← Chapters

မိတ်ဆွေ ဆက်ဆံရေးအသစ်

Vol. 64 Ch. 893

မိတ်ဆွေ ဆက်ဆံရေးအသစ်

Vol. 64 Ch. 893

အားလုံးက ခုံရုံးမှထွက်သွားပြီးသည့်နောက်တွင် မည်သူကမှ နန်းဆောင်တွင် နေထိုင်ဖို့ မရွေးချယ်ခဲ့ကြပေ။ အထွတ်အထိပ်နယ်မြေ၊ တော်ဝင်နယ်မြေနှင့် စည်းမျဉ်းနယ်မြေတို့က ဤနေရာသည် သူတို့ဂိုဏ်း၏ အကောင်းဆုံးကျင့်ကြံရေး လျှို့ဝှက်နယ်မြေထက် ပိုမိုကောင်းမွန်၍ ဆက်လက်နေလိုကြသော်လည်း ဧကရာဇ်မျိုးနွယ်များကို ကြောက်သည့်အတွက် မလုပ်ဆောင်ရဲပေ။

သူတို့က သတ္တိမရှိသည့်အတွက် ဝမ်ဝေ့က ဘာမှမပြောတော့ပေ။

မည်သိုပင်ဆိုစေကာမူ ဤနေရာများအတွက် အဓိကရည်ရွယ်ချက်က ထိုအင်အားစုများကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်ဖို့ ဖြစ်၏။ သူတို့ကလည်း ထိုအရာကို သိထားကြသည်။

ထို့အပြင် သူက သူတို့ကို မျှားခေါ်ဖို့ အချိန်များစွာ ရှိ၏။ သူတို့အတွက် တွန်းအားတစ်ခု လိုပြီး ရွေးချယ်စရာရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူက ဤမျှအထိ တွန်းအားပေးထားပြီးပြီဖြစ်ကာ တည်ငြိမ်နေခြင်းဖြစ်၏။

ရှုရှစ်ကလည်း ခုံရုံးအစည်းအဝေးအခန်းမှ ထွက်လာကာ ဝမ်ဝေ့နှင့် စကားပြောဖို့ နေထိုင်ရာအဆောက်အဦးဘက် ဦးတည်လိုက်သည်။

ထိုစဉ် သူက ကျန်ရှိနေသည့်သူများကို ကြည့်လိုက်၏။

“နတ်ဘုရားရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြဿနာ မရှိဘူးမလား”

“အင်း … ဘယ်သူတွေကို ထားရမယ်ဆိုတာ ဆုံးဖြတ်ပြီးတာ ကြာလှပါပြီ” မူလအရှင်က ပြောလိုက်သည်။

“ငါတို့တွေ ရာထူးအကုန်လုံး ယူနိုင်ရင် ရှိလာမဲ့ အကျိုးအမြတ်အကြောင်းကို တွေးမိလိုက်ရင် ရင်နာတုန်းပဲ”

“နောင်အနာဂတ်ကို ထည့်စဉ်းစားရမယ်။ အခု ရေတိုပဲ ကြည့်လို့ မရဘူး”

“သိပါတယ်။ အဲဒီအကြောင်းကို တွေးမိရင်တော့ ရင်နာတုန်းပဲ” ဆန့်ကျင်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

“ငါတို့တွေ မျိုးဆက်တစ်ခုအတွင်း မဟုတ်သေးဘူး … နှစ်ခုအတွင်း ဘယ်လောက်တောင် အားကောင်းမလဲဆိုတာကို စိတ်ကူးကြည့်လိုက်စမ်းပါ။”

“ငါတို့တွေ ခံစားရမဲ့ တန်ပြန်သက်ရောက်မှုကိုလည်း တွေးကြည့်လိုက်ဦးလေ” တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ငါတို့ချမှတ်ထားတဲ့ ထုံးတမ်းတွေက ဒီခေတ်ကာလရဲ့ ရှည်ကြာမှုကို လျှော့ချသွားလိမ့်မယ်”

“ဒါတွေ အကုန်လုံးကို သိပါတယ်။ ဒါပေမဲ့ နှမြောမိတုန်းပဲ”

လူများစွာက ထိုလူ၏ စိတ်ခံစားချက်များကို နားလည်သည့်အတွက် သက်ပြင်းချလိုက်ကြသည်။ သို့သော်လည်း သူတို့က ဂိုဏ်း၏ နောင်အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မှန်း သိထားကြ၏။

“နောက်ဆုံးစာရင်းကို ကြည့်ရအောင်” ဝမ်ဝေ့က ထိုသူများ၏ ညည်းတွားမှုများကို လျစ်လျူရှုကာ မေးလိုက်သည်။ အကယ်၍ ထိုသူများ၏ ၉၀ ရာခိုင်နှုန်းသည် သူ့နေရာတွင် ရှိပါက လောဘကို တောင့်ခံနိုင်မည် မဟုတ်ကြောင်း သိထားသည်။ ကျန်ရှိနေသည့် ၁၀ ရာခိုင်နှုန်းကမူ ဂိုဏ်းကို ရာထူးများစွာ ပေးပြီး ထိုအင်အားစုများ၏ ငြင်းပယ်မှုကို လျစ်လျူရှုထားလိမ့်မည်။

မူလအရှင်က ထိုလူများ၏ အငြင်းပွားမှုကို လျစ်လျူရှုထားပြီး သူ့ရွေးချယ်ခံနတ်ဘုရားစာရင်းကို ပြဖို့ တုံ့ဆိုင်းမနေဘဲ ဝမ်ဝေ့ဆီ ပေးလိုက်သည်။ သူက နောက်ဆုံးရလဒ်နှင့် ပတ်သက်ပြီး ဂိုဏ်းမှ အင်အားစုသုံးခုလုံး စိတ်ချမ်းသာစေဖို့ လုပ်ဆောင်ထားခဲ့သည်။

ထို့အပြင် သူက ဂိုဏ်း၏ မဟာမိတ်များကိုပါ မခံစားရအောင် လုပ်ထားပေးခဲ့၏။ ဝမ်ဝေ့က မူလဆေးလုံးဂိုဏ်းကို ချီးမြင့်ထားသည့် ရာထူးကို ကြည့်လိုက်သည်။

“သူတို့တွေက ဘာလို့သံသယဖြစ်ဖို့ ကောင်းနေတာလဲဆိုတာကို သိသွားပြီလား”

“ကျုပ်တို့ စုဆောင်းထားတဲ့ သတင်းအချက်အလက်အရတော့ လက်ရှိဂိုဏ်းချုပ် လော့ချန်က လျှို့ဝှက်ဆန်းကြယ် ဆေးလုံးတစ်လုံးကို ဖော်စပ်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ သူက အတော်လေးကို လျှို့ဝှက်ထားတယ်”

ဝမ်ဝေ့က ထိုအရာကို ကြားကာ မျက်မှောင်ကြုတ်လိုက်သည်။

“ပြဿနာ တစ်ခုခုများရှိလို့လား”

“လော့ချန်နဲ့ ပတ်သက်ပြီး အမှန်တရားတချို့ကို မတွက်ချက်နိုင်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ကျုပ်ထက် အားကောင်းတဲ့သူ တစ်ယောက်ယောက်က သူ့ကို ကာကွယ်ပေးနေတာပဲ ဖြစ်နို်ငတယ်”

“မီးတောက်ဧကရာဇ်လား” မူလအရှင်က မေးလိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ အခြေအနေက အဓိပ္ပာယ်တော့ မရှိဘူး။ တကယ်လို့ ကျုပ်သာ အမှန်တရားကို သိချင်ရင် သူ့ကို မေးလိုက်ရုံပဲ။ သူက ဝင်ရောက်စွက်ဖက်လာမှာလား ဒါမှမဟုတ် သူ လော့ချန်ကို ပေးခဲ့တဲ့ ပုံရိပ်ယောင်က ကာကွယ်မှုက အလိုအလျောက်ဖြစ်ပြီးတော့ ကျုပ်အပေါ် သီးသန့်ပိတ်ဆို့ထားတာမျိုး မဟုတ်တာလား”

မည်သူကမှ ထိုအခြေအနေကို မည်သို့ဖြေရှင်းရမှန်း မသိကြပေ။ ပြောရလျှင် စံပြတစ်ယောက် ပါဝင်ပတ်သက်နေသည် မဟုတ်ပါလော။

“အဲဒါဆို ဘာလုပ်ချင်လဲ”

“စောင့်ကြည့်ရအောင်။ သူတို့တွေက ကျုပ်ဆီကို မလာဘဲ ရှားပါးအရင်းအမြစ်တွေကို စုဆောင်းနိုင်မှာ မဟုတ်ဘူး။ အဲဒါဆိုတော့ ကျုပ်ကို ဆက်သွယ်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

ဝမ်ဝေ့က လော့ချန်သည် ခေါင်းမာလွန်းကြောင်း ပြောနိုင်လေ၏။ သူ့ဈေးပေါလှသည့် ဆရာယဲ့လောင်က သူ့ကို ဆက်သွယ်ပြီး ပူးပေါင်းမှု တောင်းဆိုထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

“သူတို့ကို ဆက်စောင့်ကြည့်ထားတာပေါ့” မူလအရှင်က ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင် အဖွဲ့က ထွက်ခွာသွားပြီး သူတို့ရာထူးကို ယူဖို့ ပြင်ဆင်လိုက်ကြ၏။ တခြားသော အင်အားစုများနှင့်မတူဘဲ တာအိုအခွင့်အလမ်းဂိုဏ်းသား အများစုက ပင်ကိုချီနှင့် အင်မော်တယ်ချီ အကျိုးအမြတ်ကို ခံစားဖို့ ကောင်းကင်ခုံရုံးတွင် နေထိုင်ကြသည်။

ထိုစဉ် ဝမ်ဝေ့က ရွေးချယ်ခံနတ်ဘုရားစာရင်းကို စက္ကန့်ပိုင်းမျှ ကြည့်လိုက်သည်။ ထူးကဲသည့် ဂုဏ်ပုဒ်တစ်ခုကို အာရုံစိုက်သွားမိ၏။

မိဖုရားခေါင်ကြီး

အခု ကောင်းကင်ခုံရုံးက အားနည်းပြီးတော့ အကူအညီများများစားစား မပေးနိုင်သေးဘူး။ ဒါပေမဲ့ သိပ်မကြာခင် ဒီလိုဖြစ်တော့မှာ မဟုတ်ဘူး…

ဝမ်ဝေ့က ပြုံးကာ တွေးလိုက်မိသည်။

ဒီဟာကို ခန်းဝင်ကြေးလို့ပဲ သတ်မှတ်လိုက်ပေါ့…

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ရှုရှစ်ရှိရာ အခန်းဆီ ထွက်လာလိုက်သည်။

“တာအိုရောင်းရင်း စောင့်ခိုင်းတဲ့အတွက် အားနာပါတယ်” ဝမ်ဝေ့က သူမနှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်ကာ ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး” သူမက စည်းချက်ကျကျ အသံဖြင့် ပြန်ဖြေလိုက်၏။

ဝမ်ဝေ့က အဖန်ရည်မှ အငွေ့များထွက်နေသည်ကို မြင်လိုက်ရပြီး ရှုရှစ်က အဖန်ရည် ထည့်ပေးဖို့ ပြင်လိုက်သည်။

“ကျုပ် လုပ်ပေးမယ်”

ရှုရှစ်က သူ့ကို ကြည့်လိုက်၏။ သူက လွန်ခဲ့သည့် မိနစ်ပိုင်းခန့်နှင့် ကွဲပြားသွားလေသည်။ သူက အာဏာကြီး ပုဂ္ဂိုလ်တစ်ယောက်၏ အငွေ့အသက်မျိုး ထုတ်လွှတ်နေခြင်း မရှိတော့ပေ။ အချုပ်အားဖြင့် သူသည် မိတ်ဆွေဟောင်း တစ်ယောက်နှင့် အဖန်ရည် သောက်နေသည့် သာမန်လူတစ်ယောက်နှင့်တူနေသည်။

သူ့ဆွဲဆောင်မှုနှင့် အရှိန်အဝါက ပိုမိုသိမ်မွေ့သွားသည့်အတွက် လူများအား စိတ်အေးလက်အေးဖြင့် စကားကောင်းကောင်းပြောဆိုနိုင်ဖို့ ပိုမိုလွယ်ကူစေသည်။

ထို့ကြောင့် သူမက သူ အဖန်ရည် လောင်းထည့်ပေးနေသည်ကို ကြည့်ရင်း ပြောလိုက်သည်။

“သိုင်းပညာရှင်အများစုက ဒီအဖန်ရည်ကို သဘောကျကြတယ်”

ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် တစ်ငုံသောက်သုံးပြီး မျက်လုံးမှိတ်ထားလိုက်သည်။ စက္ကန့်ပိုင်းအတွင်း သူ့စိတ်ဝိညာဉ်က အပြောင်းအလဲတစ်ခုကို တွေ့ကြုံခံစားလိုက်ရ၏။ သူက ရှုံးပွဲတစ်ပွဲမှ မရှိဘဲ ရန်သူများစွာကို တိုက်ခိုက်ခဲ့သလိုမျိုး စိတ်လှုပ်ရှားနေမိသည်။

“သိုင်းပညာရှင်တွေက ဘာလို့ သဘောကျတယ်ဆိုတာကို သိပြီ” သူက မှတ်ချက်ပေးလိုက်၏။ ထိုအဖန်ရည်ကို သောက်သုံးခြင်းဖြင့် သူတို့သည် တိုက်ပွဲအတွက် အကောင်းဆုံးအနေအထားသို့ ရောက်ရှိသွားနိုင်ကာ ယာယီ တိုးမြင့်မှုရလာနိုင်သည်။

နှမြောစရာကောင်းလှသည်က ထိုအရာမျိုးသည် သူတို့အဆင့်တွင် သက်ရောက်မှုအနည်းငယ်သာ ရှိသည့်အတွက် အပန်းဖြေသည့် အနေဖြင့်သာ သောက်သုံးနိုင်ကြသည်။

“သိုင်းပညာအုပ်စိုးသူကမ္ဘာမှာ ဘယ်လိုနေလဲ”

“ကောင်းလည်း ကောင်းတယ်။ ဆိုးလည်း ဆိုးတယ်” ရှုရှစ်က အဖန်ရည်တစ်ငုံ သောက်ကာ ပြောလိုက်သည်။

“အဲဒီသိုင်းပညာရှင်တွေက သွေးဆူလွယ်ပြီးတော့ တိုက်ခိုက်ရတာကို အတော်လေး သဘောကျကြတယ်။ အဲဒါကြောင့် ဆက်တိုက် တိုက်ပွဲတွေကို ညှိနှိုင်းရတာ ခက်ခဲတယ်။ အဲဒါကြောင့် ကျွန်မ နေသားကျလာခဲ့တယ်။

တစ်စုံတစ်ယောက်ကို တိုက်ခိုက်မှုသက်သက်ကနေ သိအောင် လုပ်တာလည်း အတော်လေးကို ပျော်ဖို့ ကောင်းတဲ့ အတွေ့အကြုံတစ်ခုပဲ။ ကျွန်မရဲ့ အလှတရားနဲ့ မိတ်ဆွေဖွဲ့ပြီး အဆက်အသွယ်တွေ လုပ်ဖို့လည်း ပိုလွယ်ကူခဲ့တယ်။”

“ဒါပေမဲ့ဆိုပြီးတော့ ဆက်ပြောတော့မှာမလား”

“ဟုတ်တယ်။ ကျွန်မရဲ့ နယ်ခြားဇစ်မြစ်က ပေါက်ကြားသွားခဲ့တော့ သူတို့တွေက ရန်လိုလာကြတယ်လေ”

ရှုရှစ်က ထိုအရာသည် သူတို့သမိုင်းကြောင်းကြောင့် ဖြစ်မှန်း သိသည့်အတွက် သူတို့ကို အပြစ်မတင်ပေ။

“ဒီသတင်း ထွက်သွားတာ တိုက်ဆိုင်မှုလို့ ထင်လား”

“ဘယ်ဟုတ်ပါ့မလဲ။ ရှင် ပြောတဲ့ သစ္စာဖောက်တွေ ပါဝင်နေတာလို့ ထင်တယ်”

“အော် ဘယ်လိုဖြစ်ခဲ့တာလဲ”

“ကျွန်မတို့စကားဝိုင်းအပြီးမှာ သူတို့ရဲ့ အရိပ်အယောင်ကို စတင်ရှာဖွေခဲ့ပေမဲ့ ကောင်းကင်အလိုဆန္ဒမတိုင်ခင်အထိ ဘာမှမတွေ့ခဲ့ရဘူး။”

ရှုရှစ်က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် အဖန်ရည်တစ်ငုံ သောက်သုံးလိုက်သည်။

“တိုက်ပွဲ စတာနဲ့ အဲဒီလူတွေက ပေါင်းပြီးတော့ ကျွန်မကို သုတ်သင်ဖို့ လုပ်တော့တာပဲ။ သူတို့တွေက ပူးပေါင်းထားမှန်း သိသာပေမဲ့ နောက်ဆုံးအချိန်ထိ ကျွန်မက မသိခဲ့ဘူးလေ”

“ သူတို့ထဲက တစ်ယောက်လို့ ထင်တာလား”

“တိုက်ပွဲအများစုမှာ ကျွန်မက သံသယပဲ ရှိခဲ့မိတာ” ရှုရှစ်ကရှင်းပြလိုက်သည်။

“သူတို့အားလုံး အတူတူ ပေါင်းလိုက်ရင်တောင် ကျွန်မအတွက် ဘာမှမဟုတ်ဘူး။ ကျွန်မတို့ တိုက်ပွဲက စစ်သူကြီးတွေ၊ တပ်သားတွေ မပါတာလည်း ပိုပြီး ကံကောင်းသွားတာပေါ့။ သူတို့ဆီမှာ ဘာတပ်သားမှ မရှိဘူးလေ”

အကယ်၍ ထိုသူများကိုသာ တပ်သား သုံးဖို့ ခွင့်ပြုပေးပါက တိုက်ပွဲသည် ပိုမိုခက်ခဲသွားနိုင်သည်။

“လူနှစ်ယောက်က သေမျိုးနဲ့ မသေမျိုးကြားက အတားအဆီးကို ချိုးဖောက်နိုင်ပေမဲ့ ကျွန်မအတွက်တော့ ပြိုင်ဘက်မဟုတ်ခဲ့ဘူး” ရှုရှစ်က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မ သူတို့ကို အနိုင်ပိုင်းနိုင်ခါနီးမှာ ထူးထူးဆန်းဆန်း အမျိုးသားတစ်ယောက် ပေါ်ထွက်လာပြီးတော့ အဲဒီနှစ်ယောက်ရဲ့ စွမ်းအားကို စုပ်ယူသွားခဲ့တယ်။ သူကမှ ကျွန်မရဲ့ တကယ့် ပြိုင်ဘက်ပဲ”

သူမက သက်ပြင်းချကာ “ကျွန်မရဲ့ တိုက်ခိုက်စွမ်းရည်က သူ့ထက် မြင့်မားပေမဲ့ သူ့ဆီမှာ ဝှက်ဖဲတွေ အများကြီးရှိတယ်။ ကျွန်မဘဝမှာ တစ်ခါမှမကြားဖူးတဲ့ အရာတွေလည်း ပါတယ်။ သူ့ရဲ့ ထူးထူးဆန်းဆန်း စွမ်းရည်တွေကြောင့် ကျွန်မ အသက်ဆုံးရှုံးလုနီးပါးတောင် ဖြစ်ခဲ့ရသေးတယ်။ အဆုံးသတ်မှာတော့ ကျွန်မ အနိုင်ရခဲ့တာပေါ့”

“အတော်လေးကို ခက်ခဲမဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ရှင့်တိုက်ပွဲနဲ့တော့ မယှဉ်နိုင်ပါဘူး” ရှုရှစ်က ပြောလိုက်၏။ သူမက ထိုတိုက်ပွဲ၏ မှတ်တမ်းကို မြင်တွေ့ခဲ့ဖူးပြီး ကိုယ်တိုင် တွေ့ကြုံခံစားလိုမိသည်။

ကံဆိုးစွာဖြင့် အစစ်အမှန် ကောင်းကင်တာအိုက ဧကရာဇ်အသစ်က တခြားကမ္ဘာ့အသိုက်အဝန်းဆီ သွားကာ ဝင်ရောက်စွက်ဖက်မှုကို တားဆီးဖို့ ကောင်းကင်တာအိုအားလုံးထံ တစ်ချိန်တည်းဆိုသလို အဆုံးသတ်ဖို့ မျှခြေညီစက်ယန္တရားကို ထည့်သွင်းထားလေသည်။

ထို့ကြောင့် သူမ၏ အသွင်ပြောင်းမှုက နောက်ထပ် ၂ နှစ်တာ ကြာမြင့်ခဲ့စဉ် ဝမ်ဝေ့၏ တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။

“မင်းက ဘာနာမည်ကို ယူထားတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“အချိန်လေဟာနယ် ဧကရီ”

“အချိန်က ပင်မတာအိုဖြစ်ပြီးတော့ လေဟာနယ်က မင်းရဲ့ အရန်တာအိုထဲက တစ်ခုပဲ။ မင်းရဲ့ ခင်ပွန်းကို ဆုံးရှုံးပြီးတဲ့နောက်မှာ ခံစားခဲ့ရတဲ့ ဗလာကို ကိုယ်စားပြုတာပေါ့။ နာမည်ကောင်းပဲ”

ဝမ်ဝေ့က သဘောတူစဉ် ရှုရှစ်က အဖန်ရည်တစ်ငုံ သောက်ကာ ရပ်တန့်လိုက်သည်။

“ကျွန်မတို့ရဲ့ အပေးအယူက အကျုံးဝင်သေးတယ်မလား” ရှုရှစ်က မေးလိုက်သည်။

“ဒါပေါ့” ဝမ်ဝေ့က ပစ္စည်းနှစ်ခုကို ဆင့်ခေါ်လိုက်၏။

ရှုရှစ်က ထိုအရာထဲမှတစ်ခုတွင် ရင်းနှီးပြီးသား အငွေ့အသက်ကို ခံစားလိုက်မိသည်။ ထို့နောက် သူမ၏ မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ဖြတ်ပြေးသွားလေ၏။

“ဒီသတင်းအချက်အလက်နဲ့ဆိုရင် တည်ရှိမှုပြန်လည်တည်ဆောက်ချင်ရင် နားလည်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး”

သူမက ထိုပစ္စည်းများကို သိမ်းဆည်းပြီးသည့်နောက်တွင် ကျားပုံစံ ရေးထွင်းထားသည့် ကျောက်စိမ်းပြားနှင့် လဲလှယ်လိုက်သည်။

“ကျွန်မ အားနည်းတဲ့ ဧကရာဇ်မျိုးနွယ်တချို့ကို ထိန်းချုပ်ပြီးတော့ အားနည်းတဲ့ အင်အားစုအသစ်တစ်ခု ဖန်တီးထားတယ်။ ဒီစည်းတံဆိပ်နဲ့ဆိုရင် ရှင် သူတို့ကို ထိန်းချုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မက အလျင်စလို စုစည်းခဲ့ရတာဆိုတော့ သူတို့ရဲ့ စွမ်းအားက ကန့်သတ်ချက်တော့ ရှိတယ်”

ဝမ်ဝေ့က ဂရုမစိုက်ပေ။ သူက သိုင်းပညာအုပ်စိုးသူကမ္ဘာကို လွှမ်းမိုးဖို့ရာအတွက် ထောက်ခံအားတစ်ခု လိုအပ်ခြင်းသာ ဖြစ်၏။ သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက နည်းပါးလွန်းလှပြီး သူတို့၏ လုပ်ပိုင်ခွင့်က ဒိုင်မေးရှင်းအနိမ့်တွင် ပြန့်ကျဲနေသည်။

ထို့ကြောင့် သူက ရှုရှစ်၏ ကိစ္စနှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။

အလဲအလှယ်ပြီးသည့်နောက်တွင် သူတို့၏ စကားဝိုင်းက ချက်ချင်း အဆုံးသတ်မသွားသေးပေ။

ဝမ်ဝေ့က ထိုအခွင့်အရေးကို ရယူကာ ယခင် ပထမတွေ့ဆုံမှုအတွင်း သူ ပြောခဲ့သည့် စကားများအတွက် တောင်းပန်လိုက်သည်။

ရှုရှစ်က အချိန်တော်ကြာကတည်းက သူ ပြောခဲ့သည့်စကားကြောင့် မုန်းတီးဖူးကြောင်း ဝန်ခံထားသည့်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော်လည်း ကိစ္စများက အတိတ်တွင်သာ ကျန်ရှိခဲ့လေပြီ။ သို့သော်လည်း သူမအတွက် ကဗျာတချို့ကို စပ်ခိုင်းခဲ့၏။

ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ သူ့အတိတ်မှ ကဗျာတချို့ကို အရှက်မဲ့စွာ ကူးယူခဲ့သည်။ သူက သူကိုယ်တိုင် ဖန်တီးနိုင်သော်လည်း မိန်းမလှလေးကို ရည်ညွှန်းသည့် ကဗျာများကို ကူးယူခြင်းက ပြန်လည်ဝင်စားသူအားလုံး၏ လုပ်ပိုင်ခွင့်ဟု ခံစားရလေသည်။

နောက်ဆုံး၌ ရှုရှစ် ထွက်မသွားခင် သူတို့က နောက်ပိုင်းတွင် တာအိုဆွေးနွေးဖို့ အချိန်းအချက်ပင် ပြုလုပ်ခဲ့ကြသည်။

All Chapters