← Chapters

တာဝန်များ

Vol. 64 Ch. 890

တာဝန်များ

Vol. 64 Ch. 890

“အရေးကြီးတဲ့ အပိုင်းတွေကို ပြောလိုက်ကြရအောင်” ဝမ်ဝေ့က ရုတ်တရက် ရပ်တန့်လိုက်သည့်အတွက် အားလုံးက သတိကြီးကြီးထားလိုက်ကြသည်။

“ငါ တစ်ခုကို မေ့သွားတယ်”

သူက လက်မြှောက်လိုက်ပြီးသည့်နောက်တွင် သူ့လက်ထဲ ပစ္စည်း၃ခု ပျံသန်းထွက်လာသည်။ ထိုပစ္စည်းများကို မြင်လိုက်သည့်သူများက အံ့ဩတုန်လှုပ်သွားကြသည်။ တချို့သူများက အမူအရာ ပျက်ယွင်းသွားကြ၏။

“မျိုးနွယ်ကံကောင်းမှု အသုံးအဆောင်ပစ္စည်းပဲ” လူသားကံကြမ္မာဓား၊ နတ်ဆိုးကံကြမ္မာဓားနှင့် ပင်လယ်ကံကြမ္မာခရင်းခွနှင့် တခြားမျိုးနွယ်စုငယ်များ၏ ကံကောင်းမှုစုစည်းရေး အသုံးအဆောင်ပစ္စည်းများကို သတိထားမိသွားသည့် တစ်ယောက်က ရေရွတ်လိုက်သည်။

ထိုအဖြစ်အပျက်မှ အသက်ရောက်ခံရဆုံးသူသည် အောင်းရှန် ဖြစ်၏။ နတ်ဆိုးမျိုးနွယ်သည် သူတို့၏ မျိုးနွယ်ကံကြမ္မာပစ္စည်းကို ရယူခါစ ဖြစ်သော်လည်း ပြန်လည်ယူဆောင်ခံလိုက်ရသည်။

သို့သော်လည်း သူက ဘာမှမလုပ်နိုင်ခင် ဝမ်ဝေ့က သူ့ကို ကြည့်လာကာ “ငါက စကားကိုတည်တဲ့သူ။ မင်းတို့ နတ်ဆိုးမျိုးနွယ်ကို လျော်ကြေးပေးမယ်”

ထိုသို့ပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုသူအားလုံးကို လျစ်လျူရှုပြီးသည့်နောက်တွင် ထိုပစ္စည်းအားလုံးကို ကောင်းကင်ခုံရုံးအတွင်း ပေါင်းစပ်လိုက်သည်။

ဝုန်း

ကြောက်မက်ဖွယ် အမြင်ရုပ်လွှာတစ်ခုက ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။ ရွှေနက်ရောင် နဂါးတစ်ကောင်က မိုးမြေကြားတွင် ပေါ်ထွက်လာခဲ့သည်။ ထိုသူများက ထိုနဂါးကို မြင်တွေ့သည်နှင့် ထိုအရာတွင် ခြေကိုးချောင်းရှိကာ ဦးချိုဝန်းကျင်တွင် သရဖူတစ်ခု ရှိနေသည်ကို မြင်လိုက်ရ၍ ကွဲပြားကြောင်း သိလိုက်သည်။

ထိုနဂါး ပေါ်ထွက်လာသည်နှင့် ကောင်းကင်ခုံရုံးဖြင့် ပေါင်းစပ်သွားခဲ့သည်။ ကိုယ်စားလှယ်များက တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ ကောင်းကင်ဧကရာဇ်က ကောင်းကင်တာအိုကို အတင်းအကြပ် ထိန်းချုပ်ကာ မိုးမြေ၏ အုပ်ချုပ်သူ ဖြစ်လာခဲ့သည်။

ယခု သူက အသင်္ချေအင်ပါယာကမ္ဘာရှိ မျိုးနွယ်အားလုံး၏ ကံကောင်းမှုကို အတင်းအကြပ်ယူကာ တစ်ကမ္ဘာလုံး၏ ကံကောင်းမှုကို ကောင်းကင်ခုံရုံးအတွင်း ပေါင်းစည်းခဲ့သည်။ ဤကံကြမ္မာမျိုးဖြင့် သူ့ကျင့်ကြံဆင့် မည်မျှမြန်ဆန်သွားမည်ကို တွေးကြည့်၍ရပေသည်။

သူ့အင်အားက နောက်ထပ် ရာခိုင်နှုန်းအနည်းငယ် တိုးမြင့်သွားသရွေ့ သူသည် ပိုမို ကြောက်ဖို့ကောင်းလာလိမ့်မည်။

“မင်းတို့ဆီကနေ လောဘအရိပ်အယောင်ကို ခံစားမိနေတယ်။” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

“အဲဒါက စိတ်ဝင်စားဖို့ကောင်းပြီးတော့ စိတ်လှုပ်ရှားဖို့လည်း ကောင်းတာပဲ”

အခန်းက အပ်ကျသံကြားရလောက်အောင်အထိပင် တိတ်ဆိတ်သွားလေသည်။ ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ထိုသူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ပေ။

“ရွေးချယ်ခံနတ်ဘုရားတွေက ကောင်းကင်ခုံရုံးမှာ နန်းဆောင် ရှိလိမ့်မယ်။ မင်းတို့တွေအားလုံးက ဒီမှာနေပြီးတော့ ကမ္ဘာကြီးရဲ့ ကံကောင်းမှုကောင်းချီးကို ခံစားလို့ ရတယ်။ မင်းတို့တွေ ဒီမှာ မနေချင်ရင်တောင် ကောင်းချီးကတော့ ရှိနေဦးမှာပါပဲ။ ဒီမှာနေသလောက် မကောင်းရုံလောက်ပေါ့”

လူများစွာက ဘေးပတ်လည်ကို ကြည့်ကာ ကိစ္စများစွာကို သဘောပေါက်သွားကြသည်။ နမူနာအားဖြင့် ဤနေရာတွင် ပင်ကိုချီနှင့် အင်မော်တယ်ချီ အဘယ်ကြောင့် ပြည့်နှက်နေရသနည်း။ အဆင့်မြင့်စွမ်းအင်သည် ထာဝရအရှင်များအတွက်သာ အသုံးဝင်ဟန်ပေါ်သော်လည်း တကယ်တမ်းတော့ အမှန်တရားနှင့် ဝေးကွာနေသည်။

မဟာဧကရာဇ်နှင့် တာအိုဘိုးဘေးများက ပိုမိုကောင်းမွန်သည့် စွမ်းအားနှင့် ပတ်ဝန်းကျင်ကို လိုအပ်ကြသည်။ ထိုအရာကို စုပ်ယူပြီးသည့်နောက်တွင် သူတို့၏ ဝိညာဉ်က ကောင်းချီးကို လက်ခံရရှိကာ မဟာတာအိုအရင်းအမြစ် နားလည်နိုင်စွမ်းကို တိုးမြင့်ပေးနိုင်သည်။

ဤအမှန်တရားက ဗလာခေတ်ကာမတိုင်ခင်အချိန်သည် ယခုအချိန်ထက် ပိုမိုကောင်းမွန်ရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်၏။ ထိုအရာသည် ဧကရာဇ်များက ဒိုင်မေးရှင်းအနိမ့်တွင် ကြာကြာနေနိုင်ရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။

တကယ့်ကို ထူးချွန်တဲ့ နည်းလမ်းပဲ…

ရှုရှစ်က ဝမ်ဝေ့၏ စကားများကို ကြားကာ တွေးလိုက်မိသည်။ သူမက ထိုသူသည် ဤနည်းလမ်းဖြင့် လူများကို ကောင်းကင်ခုံရုံးအတွင်း စုစည်းလိုကြောင်း သဘောပေါက်လိုက်၏။

သူ့အနေနှင့် ကျင့်ကြံသူများသည် အုပ်စုဖွဲ့ကာ တိုက်ခိုက်လာနိုင်ပြီး ပုန်ကန်မှုကို အလွယ်တကူ ဖြစ်ပျက်စေနိုင်သည့် အတင်းအကြပ် ဖိအားပေးမှုကို အသုံးမပြုခဲ့ပေ။ ထိုအစား သူက မငြင်းနိုင်လောက်ဖွယ် အကျိုးအမြတ်ဖြင့် ခုံရုံးအတွင်း မျှားခေါ်ခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ထိုဧကရာဇ်မျိုးနွယ်များက ထိုအပေးအယူကို လက်ခံရုံမှအပ ရွေးချယ်စရာ မရှိပေ။ အကယ်၍ သူတို့ လက်မခံပါက အပြေးအလွှား ရောက်လာကာ လက်ခံမည့်သူများ ရှိလေသည်။

လေလွင့်ကျင့်ကြံသူများ

ထိုသူများက မည်သည့် အင်အားစုအပိုင်ဟု ခံစားချက်မျိုး မရှိကြသော်လည်း အကျိုးအမြတ်သာ လုံလောက်သရွေ့ ဘာမဆိုလုပ်ကြလိမ့်မည်။ ထိုအင်အားစုများက လေလွင့်ကျင့်ကြံသူများကို ခုံရုံးအကူအညီဖြင့် ပိုမိုအားကောင်းမလာစေချင်ပါက ထိုဖိတ်ကြားချက်ကို လက်ခံရလိမ့်မည်။

“ဆက်လုပ်ကြရအောင်” ဝမ်ဝေ့က ကြေညာလိုက်သည့်အခါ အားလုံးက ဆွေးနွေးမှုကို ရပ်တန့်လိုက်ကြသည်။ ရွေးချယ်ခံနတ်ဘုရားစာရင်းက သူ့ရှေ့တွင် ပေါ်ထွက်လာ၏။

“အမိန့်မှာတမ်း

မိုးမြေရဲ့အုပ်ချုပ်သူ ကောင်းကင်ဧကရာဇ် အမည်နာမအရ မူလအရှင်ကို အလယ်ပိုင်းချီလင်နတ်ဘုရားအဖြစ် သတ်မှတ်ပြီးတော့ အလယ်ပိုင်းကုန်းမြေရဲ့ စောင့်ကြည့်သူ ဖြစ်လာလိမ့်မယ်”

ထိုနာမည်အသစ်ပေါ်ထွက်လာသည့်အခါ စာရင်းထက် တောက်ပသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“ရှုရှစ်က တောင်ပိုင်းရဲ့ စောင့်ကြပ်သူဖြစ်ပြီးတော့ တောင်ပိုင်းဇာမဏီနတ်ဘုရား ဖြစ်လာလိမ့်မယ်။

မြောက်ပိုင်းရဲ့ စောင့်ကြပ်သူအနေနဲ့ မြောက်ပိုင်းလိပ်နတ်နတ်ဘုရားက အောင်းရှန် ဖြစ်လာလိမ့်မယ်။

အရှေ့ပိုင်းကုန်းမြေကို စောင့်ကြည့်သူအနေနဲ့ အရှေ့ပိုင်းနဂါးနတ်ဘုရားက ဟို့ဖုန်းဟွမ် ဖြစ်လာလိမ့်မယ်။

အနောက်ပိုင်းကုန်းမြေအတွက်ကတော့ အနောက်ပိုင်းကျားဖြူနတ်ဘုရားဖြစ်တဲ့ ဖုန်းဟွမ် ဖြစ်လာလိမ့်မယ်”

ဝမ်ဝေ့၏ စကားအဆုံးတွင် ရွေးချယ်ခံနတ်ဘုရားစာရင်းက ငါးရွက်ကွဲထွက်သွားပြီး နတ်ဘုရားအသစ်များဆီ ရောက်ရှိသွားသည်။

သူတို့က ထိုတာဝန်များနှင့် ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေသည့်အတွက် မည်သူကမှ မတုံ့ပြန်နိုင်ခဲ့ပေ။ ပထမဆုံး တုံ့ပြန်မှုက လူများစွာက မပျော်ရွှင်ကြပေ။

ဘာလို့ အဲဒီလူတွေလဲ…

သူတို့၏ ပထမအဖြေက ထိုလူများသည် ထာဝရဧကရာဇ်ကိုယ်စားလှယ် ရှိသည့် တစ်ခုတည်းသော အဖွဲ့ဖြစ်၍ ဖြစ်သည်။ သို့သော် ဖုန်းဟွမ်က သေမျိုးတစ်ယောက်ကလွဲ၍ ဘာမှမဟုတ်ကြောင်း မြင်လိုက်သည့်အခါ ထိုအတွေးကို ဖယ်လိုက်ကြသည်။ သူ့ကို ဒုတိယတန်းစားအဆင့် ဖြစ်ဟန်ပေါ်သည့် ဆန့်ကျင်ကျင့်ကြံသူတစ်ယောက်မှ အဖော်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လူများက ထိုနတ်ဘုရားအသစ်များသည် သူတို့နယ်မြေအောက် နတ်ဘုရားများကို ရွေးချယ်ဖို့ အာဏာရှိသွားကြောင်း တွေ့ရှိသွားသည့်အခါ အခြေအနေက ပိုမိုဆိုးရွားသွားခဲ့၏။ ပထမဆုံးစာရွက်ပေါ်တွင် ရေးသားထားသည့် သတိပေးချက်ကို မည်သူကမှ ဂရုမစိုက်ကြပေ။ ထိုနေရာတွင် ကောင်းကင်ဧကရာဇ်က သတ်မှတ်ချက်များကို ငြင်းဆန်ခြင်း သို့မဟုတ် တာဝန်များမှ ဖယ်ထုတ်ပစ်နိုင်သည့် အာဏာ ရှိပေသည်။

ခုံရုံးအခန်းက တိတ်ဆိတ်သွားပြီး လူများစွာက ထိုတာဝန်များနှင့် ပတ်သက်ပြီး စဉ်းစားနေကြသည်။ ထိုသူများက သူတို့၏ ရတနာများကို အသုံးပြုကာ သူတို့၏ စကားဝိုင်းကို မည်သူမှ မကြားရစေဖို့ လုပ်ဆောင်ခဲ့သည်။

ရှုရှစ်က သူမလက်ထဲမှ စာရင်းကို ကြည့်ကာ အတွေးနက်နေမိသည်။ သူမက နတ်ဘုရားတစ်ပါးအနေဖြင့် သူမ၏ ကဏ္ဍကို သိသွားခဲ့သည်။ ကောင်းကင်ဧကရာဇ်က ထိုအရာကို ရှင်းပြခဲ့သော်လည်း ယခုအခါ ပိုမိုရှင်းလင်းသွားခဲ့သည်။

နမူနာအားဖြင့် ကောင်းကင်တာအို၏ ကမ္ဘာ့အရင်းအမြစ်အမြင့်ဆုံး သုံးစွဲမှုသည် အဆင့် ၇ နှင့်အထက် ကျင့်ကြံသူများ၏ တိုက်ပွဲအပြီးတွင် အာကာပြင်ကို ပြန်လည်ကုစားပေးဖို့ ဖြစ်၏။

သို့သော် ယခုတွင် သူမက ထိုအာကာပြင်ကို သူမ၏ စွမ်းအားကို အသုံးပြုကာ တာဝန်ယူထားရမည်ဖြစ်သည့်အတွက် ကောင်းကင်တာအိုက ကမ္ဘာ့အရင်းအမြစ်များကို ချွေတာနိုင်လိမ့်မည်။

ဒီနည်းလမ်းနဲ့ဆိုရင် အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကမ္ဘာ့အရင်းအမြစ်က နှစ်ထောင်ချီအတွင်းမှာ မယုံကြည်နိုင်လောက်တဲ့ အနေအထားတစ်ခုအထိ ရောက်ရှိသွားလိမ့်မယ်။ ဒီလိုဆိုရင် ကမ္ဘာက တစ်ခါမှ မမြင်တွေ့ဖူးတဲ့ စည်ပင်ကြွယ်ဝတဲ့ အနေအထားတစ်ခုကို ရောက်ရှိသွားလိမ့်မယ်…

သူမက ကမ္ဘာကြီးသည် နှစ်ထောင်ချီအတွင်း မည်မျှ အကျိုးကျေးဇူး ရရှိမည်ကို မြင်တွေ့လိုက်ရသည်။

ကောင်းကင်ဧကရာဇ်ခေတ်သစ်က တကယ့်ကို စည်ပင်ကြွယ်ဝဖို့ ကံကြမ္မာဖန်လာခဲ့တာပဲ…

သူမက ပလ္လင်ပေါ်တွင်ထိုင်နေသည့် အမျိုးသားကို ကြည့်ကာ သူသည် အကြွင်းမဲ့ ခေတ်ကာလသားတော်ဖြစ်နေရသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ သူက ဤကိစ္စကို နှစ်ထောင်ချီကြာ စီစဉ်ထားခဲ့မှန်း သိသာလှ၏။

သူ့အစီအစဉ်တွေက ထူးချွန်တယ်။ ဒါပေမဲ့ သူက တကယ့်ကို ဉာဏ်များတဲ့သူပဲ…

သူမက သုံးသပ်လိုက်သည်။ ရှုရှစ်က အလယ်ပိုင်းကုန်းမြေတွင် တည်ရှိသည့် ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်ကို ကိုယ်စားပြု၏။ သို့သော် သူမက တောင်ပိုင်းကုန်းမြေအတွက် တာဝန်ချပေးခံရ၏။

တောင်ပိုင်းကုန်းမြေရှိ အင်အားစုများနှင့် ဂိုဏ်းများက သူတို့ပိုင်နက်ကို အုပ်စိုးဖို့ ခွင့်ပြုမည် မဟုတ်ပေ။ အကယ်၍ သူမသာ အခြေအနေကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက ကျောင်းတော်သည် ဧကရာဇ်တာအိုစစ်ပွဲ ဖြစ်လောက်အောင် ပဋိပက္ခများကြား ဆွဲသွင်းခံရလိမ့်မည်။

အဆုံးသတ်တွင် သူတို့က အနိုင်ရရှိခဲ့လျှင်ပင် ခံစားရမည်ဖြစ်ကာ အနေအထားတစ်ခုအထိ အားနည်းသွားလိမ့်မည်။

တစ်ခုခုတော့ မဟုတ်သေးဘူး။ ငါ့ရဲ့ စွမ်းအားနဲ့ဆိုရင် ကုန်းမြေငါးခုထဲက ဒုတိယ အားအကောင်းဆုံး အရှေ့ပိုင်းကုန်းမြေ ရသင့်တာမဟုတ်ဘူးလား…

ရှုရှစ်က သုံးသပ်လိုက်သည်။

တကယ်လို့ သူက ကျောင်းတော်ကို အားနည်းစေချင်တယ်ဆိုရင် ငါ့ကို အလယ်ပိုင်းကုန်းမြေအပြီး ဒုတိယအားအကောင်းဆုံး ဧကရာဇ်မျိုးနွယ်တွေရှိတဲ့ အရှေ့ဖက်ပိုင်းဆီ စေလွှတ်တာ ပိုပြီးအဓိပ္ပာယ် ရှိတယ်။ သူက ရှေးဟောင်းမျိုးနွယ်တွေနဲ့ ဖြေရှင်းဖို့က ပိုပြီး အရေးကြီးတယ်လို့များ ခံစားမိနေတာလား…

ရှုရှစ်က ရှေးဟောင်းမျိုးနွယ်များသည် ဖုန်းဟွမ်အပြီးတွင် ဤတာဝန်၌ ဒုတိယမြောက် အခက်ခဲဆုံးဖြစ်လိမ့်မည်ဟု သိလိုက်သည်။ သူတို့၏ မောက်မာမှုဖြင့် အရှေ့ပိုင်းရှိ အင်အားစုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ သူတို့၏ စည်းမျဉ်းများက အိပ်မက်ဆိုး ဖြစ်လာလိမ့်မည်။

ထားလိုက်ပါတော့ ငါက တောင်ဖက်ပိုင်းကို ကျေနပ်တယ်…

တောင်ဖက်ပိုင်းက အရှေ့ဖက်လောက် မကောင်းသော်လည်း ကျွမ်းကျင်အတတ်ပညာများ၏ တော်ဝင်နယ်မြေ ဖြစ်နေသည့်အတွက် အရေးသာချက်များစွာ ရှိလေသည်။ အရင်းအမြစ်အရ သူတို့သည် ထိုကျွမ်းကျင်အတတ်ပညာများကြောင့် အလယ်ပိုင်းကုန်းမြေထံ မရှုံးနိမ့်ပေ။

ငါ ပိုပြီး အာရုံစိုက်မိတာက သူက ဖုန်းဟွမ်ကို ဘာလို့ အနောက်ဖက်ကို တာဝန်ချပေးလိုက်တာလဲ…

မိစ္ဆာကျင့်ကြံသူများရှိရာ နေရာတစ်ခုတွင် တိမျိုးနွယ် ရှိနေသည့်အတွက် မည်သူ့အတွက်မဆို အိပ်မက်ဆိုး ဖြစ်လာလိမ့်မည်။

လူတချို့က ရှုရှစ်နှင့် အတွေးအတူတူ ရှိနေပြီး တည်ငြိမ်နေသည့် ဖုန်းဟွမ်အား ခိုးကြည့်လိုက်ကြသည်။

သူကသာ သူ့တာဝန်နောက်ကွယ်မှ အဓိပ္ပာယ်ကို သိလေသည်။

သူက သူ့စည်းမျဉ်းအပေါ် သက်ရောက်မှုရှိစေဖို့ တာအိုဘာသာနှင့် ထိပ်တိုက်တွေ့ဆုံဖို့ကို မဖြစ်စေချင်ဘူးပဲ…

ဖုန်းဟွမ်က သုံးသပ်လိုက်သည်။

သူက ငါ့ဘက်မှာ ဆိုပေမဲ့ အတင်းပတ်သက်တာမျိုး မဖြစ်စေချင်ဘူး…

ဗုဒ္ဓဘာသာ မြင့်တက်လာမှုသည် ခြေနင်းကျောက်တုံးတစ်ခု လိုအပ်၏။ ထိုအရာအတွက် သူက တာအိုဘာသာကို ရွေးချယ်ထားခဲ့သည်။ သို့သော်လည်း ကောင်းကင်ဧကရာဇ်က သူ့အပြုအမူကို မှန်းဆမိကာ ပစ်မှတ်အသစ်ဖြစ်သည့် အနောက်ပိုင်းမှ မိစ္ဆာကျင့်ကြံသူများဆီ ပြောင်းလဲပစ်ဖို့ ပြောနေလေ၏။

သူ့အပြုအမူတွေက ငါ့ကို အဲဒီလူတွေနဲ့ ဖြေရှင်းချင်တာ သိသာတယ်။ ဒါပေမဲ့ အခု သူက ဗုဒ္ဓဘာသာကို သူ့ဓားအနေနဲ့ သုံးနေတာပဲ…

ဖုန်းဟွမ်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိသွားသော်လည်း ဂရုမစိုက်ပေ။ သူ့တွင် တန်ဖိုးရှိနေသရွေ့ ကောင်းကင်ဧကရာဇ်က သူ့ဘက် နေကာ ဗုဒ္ဓဘာသာကို ကူညီပေးလိမ့်မည်။ ထို့အပြင် ဗုဒ္ဓဘာသာ၏ ပင်ကိုသန့်စင်လှသည့် သဘာဝနှင့် စိတ်အပေါ် နားလည်နိုင်စွမ်းက ထိုမိစ္ဆာကျင့်ကြံသူများအတွက် သဘာဝရန်သူ ဖြစ်နေသည်။

ငါ့အနေနဲ့ တိမျိုးနွယ်ကို ငါ့ဘက်ပါအောင်ခေါ်ပြီးတော့ သူတို့ကို နတ်ဘုရား ရာထူးပေးဖို့ပဲ လိုတယ်…

ပြီးတော့ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်ချေလည်း ရှိသေးတယ်…

ဖုန်းဟွမ်က အကြည့်များ တောက်ပလျက် တွေးလိုက်မိသည်။

တကယ်လို့ ဗုဒ္ဓဘာသာသာ ကောင်းကင်ခုံရုံးရဲ့ တရားဝင် ဘာသာရေးတစ်ခု ဖြစ်လာခဲ့မယ်ဆိုရင် အကျိုးကျေးဇူးက တွက်ချက်လို့ရမှာတောင် မဟုတ်ဘူး…

All Chapters