ဂယက်ရိုက်ခြင်း
Vol. 64 Ch. 883
ကမ္ဘာဦးဟွင်သွမ်း၊ အနီရောင်မြူ တားမြစ်နယ်မြေ
ကောင်းကင်စာအုပ်က မျက်လုံးဖွင့်လာကာ အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲလိုက်သည်။
“ကျစ် အရူးကြီးချူး အပေးအယူ လုပ်ဖို့ ဘာလို့ အဲ့လောက်တောင် ခက်နေရတာလဲ”
ကောင်းကင်ကျမ်းက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။ သူက မောက်မာသည့်သူ တစ်ဦး ဖြစ်၏။ သူ့စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများအရ မည်သူက မမောက်မာဘဲ နေမည်နည်း။ တာအိုနယ်ရှင်တစ်ယောက်အနေဖြင့် သူက သူ့အစီအစဉ်ကို သက်ရောက်မှု ဖြစ်လာစေမည့် ဟာကွက်မျိုးကို ခွင့်ပြုမည် မဟုတ်ပေ။
မောက်မာသူတစ်ဦးအနေဖြင့် သူ့စိတ်ထဲတွင် လေးစားသည်ဟု ပြောနိုင်သည့် လူတချို့သာ ရှိ၏။ ထိုလူများထဲမှ တစ်ယောက်က အရူးကြီးချူး ဖြစ်သည်။ ချူးယွင်က ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအတွင်း မြင်တွေ့ရခဲ့သည့် အစစ်အမှန် ရှားပါးလှသော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။
မဟာတာအိုက အချိန်စတင်ကတည်းက ၆ကြိမ် သွေးထွက်ခဲ့ဖူးပြီး တစ်ကြိမ်က အရူးကြီးချူး၏ လက်ချက်ကြောင့် ဖြစ်သည်။ ကောင်းကင်ကျမ်း၏ ထိုသူအပေါ် သုံးသပ်ချက်အရ သူသည် ပြင်ပအကူအညီ မပါဘဲ ထူးကဲသာလွန်မှုလမ်းစဉ်ကို ဖန်တီးဖို့ အနီးကပ်ဆုံးသူ ဖြစ်ခဲ့၏။
ထိုပါရမီရှင် အရူးကြီးခြူးက မည်မျှပါရမီထူးကဲကြောင်း သိသာလှသည်။ ကံဆိုးစွာဖြင့် သူ့အစောပိုင်းစမ်းသပ်မှုတစ်ခုက သူ့လက်ရှိစိတ်အခြေအနေကို ဖြစ်လာစေခြင်း ဖြစ်၏။
တကယ်လို့ အဲဒီလူသာ ရူးသွပ်မသွားခဲ့ရင် ဟွင်သွမ်းစကြဝဠာထဲက ကြောက်စရာအကောင်းဆုံးလူထဲက တစ်ယောက် ဖြစ်နေလောက်တယ်။ ကောလဟာလတွေက အမှန်ဖြစ်လောက်တယ်…
ကောင်းကင်ကျမ်းက မှတ်ချက်ပေးလိုက်သည်။ ကောလဟာလများအရ မဟာတာအိုသည် ထိုလူ၏ စွမ်းဆောင်ရည်ကို ကြောက်ရွံ့ကာ သူ့ကို အကွက်ကျကျက စီစဉ်ခဲ့၍ ထိုအခြေအနေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုကြသည်။
ကောင်းကင်ကျမ်းက စာအုပ်တစ်အုပ်ကို ဆင့်ခေါ်လိုက်သည်။ သူ ဖန်တီးဖို့ ကြိုးစားနေသည့်အရာက မပြီးပြည့်စုံသေးသော်လည်း စကြဝဠာ၏ ဗဟုသုတ၊ လျှို့ဝှက်ချက်နှင့် အမှန်တရားများစွာ ရှိနေလေသည်။ သူက သူ ဖြေရှင်းဖို့ရာ အသုံးပြုနိုင်သည့် သတင်းအချက်အလက်တချို့ ရှိမလားဟု သိချင်မိသည်။
အရူးကြီးခြူး
“ဟမ်” သူက တစ်စုံတစ်ခုကို ခံစားမိကာ ရေရွတ်လိုက်သည်။ သူက ကောင်းကင်ကျမ်းကို ဆင့်ခေါ်လိုက်သည့်အခါ စာတန်းများစွာကို မြင်တွေ့လိုက်ရသည်။
“နောက်ထပ် အချိန်ဆက်နွယ်မှုလား။ တစ်စုံတစ်ခု ဖြစ်ပျက်သွားပြီပဲ” သူက စာအုပ်ထဲမှ စာပိုဒ်များကို ကြည့်ကာ ရေရွတ်လိုက်သည်။
“ငါ ပြောတာ မှန်နေခဲ့တာပဲ။ အဲဒီထဲက တစ်ယောက်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ရှိနေတယ်။ သူက ဝမ်ဝေ့ပဲ ဖြစ်လောက်တယ်။ သူက သမိုင်းမတိုင်မီကမ္ဘာနဲ့ ဆက်နွယ်မှု ရှိနေတာလား။ ဒီသတင်းအချက်အလက်က ကိစ္စအများကြီးကို ပြောင်းလဲသွားစေနိုင်တယ်။”
သူ့သတင်းအချက်အလက်ကွန်ယက်၏ မသိနိုင်သည့် လိုအပ်ချက်တစ်ခုက သမိုင်းမတိုင်မီကမ္ဘာ ဖြစ်ခဲ့သည်။ သူက ထိုနေရာကို ကျူးကျော်ဖို့ အကြိမ်ရေတချို့ ကြိုးစားခဲ့သော်လည်း ဆုံးရှုံးမှုဖြင့်သာ ရင်ဆိုင်ခဲ့ရ၏။
“အဲဒီကမ္ဘာမှာ မဟာတာအိုရဲ့ သားတော် ရှိနေတာလား။ နောက်ထပ် ပြဿနာတစ်ခုပဲ” သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း ကောင်းကင်ကျမ်းက သူ့အကြောင်း ရေးသားထားသည့် စာပိုဒ်တစ်ခုကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်၏။
ငါ ထင်ထားပေမဲ့ နည်းနည်းတော့ နေသားမကျသေးဘူး
သူ့ယခင်စာအုပ်က သူ့တည်ရှိမှု မပါဝင်ခဲ့ပေ။ ယခင် ကံကြမ္မာအရိပ်အမြွက်အရ သူသည် ကမ္ဘာ၏ အဆုံးမဲ့သေမျိုးများထဲမှ တစ်ယောက်သာဖြစ်ပြီး သူ့တည်ရှိမှုက မပြောပလောက်ပေ။
သို့သော်လည်း ယခုအခါ သူက ဇာတ်ကြောင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး အရေးပါသည့် ကဏ္ဍမှ ပါဝင်ကစားလာရသည်။
ကောင်းကင်ကျမ်းက စာအုပ် ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းနေ၏။ သူက သူ့တွင် ရှိထားသည့် သတင်းအချက်အလက်များကို ပြန်လှန်ကြည့်လိုက်သည်။
အချိန်က ငါ့ဘက်မှာ ရှိတယ်လို့ ထင်ထားပေမဲ့ အဲ့လိုတော့ မဟုတ်တဲ့ပုံပဲ…
သူက မျက်မှောင်ကြုတ်ကာ ကောက်ချက်ချလိုက်၏။
ဒီလိုဆိုရင် ငါ စွန့်စားဖို့တော့ လိုနေပြီ…
ကောင်းကင်ကျမ်းက အလုပ်ဖြင့် သက်သေပြသည့်သူဖြစ်သည့်အတွက် သူ့အစီအစဉ်ကို စတင် အကောင်အထည်ဖော်လိုက်သည်။ သူက အနီရောင်မြူခိုး၏ အပြင်ဘက်သို့ ကိုယ်ပွားတစ်ခု စေလွှတ်လိုက်သည်။ သူက ဤနေရာတွင် ပုန်းအောင်းနေသည်မှာ အန္တိမသဟဇာတက စိတ်ပြောင်းလဲကာ သူ့ကို အမဲလိုက်မည်ကို စိုးရိမ်၍ ဖြစ်သည်။
ကံကောင်းစွာဖြင့် ဤနေရာက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်များဆီမှ ပုန်းအောင်းနိုင်သည့် ဘေးကင်းလုံခြုံသော နေရာတချို့ထဲမှ တစ်ခု ဖြစ်၏။ အန္တိမသဟဇာတ ရောက်ရှိလာလျှင်ပင် အရူးကြီးခြူး၏ လက်ထဲတွင် ဆုံးရှုံးမှု ခံစားရလိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။
သူ့ကိုယ်ပွားက ထိုတားမြစ်နယ်မြေမှ ထွက်သွားပြီးသည့်နောက်တွင် သူ့လက်ကို ဝှေ့လိုက်သည့်အခါ ကြီးကျယ်ကာ လျှို့ဝှက်ဆန်းကြယ်သည့် မြစ်ကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
အချိန်မြစ်ကြောင်း … ဒါကို ဘယ်နှစ်ကြိမ်ပဲမြင်မြင် ကြီးကျယ်ခမ်းနားနေတုန်းပဲ…
ကောင်းကင်ကျမ်းက မြစ်ကြောင်းကို လေ့လာကာ တစ်စုံတစ်ခုကို ရှာဖွေလိုက်သည်။ နာရီတချို့ကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းက တောက်ပလာပြီး သူ့သိုလှောင်လက်စွပ်ထဲမှ အစိမ်းရောင် ကျောက်စိမ်းကို ထုတ်ကာ အထဲသို့ ပို့ဆောင်လိုက်၏။
သူက ကျောက်စိမ်းပြား ပျောက်ကွယ်သွားသည်အထိ စက္ကန့်ပိုင်းစောင့်ဆိုင်းလိုက်သည်။
“အလုပ်ဖြစ်တယ်” သူက စိတ်ထဲမှ မကျေမနပ် တွေးလိုက်သည်။
ငါ့ကို တကယ်ကြီး နယ်ရုပ်လို သဘောထားနေတာပဲ…
သူ့အပြုအမူများက စကြဝဠာ၏ အကြီးမားဆုံး ရန်စမှုတစ်ခု ဖြစ်နိုင်သည်။ သူက အတိတ်ကို လွှမ်းမိုးခြင်းဖြင့် ကမ္ဘာဦးအချိန်စက်ဝန်းကို ပြောင်းလဲဖို့ ကြိုးစားခဲ့၏။ ထိုသို့သော အပြုအမူမျိုးက သူ့ကို ချက်ချင်းသတ်ပစ်နိုင်သည့် တန်ပြန်သက်ရောက်မှုကို ထုတ်လွှတ်လာနိုင်သည်။
အကယ်၍ သူက အသက်ရှင်လျှင်ပင် အချိန်ကြီးကြပ်သူက သူ့နောက်ကို လိုက်လာလိမ့်မည်။ သို့သော်လည်း လက်ရှိ သူက အကောင်းအတိုင်းရှိနေဆဲ ဖြစ်ကာ ထိုမဖြစ်နိုင်သည့် ကိစ္စရပ်ကို အောင်မြင်ခဲ့လေသည်။
ကောင်းကင်စာအုပ်က ထိုအရာသည် ဆိုလိုရင်းတစ်ခုသာ ရှိကြောင်း သိထားလေ၏။ တစ်စုံတစ်ယောက်က သူ့အပြုအမူကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ထိုလုပ်ပိုင်ခွင့်ရှိသည့်သူကို မှန်းဆကြည့်ဖို့ မခဲယဉ်းလှပေ။
မဟာတာအို
ကိုယ်ပွားက အဝေးတစ်နေရာကို ကြည့်နေရင်း သူ့မျက်နှာထားက မပြောင်းမလဲ တည်တည်ငြိမ်ငြိမ် ကျန်ရှိနေ၏။
သူက အဲဒီကမ္ဘာမှာရှိတယ်ဆိုတော့ အရင်ဆုံး ငါ စမ်းသပ်ကြည့်ဖို့လိုတယ်…
သူက ဆက်လက် အချိန်မဖြုန်းဘဲ အဝေးတစ်နေရာ၌ ပျောက်ကွယ်သွားလေသည်။
………………………………
သမိုင်းမတိုင်မီ ကမ္ဘာ
ခရမ်းရောင် ဟွင်သွမ်းနန်းဆောင်
ဟုန်ကျွင်းက မျက်လုံးဖွင့်လာကာ “နောက်ဆုံးတော့ သူက အဲဒီအဆင့်ကို ရောက်သွားပြီပဲ”
သူ့မျက်ဝန်းက အဆုံးမဲ့အကွာအဝေးကို ထိုးဖောက်သွားကာ ဝမ်ဝေ့ တာအိုသက်သေပြသည်ကို မြင်လိုက်ရသည်။
ကံကြမ္မာတာအိုလား…
သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်၏။
ဒါက သူနဲ့ ဆက်နွယ်နေတာလား…
အလုံးစုံပကတိအမြင် ဘုံကျောင်းက ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိလာစေသည့် နိမိတ်တစ်ခုကို ထုတ်ဖော်ခဲ့သည်။ ကြမ္မာတာအိုကို ကျင့်ကြံထားသူ တစ်ဦးအနေဖြင့် သူကလည်း ဘုံကျောင်း၏ စကားလုံးအတိအကျကို မသိခင်ကတည်းက နိမိတ်ကို ကြိုတင်ကောက်ချက်ချနိုင်ခဲ့သည်။
ကောင်းကင်ဘုံ ကံကြမ္မာကပ်ဘေးက ချဉ်းကပ်လာပြီ။ ကံကြမ္မာကြိုးမျှင်က ကမ္ဘာဦးဟွင်သွမ်းကို လွှမ်းခြုံထားတယ်။ သူ့ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်မဲ့ အရူးဧကရာဇ်က အစွဲကင်းဖို့ ဘာမဆိုလုပ်လိမ့်မယ်…
ဟုန်ကျွင်းက ခေါင်းကိုက်လာမိသည်။ သူက သူ ကယ်တင်လိုက်သည့် အပြင်လူသည် ဤနိမိတ်နှင့် ဆက်နွယ်နေသည်လား မသိရပေ။ သို့သော်လည်း ထိုအရာက အရေးမပါပေ။ ဘုံကျောင်းက ထိုနိမိတ်ကို ထုတ်ဖော်လိုက်သည်နှင့် ကံကြမ္မာတာအို ကျင့်ကြံနေသည့်သူများက မုန်တိုင်း၏ ဗဟိုချက် ဖြစ်လာလိမ့်မည်။ အကယ်၍ သူတို့သာ စွမ်းအား မရှိပါက ကပ်ဘေးကို ခံစားရလိမ့်မည်။
တကယ်လို့ သူနဲ့ သက်ဆိုင်နေတာဆိုရင် ကိစ္စတွေက ရှုပ်ထွေးလာလိမ့်မယ်။ ဒါပေမဲ့ အခွင့်အရေးကောင်းတစ်ခုပဲ…
ဟုန်ကျွင်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ပုံရိပ်သုံးခုကို ဖန်ဆင်းလိုက်သည်။ ထိုပုံရိပ်များက ရောက်ရှိလာမည့် ကပ်ဘေးကို ပြင်ဆင်ဖို့အတွက် တခြားကမ္ဘာများတွင် ပြန်လည်ဝင်စားဖို့ သူကိုယ်တိုင် ရွေးချယ်ထားသည့်သူများ ဖြစ်ပေသည်။
ဝမ်ဝေ့အတွက်မူ …
ထိုသူက ဟုန်ကျွင်းတစ်ယောက် ထိုလူများကို ပြန်လည်ဝင်စားစေသည့် လုပ်ရပ်ကို ဖုံးကွယ်ဖို့အတွက် ကမ္ဘာဝင်တိုက်မှုဖြစ်စဉ်ကို လှုံ့ဆော်ခဲ့စဉ်အခါက ဖြစ်လာသည့် အပျက်အစီးတစ်ခုသာ ဖြစ်၏။
သူက ဆက်စပ်နေသည့် အပျက်အစီးသာမကပဲ တစ်ဦးတည်းသော အသက်ရှင်သန်သူလည်း ဖြစ်နေသည်။ ထို့ကြောင့် ဟုန်ကျွင်းက သူ့ကို အပြင်လူအဖြစ် သတ်မှတ်ထားပြီး သူက မဟာတာအိုနှင့် ကံကြမ္မာမြစ်ကြောင်းတို့ဖြင့် ဆက်နွယ်နေသည့် လက္ခဏာရှိသော်လည်း ကယ်တင်ခဲ့သည်။
ဟုန်ကျွင်းက ဝမ်ဝေ့၏ စိတ်စွမ်းအားနှင့် ကမ္ဘာဦးဟွင်သွမ်းအတွင်း မည်သို့အသက်ရှင်လာသည်ကိုလည်း မြင်တွေ့ခဲ့သည်။ သူက ကိစ္စများ မည်သို့ဖြစ်လာမည်ကို မြင်တွေ့လို၍ အကူအညီ တချို့ပေးဖို့ ရွေးချယ်ခဲ့၏။
ဟုန်ကျွင်းက ထိုပုံရိပ်၃ခုကို ကြည့်လိုက်သည်။
သူတို့အားလုံးက စံပြဆိုပေမဲ့ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်တွေကပဲ ရောက်ရှိလာမဲ့ မုန်တိုင်းမှာ အသက်ရှင်နိုင်ချေ ရှိလိမ့်မယ်…
သူက ထိုအကြောင်းကို တွေးကာ မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ဝေ့က လေဟာနယ်အတွင်း ကုန်ဆုံးခဲ့သည့် တစ်လျှောက်လုံးတွင်း ထိုသူများက တာအိုကို သက်သေပြကာ စံပြအဆင့်သို့ တက်လှမ်းသွားခဲ့လေသည်။ သူတို့က သူတို့၏ ထိပ်သီးအခြေအနေသို့ ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ဟုန်ကျွင်းက သူတို့၏ ထူးကဲသာလွန်မှု လမ်းစဉ်သည် ဦးတည်ချက် မရှိသည့်အတွက် သိပ်မပျော်ရွှင်ပေ။
ဒီသွေဖယ်မှုတွေအားလုံးက ဧကရာဇ်ချင်ကြောင့်ပဲ…
သူက သက်ပြင်းချလိုက်၏။
ချင်ဧကရာဇ်က သူ့အစီအစဉ်၏ ပထမအဆင့် ဖြစ်ခဲ့ပြီး တခြားသူများမတိုင်ခင် စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့သည်။
ပထမဦးစွာ ဟုန်ကျွင်းက ထိုသူသည် ပုံမှန်စံပြတစ်ယောက်သာ ဖြစ်လာသည့်အတွက် ကျရှုံးသည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း ချင်ဧကရာဇ်က ပြန်လည်ဝင်စားလာပြီး ထာဝရဧကရာဇ် ဖြစ်လာကာ လူသားဧကရာဇ် ဂုဏ်ပုဒ်ကိုပင် ရယူနိုင်ခဲ့သည်။
ဟုန်ကျွင်း၏ အစီအစဉ်အရ သူက လူသားဧကရာဇ်ကို သူ့ကောင်းကင်တာအိုမှ ကျောက်စိမ်းပြားတစ်ခု ပေးအပ်ပြီး မိုးမြေ၏ ပါရမီ၃ခုကို အသုံးပြုကာ ထူးကဲသာလွန်မှုလမ်းစဉ်ကို ကောက်ချက်ချဖို့ ခွင့်ပြုပေးလိမ့်မည်။
လူသား၊ မြေကမ္ဘာနှင့် ကောင်းကင်
သူက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်ရှိသွားသည်နှင့် တခြားသူများအတွက် ရှေ့ပြေးဖြစ်လာကာ ရှေ့ဆက်ရမည့် လမ်းစဉ်ကို ပြသနိုင်လိမ့်မည်။
သို့သော်လည်း ချင်ဧကရာဇ်က သံသယကြီးသည့် စိတ်သဘောထားရှိပြီး မည်သူ့ကိုမှ မယုံပေ။ ဟုန်ကျွင်းက သူ့ကို လုပ်ကြံမည်ကို စိုးရိမ်ကာ သူ့သတိပေးမှုများကို လျစ်လျူရှုပြီး အကြွင်းမဲ့တားမြစ်ချက်တွင် ဝင်ရောက်ဆင်နွှဲခဲ့၏။
ရလဒ်အနေဖြင့် သူက သေဆုံးသွားခဲ့ကာ ထူးကဲသာလွန်မှုကို ရရှိဖို့ အချိန်ကြာမြင့်သွားစေသည်။
တကယ်လို့ သူသာ ငါ့စကားကို နားထောင်ခဲ့ရင် အခု အဲဒီအဆင့်ကို ရောက်နေလောက်ပြီ…
ဟုန်ကျွင်းက ခေါင်းခါကာ ရေရွတ်လိုက်၏။
အခု အပြောင်းအလဲတွေ အများကြီးဖြစ်လာပြီ။ သူ့အခွင့်အရေးက သိသိသာသာ လျော့ကျသွားခဲ့ပြီ..
ဟုန်ကျွင်းက အသက်ပြင်းပြင်းရှူလိုက်သည်။
သူက ဒါတွေအားလုံးကို ဘာလို့လုပ်နေတာလဲ
သမိုင်းမတိုင်မီကမ္ဘာကို ကယ်တင်ဖို့လား
ဟုတ်ပေသည်။ သို့သော်လည်း ကိုယ်ကျိုးမငဲ့မှုသက်သက်ကြောင့်တော့ မဟုတ်ပေ။ သူက ရှေ့ဆက်ရမည့် လမ်းစဉ်ကို မြင်တွေ့လိုပြီး သူ့တစ်ခုတည်းသော မျှော်လင့်ချက်က တာအိုရောင်းရင်းများစွာဖြင့် ဆွေးနွေးကာ တစ်ဦးနှင့်တစ်ဦး အကူအညီပေးပြီး ဉာဏ်အလင်းပွင့်လာစေဖို့ ဖြစ်သည်။
တကယ်လို့ မဟာတာအိုသာ ဖန်ကုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အများကြီးကို ဖျောက်ဖျက်မပစ်ခဲ့ရင်…
ဟုန်ကျွင်းက ညည်းတွားလိုက်သည်။ သူက ထူးကဲသာလွန်မှုလမ်းစဉ်အကြောင်း အများကြီး သင်ယူထားခဲ့၏။
နှမြောစရာကောင်းလှသည်က ထိုကမ္ဘာသည် သီးသန့်ပိုင်းခြားခံထားရသော်လည်း မဟာတာအိုက ဝင်ရောက်စွက်ဖက်ဖို့ နည်းလမ်းရှိနေဆဲ ဖြစ်၏။ လိုအပ်လာသည့်အခါ ထိုအရာက စည်းမျဉ်းများနှင့် အကန့်အသတ်များကိုပင် ကျော်လွှားနိုင်သည်။
သူက သေးငယ်လှသည့် ကမ္ဘာမြေကို လှမ်းကြည့်လိုက်၏။
ငါ နောက်ထပ်လူတွေ ရွေးချယ်လိုက်ရမှာလား…
သူက ခေါင်းခါလိုက်သည်။ ကမ္ဘာမြေရှိလူများက သူတို့၏ မျိုးနွယ်၊ လိင် သို့မဟုတ် ဇာတိက မည်သို့ပင်ဖြစ်စေကာမူ ထူးခြားလှသည်။ သူတို့ကို တခြားကမ္ဘာများတွင် ပြန်လည်ဝင်စားစေခြင်းက အန္တရာယ် များပြားလှပြီး စွန့်စားမှုများ လိုအပ်၏။
သူ ကမ္ဘာဝင်တိုက်မှု ဖန်တီးခဲ့သည့် အပြုအမူက လူများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုအရာက ကမ္ဘာကို ဘေးကင်းစေမှု မရှိသလို သူ့ကျင့်ကြံရေးခရီးလမ်းကို ဆက်လျှောက်ဖို့ အကူအညီ မဖြစ်နိုင်သည့်အတွက် ဟုန်ကျွင်းက ထိုအချက်ကို မကြိုက်ပေ။
နည်းနည်းထပ်စောင့်ကြည့်လိုက်ရအောင် …