အခန်း (၆၄၄)
Vol. 43 Ch. 644
“အခုမင်းမပျော်မရွှင်ဖြစ်နေတာ
ကိုတွေ့နေရတယ်. အခုချိန်မင်းအမြင်ချင်ဆုံးအရာ ဒီသခင်လေးဒီမှာသေသွား
တာကိုလို့မင်းတွေးနေတာလား”
“သခင်.ကျွန်တော်ဘယ်လိုလုပ်ပြီးတော့ ဒါကိုလုပ်ရဲမှာလဲ…အခုသခင်ကကျွန်တော့်သခင်ဖြစ်နေပြီပဲ. ကျွန်တော်က သခင့်အပေါ်မှာပဲ အကြွင်းမဲ့သစ္စာရှိတာပါ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် တီရှာက အလျှင်အမြန်ရှင်းပြလိုက်သည်။
သူ၏အတွေးများအား ဤလူကို တကယ်သိခွင့်ပြုလိုက်လျှင် အနာဂတ်၌သူညှင်းပန်းနှိပ်စက်မှု
အားခံစားရလိမ့်မည်ဖြစ်သည်ကို တီရှာ သိသည်ဖြစ်သည်။
တီရှာ၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်က အေးစက်သောလေသံဖြင့် ပြောနေဆဲဖြစ်သည်။
“မင်းဒီလိုမျိုးပဲပြုမူတာပိုကောင်းမယ်”
ထို့နောက်ရှစ်ဖုန့်က ထပ်မံပြောလိုက်၏။
“မင်းကနှစ်တွေအကြာကြီး နေထိုင်ခဲ့ပေ၎င်းဲ့..မင်းမှာ ဘာကျော်ကြားတဲ့အောင်မြင်မှုမှ မရရှိခဲ့ဘူး. မင်းသာ အခုကစပြီးဒီသခင်လေး နောက်ကို ဂရုတစိုက်နဲ့လိုက်ပါတာနဲ့ .. ဒီသခင်လေး သေချာပေါက်မငး်ကို စစ်မှန်တဲ့စွမ်းအားရဲ့လမ်းကြောင်းကို ဦးဆောင်ခေါ်သွားပေးမယ်”
“စစ်မှန်တဲ့စွမ်းအားရဲ့လမ်းကြောင်း”
ရှစ်ဖုန့်၏ စကားလုံးများအားနားထောင်ပြီးသည့်နောက်၌ ဘာကြောင့်မှန်းတီရှာမသိသော်လည်း ရှစ်ဖုန့်အားကြည့်လိုက်ရသည့်ဤအခိုက်အတန့်တွင် ၎င်းကတကယ်ပဲသူအားစစ်မှန်သော စွမ်းအား၏လမ်းကြောင်းပေါ်သို့
ဦးဆောင်ခေါ်သွားပေးနိုင်ကာ ကမ္ဘာပေါ်၌ ဝင့်ကြွားစွာရပ်တည်ဖို့ပြုလုပ်မည့်ပုံပေါ်သည်ဟု တီရှာခံစားရသည်။
တီရှာပင်ဘာကြောင့်မှန်းမသိသော်လည်း ရုတ်တရက် ဤထူးဆန်းသောခံစားချက်အား
ခံစားလိုက်ရခြင်းဖြစ်သည်။
တီရှာအနည်းငယ်အာရုံပြောင်းသွားသည်အားတွေ့ရသေအခါတွင် ရှစ်ဖုန့်ကထပ်မံပြောလိုက်သည်။
“သွားစို့”
ရှစ်ဖုန့်၏စကားလုံးတို့အားတီရှာအား စိတ်ရှုပ်ထွေးနေမှုမှနိုးထစေလိုက်ပြီး ရှစ်ဖုန့်အားခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက် ရှစ်ဖုန့်က ထပ်မံပျံသန်းလိုက်ပြီး တီရှာကလည်းသူ၏နောက်မှလိုက်ပါလာသည်။ ဤအချိန်တွင် တီရှာမှ သူ၏မျက်နှာထက်၌ မျက်မှောင်အနည်းငယ်ကြုံ့နေလျှက် ရှစ်ဖုန့်၏ နောက်ကျောအား စိုက်ကြည့်နေရင်းတီးတိုးပြောလိုက်သည်။
“ဒီခံစားချက်.. သူ…သူက ဘယ်သူများလဲ”
ဤအချိန်တွင် တီရှာ၏မျက်လုံးတို့ထဲ၌ ကမ္ဘာတစ်ခုလုံးရုတ်တရက်မှောင်မိုက်သွားမှုကိုခံစားလိုက်ရသည်။သူ၏ခေါင်းအား ရုတ်တရက်မော့ကြည့်လိုက်သောအခါတွင် ဟင်းလင်းပြင်ထဲ၌ ဧရာမခရမ်းရောင်မျှော်စင်ကြီး
တစ်ခုပေါ်လာသည်ကိုတွေ့လိုက်ရသည်။
မျှော်စင်၏အထက်တွင် ခရမ်းတိမ်တိုက်များနှင့်မြူများရှိနေသည်။
ဤအချိန်တွင်ရှစ်ဖုန့်မှာ ခေါင်းမော့၍ ဟင်းလင်းပြင်ထဲရှိ သူအား လွှမ်းခြုံကာကမ္ဘာကြီးအားကာဆီးထားသော ခရမ်းရောင်မျှော်စင်ထံသို့ကြည့်နေပြီးဖြစ်သည်။သူက ရေရွတ်ပြောလိုက်သည်။
“ကောင်းကင်ဘုံသိုင်းမျှော်စင်”
ဤမျှော်စင်၏အသွင်အပြင်နှင့်အရွယ်အစားက ပြင်ပ၌မြင်တွေ့ခဲ့ရသော
ကောင်းကင်ဘုံသိုင်းမျှော်စင်နှင့်
တစ်ထေရာတည်းတူညီသည်ဖြစ်သည်။ ထို့နောက်ချက်ချင်း ကောင်းကင်ဘုံသိုင်းမျှော်စင်က အော်သို့ ကျဆင်းလာသည်။
“ဒီဟိုကတော့ ထပ်ပြီးဒုက္ခပေးပြန်ပြီ”
ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။ကျဆင်းလာသည့်အရာမှဗာ ကောင်းကင်ဘုံသိုင်းမျှော်စင်မဟုတ်ဘဲ ဟိုမှ ဖန်တီးထားသော စိတ်လှည့်စားမှုတစ်ခုဖြစ်သည်ကို ရှစ်ဖုန်သိသည်ဖြစ်သည်။
သို့သော် ကျဆင်းလာသော ကောင်းကင်ဘုံသိုင်းမျှော်စင်မှ လာသည့် စွမ်းအားကြီး စွမ်းအင်တို့ကိုရှစ်ဖုန့်ခံစားမိသည်ဖြစ်သည်။
“ဒါကတကယ်ပဲ စိတ်လှည့်စားမှုတစ်ခုလား. ပုံရိပ်ယောင်ကနေ အစစ်အမှန်အဖြစ်ပြောင်းလဲတာ. ဒီစိတ်လှည့်စားမှုကဘယ်လိုတောင်အံ့အားသင့်ဖို့ကောင်းတာလဲ”
“တီရှာ..ဒါကိုချိုးဖျက်ပစ်လိုက်”
ရှစ်ဖုန့်က တီရှာထံသို့ အေးစက်စွာအော်ပြောလိုက်သည်။
ရုတ်ခြည်းတီရှာ၏ ပုံရိပ်က အပေါ်သို့ထိုးတက်သွားပြီးသူ၏ညာလက်အား ဆုပ်လိုက်ကာ ကောင်းကင်ထဲသို့လက်သီး
တစ်လုံးပစ်သွင်းလိုက်ပြီး ကျဆင်းလာသောကောင်းကင်ဘုံသိုင်းမျှော်စင်ထံသို့ ဦးတည်လိုက်သည်။၎င်းကရုတ်တရက် ကောင်းကင်ဘုံသိုင်းမျှော်စင်နှင့်ပစ်ဆောင့်သွားသည်။
“ဝုန်း”
ပြင်းထန်သောမြည်ဟိန်းသံတစ်ခုက ကမ္ဘာတစ်ခွင်ရိုက်ခတ်ပျံ့နှံ့သွားပြီး နေရာတစ်ခုလုံးတုန်ခါသွားသည်။
ရှစ်ဖုန့်ကကောင်းကင်ထဲရှိ ကောင်းကင်ဘုံသိုင်းမျှော်စင်နှင့် အလောင်းကောင်ဧကရာဇ်တို့အားစိုက်ကြည့်နေရင်း မျက်မှောင်ကပို၍ ကြုတ်လာသည်။ကောင်းကင်ဘုံသိုင်းမျှော်စင်က တကယ်ပဲ ရုပ်အသွင်အပြင်ရှိနေသကဲ့သို့ ၎င်း၏ စွမ်းအားကလည်း အလောင်းကောင်ဧကရာဇ်နှင့်ညီမျှနေကာ ဧကရာဇ်နယ်ပယ်စွမ်းအားသို့ရောက်ရှိနေသည်။
အလောင်းကောင်ဧကရာဇ်မှာ ကောင်းကင်ဘုံသိုင်းမျှော်စင်နှင့်
ထိပ်တိုက်တွေ့ပြီးနောက် သူ၏ ကိုယ်က တုန်ခါသွားကာအောက်သို့ပြုတ်ကျလာသည်။အလောင်းကောင်ဧကရာဇ်၏ လက်သီးချက်အောက်တွင် ကောင်းကင်ဘုံသိုင်းမျှော်စင်၌ရုတ်ခြည်း အက်ကွဲရများနှင့်ပြည့်နှက်လာပြီး ၎င်းတို့ ကအရှိန်အဟုန်ဖြင့် ထက်၊အောက်၊ဘယ်၊ညာသို့ ပျံ့နှံ့လာသည်။အသက်ရှူကြိမ်
အနည်းငယ်အတွင်း မျှော်စင်၌ ပင့်ကူအိမ်ကဲ့သို့ သိပ်သည်းသောအက်ကွဲကြောင်းများ ဖုံးလွှမ်းလာ၏။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ဘုံသိုင်းမျှော်စင်က
အပိုင်းပိုင်းကွဲကြေသွားပြီး ခရမ်းရောင်အပိုင်းအစများအဖြစ်သို့ပြောင်းလဲသွားကာ မြေပြင်ထက်သို့ ပြန့်ကျဲကျဆင်းလာသည်။
“ယား”
ကျဆင်းလာသာအလောင်းကောင်ဧကရာဇ်က ရုတ်တရက်ရပ်တန့်လိုက်ပြီးနောက် ကြုံးဝါးလိုက်သည်။
အော်သံအောက်တွင်ပြင်းထန်သောအသံလှိုင်းတို့က တုန်ခါသွားပြီး ကျဆင်းလာသောခရမ်းရောင်အပိုင်းအစများမှာ အမှုန်များအဖြစ်သို့ပြောင်းလဲသွား၍ ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ မှေးမှိန်လွင့်ပျယ်ပျောက်ကွယ်သွားသည်။
ဤအရာအားပြုလုပ်ပြီးနောက် အလောင်းကောင်ဧကရာဇ်က ထိုးဆင်းလာကာ ရှစ်ဖုန့်၏ဘေးသို့ ပြန်လည်ရောက်ရှိလာသည်။
“ထူးဆန်းလိုက်တဲ့မျှော်စင်ပဲ”
ရှစ်ဖုန့်ဘေးသို့ပြန်ရောက်လာပြီးနောက် အလောင်းကောင် ဧကရာဇ်က ကောင်းကင်ထဲသို့စိုက်ကြည့်၍ သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။
“ဒီမျှော်စင်ကစိတ်လှည့်စားမှုတစ်ခုပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“စိတ်လှည့်စားတာလား”
အလောင်းကောင် ဧကရာဇ်မှာ ရှစ်ဖုန့်၏စကားများအားကြားရသောအခါတွင် ငြင်းခုန်လိုက်သည်။
“ဘယ်လိုဖြစ်ပြီးတော့ စိတ်လှည့်စားမှုဖြစ်နိုင်မှာလဲ..ကျွန်တော်အဲ့တာကိုလက်သီးနဲ့ထိုးခဲ့တာပဲ.. ပြီးတော့ မျှော်စင်ရဲ့စွမ်းအားက ကျွန်တော်နဲ့တောင် နှိုင်းယှဉ်နိုင်တယ်”
“ဒီသခင်လေးလည်း အံ့အားသင့်ရတယ်..”
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့်က ပြောလိုက်သည်။
“စိတ်လှည့်စားမှုကို ဒီအဆင့်အထိကိုထိန်းချုပ်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး. အဲ့တာကတကယ့်ကိုပုံရိပ်ယောင်ကနေ အစစ်အမှန်အဖြစ်ကိုပြောင်းလဲနိုင်တယ်.. ဒါကအံ့ဩဖို့ကောင်းချက်ပဲ”
စကားပြောနေရင်းဦးတည်ချက်လေးခုအား သူ၏မျက်လုံးတို့ဖြင့်စစ်ဆေးလိုက်၏ ။နောက်သို့ကြည့်လိုက်သောအခါတွင် အစောကပေါ်လာသော အဖြူရောင်ကျောက်နန်းတော်အား
တွေ့လိုက်ရသည်။ဤအချိန်တွင် ဧရာမနန်းတော်ကြီးမှာ မြေပြင်ထက်မှ ပျောက်ကွယ်သွားသည်။
၎င်းက သူတို့အား ထောင်ချောက်ဆင်နိုင်ခြင်းမရှိမှန်းကိုဟိုသိသွားပုံရလောက်သည်။ ထို့ကြောင့် ၎င်းအနေဖြင့် စိတ်လှည့်စားမှုအား အလိုအလျောက်ဖယ်ရှားလိုက်ပုံရ၏။
“ပျောက်သွားတယ်..အဲ့နန်းတော်”
ဤအချိန်တွင် တီရှာက ကလည်း ထိုနေရာအားသတိထားမိလိုက်ပြီး ပြောလိုက်၏။ ဖြည်းဖြည်းချင်း ရှစ်ဖုန့် ယခင်ကပြောသော အတုနှင့်အစစ်ဆိုသည်ကို နားလည်လာသည်။
“မင်းမြင်သမျှအရာအားလုံးက စိတ်လှည့်စားမှုဖြစ်နိုင်တယ်.”
အစောကသူထိပ်တိုက်ရင်ဆိုင်ခဲ့သော ခရမ်းရောင်မျှောင်စင်သည်ပင်လျှင် စိတ်လှည့်စားမှုတစ်ခုအဖြစ်ပြောင်းလဲသွားသည်ဖြစ်သည်။
“သတိထားပါ. အဲအရာကတို့နောက်ကိုလာလာ
နေလောက်ပြီ.အဲ့တာက ငါတို့ သတိမထားမိတဲ့အချိန်မှာတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်တယ်”
ရှစ်ဖုန့်က တီရှာအားသတိပေးလိုက်သည်။
“အင်း”
တီရှာက ရှစ်ဖုန့်အားလေးနက်သော
မျက်နှာထားဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက်တွင်နှစ်ယောက်သား ရှေ့ရှိလေထုအားထိုးခွင်းသွားသည်။ရှစ်ဖုန့်က ဤကမ္ဘာအား စူးစမ်းလိုသည်ဟုဆိုလိုခြင်းဖြစ်သည်။ ပျံသန်းနေရင်း သူက ဟိုအားဖမ်းဆီးရန် အကြောင်းကို စဉ်းစားနေ၏။
ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်းမှဤဟိုမှာကောင်းကင်ဘုံသိုင်းမျှော်စင်က ဖွဲ့စည်းထားခြင်းဖြစ်သည်။ခုနှစ်လွှာမြောက်က မီးနဂါးကဲ့သို့ပင် ၎င်းက ကျင့်ကြံသူများအားစမ်းသပ်ရန်
အသုံးပြုခြင်းဖြစ်သည်။
ဟို၏ များစွာ သော စိတ်လှည့်စားမှုတိုက်ခိုက်မှုများက ရှစ်ဖုန့်အားပြဿနာတစ်ခုကို တွေးမိသွားစေသည်။ ဤဟိုကိုယ်တိုင်မှာ အရမ်းစွမ်းအားမကြီးလောက်ပေ။ မည်သို့ပင်ဖြစ်နေပါစေ ၎င်း၌ တီရှာအားဖိနှိပ်နိုင်သောစွမ်းအားရှိမနေပေ။
ထိုသို့မဟုတ်ပါက ချောင်းမြောင်းတိုက်ခိုက်ရန်
အတွက်စိတ်လှည့်စားမှုအား ဘာကြောင့်အသုံးပြုနေပါမည်နည်း။ ၎င်းအနေဖြင့်သူတို့နှစ်ဦးအား တိုက်ရိုက်ပင်ခြေမွပစ်လိမ့်မည်သာဖြစ်၏။
“ဘယ်လိုချိုးဖျက်ရမလဲ. ဘယ်လိုချိုးဖျက်ရမလဲ..
ဒီရှစ်လွှာမြောက်ကိုဘယ်လိုချိုးဖျက်ရမလဲ..ဒီဟိုကို ဘယ်လိုချိုးဖျက်ရမလဲ..”
ရှစ်ဖုန့်က သူ၏ စိတ်ထဲမှတွေးလိုက်သည်။
ရုတ်ခြည်း ရှစ်ုဖုန့်က လျှင်မြန်စွာခေါင်းကို မော့၍ ဟင်းလင်းပြင်ထဲသို့ကြည့်လိုက်သည်။ဟင်းလင်းပြင်ထဲတွင် တုတ်ခိုင်သန်မာသောကိုယ်နှင့် အ နက်ရောင်ပုံရိပ်တစ်ခုပေါ်လာသည်။ ၎င်းက ရှစ်ဖုန့်၏ နောက်၌ရှိနေသော အလောင်းကောင်ဧကရာဇ်နှင့်တစ်ထေရာတည်းတူညီသည်ဖြစ်သည်။
“ချီးပဲ. ဘယ်လိုတောင်ငါ့ပုံကိုပြောင်းရဲရတာလဲ. ငါမင်းကို ခြေမွမပစ်နိုင်ပစ်နိုင်ကိုကြည့်ကြသေးတာပေါံ.”
ဟင်းလင်းပြင်ထဲ၌သူနှင့်တစ်ထေရာတည်းတူညီသောပုံရိပ်အားတီရှာတွေ့လိုက်ရသောအခါတွင် ရုတ်ခြည်းဒေါသတကြီးအော်ဟစ်လိုက်ပြီး ရှေ့သို့ ပျံသန်းကာအပေါ်သို့ထိုးတက်လိုက်သည်။
ဟင်းလင်းပြင်ထဲမှတီရှာက အောက်မှတီရှာပျံသန်းလာသည်ကိုတွေ့လိုက်ရသောအခါတွင် သူ၏ ပါးစပ်အား ဖွင့်ဟ၍ မထီမဲ့မြင့် အထင်သေးမှုအပြည့်တို့ဖြင့်အပြုံး
တစ်ခုအားပြသလာသည်။
“ငရဲကိုသွားစမ်း အတုကောင်”
တီရှာကမရောက်ခင်အရင် လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး ဧရာမအနက်ရောင်လက်သီးရိပ်ကြီးတစ်ခုက ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်ထဲသို့ထိုးတက်သွားပြီး အနက်ရောင်ပုံရိပ်အား တိုက်ရိုက်ထိမှန်သွားသည်။
“မင်း..မင်းကအရမ်းအားနည်းလွန်းတယ်”
ကောင်းကင်ထဲမှတီရှာက ရွဲ့သောလေသံဖြင့် ဝေဖန်ပြောဆိုလိုက်သည်။ထို့နောက် သူ၏ညာခြေအားမြှောက်လိုက်ပြီး အောက်သို့ရုတ်ခြည်းဆောင့်နင်းလိုက်၏။
တီရှာ၏ခြေထောက်က ဆောင့်နင်းချလာသကဲ့သို့ဖြည်းဖြည်း
ချင်းပြန့်ကားလာသည်။ ရုတ်ခြည်းမက တောင်ငယ်လေးတစ်လုံးအသွင်
သို့ပြောင်းလဲကာ ဧရာမအနက်ရောင်လက်သီးကြီးထံသို့ ဦးတည်ပျံသန်းသွား၍ ပြင်းထန်စွာ နင်းချလိုက်သည်။