← Chapters

အခန်း (၆၄၂)

Vol. 43 Ch. 642

အခန်း (၆၄၂)

Vol. 43 Ch. 642

အရှေ့ပိုင်းဒေသကြီး၏ မြင့်မြတ်ကုန်းမြေသုံးခုထဲမှတစ်ခုဖြစ်သော ထျန်းခွန်းဂိုဏ်း၏နယ်မြေ၌ဖြစ်သည်။

တိမ်တိုက်များအားထိုးခွင်းနေသော

ဓားတစ်လက်အသွင်ရှိသည့် တောင်တစ်ခု၏ထိပ်ဖျားပေါ်၌ အဖြူရောင်ပုံရိပ်တစ်ခုက တင်ပျဉ်ခွေကာထိုင်နေသည်။ ဤပုဂ္ဂိုလ်မှာ လက်ရှိမြင့်မြတ်ကုန်းမြေသုံးခုထဲမှ

တစ်ခုဖြစ်သော ထျန်းခွန်းဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ခွန်းထျန်းယွီဖြစ်သည်။

ခွန်းထျန်းယွီမှာ အသက်ရှစ်ဆယ်နားသို့ကပ်နေပြီဖြစ်သည်။ သူ့၌တစ်ခေါင်းလုံးဖြူနေသောဆံပင်များနှင့် မျက်နှာတစ်လုံး၌ပြည့်နှက်နေသော အဖြူရောင်မုတ်ဆိတ်မွှေးများရှိ၏။ သို့သော် သူ၏မျက်နှာပေါ်တွင်တော့အရေး

အကြောင်းတို့ရှိမနေချေ။ သူ့အနေဖြင့် အသက်ရှစ်ဆယ်နားသို့ကပ်နေသော

လူအိုတစ်ကြီးတစ်ယောက်၏ပုံစံနှင့်မတူပေ။ အသက်သုံးဆယ် လေးဆယ်နားဝန်းကျင်သာရှိသေးသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့်သာ ပို၍တူသည်ဖြစ်သည်။

ဤအချိန်တွင် ခွန်းထျန်းယွီမှာ တိမ်တိုက်များအတွင်း၌ တင်ပျဉ်ခွေထိုင်၍ သူ၏မျက်လုံးများအားအနည်း

ငယ်ပိတ်ထားသည်။ သူ၏အဖြူရောင်ဆံပင်နှင့်အဖြူ

ရောင်မုတ်ဆိတ်မွှေးတို့က လေနှင့်အတူကခုန်နေပြီး သူ့အား အင်မော်တယ်တစ်ပါးနှယ်

ထင်မှတ်ရစေသည်ဖြစ်သည်။

ဤအချိန်တွင် ခွန်းထျန်းယွီ၏ပိတ်ထားသောမျက်လုံးတို့ ရုတ်ခြည်းပွင့်သွားသည်။ သူ၏အရှိန်အဝါတစ်ခုလုံးက

သိသိသာသာကိုပြောင်းလဲသွား၏။သူ၏ကိုယ်မှစွမ်းအားကြီးအရှိန်အဝါတစ်ခုကမြင့်တက်လာကာတိမ်တိုက်များအားထိုးခွင်းသွားသည်။ယင်းမှာ ဤအချိန်၌ ကြမ်းကြုတ်သောသားရဲကြီးတစ်ကောင် ရုတ်တရက်နိုးထလာသကဲ့သို့ပင်ဖြစ်သည်။

ဤအချိန်တွင် ခွန်းထျန်းယွီမှာ အင်မော်တယ်တစ်ပါးအဖြစ်မှ မျိုးဆက်တစ်ခု၏ အရှိန်အဝါကြီးမားသော အရှင်သခင်တစ်ပါးအဖြစ်သို့

ပြောင်းလဲသွားသည်။

ခွန်းထျန်းယွီကသူ၏မျက်လုံးတို့အား

ဖွင့်လိုက်သကဲ့သို့ သူ၏အရှိန်အဝါကလည်းသိသိသာသာပြောင်းလဲသွားသည်။ ဤအချိန်တွင် ပုံစံဆင်တူသော အဖြူရောင်ပုံရိပ်တစ်ခုက တိမ်တိုက်များကြားလျှောက်လှမ်းနေသည့်နှယ်သူ၏ရှေ့သို့ လျှောက်လှမ်းလာသည်။

ဤလူမှလူကြီးလူကောင်းဆန်ပြီး

ကြည်လင်သော မျက်နှာတစ်ခုရှိသည်။ သူ၏ စာပေသမားတစ်ဦးကဲ့သို့ စက္ကူယပ်တောင်တစ်ခုအားညင်သာစွာဝေ့ယမ်းလိုက်၏။

“အဘိုးကြီးခွန်း. မင်းငါ့ကိုရရှာနေတယ်လို့ကြားတယ်.,”

ထိုလူကပေါ်လာသည်နှင့်ခွန်းထျန်းယွီအားအော်ပြောလိုက်သည်။အရှေ့ပိုင်းဒေသကြီး၏ အင်အားစုများကြားထဲတွင် ခွန်းထျန်းယွီအား ဤကဲ့သို့သောအသွင်အပြင်အပြောအဆိုမျိုးဖြင့် ခေါ်နိုင်သောလူမှာ သေချာပေါက်ထူးခြားသော နောက်ခံတစ်ခုရှိရမည်သာဖြစ်လေသည်။

ဟုတ်ပါသည်။ဤလူမှာ အရှေ့ပိုင်းဒေသကြီး၏ မြင့်မြတ်ကုန်းမြေသုံးခုထဲမှတစ်ခုဖြစ်သော ယွဲ့ဟူဂိုဏ်းခေါင်းဆောင်ယွဲ့ဟူရှင်း ဖြစ်ပြီး ခွန်းထျန်းယွီနှင့်တူညီစွာ ရပ်နေနိုင်သောတည်ရှိမှုတစ်ခုဖြစ်သည်။

“ယွဲ့ဟူရှင်း မင်းကြည့်ရတာ အရမ်းသက်တောင့်သက်သာဖြစ်နေတဲ့ပုံပဲ.. ထျန်းလျန်အင်ပါယာထဲမှာ မင်းရဲ့ပါရမီရှင်တစ်ပည့်တစ်ဦးအသတ်ခံလိုက်ရတယ်လို့ငါကြားတယ်..မင်းရဲ့တပည့်

အတွက်လက်စားချေမယ်လို့မင်းမတွေးထားဘူးလား..”

ယွဲ့ဟူရှင်း ပေါ်ပေါ်လာခြင်း ခွန်းထျန်းယွီက မေးလိုက်သည်။

“အိုး.. မင်းကအဲ့ကိစ္စကိုပြောချင်တာလား..”

ခွန်းထျန်းယွီ၏စကားများအားကြား

လိုက်ရသောအခါတွင် ယွဲ့ဟူရှင်းက ပြုံး၍မေးလိုက်သည်။

“အဲ့ကောင်ကသတို့သားရွေး

ချယ်ပြိုင်ပွဲကိုပါဝင်ချင်ခဲ့တာလေ.. သူကစင်မြင့်ထက်ကတိုက်ပွဲထဲမှာ

တစ်ခြားသူတွေလိုက်အရည်အချင်းမရှိခဲ့ဘူး. သူသေဖို့ထိုက်တန်တယ်.. အကယ်၍ ငါတို့ကသာလက်စားချေလိုက်ရင်ယွဲ့ဟူဂိုဏ်းရဲ့ အဆင့်အတန်းကိုနှိမ့်ချလိုက်သ

လိုမဖြစ်သွားဘူးလား”

“ဒါပေမဲ့အဘိုးကြီးခွန်း.”

ထို့နောက်တွင် ယွဲ့ဟူရှင်းကတစ်စုံတစ်ခုအား

တွေးမိသွားပုံရပြီး မေးလိုက်သည်။

“မင်းဂိုဏ်းက သူတော်စင်နယ်ပယ် သန့်စင်သူတစ်ယောက်ကိုဆုံးရှုံး

လိုက်ရတဲ့အပြင် လိပ်နက်ခန်းမရဲ့ခေါင်းဆောင်နဲ့

ဒုခေါင်းဆောင်ဖြစ်သူကိုပါ ဆုံးရှုံး လိုက်ရတယ်လို့ငါကြားထားတယ်.. သူတို့ကလည်းငါ့ရဲ့ဘာမှအသုံး

မကျတဲ့တပည့်လိုပဲ တူညီတဲ့သူတစ်ဦးတည်းက

သတ်သွားတဲ့ပုံရတယ်.. ဟုတ်တယ်မလား”

ယွဲ့ဟူရှင်း၏စကားများနှင့်

အသွင်အပြင်မှတစ််ဆင့် သူအကြံအား ဖောက်မြင်သွားပြီဖြစ်သည်ကို ခွန်းထျန်းယွီသိလိုက်ပြီးဖြစ်သည်။ သူကချက်ချင်းပြောလိုက်သည်။

“ကောင်းပြီ ယွဲ့ဟူရှင်း.မင်းကပါးနပ်တဲ့

သူတစ်ယောက်ပါ.. ငါမင်းကို ထပ်ပြီးထိန်ချန်မနေတော့ဘူး. ဒီတစ်ကြိမ်ငါမင်းကိုရှာရတဲ့

အကြောင်းပြချက်က ထျန်းလျန်အင်ပါယာကိုသွားပြီး အဲ့ကောင်စုတ်ကိုသွားရှာသတ်ဖို့အတွင်

မင်းနဲ့ အင်အားချင်းပူးပေါင်းချင်တာပဲ”

“အိုး”

ခွန်းထျန်းယွီ၏စကားတို့အားကြားလိုက်ရပြီးနောက် ယွဲ့ဟူရှင်း၏မျက်နှာထက်၌ စိတ်ဝင်စားမှုအရောင်လင်းလက်သွားသကဲ့သို့ တသောသောလည်းရယ်လိုက်သည်။

“သူက ပါရမီစွမ်းရည်ကောင်းတဲ့ လူငယ်လေးတစ်ယောက်သာသာပါ.. မင်းက တော့အရှေ့ပိုင်းဒေသကြီးရဲ့မြင့်မြတ်ကုန်း

မြေသုံးခုထဲက ထျန်းခွန်းဂိုဏ်းရဲ့ခေါင်းဆောင်လေ…

မင်းဘာလို့ငါ့ကိုကူညီစေချင်ရတာလဲ.. မင်းရဲ့ထျန်းခွန်းဂိုဏ်းမှာ ကျွမ်းကျင်သူတွေမရေတွက်နိုင်

အောင်ရှိနေတာပဲဟာ. ဒီကိစ္စကိုကိုင်တွယ်ဖို့အတွက်

သူတို့ထဲကတစ်ယောက်ကို

မင်းလွှတ်လို့မရဘူးလား”

“ယွဲ့ဟူရှင်း..ဟန်ဆောင်နေတာ

ရပ်လိုက်စမ်းပါ.. မင်းငါ့ကို ဆက်ပြီးဟန်ဆောင်နေပေမဲ့.

မင်းရဲ့ယွဲ့ဟူဂိုဏ်းရဲ့မင်းဆိုတဲ့ယွဲ့ဟူရှင်းတို့က အခြားသူတွေထက်ပိုပြီးသတင်းရယူမှုကောင်းတာကိုငါသိထားပြီးသား. “

ခွန်းထျန်းယွီကစိတ်မရှည်သော

အမူအယာကိုပြသ၍ ယွဲ့ဟူရှင်းကိုပြောလိုက်သည်။ ဤလူအားသူစကားပြောလိုက်သည့်

အချိန်တိုင်းတွင် အပင်ပန်းရဆုံးဖြစ်သည်။

“ဟားဟား”

ခွန်းထျန်းယွီပေါက်ကွဲလာပြီး

နောက်ယွဲ့ဟူရှင်းက ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ ထို့နောက်တွင် ယွဲ့ဟူရှင်းက လေးနက်သောအမူအယာအ

ဖြစ်သို့ပြောင်းလဲသွားပြီး ပြောလိုက်သည်။

“ကောင်းပြီအဘိုးကြီးခွန်း..ဒီကိစ္စနဲ့ပက်သက်ပြီး အမှန်အတိုင်းပဲပြောမယ်.. ငါ့ရဲ့ယွဲ့ဟူဂိုဏ်းက ပါဝင်မပက်သက်ချင်ဘူး”

ယွဲ့ဟူရှင်း၏စကားများအားကြားပြီးနောက် ခွန်းထျန်းယွီကလေးနက်သော

အသံဖြင့်မေးလိုက်သည်။

“ဝင်ပြီးမပက်သက်ချင်ဘူးလား. ထျန်းလျန်အင်ပါယာရဲ့လန်မိသားစုမှာရှိနေတဲ့သက်ကြားအိုကြီးတွေကြောင့်လား .”

ထျန်းလျန်အင်ပါယာ၏မြေအောက်နန်းတော်ထဲမှအဘိုးကြီးများအားအခြားသူများ

ကသိချင်မှသိကြမည်ဖြစ်သော်လည်း မြင့်မြတ်ကုန်းမြေသုံးခုကတော့

သိသည်ဖြစ်သည်။

အပေါ်ယံတွင် အရှေ့ပိုင်းဒေသကြီး၏မြင့်မြတ်

ကုန်းမြေသုံးခုက လက်ရှိ၌ မည်သည့်အင်ပါယာသုံးခုထက်မဆို အားကောင်းသည်ဖြစ်သည်။ သို့သော် ထျန်းလျန်အင်ပါယာ၏

မြေအောက်နန်းတော်ထဲ၌ရှိ

နေသောအဘိုးကြီးများက

အခြားသောအင်ပါယာများထက် ပို၍စွမ်းအားကြီးကြသည်ဖြစ်သည်။

ပြောရလျှင် တိုက်ခိုက်ရေးအင်အား၌ ထျန်းလျန်အင်ပါယာကမြင့်မြတ်ကုန်းမြေသုံးခုထက်အားနည်းခြင်းမရှိပေ။

သို့သော် ယွဲ့ဟူရှင်းက သူ၏ခေါင်းအားဖြည်းညှင်းစွာခါယမ်းပြလိုက်ပြီး ပြုံး၍ပြောလိုက်သည်။

“ဒီတစ်ကြိမ်အဲ့တာက သေခြင်းကောက်ရိတ်တံစဉ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါ့ရဲ့ယွဲ့ဟူဂိုဏ်းကဆုံးရှုံးရမဲ့

ကံကြမ္မာကိုအလိုမရှိဘူး..”

“အဘိုးကြီးခွန်းတို့တွေတစ်ယောက်နဲ့

တစ်ယောက်သိလာကြတာနှစ်တွေကြာနေပြီ.. ထျန်းဟန်တိုက်ကြီးကအရမ်းပဲကျယ်ပြောတယ်ဆိုတာကိုမင်းကိုသတိပေးပါရစေ.. ထျန်းဟန်တိုက်ကြီးမှာတို့ရဲ့အင်အားဆိုတာကဘာမှမဟုတ်ဘူး.တို့တွေပိုင်ဆိုင်ဖို့မသင့်တော်တဲ့အရာတစ်ချို့ဆိုတာရှိတယ်”

ယွဲ့ဟူရှင်းမှာ ခွန်းထျန်းယွီဤနေရာသို့ ဆင့်ခေါ်ရခြင်း၏အကြောင်းပြချက်အားခန့်မှန်းထားပြီးဖြစ်သည်။လက်စားချေချင်သည်ဖြစ်စေ မချေချင်သည်ဖြစ်စေ ဤသက်ကြားအိုကြီးက ဤအရာများအားဂရုစိုက်သည့်သူမဟုတ်ချေ။ လောလောဆယ်သတင်းပျံ့နှံ့နေသော ငွေရောင်တံစဉ်အပေါ်တွင်သာ

သူ၏အတွေးများကိုစူးစိုက်ထားခြင်းသာဖြစ်၏။

ယွဲ့ဟူရှင်းမှခွန်းထျန်းယွီအား

ပြောသောစကားများကရှင်းသည်။ ငွေရောင်တံစဉ်ကသေခြင်း

ကောက်ရိတ်ဓားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၎င်းက ကြယ်တစ်ပွင့်မဟာ

သူတော်စင်နယ်ပယ်တစ်ဦးကကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦး

ကိုသတ်ပစ်နိုင်စေသောအရာဖြစ်သည်။ ဤကဲ့သို့သောလက်နက်အမျိုးအစားက သူတို့ စော်ကားခြင်းငှာတက်နိုင်စွမ်းမရှိသော ထျန်းဟန်တိုက်ကြီး၏ ထိပ်တန်းအင်အားစုများအားလုံးအား သေချာပေါက်ဆွဲဆောင်နိုင

်လိမ့်မည်သာဖြစ်သည်။

စကားဆုံးပြီးနောက်ယွဲ့ဟူရှင်း၏ ပုံရိပ်ကမြူကဲ့သို့ဖြည်းဖြည်းချင်း

မှေးမှိန်သွားပြီး အကန်သတ်မဲ့ပြန့်ကား

နေသော တိမ်တိုက်များကြားထဲမြူကဲ့သို့

ပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ရှစ်လွှာမြောက်၌ဖြစ်သည်။

ရှစ်ဖုန့်ခုနှစ်လွှာမြောက်၌ရှိနေစဉ်က ဧရာမခရမ်းရောင်မီးတောက်နဂါးကြီး

အားသတ်ရန်အတွက်

ငွေရောင်တံစဉ်ကိုအသုံးပြုခဲ့သည်။ ဆန်းကြယ်စွမ်းအားများအား

စုပ်ယူပြီးသည့်နောက်၌ ကြယ်ငါးပွင့်မဟာသူတော်စင်နယ်ပယ်မှ ကြယ်ခြောက်ပွင့်မဟာသူတော်စင်နယ်ပယ်သို့တက်လှမ်းရန်အတွက်လိုအပ်

သောစွမ်းအင်များအား သူ၏ဒန်တန်အတွင်း၌တစ်ဝက်

စုဆောင်ထားပြီးဖြစ်သည်။

ဤအချိန်တွင်ရှစ်လွှာမြောက်သို့

ရောက်ရှိပြီးသည့်နောက်၌ ဦးတည်ချက်ပေါင်းစုံမှလာ

နေသောဆန်းကြယ်စွမ်းအင်တို့အား ရှစ်ဖုန့် ဝါးမျိုလိုက်သည်။ ရုတ်ခြည်းဆိုသလို အဖြူရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ကိုယ်ပေါ်၌ လင်းလက်လာပြီးကြယ် ခြောက်ပွင့်မဟာသူတော်စင်

နယ်ပယ်သို့သူဝင်ရောက်နိုင်ခဲ့သည်။

သို့သော်တီရှာ၏လှုပ်ရှားမှုများကိုလည်းရှစ်ဖုန့်သတိထားမိခဲ့သည်။ သူ၏ခေါင်းအားလှည့်လိုက်သောအခါတွင် တီရှာ၏ပျက်စီးသွားသော ဘယ်လက်နှ့င်ညာလက်တို့က

သူ၏ကိုယ်ပေါ်၌ ပြန်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ထိုထက်ပိုသည်ကား ၎င်း၏ကိုယ်ပေါ်မှ ဒဏ်ရာများအားလုံး လုံးဝပြန်ကောင်းသွားခြင်းပင်ဖြစ်သည်။

ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများသည်သာမကဘဲ စောကရရှိခံစားခဲ့ရသော ဒဏ်ရာများပင်အပြည့်အဝပြန်လည်ကောင်းမွန်သွားသည်ဖြစ်သည်ကိုရှစ်ဖုန့်ခံစားလိုက်ရသည်။

“ဒါ.ဒါက အရမ်း ဆန်းကြယ်တာပဲ”

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ဆန်းကြယ်မှုသဘာဝအောက်၌ ရှစ်ဖုန့်ပင်မနေနိုင်ပဲ အံ့ဩဘနန်းဖြစ်ရသည။

သို့သော်ပြဿနာတစ်ခုကိုလည်း

ရှစ်ဖုန့်ရှာတွေ့ခဲ့သည်။ ဆန်းကြယ်သောစွမ်းအင်တို့က

သူထံသို့ဦးတည်လာခဲ့သော်လည်း တီရှာထံကိုတော့ ဦးတည်မလာခဲ့ပေ။ တီရှာမှာ ကောင်းကင်ဘုံသိုင်းမျှော်စင်၏

အသိအမှတ်ပြုခြင်းအားမခံရပုံပေါ်သည်။

ထို့နောက် ရှစ်ဖုန့်က သူ၏ခေါင်းအားငုံ့လိုက်ပြီး အောက်ဘက်ရှိခရမ်းရောင်

တောအုပ်အားကြည့်လိုက်သည်။ သူတီရှာအားစတင်ပြောလိုက်သည်။

“အောက်ကိုဆင်းပြီးတစ်ချက်ကြည့်လိုက်စို့”

တီရှာ၌ ဘာချွင်းချက်မှရှိမနေပေ။

ရှစ်ဖုန့်၏ကိုယ်ရွေ့လျားသွားသောအခါတွင် တီရှာလည်း ရှစ်ဖုန့်နောက်မှလိုက်ပါပြီး အောက်ဘက်ရှိခရမ်းရောင် တောအုပ်အတွင်းသို့ဆင်းလိုက်သည်။

ခရမ်းရောင်တောအုပ်အားအပေါ်စီးမှနေ၍ ရှစ်ဖုန့်ကြည့်လိုက်သောအခါတွင် ၎င်းကခရမ်းရောင်ဖြစ်နေသည်မှလွဲပြီး ၎င်းနှင့်ပက်သက်သည့်ဘာခြားနားချက်ကိုမှ သူမတွေ့ရချေ။သို့သော် ၎င်းကခရမ်းရောင်ဖြစ်နေသောကြောင့် ထူးခြားသော တစ်စုံတစ်ခုရှိရမည်ဟုတော့သူခံစားမိသည်။ ထိုနေရာ၌စမ်းသပ်မှုရှိနေ

သည်လည်းဖြစ်ကောင်းဖြစ်နေနိုင်၏။

ယခုသူကကောင်းကင်ဘုံသိုင်းမျှော်စင်၏ အလွှာများအားတစ်ခုပြီး

တစ်ခုဝင်ရောက်ခဲ့ပြီးသည့်နောက်၌ ရှစ်ဖုန့်တစ်ယောက်

ကောင်းကင်ဘုံသိုင်းမျှော်စင်အား ပိုပို၍ချစ်လာသည်။ အလွှာတစ်ခုချိုးဖျက်ပြီးတိုင်း

သူ့ထံသို့ဦးတည်လာသော ဆန်းကြယ်စွမ်းအင်များနှင့်ပက်သက်၍ ချစ်ခင်စုံမက်လာမိ၏။

ယခုဆို ရှစ်လွှာမြောက်နှင့်ကိုးလွှာမြောက်သာ

ကျန်တော့သည်ဖြစ်သည်။ သူ့အနေဖြင့်ဤအလွှာနှစ်ခုအားအောင်မြင်စွာ ဖြတ်ကျော်ရမည်ဖြစ်၏။ သူ့အနေဖြင့် ဆန်းကြယ်စွမ်းအင်များအား ပို၍ဝါးမျိုရမည်ဖြစ်သည်။

All Chapters