← Chapters

ခုံရုံးပဋိပက္ခများ

Vol. 64 Ch. 891

ခုံရုံးပဋိပက္ခများ

Vol. 64 Ch. 891

မြောက်ပိုင်းကုန်းမြေက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်…

အောင်းရှန်က တွေးလိုက်သည်။ နတ်ဆိုးမျိုးနွယ်က အားအနည်းဆုံးအင်အားစုထဲမှ တစ်ခုဖြစ်ခဲ့သော်လည်း သူတို့က အကြီးမားဆုံး နယ်မြေတစ်ခုကို ထိန်းချုပ်ထားရသည်။

ယခင်က မြောက်ပိုင်းကုန်းမြေသည် တန်ဖိုး မရှိခဲ့ပေ။ သို့သော် ကောင်းကင်ခုံရုံးဖြင့် ကျတ်တီးနယ်မြေဟု ယူဆထားရသည့် ထိုသို့သော နေရာမျိုးသည် မသေမျိုးမိန်းမလှလေးထက်ပင် ပိုမိုဆွဲဆောင်မှုရှိနေသည်။

နတ်ဘုရားရာထူးများက ကျင့်ကြံရေးအတွက် အကျိုးအမြတ်နှင့် ကောင်းချီးများကို ယူဆောင်ပေးလာလိမ့်မည်။ ထို့ကြောင့် လူများစွာက ရာထူးတစ်ခုကို ရဖို့အတွက် ဘာမဆို လုပ်ကြလိမ့်မည်။ အကောင်းဆုံးနည်းလမ်းက အားနည်းသည့် နတ်ဆိုးမျိုးနွယ်ကို တိုက်ခိုက်ခြင်း ဖြစ်၏။

အောင်းရှန်၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားကာ ထိုအခြေအနေနှင့် ပတ်သက်ပြီး မည်သို့ဖြေရှင်းရမည်ကို စဉ်းစားနေ၏။ သူက အင်အားရှိသော်လည်း ထိုသူများက မတုံးအကြပေ။ သူက သူ့ကို အနိုင်မယူနိုင်ကြောင်း သိသွားပြီးသည့်နောက်တွင် တခြားနည်းလမ်းများဖြင့် သူ့ကို ထိုရာထူးများအား လက်လျှော့ဖို့ ဖိအားပေးကြလိမ့်မည်။

ဟို့ဖုန်းဟွမ်က အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း ထိုတာဝန်၏ ဆိုးကျိုးကို မြင်လေသည်။ အကယ်၍ သူမသာ ဂရုမစိုက်ပါက ရှေးဟောင်းမျိုးနွယ်သည် အရှေ့ပိုင်းကုန်းမြေတွင် ရန်သူများစွာ ဖန်တီးမိမည်ဖြစ်ကာ အနာဂတ်အစီအစဉ်ကို ပျက်ပြားသွားစေလိမ့်မည်။

သို့သော်လည်း သူမက ကောင်းကင်ခုံရုံး တည်ရှိမှုနှင့် ပတ်သက်ပြီး ပျော်ရွှင်နေမိသည်။ သူတို့မျိုးနွယ်က ကောင်းကင်ဧကရာဇ်တစ်ယောက်ကို ပြုစုပျိုးထောင်လိုက်သည်နှင့် အောင်မြင်ဖို့ရာအတွက် ပိုမိုလွယ်ကူသွားလိမ့်မည်။

သူ ထွက်သွားတာနဲ့ ငါက အဲဒီပလ္လင်ပေါ်မှာ ထိုင်ဖို့ အခွင့်အရေးရလာနိုင်တယ်…

သူမက တည်တည်ငြိမ်ငြိမ် တွေးလိုက်မိသည်။

“ငါတို့တွေ မပြီးသေးဘူး” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ပင်လယ်ကိုလည်း ၅ပိုင်း ပိုင်းရလိမ့်မယ်။

အလယ်ပိုင်းပင်လယ် နတ်ဘုရားက ဖန်းလုံမျိုးနွယ်။ အရှေ့ပိုင်းပင်လယ် နတ်ဘုရားကို ပင်လယ်ခြင်္သေ့မျိုးနွယ်။ မြောက်ပိုင်းပင်လယ် နတ်ဘုရားကိုတော့ တာအိုအခွင့်အလမ်းဂိုဏ်းက တာဝန်ယူမယ်။ အနောက်ပိုင်းပင်လယ်နတ်ဘုရားကို လေလွင့်ကျင့်ကြံသူမဟာမိတ်က တာဝန်ယူပြီးတော့ တောင်ပိုင်းပင်လယ် နတ်ဘုရားကိုတော့ ဓားရေးစံအိမ်က တာဝန်ယူရမယ်”

ဝမ်ဝေ့က ပင်လယ်မျိုးနွယ်ကို ကြည့်လိုက်သည်။ ထာဝရဦးသျှောင် သုံးယောက်ထဲမှ နှစ်ယောက်သည် ပင်လယ်မျိုးနွယ်မှ ဖြစ်ကြောင်း သိထား၏။ တစ်ယောက်က ဒဏ်ရာရရှိထားကာ တခြားတစ်ယောက်က လောကီရေးရာ ကိစ္စများနှင့် မပတ်သက်ဘဲ ကောင်းကင်တာအို၏ စီစဉ်မှုကို မခံရလေအောင် ပုန်းအောင်နေခဲ့သည်။

နောက်ဆုံးတစ်ယောက်ကမူ ဓားရေးစံအိမ်မှ ဖြစ်၏။ ဝမ်ဝေ့က ထိုဓားကျင့်ကြံသူများသည် ဤမျှနက်နက်ရှိုင်းရှိုင်း လျှို့ဝှက်ထားလိမ့်မည်ဟု ထင်မှတ်မထားပေ။ ထိုသူက စည်းပိတ်ထားဆဲဖြစ်သော်လည်း လက်ရှိခေတ်ကာလတွင် ထွက်လာနိုင်သင့်ပေသည်။

“အရှင် ကျုပ် ငြင်းဆန်ပါတယ်” အားလုံးက ပြောသည့်သူကို ကြည့်လိုက်သည့်အခါ ပင်လယ်မျိုးနွယ်မှ တစ်ယောက်ဖြစ်နေကြောင်း မြင်လိုက်ရသည်။ လူများစွာက သူတို့သည် ပြပွဲကောင်းတစ်ခု ဖြစ်လာတော့မည်မှန်း သိ၍ စောင့်ဆိုင်းနေကြ၏။

ဖန်းလုံမျိုးနွယ် ကိုယ်စားလှယ်က အသက်ပြင်းပြင်းရှူကာ သူ့စကားများကို စီဖို့ ကြိုးစားလိုက်သည်။ အကယ်၍ သူသာ ဂရုမစိုက်ပါက ယနေ့သူ့အသက်က အဆုံးသတ်သွားနိုင်သည်။ ပို၍ဆိုးရွားသည်က သူ့မျိုးနွယ်ပင် ထိခိုက်သွားနိုင်၏။

“ကျုပ်တို့ ပင်လယ်မျိုးနွယ်က…”

“ကောင်းပြီ။ ခင်ဗျားရဲ့ အဓိပ္ပာယ် မရှိတာတွေကို မကြားချင်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ပင်လယ်ကြီးက ကျယ်ပြန့်တယ်။ ခင်ဗျားတို့လူတွေက အစိတ်အပိုင်း နည်းနည်းကိုပဲ အုပ်စိုးထားနိုင်တာ။ အဲဒါဆိုတော့ ခွဲဝေလိုက်လို့ ဘာမှပြဿနာမရှိဘူး”

“ဒါပေမဲ့ … ”

ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်သည့်အချိန် သူက ဘာမှမပြောရဲတော့ပေ။

“ပင်လယ်မျိုးနွယ်က မြင်ကွင်းအောက်ကနေ ပုန်းအောင်းနေတာ အတော်ကြာလှပြီ။ အဲဒီမှာ ထာဝရဦးသျှောင်နှစ်ယောက် ပုန်းအောင်းနေတယ်ဆိုတာကို သိသွားတော့ ကျုပ် အံ့အားသင့်သွားတာကို တွေးကြည့်လိုက်ပါဦး”

အားလုံးက ထိုစကားကို ကြားသည့်အခါ အမူအရာ ပြောင်းလဲသွားကြသည်။ ယခုသူတို့က ထိုမျိုးနွယ်နှစ်ခုသည် အဘယ်ကြောင့် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရကြောင်း နားလည်သွားကြ၏။ ချက်ချင်းဆိုသလို သူတို့က ပင်လယ်မျိုးနွယ်နှင့် ပတ်သက်ပြီး သတိကြီးကြီးထားလိုက်ကြသည်။

“အခြေအနေက ပြောင်းသွားပြီ” ဝမ်ဝေ့က ပြောလိုက်သည်။

“ခင်ဗျားတို့တွေက လောကရေးရာတွေကို ဖြေရှင်းဖို့ အင်အားနည်းနည်းပဲ သုံးပြီး ကိုယ်ပိုင်အင်အား တိတ်တဆိတ် စုစည်းထားကြတယ်။ အဲ့လို လုပ်လို့ မရတော့ဘူး။ တကယ်လို့ ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် ကျုပ်က သည်းခံနိုင်ရင်တောင် နောင်အနာဂတ် ကောင်းကင်ဧကရာဇ်က သည်းခံမှာ မဟုတ်ဘူး”

ပင်လယ်မျိုးနွယ်၏ လူများက နောက်ဆုတ်ဖို့ ရွေးချယ်ခဲ့ကြသည်။ သူတို့က ကောင်းကင်ဧကရာဇ်သည် ပင်လယ်မျိုးနွယ်၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်ထားကြောင်း နားလည်လိုက်ကြ၏။ လူများစွာက ယခင်ကတည်းက အရိပ်အယောင်များစွာ ရှိခဲ့သည့်အတွက် ထိုရလဒ်ကို မှန်းဆထားပြီးသား ဖြစ်သည်။

တာအိုအခွင့်အလမ်းဂိုဏ်းက ပင်လယ်အတွင်း စခန်းများချကာ သတင်းအချက်အလက်နှင့် အရင်းအမြစ်များကို စုဆောင်းခဲ့ကြသည်။ သူတို့က သူတို့၏ အပြုအမူနှင့် ပတ်သက်ပြီး အတွင်တွင်ငြင်းခဲ့ကြသည်။ ထို့အပြင် ပင်လယ်မျိုးနွယ်က ထိုအင်အားစုအားလုံး၏ သူတို့မျိုးနွယ်အပေါ် သတိကြီးကြီးထားမှုကိုလည်း ခံစားမိကြ၏။ အကယ်၍ သူတို့သာ ဤခေတ်ကာလအတွင်း လိုက်လျောညီထွေ မဖြစ်ပါက နောင်အနာဂတ်တွင် ဆိုးဆိုးရွားရွား ထိခိုက်သွားနိုင်သည်။

“နောက်ထပ် မေးစရာရှိသေးလား” ဝမ်ဝေ့က မေးလိုက်သည်။

“ကျုပ်ဆီမှာ တစ်ခုရှိတယ်” အောင်းရှန်က ပြောလိုက်သည်။

“လနတ်ဘုရားရာထူးအတွက် တစ်စုံတစ်ခုနဲ့ လဲလှယ်လို့ရမလား”

“အရှင် အဲ့လိုလုပ်လို့ မရပါဘူး” တစ်ယောက်ယောက်က အော်ပြောလိုက်သည်။

“ဟုတ်တယ်။ လမင်းရဲ့ ယင်စွမ်းအားက တိရစ္ဆာန်တွေရဲ့ ဝိညာဉ်အသိဉာဏ်အဖြစ် နိုးထစေပြီးတော့ သူတို့ကို နတ်ဆိုးအဖြစ် ပြောင်းလဲပစ်စေနိုင်တယ်။ ဒီလိုရာထူးမျိုးက နတ်ဆိုးမျိုးနွယ်အတွင်း ရှိလို့ မဖြစ်ပါဘူး”

အကယ်၍ နတ်ဆိုးမျိုးနွယ်ကသာ လနတ်ဘုရားရာထူးကို ဆုပ်ကိုင်ထားပါက သူတို့၏ အရေအတွက်ကို သိသိသာသာတိုးမြင့်နိုင်လိမ့်မည်။ ထို့ကြောင့် မည်သူကမှ ထိုကိစ္စရပ်ကို မလိုလားကြပေ။

“လနတ်ဘုရားက ထာဝရအိပ်မက်ဂိုဏ်းအပိုင်ပဲ။ နေနတ်ဘုရားက ယုမျိုးနွယ်အပိုင်ပဲ” ဝမ်ဝေ့က ပြောလိုက်၍ လူအများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ ထိုရာထူးများက ကုန်းမြေ သို့မဟုတ် ပင်လယ်ပိုင်နက်ကို အုပ်စိုးရသည့် အဓိက နတ်ဘုရားလောက် အရေးမကြီးသော်လည်း သူတို့က ကမ္ဘာ၏ လုပ်ဆောင်မှုများအတွက် အရေးပါနေဆဲ ဖြစ်၏။

လနှင့် နေတို့က ဝိညာဉ်ကျင့်ကြံရေးတွင် အရေးပါကြပြီး သေမျိုးများအပေါ် သက်ရောက်မှုများစွာရှိကာ ထိုရာထူးက မြင့်မားပေသည်။

အောင်းရှန်က မျှော်လင့်ချက် များများစားစား မရှိသော်လည်း စိတ်ပျက်သွားမိသည်။

ထိုအင်အားစုအားလုံးက ထိုသို့အရေးသာချက်မျိုးကို ခွင့်ပြုမည် မဟုတ်ပေ။ ထိုစဉ် စိတ်ဝိညာဉ်မျိုးနွယ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ ထာဝရအိပ်မက်ဂိုဏ်းက စိတ်ဝိညာဉ်မျိုးနွယ် တစ်ဝက်၊ လူသားတစ်ဝက် အင်အားစုတစ်ခု ဖြစ်ပေသည်။ သူတို့က သူတို့ဂိုဏ်းအတွက် အဖွဲ့သားများကို ကျင့်ကြံဖို့ ယင်စွမ်းအားကို အသုံးပြုနိုင်ပါက ထာဝရအိပ်မက်ဂိုဏ်းအပေါ် အလေးပေးနိုင်သည်။

“အရှင် နောင်အနာဂတ်နဲ့ ပတ်သက်ပြီးနောက်ထပ် ကိစ္စလေးတစ်ခုရှိလို့ပါ” နောက်ထပ် ကိုယ်စားလှယ်တစ်ဦးက ပြောလိုက်သည်။

ဝမ်ဝေ့က တစ်စုံတစ်ယောက်သည် သူ ထွက်သွားပြီးနောက်အကြောင်းကို စဉ်းစားနေကြောင်း သိ၍ ရှုံ့မဲ့သွား၏။

“ပြောပါ”

“နောင်အနာဂတ် ကောင်းကင်ဧကရာဇ်က ရွှေလူဝံဧကရာဇ်လိုမျိုး တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းရင်း ဘယ်အရာနဲ့ တားဆီးလို့ရမလဲ” မေးလိုက်သည့်သူက အောင်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။

နဂါးက မတုံ့ပြန်သော်လည်း သူ တုန်ယင်နေသည့် မျက်တောင်များက သူ့ဒေါသကို ဖုံးကွယ်ဖို့ ကြိုးစားနေကြောင်း ပြသနေ၏။ နတ်ဆိုးမျိုးနွယ်က ဤအခြေအနေ ဖြစ်လာသည်မှာ ရွှေလူဝံဧကရာဇ်အပေါ် အကြောက်တရားကြောင့် ဖြစ်ပြီး ရှေးဟောင်းဧကရာဇ်ခေတ်ကာလအဆုံးသတ်တွင် သူ လုပ်ခဲ့သလိုမျိုး လူသားမျိုးနွယ်ပျက်သုဉ်းလုနီးပါးအထိ တွန်းပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။

တစ်စုံတစ်ယောက်က ထိုမေးခွန်းကို မေးပြီးသည့်နောက်တွင် အားလုံးက ဝမ်ဝေ့ မည်သို့ဖြေမည်ကို အာရုံစိုက်လိုက်ကြ၏။

ထို့ကြောင့် သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“သူတို့ကို အဲ့လိုလုပ်ခွင့်မပေးနဲ့ပေါ့”

အားလုံးက ထိုအဖြေကို ဘာလဲဟု ကြည့်လိုက်ကြသည်။

“ရိုးရှင်းတယ် မဟုတ်ဘူးလား” ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်သည်။

“တခြားမျိုးနွယ်တွေက ဒီရာထူးကို ယူနိုင်တာကနေ ကာကွယ်ဖို့ ပြိုင်ဘက်ကင်း ပါရမီရှင်ကို တတ်နိုင်သမျှ ပြုစုပျိုးထောင်ကြပေါ့”

“အရှင် ကိစ္စတွေက အဲ့လောက် မရိုးရှင်းပါဘူး”

မှန်ပေသည်။ ပါရမီရှင်တစ်ယောက်ကို အားများစွာ စိုက်ထုတ်လျက် ပြုစုပျိုးထောင်ခြင်းသည် အားကောင်းသည့် မဟာဧကရာဇ်တစ်ယောက်ကို ဖန်တီးဖို့ရာအတွက် အဓိကအချက်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း အကြီးမားဆုံး ပြဿနာက ထိုသို့သော အနေအထားအထိ ရောက်ရှိနိုင်သည့် အလားအလာနှင့် ပါရမီရှင်ကို ရှာဖွေဖို့ရာ ဖြစ်သည်။

“ခင်ဗျားတို့လူတွေက ဒီခေတ်ကာလက ဘယ်လောက်စည်ပင်ကြွယ်ဝမလဲဆိုတာကို စိတ်ကူးမကြည့်နိုင်ကြသေးဘူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“အခုကစပြီး ပါရမီရှင်တွေဆိုတာက မုန်လာထုပ်တွေလိုမျိုး ပေါများလာလိမ့်မယ်။”

အားလုံးက ဆွံ့အမိသွားသည်။ ထိုသူက စိတ်ကြီးဝင်မှုအဆင့်ထက် ကျော်လွန်လောက်အောင် ယုံကြည်ချက်ရှိလွန်း၍ သဘာဝဆွဲဆောင်မှုတစ်ခု ဖြစ်လာမိသည်။

“ကောင်းပြီ။ မင်းတို့တွေ ပြင်ဆင်ထားကြပေါ့။ ငါ မျိုးဆက်အတွင်းမှာ ပေးတဲ့ အခွင့်အရေးတွေကို သုံးပြီးတော့ ထာဝရဦးသျှောင် လုံလုံလောက်လောက် ပြုစုပျိုးထောင်ဖို့ ကြိုးစားကြ။ သူတို့က နောင်အနာဂတ် ကောင်းကင်ဧကရာဇ်အတွက် အဟန့်အတား ဖြစ်လာလိမ့်မယ်”

အားလုံး၏ အကြည့်များက တောက်ပလာကြသည်။ ထိုစကားများ၏ အဓိပ္ပာယ်က ဤမျိုးဆက်သည် ထာဝရဦးသျှောင် လုံလုံလောက်လောက် ပြုစုပျိုးထောင်နိုင်မည်ဖြစ်ကာ ကောင်းကင်ဧကရာဇ် စွမ်းအားကို မျှခြေညီသွားစေလိမ့်မည်။

ပြောရလျှင် နောင်အနာဂတ် ကောင်းကင်ဧကရာဇ်၏ အာဏာကို ဖြစ်၏။ သူတို့ရှေ့တွင် ရှိနေသည့် မကောင်းဆိုးဝါးကမူ ဤမျိုးဆက်ကို အသုံးပြုပြီး သူတို့စိတ်ကူး မကြည့်နိုင်သည့် အနေအထားတစ်ခုအထိ ရောက်ရှိသွားလိမ့်မည်။

အားလုံးက ဆက်နွယ်နေတာပဲ…

ရှုရှစ်က တွေးလိုက်မိသည်။

နောင်အနာဂတ် ကောင်းကင်ဧကရာဇ်က သူတို့က ခေါင်းဆောင်မဟုတ်ဘဲ ကောင်းကင်ခုံရုံးရဲ့ အာဏာအကုန်လုံးကို ဆုပ်ကိုင်ချင်ရင် ထိပ်ဆုံးမှာ ရှိရမယ်။ သူတို့က ထာဝရဦးသျှောင်ရှိထားတဲ့ အင်အားစုတွေဆီကနေ ထောက်ပံ့မှုကိုလည်း ရယူထားရမယ်…

သူမက ဝမ်ဝေ့သည် သူ့အစားထိုးမှုတွင် အင်အားရှိရုံသာမကဘဲ ခုံရုံးကို ထိန်းချုပ်နိုင်မည့် အာဏာပိုင်းဆိုင်ရာ အုပ်ချုပ်ရေး အရည်အချင်းရှိဖို့လည်း လိုအပ်နေသည်။

သူတို့အားလုံးက နေရာတိုင်းတွင် ထူးချွန်နေရမည် ဖြစ်၏။ မဟုတ်ပါက ဤရာထူးနှင့် အာဏာအတွက် မသင့်တော်ပေ။

ဝမ်ဝေ့က ထိုသူများကို ကြည့်ကာ ပြုံးလိုက်၏။ သူ့ဆက်ခံသူအတွက် ချန်ထားခဲ့မည့် စမ်းသပ်မှုများက အတွေးလွန်နေသည့်သူများကို ရှင်းထုတ်ပစ်လိမ့်မည်။ သို့သော်လည်း ထိုသို့သော အရာမျိုးက ပြီးပြည့်စုံလိမ့်မည်ဟု အာမခံခြင်းမရှိပေ။

ထို့အပြင် ကောင်းကင်ဧကရာဇ်က သူ အုပ်စိုးနေစဉ်အတွင်း ကိစ္စတချို့ကို ကြုံတွေ့ပြီးသည့်နောက်တွင် ပြောင်းလဲသွားနိုင်သည်။ ထို့အပြင် သူက သူ့နည်းလမ်းသည် လှည့်ဖျားဖို့ မဖြစ်နိုင်ဘဲ နေလိမ့်မည်ဟု မထင်ပေ။ သူက ထိုသူများ၏ စွမ်းဆောင်ရည်ကို လျှော့တွက်မထားပေ။ ထို့ကြောင့် နှစ်များစွာ လေ့လာပြီး အားစိုက်ထုတ်မှုအပြီးတွင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို ဖန်တီးကောင်း ဖန်တီးနိုင်လိမ့်မည်။

ထို့ကြောင့် သူက လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ခြင်း သို့မဟုတ် သူ့ခေတ်ကာလအပေါ် သက်ရောက်မှုရှိစေသည့် တခြားမျိုးနွယ် ကောင်းကင်ဧကရာဇ်များကို တားဆီးဖို့ ကာကွယ်ရေး စက်ယန္တရားတချို့ ချန်ထားခဲ့လိမ့်မည်။ ဤခေတ်ကာလနှင့် ကောင်းကင်ခုံရုံးကို ဖန်ဆင်းသူအနေဖြင့် သူ့အကျိုးအမြတ်က တက်လှမ်းသွားပြီးသည့်နောက်တွင်ပင် အဆုံးသတ်သွားမည် မဟုတ်ပေ။

ဝမ်ဝေ့က နယ်ခြားမျိုးနွယ် ဧကရာဇ်တစ်ပါးက လူသားနတ်ဘုရား ရာထူးအားလုံးကို ဖယ်ရှားပြီး သူတို့မျိုးနွယ်ဝင်များနှင့် အစားထိုးလိုက်လျှင်ပင် ဂရုမစိုက်ပေ။ သူတို့သာ အင်အားရှိပြီး ထိုသို့လုပ်ဆောင်နိုင်သည်နှင့် တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် သက်ရောက်မှုရှိမည်ဆိုလျှင်ပင် သူက ဂရုစိုက်မည် မဟုတ်ပေ။

ထိုအရေးသာချက် အားလုံးကို ဂိုဏ်းအတွက် ချန်ထားခဲ့ပြီးသည့်နောက်တွင် သူတို့သာ ရာထူးနှင့် အာဏာကို မထိန်းသိမ်းထားနိုင်ပါက သူတို့ကိုယ်သူတို့သာ အပြစ်တင်သင့်၏။

All Chapters