အခန်း (၆၄၅)
Vol. 43 Ch. 645
“ဘန်း”
ဧရာမအနက်ရောင် ခြေထောက်ကြီနှင့် အနက်ရောင်လက်သီးတို့က ရုတ်တရက်ကောင်းကင်ထဲ၌
ပစ်ဆောင့်သွားသည်။
ကောင်းကင်ထက်တွင် ဆောင့်နင်းကျလာသော ဧရာမခြေဖတါးကြီးက အနက်ရောင်လက်သီးကြီးအား ကျိုးပျက်သွားစေသည်။
“ယား..ယား.ယား..”
လေထဲတင် တီရှာ၏ခက်ထန်သောအော်သံအားတစ်ခုပြီးတစ်ခုကြားလာရသည် ။တီရှာ၏ကိုယ်က လေလထဲသို့ ဆက်လက်ထိုးတက်နေသည်။
၎င်းနောက်လိုက်ပါ၍ စွမ်းအားကြီးစွမ်းအင်လှိုင်းတို့ကလေထဲ၌ပေါက်ကွဲထွက်လာ၏။ ပြင်းထန်သောအနက်ရောင်စွမ်းအင်
တို့ထွက်ပေါ်လာပြီး ကောင်းကင်အားလွှမ်းခြုံသွားကာ လေထဲ၌တိုက်ခိုက်နေသောပုံရိပ်များကို ဝါးမျိုသွားသည်။
ရှစ်ဖုန့်ကခေါင်းကိုမော့၍ ကောင်းကင်ထဲသို့စိုက်ကြည့်နေဆဲဖြစ်သည်။ ဤအချိန်တွင် ဤသတ္တဝါ ဟို၏ ရည်ရွယ်ချက်များအားဖြည်းဖြည်းချင်းနားလည်လာသည်။
ထို့နောက်တွင် ငွေရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ဘယ်လက်၌ တောက်ပလာ၏။ ငွေရောင်တံစဉ်က သူ၏ဘယ်လက်ထဲ၌ပေါ်လာပြီး ရှစ်ဖုန့်က ၎င်းအား တင်းကျပ်စွာကိုင်ထားသည်။
“ဘန်း”
ကောင်းကင်ထဲ၌နောက်ထပ်ပေါက်ကွဲမှု
တစ်ခုဖြစ်ပေါ်လာသည်။ ပြင်းထန်သောစွမ်းအင်များကြားထဲမှ အနက်ရောင်ပုံရိပ်တစ်ခု ကျဆင်းလာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ထိုပုံရိပ်မှာ တီရှာဖြစ်သည်။ ဤအချိန်တွင်တီရှာမှာ အရမ်း သနားဖို့ကောင်းနေသည်။ သူအသိပ်ခံခဲ့ရသလိုပင်ဖြစ်သည်။
“သခင်..ဂရုစိုက်ပါ”
တီရှာမှာ ကျဆင်းလာစဉ် သူ၏ဒဏ်ရာများကိုပင်ဂရုစိုက်ခြင်းမရှိပေ။ သူကလှည့်လိုက်ပြီး ရှစ်ဖုန့်အား သစ္စာရှိမှုအပြည့်ရှိနေသော လေသံဖြင့်ပြောလိုက်သည်။
“သခင်..သခင်”
“အိုး”
တီရှာ၏အသံအားကြားပြီးသည့်နောက်၌ ရှစ်ဖုန့်၏မျက်နှာက တည်ငြိမ်သွားသည်။ သူက ဂရုမထားဟန်ပြုမူလိုက်၏။ထို့နောက်တွင် သူ၏လက်ထဲမှငွေရောင်တံစဉ်ကကောင်းကင်ထဲမှကျဆင်းလာသောတီရှာထံသို့ပျံသန်းသွားသည်။
“သခင်..ခင်ဗျား. ဘာလုပ်နေတာလဲ”
သူ့ထံသို့တိုက်ခိုက်မှုတစ်ခုအားထုတ်ဖော်လိုက်သည်ကိုတွေ့ရသောအခါတွင် တီရှာ၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုမယုံကြည်နိုင်
မှုတို့ဖြင့်ပြည့်နှက်သွားသည။
တီရှာအားကြည့်၍ ရှစ်ဖုန့်၏ နှုတ်ခမ်းက အေးစက်သောအပြုံးတစ်ခု
အဖြစ်တွန့်ကွေးသွားပြီး ပြောလိုက်သည်။
“မင်းကငါ့ကို မင်းရဲ့သခင်လို့ခေါ်နေတယ်.. ပြီးတော့အရမ်းလည်းသစ္စာတွေရှိနေတယ်.. ငါ့ကိုသစ္စာရှိတာကငါ့ရဲ့
မိတ်ဆွေအနည်းငယ်လောက်ပဲရှိတာ”
ရှစ်ဖုန့်ပြောပြီးသည့်နောက်
ငွေရောင်တံစဉ်က တီရှာအားထိမှန်ကာနီး၌ တီရှာ၏ကျဆင်းလာသောကိုယ်က ရုတ်တရက်လေထဲ၌ရပ်တန့်သွားသည်။
တီရှာ၏မျက်နှာကပြောင်းလဲသွားသည်။ တုန်လှုပ်မှုနှင့်ကြောက်ရွံ့မှု တို့ကသူ၏မျက်နှာပေါ်မှရုတ်ခြည်း
ပျောက်ကွယ်သွားပြီး အေးစက်သောအပြုံးတစ်ခုအစားထိုးလာသည်။
“မင်းငါ့ကိုအရမ်းမြန်မြန်ဖောက်မြင်လိမ့်မယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး”
ထို့နောက် ချက်ချင်း တီရှာ၏နောက်၌ အနက်ရောင်အလင်းတစ်ခုလင်းလက်လာသည်။ ရှစ်ဖုန့်၎င်းအား ရှင်းလင်းစွာမြင်ရသည်ဖြစ်သည်။ ၎င်းမှာ အဆိပ်ရှိသော အနက်ရောင်ကင်းမြှီးကောက်ချိတ်ကောက်တစ်ခုဖြစ်သည်။
အနက်ရောင်အဆိပ်ချိပ်ကောက်
ပေါ်လာပြီးသည့်နောက်၌ ၎င်းက ၎င်းထံသို့ပျံသန်းလာနေသော ငွေရောင်တံစဉ်ထံသို့ ရုတ်ခြည်းလွှဲယမ်းလိုက်သည်။
ဘန်းဆိုသောအသံနှင့်အတူ အနက်ရောင်အဆိပ်ချိတ်ကောက်က ငွေရောင်တံစဉ်ပေါ်သို့ထိမှန်သွားသည်။အောက်၌ရှိနေသောရှစ်ဖုန့်မျာ ငွေရောင်တံစဉ်၏စွမ်းအားက အဆိပ်ချိတ်ကောက်ကြောင့်
ပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်သည်။
အဆိပ်ချိတ်ကောက်၏စွမ်းအားကတကယ်ကြီး ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေသည်။
“သေစမ်း”
ထို့နောက်တွင် အဆိပ်ချိတ်ကောက်က ထပ်မံလွှဲယမ်းလာပြီး ရှစ်ဖုန့်၏ခေါင်းထက်၌ ဧရာမအဆိပ်ချိတ်ကောက်၏
အရိပ်ကြီးတစ်ခုပေါ်လာသည်။ ထို့နောက် ၎င်းက ရှစ်ဖုန့်ပေါ်သို ရိုက်နှက်
ကျဆင်းလာ၏။
“ယုတ်မာတဲ့သတ္တဝါ..စော်ကားလိုက်တာ. မင်းကတကယ်ပဲငါ့ကိုလှည့်စားရဲတယ်”
ဤအချိန်တွင် ကောင်းကင်ထဲမှတီရှာ၏ ခက်ထန်သော အော်ဟစ်သံထွက်ပေါ်လာသည်။
ထို့နောက်တီရှာ၏ပုံရိပ်ပေါ်လာ၏။
အနက်ရောင်လျှပ်စီးတစ်ခုကဲ့သို့ ၎င်းကပြင်းထန်စွာထိုးဆင်းလာသည်။ ထို့နောက်တွင် တီရှာ၏လက်သီးက ဧရာမအဆိပ်ချိတ်ကောက်ပေါ်
သို့ကျရောက်သွားသည်။
“ဝုန်း”
ကျယ်လောင်သောပေါက်ကွဲမှု
တစ်ခုဖြစ်ပေါ်လာသည်။
အစောပိုင်းကပေါ်လာသော အဆိပ်ချိတ်ကောက်မှာ တီရှာ၏ လက်သီးချက်ကြောင့်ဖျက်ဆီးခံလိုက်ရသည်။
တီရှာတစ်ဟုန်ထိုးထိုးဆင်းလာသည်အားတွေ့လိုက်ရသောအခါတွင် ဤသည်က တီရှာအစစ်ဖြစ်သည်ကို ရှစ်ဖုန့်သိလိုက်သည်။ သူပေါ်လာသည့်အခိုက်အတန့်၌တီရှာကသူ၏လက်သီးချက်ဖြင့် အနက်ရောင်အဆိပ်ချိတ်ကောက်အားထိုးနှက်လိုက်သည်ဖြစ်သည်။ထိုထက်အရေး
ပါသည်ကား ရှစ်ဖုန့်၎င်းနှင့်ချုပ်ဆိုထားသော
သခင်နှင့်အစေခံစာချုပ်ဖြစ်သည်။
ပင်ကိုယ်အားဖြင့် တစ်ချက်ကြည့်ရုံဖြင့်တီရှာအတုနှင့်အစစ်ကြားထဲက ကွာခြားချက်အားသူ ပြောနိုင်သည်ဖြစ်သည်။
“ချီးပဲ..ချီးပဲ”
ရှစ်ဖုန့်နှင့်တီရှာတို့အလယ်တွင်တီရှာအတုမှာ ဒေါသတို့ဖြင့်ပြည့်နှက်နေသည်။ သူ၏မျက်နှာကခက်ထန်နေပြီး ခုန်တက်လိုက်သည်။
“နည်းနည်းလေးပဲ. နည်းနည်းလေးပဲပိုပြီးအဲ့အရူးကို
ငါထောင်ချောက်ဆင်နိုင်ခဲ့ရင် .သူတို့ထဲကတစ်ယောက်ကိုငါသတ်နိုင်မှာ”
“သေလိုက်စမ်း”
တီရှာက ထိုးဆင်းလာပြီး တီရှာအတုနားသို့ချဉ်းကပ်လာသည်။ ဤစက်ဆပ်ဖို့ကောင်းသော ကောင်ကသူပုံစံပြောင်းလဲကာ သူအားထောင်ချောက်ဆင်ပိတ်ထားရုံတင်မကဘဲ ယခုသူ့အား အရူးဟုခေါ်သည်ကိုပါသူကြားလိုက်ရသည်။
ထို့နောက်တွင် သူ၏လက်သီးအားမြှောက်၍ တီရှာအတုအားပြင်းထန်စွာထိုးနှက်လိုက်၏။
“နောက်တစ်ခါကြငါမင်းကို သေချာပေါက်အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်..အား.အား.”
တီရှာအတုက အေးစက်စွာအော်ပြောလိုက်သည်။ ထို့နောက် တီရှာ၏လက်သီးက တီရှာအတု၏ခေါင်းပေါ်သို့ကျရောက်လာ၏။
သို့သောတီရှာ၏လက်သီးက
သူနှင့်တစ်ထေရာတည်းတူသောသူ၏ခေါင်းပေါ်သို့ကျရောက်လာချိန်တွင် ၎င်းက ခေါင်း၏အခြားတစ်ဖက်
သို့ရုတ်တရက်ထွင်းဖောက်သွားသည်။
တီရှာ၏အမူအယာက ကြီးစွာပြောင်းလဲသွားသည်။
“ဒါက.တကယ်ပဲ ပုံရိပ်ယောင်တစ်ခုပဲ. “
တီရှာအတုပုံရိပ်ယောင်၏
နှုတ်ခမ်ကတွန့်ကွေးသွားသည်။ အထင်သေးမှုအပြည့်ဖြင့်လှောင်ပြုံး
တစ်ခုကသူ၏မျက်နှာထက်၌ပေါ်လာ၏။
ထို့နောက်ပုံရိပ်ယောင်က ဟင်းလင်းပြင်ထဲ၌ ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားသည်။
ဤအချိန်တွင် ရှစ်ဖုန့်ကကောင်းကင်ထဲမ
ှတီရှာအားအော်ပြောလိုက်သည်။
“မင်းရဲ့ခွန်အားကိုသုံးပြီးတော့ ဒီဧရိယာတစ်ခုလုံးကိုလှုပ်ခါပစ်လိုက်.. ခုဏကအဲ့အရာက တကယ့်ဟိုအစစ်ပဲ. သူက ထွက်ပြေးဖို့အတွက် စိတ်လှည့်စားမှုပုံရိပ်ယောင်
ပညာရပ်ကိုသုံးခဲ့တာ.. သူဒီဧရိယာတစ်ဝိုက်မှာပဲရှိလောက်သေးပြီး သိပ်မဝေးလောက်သေးဘူး”
“ဟ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် တီရှာကတုန့်ဆိုင်းနေခြင်းမရှိပေ။ ထို့နောက် လက်သီးအားပြင်းထန်စွာထိုးနှက်လိုက်သည်။ ဟင်းလင်းပြင်တစ်ခုလုံး၌ရုတ်ခြည်း
အနက်ရောင်လက်သီးရိပ်များ
ဖြင့်ပြည့်နှက်သွားသည်။
အစောပိုင်းက မူလစွမ်းအားများအားပြန်ဖြည့်တင်းရန်အတွက် ဆေးလုံးအများအပြားအားရှစ်ဖုန့်ဝါးမျိုခဲ့သည်။ ငွေရောင်တံစဉ်အား လွှဲယမ်းလိုက်ချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းမှစွမ်းအင်များကုန်ခမ်းသွားရသည်ဖြစ်သည်။ထို့နောက်
သွေးနီရောင်မီးတောက်တစ်ခုက ဧရိယာတစ်ခွင်စတင်သိမ်းကျုံးဖြတ်သွန်းသွား၏။ရုတ်ခြည်းဧရိယာအတွင်း၌ သွေးနီရောင်မီးတောက်ပင်လယ်တစ်ခု
ရုတ်ခြည်းဖြစ်ပေါ်လာသည်။
“အဲ့မှာပဲ. သူတောင်းစား. မင်းဘယ်ကိုပြေးနိုင်မလဲကြည့်ကြသေးတာပေါ့”
ဧရိယာတစ်ခုလုံး၌သွေးနီရောင်
မီးတောက်တို့ဖြင့်ပြည့်နှက်နေသည်။ ရှစ်ဖုန့်က တီရှာအတု၏တည်ရှိမှုအားအာရုံခံမိလိုက်သည်။
အတွေးတစ်ချက်ဖြင့် တီရှာအစစ်အားထိန်းချုပ်လိုက်ပြိး ကောင်းကင်ထဲသို့ရှစ်ဖုန့်ပို့လွှတ်လိုက်သည်။ ၎င်းက သွေးနီရောင်မီးတောက်အလွှာများကိုထိုးခွင်းက ခွန်အားများကိုစုစည်းလိုက်၏။ ထို့နောက်တွင် မီးတောက်ပင်လယ်အား ပြင်းထန်စွာ ထိုးနှက်ချလိုက်သည်။
“ဝုန်း”
တီရှာထိုးနှက်လိုက်သောနေရာတွင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်
လာသည်။စွမ်းအားကြီးစွမ်းအင်တို့၏အောက်၌ တီရှာရှိနေသော နေရာရှိ မီးပင်လယ်မှာ စတင်တွန့်လိမ်လာပြီးလည်ပတ်လာသည်။ ၎င်းက ဧရာမသွေးနီရောင်မီးတောက်ဝဲကြီး
တစ်ခုဖြစ်လာ၏။
“အား”
ထို့နောက်တွင် တီရှာ၏ရှေ့မှ နာကျင်စွာအော်ဟစ်သောအသံတစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။
ထို့နောက်တွင်ရှစ်ဖုန့်ကတီရှာအား
ထပ်မံထိန်းချုပ်လိုက်သည်။ ပိန်းပေါက်အောင်နက်မှောင်သောအနက်ရောင်လက်အားဆန့်ထုတ်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ဆုပ်ကိုင်လိုက်သည်။
“ငါ့ကိုလွှတ်..ငါ့ကိုလွှတ်ပေးစမ်း. ငါ့ကိုလွှတ်ပေးစမ်း. ငါကမင်းရဲ့သခင်ပဲ. မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ. မင်းပုန်ကန်ဖို့ကြိုးစားနေတာလား”
တီရှာ၏လက်ထဲ၌သွေးနီရောင်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်းပေါ်လာသည်။ ထိုပုံရိပ်မှာ ရှစ်ဖုန့်နှင့်တစ်ထေရာတည်း
တူညီသည်ဖြစ်သည်။
တီရှာ၏လက်ထဲမှသူအဖြစ်ပြောင်း
လဲထားသောပုံရိပ်အား ရှစ်ဖုန့်အေးစက်စွာကြည့်လိုက်သည်။
ဤသူတောင်းစားက တီရှာ၏ဖမ်းဆီးမှုအားခံထားရချိန်တွင် သူ့ပုံစံသို့ပြောင်းလဲပြီးတီရှာအား
လှည့်စားနေသည်။
“မင်းညီကိုပဲသွားသခင်နေလိုက်”
တီရှာ၏လက်ထဲ၌ရုန်းကန်နေသော
သူ့ကိုယ်သူအားကြည့်၍ ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။ ထို့နောက်တီရှာ၏ဘယ်ဘက်လက်အား
လက်သီးအဖြစ်ထိန်းချုပ်လိုက်ပြီး ထိုအရာ၏ဦးခေါင်းကို ထိုးနှက်ချလိုက်သည်။
“အား”
နောက်ထပ် နာကျင်မှုအပြည့်ဖြင့် အော်သံက ပဲ့တင်ထွက်ပေါ်လာသည်။