← Chapters

အတိုင်းအတာမဲ့ ဧကရာဇ်

Vol. 64 Ch. 885

အတိုင်းအတာမဲ့ ဧကရာဇ်

Vol. 64 Ch. 885

“အတိုင်းအတာမဲ့ ဧကရာဇ်” ဝမ်ဝေ့က သူ့ဘာသာသူ ရေရွတ်လိုက်၏။ သူ့စိတ်ထဲမှ သတင်းအချက်အလက်အရ သူကိုယ်တိုင်တာအိုကို သက်သေပြပြီး ကောင်းကင်အလိုဆန္ဒကို စုပ်ယူကာ မဟာတာအိုအရင်းအမြစ် ၂၅ရာခိုင်နှုန်း ရောက်ရှိခဲ့ခြင်းသည် အတိုင်းအတားမဲ့ ဧကရာဇ်ဟူသော ဂုဏ်ပုဒ်ကို ပေးလာခဲ့လေ၏။

အတိအကျပြောရလျှင် ဝမ်ဝေ့က ထာဝရဧကရာဇ် အထက်တွင် တည်ရှိသည့် ဧကရာဇ်အဆင့် အသစ်တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

မဟာတာအိုက အတိုင်းအတာမဲ့ ဧကရာဇ်ကို နောင်အနာဂတ်ကျရင် ပုံမှန်ဖြစ်အောင် လုပ်မှာလား။ သူတို့ကိုယ်သူတို့ အားကိုးပြီးတော့ တာအိုကိုသက်သေပြဖို့ အားပေးတဲ့အနေနဲ့လေ…

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ထိုအတွေးကို စွန့်ပယ်လိုက်သည်။ ထိုလိုအပ်ချက်များက အတော်လေးကို တင်းကြပ်လွန်းလှသည်။ ပထမဦးစွာ ဒဿမသာလွန်အုတ်မြစ်ကို ရောက်ရှိရမည် ဖြစ်ပြီး တာအိုနားလည်နိုင်စွမ်းက မဟာတာအိုအရင်းအမြစ် အဆင့်သို့ ရောက်ရှိနေရမည်။

ဒုတိယအနေဖြင့် ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် တာအိုနှလုံးသားတို့ကို ကန့်သတ်ချက် ကျော်လွန်အောင် တွန်းပို့နိုင်ရမည်။ မဟုတ်ပါက မဟာတာအိုအရင်းအမြစ်နှင့် ဆက်နွယ်နေသည့် ကောင်းကင်လမ်းကြောင်းသည် အောင်မြင်မည် မဟုတ်ပေ။

တတိယလိုအပ်ချက်က အတုအယောင်တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းတို့ကို လိုအပ်သည့် အစစ်အမှန်စိတ်ဆန္ဒ စွမ်းအားဖြစ်ကာ မဟာတာအိုအရင်းအမြစ်ကို ဝင်ရောက်ဖို့ နောက်ဆုံးသော အတားအဆီးကို ချိုးဖောက်ဖို့ရာ ဖြစ်သည်။

နောက်ဆုံးတွင် ကျင့်ကြံသူက သူတို့၏ နားလည်နိုင်စွမ်းက ၂၀ရာခိုင်နှုန်း တိုးမြှင့်ပေးထားသည့် ပါရမီ၊ တာအိုဆန္ဒကို ထုတ်ဖော်ခြင်းနှင့် သူတို့၏ တည်ရှိမှုကို ထိန်းချုပ်နိုင်စွမ်းများရှိသည့် ထာဝရဧကရာဇ် ဖြစ်လာရမည်။

သဘောတရားအရပြောရပါက သူတို့သည် ဒဿမသာလွန်အုတ်မြစ်ကို ရယူနိုင်သရွေ့ ထာဝရဧကရာဇ်ဖြစ်ဖို့ရာ ပြဿနာမရှိပေ။

ဒီလိုအပ်ချက်တွေအကုန်လုံးနဲ့ဆိုရင် ဟွင်သွမ်းစကြဝဠာထဲမှ လူတချို့ကပဲ အောင်မြင်နိုင်လိမ့်မယ်…

ဝမ်ဝေ့က ဆုလာဘ်ကို အာရုံစိုက်လိုက်ပြီးသည့်နောက်တွင် ထိုအတွေးကို လျစ်လျူရှုထားလိုက်သည်။

မဟာတာအိုဆီ မေးခွန်းတစ်ခုနဲ့ အဖြေတစ်ခု…

ဝမ်ဝေ့က ထိုဆုလာဘ်၏ အရေးပါပုံကို သိထားလေသည်။

မဟာတာအိုက မည်သူနည်း။

အနန္တတန်ခိုးရှင်လောက်နီးပါး ဖြစ်လေရာ မေးခွန်းတစ်ခုက မည်မျှပင် အဖိုးတန်နေမည်နည်း။

သူ့အနေဖြင့် စံပြများသည် ထူးကဲသာလွန်မှုဆီ ရှေ့ဆက်ရမည့် လမ်းစဉ်ကို မဟာတာအိုဆီ မေးဖို့ ဤအခွင့်အရေးအတွက် တိုက်ခိုက်ကြလိမ့်မည်။

ဒီမေးခွန်းက ငါ့အနာဂတ်အတွက် အရေးပါတယ်ဆိုပေမဲ့ မေးတဲ့အခါမှာ သတိထားရမယ်…

ဝမ်ဝေ့က မေးခွန်းများကို မေးပြီး ကျေကျေနပ်နပ် အဖြေရလိမ့်မည်ဟု မထင်ပေ။ နမူနာအားဖြင့် သူသာ မဟာတာအိုကို မည်သို့အနိုင်ပိုင်းနိုင်မလဲဟု မေးမြန်းခဲ့ပါက ထိုသူသည် သူ့ထက်မြင့်မားသည့် အဆင့်သို့သာ ရောက်ရှိဖို့သာ လိုကြောင်း ပြောပြလိမ့်မည်။ ထိုအဖြေက သဘောတရားအရ မှန်ကန်နေလိမ့်မည်။

သူ့စိတ်ထဲမှ သတင်းအချက်အလက်ကို သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တိထျန်းကို ကြည့်လိုက်၏။ ထိုသူက သူ့စွမ်းအားဖြင့် ချုပ်နှောင်ခံထားရသော်လည်း သူ့မျက်ဝန်းက တည်ငြိမ်နေလေ၏။ ဝမ်ဝေ့က ထိုမျက်ဝန်းများ၏ ဆိုလိုရင်းကို သိလေသည်။ ထိုသူက သူ့ကံကြမ္မာကို လက်ခံလိုက်၏။

သူက သူ့ရှေ့တွင် ရှိနေသည့်လူကို ကြည့်နေရင်း တည်ငြိမ်ကာ အေးချမ်းနေသလို ခံစားလိုက်ရသည်။ ယခင် အမျက်ဒေါသအားလုံးက ပျောက်ကွယ်သွားကာ တည်ငြိမ်မှုဖြင့် အစားထိုးသွားခဲ့သည်။

သူက ထိုသူ လုပ်ခဲ့သည့် ကိစ္စအပြီးတွင် ဤသို့ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ တာအိုကို သက်သေမပြခင် နောက်ဆုံးသော အခြေအနေ၌ပင် သူ့စိတ်ထဲ သူအနိုင်ရရှိသူဖြစ်လာပါက ထိုသူကို မည်သို့နှိပ်စက်ရမည်ဖြစ်ကြောင်း အမုန်းတရားနှင့် အတွေးများဖြင့်သာ ပြည့်နှက်နေခဲ့၏။

သို့သော်လည်း ထိုစိတ်ခံစားချက်များက အဓိပ္ပာယ် မရှိကြောင်း တွေ့လိုက်ရသည်။

ဒါကဘာလဲ…

သူက သူ့ဘာသာသူ မေးလိုက်ပြီး သူ့လက်ရှိစိတ်အခြေအနေအပေါ် ပြန်သုံးသပ်လိုက်သည်။

ငါက သေခြင်းတရားကို ကွဲကွဲပြားပြား မြင်သွားနိုင်ပြီ…

ဝမ်ဝေ့က ဖြေလိုက်၏။ သေမျိုးများက သေခြင်းတရားကို ဝမ်းနည်းကြသည်မှာ သူတို့က နားမလည်နိုင်၍ ဖြစ်သည်။ သံသရာ၏ တည်ရှိမှုကို သိရှိထားသော ကျင့်ကြံသူများကပင် သေခြင်းတရားကို ကြောက်ရွံ့ကြသည်မှာ သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်နေ၍ ဖြစ်သည်။

သို့သော်လည်း လက်ရှိဝမ်ဝေ့အတွက် သေခြင်းတရားက ရိုးရှင်းလွန်းလှသည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

သူ့အမြင်က ပြန်လည်ဝင်စားခြင်း ဖြစ်စဉ်တစ်ခုလုံးကို အလျင်အမြန် မြင်တွေ့လိုက်ရသည်။ ခေတ္တမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် သူ အဘိုးအဘွား၏ ဝိညာဉ်နှင့် သူတို့၏ ပြန်လည်ဝင်စားရာ နေရာကိုပင် တွေ့ရှိသွားလေ၏။

သူ့မျက်ဝန်းက အချိန်မြစ်ကြောင်း၏ လျှို့ဝှက်ချက်များကို ထိုးဖောက်သွားပြီး ဘိုးဘေး ဝမ်ဝူချန်နှင့် လီကျွင်းတို့ကိုလည်း မြင်လိုက်ရသည်။ သူတို့က တစ်ခါမှ မသေဆုံးခဲ့ဖူးသလိုမျိုး သူ့အနားတွင် ရှိနေကြလေ၏။

ဒါက သေခြင်းတရား အနှောင်အဖွဲ့ကနေ လွတ်မြောက်သွားတဲ့ ခံစားချက်မျိုးလား။ မြင့်မားတဲ့ အဆင့်မြင့်သက်ရှိတစ်ယောက် ဖြစ်လာတာလေ…

ဝမ်ဝေ့က တိထျန်းဆီ ပျံသန်းမသွားခင် သက်ပြင်းချလိုက်သည်။ သူ အဆင့်တက်ပြီးသည့်နောက်တွင် ကိစ္စများစွာကို အာရုံခံကာ မြင်တွေ့လာနိုင်သည်။

တိထျန်းက ကာဒီနယ်၆ယောက်ထဲက တစ်ယောက်နဲ့ ဆက်နွယ်နေတာ ဖြစ်နိုင်ချေများတယ်။ သူက ကံကြမ္မာမျိုးစေ့၊ အတိအကျပြောရရင် ပြန်လည်ဝင်စားခြင်းမျိုးစေ့ ဖြစ်နေနိုင်တယ်…

ထိုသူက ပြန်လည်ဝင်စားခြင်း ၉ကြိမ် သဘောတရားနှင့် သူ့မျှော်နန်းဆောင်က သံသရာဆေးကြောခြင်း ၉ကြိမ်ကို ကြုံတွေ့ထားလေသည်။

သူက ဒီပြန်လည်ဝင်စားခြင်းမှာ သူ့အပေါ်က ကျိန်စာကို ချိုးဖောက်သင့်တယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေတယ်။ သူက အနိုင်ရရှိတဲ့သူ ဖြစ်ခဲ့သင့်တယ်။ ဒါပေမဲ့ အရာအားလုံးကို ပြောင်းလဲဖို့ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့တယ်။

ဒါက အချိန်စက်ဝန်းတွေနဲ့ ဆက်နွယ်နေတာလား။ တစ်စုံတစ်ခုက အချိန်စက်ဝန်းကို ပြောင်းလဲလိုက်လို့ သူအပါအဝင် လူများစွာရဲ့ ကံကြမ္မာအပေါ် သက်ရောက်မှု ရှိလာစေတာလား…

ဝမ်ဝေ့က ထိုအတွေးအခေါ်နှင့် ပတ်သက်ပြီး မသိသော်လည်း သူ့အလိုလိုသိစိတ်က သူ မှန်ကန်နေကြောင်း ပြောပြနေလေသည်။ သူက စကြဝဠာ၏ လျှို့ဝှက်ချက်တချို့ကို ချောင်းကြည့်နိုင်ခဲ့၏။ သို့သော်လည်း သူက သတင်းအချက်အလက်များစွာ မရှိသည့်အတွက် ထိုကိစ္စကို ဆက်လက်မတွေ့တော့ပေ။

တိထျန်းအတွက်မူ

သူ့မျက်ဝန်းအထက် သနားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ အကယ်၍ ထိုလူကသာ ကာဒီနယ် ၆ ယောက်နှင့် အစစ်အမှန် ဆက်နွယ်နေပါက သူ့ကံကြမ္မာသည် အတော်လေးကို ဆိုးရွားသွားလိမ့်မည်။

၉ က ကန့်သတ်ချက်ဖြစ်ပြီး ၁၂ က ပြီးပြည့်စုံမှုဖြစ်ကာ ၁၃ က သာလွန်မှုပဲ …

တကယ်ကို ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် သူက ပြန်လည်ဝင်စားခြင်း ၁၃ကြိမ် ကျော်ဖြတ်ရလိမ့်မယ်။ ၁၃ကြိမ် မတိုင်ခင် သူတာအိုသက်သေ မပြနိုင်ချေတောင် ရှိတယ်…

ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းယမ်းလိုက်ပြီးသည့်နောက်တွင် လှုပ်ရှားလိုက်သည်။ သူက တိထျန်း၏ နဖူးကို ထောက်လိုက်သည့်အခါ ထိူသူ့အသိစိတ်ပင်လယ်အတွင်းမှ သေးငယ်သည့် ရွှေရောင်သစ်ပင်လေးက ထွက်ပေါ်လာသည်။ ထို့နောက် သူက သူ့ခန္ဓာကိုယ်ကို လက်ညှိုးထိုးပြီးသည့်နောက်တွင် တိထျန်း၏ ခန္ဓာကိုယ်က သွေးသလင်းကျောက်အဖြစ် ပြောင်းလဲသွားပြီး သူ့ကျိန်စာမှ လွတ်မြောက်သွားသည့် ကမ္ဘာဦးစိတ်ဝိညာဉ်သာ ကျန်ရှိတော့သည်။

“မင်းရဲ့ ဇနီးအပေါ်မှာ ငါက ကံကြွေးတင်နေတယ်။ ဒီနေ့ အဲဒီအတွက် ပြန်လည်ပေးဆပ်မယ်” ဝမ်ဝေ့က ပြောလိုက်၏။ တာအိုကို သက်သေပြပြီးသည့်နောက်တွင် ချောင်နဉ်၏ ပြီးပြည့်စုံမှုနှင့် ပတ်သက်ပြီး သတင်းအချက်အလက်က မည်မျှပင် ထိုက်တန်ကြောင်း အစစ်အမှန် နားလည်သွားခဲ့သည်။

ထို့ကြောင့် အရှုပ်အထွေးများကို တားဆီးနိုင်ဖို့အတွက် သူက ဤစုံတွဲကို ကူညီပေးပြီး အကြွေးကို ပြန်လည်ဆပ်မည်။

ဝမ်ဝေ့က သူ့ကို လက်ညှိုးထိုးလိုက်ပြီးသည့်နောက်တွင် နောက်ဘဝတွင် သူ့ဒဿမသာလွန်အုတ်မြစ်ကို အမွေဆက်ခံနိုင်ဖို့ စွမ်းအင်မျိုးစေ့ကို ဖွဲ့စည်းဖို့ ကူညီပေးခဲ့သည်။ ထို့နောက် သူက တိထျန်း၏ ခန္ဓာကိုယ်ကို ယူလိုက်သည်။ သူက ထိုအရာ၏ စွမ်းအားကို မစုပ်ယူနိုင်ပဲ နောက်ဘဝတွင် ပြန်လည်ကျင့်ကြံရမည် ဖြစ်၏။

ထို့နောက် သူသည် လက်ဝှေ့လိုက်သည်။

နောက်ဆုံးတွင် တိထျန်း၏ မျက်လုံးသေများက တက်ကြွမှုတစ်ခု ပေါ်ထွက်လာ၏။

“ဒါက…”

“သူမရဲ့ အမှတ်အသားပဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ သူ့အနောက်တွင် တံခါးတစ်ချပ် ရုတ်ချည်း ပေါ်ထွက်လာလေ၏။ သူက တုံ့ဆိုင်းမနေဘဲ တိထျန်း၏ ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် ချောင်နဉ်၏ အမှတ်အသားကို ပြန်လည်ဝင်စားခြင်းဆီ စေလွှတ်လိုက်သည်။

သူက ထိုသူနှစ်ဦးကြားမှ ချစ်ခြင်းမေတ္တာ ဆက်နွယ်မှုကိုလည်း အားဖြည့်ပေးဖို့ မမေ့လျော့ခဲ့ပေ။ ထိုသူနှစ်ဦးက တူညီသည့်နေရာ၊ တူညီသည့်အချိန်တွင် ပြန်လည်ဝင်စားပြီး တစ်ယောက်နှင့်တစ်ယောက် ပြန်လည်တွေ့ဆုံနိုင်လိမ့်မည်။

သူက သူတို့ပျောက်ကွယ်သွားမှုကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေရင်း အတွေးနက်နေမိသည်။

ကာဒီနယ် ၆ယောက်က ဘာကို ကြံစည်နေစေကာမူ သူက ဖျက်ဆီးဖို့ ကြိုးစားရမည်။ တိထျန်းက ဒဿမသာလွန်အုတ်မြစ်၏ စွမ်းအားကို ထိန်းသိမ်းထားစဉ် သူတို့၏ အစီအစဉ်က မည်သို့ကျရှုံးသွားကြောင်း မြင်တွေ့လိုသည်။

ဝမ်ဝေ့က လက်မြှောက်လိုက်ပြီးသည့်နောက်တွင် ဒုတိယအမှတ်အသားကို ဆင့်ခေါ်လိုက်၏။ သူက ကောင်းကင်တာအို၏ အနည်းငယ် မကျေနပ်မှုကို ခံစားမိသော်လည်း ဂရုမစိုက်ပေ။ ကောင်းကင်တာအို၏ စမ်းသပ်ချက်က ထိပ်သီးဒုတိယတန်းစားမျှသာဖြစ်၏။

ပထမတန်းစားဧကရာဇ်များက ကောင်းကင်တာအိုအထက်တွင် ရှိပြီး စည်းမျဉ်းများဖြင့် ကန့်သတ်ခြင်း မခံရပေ။ သူ့အတွက်မူ ထိုအရာက ယခုဆက်ဆံရေး ကောင်းနေသည့်အတွက် ဝမ်းသာနေသင့်ပေသည်။

သူက မဟာတာအိုအရင်းအမြစ်ကို အသက်သွင်းကာ ထိုအမှတ်အသား၏ ပိုင်ရှင်ရှိ ကံကြမ္မာကို ပြန်လည်ပြောင်းလဲပစ်ခဲ့သည်။ ထို့နောက် အနည်းငယ် မှေးမှိန်နေခဲ့သည့် ကံကြမ္မာမြစ်ကြောင်း၏ ကြိုးမျှင်တစ်ခုက ပြန်လည်တောက်ပလာသည်။

ထို့နောက် ထိုကြိုးမျှင်က ကံကြမ္မာကြိုးမျှင်အသစ်မှ တဆင့် အမှတ်အသားဖြင့် ဆက်နွယ်သွားခဲ့သည်။ ဝမ်ဝေ့က ခန္ဓာကိုယ်အသစ် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ ဝိညာဉ် မပါရှိဘဲ သူတို့၏ အမှတ်အသားမှ တစ်စုံတစ်ယောက်ကို ပြန်လည်အသက်သွင်းခြင်းက အံ့မခန်း တာဝန်တစ်ခုဖြစ်ကာ ထာဝရဧကရာဇ်များအတွက်ပင် သူတို့ကျင့်ကြံသည့် တာအိုအပေါ် မူတည်နေသည်။

သို့သော်လည်း ဤသို့သော ကိစ္စရပ်မျိုးက သူ့လက်ဝှေ့လိုက်သလိုမျိုး လွယ်ကူလှ၏။

သူက တစ်စုံတစ်ခုကို တွေးမိသွားကာ သူ့နှလုံးသားမှ ဟွင်သွမ်းမီးတောက်ကို အသက်သွင်းပြီး ကံကြမ္မာကောင်း မီးတောက်အဖြစ် ပြောင်းလဲလိုက်သည်။

သူက မီးတောက်ဖြင့် သက်ရောက်မှုကို အားဖြည့်ပေးကာ အသစ်ဖန်တီးထားသည့် ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်စေလိုက်သည်။

ဒါက မင်းရဲ့ပါရမီကို တိုးမြှင့်ပေးပြီးတော့ ထာဝရဧကရာဇ်ဖြစ်လာမဲ့ အခွင့်အရေးကိုလည်း မြှင့်တင်ပေးနိုင်လိမ့်မယ်…

မိနစ်ဝက်ကြာမြင့်ပြီးသည့်နောက်တွင် အနီရောင်ဆံပင်နှင့် ရုပ်ချောချော အမျိုးသားတစ်ဦးက ဝမ်ဝေ့နှင့် ကြည့်ရှုနေသူအားလုံး ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးနေမိ၏။

သူက ဝမ်ဝေ့ကို မြင်တွေ့ပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာကာ “အစ်ကိုကြီး လုပ်နိုင်ခဲ့ပြီလား”

“ငါ လုပ်နိုင်ခဲ့ပြီ” ဝမ်ဝေ့က တောက်တောက်ပပ ပြုံးကာ ပြောလိုက်သည်။

“ဟား…ဟား…ဟား…အစ်ကိုကြီး လုပ်နိုင်မယ်ဆိုတာ သိနေတယ်”

နှစ်ဦးသားက ပြေးကာ တစ်ယောက်နှင့်တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကြသည်။

လီကျွင်း၏ အပြုအမူက တွက်ဆမှုများစွာ ပါဝင်နေသည်။ ဤသို့သော အခြေအနေမျိုးတွင် သူ့တည်ရှိမှုက တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးနိုင်သည့် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ကြောင်း သဘောပေါက်သွားခဲ့၏။ သူ့တွင် အသက်ရှင်နိုင်မည့် အခွင့်အရေး မရှိကြောင်း သိထားသည့်အတွက် အကောင်းဆုံးအပြုအမူက ဝမ်ဝေ့ အနိုင်ရဖို့သာ ဖြစ်၏။ ထိုအခါမှသာ သူက ပြန်လည်ရှင်သန်နိုင်ချေ ရှိလာလိမ့်မည်။

သူ့ကိုယ်သူ သတ်သေကာ သူ့အစ်ကိုကြီးဆီ ချစ်မြတ်နိုးရသူကို ကိုယ်တိုင်သတ်ရမည့် စိတ်ဝန်ထုပ်ဝန်ပိုးကို မရှိစေဖို့က သူ့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ခဲ့၏။ ထို့ကြောင့် သူက တုံ့ဆိုင်းခြင်း မရှိပဲ တိထျန်း၏ အရေးသာချက်ကို ဖယ်ရှားဖို့ သူ့အသက်ကို အဆုံးသတ်ပစ်ခဲ့သည်။

“မင်းနဲ့ တွေ့ရတာ ဝမ်းသာတယ်” ဝမ်ဝေ့က တင်းတင်းကြပ်ကြပ် ဖက်ထားရာမှ လွတ်ကာ ပြောလိုက်သည်။

“အတူတူပါပဲ”

“သေခြင်းတရားက ဘယ်လိုလဲ”

“တော်တော်လေး ဆိုးတယ်။ အစ်ကိုကြီး ပြောသလိုမျိုး ဒါက မှတ်ချက်ဆိုးပဲ”

“ငါလည်း အဲဒါကို သဘောတူတယ်”

All Chapters