← Chapters

အခန်း (၆၄၁)

Vol. 43 Ch. 641

အခန်း (၆၄၁)

Vol. 43 Ch. 641

“ကောင်လေး..မင်းငါ့အတွက်အကောင်းဆုံးလုပ်ပေးရမယ်.. အကယ်၍မင်းသာဒီလိုမျိုး သေသွားရင်ငါတကယ်ပဲစိတ်မကောင်းဖြစ်ရ

လိမ့်မယ်”

ကောင်းကင်ဘုံသိုင်းမျှော်စင်၏အပြင်ဘက် မြေအောက်နန်းတော်ထဲ၌ ဤစကားလုံးများအားရေရွတ်ပြီးသည့်

နောက်တွင် လန်ယွမ်၏တစ်ကိုယ်လုံးရုတ်တရက်တုန်ယင်သွားသည်။

“သုံးရက်မလိုတော့ဘူး..သုံးရက်တောင်မ

လိုတော့ဘူး. ကောင်းကင်ဘုံသိုင်းမျှော်စင်မှာ လှုပ်ရှားမှုရှိလာခဲ့ပြီ”

ယင်းမှာ ကောင်းကင်ဘုံသိုင်းမျှော်စင်၏အပြင်ဘက်သို့ပုံရိပ်တစ်ခုအားပို့လွှတ်ခြင်းခံရခြင်းမဟုတ်သော်လည်း ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ရှစ်လွှာမြောက်၌အလင်းလင်းလက်လာခြင်းဖြစ်သည်။ယင်းမှာ ပြိုက်ဘက်ကင်းမွန်းစတားဖြစ်သော ဤလူငယ်ကရှစ်လွှာမြောက်သို့

ဝင်ရောက်သွားခြင်းဟုဆိုလိုခြင်းဖြစ်သည်။

“ဘာ.. ဒါကဘယ်လိုဖြစ်နိုင်မှဗာလဲ. သူ..သူတကယ်ပဲရှစ်လွှာမြောက်ကိုဝင်သွား

တယ်..ဒါကသူ့ရဲ့ပါရမီစွမ်းရည်ကငါတို့ရဲ့

ဘိုးဘေးထက်သာလွန်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲမလား.. “

အဘိုးအိုတစ်ဦးကကောင်းကင်ဘုံသိုင်းမျှော်စင်၏ ရှစ်လွှာမြောက်မှ ခရမ်းရောင်အလင်းအားကြည့်၍

တုန်လှုပ်အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. ဘယ်လိုဖြစ်ပြီးတော့ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့

ရှစ်လွှာမြောက်ကို ဝင်ရောက်နိုင်ရတာလဲ..ငါတို့ရဲ့ကောင်းကင်ဘုံသိုင်းမျှော်စင်မှာပြဿနာ

တစ်ခုခုများဖြစ်နေတာလား.. “

ရှစ်လွှာမြောက်မှ ခရမ်းရောင်အလင်းအားကြည့်၍ အဘိုးအိုတစ်ဦး၏မျက်နှာထက်၌ မယုံကြည်နိုင်သောအမူအယာ

တို့ဖြစ်ပေါ်လာသည်။

“ကောင်းကင်ဘုံသိုင်းမျှော်စင်..ကောင်းကင်ဘုံသိုင်းမျှော်စင်က ဘယ်လိုဖြစ်ပြီးတော့ ပြဿနာတစ်ခုရှိနိုင်မှာလဲ.. ဒါကအဲ့လူငယ်လေးက ရှစ်လွှာမြောက်ကိုဝင်သွားတာပဲ.. ဒီကလေးကတကယ့်ကိုပြိုင်ဘက်ကင်း

မွန်းစတားတစ်ဦးပဲ”

“ဟားဟား..ဟားဟား.”

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ရှစ်လွှာမြောက်မှ အလင်းရောင်အားကြည့်၍လန်ယွမ်က စိတ်အားတက်ကြွစွာဖြင့် မထိန်းနိုင်ပဲကျယ်လောင်စွာရယ်မောလိုက်သည်။ကောင်းကင်ဘုံသိုင်းမျှော်စင်၏ရှစ်လွှာမြောက်၌ခရမ်းရောင်အလင်းလင်းလက်လာခြင်းမှာ သူ့အနေဖြင့် ရှစ်လွှာမြောက်သို့ဝင်ရောက်သွား

ခြင်းဖြစ်ပုံရသောကြောင့်ဖြစ်သည်။

ထို့နောက်တွင်လန်ယွမ်ကလှည့်လိုက်ပြီး ရွှေရောင်နဂါးတိုင်လုံများအပေါ်မှ အဘိုးအိုများအားကြည့်လိုက်သည်။ သူကရယ်မော၍ ပြောလိုက်၏။

“ဘိုးဘေးတို့.ကျုပ်ဒီတစ်ကြိမ် လူရွေးမမှားခဲ့ဘူးမလား”

လန်ယွမ်က ရယ်မောကာပြောနေသကဲ့သို့ သူ၏အကြည့်အားလည်းအစောပိုင်းကသူ့အားဆန့်ကျင်ခဲ့သောအဘိုးအိုပေါ်သို့ စူးစိုက်ထားလိုက်သည်။ ဤအချိန်တွင် လန်ယွမ်ကအနိုင်ရသူတစ်ဦး၏

ကိုယ်နေဟန်ထားအားပြသထားသည်။

ထိုအဘိုးအို၏မျက်နှာမှာ မှုန်မှိုင်းနေပြီးအရမ်းအရမ်းကို

အမြင်မတော်ဖြစ်နေ၏။

အစောပိုင်းက ထိုလူအနေဖြင့်ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲ၌သေဆုံးသွားပြီဖြစ်သည်ဟုပြောခဲ့ပြီး

ကောင်းကင်ဘုံသိုင်းမျှော်စင်အားဖယ်ရှားရန်ပင်အားလုံးကိုပြောခဲ့သည်ဖြစ်သည်။ သူကလန်ယွမ်အားဆန့်ကျင်၍ဖြောင့်မတ်သလိုပင်ပြုမူခဲ့၏။

ယခုထိုလူကသေဆုံးသွားခြင်းမရှိရုံသာမက ကောင်းကင်ဘုံသိုင်းမျှော်စင်၏ရှစ်လွှာမြောက်သို့ပင်ဝင်ရောက်သွားခဲ့သည်။ ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ရှစ်လွှာမြောက်မှခရမ်းရောင်အလင်းက သူ၏မျက်နှာအားပြင်းထန်စွာဖြတ်ရိုက်သကဲ့သို့ပင်ဖြစ်၏။

အထူးသဖြင့်သူ့အားအနိုင်ရသူတစ်ဦးနှယ်ကြည့်နေသောလန်ယွမ်ပင်ဖြစ်သည်။ထိုအကြည့်မှာ သူထီးနန်းအတွက်တိုက်ခိုက်စဉ်

ကျရှုံးခဲ့တုံးကကြည့်ခဲ့သောထိုလူ၏ အကြည့်တို့နှစ်တစ်ထေရာတည်း

တူညီနေခြင်းပင်ဖြစ်သည်။

“အဲ့အချိန်တုံးက လန်ဝေ့က ငါ့ကိုအရှက်ခွဲခဲ့တယ်…

အခုသူ့မျိုးဆက်ကလည်းငါ့ကို တူညီတဲ့အကြည့်နဲ့တစ်ထေရာ

တည်းအရှက်ခွဲနေတယ်..ချီးပဲ..ချီးပဲ .အဲ့လန်ဝေ့ကသေဖို့ထိုက်တန်တယ်.. အခုသူသေသွားတော့ သူ့ရဲ့မျိုးဆက်က ပိုပြီးသေဖို့တောင်ထိုက်တန်သေးတယ်”

အဘိုးအိုကသူ၏စိတ်ထဲ၌ခါးသီးမုန်းတီးစွာဖြင့်တွေးတောနေသည်။

ရုတ်ခြည်း သူ၏မျက်လုံးတို့က ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ရှစ်လွှာမြောက်ပေါ်သို့ ကျရောက်သွားသည်။

ထိုလူငယ်အား လန်ယွမ်ကသတို့သားရွေးချယ်ပြိုင်ပွဲမှ ရွေးချယ်လာခြင်းဖြစ်သည်ကိုသူမမေ့ပေ။ အခြားစကားဖြင့် ပြောရလျှင် ထိုမကောင်ဆိုးဝါးသတ္တဝါလေးက လန်ယွမ်၏သားမက်ဖြစ်သည်။

“သေရမယ်..အဲ့ကောင်သေကိုသေရမယ်.. ဒီလိုပါရမီရှင်မျိုးကိုသူ ကြီးထွားမလာခင်မှာဖျက်ဆီးပစ်ရမယ်.. မဟုတ်ရင်.. လန်ဝေ့ရဲ့မျိုးဆက်တွေနဲ့ သူ့ရဲ့မျိုးဆက်တွေက ငါ့ရဲ့မျိုးဆက်အပေါ်မှာထာဝရ

ဖိနှိပ်သွားလိမ့်မယ်”

အဘိုးအိုက စိတ်ထဲမှ တိတ်တဆိတ်ပြောနေရင်းသူ၏

မျက်လုံးတို့ကကောင်းကင်ဘုံသိုင်းမျှော်စင်အား အေးစက်စွာစိုက်ကြည့်နေသည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ရှစ်လွှာမြောက်၌ဖြစ်သည်။

ရုတ်တရက်သာမန်ဆန်သောကောင်းကင်၌ ခရမ်းရောင်အလင်းနှစ်ခုလင်းလက်လာသည်။ခရမ်းရောင်အလင်းတို့မှေးမှိန်

ပျောက်ကွယ်သွားသောအခါတွင် ရှစ်ဖုန့်နှင့်တီရှာတို့ထွက်ပေါ်လာသည်။

ရှစ်ဖုန့်ဤနေရာ၌ပေါ်လာသောအခါတွင် ရုတ်ခြည်း ရင်းနီးသော ဆန်းကြည်သည့်စွမ်းအင်တို့ သူ့ထံသို့ဦးတည်ချက်ပေါင်းစုံမှ ကူးလူလာသည်ကို အာရုံခံမိလိုက်သည်။

“ဒီတော့.. ဒီဆန်းကြယ်စွမ်းအင်က ရှစ်လွှာမြောက်ကိုရောက်ပြီးတော့မှ ပေါ်လာတာပေါ့”

ပုံမှန်မဟုတ်သောခမ်းနားပြီးစွမ်းအားကြီးသည့်ဆန်းကြယ်သောစွမ်းအင်တို့ကသူ့ထံသို့တစ်ဟုန်ထိုးလာနေသည်ကိုအာရုံခရင်း ရှစ်ဖုန့်၏မျက်နှာထက်၌ ပျော်ရွှင်သောအပြုံးတစ်ခုဖြစ်ပေါ်လာသည်။

ထို့နောက်တွင် သူ၏လက်နှစ်ဖက်လုံးဖြင့်လက်သင်္ကေတဆီးလ်တစ်ခုအား ပုံဖော်လိုက်ပြီး ငရဲဘုံကိုးခု ပညာရပ်အား အသက်သွင်း၍ သူ၏ခန္ဓာကိုယ်အားဆန်းကြယ်သည့်စွမ်းအင်တို့ကိုစုပ်ယူခွင့်ပြုလိုက်သည်။

အခြားတစ်ဖက်တွင် တီရှာက ရှစ်ဖုန့်၏ဘေး၌ဝင့်ကြွားစွာရပ်နေပြီး ရှစ်ဖုန့်ကဲ့သို့ တူညီသောစွမ်းအင်အားမခံစားရပေ။ သူကရှစ်ဖုန့်အားမှင်တွေစွာကြည့်နေသည်။ ထို့နောက်တွင်ပတ်ဝန်းကျင်အားကြည့်လိုက်ပြီးသူ့အောက်ဘက်မှကမ္ဘာအားစတင်စစ်ဆေးလိုက်သည်။

သူ၏အောက်၌ခရမ်းရောင်

တောအုပ်တစ်ခုရှိနေသည်။ သူ၏အောက်၌ မြင့်မားသောသစ်ပင်ကြီးများရှိနေသည်။ သို့သော် သစ်ပင်များအားလုံးကခရမ်းရောင်များ

ဖြစ်ကြသည်။၎င်းတို့က ဦးတည်ချက်အနှံ့ အဆုံးမရှိသကဲ့သို့ ပြန့်နှံ့ပေါက်ရောက်နေသည်။

ထို့နောက်တွင် ရုတ်တရက်သူ၏ကိုယ်ပေါ်၌ခရမ်းရောင်အလင်းနှစ်ခုလင်းလက်လာသည်ကိုတီရှာတွေ့လိုက်ရသည်။

“အာ…ဒါက..ငါလက်..ငါ့လက်တွေကို

ငါပြန်ရပြီ”

ခရမ်းရောင်အလင်းလင်းလက်သွားပြီး

သည့်နောက်တွင် ခုနှစ်လွှာ၌ဖျက်ဆီးခံလိုက်ရသောသူ၏ ဘယ်လက်နှင့်ညာလက်တို့ကသူ၏ကိုယ်ပေါ်၌တကယ်ပြန်ပေါ်လာသည်ကို တွေ့ရသောအခါ၌ တီရှာတစ်ယောက်ပျော်ရွှင်ဝမ်းမြောက်သွား

သည်။သူ၏လက်တို့သာမကဘဲ သူ၏ကိုယ်ပေါ်ရှိဒဏ်ရာအားလုံးပင် အပြည့်အဝကောင်းမွန်ခြင်းမရှိသေးသောသူ၏ကိုယ်ပေါ်မှဒဏ်ရာများပင်ရုတ်ခြည်းကောင်းမွန်သွားသည်။

တီရှာသူ၏လက်သီးတို့အားတင်းကျပ်စွာ

ဆုပ်လိုက်သည်။ သူတစ်ချိန်ကရှိခဲ့ဖူးသောစွမ်းအားကြီးစွမ်းအင်တို့ကိုသူခံစားနိုင်သည်ဖြစ်သည်။

သို့သော် အလောင်းကောင်ဧကရာဇ်မှာသူ၏

ဘေးမှရှစ်ဖုန့်အားတွေ့လိုက်ရသောအခါတွင် သူ၏ စိတ်ခံစားချက်က စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။အစကဆီးလ်အားသူချိုးဖျက်ခဲ့ချိန်တွင် သူ၏မူလအားပြန်လည်ရရှိခဲ့ပြီဟု သူထင်ခဲ့သည်။ နတ်ဆိုးနဂါးအားအနိုင်ယူပြီးသည့်နောက်တွင် ကောင်းကင်ဘုံကိုးခုကိုဖြတ်သန်း၍သူဆန္ဒရှိသလိုမြင့်တက်နိုင်စွမ်းရှိလိမ့်မည်ဟုသူထင်ခဲ့၏။

ထိုအချိန်က နတ်ဆိုးနဂါးအားဖြစ်နိုင်သမျှအမြန်ဆုံး

သတ်ပစ်နိုင်ရန်အတွက် သူ၌ရှိသမျှအားလုံးအားရင်းခဲ့သည်။သူ၏လက်တစ်ဖက်ပင်အကိုက်ခံလိုက်ရပြီးယင်းအတွက် ထိုက်တန်သည်ဟုသူထင်ခဲ့သည်။

ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးနောက် နောက်ဆုံး၌နတ်ဆိုးနဂါးမှသူ၏ဖျက်ဆီးခြင်း

အားခံလိုက်ရသည်။သို့သော် ဤစက်ဆုပ်ဖို့ကောင်းသောလူသား၏

ထောင်ချောက်အတွင်းသူကျရောက်ရလိမ့်မည်ဟုတော့သူမမျှော်လင့်ထားခဲ့ပေ။

“ဟူး”

အလောင်းကောင်ဧကရာဇ်မှာစိတ်ထဲမှ

နေ၍ သက်ပြင်းချလိုက်သည်။

အလောင်းကောင်ဧကရာဇ်အနေဖြင့် စိတ်ထဲ၌သာသက်ပြင်းချရဲသည်။ဤလူ၏နည်းလမ်းများအားသူယခင်ကမြင်တွေ့ဖူးသည်ဖြစ်သည်။ ၎င်းမှာ သူ၏ရည်မှန်းချက်များအတွက်ဘာမဆို

လုပ်ရဲသောလူစားမျိုးဖြစ်သည်။အကယ်၍ ဤလူသာသူ၏ သက်ပြင်းချမှုအားတွေ့ပြီးသူ၏နှလုံးသားထဲမှမကျေနပ်မှုအားမြင်တွေ့ခဲ့လျှင် သူ့အား မည်ကဲ့သို့သောအရာမျိုး၎င်းပြုလုပ်မည်ကိုမည်သူသိနိုင်မည်နည်း။ ဤလူမပြုလုပ်ရဲသောအရာဟူ၍မရှိချေ။

ယခု၎င်းကသူ့နှင့်သခင်-အစေခံ စာချုပ်ကိုချုပ်ဆိုထားသည်ဖြစ်ပြီး ၎င်းအနေဖြင့်သူ့အား စိတ်ရှိသလိုနှိပ်စက်ခြင်းပြုလုပ်နိုင်ကာသူ့အ

နေဖြင့်လည်းလုံးဝခုခံခြင်းကိုပြု

လုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့နောက်စိတ်ပျက်နေသော အလောင်းကောင်ဧကရာဇ်မှာသူ၏

လက်ရှိသခင်ဖြစ်သူ ဤစက်ဆုပ်ဖို့ကောင်းသောလူသား၏ကိုယ်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်သွားသည်ကိုတွေ့လိုက်ရသည်။

“သူအဆင့်တက်သွားတယ်..သူ ကြယ်ခြောက်ပွင့်မဟာသူတော်စင်နယ်ပယ်ကို

ရောက်သွားပြီ”

အလောင်းကောင်ဧကရာဇ်မှာစိတ်ထဲမှ

ပြောလိုက်သည်။သို့သော်မကြာခင်တွင် တစ်စုံတစ်ခုအားတွေးမိလိုက်ပြီး

လွန်စွာတုန်လှုပ်အံ့အားသင့်သော

အမူအယာတစ်ခုက

အလောင်းကောင်ဧကရာဇ်၏ ပိန်းပေါက်အောင်မည်းနက်နေသော

မျက်နှာထက်၌ပေါ်လာသည်။

သူသာမှတ်မိတာမမှားဘူးဆိုလျှင် ဤလူချိတ်ပိတ်ကုန်းမြေသို့လာပြီး သူ့အားခေါ်လာခဲ့စဉ်က ကြယ်ကိုးပွင့် သူတော်စင်နယ်ပယ်၌သာရှိ

သေးသည်ဖြစ်သည်။ ဤသည်ကား..ရက်မည်မျှပင်ရှိပါသေးသနည်း။

“သူ..သူတကယ်ပဲ ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်ကို

ဝင်ရောက်ခဲ့တယ်”

“ဒါ..ဒါက အရမ်းကိုထိတ်လန့်ဖို့ကောင်းတယ်.. ထျန်းဟန်တိုက်ကြီးပေါ်ကလူသားတွေရဲ့

ပါရမီစွမ်းရည်ကများ အရမ်းကိုအံ့အားသင့်လက်ဖျားခါ စရာကောင်းနေတာများဖြစ်နိုင်မလား.. ငါ့ရဲ့ကြုံရာကျပန်းတွေ့လိုက်ရတဲ့လူသားတိုင်းကအရမ်းကို ကြမ်းတဲ့သူတွေကြီးပဲ. ဒါ..ဒါဆို..အခုကစပြီးငါလည်းအရူး

တစ်ယောက်လိုပြုမူနေမှပဲ”

All Chapters