နတ်ဘုရားရာထူးများ
Vol. 64 Ch. 894
ရှုရှစ်က ကောင်းကင်ခုံရုံးမှ ထွက်လာပြီးသည့်နောက်တွင် မဟာအဆောင်မြို့တော်မှ ကိုယ်စားလှယ်တစ်ယောက် ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။ သူမက သူတို့ကို တစ်ချက်ကြည့်ကာ ချက်ချင်းရောက်လာမည့်အစား နာရီအနည်းငယ်ကြာပြီးမှ ရောက်လာသည့် အကြောင်းအရင်းကို နားလည်လိုက်၏။
သူမက သူတို့ကို အာရုံမစိုက်တော့ဘဲ ကျောင်းတော်၏ ပိုင်နက်ထဲ ပြန်သွားလိုက်သည်။ သူမက အမှောင်ထဲမှ သူ့မကို စိုက်ကြည့်နေသည့် အကြည့်များစွာကို ခံစားမိ၏။
ရှုရှစ်က တစ်စုံတစ်ခုကို ခံစားမိကာ လူများအပြည့် စောင့်နေသည့် အခန်းအတွင်းသို့ ဦးတည်လိုက်သည်။
“ကျောင်းအုပ်” အားလုံးက ထကာ အရိုအသေ ပေးလိုက်ကြသည်။ ရှုရှစ်က ခေါင်းညိတ်ပြီးသည့်နောက်တွင် သူမ၏ နေရာ၌ ဝင်ထိုင်လိုက်သည်။
“အခြေအနေ ဘယ်လိုလဲ” တစ်ယောက်က မေးလိုက်၏။
“အဆင်ပြေတယ်။ ကျွန်မ လိုချင်တာရခဲ့တယ်” သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်၍ အားလုံးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ လူတချို့က သူမသည် တခြားကမ္ဘာ၌ တာအိုကို သက်သေပြဖို့ ရွေးချယ်ခဲ့သည်နှင့် ပတ်သက်ပြီး မပျော်ရွှင်ခဲ့ကြပေ။ ဆိုလိုသည်မှာ သူတို့ကျောင်းတော်က ၉ယောက်မြောက် ဧကရာဇ်ကို ပြုစုပျိုးထောင်သည့်အတွက် ကံကောင်းမှုနှင့် ကံကြမ္မာကို ရရှိမည် မဟုတ်ပေ။
သို့သော်လည်း တိထျန်းနှင့် ဝမ်ဝေ့တို့ကြားမှ ကြောက်မက်ဖွယ် တိုက်ပွဲကို မြင်တွေ့ပြီး ကောင်းကင်ခုံရုံး၏ ပေါ်ထွက်လာမှုဖြင့် ကမ္ဘာ၏ အာဏာအပြောင်းအလဲကို သင်ယူပြီးသည့်နောက်တွင် သူတို့က သူတို့ဘက်တွင် ထာဝရဧကရာဇ်တစ်ယောက် ရှိသည်က ပို၍ကောင်းမွန်ကြောင်း သိသွားကြ၏။
ထို့ကြောင့် သူတို့က ကျောင်းအုပ်သည် လင်းဖန်ကို အသက်ပြန်သွင်းဖို့ နည်းလမ်းကို လိုချင်နေသည်ဟု တွေးမိကြ၍ လူများစွာက အကြောင်းအရင်းများစွာကြောင့် စိတ်လှုပ်ရှားနေကြသည်။
ပထမဦးစွာ သူတို့က လင်းဖန်သည် လက်ရှိကျောင်းအုပ်၏ တာအိုနှလုံးသားထဲ ပြစ်ချက်ဖြစ်လာမည်ကို စိုးရိမ်ကြ၏။ သူတို့၏ စိုးရိမ်မှုများက အကျိုးအကြောင်း မသင့်ခြင်း မဟုတ်ပေ။ ရှုရှစ်၏ တာအိုနှလုံးသားက လင်းဖန်ကြောင့် မပြီးပြည့်စုံပေ။
ကံကောင်းစွာဖြင့် သူ့သေဆုံးမှုက စွဲလမ်းမှုတစ်ခုမျှသာ ဖြစ်ခဲ့ပြီး တာအိုကို သက်သေပြမည့် ဖြစ်စဉ်အပေါ် သက်ရောက်မှုမရှိခဲ့ပေ။
ဒုတိယအနေဖြင့် လင်းဖန်က ပါရမီ ထူးချွန်သည့် လူတစ်ဦးဖြစ်၏။ ကျောင်းတော်က သူ့အား ဒုတိယမြောက် ကောင်းကင်ဧကရာဇ်အဖြစ် ပြုစုပျိုးထောင်ပေးဖို့ မျှော်လင့်နေကြသည်။
“သူ့ကို မေးခဲ့သေးလား”
“အခုက အချိန်ကောင်း မဟုတ်သေးဘူး” ရှုရှစ်က ပြောလိုက်၏။
“ကျွန်မတို့တွေ အဲဒီကိစ္စမတိုင်ခင် အချိန်တချို့ စောင့်ရမယ်”
“ကောင်းပါပြီ”
“အခု ရွေးချယ်ခံ နတ်ဘုရားစာရင်းနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆွေးနွေးရအောင်။ ဘာတွေများ တွေးမိတာရှိလဲ” ရှုရှစ်က မေးလိုက်သည်။
“ကျုပ်တို့တွေ စာရင်းကို ကြည့်လို့ရမလား” ရှုရှစ်က ခုံရုံးတွင် ဖြစ်ပျက်သမျှ အရာအားလုံးကို ပြန်လည်ပြောပြလိုက်သည်။ လူများစွာက သတင်းအချက်အလက် များများစားစား ပိုသိချင်နေကြ၏။
ထို့ကြောင့် သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် စာရင်းကို ပုံတူပွားကာ အားလုံးကို တစ်ခုစီ ပေးလိုက်သည်။
ထို့ကြောင့် ကျောင်းတော်ရှိ ဆရာတိုင်း အမြင့်ဆုံး ဆန့်ကျင်ကျင့်ကြံသူမှ အားအနည်းဆုံး လေဟာနယ်ဖြိုခွင်းခြင်းအဆင့်အထိ ဤစာရင်းနှင့် ပတ်သက်ပြီး စတင်ဆွေးနွေးနေကြ၏။
“အာကာပြင်နတ်ဘုရား ရာထူးက တန်ဖိုးအရှိဆုံးပဲ” ဆရာတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။
“တိုက်ပွဲတွေက နေ့စဉ် ဖြစ်ပျက်နေတာဆိုတော့ ကောင်းကင်တာအိုက အာကာပြင်ကို ကုစားဖို့ ကမ္ဘာ့အရင်းအမြစ်ကို ဆက်တိုက် သုံးရလိမ့်မယ်”
“အာကာပြင်ကို ဆက်တိုက် အားဖြည့်ပေးနိုင်မှာလား။ ဒီနည်းလမ်းနဲ့ဆိုရင် ဧကရာဇ်တစ်ပိုင်းအဆင့်တောင် တိုက်ခိုက်နေရင် အာကာပြင်ကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး”
ဤသည်က မေးခွန်းကောင်းတစ်ခု ဖြစ်သော်လည်း မည်သူကမှ မဖြေကြပေ။ နတ်ဘုရားရာထူးက စွမ်းအားအရင်းအမြစ် ဖြစ်ဟန်ပေါ်သော်လည်း သူတို့က စွမ်းအားအရင်းအမြစ်ကို သေချာသည့် အနေအထားတစ်ခုရောက်အောင် ဖန်တီးဖို့ စွမ်းအား ရှိရမည်။
အားလုံးက ရှုရှစ်ကို အဖြေအတွက် ကြည့်လိုက်ကြသည်။
“ဟုတ်တယ်” သူမက ကောင်းကင်ဧကရာဇ်မှ သူမလိုမျိုး တိုက်ရိုက်ချပေးထားသည့် နတ်ဘုရားများ၏ စွမ်းအားကို သဘောပေါက်သွားခဲ့သည်။
“ဒါပေမဲ့ အာကာပြင် နတ်ဘုရားရာထူးက စည်းမျဉ်းတချို့တော့ ရှိရမယ်”
“အော် အဲဒါ ပြောပြနိုင်မလား”
“အာကာပြင်ကို အားဖြည့်ပေးရမယ်ဆိုပေမဲ့ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နဲ့အထက် လူတွေ ကူးသန်းသွားလာတာကိုလည်း ခွင့်ပြုပေးရမယ်”
“တခြားကူးသန်းရေး နည်းလမ်းတွေအပေါ်မှာ တားစည်းချက် မရှိဘဲနဲ့ တိုက်ပွဲအတွင်းမှာပဲ ကန့်သတ်ထားရမှာမလား”
“အဲဒါက ခက်ခဲပြီးတော့ အာကာပြင်စည်းမျဉ်း တချို့ကို နားလည်ဖို့ လိုလိမ့်မယ်”
အားလုံးက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူတို့၏ ကျောင်းအုပ်အတွက် ထိုအရာက ပြဿနာ မဟုတ်ကြောင်း သဘောပေါက်သွားကြသည်။
“အဓိကပြဿနာက အာကာပြင်ကို အားဖြည့်ဖို့ ထိုက်တန်ရဲ့လား ဒါမှမဟုတ် လက်ရှိနည်းစနစ်ကို ဆက်လက် အသုံးပြုသင့်လားဆိုတာပဲ”
“အဲဒါက ဘာကိုပြောချင်တာလဲ”
“ကောင်းကင်ခုံရုံးရှိနေမှတော့ တိုက်ပွဲတွေက သမိုင်းကြောင်းတစ်လျှောက် အနိမ့်ဆုံးအနေအထား ရောက်သွားမှာမဟုတ်ဘူးလား”
မှန်ပေသည်။ ခုံရုံးရှိနေလျှင် ကျင့်ကြံသူအများစုက သူတို့ကိုယ်သူတို့ ချုပ်ထိန်းထားကြလိမ့်မည်။ အချိန်ကုန်ဆုံးသွားသည်နှင့် ကောင်းကင်ဧကရာဇ်က ပိုမိုအားကောင်းလာမည်ဖြစ်ကာ အခြေအနေက ပိုမိုဆိုးရွားလာလိမ့်မည်။
“အစောပိုင်းအဆင့်တွေမှာ အဆ့င်နိမ့် တိုက်ပွဲတွေက သိသိသာသာ လျော့ကျသွားမယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ မသေမျိုးအဆင့် တိုက်ပွဲတွေက နောင်နှစ်ထောင်ချီပိုင်းမှာ ပုံမှန်ကိစ္စ ဖြစ်လာလိမ့်မယ်” ရှုရှစ်က ထပ်ပြောလိုက်သည်။
“ငါတို့ ပေးထားတဲ့ အချိန်အရဆိုရင် ဒီရာထူးတွေကို ရွေးချယ်ဖို့ အချိန်က နည်းပါးလွန်းတယ်” ယခင် ကျောင်းအုပ်စုန့်က ပြောလိုက်သည်။
“ဒီလိုဆိုရင် အာကာပြင် နတ်ဘုရားရာထူးက အဖိုးတန်ဆုံး မဟုတ်ပေမဲ့ အလားအလာ အကောင်းဆုံးအနေနဲ့ သတ်မှတ်ထားကြတာပေါ့”
“ဒီရာထူးက မြေကမ္ဘာ နတ်ဘုရားရာထူးဆီ သွားသင့်တယ်”
တောင်ပိုင်းကုန်းမြေ၏ ပိုင်နက်က ကျယ်ပြန့်လွန်းလှသည့်အတွက် လုပ်ဆောင်ဖို့ရာ ကမ္ဘာ့အရင်းအမြစ် အမြောက်အများ လိုအပ်ပေသည်။ မြေကမ္ဘာ နတ်ဘုရားရာထူးက မြေကြီးအောက်ရှိ သတ္တုရိုင်းများကို ဖြေရှင်းရသည့်အခါ သတ္တုနတ်ဘုရားရာထူးနှင့် ဆက်နွယ်ပြီး မီးတောင်ကဲ့သို့သော အရာများနှင့် ပတ်သက်လာသည့်အခါ မီးတောက် နတ်ဘုရားရာထူးက တာဝန်ယူရလိမ့်မည်။
နောက်ဆုံးတွင် မြေချီက ဓာတ်ငါးပါးအနက် အကြွယ်ဝဆုံး စွမ်းအားတစ်ခု ဖြစ်နိုင်သည်။
“ရေနတ်ဘုရား ရာထူးက ပင်လယ်ပိုင်းမှာဆိုရင်တော့ အဖိုးတန်ဆုံးလို့ ယူဆရမယ်။ ဒါပေမဲ့ ငါတို့အတွက်ကတော့ သိပ်ပြီး ဘာမှမဟုတ်ဘူး”
“ငါတို့တွေ ရေနတ်ဘုရား ရာထူးကို မိုးနတ်ဘုရား၊ မြစ်နတ်ဘုရား၊ ရေကန်နတ်ဘုရားနဲ့ တိမ်တိုက် နတ်ဘုရားအဖြစ် ပြန်ပြီးတော့ ခွဲခြားလို့ရတယ်”
“မီးတောက် နတ်ဘုရားရာထူးက တောင်ပိုင်းကုန်းမြေမှာ အတော်လေးကို အဖိုးတန်လိမ့်မယ်။ တောင်ပိုင်းမှာ ပေါ်ထွက်လာတဲ့ ဝိညာဉ်မီးတောက်တွေကို ရယူဖို့ အသုံးပြုနိုင်လိမ့်မယ်”
“ဟုတ်တယ်။ အဲဒီကျွမ်းကျင်အတတ်ပညာရှင်တွေက ငါတို့ကို သဘောကျမှာ သေချာတယ်။ ပိုပြီးကောင်းတာက တောင်ပိုင်းကို ထိန်းချုပ်ရင်းနဲ့ ငါတို့အပေါ် ရန်လိုစိတ်တွေကို လျှော့ချလို့ရနိုင်တယ်”
လူများစွာက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ကြသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က နောက်ထပ် ပြဿနာတစ်ခုကို ထောက်ပြလာခဲ့၏။
“အားနည်းနေတဲ့ ပြဿနာကိုရော ဘယ်လိုဖြေရှင်းမှာလဲ”
နတ်ဘုရားရာထူးက ကောင်းကင်တာအို၏ အလုပ်ကို ယူဆောင်ဖို့ လိုအပ်ပေသည်။ ထို့ကြောင့် သူတို့အင်အား တစိတ်တပိုင်းက သူတို့နတ်ဘုရား ရာထူးအတွက် အမြဲတမ်း ထိန်းသိမ်းထားရလိမ့်မည်။ တခြားနည်းဖြင့် ပြောရလျှင် စာရင်းထဲရှိ နတ်ဘုရားအားလုံးက ကမ္ဘာ၏ လုပ်ဆောင်ပုံကို ထမ်းဆောင်ရ၍ အားနည်းသည့် အခြေအနေတွင် အမြဲတမ်း ရှိနေလိမ့်မည်။
ပဋိပက္ခဖြစ်စဉ်အတွင်း ထိုသို့သော အနေအထားမျိုးက အန္တရာယ် များပြားလာနိုင်သည်။
“တိုက်ပွဲအတွင်းမှာဆိုရင် ရာထူးကို ဖယ်ထားလို့ရလား” ဆရာတစ်ယောက်က မေးလိုက်သည်။
“မရဘူး။ အဲ့လို ခွင့်ပြုမထားဘူး” ရှုရှစ်က ပြောလိုက်၍ အားလုံးက မျက်မှောင်ကြုတ်လိုက်ကြသည်။
“အဲဒါက ကောင်းကင်ဧကရာဇ်ရဲ့ အားလုံးကို အားနည်းစေဖို့ စီစဉ်ထားမှုတစ်ခုများလား”
“ရှင် အများကြီး တွေးလွန်းနေပြီ” ရှုရှစ်က ပြောလိုက်သည်။
“ဒီပြဿနာတွေကို ဖြေရှင်းနည်းက လိုအပ်လာတဲ့အခါ ရှင်တို့နေရာကို ယာယီအစားထိုးနိုင်တဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုကို အသုံးပြုဖို့ပဲ”
ထိုအရာက ဖြေရှင်းနည်းကောင်းတစ်ခု ဖြစ်၏။ သူတို့က သူတို့၏ စွမ်းအားကို သိုလှောင်ထားနိုင်သည့် နတ်ဘုရားပစ္စည်းတစ်ခုကို ဖန်တီးထားပြီး အခြေအနေအရလိုအပ်လာသည့်အခါ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ပေးလိမ့်မည်။
“ကောင်းကင်ဧကရာဇ် အလိုရှိရင် နတ်ဘုရားရာထူးနဲ့ လူတွေက သူတို့ရဲ့ စွမ်းအားကို တိုးမြှင့်ဖို့ ခုံရုံးရဲ့ ကံကောင်းမှုကို အသုံးပြုနိုင်တယ်။”
“အမှန်ပဲ။ အဲဒီကံကြမ္မာတိုင်းပြည်တွေကလည်း အဲ့လိုလုပ်နိုင်တယ်ဆိုမှတော့ ခုံရုံးကလည်း အဲဒီစွမ်းရည် ရှိမှာပဲ”
“အဲဒါဆို မေးခွန်းက သူကရော လုပ်နိုင်မှာလား”
“နောင်အနာဂတ်မှာ စောင့်ကြည့်ရမှာပဲ”
“အရမ်းအရေးကြီးတဲ့ ရာထူးတစ်ခုကို တွေ့ခဲ့ပြီ” အမြဲပြောင်းလဲတာအိုဆရာက ပြောလိုက်သည်။
“ဘာများလဲ”
“မွေးဖွားရေးနတ်ဘုရား” သူက ပြန်ဖြေလိုက်သည်။
“သေမျိုးတွေက ကမ္ဘာရဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်းကိုယူထားပြီးတော့ ကမ္ဘာ့အရင်းအမြစ်က ကမ္ဘာကြီးဆီ ဘဝအသစ်တွေကို ယူဆောင်လာဖို့ လိုအပ်တယ်”
“အဲဒီကိစ္စကို မှားယွင်းတဲ့ အမြင်ကနေ ကြည့်နေမိတယ်လို့ ထင်တယ်” နောက်ထပ် ဆရာတစ်ဦးက ထပ်ပြောလိုက်သည်။
“ဘာကိုပြောချင်တာလဲ”
“သေမျိုးတွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့ နတ်ဘုရားရဲ့ ရာထူးအပေါ် အာရုံစိုက်ထားသင့်တယ်လို့ ထင်တယ်”
အားလုံးက ထိုစကားများကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် ထိုသူပြောသည်က မှန်ကန်ကြောင်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် သူတို့က သေမျိုးများအပေါ် သက်ရောက်မှုရှိစေသည့် ရာထူးများကို ဆွေးနွေးကြပြီး ထိုအရာများကို မည်သို့ခွဲဝေရမည်ကို စဉ်းစားလိုက်ကြသည်။
“စိုက်ပျိုးရေး နတ်ဘုရားကတော့ လူကြိုက်များလောက်တယ်”
“ရာသီဥတု နတ်ဘုရားလည်းရှိရမယ်။ ရာသီဥတုက သေမျိုးတွေအပေါ်မှာ သက်ရောက်မှု အများကြီးရှိတယ်”
တစ်စုံတစ်ယောက်က ခေါင်းစဉ် မပြောင်းခင်အထိ ဆွေးနွေးပွဲ ဆက်လက်ကျင်းပနေခဲ့သည်။
“တစ်ခုခုက ပြဿနာ ဖြစ်နေသလိုပဲ” ယခင်ကျောင်းအုပ်ဟောင်းက ပြောလိုက်၍ အားလုံးက အာရုံစိုက်လိုက်ကြသည်။
“ကောင်းကင်ဧကရာဇ်က ကောင်းကင်တာအိုရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေပေးတယ်ဆိုတော့ သူက ဘယ်ရာထူးကို ယူထားတာလဲ”
ဤသည်က မေးခွန်းကောင်းတစ်ခု ဖြစ်၏။ သူတို့က ကောင်းကင်ဧကရာဇ်သည် အကျိုးအမြတ်ကို သိပြီးသည့်နောက်တွင် မပါဝင်ဘဲ နေလိမ့်မည်ဟု မထင်ပေ။ အချုပ်အားဖြင့် သူသည် အကောင်းဆုံးရာထူးကို ထိန်းချုပ်ထားလိမ့်မည်ဟု ခန့်မှန်းမိ၏။
“ရှင့်တို့မေးခွန်းက လွယ်ပါတယ်။ ဖန်ဆင်းခြင်း၊ ကံကြမ္မာ၊ ကောင်းကင်ဘုံ၊ ရှင်ခြင်း၊ သေခြင်းနဲ့ အချိန်ပေါ့” ရှုရှစ်က ပြောလိုက်သည်။
“မိုးမြေကြားမှာ နေ့စဉ်နေ့တိုင်း အများကြီးဖန်ဆင်းဖို့ လိုတာပဲလေ” အမြဲပြောင်းလဲ တာအိုဆရာက ပြောလိုက်သည်။
“သေမျိုးတွေနဲ့ ကျင့်ကြံသူတွေရဲ့ ကံကြမ္မာကလည်း ပြဿနာ မရှိဘဲ လည်ပတ်ရမှာ။ ကောင်းကင်ဘုံကလည်း ကမ္ဘာရဲ့ အစီအစဉ်ကျမှုတွေ၊ မကျမှုတွေ ပါဝင်နေတယ်။ အဲဒါဆိုတော့ ရွေးချယ်ခံနတ်ဘုရားစာရင်းရဲ့ အဓိကကဏ္ဍက အစီအစဉ်ကျမှု - မကျမှု တာအိုပါဝင်နေတယ်လို့ ထင်တယ်”
“သက်ရှိတွေအားလုံးက တစ်ရက်မှာ သေဆုံးရမယ်။ သက်ရှိတွေက ပြန်လည်မွေးဖွားပြီးတော့ ကမ္ဘာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုတာလည်း ပါဝင်နေတယ်” နောက်ထပ် ဆန့်ကျင်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
“အချိန်က အဲဒီအရာအားလုံးကို ဆက်သွယ်ပေးထားတယ်။”
“သူက သူ့တာအိုကို ဆက်သွယ်ကြည့်မယ်ဆိုရင် သူက ပိုပြီးတော့တောင် အားကောင်းနေနိုင်တယ်”
“ကံနဲ့ ယင်ယန်ကို ပြောတာလား”
“ဟုတ်တယ်။ သူက အဲဒီရာထူးတွေကိုလည်း ထိန်းချုပ်နိုင်လောက်တယ်”
“ပထမတန်းစား ဧကရာဇ်ကပဲ အဲဒီရာထူးမှာ ထိုင်နိုင်တာ မဆန်းတော့ပါဘူး”
ကောင်းကင်တာအိုက ဒုတိယတန်းစားဧကရာဇ်နှင့် တူညီလေသည်။ အကယ်၍ ဒုတိယတန်းစားဧကရာဇ်ကသာ ကောင်းကင်ဧကရာဇ်၏ ရာထူးကို ယူခဲ့ပါက ကမ္ဘာ့အရင်းအမြစ်ကို အစားထိုးပြီး လုပ်ဆောင်ပုံများကို ထမ်းရွက်ဖို့အတွက် သူတို့၏ စွမ်းအားတစ်ဝက်ကို ချန်ထားရလိမ့်မည်။
အဆိုးဆုံးအခြေအနေက တခြားသူများသည် သူတို့၏ ရာထူးကို ရှိထားကြပြီဖြစ်သည့်အတွက် ဧကရာဇ်အတွက် ဝန်ထုပ်ဝန်ပိုးကို မျှဝေယူထား၏။
အကယ်၍ သူတို့သာ နှုတ်ထွက်သွားပြီး ဒုတိယတန်းစားဧကရာဇ်ကသာ အားလုံးကို ထမ်းဆောင်ရပါက ထိုအလေးချိန်အောက်တွင် ချက်ချင်းဆိုသလို ပြိုလဲသွားလိမ့်မည်။
“ကောင်းကင်ဧကရာဇ်ကို တကယ်အားကျမိတယ်။ သူက နောင်အနာဂတ်ကျရင် ကုသိုလ်ဘယ်လောက် ရပြီး ဘယ်လောက်တောင် အားကောင်းလာလိုက်မလဲ”
“သူက အချိန်နတ်ဘုရား ရာထူးကို ပေးမဲ့ အခွင့်အရေးရော ရှိမလား”
အားလုံးက ရှုရှစ်ကို လှည့်ကာ ကြည့်လိုက်ကြသည်။ သူမက သူတို့၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်၏။ သူတို့က သူမ၏ အလှတရားဖြင့် ကောင်းကင်ဧကရာဇ်အား ဆွဲဆောင်ကာ အချိန်နတ်ဘုရားရာထူးကို ရယူဖို့ ကြိုးစားခိုင်းနေခြင်း ဖြစ်သည်။
ဝုန်း
သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ ထိုအတွေးများ ရှိနေသည့်လူများက ထိတ်လန့်သွားကြပြီး သူတို့ရှေ့တွင် ရှိနေသည့်သူက ထာဝရဧကရာဇ် ဖြစ်ကြောင်း အမှတ်ရသွားကြသည်။
ငါ ငါ့စွမ်းအားကို ပြသဖို့ လိုနေတုန်းပဲ… မဟုတ်ရင် အရင်လိုကိစ္စတွေ ထပ်ဖြစ်လာနိုင်တယ်
ရှုရှစ်က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။
ဆွေးနွေးမှုများက ဆက်လက် လုပ်ဆောင်နေစဉ် နောက်ဆုံး ဆုံးဖြတ်ချက်ကို မချနိုင်သေးပေ။ ဤကိစ္စများက လူများစွာ၏ အကျိုးအမြတ်များ ပါဝင်နေလေ၏။
ထို့ကြောင့် ရှုရှစ်က ရပ်တန့်ဖို့ ပြောကာ နောက်တစ်ချိန်မှ ထပ်မံ ဆက်လုပ်ဖို့ ပြောဆိုခဲ့သည်။
ထို့အပြင် သူတို့က သူမက စိတ်ထဲ စဉ်းစားစရာ ကိစ္စတချို့ရှိနေလေ၏။
“နောက်အစည်းအဝေးမှာ ဘာပြောမလဲဆိုတာကို သိပြီ ထင်တယ်”
အားလုံးက သူမကို ကြည့်လိုက်ကြပြီး သူမက အမှန်အကန် ပြောနေတာလားဟု မေးနေဟန်ပေါ်သည်။ ရှုရှစ်က သူတို့ကို မစောင့်ဘဲ လက်ဝှေ့ကာ ပုံရိပ်တစ်ခုကို ဖော်ထုတ်ပြီး သူမ၏ ကောက်ချက်ချမှုအကြောင်း ရှင်းပြလိုက်သည်။
“အဲဒါ အမှန်ဖြစ်မယ်ဆိုရင် အကျိုးအမြတ် များများရအောင် ကြိုတင်ပြင်ဆင်ထားနိုင်တယ်”
“အချိန်ကြပ်နေတာ နှမြောစရာပဲ”