← Chapters

ကြောက်မက်ဖွယ် စကားဝိုင်း

Vol. 64 Ch. 884

ကြောက်မက်ဖွယ် စကားဝိုင်း

Vol. 64 Ch. 884

အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာ၊ တာအိုအခွင့်အလမ်းဂိုဏ်း

ဟွင်သွမ်းကမ္ဘာတွင် အားအကောင်းဆုံးဂိုဏ်းများအနက် တစ်ခုအနေဖြင့် ဘိုးဘေးခန်းမဟု ခေါ်ဆိုသည့် သီးသန့်ခန်းမတစ်ခု ရှိလေသည်။ အထဲတွင် ကုလားထိုင်ပေါ် အိပ်ငိုက်နေသည့် အသက်ကြီးကြီး လူအိုကြီးတစ်ယောက်သာ ရှိလေသည်။ သူ့ဝန်းကျင်တွင် အလွှာသုံးခု ချထားသည့် ရုပ်ထုများ ရှိ၏။

အောက်ဆုံးအလွှာတွင် ရုပ်ထုအများဆုံး ရှိလေသည်။ ထိုရုပ်ထုများက အသက်ဝင်နေသလိုမျိုး ဖြစ်သော်လည်း တချို့က ထူးကဲလှသည်။ တချို့က သူတို့၏ မျက်နှာဖျက်ဆီးခံထားရခြင်းမျိုး သို့မဟုတ် အက်ရာများ ရှိနေကြ၏။

အလွှာတစ်ခုချင်းစီတွင် ရုပ်ထုတချို့က သူတို့ခေါင်းအထက် သရဖူများရှိစဉ် တချို့က မပါရှိပေ။ ထို့အပြင် သရဖူများက ဒုတိယအလွှာနှင့်အထက် ရောက်သည့်အခါ အရောင် ကွဲပြားသွား၏။

လူအိုကြီးက အိပ်နေစဉ် အခန်းအတွင်း အဖြူရောင်အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်။ ထို့နောက် တတိယအလွှာတွင် သရဖူဆောင်းထားသည့် ရုပ်ထုတစ်ခု ပေါ်ထွက်လာခဲ့၏။

ထိုရုပ်ထု ပေါ်ထွက်လာသည်နှင့် ထိုလူအိုကြီးက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် နိုးထလာခဲ့သည်။ သူက ပထမဦးဆုံး မူမမှန်မှုကို သတိမထားမိခင် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ သူက အခန်းအတွင်း နေခဲ့သည်မှာ ယွမ်ခေတ်ကာလတချို့ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် သူ့လက်ဖမိုးလိုမျိုး နေရာအနှံ့ကို သိထားလေသည်။

သူက ရုပ်ထုအသစ်ကို မြင်သည့်အခါ အံ့အားသင့်သွားမိ၏။

ဧကရာဇ်အသစ်လား။ မဟုတ်သေးဘူး ထာဝရဧကရာဇ်ပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဂိုဏ်းက ပိတ်ဆို့ထားတာ ဒီလောက်ကြာလှနေပြီလေ…

ထိုလူအိုကြီးက ခေတ္တမျှ စိတ်ရှုပ်ထွေးသွားပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို တွေးမိသွားလေ၏။

ဒိုင်မေးရှင်းအနိမ့်လား…

သူက စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။

ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာ သူတို့က ထာဝရဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်နိုင်ခဲ့တာလား…

ဒိုင်မေးရှင်းအမြင့်ရှိ လူများစွာက ဒိုင်မေးရှင်းအနိမ့်ရှိ ဂိုဏ်း၏ ကံကောင်းမှု ပြတ်လပ်သွား၍ ထာဝရဧကရာဇ်ကို မဆိုထားနှင့် ဧကရာဇ်ကိုပင် မပျိုးထောင်နိုင်တော့ကြောင်း ယုံကြည်ထားကြသည်။

၁၀ယောက်မြောက် ပေါ်ထွက်လာတာ သတင်းကောင်းပဲ။ ဒါပေမဲ့ ပြဿနာလည်း ရှိလာနိုင်တယ်…

ထိုလူအိုကြီးက မျက်နှာ မပါရှိသည့် ရုပ်ထုကို ကြည့်ရင်း တွေးလိုက်သည်။ သူက ရုပ်ထု မပြည့်စုံသည်မှာ မဟာဧကရာဇ်က တက်လှမ်းလာဖို့ လိုကြောင်း သိထားသည့်အတွက် သိပ်မအံ့ဩပေ။ နောက်ဆုံးအနေဖြင့် သူတို့ဂိုဏ်း၏ ကံကောင်းမှုနှင့် ဧကရာဇ်အသစ်တို့က ဆက်နွယ်သွားလေသည်။

သို့သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ လက်ရှိအာဏာပိုင်းဆိုင်ရာ အနေအထားအရ သူတို့ဂိုဏ်းတွင် ပါရမီထူးကဲသည့် ထာဝရဧကရာဇ်တစ်ပါး ပေါ်ထွက်လာသည်မှာ ကိစ္စကောင်း မဟုတ်ပေ။

အရင်ဆုံး ဧကရာဇ်အသစ် ပေါ်ထွက်လာတာကို သတိမထားမိအောင် ကံကောင်းမှုသဏ္ဌာန်ပြခြင်းကို စည်းပိတ်ထားရမယ်…

သူတို့က ဧကရာဇ်အသစ် သို့မဟုတ် ကျင့်ကြံသူ အသစ် ရသရွေ့ ဂိုဏ်း၏ ကံကောင်းမှုက အားလုံး ဝမ်းမြောက်နိုင်စေရန် ကြီးကျယ်ခမ်းနားစွာ ဖော်ပြလိမ့်မည်။ ထို့ကြောင့် သူတို့က ပိတ်ဆို့ထားသည့် အခြေအနေတွင် ရှိနေလျှင်ပင် ထိုအချက်က မပြောင်းလဲပေ။

သို့သော်လည်း ထိုလူအိုကြီးက မလှုပ်ရှားခင် တစ်စုံတစ်ယောက်က သူ့ထက် မြန်မြန်ဆန်ဆန် လှုပ်ရှားထားကြောင်း တွေ့လိုက်ရသည်။ အမည်မသိ နားမလည်နိုင်သည့် စွမ်းအားတစ်ခုက ထိုအချက်ကို ဖုံးကွယ်ပေးထားနိုင်ဟန်ပေါ်၏။

ဒီစွမ်းအားက…

သူက ထိတ်ထိတ်လန့်လန့်ဖြင့် တွေးမိသွားသည်။

အဲဒီနှစ်ယောက်ထဲက တစ်ယောက်ကပဲ ဒီလိုအရာမျိုးကို လုပ်နိုင်မှာ…

………………………………

မူလစည်းတံဆိပ်ကုန်းမြေ

“ဘာလို့ အဲ့လောက် စိတ်ရှုပ်ဖို့ ကောင်းနေရတာလဲ” ဝူဟုန်က သူမ၏ တည်ရှိမှုကို အနည်းငယ် စိတ်ခုဖို့ကောင်းကြောင်း ခံစားမိ၍မေးလိုက်သည်။

“ကောင်စုတ်လေးက အောင်မြင်သွားပြီ” ဓားဧကရီက သူမ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားသည့်အတွက် သူမ၏ မျက်ဝန်းအထက် ကြောက်မက်ဖွယ် ဓားဆန္ဒတစ်ခု ဖြတ်ပြေးသွားသည်။

“ဘာတွေပြောနေတာလဲ” ဝူဟုန်က မေးလိုက်၏။

“မင်းရဲ့ အနာဂတ် ခင်ပွန်းလောင်းလေ။ သူက တာအို သက်သေပြတာ အောင်မြင်သွားပြီ” သူမက ပြန်ဖြေလိုက်သည်။

ဝူဟုန်က အနည်းငယ် အံ့အားသင့်သွားမိ၏။

“ကောင်းသားပဲ။ တိုက်ပွဲအတွက် အချိန်တောင် ကျရောက်နေပြီ။ သူ့ ပြသထားတဲ့ ပါရမီနဲ့ဆိုရင် ဧကရာဇ်ဖြစ်လာတာက ပုံမှန်ပါပဲ။ သူက ထာဝရဧကရာဇ် ဖြစ်လာတယ်မလား”

“မင်း နားမလည်ဘူး” ဓားဧကရီက ပြောလိုက်သည်။

“သူက ထာဝရဧကရာဇ် ဖြစ်လာလို့ စိတ်လှုပ်ရှားနေတာ မဟုတ်ဘူး”

“တစ်ခုခု ဖြစ်ခဲ့လို့လား”

“ဒီကောင်လေး ဂိုဏ်းကို ထောက်ပံ့ပေးတဲ့ ကံကောင်းမှုက စံပြနဲ့တောင် ယှဉ်နိုင်တယ်” ဓားဧကရီက ပြောလိုက်သည်။

“ပိုပြီးအရေးကြီးတာက သူ့ရဲ့ ကံကောင်းမှုက ထူးကဲပြီးတော့ ဂုဏ်ပြုကံကောင်းမှုပဲ”

ဝူဟုန်က ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ မိုးမြေက ကမ္ဘာတစ်ခုလုံးကို သက်ရောက်မှုရှိလာစေသည့် အောင်မြင်မှုမျိုးကို ရထားသည့်သူမျိုးကိုသာ ဂုဏ်ပြုကံကောင်းမှုမျိုးကို ချီးမြင့်လေ့ရှိသည်။ ဒိုင်မေးရှင်းအနိမ့်တွင် ဒိုင်မေးရှင်းအမြင့်ထက်စာလျှင် ရယူဖို့အတွက် လွယ်ကူသော်လည်း တကယ်တမ်းရယူဖို့ရာ ခက်ခဲနေဆဲသာ ဖြစ်၏။

နမူနာအနေဖြင့် ဒိုင်မေးရှင်းအနိမ့်ရှိ တာအိုအခွင့်အလမ်းဂိုဏ်းသည် ကမ္ဘာကို ကျင့်ကြံရေးနည်းစနစ် ဖြန့်ဝေထားသည့်အတွက် ဂုဏ်ပြုကံကောင်းမှုမျိုး ရှိလေသည်။ ထိုကံကောင်းမှုဖြင့် ကောင်းကင်တာအိုက ဂိုဏ်း၏ ရှင်သန်မှုကို အာမခံပေးနိုင်၏။

ဤသို့သော ကံကောင်းမှုမျိုးက ဆေးလုံးဘိုးဘေး၊ အစီအရင်ဘိုးဘေး၊ အဆောင်ဘိုးဘေး၊ ဝင်္ကပါဘိုးဘေးနှင့် လက်နက်ဘိုးဘေးတို့၏ ဂိုဏ်းများသည် ကပ်ဘေးများစွာကို ဖြတ်ကျော်နိုင်ခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။

ဒိုင်မေးရှင်းအမြင့်တွင် တာအိုအခွင့်အလမ်းဂိုဏ်းက ဂုဏ်ပြုကံကောင်းမှုရရှိဖူးသည်မှာ သုံးကြိမ်သာ ဖြစ်၏။ ပထမနှစ်ကြိမ်က ပထမ မူလစစ်ပွဲနှင့် ဒုတိယမူလစစ်ပွဲတို့ကြောင့် ဖြစ်သည်။

“သူ ဘာလုပ်လိုက်လဲဆိုတာကို သိလား” ဝူဟုန်က မေးလိုက်သည်။

“မသိဘူး။ တစ်ယောက်ယောက်က အဲဒီသတင်းကို ပိတ်ဆို့ထားတယ်။ ဂိုဏ်းရဲ့ ကံကောင်းမှုကနေ အမှန်တရားကို တွက်ချက်ကြည့်ရင်တောင် မသိခဲ့ရဘူး”

“သူတို့လား”

“မဟုတ်ဘူး”

“အစစ်အမှန် ကောင်းကင်တာအိုလား”

“မဟုတ်ဘူး … အထက်က”

ဝူဟုန်က ထိုစကားများ၏ နောက်ကွယ်မှ ပါဝင်ပတ်သက်မှုကို သိနေသည့်အတွက် နောက်ထပ် အံ့အားသင့်သွားမိသည်။

“သူက ဘာလုပ်လိုက်တာလဲ”

“ငါလည်း မသိဘူး။ ဒါပေမဲ့ အဲဒီအပြုအမူကို ဂိုဏ်းရဲ့ စတုတ္ထမြောက် ဂုဏ်ပြုကံကောင်းမှုလို့ ယူဆလို့ ရလောက်တယ်။”

ဒိုင်မေးရှင်းအမြင့်တွင် ဒိုင်မေးရှင်းအနိမ့်ထက် ဂုဏ်ပြုကံကောင်းမှုကို ရယူဖို့ရာ အဆသန်းချီ ပို၍ ခက်ခဲပေသည်။

“ဒီသတင်းက သတင်းကောင်းတော့ မဟုတ်ဘူးပဲ။” ဝူဟုန်က ပြောလိုက်သည်။

“ဟုတ်တယ်။ အန္တိမသဟဇာတရဲ့ အကျင့်စရိုက်နဲ့ဆိုရင် အရင်ပြောထားတာကို ဂရုမစိုက်ပဲ ဂိုဏ်းကို တိုက်ခိုက်လာနိုင်တယ်။ ဒါပေမဲ့ အခု သူက မတိုက်ခိုက်သေးဘူးဆိုတော့ ဆိုလိုရင်းက တစ်ခုပဲ ရှိတယ်”

“သူမက ဝင်ရောက်စွက်ဖက်လိုက်တာပဲ” ဝူဟုန်က ယခင်နှင့် အနည်းငယ်ကွဲပြားစွာ ပြောလိုက်သည်။

“တစ်ခါတစ်လေ မင်းက ခေါင်းမာလွန်းတယ်” ဓားဧကရီက သူမ၏ မိတ်ဆွေ၏ သဘောထားသည် ရုတ်ချည်းပြောင်းလဲသွားသည့် အကြောင်းအရင်းကို သိထား၍ ပြောလိုက်သည်။ သို့သော်လည်း ဝူဟုန်က ထိုခေါင်းစဉ်ကို ဆက်မပြောလိုပေ။

“ အခု ဘာလုပ်မှာလဲ” သူမက မေးလိုက်သည်။

“ ကံကောင်းမှုက ငါ့ကို ကောင်းကင်ဘုံအဆင့် ပြန်ရောက်သွားစေပြီးတော့ ချီယွမ်ကို အသက်သွင်းဖို့ရာ လုံလောက်တယ်” ဓားဧကရီက ပြောလိုက်သည်။ သူမ၏ အကြည့်များက လပြည့်စဉ်အခါက လမင်းထက်ပင် ပို၍ တောက်ပနေလေသည်။ သို့သော်လည်း သူမ၏ မိတ်ဆွေက စိတ်လှုပ်ရှားမှု မရှိပေ။

“အန္တိမသဟဇာတက တခြားသူတွေ မပြီးမပြတ်အခြေအနေကို ရှိနေတာ သည်းခံနိုင်လောက်ပေမဲ့ ပြန်ပြီး ရှင်သန်လာမှာကိုတော့ လက်ခံနိုင်မှာ မဟုတ်ဘူး” သူမက သတိပေးလိုက်သည်။

“အဲဒါကြောင့် မေတ္တယျဆီမှာ အကူအညီတောင်းချင်တာလေ”

“အင်း အဲဒါက အကြံဆိုးတော့ မဟုတ်ပါဘူး”

“မင်းက ငါ့ကို ဖျောင်းဖျဖို့ ကြိုးစားမယ်ထင်နေတာ”

“သူမက ဘယ်လိုလူမျိုးလဲဆိုတာ သိတယ်လေ။ ကျွန်မက အဖြေနဲ့ တောင်းပန်မှုတစ်ခုပဲ လိုချင်တာပါ”

“သူမက တောင်းပန်မှာတော့ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒါပေမဲ့ အဖြေအတွက်ကတော့…”

…………………………………………

အလင်းမဲ့အမှန်တရား မြူ

အန္တိမသဟဇာတက ဝမ်ဝေ့ ဧကရာဇ်ဖြစ်လာသည်နှင့် မိုးမြေကြားရှိ အပြောင်းအလဲကို ချက်ချင်း သတိပြုမိသွားသည်။ မေတ္တယျက တာအိုအခွင့်အလမ်းဂိုဏ်း၏ အပြောင်းအလဲကို ဖုံးကွယ်ထားခဲ့သော်လည်း သူက တခြားမူမမှန်မှုများကို သတိထားမိခဲ့၏။

ဒိုင်မေးရှင်းအနိမ့်ရှိ ကံကောင်းမှုများက သိသိသာသာ တိုးပွားလာခဲ့သည်။ ထိုအရာ ဖြစ်ပျက်လာသည်နှင့် အစစ်အမှန် ကောင်းကင်တာအိုက စွမ်းအားတချို့ပြန်လည်ရရှိလာမည်ဖြစ်ကာ သူနှင့် တိုက်ခိုက်ဖို့ နည်းလမ်းကောင်းများ ရှိလာလိမ့်မည်။

အကယ်၍ ဒိုင်မေးရှင်းအမြင့်သာ သက်ရောက်ခံရပြီး ပြန်လည်ရှင်သန်မည့် အရိပ်အယောင်ပြသလာပါက သူသည် ဆိုးဆိုးရွားရွား အကျိုးဆက်ကို ခံစားရလိမ့်မည်။

ထို့ကြောင့် သူက သူ့ပြဿနာ၏ အရင်းအမြစ်ကို ကြည့်လိုက်၏။ ဒိုင်မေးရှင်းအနိမ့်ကို ပိတ်ဆို့ထားမှုက သူ့အတွက် ဘာမှမဟုတ်ပေ။

“အဲဒီအကြောင်း တွေးကို မတွေးနဲ့” လှပကြော့ရှင်းသော အသံတစ်သံထွက်ပေါ်လာ၏။ မေတ္တယျက မျက်လုံးပွင့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

“ရှင် ဒီလမ်းစဉ်ကို ရွေးချယ်ကတည်းက အဆုံးသတ်သွားခဲ့ပြီ”

“မင်းက အဲဒီပါမွှားလေးအတွက် တိုက်ခိုက်ချင်နေတာလား”

“သူက ပါမွှားဆိုရင် ရှင်က ဘာလို့ သူ့ကို ဘယ်လိုဖြစ်ဖြစ် သတ်ဖို့ ကြိုးစားနေရတာလဲ”

အန္တိမသဟဇာတက သူမ၏ ဆုံးဖြတ်ထားမှုကို မြင်လိုက်ရပြီး သူမက ထိုကောင်စုတ်လေးကို သူ သတ်ဖြတ်ခြင်းမှ တားဆီးဖို့ သူနှင့် တိုက်ခိုက်လိမ့်မည်။ သူက ထိုအခိုက်အတန့်တွင် ဒေါသထွက်မှုကို ခံစားနေရ၏။

သူက မျက်လုံးမှိတ်ထားပြီး ထိုမြူခိုးကို ဆက်လက်အာရုံစိုက်လိုက်သည်။ သူက လက်ရှိအခြေအနေကို ဖြေရှင်းဖို့ ကောင်းကင်စာအုပ်ကို မှီခိုဖို့ လိုအပ်နေသည့်အတွက် စိတ်ရှည်ရှည်ထားရမည်။

……………………

အဖြူရောင် နေရာလွတ်တစ်ခုအတွင်း

ထိုအဖြူရောင် နေရာလွတ်တစ်ခုအတွင်းတွင် လူနှစ်ယောက်က မတ်တပ်ရပ်နေပြီး သူတို့ရှေ့ရှိ သေးငယ်သည့် သတ္တုလုံးလေးကို ကြည့်နေလေသည်။ နေရာတစ်ခုလုံးက အဖြူရောင် ဖြစ်နေဟန်ပေါ်သော်လည်း ထိုလူများအတွက် ပုံသဏ္ဌာန်ပြမှုတစ်ခုသာ ဖြစ်၏။

ထိုအဖြူရောင်နေရာလွတ်တွင် အချိန်အားလုံးတွင် ပေါင်းစပ်ထားပြီး တည်ရှိသည့် တည်ရှိမှုအားလုံး ပါဝင်နေသည်။ အချိန်ဖြစ်စေ၊ ကာလံနေရာဖြစ်စေ၊ သေခြင်းဖြစ်စေ၊ ဖန်ဆင်းခြင်း၊ သဘောတရား၊ အိပ်မက် သို့မဟုတ် စိတ်ဖြစ်စေ အားလုံး ပါဝင်နေသည်။

ဤနေရာတွင် နိမိတ်များစွာ ရှိသော်လည်း ထိုသူနှစ်ဦးကမူ စတင်ခြင်းနှင့် အဆုံးသတ်ရာနေရာဖြစ်သည့် ဟုန်မုန့်ဟု သိကြသည်။

ထိုသတ္တုလုံးနှစ်ခုရှေ့တွင် ရှိနေသည့် လူနှစ်ဦးက လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကာ ထိုလူငယ်တွင် ခဲဖြူရောင် ဆံပင်ရှိထားပြီး အမျိုးသမီးတွင် တောက်ပသည့် အနက်ရောင်ဆံနွယ်များ ရှိလေသည်။

“ရှင် အဲ့လိုလုပ်မှာလား” အမျိုးသမီးက မေးလိုက်၏။ သူမက စောစောလေးက ပြုံးနေသော်လည်း ယခုအခါ လေးလေးနက်နက် ဖြစ်နေသည်။ သူမက သူတို့အပြုအမူ၏ အကျိုးဆက်ကို သိထားလေသည်။

“အချိန်ဆက်နွယ်မှုတစ်ခုအတွင်းမှာ တစ်စုံတစ်ခုဖြစ်ပျက်သွားခဲ့ရင် အကျိုးဆက်ဆိုတာ ရှိလာလိမ့်မယ်”

“အဲဒါကြောင့် ဒီလိုလုပ်နေရတာပဲ” လူငယ်လေးက ပြန်ဖြေလိုက်၏။ သူ့မျက်ဝန်းတွင် စကြဝဠာ၏ အမှန်တရား အားလုံး ပါဝင်နေဟန်ပေါ်သည်။

“ငါ့ရဲ့ရည်မှန်းချက်ကို ရယူဖို့ အောင်မြင်လိမ့်မယ်လို့ ထင်ခဲ့မိပေမဲ့ ငါ ဘယ်လောက်မှားသွားခဲ့တယ်ဆိုတာကို သိခဲ့ရတယ်။ ပထမဦးဆုံး ဟုန်မုန့်ရဲ့ စည်းမျဉ်းတွေကနေ ကန့်သတ်ခံထားရတယ်။ အဲဒီနောက် ငါ့အထက်မှာ ရပ်တည်နေတဲ့လူတွေကို တွေ့ခဲ့ရတယ်။”

သူ့စိတ်က ဟုန်မုန့်အထက်တွင် ရပ်တည်နေသည့် အထွတ်အထိပ်သက်ရှိ ၅ယောက်ကို တွေးမိသွားသည်။

“ဒီအစီအစဉ်သာ အလုပ်ဖြစ်မယ်ဆိုရင် ငါက အဲဒီ၅ယောက်နဲ့ ယှဉ်နိုင်ပြီးတော့ အထွတ်အထိပ်မှာ ရပ်တည်နိုင်လိမ့်မယ်။ စည်းမျဉ်းတွေနဲ့ ဥပဒေတွေကို ဘာမှစိုးရိမ်စရာ မလိုတော့ဘူး”

“ရှင့်ရဲ့ ရည်ရွယ်ချက်ကို အမြဲတမ်း ထောက်ပံ့ပေးမှာပါ။ ဒါပေမဲ့ ဒါကို လုပ်ဖို့ ပိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခုတော့ ရှိမှာပါ”

“ဒါကတွေးမိသမျှ နည်းလမ်းထဲမှာ အမြန်ဆန်ဆုံးနဲ့ သက်ရောက်မှု အရှိဆုံးနည်းလမ်းပဲ” လူငယ်လေးက ပြောလိုက်သည်။ အမျိုးသမီးက ခေတ္တမျှတိတ်ဆိတ်သွားပြီးသည့်နောက်တွင်

“ကောင်းပြီ။ ဂရုစိုက်ပါ”

“အင်း မင်းက ဆက်ပြီးတော့ ဖျောင်းဖျဦးမယ်လို့ ထင်နေတာ”

“ရှင်က ဒေါသကြောင့် လုပ်နေတာ မဟုတ်ဘူးဆိုတာကို သိချင်ရုံပါ။ အခု ရှင်က ကောင်းကောင်းတွေးထားပြီဆိုတော့ ရှင့်ကို ထောက်ပံ့ပေးမယ်။ ပြီးတော့ အဆိုးဆုံးက ဘာများဖြစ်နိုင်မှာမလို့လဲ”

“နှစ်များစွာ ဖိနှိပ်ခံထားရမှု၊ နှိပ်စက်မှုနဲ့ အရှက်ကွဲမှု၊ စွမ်းအားလျော့ကျသွားမှုတွေပေါ့” လူငယ်လေးက ပြန်ဖြေလိုက်သည်။

“အဲဒါတွေက ဘာမှ မဟုတ်ပါဘူး” သူတို့က သေဆုံးမှုကို ကျော်လွန်ထားသည့်အတွက် မည်သို့ပင်ဖြစ်စေကာမူ ဟုန်မုန့်နှင့် ထိုငါးယောက်ကပင် သူတို့ကို မသတ်နိုင်ပေ။ သို့သော်လည်း တချို့သော ကိစ္စရပ်များက သေခြင်းတရားထက်ပို၍ ဆိုးရွားနေနိုင်သည်။

“ကောင်းပြီ။ ငါတို့အသက်ရှင်နေသရွေ့ ဆက်ပြီး ကြိုးစားလို့ရတယ်။” လူငယ်လေးက ဟွင်သွမ်းစကြဝဠာတစ်ခု ဖြစ်နေသည့် သတ္တုလုံးကို ကြည့်ကာ ပြောလိုက်သည်။

လူငယ်လေးက ထိုဟွင်သွမ်းစကြဝဠာရှိ သက်ရှိအားလုံးကို လေ့လာကာ တစ်စုံတစ်ယောက်ကို အာရုံစိုက်ထားလေသည်။ သူက အချိန်ပြိုင် စက်ဝန်းအားလုံး၊ ဒိုင်မေးရှင်းအားလုံးနှင့် သက်ရှိအားလုံး၊ မဟာတာအိုအပါအဝင် အားလုံးကို သုတ်သင်ပစ်နိုင်သော်လည်း သူက ကိစ္စများ အနည်ကျပြီးသည့်နောက်တွင် ဝင်ရောက်မစွက်ဖက်တော့ပေ။

ယခု သူက နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေပြီး ထိုအစီအစဉ်အတွက် သူ့ပြင်ဆင်ထားမှုများက လုံလောက်ဖို့ရာ မျှော်လင့်နေမိသည်။

ထို့နောက် သူက ဟုန်မုန့်ထိပ်သီးသို့ တက်လှမ်းနိုင်လိမ့်မည်။

All Chapters