”

အလောင်းကောင်ဧကရာဇ်က ဧရာမအဖြူရောင်လက်ဝါးကြီးအားကြည့်၍ နောက်တစ်ကြိမ်ခက်ထန်စွာ

အော်ဟစ်လိုက်သည်။ သို့သော်သူ၏အော်သံမပြီးဆုံးလိုက်ခင် ဧရာမအဖြူရောင်လက်ဝါးကြီးကမြေပြင်ထက်သို့ပြင်းထန်စွာကျဆင်းလာပြီး အလောင်းကောင်ဧကရာဇ်၏ကိုယ်အားနောက်တစ်ကြိမ်ဝါးမျိုသွားသည်။

“ဝုန်း”

မြေပြင်ကထပ်မံတုန်ခါသွားသည်။

ဧရာမအဖြူရောင်လက်ဝါးကြီး မြေပြင်မှပျောက်ကွယ်သွားသောအခါတွင် အနက်ရောင်ပုံရိပ်က နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာသည်။ဤအချိန်တွင် အလောင်းကောင်ဧကရာဇ်မှာပို၍ ဆိုးရွားသောအခြေအနေတစ်ခုသို့

ရောက်သွားပုံရပြီးသူ၏ကိုယ်ပေါ်ရှိထိခိုက်ဒဏ်ရာများကလည်း ပို၍များပြားလာသည်။

ဤအချိန်တွင်ရှစ်ဖုန့်က အလောင်းကောင်ဧကရာဇ်အား ငုံ့ကြည့်လိုက်ပြီး ထပ်မံပြောလိုက်သည်။

“မင်းကခေါင်းမာနေမှတော့ ဒီသခင်လေးကမင်းကိုအပြီး

သတ်ပစ်ပေးရတာပေါ့ .. ဒီသခင်လေးမှာအဲ့လိုလုပ်နိုင်

တဲ့စွမ်းအားရှိတယ်ဆိုတာကို မင်းသိမယ်လို့ယုံကြည်တယ်”

ရှစ်ဖုန့်ကစကားပြောနေရင်း ငရဲဘုံကိုးခုစွမ်းအင်တို့အားသူ၏ ဘယ်လက်ထဲ၌ရှိနေသော ငွေရောင်တံစဉ်အတွင်းသို့ သွန်းလာင်းထည့်လိုက်သည်။ ငရဲဘုံကိုးခု စွမ်းအင်တို့အား ငွေရောင်တံစဉ်အတွင်းသွန်းလောင်း

ထည့်နေသကဲ့သို့ ငွေရောင်တံစဉ်မှာစတင်တုန်ခါလာသည်။ ငွေရောင်တံစဉ်အား အောက်ဘက်မျက်နှာမူထားလျှက် ၎င်း၏စွမ်းအင်အတက်အကျတို့အား ကူးလူးစေရန်လျှို့ဝှက်နည်းလမ်းတစ်ခုကိုပင်ရှစ်ဖုန့်အသုံးပြုခဲ့သည်။

ဤအချိန်တွင် ငွေရောင်တံစဉ်၏စွမ်းအားအားအာရုံခံမိပြီး ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက်၌ အလောင်းကောင်ဧကရာဇ်၏ ကိုယ်ကရုတ်တရက်တုန်ယင်သွားသည်။

သူ၏ညစ်ပေနေသောဦးခေါင်းအား

ထပ်မံအလျှင်အမြန်မော့လိုက်၏။

သို့သော် ဤအချိန်တွင် အလောင်းကောင်ဧကရာဇ်၏ ရမ်းကားသောအမူအယာများ ပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။သူ၏လက်ထဲ

ရှိငွေရောင်တံစဉ်အားအာရုံခံမိပြီးနောက် အလောင်းကောင်ဧကရာဇ်မှာ ကြောက်ရွံ့မှုလက္ခဏာအား

ထုတ်ပြလာသည်ကိုပင် သူတွေ့ရသည်။

ဤငတိက သူ့အား ပြဿနာကိုတောင်းဆိုနေသည်။ သူ့အနေဖြင့်၎င်းကြောက်သွား

အောင်လုပ်ရမည်ဖြစ်၏။ ရှစ်ဖုန့်သူ့ဖာသာသူတွေးလိုက်သည် ။ အလောင်းကောင်ဧကရာဇ်၏

အမူအယာအားကြည့်၍ ရှစ်ဖုန့်ကသွားပေါ်အောင်ပြုံးလိုက်သည်။ ကိစ္စပြီးစီးသွားသည့်ပုံရသည်ဖြစ်၏။

ထို့နောက်ရှစ်ဖုန့်က အလောင်းကောင်ဧကရာဇ်အား

ပြောလိုက်သည်။

“မင်းက ဂုဏ်သိက္ခာရှိတဲ့အလောင်းကောင်ဧကရာဇ်ပဲ. မင်းရာဂုဏ်သိက္ခာ မာနနဲ့ ဆိုရင် မင်းအနေနဲ့တစ်ခြားသူတစ်ယောက်ရဲ့

နောက်လိုက်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး. ဒီလိုဆိုမှတော့လည်း ဒီသခင်လေးကမင်းကိုဂုဏ်သိက္ခာရှိတဲ့သေခြင်းမျိုးကိုပေးမယ်”

စကားပြောနေရင်း ရှစ်ဖုန့်က ငွေရောင်တံစည်အား ခုတ်ပိုင်းရန်လုပ်လိုက်သည်။သို့သော် ဤအချိန်တွင် အလောင်းကောင်ဧကရာဇ်က အလျှင်အမြန်အလန့်တကြားအော်လိုက်သည်။

“နေအုံး..နေအုံး.နေပါအုံး”

“အိုး”

အလောင်းကောင်ဧကရာဇ်၏ စကားများအားကြားလိုက်ရပြီးနောက် ရှစ်ဖုန့်၏မျက်နှာထက်၌ နားလည်ရခက်နေသောအမူအယာ

တစ်ခုဖြစ်ပေါ်လာသည်။သူကမေးလိုက်သည်။

“ဘာလဲ…ဒီသခင်လေးလိုအားနည်း

တဲ့လူတစ်ယောက်လက်ထဲမှာသေရတာကို သနားစရာလို့ခံစားနေရတာလား. ဒီလိုဆိုရင်လည်း ဒီသခင်လေးကမင်းကို ဂုဏ်သိက္ခာရှိတဲ့အလောင်းကောင်

ဧကရာဇ်အနေနဲ့လေးစားမှုပေးမယ်..ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်”

“မဟုတ်ဘူး.အဲ့လိုမဟုတ်ဘူး.. ငါမသေချင်ဘူး.”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် အလောင်းကောင်ဧကရာဇ်ကအလျှင်အမြန်ပြန်ဖြေလိုက်သည်။

“မင်းကမသေချင်ဘူးလား”

အလောင်းကောင်ဧကရာဇ်၏

စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကမျက်မှောင်ကြုတ်လိုက်ပြီး သူ၏ခေါင်းအားဖြည်းညှင်းစွာ

ခါယမ်း၍ပြောလိုက်သည်။

“ဟင့်အင်း အဲ့လိုလုပ်လို့မရဘူး. ဒီနေ့ ဒီသခင်လေးက မင်းကို ဒီလိုမျိုး အရှက်ခွဲခဲ့တာက မင်းရဲ့နှလုံးသားတဲ့ အားကောင်းတဲ့ အရိပ်တစ်ခုအဖြစ်ရှိနေမှာပဲ..ဒီသခင်လေးကိုမသတ်ရမခြင်းမင်းအနားယူနိုင်မှာမဟုတ်ဘူး.

.ဒီနေ့မှာ အနာဂတ်ပြဿနာတွေကိုဖယ်ရှား

ဖို့အတွက်မင်းသေမှရမယ်..ဒီသခင်လေးရဲ့ခံစားချက်ကို မင်းနားလည်မယ်လို့မျှော်လင့်တယ်..မင်းလိုမျိုးစွမ်းအားကြီးတည်ရှိမှုတစ်ခုကိုသတ်ရတာက ဒီသခင်လေးရဲ့နှလုံးသားထဲမှာလည်းတော်တော်လေးတွန့်ဆုတ်မှုကိုခံစားရပါတယ်”

“မင်း..ဟန်ဆောင်နေတာကိုရပ်စမ်း. မင်းငါ့ကိုခုဏကပဲအညံ့ခံစေချင်တာ

မဟုတ်ဘူးလား. သခင်နဲ့အစေခံစာချုပ်ချုပ်ဖို့အတွက်မင်းငါ့စိတ်ကိုဖွင့်ပေးတာကိုလိုချင်နေခဲ့တာမဟုတ်ဘူးလား. ဘာလို့စကားတွေအများကြီးလျှောက်ပြောနေတာလဲ.. လုပ်စမ်းပါ”

အလောင်းကောင်ဧကရာဇ်မှာ ရှစ်ဖုန့်၏သရုပ်ဆောင်မှုအားဖောက်မြင်ပြီးစိတ်မရှည်စွာဖြင့် အော်ဟစ်ပြောလိုက်သည်။

ထို့နောက်တွင် အလောင်းကောင်ဧကရာဇ်၏မျက်နှာထက်၌ လက်သင့်မခံနိုင်သောအမူအယာ

တစ်ခုဖြစ်ပေါ်လာပြီးနောက် သူ၏မျက်လုံးတို့အားမှိတ်လိုက်ပြီး

နောက်ကူကယ်ရာမဲ့သက်ပြင်းချလိုက်သည်။

မရေတွက်နိုင်သောနှစ်ပေါင်းများစွာအကြာက သူ့အနေဖြင့် အလောင်းထိန်းချုပ်ဧကရာဇ်ဟုခေါ်သော

လူသားတစ်ယောက်၏လက်ထဲသို့ ကျရောက်ခဲ့ရပြီးနောက်၎င်းနောက်သို့ နှစ်ပေါင်းများစွာလိုက်ခဲ့ရသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် အလောင်းထိန်းချုပ်ဧကရာဇ်က သူ၎င်းအတွက်မရေတွက်နိုင်သောနှစ်များစွာ တိုက်ခိုက်မှုအားဂရုစိုက်ခြင်းမရှိပဲ ၎င်းက ၎င်း၏ကိုယ်ပိုင်အဖြစ်အသုံးပြုရန်အတွက်၎င်း၏စွမ်းအားကိုပါဝါးမျိုလိုခဲ့သည်။

အဆုံးသတ်၌အလောင်းထိန်းချုပ်ခြင်းဧကရာဇ်ကျရှုံးခဲ့သော်လည်း ၎င်းကသူ့အားလွှတ်ပေးလိုခြင်းမရှိဘဲ မှောင်မှိုင်းသောနေရာတစ်ခု၌ ဆီးလ်ခတ်ထားခဲ့သည်။ထိုနေရာတွင် နှစ်တစ်ထောင်လောက်သူ

ဆီးလ်ခတ်ခံထားခဲ့ရသည်။

“ဟီးဟီး”

အလောင်းကောင်ဧကရာဇ်

ဖောက်မြင်ခြင်းအားခံလိုက်ရသောအခါတွင် ရှစ်ဖုန့်ကသူ၏ရှက်ကိုးရှက်ကန်းဖြစ်မှုအားဖုံးကွယ်ရန် တသောသောရယ်လိုက်သည်။ သို့သော်ဤအချိန်တွင် အလောင်းကောင်ဧကရာဇ်က

သူ၏စိတ်အားဖွင့်လှစ်ထားသည်ကို ရှစ်ဖုန့်သတိပြုမိလိုက်သည်။၎င်း၏ကံတရာအားလက်သင့်ခံလိုက်သည့်ပုံပေါ်၏။

သို့သော် မည်သို့ပင်ဖြစ်နေပါစေ ၎င်းကစိတ်ကိုမဖွင့်လှစ်ပေးခဲ့လျှင် နောင်ဖြစ်လာမည့်ပြဿနာများ

ကိုဖယ်ရှားရန်အတွက် ရှစ်ဖုန့်၎င်းအားရှင်းပစ်မည်သာဖြစ်သည်။သူနှင့်သခင်နှင့်အစေခံစာချုပ်ချုပ်ဆိုခြင်းက သေဆုံးပြီးဤကမ္ဘာပေါ်မှထာဝရပျောက်ကွယ်သွားရခြင်းထက်ပို၍ကောင်းမွန်သည်ဖြစ်သည်။

အလောင်းကောင်ဧကရာဇ်ကသူ၏စိတ်အားဖွင့်လိုက်သည်ကိုအာရုံခံရင်းရှစ်ဖုန့်သူ၏လက်အားချက်ချင်းကွေးလိုက်ပြီး တောက်လိုက်သည်။သိပ်သည်းသောအဖြူရောင်ရုန်းတစ်ခုက သူ၏လက်ချောင်းထိပ်မှ ရွှတ်ခနဲထွက်သွားပြီး အောက်၌ရှိနေသောအလောင်းကောင်ဧကရာဇ်၏ နဖူးထံသို့ ပျံသန်းဝင်ရောက်သွားသည်။

ဤအချိန်တွင် အလောင်းကောင်ဧကရာဇ်မှာ ရှစ်ဖုန့်တွေးသကဲ့သို့ သူ၏ကံတရာအားလက်ခံလိုက်ပုံရပြီး အလွန်ညိမ်နေသည်။ရှစ်ဖုန့်၏အဖြူရောင်

ရုန်းဝင်ရောက်သွားပြီးသည့်နောက်၌ သူ၏နဖူးထက်ရှိမျက်ခုံးနှစ်ခုကြားထဲတွင် လက်ချောင်းအရွယ်တွန့်လိမ်နေသော ပုံသဏ္ဍန်တစ်ခုပေါ်လာသည်။၎င်းမှာ ဆန်းကြယ်ပြီးရှေးကျသော စာလုံး ဖြစ်သည့် “ယို”ဟူသော အသွင်ရှိသည့်စကားလုံးဖြစ်သည်။

All Chapters