အခန်း (၆၄၃)
Vol. 43 Ch. 643
ရှစ်ဖုန့်နှင့်တီရှာတို့ သူတို့၏အောက်ဘက်၌ရှိနေသော ခရမ်းရောင်တောအုပ်အတွင်းသို့
ဆင်းသက်လိုက်သောအခါတွင် သူတို့၏ရှေ့၌မျက်စိတစ်ဆုံးပြန့်ကားနေသော တောအုပ်ကြီးက ရုတ်တရက်ပျောက်ကွယ်သွားသည်။
၎င်းက တောင်ငယ်လေးတစ်လုံးစာအရွယ်
အစားရှိသော ခရမ်းရောင်သားရဲရိုင်းတစ်ကောင်
အဖြစ်သို့ပြောင်းလဲသွား၏။ ၎င်း၏ကြီးမားသောပါးစပ်ကြးအားဖွင့်ဟ၍ ရှစ်ဖုန့်နှင့်တီရှာတို့ပါးစပ်အတွင်းသို့အလိုအလျောက်သက်ဆင်းလာသည်ကို
စောင့်ဆိုင်းနေသည်။
ခရမ်းရောင်သားရဲကြီးအားမြင်
တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်နှင့်တီရှာတို့က ရုတ်တရက်ဆင်းသက်ခြင်း
ကိုရပ်တန့်လိုက်သည်။
“ယား”
တီရှာက ကြုံးဝါးလိုက်သည်။ ထို့နောက်တွင် ပြင်းထန်သောလက်သီးတစ်လုံးအား အောက်သို့ပစ်သွင်းလိုက်၏။
တောင်ကြီးတစ်လုံးကဲ့သို့သော ဧရာမအနက်ရောင်လက်သီး
ရိပ်ကြီးတစ်ခုက တီရှာ၏လက်သီးမှ ရွှတ်ခနဲထွက်သွားသည်။ထို့နောက်၎င်းက အောက်ဘက်ရှိ ခရမ်းရောင်သားရဲကြီးအား
ဖျက်ဆီးခြေမွရန်ဦးတည်သွား၏။
သို့သော် ဧရာမအနက်ရောင်လက်သီးရိပ်ကြီးက ခရမ်းရောင်သားရဲကြီးအား ထိမှန်တော့မည့်အချိန်တွင်
ခရမ်းရောင်သားရဲကြီးက
ရုတ်ခြည်းပျောက်ကွယ်သွားသည်။ ယင်းမှာ လုံးဝမပေါ်လာခဲ့ဖူးသကဲ့သို့ပင်ဖြစ်သည်။
“ဝုန်း”
အနက်ရောင်လက်သီးရိပ်ကြီးက ကျယ်ပြန့်သော ကုန်းမြေအား ကျယ်လောင်သောပေါက်ကွဲသံ
တစ်ခုနှင့်အတူထိမှန်သွားသည်။ တီရှာ၏ဧကရာဇ်နယ်ပယ်စွမ်းအားများအောက်တွင် မြေပြင်က ပြင်းထန်သောမြေငလျှင်တစ်ခုလှုပ်ခတ်သကဲ့သို့ ပြင်းထန်စွာလှုပ်ခါသွား၏။
မကြာမီတွင် အကန့်သတ်မဲ့ကျယ်ပြန်သောမြေပြင်က တုန်ခါခြင်းရပ်တန့်သွားသည်။ ရှစ်ဖုန့်နှင့်တီရှာတို့၏မျက်လုံးများက အောက်ရှိကုန်းမြေပေါ်သို့ကျရောက်သွား၏။ ဧရာမခရမ်းရောင်သားရဲကြီးရော အကန့်သတ်မဲ့ပြန့်ကားကျယ်ပြန့်နေသော ခရမ်းရောင်တောအုပ်ကြီးပါ
ပျောက်ကွယ်သွားခြင်းဖြစ်သည်။
“ဘာဖြစ်နေတာလဲ..”
တီရှာမှာသူ၏လက်သီးချက်လွဲ
ချော်သွားသောကြောင့် စိတ်ရှုပ်ထွေးစွာဖြင့်ပြောလိုက်သည်။ ဧရာမခရမ်းရောင်သားရဲကြီး သဲလွန်စပင်ကျန်ရစ်ခြင်းမရှိဘဲပေါ်ပျောက်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
ရှစ်ဖုန့်ကလည်းမျက်မှောင်ကြုတ်၍ အောက်ဘက်ရှိ အကန့်သတ်မဲ့ပြန့်ကားနေသောကုန်းမြေအား ကြည့်လိုက်သည်။သူကတီးတိုးရေရွတ်လိုက်၏။
“ ခုဏကအရာအားလုံးက စိတ်လှည့်စားမှုတစ်ခုများဖြစ်နိုင်မလား.. ဒါဆိုရင် ဒီကုန်းမြေကရော စိတ်လှည့်စားမှုတစ်ခုပဲလား”
“အဲ့တာကဟိုစွမ်းအားပဲ”
ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်း၌ရှိနေသော ကောင်းကင်မီးတောက်က ပြောလိုက်သည်။
“ဟိုဟုတ်လား”
ရှစ်ဖုန့်မှာကောင်းကင်မီးတောက်
ပြောသောစကားအားကြားလိုက်ရသော
အခါတွင် အံ့အားသင့်သွားသည်။ ဟိုဆိုသည်မှာ ရှေးခေတ်ကာလအချိန်များက သားရဲတစ်ကောင်ဖြစ်ပြီး စိတ်လှည့်စားမှု၌တော်သည်ဖြစ်သည်။ ရှေးခေတ်သားရဲဟို၏စိတ်လှည့်စားမှုများက ကမ္ဘာပေါ်၌ အကောင်းဆုံးဖြစ်သည်ဟု ပြော၍ရနိုင်သည်ဖြစ်၏။
ယခင်အလွှာများကကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်း၌နဂါးတစ်ကောင်
အဖြစ်ပြောင်းလဲခဲ့သည်ဖြစ်သည်။ ရှစ်လွှာမြောက်တွင် ရှေးခေတ်အချိန်ကာလမှလာသော
ဟိုအဖြစ်ပြောင်းလဲခြင်းမှာ အံ့ဩစရာတော့သိပ်မဟုတ်ပေ။
သို့သော် ဤရှစ်လွှာမြောက်အား မည်ကဲ့သို့ချိုးဖျက်ရပါမည်နည်း။
ဟိုကိုရှာဖွေပြီး ၎င်းအား အမှောက်သိပ်ခြင်းမျိုးများဖြစ်နိုင်မည်လော။
သို့သော် ရှေးခေတ်ကာလများအတွင် ဟိုများအားစိတ်လှည့်စားခြင်း
တို့၌အကောင်းဆုံးဖြစ်သည်ဟု သိကြသည်ဖြစ်သူည်။ သူတို့အနေဖြင့် ၎င်းအားမည်ကဲ့သို့ရှာဖွေရပါမည်နည်း။၎င်းအား အနိုင်ယူရန်ကိုကတော့ထည့်သွင်းစဉ်းစားရန်ပင်မလိုအပ်သေးသည်ဖြစ်သည်။
“ငါ့ရဲ့ဝိညာဉ်စွမ်းအားက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်မှာပဲရှိနေ
သေးတာက စိတ်မကောင်းစရာပဲ.. ခုဏက ခရမ်းရောင်တောအုပ်နဲ့ခရမ်းရောင်သားရဲကြားက ကွာခြားချက်ကို ငါမပြောနိုင်ခဲ့ဘူး. အကယ်၍ ငါ့ရဲ့ဝိညာဉ်စွမ်းအားကသာ ဧကရာဇ်နယ်ပယ်ကိုရောက်နေရင် ငါသဲလွန်စအချို့ကိုရှာနိုင်လောက်တယ်”
ရှစ်ဖုန့်သက်ပြင်းချလိုက်သည်။
“သခင်ကြည့်လိုက်ပါအုံး”
ထိုအချိန်တွင် တီရှာကရှစ်ဖုန့်အားခေါ်လိုက်သည်။ ထို့နောက်တွင် သူကသူ၏ပိန်းပေါက်အောင်မှောင်နေသော လက်အားရှေ့သို့ထိုးညွှန်ပြရန်သုံးလိုက်၏။
တီရှာညွှန်ပြသောဦးတည်ချက်
ဘက်သို့ကြည့်ရင်းအကွာအဝေးတစ်ခု၌ မူလက ကုန်းမြေသာရှိပြီးဘာမှမြင်တွေ့
ရခြင်းမရှိသောနေရာ၌ ယခုအခါတွင်လွန်စွာသန့်စင်ပြီး
မြင့်မြတ်ပုံရသော အဖြူရောင်အလင်းတစ်ခုကို
ထုတ်လွှတ်နေသည့် အဖြူရောင်ကျောက်နန်းတော်တစ်ခုကို
တွေ့လိုက်ရသည်။
“ဒါကထပ်ပြီးဟိုရဲ့ စိတ်လှည့်စားမှုပဲ”
ရှစ်ဖုန့်ကသေချာစွာဖြင့်ပြောလိုက်သည်။
“ဟိုက ငါတို့ကို အဲ့နေရာကို ဆွဲဆောင်နေတာလား. ဒါပေမဲ့ဒီသခင်လေး သူလိုချင်သလိုမလုပ်နိုင်ဘူး”
ထို့နောက်ရှစ်ဖုန့်က အဖြူရောင်ကျောက်နန်းတော်နှင့်
ဆန့်ကျင်ဘက်သို့ညွှန်ပြ၍ တီရှာကိုပြောလိုက်သည်။
“အဲ့ဘက်ကိုသွားစို့”
ရှစ်ဖုန့်၏စကားအားကြားရပြီး ရှစ်ဖုန့်ညွှန်ပြသောဘက်သို့ကြည့်
လိုက်သောအခါတွင် ယင်းကအခြားဧရိယာများကဲ့သို့ တူညီနေသည်ကိုတွေ့ရသည်။ ကျယ်ပြောလှသောအကန့်သတ်မဲ့
ကုန်းမြေမှလွဲ၍ အခြားဘာမှရှိနေခြင်းမရှိပေ။
တီရှာစိတ်ရှုပ်ထွေးစွာဖြင့် ရှစ်ဖုန့်အားမေးလိုက်သည်။
“သခင်. ဘာလို့ကျွန်တော်တို့အဲ့ဘက်ကိုမသွားတာလဲ”
တီရှာက ပြောနေရင်း အဖြူရောင်ကျောက်နန်းတော်ဘက်သို့ကြည့်၍ ထပ်ပြောလိုက်သည်။
“ အဲ့နန်းတော်ကိုကြည့်လိုက်ပါအုံး.. အဲ့မှာ ရတနာအချို့ရှိနေနိုင်လောက်တယ်”
“ရတနာလား”
တီရှာ၏စကားများအားကြားလိုက်ရပြီးနောက် ရှစ်ဖုန့်၏နှုတ်ခမ်းကအေးစက်သောအပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားပြီး ပြောလိုက်သည်။
“အဲ့မှာ ဘာရတာနာမှမရှိဘူး.. အဲ့မှာထောင်ချောက်တစ်ခုပဲရှိတယ်… သူတို့ကတို့တွေကိုသားကောင်တွေလိုမျိုး ဆွဲဆောင်နေတာ.. မှတ်ထားပါ..ဒီကမ္ဘာထဲမှာ..
မင်းမြင်သမျှအရာအားလုံးကအစစ်အမှန်ဖြစ်ချင်မှဖြစ်လိမ့်မယ်.. ဒီဟင်းလင်းပြင်အပါအဝင် ဒီကုန်းမြေနဲ့ မင်းနဲ့ဒီသခင်လေးတောင်မှ အစစ်အမှန်ဟုတ်ချင်မှဟုတ်လိမ့်မယ်”
“အာ”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် တီရှာ၏မျက်နှာထက်၌ စိတ်ရှုပ်ထွေးမှုတို့ဖြင့်ပြည့်နှက်သွားသည်။
သူနားလည်ခြင်းမရှိပေ။
တီရှာနားမလည်သည်အားတွေ့ရသောအခါတွင် ရှစ်ဖုန့်က စိတ်မရှည်စွာဖြင့်ပြောလိုက်၏။
“ဒီသခင်လေး မင်းကိုရှင်းရှင်းလင်းလင်းပြောပြီးနေပြီ.. ဘယ်လိုဖြစ်ပြီးတော့မင်းကနားမလည်ရတာလဲ. မင်းနှစ်ထောင်ပေါင်းများစွာနေထိုင်ခဲ့တာက အချိန်တွေကိုဖြုန်းတီးဖို့လား. ထားလိုက်ပါလေ. ဒီသခင်လေးပြောရင်ပြောသလိုပဲမှတ်ထားလိုက်.. သွားစို့”
စကားပြောပြီးနောက် ရှစ်ဖုန့်ကသူညွှန်ပြသောဦးတည်ချက်သို့ ပျံသန်းသွားသည်။ ဒေါသတို့ဖြင့်ပြည့်နှက်နေသော တီရှာတစ်ယောက်သာ ဟင်းလင်းပြင်ထဲ၌ကျန်ရစ်နေခဲ့၏။
“ဒီလူတော့ကွာ”
တီရှာသူ၏လက်သီးတို့အားတင်းကျပ်စွာ
ဆုပ်ထားလိုက်သည်။
“ဒီလူ..ဘယ်လိုတောင်ပြောရဲတာလဲ. ဒါကအရမ်း ဂုဏ်မောက်လွန်းတယ်. ဘယ်လိုတောင်ငါ့ကို ဒီလိုအရာမျိုးပြောပြီးအရှက်ခွဲရဲတာလဲ. ဘယ်လိုတောင်ငါကအလကားနေထိုင်ခဲ့တာလို့ပြောရဲရတာလဲ”
ရှစ်ဖုန့်နှင့်သူသာ သခင်နှင့်အစေခံစာချုပ်အား ချုပ်ဆိုပြီး ကန့်သတ်ထားခြင်းများမရှိခဲ့လျှင် တီရှာအနေဖြင့်ရှစ်ဖုန့်အား ပါးပိတ်ရိုက်လိုက်ပြီးဖြစ်သည်။
ဟင်းလင်းပြင်အတွင်းအကွာအဝေး
တစ်ခုအထိပျံသန်းပြီးနောက် သူ့နောက်၌ရှိနေသောတီရှာက ရပ်နေပြီးလိုက်လာခြင်းမရှိသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ရုတ်ခြည်းသူကလှည့်လိုက်ကာ သိပ်မဝေးသောနေရာ၌ရှိနေသည့်
တီရှာအားအေးစက်စွာဖြင့်
အော်ပြောလိုက်သည်။
“မင်းဘာဖြစ်နေတာလဲ. ဒီသခင်လေးပြောတာကို မကြားဘူးလား..မင်းနားပင်းနေတာလား”
ရှစ်ဖုန့်၏ သဘောထားကဆိုးဝါးလွန်းပြီး
အစေခံတစ်ဦးအားကြိမ်းမောင်း
နေသကဲ့သို့ပင်ဖြစ်သည်။
“ခရက်ခရက်”
စွမ်းအား ကြီးအဆင့်အတန်းမြင့်မားသော တီရှာတစ်ယောက် ပြစ်တင်ရှုံ့ချသောစကားလုံးများအားကြားလိုက်ရသောအခါတွင် သူ၏ လက်သီးတို့အားပို၍ တင်းကျပ်စွာဆုပ်လိုက်သည်။သူ၏ အရိုးတို့မှာထွက်ပေါ်လာသောအသံ
တို့ကိုပင်ကြားရနိုင်သည်ဖြစ်၏။ ယင်းမှာသူ၏ ဒေါသလှိုင်းတို့ပေါက်ကွဲထွက်တော့မည့်သကဲ့သို့ပင်ဖြစ်သည်။
သို့သော် တီရှာတစ်ယောက် သူ့နှလုံးသားထဲမှဒေါသတို့အားလျှင်မြန်စွာ
ချိုးနှိမ်လိုက်သည်။ဤကဲ့သို့သော သူအပေါ်၌ သူ၏ဒေါသတို့အား ပေါက်ကွဲပစ်လိုက်လျှင် ဒုက္ခခံစားရမည့်သူမှာသေချာပေါက် သူဖြစ်သည်ကို တီရှာကောင်းစွာ သိသည်ဖြစ်သည်။
ဤလူမလုပ်ရဲသောအရာဟူ၍ရှိမနေချေ။
ဤသည်ကား တီရှာ၏နှလုံးသားထဲမှရှစ်ဖုန့်အား
အကဲဖြတ်သတ်မှတ်ထားမှုဖြစ်သည်။
“သခင် ကျွန်တော်အခုလာနေပါပြီ”
သူ၏ဒေါသတို့ဖိနှိပ်လိုက်ပြီးနောက် တီရှာက ရှစ်ဖုန့်အား လေးလေးစားစားပြန်ဖြေလိုက်သည်။
“မြန်မြန်လာ. မင်းသာဒီသခင်လေးကိုမကာကွယ်ရင်ဒီသင်ခင်လေးဒီမှာကျရှုံးလိမ့်မယ်.အဲ့အခါက မင်း တာဝန်ယူရမှာ”
ရှစ်ဖုန့်ကမပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
တီရှာကလှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်ထံသို့ပျံသန်းကာ သူ၏စိတ်ထဲမှတွေးနေမိသည်။
“ငါအခုချိန်မှာအမြင်ချင်ဆုံးအရာကက မင်းဒီမှာသေသွားတာကိုပဲ”
တီရှာရောက်လာသောအခါတွင် ရှစ်ဖုန့်က တီရှာအား မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။
သူကပြောလိုက်၏။
“အခုမင်းမပျော်မရွှင်ဖြစ်နေတာ
ကိုတွေ့နေရတယ်. အခုချိန်မင်းအမြင်ချင်ဆုံးအရာ ဒီသခင်လေးဒီမှာသေသွားတာ
ကိုလို့မင်းတွေးနေတာလား”
ရှစ်ဖုန့်ပြောလိုက်သည်အားကြားပြီးနောက် တီရှာတုန်လှုပ်အံ့အားသင့်သွားသည်။
“လခွမ်းထဲမှပဲ.. မဖြစ်နိုင်တာ. ဒီလူသားမျိုးနွယ်တွေမှာ စိတ်ကိုဖတ်နိုင်တဲ့စွမ်းရည်တွေ
ရှိနေတာများဖြစ်နိုင်မလား”
အကယ်၍သူက ရှစ်ဖုန့်နှင့်သခင်နှင့်အစေခံစာ
ချုပ်အားချုပ်ဆိုထားလျှင်တောင် ဤသည်ကား စာချုပ်တစ်ခုသာဖြစ်သည်။ သူသ့အနေဖြင့် သခင်ဖြစ်သူ၏ထိန်းချုပ်မှု
တစ်ခုသာခံရမည်ဖြစ်၏။ သူတွေးနေသည်အား
ရှစ်ဖုန့်မြင်နိုင်ခြင်းကားဖြစ်နိုင်ချေမရှိချေ။
သို့သော်တီရှာက ရှစ်ဖုန့်အားလျှင်မြန်စွာ ရှင်းပြလိုက်သည်။
“သခင်.ကျွန်တော်ဘယ်လိုလုပ်ပြီးတော့ ဒါကိုလုပ်ရဲမှာလဲ…အခုသခင်ကကျွန်တော့်သခင်ဖြစ်နေပြီပဲ. ကျွန်တော်က သခင့်အပေါ်မှာပဲ အကြွင်းမဲ့သစ္စာရှိတာပါ”