← Chapters

နှစ်တစ်ရာကြာပြီးနောက် ဆင့်ခေါ်ခြင်း

Vol. 64 Ch. 887

နှစ်တစ်ရာကြာပြီးနောက် ဆင့်ခေါ်ခြင်း

Vol. 64 Ch. 887

ဝမ်ဝေ့က တစ်ကမ္ဘာလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ခေါင်းအသာညိတ်လိုက်သည်။ ထို့နောက် သူ့အသံက တဖန် ထွက်ပေါ်လာပြီး ကျင့်ကြံသူတိုင်း၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။

“နောက်နှစ်တစ်ရာနေရင် အင်အားစုအားလုံး … လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နဲ့အထက် ကျင့်ကြံသူတစ်ယောက်ကို ကိုယ်စားပြုအနေနဲ့ ငါ့ဆီ တွေ့ဖို့ စေလွှတ်ရမယ်”

အားလုံးက ထိုစကားကို ကြားကာ တုန်လှုပ်သွားကြသည်။ လူများစွာက အတွေးတစ်ခုသာ ရှိနေကြ၏။

ကဲ အခုစပြီ…

သူတို့အားလုံးက ဝမ်ဝေ့သည် အကြွင်းမဲ့ ခေတ်ကာလသားတော် ဖြစ်နေမှန်း မမေ့လျော့သေးပေ။ ထို့ကြောင့် သူက တစ်စုံတစ်ခုကို စီစဉ်နေခြင်းသာ ဖြစ်ရမည်။

သူက ဤသို့ တိုက်ရိုက်ပြုမူကာ ဧကရာဇ်မျိုးနွယ်၊ အထွတ်အထိပ်ကုန်းမြေ၊ တော်ဝင်ကုန်းမြေနှင့် အင်အားစုအားလုံးကို တိုက်ရိုက် ဆင့်ခေါ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ထိုစကားများဖြင့် ထိုအင်အားစုအားလုံးသည် သူတို့၏ နောက်အဆင့်ကို စတင်ဆွေးနွေးနေကြသည်။ သူတို့က ထိုမကောင်းဆိုးဝါးနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ချေအတွက်ပင် ပြင်ဆင်ထားကြသည်။

ဝမ်ဝေ့က ထိုလူများတွေးနေသည့်အရာကို မှန်းဆမိသော်လည်း ဂရုမစိုက်ပေ။

သူ ကြေညာပြီးသည့်နောက်တွင် ဂိုဏ်းဆီ ပြန်လာလိုက်သည်။ သူက ထျန်းဝေတောင်ထိပ်တွင် ပေါ်ထွက်လာပြီး သူ့အောက်တွင် တပည့်များ၊ အကြီးအကဲများနှင့် ဘိုးဘေးများကပင် သူ့ကို စောင့်ဆိုင်းနေကြသည်။

သူတို့က ချက်ချင်းဆိုသလို ဦးညွှတ်ကာ ပြောလိုက်ကြ၏။

“ဂိုဏ်းချုပ် တာအိုကို သက်သေပြနိုင်ပြီးတော့ အချိန်နဲ့ သေခြင်းတရား အနှောင်အဖွဲ့ကနေ လွတ်မြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

“ဂိုဏ်းချုပ် တာအိုကို သက်သေပြနိုင်ပြီးတော့ အချိန်နဲ့ သေခြင်းတရား အနှောင်အဖွဲ့ကနေ လွတ်မြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

“ဂိုဏ်းချုပ် တာအိုကို သက်သေပြနိုင်ပြီးတော့ အချိန်နဲ့ သေခြင်းတရား အနှောင်အဖွဲ့ကနေ လွတ်မြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

ဂိုဏ်းထဲတွင် ထိုအသံများက ပဲ့တင်ထွက်လာလေသည်။ ဂိုဏ်းအနက် သူ့မိသားစုမှလွဲ၍ အားလုံးက ဝမ်ဝေ့ကို အရိုအသေပြုလိုက်ကြသည်။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာကာ “စိတ်အေးအေးထားကြပါ”

သူ၏ အသံက အားလုံး၏ စိတ်ထဲ ဝင်ရောက်သွားလေသည်။ သူက လက်မြှောက်လိုက်ပြီးသည့်နောက်တွင် မသေမျိုး တစ်ယောက်၏ ထူးကဲသည့် အငွေ့အသက်ဖြင့် တောက်ပနေသည့် အမှတ်အသားတစ်ခုကို ဆင့်ခေါ်လိုက်၏။

သူ့လက်ထဲ သေခြင်းရှင်ခြင်းစွမ်းအားကို စုစည်းကာ ထိုအမှတ်အသားပြားဆီ ထည့်သွင်းပေးလိုက်သည်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုက အလျင်အမြန် ဖွဲ့စည်းလာသော်လည်း ဝမ်ဝေ့က အလျင်မလိုပေ။ သူက လီကျွင်းအတွက် လုပ်ပေးသကဲ့သို့ ဤခန္ဓာကိုယ်အသစ်နှင့် ဝိညာဉ်ကိုလည်း ကံကြမ္မာကောင်း မီးတောက်ဖြင့် ကောင်းချီးပေးကာ သူတို့၏ အုတ်မြစ်နှင့် ပါရမီကို တိုးမြင့်ပေးခဲ့သည်။

“ငါ ဘယ်ရောက်နေတာလဲ” ထိုအမျိုးသားက ဘေးပတ်လည်ကို မျက်မှောင်ကြုတ်ကြည့်ကာ မေးလိုက်သည်။

“ဘိုးဘေးဝူချန် ထပ်တွေ့ရတာ ဝမ်းသာတယ်”

“ကောင်လေး” ဝမ်ဝူချန်က ဝမ်ဝေ့ကို အကဲခတ်လိုက်သည်။ သူက တစ်စုံတစ်ခုကို မှန်းဆသွားမိဟန်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ထို့နောက် သူက အားပါးတရ ရယ်မောလိုက်သည်။

“ဟား…ဟား…ဟား… မင်း လုပ်နိုင်မယ်ဆိုတာကို သိနေတယ်”

ဝမ်ဝူချန်က ဝမ်ဝေ့ဆီ သွားကာ ဖက်လိုက်သည်။ သူ့အပြုအမူက လက်ရှိ ဝမ်ဝေ့၏ အဆင့်အတန်းအရ မသင့်တော်လည်း ဝမ်ဝူချန်က ထိုကောင်လေးသည် ဤအရာမျိုးကို ဂရုစိုက်သည့်သူ မဟုတ်ကြောင်း သိ၍သွားရောက်ဖက်လိုက်ခြင်း ဖြစ်သည်။

ဝမ်ဝေ့က ထူးထူးဆန်းဆန်း အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ သူက ဝမ်ဝူချန်သည် သူ့ကို ဖက်ကာ သူသည် စွမ်းအားအသစ်ကြောင့် ပြောင်းလဲသွားလားဟု စမ်းသပ်နေခြင်းဖြစ်ကြောင်း သိလိုက်သည်။

မြေခွေးအိုကြီးတွေက မရိုးရှင်းဘူးပဲ…

သူက မှတ်ချက် ပေးလိုက်သည်။ အချို့ဧကရာဇ်များအတွက် တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူတို့မိသားစုနှင့် ချစ်မြတ်နိုးသူများကိုပင် အေးစက်စက် ဖြစ်လာတတ်ကြသည်။ ဤသို့သော ဖြစ်ရပ်မျိုးက ပထမတန်းစားနှင့်အထက် ဧကရာဇ်များအတွက် ရှားပါးလှသည်မှာ သူတို့၏ တာအိုနှလုံးသားက အကောင်းဆုံးထဲမှ တစ်ခုဖြစ်နေ၍ ဖြစ်သည်။ သို့သော်လည်း ထိုအရာက ဖြစ်ပျက်ဆဲသာ ဖြစ်၏။

ဝမ်ဝူချန်နှင့် တခြားသူများက သူ့ထံ ထိုအရာများ ဖြစ်ပျက်လာလားဟု သိချင်နေကြသည်။

“ကောင်းပြီ။ အခု ပြောဆိုရမဲ့ အချိန် မဟုတ်သေးဘူး” ဝမ်ဝူချန်က ပြောလိုက်၍ ဝမ်ဝေ့က ရှုံ့မဲ့သွားလေသည်။

“ငါတို့တွေ စကားပြောဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။”

သူက သူ သဘောကျရသည့် ဘိုးဘေး ပျံသန်းထွက်သွားသည်ကို ကြည့်နေရင်း ပြုံးလျက် ခေါင်းယမ်းလိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် မဟာတာအိုအရင်းအမြစ်ကို ဆင့်ခေါ်ကာ အထဲမှ စွမ်းအားကို ထိန်းချုပ်ပြီး အားလုံးကို လွှမ်းခြုံသွားစေသည်။

သေမျိုးတပည့်များနှင့် အကြီးအကဲများက သူတို့၏ ခန္ဓာကိုယ်သည် တောက်ပလာပြီး သက်ရောက်မှုများစွာ ရှိလာသည်ကို တွေ့လိုက်ကြရသည်။ အသက်အရွယ်ကြီးရင့်ကာ ဆံပင်ဖြူနေကြသည့် တချို့အကြီးအကဲများက ဆံပင်အနက်ရောင်အပြည့် ဖြစ်လာကာ ငယ်ရွယ်သွားကြသည်။

တချို့တပည့်များ၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို တိုးပွားလာပြီး လက်ရှိအတားအဆီးကို ချိုးဖောက်ကာ ကျင့်ကြံဆင့် တက်လှမ်းသွားကြသည်။ ထိုစဉ် လူတချို့ကမူ သူတို့၏ စိတ်က ယခင်ထက် ပိုမိုကြည်လင်လာပြီး ယခင် ခက်ခဲသည်ဟု ထင်ခဲ့ရသည့်အရာများကို လွယ်လွယ်ကူကူ နားလည်နိုင်ကြောင်း တွေ့လိုက်ရသည်။

သေမျိုးများကသာ အကျိုးကျေးဇူး ရရှိခြင်း မဟုတ်ပေ။ အင်မော်တယ်အဆင့် ဘိုးဘေးများကလည်း သူတို့၏ အင်မော်တယ်ချီ တိုးပွားလာမှုကို တွေ့လိုက်ရသည်။ ထို့အပြင် သူတို့က ချီစုစည်းရေး ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်လာစေသည့် ကောင်းချီးမျိုးကိုပါ ရလိုက်သည်။

တာအိုဘိုးဘေးများ၏ အတွင်းကမ္ဘာကလည်း ပိုမိုတည်ငြိမ်လာကာ မဟာတာအိုအရင်းအမြစ်နှင့် ပိုမိုကျွမ်းဝင်ရှိလာသည့်အတွက် သူတို့၏ အရည်အချင်းကို တိုးမြှင့်ပေးထားသည်။

“ဒီလိုအရည်အချင်းမျိုးနဲ့ မဟာတာအိုအရင်းအမြစ်အပေါ် အားစိုက်ထုတ်မှု မရှိသလောက် လှုံ့ဆော်နိုင်ရင် သူက ထာဝရဧကရာဇ်ရော ဟုတ်သေးရဲ့လား” မူလအရှင်က မေးလိုက်သည်။

“ကျွန်မတို့တွေ သူက မဟုတ်ဘူးဆိုတာကို မှန်းဆထားပြီးသား မဟုတ်ဘူးလား” ဓားအရှင်က ဤအဖြစ်အပျက်မှ အကျိုးကျေးဇူး ရရှိလိုက်သည်။ သို့သော်လည်း သူမ၏ အကျိုးကျေးဇူးက သူမ၏ ခန္ဓာကိုယ်မှ ဖြစ်၏။ ဝမ်ဝေ့၏ မဟာတာအိုဆေးကြောမှု အသေးစားက သူမ၏ ခန္ဓာကိုယ်ကို တိုးမြှင့်ပေးပြီး ဝမ်ထျန်း၏ ဓားလမ်းစဉ်အသစ်ကို လျှောက်လှမ်းဖို့ရာအတွက် အရှိန်ကို တိုးမြှင့်ပေးလိုက်သည်။

ဒီမျိုးဆက်က အတော်လေးကို ထူးချွန်လွန်းတယ်…

မူလအရှင်က သူသည် တစ်ရက်ကျ အောင်မြင်မှုများစွာရရှိလွန်း၍ ခံစားရလိမ့်မည်ဟု မသိခဲ့မိပေ။ ဝမ်ဝေ့က ဤမျှအားကောင်းနေသည်မှာ ကိစ္စကောင်းတစ်ခုဖြစ်သော်လည်း သူ့ကို ပေးနိုင်သည့် သူ့လိုမျိုး လူအိုကြီးများ၏ အကူအညီက ကန့်သတ်ချက် ရှိနေသည်။

ဓားအရှင်က သူမ၏ မိတ်ဆွေသည် ဘယ်လိုခံစားနေရမှန်း နားလည်လိုက်၏။ သူမကလည်း တစ်ခါက ထိုသို့တွေ့ကြုံခဲ့ဖူးသည်။ သူမ၏ သခင်မလေးက အရမ်းကို ပါရမီထူးချွန်လွန်းသည့်အတွက် ထာဝရဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် သူမအနေဖြင့် အသုံးမဝင်ကာ အကူအညီမဖြစ်တော့သလို ခံစားခဲ့ရသည်။ သို့သော် သခင်မလေးကပင် လက်ရှိ ဝမ်ဝေ့လောက် ကြောက်ဖို့မကောင်းခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ငါတို့က အပြည့်အဝ အသုံးမဝင်တာ မဟုတ်သရွေ့ အဆင်ပြေတယ်…

ဝမ်ဝေ့က အားလုံးကို ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ အင်အားစုတိုင်းက ထိုအကြောင်းအရင်းတစ်ခုကြောင့် မဟာဧကရာဇ်ကို ပြုစုပျိုးထောင်ကြလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဂိုဏ်းသည် မြင်တွေ့ဖူးသမျှ အရာအားလုံးနှင့် မတူညီပဲ စည်ပင်ကြွယ်ဝသည့် ခေတ်ကာလကို ရောက်ရှိဖို့ရာ လုပ်ဆောင်ပေးခဲ့သည်။

သူက မြေပြင်ပေါ် ထိုင်ကာ မျက်လုံးမှိတ်ထားလိုက်၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ တာအိုစည်းချက်များ ထွက်ပေါ်လာကာ ထျန်းဝေတောင်ထိပ်နှင့် ပေါင်းစပ်သွားခဲ့သည်။ သူ့ရှေ့တွင် သင်္ကေတအမြောက်အများ ထွက်ပေါ်လာပြီးသည့်နောက်တွင် ထူးဆန်းသည့် ဘာသာစကားတစ်ခုအဖြစ် ပေါ်ထွက်လာ၏။

ဘိုးဘေးက ရောက်ရှိလာမည့် အရာကို သိကာ အားလုံးကို အာရုံစိုက်ဖို့ အမိန့်ပေးလိုက်သည်။ သူတို့က တကယ့်ပွဲတော် စတော့မည်ဖြစ်ကြောင်း သိလိုက်ကြသည်။ ထို့ကြောင့် သူတို့က နေရာအသီးသီးယူကာ သေချာစောင့်ကြည့်လိုက်ကြ၏။

အချိန်ကုန်ဆုံးသွားပြီး ဝမ်ဝေ့၏ တာအိုစည်းချက်များကလည်း ဂိုဏ်းရှိ တောင်ထိပ်အားလုံးနှင့် ပေါင်းစည်းသွားခဲ့သည်။ အကယ်၍ ဂိုဏ်း၏ အစီအရင်ကို အသက်သွင်းထားခြင်းကြောင့်သာ မဟုတ်လျှင် နေရာအနှံ့ ပျံ့နှံ့သွားလောက်သည်။

သူ့ရှေ့တွင် ပေါ်ထွက်လာသည့် သင်္ကေတက ယခုအခါ ရှုပ်ထွေးသည့် ပုံစံတစ်ခုကို ထုတ်ပြနေသည်။ နောက်ဆုံးတွင် သူတို့က စာအုပ်တစ်အုပ်ထဲ ပေါင်းစည်းသွားကြ၏။

သာလွန်ကံကြမ္မာကျမ်း

၃၃နှစ် … အခု နောက်ဆုံးတော့ ပြီးမြောက်သွားခဲ့ပြီ…

ဝမ်ဝေ့က သူ့ဧကရာဇ်ကျမ်းကို ကြည့်ကာ တွေးလိုက်မိသည်။ ဤအချိန်တိုလေးအတွင်း သူက ထိုစာအုပ်အတွင်း သူ သင်ထားသမျှအရာ အားလုံးကို မချရေးခင် သူ့အရန်တာအိုများကို မဟာတာအိုအရင်းအမြစ်ဖြင့် မြှင့်တင်ဖို့ ဖြစ်သည်။

ကောင်းကင်အလိုဆန္ဒက သူ့ပင်မတာအိုအတွက်သာ အလုပ်ဖြစ်လေသည်။ ကံကောင်းစွာဖြင့် သူက အရန်တာအိုအပေါ် နက်နက်နဲနဲ နားလည်ထားသည့်အတွက် သူက ထိုနားလည်နိုင်စွမ်းကို မဟာတာအိုအရင်းအမြစ်ဖြင့် ပြောင်းလဲဖို့သာ လိုကာ လိုအပ်သည့် အချိန်ကို လျှော့ချနိုင်လိမ့်မည်။

“ဘယ်လိုလဲ” ဝမ်ဝေ့က သူနှင့် မနီးမဝေးတွင် ကျင့်ကြံနေကြသည့် ဘိုးဘေးများကို ကြည့်ကာ မေးလိုက်သည်။

“မြင်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးပဲ” မူလအရှင်က သက်ပြင်းချလျက် ပြန်ဖြေလိုက်သည်။ အဖွဲ့၏ အကြီးဆုံးသူအနေဖြင့် ထိုမြင်ကွင်းမျိုးကို ဆယ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် သူက အခြေအနေကို အကဲဖြတ်ဖို့ အကောင်းဆုံးလူ ဖြစ်၏။

ဝမ်ဝေ့က ခေါင်းညိတ်ကာ ထိုလူများကို ကြည့်လိုက်သည်။ သူတို့အားလုံးကြားမှ အရှိန်အဝါအပြောင်းအလဲကို ခံစားမိလိုက်၏။

ဂိုဏ်း၏ ဓလေ့ထုံးစံအရ ဧကရာဇ်က သူ့ကျမ်းကို ဖန်တီးသည့်အခါ ထိုအင်မော်တယ်အဆင့် ကျင့်ကြံသူများအတွက် အကောင်းဆုံးအချိန် ဖြစ်ပေသည်။ သူတို့က ထိုအခွင့်အရေးကို အသုံးပြုကာ နည်းစနစ်အသစ်ကို နားလည်ခြင်းဖြင့် သူတို့၏ စွမ်းအားကို တိုးမြင့်နိုင်ပြီး ထူးကဲသည့် ကျင့်ကြံရေးနည်းစနစ်များကိုပင် ဖန်တီးနိုင်ကြသည်။

ကျမ်းခန်းမဆောင်က ကြီးမားလွန်းပြီး ထူးကဲသည့် ကျမ်းများဖြင့် ပြည့်နှက်နေသည်။ ဝမ်ဝေ့၏ ကံကြမ္မာတာအိုက အားလုံးကို ခြုံငုံထားသည့်အတွက် အားလုံးကို အကျိုးကျေးဇူး ရှိစေသည်။

မူလအရှင်၏ ပြောစကားအရ ချီယွမ်နှင့် အထွေထွေသောင်းပြောင်းတို့၏ ကျမ်းများကသာ ထိုသို့အရေးသာချက်မျိုးကို ရှိလေသည်။ နှမြောစရာကောင်းလှသည်က ချီယွမ်သည် ဂိုဏ်း၏ ပထမဧကရာဇ် ဖြစ်ခဲ့သည့်အတွက် ထိုစဉ်အခါက အင်မော်တယ်အဆင့် ကျင့်ကြံသူများစွာ မရှိခဲ့ဖူးပေ။ ထိုစဉ် အထွေထွေသောင်းပြောင်း ဧကရာဇ်ကမူ ထာဝရဧကရာဇ်တစ်ယောက် မဟုတ်ခဲ့ပေ။

ဝမ်ဝေ့၏ ကျမ်းက အဝေးတစ်နေရာဆီ ပျံသန်းသွားပြီးသည့်နောက်တွင် ထိုဧကရာဇ်များ၏ မူလကျမ်းများ သိမ်းဆည်းထားရာနေရာ လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ရှိသွားသည်။

သူက ဂိုဏ်းချုပ်၏ အမှတ်အသားပြားကို အသက်သွင်းကာ ဂိုဏ်း၏ အစီအရင် ၉ခုလုံးကို ဆင့်ခေါ်လိုက်သည်။ သူက ခေတ္တမျှလေ့လာပြီးသည့်နောက်တွင် သူ့အစီအရင် မဟာတာအိုအရင်းအမြစ်ကို အသက်သွင်း၍ ဆယ်ခုမြောက် အစီအရင်ကို ကျန်အရာများနှင့် ဆက်နွယ်စေလိုက်သည်။

“ဘယ်လိုထင်လဲ” ဝမ်ဝေ့က အထွေထွေသောင်းပြောင်းအရှင်ကို မေးလိုက်သည်။

“အရမ်းအားကောင်းပါတယ်” သူက ထိုအစီအရင်မှ ထွက်ပေါ်နေသည့် ကံကြမ္မာအငွေ့အသက်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ တိုးတက်စရာလေးတွေတော့ ကျန်သေးတယ်”

ဝမ်ဝေ့က ထိုမှတ်ချက်နှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ သူ့လက်ရှိ အစီအရင်တာအိုက မဟာတာအိုအရင်းအမြစ်၏ ၈ ရာခိုင်နှုန်းအထိသာ ရောက်ရှိထားပြီး အထွေထွေသောင်းပြောင်းအရှင်က တည်ထောင်သူ၏ တာအိုကို အမွေဆက်ခံရရှိထားပြီး အနည်းဆုံး ၄၀ ရာခိုင်နှုန်းအထိ ရှိထားသည်။

“တိုးတက်ဖို့လိုတဲ့ နေရာတွေအကုန်လုံးကို ပြင်ဆင်ပြီးတော့ ကျုပ်ကိုပေးပါ။ ပြီးတော့ အစီအရင်ကို တည်ငြိမ်အောင်လုပ်ဖို့ ပစ္စည်းတွေကိုလည်း တစ်ယောက်ယောက်ကို တာဝန်ယူခိုင်းလိုက်ပါ”

ထိုတိုးတက်မှုများဖြင့် ဝမ်ဝေ့သည် အစီအရင် မဟာတာအိုအရင်းအမြစ်၏ နားလည်နိုင်စွမ်းကို တိုးမြင့်နိုင်ကြောင်း သိထားလေ၏။

“ကောင်းပါပြီ” အထွေထွေသောင်းပြောင်းအရှင်က ခေါင်းညိတ်လိုက်သည်။

“ကျုပ်မိသားစုနဲ့ သွားတွေ့လိုက်ဦးမယ်။ အဲဒီနောက် နှစ် ၆၀ ကြာပြီးတဲ့နောက်မှာ တွေ့ဆုံပွဲအတွက် ပြင်ဆင်ဖို့ အစည်းအဝေး ကျင်းပကြတာပေါ့”

“ဂိုဏ်းချုပ် အသုံးအဆောင်ပစ္စည်းအတွက်ရော ပြင်ဆင်ဖို့ လိုသေးလား”

“မလိုဘူး။ ကျုပ်တို့တွေ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးရဲ့ အကောင်းဆုံးပစ္စည်းတွေကို စုစည်းပြီးတော့ ဂိုဏ်းရဲ့ ဧကရာဇ်အသုံးအဆောင်ပစ္စည်းအဖြစ် ဖန်တီးလို့ ရတယ်။ အဲဒါက အချိန်တစ်ခုတော့ လိုလိမ့်မယ်”

ဝမ်ဝေ့က နေရာမှ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဝမ်မျိုးနွယ်၏ တောင်ထိပ်ဆီ ပျံသန်းသွားသည်။

All Chapters