← Chapters

ကောင်းကင်ခုံရုံး၏ ပထမတွေ့ဆုံပွဲ

Vol. 64 Ch. 889

ကောင်းကင်ခုံရုံး၏ ပထမတွေ့ဆုံပွဲ

Vol. 64 Ch. 889

စိတ်ဝင်စားစရာပဲ…

ဝမ်ဝေ့က လူအိုကြီးနှင့် စာအုပ်ကို သတိပြုမိကာ တွေးလိုက်မိသည်။ သူက ဧကရာဇ်ခေတ်သစ်ကာလကို နဂါးမြင့်တက်ရေးခေတ်ကာလအဖြစ် ပြောင်းလဲဖို့ အတွေးအခေါ်ရှိခဲ့သော်လည်း သူ့မိသားစုနှင့် ဂိုဏ်းသားများကိုသာ ပြောပြခဲ့ဖူးသည်။ သို့သော် ထူးဆန်းလှစွာ ထိုစာအုပ်က အမှန်တရားကို သိထားလေ၏။

သူက ဂိုဏ်းနှင့် အလယ်ပိုင်းဧကရာဇ်ခေတ်ကာလမှ နာမည်အဟောင်းကို ပြန်လည်အသုံးပြုဖို့ကိုပင် ဆွေးနွေးခဲ့ကြသည်။ ယခင်က တာအိုအခွင့်အလမ်းဂိုဏ်းသည် ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၏ ကံကောင်းမှုကို လျော့ချဖို့အတွက် ခေတ်ကာလ၏ နာမည်ကို ပြောင်းလဲဖို့ရာ စုဝေးပွဲ တိတ်တဆိတ် ဦးဆောင်ခဲ့ဖူးသည်။

သို့သော်လည်း ဝမ်ဝေ့က ဧကရာဇ်ခုံနှင့် အနာဂတ် ဆက်ဆံရေးအတွက် ကြိုတင်ပြင်ဆင်ထားလိုသည်။

စိတ်ဝင်စားစရာကောင်းတဲ့ ဂိုဏ်းပဲ…

ဝမ်ဝေ့က ထိုလူအိုကြီး၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုပြီး သူ့လျှို့ဝှက်ချက်အများစုကို သိလိုက်ရသည်။

စောင့်ကြည့်သူဂိုဏ်းလား…

သူ စုဆောင်းရသည့် သတင်းအချက်အလက်အရ ထိုအရာသည် ထူးဆန်းသည့် ဂိုဏ်းတစ်ခု ဖြစ်၏။ ဂိုဏ်းထဲတွင် တစ်ပါးတည်းသော ဧကရာဇ် ဖြစ်သည့် ကောင်းကင်မှတ်တမ်းဧကရာဇ်သာ ရှိခဲ့ဖူးသည်။ သို့သော်လည်း ထိုအရာက အထူးအဆန်းဆုံးအပိုင်း မဟုတ်သေးပေ။ ဂိုဏ်း၌ မျိုးဆက်တစ်ခုချင်းစီတွင် အဖွဲ့သားတစ်ဦးသာ ရှိပြီး ကောင်းကင်မှတ်တမ်းစာအုပ်မှ ရွေးချယ်ခံထားရသူ ဖြစ်သည်။ သမိုင်းကြောင်းကို မှတ်သားထားဖို့ ရည်ရွယ်ချက်ဖြင့် အသုံးအဆောင်ပစ္စည်း၏ ရွေးချယ်မှုကို ခံရခြင်း ဖြစ်သည်။

ထိုစောင့်ကြည့်သူဂိုဏ်း၏ ရည်ရွယ်ချက် သို့မဟုတ် ဆောင်ပုဒ်က သမိုင်းကြောင်းကို မှတ်တမ်းတင်ဖို့ဖြစ်ပြီး ထိုထက် မပိုသလို ထိုထက်လည်း မလျော့နည်းပေ။ သူတို့က သူတို့အဖွဲ့သားများအား လောကီရေးရာ ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးထားပြီး သူတို့က စောင့်ကြည့်ကာ မှတ်တမ်းတင်ဖို့သာ တာဝန်ရှိလေသည်။

သူတို့၏ ကျင့်ကြံရေးနည်းစနစ်က တာအိုဘာသာနှင့် မပြောင်းမလဲ တည်ငြိမ်သည့် စိတ်အခြေအနေကို လိုအပ်ပြီး မည်သည့်အခြေအနေတွင် ဖြစ်စေကာမူ တည်ငြိမ်နေရမည်။ အကယ်၍ သူတို့အဖွဲ့သားတစ်ယောက်၏ ဂိုဏ်း၏ ဆောင်ပုဒ်ကို လျစ်လျူရှုကာ ဝင်ရောက်စွက်ဖက်ခဲ့ပါက ကောင်းကင်မှတ်တမ်းစာအုပ်သည် ထိုသူကို သတ်ပစ်သည်မျိုး သို့မဟုတ် စွန့်ပစ်သည်မျိုး ပြုလုပ်လာလိမ့်မည်။

ဒီဂိုဏ်းက အတော်လေးကို ထူးဆန်းတာပဲ…

ဝမ်ဝေ့က သူ တွေ့ရှိထားသည့် သတင်းအချက်အလက်များကို ကောက်ချက်ချပြီးသည့်နောက်တွင် တွေးလိုက်မိ၏။ ကောင်းကင်မှတ်တမ်းဧကရာဇ်က ရှေးဟောင်းဧကရာဇ်ခေတ်ကာလ၏ အစောပိုင်းအချိန်တွင် ပေါ်ထွက်လာခဲ့ပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ထားခဲ့သည်။

သို့သော်လည်း ကောင်းကင်မှတ်တမ်းစာအုပ်က ထိုပိုင်ရှင် လက်ထက်မတိုင်ခင်ကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်၏။ စာအုပ်က ကောင်းကင်မှတ်တမ်းဧကရာဇ်ကို ရွေးချယ်ခဲ့ပြီး ထိုသူကို ပထမတန်းစား ဧကရာဇ်အဖြစ် ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ဝေ့က ထိုစာအုပ်သည် တစ်နေရာမှ ပေါ်ထွက်လာသည့်အတွက် သံသယဝင်လာမိသည်။ ထို့အပြင် အချိန်မြစ်ကြောင်းနှင့် ကံကြမ္မာမြစ်ကြောင်းတို့ကို ရှာဖွေပြီးသည့်နောက်တွင်ပင် ထိုစာအုပ်၏ ဇစ်မြစ်ကို ရှာမတွေ့ခဲ့ပေ။

သူက အာရုံစူးစိုက်ထားပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်မိသည်။

ဒီစာအုပ်က ဖရိုဖရဲအချိန်နယ်မြေနဲ့ ဆက်နွယ်နေတာလား…

တကယ်ကို ထင်မှတ်မထားစရာပဲ…

ဝမ်ဝေ့က ထိုစာအုပ်နှင့် တားမြစ်နယ်မြေတစ်ခုကြား သေချာဝှက်ထားသည့် ဆက်နွယ်မှုကို ရှာတွေ့သွားသည်။

ကောင်းပြီလေ။ အခုတော့ စောင့်ကြည့်ကြတာပေါ့။ ဒီစာအုပ်နဲ့ဆိုရင် ငါ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေ အများကြီးကို သိနိုင်လောက်တယ်…

ဝမ်ဝေ့က အင်အားစုများ၏ ကိုယ်စားလှယ်များ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေလိုက်သည်။

………………………

စောင့်ကြည့်သူဂိုဏ်း

ရှာတွေ့သွားတာလား…

လူအိုကြီးက သူသည် ရှာတွေ့သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ဂိုဏ်း၏ မှတ်တမ်းများအရ သူတို့သည် ကမ္ဘာတွင် ပုန်းအောင်းနေသည်မှာ ခေတ်ကာလများစွာ ကြာမြင့်နေပြီ ဖြစ်၏။ ထိုစဉ်အချိန်ကတည်းက ထာဝရဧကရာဇ်များပင် သူတို့ကို ရှာမတွေ့ခဲ့ပေ။

ငါ ဘာလုပ်ရမလဲ။ အသင်္ချေအင်ပါယာကမ္ဘာက ထွက်သွားပြီးတော့ ပုန်းအောင်းနေရမှာလား…

သို့သော်လည်း ထိုအတွေး ပေါ်ထွက်လာသည်နှင့် ပျက်သုဉ်းခြင်း ခံစားမှုတစ်ခုက သူ့ကို လွှမ်းခြုံသွားလေ၏။ သူက အားကောင်းသည့် ဧကရာဇ်ဆီမှ ပစ်မှတ်ထားခံထားရကြောင်း နားလည်လိုက်ပြီး သူ ထွက်မသွားနိုင်တော့ပေ။

ငါက စောင့်ဆိုင်းရုံအပြင် ရွေးချယ်စရာ မရှိတော့ဘူးပဲ…

…………………………………….

ဝမ်ဝေ့က ပလ္လင်ပေါ်ထိုင်ကာ အားလုံးကို စောင့်ဆိုင်းနေလေ၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လူထောင်ချီက သူ့နန်းဆောင်အတွင်း ရောက်ရှိလာကြသည်။ လူအများစု ရောက်လာကြသော်လည်း လူတချို့က အနည်းဆုံး ကိုယ်စားလှယ် သုံးယောက်ကို စေလွှတ်လာကြသည်။

ရှုရှစ်၊ ဟို့ဖုန်းဟွမ်နှင့် အောင်းရှန်တို့က ပလ္လင်အခန်းအတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်ကြ၏။ ပလ္လင်ပေါ်တွင် ထိုင်နေသည့်သူက မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း သူတို့ကိုယ်တိုင်ထက် အဆုံးအစမဲ့ ကြီးမားနေသည့် လူတစ်ယောက်ကို ရင်ဆိုင်ရသလိုမျိုး ခံစားလိုက်ရသည်။

ဟို့ဖုန်းဟွမ်က အံ့အားအသင့်ဆုံးသူ ဖြစ်၏။ သူမ ယွမ်ထီ ဖြစ်လာပြီးသည့်နောက်တွင် သူမ၏ ကောင်းကင်မျက်လုံးနည်းစနစ်က ပိုမိုအဆင့်မြင့်သွားခဲ့သည်။ ထို့ကြောင့် သူမက ဝမ်ဝေ့သည် မဟာတာအိုအရင်းအမြစ်၏ ၂၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း ချက်ချင်းသိလိုက်သည်။

သို့သော်လည်း သူမ၏ မျက်ဝန်းက ထိုသူ၏ တိုက်ခိုက်စွမ်းရည်ကို အာရုံခံဖို့ ကြိုးစားသည့်အခါ မေးခွန်းအမှတ်အသားကိုသာ မြင်လိုက်ရသည်။

“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

ကိုယ်စားလှယ်များက အသီးသီး ပြောလိုက်ကြသည်။ ပထမတန်းစားအောက် ဆန့်ကျင်ကျင့်ကြံသူများက ၉၀ ဒီဂရီဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြပြီး တခြားသူများကမူ လက်နှစ်ဖက်ယှက်ကာ အရိုအသေ ပြုလိုက်ကြသည်။

သူတို့အခန်းအတွင်း ဝင်လာသည်နှင့် ထိုသတင်းအချက်အလက်က သူတို့၏ စိတ်ထဲ ပေါ်ထွက်လာခြင်း ဖြစ်၏။ လူတချို့က ထိုစည်းမျဉ်းကို မနာခံဘဲ နေလိုကြသော်လည်း ပလ္လင်ပေါ် ထိုင်နေသည့် ဝမ်ဝေ့ကို ချောင်းကြည့်ပြီးသည့်နောက်တွင် ထိုအတွေးကို လက်လျှော့လိုက်ကြသည်။

“စိတ်အေးအေးထားကြပါ” ဝမ်ဝေ့က အားလုံးကို ထဖို့ ခွင့်ပြုပေးရင်း ညင်ညင်သာသာ ရှိသော်လည်း အာဏာအပြည့်အဝဖြင့် ပြောလိုက်သည်။

“ကောင်းကင်ခုံရုံးရဲ့ ပထမဆုံးတွေ့ဆုံမှုကနေ ကြိုဆိုပါတယ်” ဝမ်ဝေ့က အပြုံးဖြင့် ကြေညာလိုက်သည်။ ထို့နောက် အခန်းက ကြက်သီးထလုဖွယ် တိတ်ဆိတ်သွားပြီး အပ်ကျသံပင်ကြားရလောက်သည်။

ထိုတိတ်ဆိတ်မှုက တစ်မိနစ်ခန့်သာ ကြာလိုက်ပြီး တစ်စုံတစ်ယောက်က မေးခွန်းထုတ်လာခဲ့၏။

“ကောင်းကင်ခုံရုံးက ဘာပါလဲ။ ဘာရည်ရွယ်ချက် ရှိတာပါလဲ”

အားလုံးက မေးလာသည့်သူကို ကြည့်လိုက်သည့်အခါ ကမ္ဘာကြီးမှ ပျောက်ကွယ်သွားခဲ့သည့် အလှဆုံးမိန်းကလေး ဖြစ်နေကြောင်း သဘောပေါက်သွားကြသည်။ လူများစွာက သူမဆီမှ ဧကရာဇ်အရှိန်အဝါကို အာရုံခံမိပြီးသည့်နောက်တွင် အံ့အားသင့်သွားကြ၏။

ပုံမှန်အားဖြင့် သူတို့သည် ရှုရှစ်၏ အလှတရားအရ ထိုအရာကို ချက်ချင်းသတိပြုမိလိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့၏ တည်ရှိမှုက အားကောင်းလွန်းသည့်အတွက် အခန်းအတွင်း ဝင်ရောက်လိုက်သည်နှင့် သူ့ကိုသာ အာရုံစိုက်မိခဲ့သည်။

“မင်း မေးလိုက်တာ တော်သေးတာပေါ့။ မဟုတ်ရင် တစ်ယောက်ယောက်ကသာ ထုတ်မမေးရင် ဒီနေရခက်မှုထဲမှာ နာရီပိုင်းကြာ နေရတော့မယ်လို့ ထင်တယ်” ဝမ်ဝေ့က အပြုံးဖြင့် ပြောလိုက်သည်။ လူများစွာက ရှုံ့မဲ့သွားကြပြီး ထိုအုပ်ချုပ်သူအသစ်သည် ခန့်မှန်းရခက်သလို မှန်းဆရ မလွယ်ကူသည့် အမျိုးအစား ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြ၏။

သို့သော်လည်း အားလုံးက အဓိကဖြစ်ရပ် စတင်တော့မည်ဖြစ်ကြောင်း သိ၍ အာရုံစိုက်လိုက်ကြသည်။ လွန်ခဲ့သည့် နှစ်တစ်ရာခန့်က သူတို့က ဦးနှောက်ကို ဖြစ်ညှစ်စဉ်းစားကာ ဧကရာဇ်အသစ်က ဘာလုပ်ချင်သည်ကို တွေးခဲ့ကြသည်။ သို့သော် ထိုအရာကို ထင်မှတ်မထားကြပေ။

လူအများစုက အသင်္ချေအင်ပါယာကမ္ဘာကို အုပ်စိုးပြီး ချင်တိုင်းပြည်ကဲ့သို့ အကြွင်းမဲ့ အုပ်ချုပ်သူဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားကြဆဲ ဖြစ်၏။

သို့သော် ဧကရာဇ်က ကွဲပြားစွာ လုပ်ဆောင်လာသည်။

“ကောင်းကင်တာအိုက ကမ္ဘာရဲ့ အစီအစဉ်ကျမှု၊ စည်းမျဉ်းနဲ့ အကန့်အသတ်တွေကို ထိန်းချုပ်တယ်”

ဝမ်ဝေ့က ပြောလိုက်သည်။

“နေနဲ့လက ဘာကြောင့်ပြောင်းလဲနေတာလဲ၊ ရာသီဥတုက ဘာကြောင့် ပြောင်းလဲနေတာလဲ၊ မြေဆွဲအားက အရာအားလုံးကို ဘာလို့အတူတကွ စုစည်းထားတာလဲ၊ ပတ်ဝန်းကျင်မှာ ဝိညာဉ်ချီက ဘာကြောင့်တည်ရှိနေတာလဲ၊ အပင်တွေက အဘယ်ကြောင့် ကြီးထွားနေရတာလဲ၊ အဲ့လိုအစရှိသဖြင့်ပေါ့၊ ဒီစည်းမျဉ်းတွေအားလုံးကို လုပ်ဆောင်ဖို့အတွက် ကောင်းကင်တာအိုက စွမ်းအား လိုအပ်တယ်။ အဲဒါကြောင့် ကမ္ဘာ့အရင်းအမြစ် တည်ရှိမှုဆိုတာ ဖြစ်လာခဲ့တာ”

အားလုံးက ကောင်းကင်ဧကရာဇ်သည် ဤသို့ရိုးရှင်းလှသည့် အမှန်တရားကို အဘယ်ကြောင့်ပြောနေလဲဟု စဉ်းစားနေကြသည်။ သို့သော်လည်း သူတို့က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းဖို့သာ ရွေးချယ်ခဲ့ကြ၏။

“အခု ကောင်းကင်တာအိုက အဲဒီလုပ်ဆောင်ချက်တွေအတွက် ကမ္ဘာ့အရင်းအမြစ်ကို သုံးဖို့ မလိုတော့ဘူးဆိုတာကို စဉ်းစားကြည့်လိုက်စမ်းပါ”ဝမ်ဝေ့က ပြောလိုက်သည်။

“ရှင် ဆိုလိုချင်တာက…” ရှုရှစ်က ပထမဦးဆုံး နားလည်သွားသူဖြစ်သည်။

“အတိအကျပဲ။ ကောင်းကင်ဧကရာဇ်အနေနဲ့ ငါက မိုးမြေကို အုပ်ချုပ်ပေမဲ့ ကိုယ်ကျိုးမငဲ့မှုသက်သက်တော့ မဟုတ်ဘူး။ ငါ့ရဲ့ စွမ်းအားနဲ့ အသင်္ချေအင်ပါယာကမ္ဘာရဲ့ လုပ်ဆောင်မှုတွေအတွက် လိုအပ်တဲ့ စွမ်းအားကို တောင့်ခံနိုင်ပြီးတော့ ကမ္ဘာ့အရင်းအမြစ် ပမာဏအမြောက်အများကို ချွေတာပြီးသား ဖြစ်သွားမှာပဲ”

ဝမ်ဝေ့က ထိုသူများအား သူ့စကားကို စဉ်းစားဖို့ အချိန်ပေးလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရေရွတ်သံများနှင့် အံ့ဖွယ်အသိစိတ် ဆက်နွယ်မှုများက အဆုံးသတ်သွားလေ၏။

“မင်းတို့ ထင်ထားတဲ့အတိုင်း ငါက အဲဒီအခွင့်အရေးကို မင်းတို့ဆီ ပေးမယ်”

လူများစွာ၏ အသက်ရှူနှုန်းက မြန်ဆန်လာကြသည်။ ဤသို့သော လုပ်ငန်းက ကုသိုလ်အမြောက်အများ ရရှိမည်ဖြစ်ကာ သူတို့၏ အင်အားစုကလည်း အကျိုးအမြတ် မြောက်များစွာ ရရှိလိမ့်မည်။

ဤသို့သော အရသာရှိလှသည့် စားတော်ပွဲကြီးကို တာအိုအခွင့်အလမ်းဂိုဏ်းက အဘယ်ကြောင့် တစ်ယောက်တည်း မစားသုံးရသနည်း။

လူတွေက သတိကြီးကြီး ထားလိုက်ကြသည်။

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ရွှေရောင် စာရင်းတစ်ခုကို ထုတ်ဖော်လာကြ၏။

“ဒါက ရွေးချယ်ခံနတ်ဘုရားစာရင်းပဲ။ ငါ အင်အားစုအသီးသီးကနေ နတ်ဘုရားအဖြစ် သတ်မှတ်ထားတဲ့ လူတွေကို ရွေးချယ်ထားတယ်။ သူတို့က ကောင်းကင်ခုံရုံးရဲ့ အောက်မှာ ကောင်းကင်ရာထူးတစ်ခုကို ယူပြီးတော့ ကောင်းကင်တာအိုရဲ့ ဝန်ထုပ်ကို မျှဝေကြရမယ်”

လူများစွာက အဖြစ်အပျက်ကို နားလည်သွားကြ၏။ ကောင်းကင်ဧကရာဇ်က ထိုနည်းလမ်းကို အသုံးပြုကာ အင်အားစုအသီးသီးကို သူ့အောက်တွင် အလုပ်လုပ်ဖို့ မျှားခေါ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူတချို့က နှာခေါင်းရှုံ့လိုက်ကြသည်။

“ကောင်းကင်ရာထူးက ကုသိုလ် ရယူတာလိုမျိုး မရိုးရှင်းဘူး” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ဒီရာထူးကိုယ်တိုင်ကိုက ကောင်းချီးတစ်ခုပဲ။ အဲဒါကြောင့် မင်းတို့တွေက ဒါကို ဆုပ်ကိုင်ထားသရွေ့ ကောင်းကင်တာအိုရဲ့ ကောင်းချီးကို ရယူပြီးတော့ မင်းတို့ရဲ့ ကျင့်ကြံဆင့်က အဆများစွာ မြန်ဆန်လာလိမ့်မယ်”

ဝမ်ဝေ့က ထိုသူများ၏ မျက်ဝန်းအထက် လောဘအရိပ်အယောင်ကို မြင်တွေ့လိုက်ရသည်။ ဧကရာဇ်မျိုးနွယ်မှ ကိုယ်စားလှယ်များသည် မသေမျိုးအဆင့် ကျင့်ကြံသူများဖြစ်သည့်အတွက် ထိုမြေခွေးအိုကြီးများက သူတို့ကိုယ်သူတို့ မည်သို့ထိန်းချုပ်ရမည်ကို ကောင်းကောင်းသိထားကြ၏။

“မင်းတို့တွေကို ပြောရမယ်ဆိုရင် ထာဝရဦးသျှောင်ကို ပြုစုပျိုးထောင်ဖို့ မျိုးဆက် ၄၀၀ကနေ ၁၀၀၀ ကြား လိုအပ်ပြီးတော့ အရင်းအမြစ်အများကြီးလည်း ကုန်ရလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်ခုံရုံးရဲ့ မြင့်မားတဲ့ ရာထူးနဲ့ဆိုရင် မျိုးဆက် ၅၀ ကနေ ၁၀၀ ကြားမှာ တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်လိမ့်မယ်။ အဲဒါက တခြားအရင်းအမြစ် အကူအညီ မပါသေးဘူး”

ယခုအခါ ထိုသူများက သူတို့၏ လောဘကို မထိန်းနိုင်တော့ပေ။ အကယ်၍ လူတချို့က ယခင်က အပေါ်ယံသာ သဘောတူညီဖို့ စဉ်းစားနေသည်ဆိုပါက ယခုအခါ သူတို့သည် မနေနိုင်ကြတော့ပေ။ အကယ်၍ သူတို့သာ ထိုသို့လုပ်ခဲ့ပါက တခြားအင်အားစုများသည် ထိုရာထူးကို အလေးအနက် ယူဆောင်သွားမည်ဖြစ်ကာ သူတို့၏ ပြိုင်ဘက်များက သူတို့ကို ကျော်တက်သွားလိမ့်မည်။

ထို့ကြောင့် သူတို့သည် ကောင်းကင်ဧကရာဇ်သည် မြေခွေးငယ် ဖြစ်နေသည့်အတွက် ကျိန်ဆဲလိုက်၏။

“ကျွန်မဆီမှာ မေးခွန်းတစ်ခု ရှိတယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“ပြောပါ”

“ကောင်းကင်ဧကရာဇ်ရဲ့ ရာထူးကရော”

“ဘာကိုပြောချင်တာလဲ”

“ရှင်က နောက်ပိုင်းမှာ တက်လှမ်းရမှာပဲလေ။ အဲဒါဆိုတော့ နောင်အနာဂတ်မှာ အဲဒီရာထူးက ဘယ်လိုဖြစ်သွားမှာလဲ။ ဒီခုံရုံးကရော ဘာတွေဖြစ်သွားမှာလဲ”

ဝမ်ဝေ့က အားပါးတရ ရယ်မောကာ “ဒါက ပထမရက်ပဲရှိသေးတာကို မင်းက ငါ့ရဲ့ရာထူးအကြောင်းကို စဉ်းစားနေပြီပဲ”

“ဒါက မေးလို့ရတဲ့ မေးခွန်းတစ်ခုပဲလေ” ဟို့ဖုန်းဟွမ်က ဆက်ပြောလိုက်သည်။

“ကောင်းကင်ဧကရာဇ်ဆိုတာက မိုးမြေရဲ့ ကံဆက်နွယ်နေတဲ့ ရာထူးတစ်ခုပဲ။ အဲဒါကြောင့် နောက်မျိုးဆက်ရဲ့ ဧကရာဇ်က ငါ့ရဲ့ ရာထူးကို ယူနိုင်ပြီးတော့ ခုံရုံးကို အုပ်ချုပ်နိုင်တယ်”

“ယူနိုင်တာလား” အောင်းရှန်က မေးလိုက်ပြီး ယူနိုင်တာနှင့် ယူဆောင်လိမ့်မည်ဟူသော စကားကြားမှ ကွာဟချက်ကို သိလိုက်သည်။

“လူအားလုံးက ကောင်းကင်ဧကရာဇ် ဖြစ်နိုင်တာ မဟုတ်ဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“ငါက စစ်ဆေးမှုတွေ ချန်ထားပြီးတော့ ငါ့ရဲ့ စစ်ဆေးမှုကို အောင်မြင်ပြီးတဲ့သူကပဲ ဒီပလ္လင်ပေါ်မှာ ထိုင်နိုင်လိမ့်မယ်။ ငါ့ရဲ့ ခေတ်သစ်မှာ ဧကရာဇ်အမျိုးအစား နှစ်ခု ရှိလိမ့်မယ်။ ကောင်းကင်ဧကရာဇ် ဒါမှမဟုတ် သာမန်ဧကရာဇ်ပဲ”

အားလုံးက ထိုစကား၏ အဓိပ္ပာယ်ကို နားလည်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။

ကောင်းကင်အလိုဆန္ဒအတွက် ယှဉ်ပြိုင်မှုက ဤခုံရုံးအတွက် အကျိုးအမြတ်များကိုပါ တိုက်ခိုက်ကြရလိမ့်မည်ဖြစ်၍ အဆထောင်ချီ ပို၍ ပြင်းထန်လာမည်။

“လိုအပ်ချက်တွေကို ပြောပြလို့ရမလား” တစ်ယောက်ယောက်က မေးလိုက်သည်။

“ပထမတစ်ခုက အနည်းဆုံး ပထမတန်းစားဧကရာဇ်အဆင့် ရှိရမယ်” ဝမ်ဝေ့က ပြောလိုက်၍ အားလုံးက အသက်အောင့်လိုက်ကြ၏။ အကယ်၍ ထိုအရာသာ အမှန်ဖြစ်ပါက ပထမတန်းစားအောက် ဧကရာဇ်များက အသုံးမဝင်တော့ပေ။

ပို၍ဆိုးရွားသည်က သူတို့သည် ကောင်းကင်ဧကရာဇ်ဟူသော ဂုဏ်ပုဒ်ကို မယူဆောင်နိုင်သောကြောင့် သမိုင်းကြောင်းမှ ချောင်ထိုးထားခြင်း ခံရလိမ့်မည်။

“တခြားလိုအပ်ချက်တွေကတော့ တာအိုနှလုံးသား၊ ဗျူဟာကျကျ စီစဉ်မှုနဲ့ အကျင့်စရိုက်တွေပေါ့။ ငါတို့တွေက ခုံရုံးတွေကို ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်လို လူမျိုးကို ထိန်းချုပ်ခွင့်ပေးမှာ မဖြစ်စေချင်ဘူးမလား”

မိစ္ဆာကျင့်ကြံသူများက ထိုစည်းမျဉ်းသည် သူတို့ကို ပစ်မှတ်ထားနေကြောင်း သဘောပေါက်သွားသည့်အခါ အမူအရာ ပြောင်းလဲသွားကြသည်။

“အဲဒါဆို တစ်စုံတစ်ယောက်က ရှင့်ရဲ့ စစ်ဆေးမှုကို ကျရှုံးသွားရင် ဘယ်လိုဖြစ်မှာလဲ။ ဘယ်သူက ကောင်းကင်ဧကရာဇ်ရဲ့ တာဝန်ကို ထမ်းဆောင်မှာလဲ” ရှုရှစ်က မေးလိုက်သည်။

“တာအိုအခွင့်အလမ်းဂိုဏ်းက ရွေးချယ်ခံတစ်ယောက်ကနေ နောက်မျိုးဆက် မတိုင်ခင်အထိ အဲဒီရာထူးကို တာဝန်ယူလိမ့်မယ်”

“ဘယ်လို”

လူများစွာက မပျော်ရွှင်ကြပေ။ တာအိုအခွင့်အလမ်းဂိုဏ်းကို ထိုအာဏာမျိုး ဆုပ်ကိုင်ထားခွင့် မည်သို့ ခွင့်ပြုနိုင်မည်နည်း။ ထိုသို့လုပ်ဆောင်ပြီးသည့်နောက်တွင် သူတို့က မည်မျှအားကောင်းသွားမည်နည်း။

“စိတ်အေးအေးထားကြပါ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ကိုယ်စားလှယ်က ကောင်းကင်ဧကရာဇ်ရဲ့ အာဏာ မရှိပဲနဲ့ အကျိုးကျေးဇူးကိုပဲ ရလိမ့်မယ်။”

လူများစွာက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ သူတို့သုံးသပ်ထားချက်အရ ကောင်းကင်ဧကရာဇ်သည် ရွေးချယ်ခံ နတ်ဘုရားစာရင်းကို ထိန်းချုပ်နိုင်ပြီး လူများကို သတ်မှတ်ပေးနိုင်သည်။ ထို့ကြောင့် သူတို့သည် တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့၏ ရာထူးများကို ဖယ်ရှားကာ သူ့လူများနှင့် အစားထိုးပစ်မည်ကို စိုးရိမ်ကြ၏။

သို့သော် ယခုတွင် သူတို့က ထိုအာဏာမရှိလျှင် လက်ခံနိုင်သည်။ သို့သော်လည်း လူတချို့က ထိုကိုယ်စားလှယ် ရာထူး၏ အကျိုးအမြတ်မြောက်များစွာကို သိလိုက်ကြ၏။

သူတို့က ပထမတန်းစား ဧကရာဇ်ကို ပြုစုပျိုးထောင်ဖို့ မည်မျှခက်ခဲကြောင်း သိထားကြသည်။ ထို့အပြင် ကောင်းကင်ဧကရာဇ်ဖြစ်လာဖို့အတွက် တခြားလိုအပ်ချက်များလည်း ရှိနေသေး၏။ ထို့ကြောင့် သူတို့က မျိုးဆက်များစွာတိုင် အုပ်ချုပ်သူ မရှိမည့် အခြေအနေကို ကြိုတင်မြင်နေမိသည်။

ထိုအချိန်အတွင်း တာအိုအခွင့်အလမ်းဂိုဏ်းက အကျိုးကျေးဇူးမြောက်များစွာ ရရှိလိမ့်မည်။

“ကိုယ်စားလှယ်ရွေးချယ်ဖို့ တခြားနည်းလမ်းရော ရှိသေးလား”

“မရှိဘူး။ ဒါက ညှိနှိုင်းစရာ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒီခုံရုံးကို ငါ့အင်အားစုကလူတွေနဲ့ မဖြည့်လိုက်တာကိုပဲ မင်းတို့တွေ ငါ့ရဲ့ ရက်ရောမှုကို နားလည်သင့်တယ်။ အဲဒါကြောင့် ငါ့ကို လာပြီး တွန်းအားမပေးနဲ့”

လူများစွာက ထိုစကားကို ကြားသည့်အခါ တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။ သူတို့က ထိုမကောင်းဆိုးဝါးသည် မည်မျှအားကောင်းကြောင်း စဉ်းစားလိုက်ကြ၏။ သူ့ခန္ဓာကိုယ်မှ မကြိုးစားဘဲဖြင့်ပင် စွမ်းအားအရိပ်အယောင် ထွက်ပေါ်နေသည်။

ထို့ကြောင့် သူတို့က ဤပြဿနာကို နောက်ပိုင်းမှ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ကြသည်။ အထူးသဖြင့် ထိုမကောင်းဆိုးဝါး ထွက်သွားပြီးသည့်နောက်မှ ဖြစ်၏။ သို့သော်လည်း ဉာဏ်ရှိသူများက ထိုအရာသည် မရိုးရှင်းကြောင်း ခံစားမိကြ၏။

တာအိုအခွင့်အလမ်းဂိုဏ်းက ဤခုံရုံးကို ဖန်တီးထားသည့်အတွက် သူတို့၏ အာဏာကို သေချာစေဖို့ နည်းလမ်းများ မည်သို့ မချန်ထားပဲ နေမည်နည်း။

ဧကရာဇ်တစ်ယောက်က ကာကွယ်မှုအနေဖြင့် သူ့စွမ်းအားတချို့ကို ချန်ထားခဲ့သရွေ့ အကျိုးဆက်က ပြင်းထန်လိမ့်မည်။ နောက်ဆုံးတွင် သူ မတက်လှမ်းခင် ပိုမိုအားကောင်းသွားနိုင်မည့် အခွင့်အရေးလည်း ရှိနေ၏။

All Chapters