အခန်း (၆၄၀)
Vol. 43 Ch. 640
“သခင့်ကိုနှုတ်ဆတ်ပါတယ်”
သခင်နှင့်အစေခံအမှတ်အသားအား ထည့်သွင်းရိုက်နှိပ်ပြီးသည့်နောက်တွင် ရှစ်ဖုန့်နှင့် အလောင်းကောင်ဧကရာဇ်တို့၏ ကြားထဲမှ သခင်နှင့်အစေခံစာချုပ်က လုံးဝပြည့်စုံသွားပြီဖြစ်သည်။ယနေ့မှစတင်၍ အလောင်းကောင်ဧကရာဇ်မှာ ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်သို့လုံးဝ
ရောက်ရှိသွားပြီဖြစ်၏။ သူ၏သေခြင်းနှင့် ယှဉ်ခြင်းက ရှစ်ဖုန့်၏လက်ထဲ၌ရှိသည်ဖြစ်သည်။
ဤအချိန်တွင် အလောင်းကောင်ဧကရာဇ်က ၎င်း၏ ပိန်းပေါက်အောင်မည်းနက်သော ခေါင်းအားငုံ့၍ လေထဲ၌ဝံ့ကြွားစွာရပ်နေသောရှစ်ဖုန့်ထံသို့ အရိုအသေပေးလိုက်သည်။
ရှစ်ဖုန့်ကခေါင်းဆတ်လိုက်ပြီ အလောင်းကောင်ဧကရာဇ်အားမေးလိုက်သည်။
“မင်းနမည်ကိုဘယ်လိုခေါ်လဲ”
“ကျွန်တော်လား”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် အလောင်းကောင် ဧကရာဇ်က သူ၏ ခေါင်းကို မော့၍ ပြန်ဖြေလိုက်သည်။
“ကျွန်တော့်မှာနမည်မရှိပါဘူး. ကျွန်တော်ကမ္ဘာပေါ်မှာမွေးဖွားလာပြီးကတည်းက သခင်တို့လူသားတွေဖြစ်စေ အခြားသောသက်ရှိတွေဖြစ်စေ ကျွန်တော့်ရဲ့အရင်သခင်ဖြစ်သူဖြစ်တဲ့ အလောင်းထိန်းချုပ်ဧကရာဇ်ဖြစ်စေ သူတို့အားလုံးက ကျွန်တော့်ကို အလောင်းကောင်ဧကရာဇ်လို့ပဲခေါ်ကြပါတယ်”
“အခုကစပြီးတော့မင်းကို တိရှာလို့ခေါ်မယ်..”
ရှစ်ဖုန့်ကပြောလိုက်သည်။
လောလောဆယ်တွင် သူ၏ထိန်းချုပ်မှုအောက်၌ အကြွင်းမဲ့ယင်အလောင်းကောင် ၊သွေးယင်အလောင်းနှင့် မြေဓာတ်ယင်အလောင်းကောင်တို့ရှိ
သည်ဖြစ်သည်။ ချူးကလန်၏ ချိတ်ပိတ်ကုန်းမြေထဲမှသူရရှိခဲ့သော
သန္ဓေပြောင်းယင်အလောင်းကောင်များ
လည်းရှိသေး၏။ ယခုသူ့၌ ဤအလောင်းကောင်ဧကရာဇ်အား
လည်းပိုင်ဆိုင်ထားပြီဖြစ်သည်။
“တီရှာ”
အလောင်းကောင်ဧကရာဇ်က ရှစ်ဖုန့်သူ့အားပေးသောနမည်ကိုတီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်နှာထက်၌ နှစ်သက်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းလက္ခဏာများဖြစ်ပေါ်ခြင်းမရှိပေ။ ထို့နောက်တွင် သူက ကောင်းကင်ထဲရှိရှစ်ဖုန့်အား
ခေါင်းညိမ့်ပြလိုက်ပြီးပြောလိုက်သည်။
“သင်ကကျွန်တော့်ရဲ့သခင်ဖြစ်ပြီး
ဒီနမည်ကိုပေးတာကြောင့် ကျွန်တော့်ကိုယ်ကျွန်တော်အခုကစပြီးတီရှာလို့ခေါ်ပါ့မယ်”
“မင်းပြန်လည်ကုစားပြီးတော့
မင်းခွန်အားပြန်ရလာအောင်အရင်
လုပ်သင့်တယ်..မင်းရဲ့ဒဏ်ရာတွေကို
ကုသပြီးသွားရင် တို့တွေကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ ရှစ်လွှာမြောက်ကိုတက်ကြမယ်”
ရှစ်ဖုန့်ကစကားပြောရင်း အလောင်းကောင်ဧကရာဇ်ထံသို့သိုလှောင်လက်စွပ်တစ်ကွင်းအားပစ်ပေးလိုက်သည်။သိုလှောင်လက်စွပ်အတွင်းတွင်လူတစ်ယောက်၏ ခွန်အားနှင့်ဒဏ်ရာများအား ပြန်လည်ကုစားပေးနိုင်သော ဆေးလုံးများပါရှိသည်။
အလောင်းကောင်ဧကရာဇ်၏ဘယ်လက်ကပြတ်သွားပြီးညာလက်ကပေါက်ကွဲသွား
သည်ဖြစ်သည်။သူ့အနေဖြင့် ပါးစပ်ကိုသာ ဖွင့်ဟ၍ သိုလှောင်လက်စွပ်အားကိုက်ခြင်း
ကိုသာပြုလုပ်နိုင်သည်။
သို့သော် အလောင်းကောင်ဧကရာဇ်၏
လက်နှစ်ဖက်က ဒုက္ခိတဖြစ်သွားပြီး သူ၏တိုက်ပွဲခွန်အားကကျဆင်းသွား
သော်လည်း သူက ဧကရာဇ်နယ်ပယ်ယင်အလောင်းကောင်ဖြစ်နေသေးသည်ဖြစ်သည်။ အကယ်၍သူ၏စွမ်းအားအားလုံးအား
စုစည်းလိုက်လျှင်ပင် ကြယ်တစ်ပွင့်ဧကရာဇ်နယ်၌ပယ်စွမ်း
အားသို့ရောက်ရှိနိုင်သေးသည်ဖြစ်သည်။
အနာဂတ်တွင်ရှစ်ဖုန့်အနေဖြင့်ကောင်းကင်နှင့်မြေကြီး၏ ရတနာများအား၎င်းအတွက်ရှာပေးပြီး ၎င်းအတွက်လက်များကိုသန့်စင်ပေးနိုင်လိမ့်မည်ဖြစ်သည်။ ၎င်း၏လက်များ ဒုက္ခိတဖြစ်သွားရခြင်းက ပြဿနာအခက်အခဲတစ်ခုမဟုတ်ပေ။
ရှစ်ဖုန့်ကလည်းဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေထိုင်နေသည်။ တီရှာ ပြန်လည်ကုသပြီးသည်ကိုစောင့်ရင်း
ကျင့်ကြံခြင်းကိုပြုလုပ်နေ၏။ သူ၏သိုလှောင်လက်စွပ်အတွင်းမှများ ပြားလှသော ကမ္ဘာဦးကျောက်တုံးများပျံသန်းထွက်လာပြီး ပေါက်ကွဲသွားသည်။ အကန့်သတ်မဲ့သန့်စင်သော ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင်တို့ကစီးဆင်းထွက်လာပြီး ရှစ်ဖုန့်၏စုပ်ယူခြင်းကိုခံလိုက်ရသည်။
နောက်ထက်သုံးရက်တာကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ အပြင်ဘက် မြေအောက်နန်းတော်ထဲ၌ လန်မိသားစု၏ကျွမ်းကျင်သူဆယ့်နှစ်ယောက်တို့က ကောင်းကင်ဘုံသိုင်းမျှော်စင်အား
မလှုပ်မယှက်ကြည့်နေကြပြီး ၎င်းတို့ထဲမှတစ်ဦးကပြောလိုက်သည်။
“သူခုနှစ်လွှာမြောက်ကိုဝင်သွားပြီး
ကတည်းဆိုရင် ရက်နှစ်ဆယ်တောင်ကြာခဲ့ပြီ သူခုနှစ်လွှာမြောက်မှာသေသွားလောက်ပြီ.. နှမြောဖို့ကောင်းလိုက်တဲ့ပါရမီရှင်”
ထိုအဘိုးအို၏စကားဆုံးသွားပြီးနောက် အခြားအဘိုးအိုတစ်ဦး၏အသံက
ထွက်ပေါ်လာသည်။
“ကောင်းကင်ဘုံသိုင်းမျှော်စင်ကိုအဆက်မပြတ်လှည့်ပတ်ထားရတာကလန်မိသားစုရဲ့ မရေတွက်နိုင်တဲ့အရင်းအမြစ်တွေနဲ့ ကမ္ဘာဦးကျောက်တုံးတွေကိုကုန်စေတယ်…
သူသေသွားပြီဆိုမှတော့ ကောင်းကင်ဘုံသိုင်းမျှော်စင်ကို
ဖယ်လိုက်ကြရအောင်”
အဘိုးအိုနှစ်ဦး ၏စကားများအားကြားလိုက်ရသောအခါတွင် လန်ယွမ်က အလျှင်အမြန်လှည့်လိုက်ပြီး အဘိုးအိုနှစ်ဦးအားအသနားခံလိုက်သည်။
“ဘိုးဘေး.. နည်းနည်းလောက်ထပ်ပြီးစောင့်ရအောင်ပါ.. သူအလွှာကိုချိုးဖျက်နေတုံးလည်း
ဖြစ်နိုင်ပါတယ်.ကျွန်တော်တို့သာ ကောင်းကင်ဘုံသိုင်းမျှော်စင်ကိုဖယ်ထုတ်လိုက်ရင် သူထွက်လာနိုင်တော့မှာမဟုတ်ဘူး. အကယ်၍သူသာကောင်းကင်ဘုံသိုင်းမျှော်စင်ထဲသေသွားတာဆိုရင်တော့တကယ်
သေသွားတာဖြစ်ပါလိမ့်မယ်”
“အလွှာကိုချိုးဖျက်နေတုံးတဲ့လား.. “
လန်ယွမ်၏စကားများအားကြားပြီး
နောက်အဘိုးအိုတစ်ဦးက
အေးစက်စွာပြောလိုက်သည်။
“သူကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့
ခုနှစ်လွှာမြောက်ကို ဝင်သွားပြီးကတည်းကနေအခုဆိုရက်
နှစ်ဆယ်ရှိနေပြီ..သူကဘာလို့အလွှာ
တွေကိုချိုးဖျက်နေအုံးမှာလဲ.. အရင်တုံး က ငါတို့ရဲ့ဘိုးဘေးခုနှစ်လွှာမြောက်ကိုဝင်သွားတာကိုငါမှတ်မိနေသေးတယ်.. ဒါပေမဲ့သူသုံးရက်မြောက်နေ့မှာ
ပဲကျရှုံးခဲ့ပြီးထွက်လာခဲ့တယ်. သူ့ရဲ့သိုင်းပါရမီစွမ်းရည်က ငါတို့လန်မိသားစုရဲ့ဘိုးဘေးထက်မြင့်
တယ်လို့မင်းကထင်နေတာလား.. သူက ခုနှစ်လွှာမြောက်မှာမသေရုံတင်မကဘဲ ရက်နှစ်ဆယ်တောင်အချိန်ဖြုန်းတယ်ပေါ့လေ”
“လန်ယွမ် မင်းရဲ့စကားတွေက ငါတို့ရဲ့စွမ်းအားကြီးဘိုးဘေးကိုစော်ကားနေတာပဲ. မင်းကနိုင်ငံတစ်ခုရဲ့အုပ်ချုပ်သူအနေနဲ့ပိုပိုပြီး အာဏာရှိနေတယ်ပေါ့လေ”
လန်ယွမ်မှာသူ့အားစကားပြောသည့်
အဘိုးအိုအား မှတ်မိသည်ဖြစ်သည်။၎င်းမှာသူ၏ဘိုးဘေးဖြစ်သူနှင့်မျိုးဆက်တစ်ခုတည်းဖြစ်သည်။ သူသည် ဘိုးဘေး၏ သွေးသားတစ်ဝက်တော်စပ်သော ညီဖြစ်သူဖြစ်သည်။ သို့သော် ၎င်း၏မျိုးဆက်လက်ထက်က ထီးနန်းလုပွဲမှာပို၍ ရုန်းကန်ခဲ့သည်ဟု လန်ယွမ်ကြားခဲ့ဘူးသည်။ ဤအဘိုးအိုကလည်းထိုအချိန်က ထီးနန်းလုပွဲတွင်ပါဝင်ခဲ့ပြီး အဆုံးသတ်၌ ရှုံးနိမ့်ခဲ့သည်ဖြစ်သည်။
၎င်း၏စကားအားကြားလိုက်ရသောအခါတွင် ၎င်းအနေဖြင့် သူ၏ဘိုးလေးဖြစ်သူနှင့်၎င်းတို့ကြား
ထဲ၌ဖြစ်ပျက်ခဲ့သော အာဃာတတရားတို့အားလက်ကိုင်
ထားဆဲဖြစ်သည်ကို လန်ယွမ်သဘောပေါက်လိုက်သည်။
စကားစပြောပြောချင်း၎င်းကလန်ယွမ်အား
ဘိုးဘေးကိုအရှက်ခွဲသူဟု ခေါင်းစဉ်တပ်ခဲ့သည်ဖြစ်သည်။
သို့သော် လန်ယွမ်မှာခေါင်းကိုငုံ့ထားဆဲဖြစ်ပြီး အဘိုးအိုအားပြောလိုက်သည်။
“လန်ယွမ်အနေနဲ့ ကျွန်တော်တို့ဘိုးဘေးကိုအရှက်အခွဲရဲပါဘူး. ဘိုးဘေးကအမျှော်အမြင်ကြီးမားတဲ့သူပါ.. အခု ဆီးလ်ရဲ့စွမ်းအားက အားနည်းသည်ထက်အားနည်းလာနေတာမို့
ကျွန်တော်တို့လန်မိသားစုအနေနဲ့စွမ်းအားကြီး အကူအညီကိုလိုအပ်ပါတယ်”
“အကယ်၍သူသာမသေသေးခဲ့ရင်. ကျွန်တော်တို့လန်မိသားစုအနေနဲ့ ဒီလိုစွမ်းအားကြီးကူညီသူတစ်ဦးနဲ့လွဲသွားမှာပဲမဟုတ်ဘူးလား”
လန်မိသားစုဟူသောစကားလုံးအားကြားလိုက်ရသည်နှင့်အဘိုးအိုကချက်ချင်းပဲ
မကျေမနပ်ဖြစ်စွာဖြင့်ပြောလိုက်သည်။
“ကောင်းကင်ဘုံသိုင်းမျှော်စင်အပေါ်မှာငါတို့ရဲ့အရင်းအမြစ်တွေကို အဆက်မပြတ်သုံးစွဲနေရတာ”
“ကောင်းကင်ဘုံသိုင်းမျှော်စင်ကိုဖွင့်ဖို့အတွက် ငါတို့ ရဲ့များပြားလှတဲ့အရင်းအမြစ်ပမာဏ
တွေကိုဆက်တိုက်ကုန်ဆုံးစေရတယ်.. ဒီလိုသာဆက်သွားနေရင် ကောင်းကင်ဘုံသိုင်းမျှော်စင်ကိုထပ်ဖွင့်ဖို့
အတွက်ငါတို့လန်မိသားစုအနေနဲ့ အရင်းအမြစ်တွေရဖို့နှစ်ဘယ်လောက်ထိစောင့်ရမယ်ဆိုတာကိုဘယ်သူသိမှာလဲ.အဲ့အချိန်ကြရင်ငါတို့လန်မိသားစုကနိမ့်ပါးလာပြီး ငါတို့လိုစွမ်းအားကြီးသူတွေကလည်းရှိတော့မှာမဟုတ်ဘူး. လန်ယွမ်မင်းဒီအတွက်တာဝန်ယူရဲလား”
အဘိုးအို၏သူနှင့်ဖက်ပြိုင်မှုအားကြား
လိုက်ရသောအခါတွင် လန်ယွမ်အနည်းငယ်ဒေါသထွက်လာသည်။ ရုတ်ခြည်း သူမျက်နှထက်ရှိလေးစားမှုတို့ ပျောက်ကွယ်သွားသည်။ သူက အဘိုးအိုအားစိုက်ကြည့်၍ အေးစက်စွာပြောလိုက်သည်။
“သုံးရက်”
“သုံးရက်..နောက်ထပ်သုံးရက်ပဲ. သုံးရက်ကြာပြီးတဲ့နောက် ကောင်းကင်ဘုံသိုင်းမျှော်စင်မှာဘာလှုပ်ရှားမှုမှမရှိရင်.. ကျုပ်လန်ယွမ် ကျုပ်ရဲ့ထီးနန်းကိုစွန့်လွှတ်မယ်.. ကျုပ်က ထျန်းလျန်အင်ပါယာရဲ့နိုင်ငံ့ဥသျှောင်
တစ်ပါးအနေနဲ့မထိုက်တန်ဘူး. ကျုပ်ဒီကိုလာပြီးတော့ ဘိုးဘေးတွေနဲ့တူကျင့်ကြံမှုကိုပြုလုပ်မယ်. ..ထျန်းလျန်အင်ပါယာရဲ့ဥသျှောင်နေရာ
ကိုလမင်းသား လန်ယွဲ့ကို ပေးခဲ့မယ်”
လမင်းသားလန်ယွဲ့မှာ သူနှင့်ဖက်ပြိုင်ငြင်းသောအဘိုးအိုမှဆင်းသက်လာသည့်မျိုးဆက်ဖြစ်သည်။
“အိုး”
လန်ယွမ်၏စကားများအားကြားပြီးနောက်
အဘိုးအိုမှာအစပိုင်း၌ကြက်သေသေသွားသည်။
ထို့နောက်ဝမ်းသာပီတိ ဖြစ်လာပြီး အပြုံတစ်ခုနှင့်ပြောလိုက်သည်။
“လန်ယွမ်..မင်းက မင်းရဲ့နိုင်ငံ့ဥသျှောင်နေရာနဲ့တောင်သုံးရက်ကိုအာမခံမှတော့ ငါမင်းကိုသုံးရက်အချိန်ပေးမယ်.. အဲ့နောက်ပိုင်း.. မင်းပြောသလိုမင်းလုပ်ရမယ်”
လန်ယွမ်အားပြောပြီးနောက်၌ အဘိုးအိုကအခြားအဘိုးအိုများဖက်သို့လှည့်ပြီးပြောလိုက်သည်။
“အားလုံးပဲ. သူ့ကိုသုံးရက်ပေးလိုက်ကြရအောင်..မင်းတို့ရောဘယ်လိုထင်လဲ”
“လန်ယွမ်က ထျန်းလျန်အင်ပါယာရဲ့အုပ်ချုပ်သူပဲ..သုံးရက်ဆိုလည်းသုံးရက်ပေါ့”
အဘိုးအိုတစ်ဦးကပြောလိုက်သည်။
သို့သော်လန်ယွမ်၏ကတိစကား
အားကြားပြီးနောက်တွင် အဘိုးအိုအချို့ကသက်ပြင်းချပြီး
ပြောလိုက်သည်။
“ယွမ်အာ.. မင်းဘာလို့ဒီလိုလုပ်ရတာလဲ.. မင်းနဲ့ငါက ဆက်ဆံရေးကောင်းတယ်ဆိုပေမဲ့.. ဧကရာဇ်မင်းတစ်ပါးဖြစ်လာဖို့မင်း
တော်တော်လေးအားထုတ်ကြိုးစားခဲ့
ရတာကိုငါသိတယ်”
“ဒါဆိုလည်းသုံးရက်ဆက်စောင့်ကြည့်တာပေါ့..ဟူး”
ထို့နောက်အဘိုးအိုတစ်ဦးကပြောလိုက်သည်။အချို့ကတိတ်နေကြပြီး အချို့ကသက်ပြင်းချကာ အချို့ကတော့ဂရုမစိုက်ကြပေ။
အလယ်ဗဟိုရှိ ရွှေရောင်နဂါးတိုင်လုံးအထက်မှ အသက်ကြီးဆုံးနှင့်စီနီယာအကျဆုံး အဘိုးအိုကဘာမှပြောခြင်းမရှိပေ။ သို့သော် သူစကားမပြောသောကြောင့် သူ့၌လည်းချွင်းချက်မရှိသည်ကို အခြားအဘိုးအိုများသိကြသည်။
“ဟူး..တူတော်မောင်..မင်းဘာလို့ဒီလိုလုပ်ရတာလဲကွာ”
မင်းသားကွမ်းကလည်းသက်ပြင်းချပြီး လန်ယွမ်ကိုပြောလိုက်သည်။
လန်ယွမ်မှာစကားပြောခြင်းမရှိသော်လည်းကောင်းကင်ဘုံသိုင်းမျှော်စင်၏ခုနှစ်လွှာမြောက်အားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“ကောင်လေး မင်းကိုငါယုံကြည်မှုပေးခဲ့ပြီးပြီ..အကယ်၍မင်းသာတကယ်ဒီလိုသေသွားခဲ့ရင် ငါအရမ်းစိတ်မကောင်းဖြစ်ရလိမ့်မယ်”