← Chapters

ပထမအကြိမ် တွေ့ဆုံပွဲ အဆုံးသတ်ခြင်း

Vol. 64 Ch. 892

ပထမအကြိမ် တွေ့ဆုံပွဲ အဆုံးသတ်ခြင်း

Vol. 64 Ch. 892

“နောက်ထပ် မေးစရာရှိသေးလား” ဝမ်ဝေ့က မေးလိုက်သည်။

“အရှင် ကျုပ်ဆီမှာ မေးခွန်းတစ်ခု ရှိပါတယ်”

“မေးပါ”

“ချင်တိုင်းပြည်ရတနာသိုက်နဲ့ ပတ်သက်ပြီးတော့ပါ”

“ကျုပ်တို့သဘောတူညီထားချက်အရ နောက်ဆုံးအနိုင်ရရှိတဲ့သူက ရတနာကို ပိုင်ဆိုင်မှာပဲလေ။ အခု ကျုပ်အပိုင်ဖြစ်သွားပြီ” ဝမ်ဝေ့က ကြေညာလိုက်သည့်အတွက် အားလုံးက ဆွံ့အသွားကြသည်။

လူသားကံကြမ္မာဓား ပေါ်ထွက်လာမှုနှင့်အတူ ရတနာသိုက်အတွက် တိုက်ပွဲဖြစ်ကာ ကမ္ဘာကြီးအား ရုတ်ရုတ်သဲသဲ မဖြစ်လိုကြပေ။ ထို့ကြောင့် သူတို့က မဟာဝူတိုင်းပြည်၏ အိမ်ရှေ့စံ စွင်းကျောင်းလုံလက်ထဲတွင် ဓားကို ထားရှိကာ လူငယ်မျိုးဆက်ကို တိုက်ခိုက်ခိုင်းဖို့ သဘောတူခဲ့ကြသည်။

ထို့နောက် ဤမျိုးဆက်တွင် တာအိုကို သက်သေပြနိုင်သည့်သူက ထိုရတနာသိုက်ကို ထိန်းချုပ်ခွင့်ရလာလိမ့်မည်။ သို့သော်လည်း လူတချို့က နောက်ဆုံးအနိုင်ရရှိသူအား ထိုရတနာသိုက်၏ ချမ်းသာကြွယ်ဝမှုတချို့ကို ခွဲဝေပေးရန် အတင်းအကြပ် ဖိအားပေးဖို့ ကြံရွယ်ထားကြ၏။

သို့သော် ယခုတွင် သူတို့က လောဘကို ချုပ်ထိန်းရတော့မည်။

“ကျွန်မမှာ မေးခွန်းတစ်ခု ရှိတယ်” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။

“ရှင်က ဘာလဲ” သူမက လောဘအရိပ်အယောင်ဖြင့် မေးကာ သူမ၏ ပုံမှန် မြင့်မြတ်ကြော့ရှင်းသည့် စရိုက်နှင့် သွေဖယ်နေလေ၏။

“အဲဒါက ရိုင်းပြတဲ့ မေးခွန်းတစ်ခုပဲ”

“အရှင့်ကို ရန်စဖို့ မရည်ရွယ်ပါဘူး” သူမက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ လူတော်တော်များများက အရှင်က ထာဝရဧကရာဇ်လား ဒါမှမဟုတ် တခြားတစ်ခုလားဆိုတာကို သိချင်နေကြတာပါ”

အားလုံးက သူ့ကို မျှော်လင့်စောင့်စားစွာ ကြည့်လိုက်ကြပြီး အမှန်အတိုင်းပြောဖို့ စောင့်ဆိုင်းနေကြသည်။

“ဟား…ဟား…ဟား…ငါက ဖုံးကွယ်ထားဖို့ မလိုပါဘူး” ဝမ်ဝေ့က သူ အမှန်အတိုင်းပြောလိုက်လျှင်ပင် သူ တက်လှမ်းသွားပြီးသည့်နောက်တွင် အခန်းအတွင်းရှိ လူအများစုက ထိုအကြောင်းကို မေ့လျော့သွားမည် ဖြစ်ကြောင်း သိလေသည်။ ထိုအကြောင်းအရင်းက မဟာတာအိုသည် သူ့အတိုင်းအတာမဲ့ ဧကရာဇ်အတန်းအစားကို ထာဝရဧကရာဇ်အဆင့်အပြီးတွင် ဖြစ်လာနိုင်မလား သို့မဟုတ် သူ တစ်ယောက်တည်းသာ လုပ်ဆောင်နိုင်သည့်အရာ ဖြစ်နေမလား မသတ်မှတ်ရသေးပေ။

အကယ်၍ ထိုသူက နောက်တစ်ခုကို ရွေးချယ်ခဲ့ပါက သတင်းအချက်အလက်သည် ထိုသူများ၏ မှတ်ဉာဏ်မှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မည်။ အကယ်၍ ရှေ့တစ်ခုကို ရွေးချယ်ခဲ့ပါက သူ့အတိုင်းအတာမဲ့ ဧကရာဇ်အဆင့်သည် လူများစွာ သိနိုင်သည့် ဗဟုသုတတစ်ခု ဖြစ်လာလိမ့်မည်။

“ငါက အတိုင်းအတာမဲ့ ဧကရာဇ်ပဲ။ ထာဝရဧကရာဇ်အထက်က အရာပေါ့။ ငါ့ရဲ့ ဉာဏ်၊ စိတ်ဆန္ဒ၊ ကံကောင်းမှုနဲ့ တာအိုအုတ်မြစ်ကို အသုံးပြုပြီးတော့ ကောင်းကင်အလိုဆန္ဒကို အပြည့်အဝ အသုံးပြုရင်း ပြင်ပအကူအညီ မပါပဲနဲ့ တာအိုကို သက်သေပြနိုင်ခဲ့တယ်”

ကိုယ်စားလှယ်များက ထိုအတိုင်းအတာမဲ့ ဧကရာဇ်အဆင့်ကို မည်သို့ရယူခဲ့ကြောင်း နားလည်သွားသည့်အခါ မျက်လုံးပြူးသွားကြသည်။ ပထမဦးစွာ လူတစ်ယောက်က သူတို့ကိုယ်တိုင် တာအိုကို သက်သေပြဖို့ လိုအပ်၏။ ထို့နောက် သူတို့က ကောင်းကင်အလိုဆန္ဒကို အသုံးပြုကာ ထာဝရဧကရာဇ် ဖြစ်လာပြီး တာအိုအလိုဆန္ဒကို ထုတ်ဖော်ကာ တည်ရှိမှုကို နားလည်ရမည်။

“အရှင် ကျုပ် တစ်ခုမေးလို့များ ရမလား”

“ငါက တာအိုကို ဘယ်လိုအောင်အောင်မြင်မြင် သက်သေပြခဲ့လဲဆိုတာကို သိချင်တာလား” ဝမ်ဝေ့က အပြုံးဖြင့် မေးလိုက်သည်။

“ငါ ပြောရင်တောင် မင်းတို့တွေက အောင်မြင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့စကားတစ်ခုထဲနဲ့ ယုံမှာ မဟုတ်ဘူးဆိုတာကို သိတယ်”

ကိုယ်စားလှယ်အများစုက မျက်နှာပူမိသွားကြသော်လည်း ထိုမြေခွေးအိုကြီးများက အရေထူသည့်အတွက် ဘာမှမဖြစ်သလိုမျိုး ဆက်လက်နေနိုင်ကြသည်။

“အဲဒီအပိုင်းက လွယ်ကူတယ်။ ငါက သေမျိုးတက်လှမ်းရေးကမ္ဘာက ကျင့်ကြံရေးနည်းစနစ်တစ်ခုကို အသုံးပြုခဲ့တာ။ သူတို့ရဲ့ ဖန်တီးသူက ငါ့လိုမျိုး အတွေးအတူတူရှိပြီးတော့ အဲဒီရည်ရွယ်ချက်အတွက် နည်းစနစ်ကို ဖန်တီးခဲ့တာပဲ။ ဒါပေမဲ့ သူက ကျရှုံးသွားခဲ့တယ်”

သူက တခြားလူများအား ထိုသတင်းအချက်အလက်များကို နားလည်စေဖို့ အချိန်တစ်ခု ပေးလိုက်သည်။

ထိုကျင့်ကြံရေးနည်းစနစ်က ဘာဖြစ်နေစေကာမူ သူတို့က ထိုကမ္ဘာ့အသိုက်အဝန်းကို ရောက်သည်နှင့် သူတို့လက်အတွင်း အရယူနိုင်သည်။ သို့သော် ကျင့်စဉ်ဖန်တီးသူက အဘယ်ကြောင့် ကျရှုံးသွားပြီး ကောင်းကင်ဧကရာဇ်ကမူ အဘယ်ကြောင့်အောင်မြင်သွားရသနည်း။

လူများစွာက တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား အမူအရာ ပြောင်းလဲသွားကြသည်။

“မင်းတို့တွေထဲက တချို့တစ်လေလည်း ခန့်မှန်းမိမှာပါ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။

“ဒီနည်းလမ်းအတွက် အနည်းဆုံး လိုအပ်ချက်က ငါနဲ့ တိထျန်းလိုမျိုး သေမျိုးနဲ့ မဟာဧကရာဇ်ကြားက အတားအဆီးကို ချိုးဖောက်နိုင်ရမယ်”

ထိုသူများက ကျိန်ဆဲမိချင်သွားသည်။ ထိုသူနှစ်ဦး၏ စွမ်းအားကို ထုတ်ဖော်ပြသပြီးသည့်နောက်တွင် အင်အားကြီးဂိုဏ်းများနှင့် အင်အားစုများက သူတို့၏ အဖွဲ့သားများကို စုစည်းကာ သူတို့နှစ်ယောက် ဘယ်လိုလုပ်ခဲ့တာလဲဟု သိရဖို့ သတင်းအချက်အလက်များကို သုံးသပ်ခဲ့ကြသည်။

သို့သော်လည်း သူတို့ကောက်ချက်ချထားမှုအရ သူတို့က ကမ္ဘာတွင် မမြင်တွေ့ခဲ့ဖူးသည့် တစ်ခေတ်မှာတစ်ခါ ပါရမီရှင်များသာ ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ ထို့ကြောင့် သူတို့က ထိုသူများ၏ အောင်မြင်မှုကို မည်သို့ အတုယူနိုင်မည်နည်း။

သူတို့က ကောင်းကင်ဧကရာဇ်ထံ ထိုလိုအပ်ချက်နှင့် ပြည့်မှီအောင် လုပ်နိုင်မည့် နည်းလမ်းကို ထုတ်မေးဖို့ရာအထိ မတုံးအကြပေ။ သို့သော်လည်း လူတချို့က တိမျိုးနွယ်ကို တိတ်တဆိတ် ကြည့်လိုက်ကြ၏။

“အဖြေအတွက် သူတို့ကို ကြည့်မနေနဲ့” ဝမ်ဝေ့က ပြောလိုက်သည်။

“သူက ဒိုင်မေးရှင်းအမြင့်က ကံအပြောင်းအလဲအခွင့်အရေးတစ်ခုကြောင့် အောင်မြင်သွားခဲ့တာ”

သူက အံကြိတ်လိုက်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။

“အဲဒီကံကောင်းတဲ့ ကောင်စုတ်ပဲ”

ဉာဏ်ကောင်းသည့် ကိုယ်စားလှယ်များက ထိုစကားမှ နည်းလမ်းနှစ်ခုကို ကောက်ချက်ချနိုင်ခဲ့ကြသည်။ ကောင်းကင်ဧကရာဇ်က သေမျိုးနှင့် မဟာဧကရာဇ်ကြားမှ အတားအဆီးကို ချိုးဖောက်ဖို့ ကံကောင်းမှုအပေါ် မှီခိုခဲ့ခြင်း မဟုတ်ဘဲ နည်းလမ်းတချို့ကို အသုံးပြုခဲ့သည်။ ထိုနည်းလမ်းကို ပြန်လည်အသုံးပြုနိုင်လောက်၏။

ဒုတိယအနေဖြင့် သူက တိမျိုးနွယ်အပေါ် အမုန်းတရား သို့မဟုတ် အငြိုးတရား ကိုင်စွဲမထားပေ။ မဟုတ်ပါက သူသည် ထိုသူများကို ကာကွယ်ဖို့အတွက် စကားများကို ထုတ်ပြောမည် မဟုတ်ပေ။

“ငါ့ရဲ့ နည်းလမ်းကလည်း ကံကောင်းမှုအပေါ်တော့ မူတည်နေတယ်။ ပြောရမယ်ဆိုရင် သူ့လောက်တော့ မရိုးရှင်းဘူးပေါ့”

အကယ်၍ ဟုန်ကျွင်းကသာ သူ့သိပ္ပံနှင့် နည်းပညာကမ္ဘာကို ကာကွယ်မပေးခဲ့ပါက သူ့အနေဖြင့် သေမျိုးဧကရာဇ် ဖြစ်လာဖို့ မလွယ်ကူကြောင်း သိလေသည်။ သူက နောက်ထပ် နည်းလမ်းတစ်ခုကို ရှာတွေ့ကောင်း ရှာတွေ့နိုင်သော်လည်း ထိုဖြစ်စဉ်က အဆထောင်ချီ ပိုမိုခက်ခဲသွားနိုင်၏။

လူများစွာက သူ လိမ်ညာနေသည်လားဟု စဉ်းစားနေကြသည်။ သို့သော်လည်း သိပ်မကြာခင် ကောင်းကင်ဧကရာဇ်က သူတို့ကို လိမ်ညာဖို့ မလိုကြောင်း သဘောပေါက်သွားကြ၏။ သူက မေးခွန်းကို မဖြေရုံမျှသာဖြစ်၏။

သို့သော်လည်း လူတချို့က သူသည် တိမျိုးနွယ်နှင့် တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် လောဘတချို့ကို ဖယ်ရှားဖို့ ရိုးရိုးသားသားပြောခဲ့ကြောင်း ခန့်မှန်းမိလိုက်ကြသည်။ ဉာဏ်ရှိသည့်သူတိုင်းက ဤခေတ်ကာလတွင် ထိုဂိုဏ်းက မည်မျှအားကောင်းလာမည်ကို သိနိုင်ကာ ဧကရာဇ် အင်အားရှိသည့် သေမျိုးတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်မည့် လျှို့ဝှက်နည်းလမ်းတစ်ခုကို ထိန်းသိမ်းထားခြင်းက ပြဿနာတစ်ခု မဟုတ်ပေ။

သို့သော် ကောင်းကင်ဧကရာဇ်က သူ့ဂိုဏ်းကို ကာကွယ်ပြီး ရှည်ကြာမှုကို အာမခံစေဖို့အတွက် ထိုအင်အားစုအများအပြား၏ လိုအင်ဆန္ဒနှင့် လောဘများကို ဖယ်ရှားဖို့ နည်းလမ်းကို ထုတ်သုံးခဲ့ဆဲ ဖြစ်၏။

“နောက်ထပ် မေးစရာရှိသေးလား” ဝမ်ဝေ့က မေးလိုက်သော်လည်း ဤတစ်ကြိမ် မည်သူကမှ မဖြေကြပေ။

“ကောင်းပြီ။ နောက်ထပ် တွေ့ဆုံပွဲက နောက် နှစ်၃၀၀ နေရင် စမယ်။ မင်းတို့ရဲ့ စာရင်းတွေကို အဲဒီအချိန်မှာ အသင့်ပြင်ထားကြပါ”

နောက်ထပ် ထပ်ပြီး ရှိသေးတာလား…

ထိုအရာက လူအများ၏ စိတ်ထဲတွင် တွေးမိသည့် ပထမဦးဆုံးအတွေး ဖြစ်သည်။

သို့သော်လည်း သိပ်မကြာခင် ထိုအတွေးက မည်မျှတုံးအကြောင်း သဘောပေါက်သွားကြ၏။ ကောင်းကင်ခုံရုံးက ယခုမှ စတင်တည်ထောင်ကာစ ဖြစ်သည့်အတွက် ဧကရာဇ်က ဤကြီးမြတ်လှသည့် ခေတ်ကာလအတွက် ကိစ္စများစွာကို စီစဉ်ထားပြီးခြင်းသာ ဖြစ်ရမည်။

ထို့ကြောင့် ဤတွေ့ဆုံပွဲက သူတို့ထင်ထားသည်ထက် မကြာခဏ ဖြစ်ပျက်လာနိုင်၏။

သူတို့၏ ဒုတိယအတွေးကမူ ဤသို့ အရေးကြီးသည့် ကိစ္စမျိုးအတွက် နှစ် ၃၀၀က တိုတောင်းလွန်းလှသည်။ နောက်ဆုံးတွင် သူတို့က နောက်တွေ့ဆုံပွဲသည် မည်သည့်အကြောင်း ဖြစ်မည်ကို စဉ်းစားနေကြ၏။

ဝမ်ဝေ့က ဝူမင်ကို ကြည့်ကာ အဆောင်တစ်ခုကို ထုတ်ပေးလိုက်သည်။

“ဒါနဲ့ဆိုရင် ငါတို့ရဲ့ သဘောတူညီချက်ကို ဖြည့်စည်းပေးနိုင်မှာပါ”

ဝူမင်က သူ့စိတ်ခံစားချက်များကို ဝှက်ထားဖို့ မနည်းအားထုတ်လိုက်ရသည်။ သူက အရိုကျိုးဆုံး ဦးညွှတ်ပြီးသည့်နောက်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်ခွာသွားပြီး ဘေးပတ်ဝန်းကျင်ရှိ သိချင်လိုသည့် မျက်ဝန်းများကို လျစ်လျူရှုခဲ့၏။

ထို့နောက် ဝမ်ဝေ့က ဖုန်းဟွမ်ကို အာရုံစိုက်လိုက်သည်။

“မင်းကလည်း ဆက်လုပ်လို့ ရတယ်။ အဲဒီအချိန်အထိ မင်းရဲ့ ဘေးကင်းမှုကို အာမခံပေးမယ်”

ဖုန်းဟွမ်က စိတ်သက်သာရာရသွားသလို ခံစားမိလိုက်သည်။ သူက တာအိုကို သက်သေမပြခင်မှာ သူ့နည်းလမ်းက အချိန်တချို့ လိုအပ်ပြီး ဝမ်ဝေ့ မတိုင်ခင် မအောင်မြင်နိုင်ကြောင်း သိထား၍ ဖြစ်သည်။ ထို့ကြောင့် သူက ထိုသူသည် ဝင်ရောက်စွက်ဖက်ပြီး သူ့အခွင့်အရေးကို ဖျက်ဆီးပစ်မည်ကို စိုးထိတ်ပစ်ခဲ့၏။

ထို့ကြောင့် သူက ဝမ်ဝေ့၏ တုံ့ပြန်မှုနှင့် အမြင်ကို စမ်းသပ်ဖို့အတွက် ဤတွေဆုံမှုသို့ ရောက်လာဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူ ရှာဖွေတွေ့ရှိထားမှုအရ သူက ဤကမ္ဘာတွင် တာအိုသက်သေပြနိုင်သလို ဒါမှမဟုတ် တခြားဆီ ထွက်သွားပြီးသည့်နောက်မှ ပြန်လာနိုင်သည်။

“အကူအညီအတွက် ကျေးဇူးပါ” ဖုန်းဟွမ်က ပြောလိုက်သည်။

“ငါက ကံကြွေးကို ပြန်လည်ပေးဆပ်နေရုံပါပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

ဖုန်းဟွမ်နှင့် ဗုဒ္ဓဘာသာကို တိတ်တဆိတ် မျက်စိကျနေကြသည့် လူများစွာက နှမြောတသ ဖြစ်သွားကြသည်။ ယနေ့တွေ့ဆုံပွဲတွင် ရွေးချယ်ခံနတ်ဘုရားများအနက် သူတို့က တိုက်ခိုက်ဖို့ရာအတွက် အားအနည်းဆုံးလူများ ဖြစ်နေသည်။ အောင်းရှန်ထက်ပင် အခြေအနေဆိုးရွားနေကြသည်။

သို့သော် ယခုတွင် ဧကရာဇ်က ဖုန်းဟွမ်၏ ဘေးကင်းမှုကို အာမခံပေးထားသည့်အတွက် သူတို့က သက်ပြင်းချပြီး နောက်ကွယ်မှသာ လုပ်ဆောင်နိုင်တော့သည်။

လူတချို့က ဤရလဒ်နှင့် ပတ်သက်ပြီး မအံ့ဩကြပေ။ သူတို့က ကောင်းကင်ဧကရာဇ်တွင် အနာဂတ်ဗုဒ္ဓကျမ်း ရှိထားကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာသည် အနောက်ပိုင်းကုန်းမြေတွင် ပြန်လည်ရှင်သန်လာပြီးသည့်နောက် ကိစ္စများစွာကို သုံးသပ်နိုင်ခဲ့ကြ၏။

ဝမ်ဝေ့၏ အကြည့်က မဟာအဆောင်မြို့တော်မှ ကိုယ်စားလှယ်များဆီ ကျရောက်လာခဲ့သည်။

“မင်းတို့ရဲ့ မြို့အရှင်ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်”

ထိုသူများ၏ အမူအရာက ပြောင်းလဲသွားကြ၏။ သူတို့က ကောင်းကင်ဧကရာဇ်သည် သူတို့မြို့အရှင်အား နောက်ဆုံးတိုက်ပွဲတွင် သူမ လုပ်ခဲ့သည့် ကိစ္စရပ်ကြောင့် ပြောဆိုလိုကြောင်း တွေးလိုက်မိသည်။ သူတို့က ထိုရလဒ်ကို ထင်ထားပြီးသားဖြစ်ကာ တန်ပြန်နည်းလမ်းများကို စီစဉ်ထားခဲ့သော်လည်း အလုပ်ဖြစ်ပါ့မလား မသိရပေ။

“အလိုအတိုင်းပါ”

ကိုယ်စားလှယ်များက ဤတွေ့ဆုံပွဲ မတိုင်ခင် ထုံရို့ပင်း၏ သတိပေးမှုကို အမှတ်ရလိုက်ကြသည်။ အကယ်၍ သူမကို ဆင့်ခေါ်ခံခဲ့ရပါက အငြင်းမပွားဘဲ အရာအားလုံးကို တည်တည်ငြိမ်ငြိမ် လက်ခံလိုက်ဖို့သာ ဖြစ်၏။ ထို့ကြောင့် သူက ထိုသူ၏နာမည်ကို သူတို့ဂိုဏ်း၏ ထွက်လမ်းအနေဖြင့် အသုံးပြုမိလုနီးနီးမှ မနည်းတောင့်ခံထားလိုက်ရသည်။

…………………………….

ဝမ်ဝေ့က ရှုရှစ်ကို လှည့်ကြည့်လိုက်သည်။

“စကား ပြောချင်တာလား”

“ဟုတ်ပါတယ်”

“ကောင်းပြီ။ ဒီတွေဆုံပွဲပြီးရင် ဆက်နေလို့ ရပါတယ်”

ဤမြင်ကွင်းက လူများစွာ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ သူတို့က ထိုကမ္ဘာရှိ အားအကောင်းဆုံး အင်အားစုနှစ်ခုကြားတွင် မဟာမိတ်ဖြစ်လာမည်လားဟု စဉ်းစားနေကြ၏။

ရှုရှစ်က မုဆိုးမလှလှလေးဖြစ်ကာ ကောင်းကင်ဧကရာဇ်၏ ဇနီးကမူ လွန်ခဲ့သည့်နှစ်များက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခဲ့သည့်အတွက် လက်ထပ်ပွဲမဟာမိတ် ဖြစ်လာမည်လား။

သို့မဟုတ် တစ်စုံတစ်ခုလား …

လက်ရှိတွင် ရှိနေသည့် လူများစွာက ထိုကိစ္စရပ်ကို မဖြစ်စေချင်ကြပေ။ တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ကောင်းကင်ဧကရာဇ်တို့က စစ်တပ်ဆိုင်ရာနှင့် အာဏာပိုင်းဆိုင်ရာတွင် အားကောင်းလွန်းလှပြီ ဖြစ်၏။ သူတို့က ဤမဟာမိတ်ဖြင့် ပိုမိုကြောက်ဖို့ ကောင်းလာလိမ့်မည်။

ထိုစဉ် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က ထာဝရဧကရာဇ်တစ်ပါး ရှိထားသည့် အင်အားစုတစ်ခုမျှသာ ဖြစ်၏။ နတ်ဆိုးမျိုးနွယ်နှင့် ရှေးဟောင်းမျိုးနွယ်တို့တွင် ကြယ်ခြောက်လုံး ယွမ်ထီ ရှိထားကြသော်လည်း ထိုလူများက ဧကရာဇ်လမ်းစဉ်ထက် တခြားလမ်းစဉ်ကို မကျေနပ်ကြပေ။ ထို့ကြောင့် သူတို့က ကျောင်းတော်၏ အဆင့်ကို အမြင့်ဆုံးအထိ သတ်မှတ်ထားကြသည်။

နောက်ဆုံးတွင် ဝမ်ဝေ့က အနောက်ဘက်တွင် ကွယ်ဝှက်နေနေကြသည့် အထွတ်အထိပ်နယ်မြေ၊ တော်ဝင်နယ်မြေနှင့် စည်းမျဉ်းနယ်မြေတို့ကို ကြည့်လိုက်ကြသည်။ ထိုသူများ၏ အကြောက်ဆုံးအရာက အင်မော်တယ်အကောင်ကြီးကြီးများမှ သတိထားမိသွားမည်ကို ဖြစ်၏။

“မင်းတို့အများစုက ဒီအစည်းအဝေးပွဲမှာ ဘေးဖယ်ခံရသလိုမျိုး ခံစားနေရမယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ အဲ့လို မဟုတ်ဘူး” ဝမ်ဝေ့က ကြေညာလိုက်သည်။

“မင်းတို့တွေ အားလုံးမှာလည်း ကောင်းကင်ခုံရုံးမှာ အနာဂတ်ရှိလာလိမ့်မယ်”

ထိုအားနည်းသည့် အင်အားစုများက ဦးညွှတ်လိုက်ပြီး ဝမ်ဝေ့၏ ရက်ရောမှုနှင့် ကြီးမြတ်မှုကို ချီးကျူးလိုက်ကြသည်။ သို့သော်လည်း သူ့အနေနှင့် သူတို့က ထိုသူများက သူ့စကားကို မယုံကြောင်း ပြောနိုင်လေ၏။ သူတို့က ထိုစကားများသည် သူတို့ကို စိတ်ကျေနပ်ရုံ ပြောခဲ့သည်ဟုသာ တွေးခဲ့ကြပြီး သူ့စကားများကို ဗလာကတိအဖြစ်သာ မှတ်ယူထားကြသည်။

ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းခါလိုက်၏။

“မင်းတို့တွေက ငါ့ကို မယုံဘူးဆိုတာကို သိပေမဲ့ မင်းတို့တွေ ပြင်ဆင်ထားလို့ရအောင် သတင်းအချက်အလက် တချို့ကို ကြိုပြောပြမယ်”

အားလုံးက အသက်အောင့်ကာ နားထောင်လိုက်ကြသည်။

“ကောင်းကင်ခုံရုံးက ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးဆီ ချဲ့ထွင်လိမ့်မယ်။ အဲဒီအခါ ကမ္ဘာတစ်ခုလုံးအတွက် ငါက နောက်ထပ် နတ်ဘုရားတွေအများကြီးကို တာဝန်ချပေးပြီးတော့ တစ်ကမ္ဘာလုံးကို တာဝန်ယူရမဲ့သူတွေလည်း ရှိလာလိမ့်မယ်။ ပြီးတော့ မင်းတို့လက်အောက်က အလယ်အလတ်ကမ္ဘာနဲ့ ကမ္ဘာငယ်တွေရဲ့ နတ်ဘုရားရာထူးက မင်းတို့အပိုင် ဖြစ်သွားလိမ့်မယ်။”

ထိုသတင်းအတွက် တုံ့ပြန်မှုက ရောထွေးလာသည်။ အားနည်းသည့် အင်အားစုများက ကောင်းကင်ဧကရာဇ်သည် အတည်ပြောနေကြောင်း သိသည့်အတွက် ပျော်ရွှင်သွားကြသည်။ တခြားသော အင်အားစုများက ပျော်ရွှင်ကြသည်မှာ သူတို့သည် မဟာကမ္ဘာများအတွက် နတ်ဘုရားရာထူးကို တိုက်ခိုက်နိုင်ကြောင်း သိလိုက်ကြ ၍ဖြစ်သည်။

ဧကရာဇ်တစ်ပိုင်းအဆင့် တစ်ယောက်တည်းဖြင့် မဟာကမ္ဘာအများစုကို မထိန်းချုပ်နိုင်သောကြောင့် အနည်းဆုံး တာအိုဘိုးဘေးတစ်ယောက် လိုအပ်ပေသည်။

သို့သော်လည်း ဧကရာဇ်မျိုးနွယ်မှ ဉာဏ်များသူတချို့က ထိုသတင်းနှင့် ပတ်သက်ပြီး မပျော်ရွှင်ကြပေ။ သူတို့က အလွှာအနိမ့်တွင် သူတို့ကိုယ်ပိုင် ကောင်းကင်ခုံရုံးကို ဖွဲ့စည်းဖို့အထိ ပြင်ဆင်ထားကြ၏။

“ဒီအစည်းအဝေးက တရားဝင်ပြီးဆုံးပြီ” ဝမ်ဝေ့က ကြေညာလိုက်သည်။

“နောက်နှစ်သုံးရာနေရင် ပြန်တွေ့ကြတာပေါ့”

All Chapters