← Chapters

တွေ့ဆုံပွဲ၏ နောက်ဆက်တွဲ

Vol. 64 Ch. 895

တွေ့ဆုံပွဲ၏ နောက်ဆက်တွဲ

Vol. 64 Ch. 895

ရှုရှစ်က အစည်းအဝေးခန်းမမှ ထွက်လာကာ သူမ၏ ကျင့်ကြံရေးအခန်းဆီ ဝင်လာလိုက်သည်။ သူမက အမှတ်အသားကို ထုတ်ကာ ငေးမောရင်း ကြည့်နေမိသည်။

သူမက ဤအခိုက်အတန့်အတွက် အချိန်အတော်ကြာ စဉ်းစားခဲ့ရသော်လည်း ရလဒ်နှင့် ရင်ဆိုင်နေရသည့်အခါ တုံ့ဆိုင်းနေမိသည်။

ငါ ပြောင်းလဲသွားပြီလား။ စွမ်းအားက ငါ့စိတ်ကို သိမ်းပိုက်သွားပြီးတော့ တခြားတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်ပြီလား ဒါမှမဟုတ် ငါ့ရဲ့ စိတ်ရှုပ်ထွေးမှုအတွက် နောက်ထပ်အကြောင်းအရင်းတစ်ခု ရှိနေလား…

သူမက သူမကိုယ်သူမ ပြန်လည်သုံးသပ်နေမိစဉ် ပြဿနာများမှ ထွက်ပြေးနေမိကြောင်း ကောက်ချက်ချလိုက်သည်။ သူမ ခင်ပွန်းနှင့် ဆက်ဆံရေးက သူ့ကို ပြန်လည်အသက်သွင်းပြီးသည့်နောက်တွင် အခြေခံအားဖြင့် ပြောင်းလဲသွားလိမ့်မည်။

သို့သော်လည်း သူက ထိုအချက်ကို လက်ခံချင်မှ လက်ခံလိမ့်မည်။ ထိုအခါ ဘာဖြစ်လာမည်နည်း။

အရှုပ်အထွေးများစွာ ရှိလာမည်ဖြစ်ကာ သေချာ မဖြေရှင်းပါက သူတို့သည် ကိုယ့်လမ်းကိုယ်သာ သွားရလိမ့်မည်။

သူမက အသက်ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

တည်ရှိမှုပြန်လည်တည်ဆောက်တာကို အရင်သင်ယူရအောင်…

ရှုရှစ်ကို သတင်းအချက်အလက်ကို ထုတ်ကာ ကြည့်ရှုဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူမက မစတင်ခင် အခန်းအပြင်ဘက်တွင် တစ်စုံတစ်ယောက်ကို အာရုံခံမိခဲ့၏။

“ဆရာချိုးကျင့် ဘာကိစ္စများ ရှိလို့လဲ” သူမက အံ့ဖွယ်အသိစိတ်မှ တဆင့် တိုက်ရိုက် မေးလိုက်သည်။

“ကျောင်းအုပ်ကို နှောင့်ယှက်မိတာ အားနာပါတယ်။” ချိုးကျင့်က ဦးညွှတ်ကာ ပြောလိုက်၏။

“ကျုပ်ရဲ့ ကျောင်းသားအကြောင်း သိချင်လို့ပါ။”

ရှုရှစ်က မျက်မှောင်ကြုတ်လိုက်ပြီး ကိစ္စများစွာကို သဘောပေါက်သွားခဲ့သည်။ ကျောင်းတော်ရှိ လူတချို့က သူမသည် လင်းဖန်အကြောင်း မပြောသည့်အတွက် စိုးရိမ်နေကြလေ၏။

ထို့ကြောင့် သူတို့က လင်းဖန်၏ ဆရာဟောင်း တစ်ဖြစ်လည်း တာအိုကာကွယ်သူဟောင်းကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။

သူတို့က ဘာကြောင့် အလျင်လိုနေတာလဲ

သူမက ထိုအရာကို အဖြေသိလေသည်။

ပထမဦးစွာ သူမက ကျောင်းတော်မှ ငယ်စဉ်ခါကတည်းက ပြုစုပျိုးထောင်ပေးထားခဲ့သည့် ဧကရာဇ် မဟုတ်ခဲ့ပေ။ ပို၍အရေးကြီးသည်က ကျောင်းတော်သည် လင်းဖန်ကို ဒုတိယမြောက် ကောင်းကင်ဧကရာဇ်အတွက် ပြုစုပျိုးထောင်လိုကြ၏။

လောဘအမှောင်ဖုံးသွားပြီပဲ…

သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းမှ နောက်ထပ် မကောင်းဆိုးဝါး တစ်ယောက် ရှိနေသေးတာကို မေ့နေတာလား…

ရှုရှစ်က တွေးလိုက်မိသည်။

သူ့သားက ပထမဆုံး ကောင်းကင်ဧကရာဇ်ဆိုမှတော့ ဒီလိုမကောင်းဆိုးဝါးရဲ့ လေ့ကျင့်မှုအောက်မှာ လင်းဖန်က ဒုတိယမျိုးဆက်မှာ ဘယ်လိုများ တာအိုကို သက်သေပြနိုင်လိမ့်မယ်လို့ ထင်နေကြပါလိမ့်…

“ကျွန်မ ကြိုးစားနေပါတယ်” ရှုရှစ်က ပြန်ဖြေလိုက်သည်။

“အဲဒီလူတွေကို ဝမ်ထျန်းက ရှိနေတုန်းဆိုတာကို မမေ့ဖို့ ပြောလိုက်ပါဦး”

ချိုးကျင့်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ ဝမ်ဝေ့၏ လွှမ်းမိုးမှုကောင်းသည့် တည်ရှိမှုဖြင့် လူများစွာက ကြောက်မက်ဖွယ်ကောင်းသည့် ဓားသမားအကြောင်းကို မေ့လျော့သွားကြ၏။ သူ့တည်ရှိမှုဖြင့် သူတို့သည် ဒုတိယမြောက် ကောင်းကင်ဧကရာဇ် ဖြစ်လာမည်ဟု မည်သူကများ ပြောရဲမည်နည်း။

ချိုးကျင့်က ထွက်မသွားခင် ဦးညွှတ်လိုက်သည်။

…………………………………..

ဓားရေးစံအိမ်

ကျန့်ဝူရွှမ်းက ကိုယ်စားလှယ်များ ပြန်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။ သူတို့ပေါ်ထွက်လာသည့်အခါ အမြင့်မားဆုံး အစည်းအဝေးကို ကျင်းပခဲ့သည်။ သူတို့က ခုံရုံး၏ အသေးစိတ် အချက်အလက်များကို ပြန်လည်သုံးသပ်ခဲ့ကြ၏။

“အဲဒါဆိုတော့ ကျုပ်တို့ စံအိမ်က ထာဝရဦးသျှောင် တစ်ယောက် ရှိနေတာပေါ့” သူက မတုံးအသည့်အတွက် သူတို့အင်အားစုသည် အရှေ့ပိုင်းကုန်းမြေအတွင်း ရွေးချယ်ခံရသည့် တစ်ဦးတည်းသောသူ ဖြစ်နေရသည့် အကြောင်းအရင်းကို ခန့်မှန်းမိလိုက်သည်။

ထို့ကြောင့် သူက သူ့ဆရာကို အတည်ပြုဖို့ ကြည့်လိုက်သော်လည်း သူ့ဆရာက ယခင်အတိုင်း မသိနားမလည်ဆဲသာ ဖြစ်၏။

“မင်းကို အမှန်တိုင်း ပြောမပြခဲ့မိဘူး” ဓားရေး(၁)က ပြောလိုက်သည်။

“အစောင့်အရှောက်က ငါ တစ်ယောက်ထဲကိုပဲ ဒီသတင်းအချက်အလက်ကို ပြောထားတာ”

“ကိစ္စမရှိပါဘူး” ကျန့်ဝူရွှမ်းက ပြောလိုက်သည်။ သူက မပျော်ရွှင်သော်လည်း ယခုကား ဤကိစ္စကို အာရုံစိုက်နေရမည့်အချိန် မဟုတ်ကြောင်း သိလေသည်။

“အရေးကြီးဆုံးက ဒီစာရင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ”

“ငါတို့ရဲ့ အဓိကပြဿနာက ပင်လယ်မျိုးနွယ်ပဲ။ သူတို့က သူတို့ရဲ့ ပိုင်နက်ကို အလွယ်တကူ ခွဲဝေပေးပါ့မလားဆိုတာ သံသယဖြစ်မိတယ်။ ထာဝရဦးသျှောင်နှစ်ယောက်နဲ့ဆိုရင် ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်”

“အဲ့လိုတော့ မဖြစ်နိုင်ပါဘူး။ ကောင်းကင်ဧကရာဇ်က ပင်လယ်မျိုးနွယ်ကို ယုံကြည်တဲ့ပုံ မပေါ်ဘူး။ ကျုပ်တို့တွေ သူ့နာမည်ကို သတိပေးချက်အနေနဲ့ သုံးပြီးတော့ သူတို့တွေ ဝင်ရောက်စွက်ဖက်တာကို တားဆီးလို့ရတယ်”

“အဲဒါက နည်းလမ်းကောင်းပဲ။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်နဲ့ ပဋိပက္ခဖြစ်စေမှာ မဟုတ်ဘူးလား”

“အဲဒါက ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က ထာဝရဦးသျှောင်ရှိနေတဲ့ အင်အားစုတစ်ခုပဲလေ။ အဆိုးဆုံးအခြေအနေအရဆိုရင် တောင်းပန်ပြီးတော့ အပြုအမူအတွက် ပြန်ပြီး ပေးဆပ်လိုက်ရုံပေါ့”

“အစောင့်အရှောက်ကို မေးသင့်လား”

“ဒီလိုမျိုး အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မချသင့်ဘူး”

ကျန့်ဝူရွှမ်းက ထိုအရာကို ကြားကာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူက ဘာမှမပြောဘဲ သူ့မျက်ဝန်းရှိ စိတ်ခံစားချက်များက အသက်ဝင်နေလေ၏။

ရုတ်ချည်းဆိုသလို အခန်းအတွင်း အားကောင်းသည့် စိတ်ဆန္ဒတစ်ခု ကျရောက်လာသည်။

“ဒီစံအိမ်ရဲ့ အရှင်သခင်က ဘယ်သူလဲဆိုတာကို မမေ့ကြနဲ့” အသက်ကြီးရင့်သည့် အသံတစ်သံက ပြောလိုက်သည်။

“ဂိုဏ်းချုပ် ဒီအစည်းအဝေးပြီးရင် ကျုပ်ကို လာတွေ့လှည့်ပါ”

စိတ်ဆန္ဒက ပျောက်ကွယ်သွားပြီး အားလုံးကို ထိတ်လန့်စွာ ချန်ထားခဲ့သည်။ ထိုစဉ် ကျန့်ဝူရွှမ်းက အကြည့်များ တောက်ပနေ၏။

“ဂိုဏ်းချုပ် ဒီအစီအစဉ်ကို ဘယ်လိုထင်လဲ”

“ပြဿနာမရှိဘူး” ကျန့်ဝူရွှမ်းက ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့တွေ ခုံရုံးနဲ့ ပဋိပက္ခဖြစ်တာကို ကာကွယ်ဖို့ အစီအစဉ်ချထားသင့်တယ်”

“အကြံပြုစရာများ ရှိလို့လား”

“ကျုပ်တို့တွေ ယင်စန္ဒာနန်းဆောင်နဲ့ ဓာတ်ငါးပါးမျှခြေညီ နန်းဆောင်တို့နဲ့ အဖွဲ့ဖွဲ့ပြီး ရှေးဟောင်းမျိုးနွယ်ကို ဖိအားပေးပြီးတော့ အရှေ့ဖက်မှာ နေရာရယူနိုင်တယ်”

“ဒီနည်းလမ်းက အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်က ကျုပ်တို့တွေက ရှေးဟောင်းမျိုးနွယ်တွေနဲ့ ရင်ဆိုင်ဖို့ သူ့ဓားအနေနဲ့ သုံးချင်တာ သိသာတယ်။ ဟုတ်တယ်မလား”

“ကျုပ် မြင်ရသလောက်ဆိုရင် ကျုပ်တို့ဆီမှာ ရွေးချယ်စရာ သုံးခုရှိတယ်” ကျန့်ဝူရွှမ်းက ပြန်ဖြေလိုက်သည်။

“ကျုပ်တို့တွေက ထာဝရဦးသျှောင်နှစ်ယောက်ရှိတဲ့ ပင်လယ်မျိုးနွယ်နဲ့ ရန်သူဖြစ်မှာလား၊ ကြယ်၆လုံး ယွမ်ထီတစ်ယောက် ရှိထားတဲ့ ရှေးဟောင်းမျိုးနွယ်နဲ့ ရန်သူ ဖြစ်မှာလား ဒါမှမဟုတ်ဘူးဆိုရင် ကောင်းကင်ဧကရာဇ်ရဲ့ ရန်သူ ဖြစ်မှာလား။ ဘယ်တစ်ခုကို ရွေးချယ်သင့်လဲ”

သူက အားလုံးကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။

“ကောင်းပြီ။ ရှေးဟောင်းမျိုးနွယ်က အကောင်းဆုံးရွေးချယ်မှုပဲ”

“ကျုပ်လည်း ထောက်ခံတယ်”

ထိုသူများက တွေ့ဆုံပွဲအတွင်း မရှိခဲ့ကြသော်လည်း သူတို့၏ ကိုယ်စားလှယ်များမှတဆင့် ကောင်းကင်ဧကရာဇ်၏ ထိတ်လန့်ဖွယ်ကောင်းမှုအကြောင်းကို တွေ့ကြုံခံစားခဲ့ရသည်။

“ဉာဏ်ရှိတဲ့ ရွေးချယ်မှုပဲ” ကျန့်ဝူရွှမ်းက ပြောလိုက်၏။ အစည်းအဝေးက နာရီပိုင်းကြာ ကျင်းပခဲ့ပြီးသည့်နောက်တွင် ကျန့်ဝူရွှမ်းက အစောင့်အရှောက်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။ သိပ်မကြာခင် သူက အခန်းကို နှစ်ပိုင်း ပိုင်းထားသည့် နေရာဆီ ရောက်ရှိလာသည်။

သူ ရပ်နေသည့်ဘက်အခြမ်းက လင်းထိန်နေသည်။ တခြားတစ်ဖက်ကမူ သူ ဖောက်မမြင်နိုင်သည့် အမှောင်ထုသာ ရှိနေလေ၏။

“ဂိုဏ်းချုပ်”

“အစောင့်အရှောက်ကို တွေ့ဆုံပါတယ်” ကျန့်ဝူရွှမ်းက ဦးညွှတ်လိုက်သည်။

“ကျုပ် စည်းတံဆိပ်က အပြည့်အဝ မဖယ်ထုတ်ရသေးတော့ အခုတွေ့လို့ မရသေးဘူး”

“အစောင့်အရှောက် ဘယ်အချိန်အပြည့်အဝ လွတ်မြောက်လာမလဲဆိုတာ သိလား”

“ကျုပ်လည်း ဒုတိယခုံရုံး အစည်းအဝေးအပြီးမှာပဲ ရက်အတိအကျကို သိလိမ့်မယ်”

ကျန့်ဝူရွှမ်းက ထိုအဖြေအရ ကိစ္စများသည် မရိုးရှင်းကြောင်း ချက်ချင်းအာရုံခံမိလိုက်သည်။

“ကျုပ်ဆီမှာ အချိန်အများကြီး မရှိဘူးဆိုတော့တိုက်ရိုက်ပဲ ပြောတော့မယ်” ထိုအသံပိုင်ရှင်က ပြောလိုက်သည်။

“မင်းအတွက် ဒီမျိုးဆက်မှာ တာအိုသက်သေပြနိုင်ချေ ရှိတယ်ဆိုတာကို ကောက်ချက်ချမိတယ်။ အဲဒါကြောင့် အသင့်ပြင်ထား”

ကျန့်ဝူရွှမ်းက မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ သူ့စိတ်အခြေအနေဖြင့် သူက စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ စံအိမ်ရှိ အမြင့်မြတ်ဆုံးလူရှေ့တွင် သူ့ကိုယ်သူ ရှက်ရွံ့လာမိသည်။

“အရှင်အစောင့်အရှောက် တကယ်ပြောတာပါလား”

“ငါက ဘာလို့ အဲ့ကိစ္စမျိုးကို လိမ်ညာရမှာလဲ” အသံပိုင်ရှင်က ပြောလိုက်သည်။

“အဲဒါဆိုတော့ မင်း အသင့်ပြင်ထားသင့်တယ်။ မင်းရဲ့ အလားအလာ ထိပ်သီးအထိ ရောက်အောင်သွားပြီးတော့ အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်”

“ဟုတ်ကဲ့ပါ” ကျန့်ဝူရွှမ်းက ပြန်ဖြေလိုက်သည်။

…………………………………………………

အနောက်ပိုင်းကုန်းမြေ၊ မိစ္ဆာကျင့်ကြံသူ အစည်းအဝေး

“ကျစ် အဲဒီကောင်းကင်ဧကရာဇ်က ဘာလို့ ငါတို့ကို ပစ်မှတ်ထားနေရတာလဲ”

“ကျိန်ဆဲနေလို့ အကျိုး မရှိဘူး။ ငါတို့တွေ အစီအစဉ် လိုတယ်။ မဟုတ်ရင် ဒီမျိုးဆက်မှာ ငါတို့တွေ ဒုက္ခ တွေ့သွားနိုင်တယ်”

“အရင်အစီအစဉ်ကရော ဘယ်လိုအခြေအနေရှိလဲ” မိုမျိုးနွယ်ခေါင်းဆောင်က မေးလိုက်သည်။

“ဒီလောက်အချိန်တိုလေးအတွင်းမှာ ထာဝရဦးသျှောင်ကို ဘယ်လိုလုပ် ပြုစုပျိုးထောင်နိုင်မှာလဲ” အမျိုးသမီးက ခနဲ့ကာ ပြောလိုက်သည်။

“ကမ္ဘာက စည်းပိတ်ထားတာဆိုတော့ တခြားကမ္ဘာ့အသိုက်အဝန်းကို ဆက်သွယ်ဖို့ အချိန်လည်းမရှိဘူး”

“အခု ပြဿနာက အစီအစဉ် အသုံးဝင်သေးလားဆိုတာပဲ။ ဒီကမ္ဘာကို ကောင်းကင်ဧကရာဇ် မသိပဲနဲ့ ထွက်သွားလို့ ရနိုင်မှာလား။ ငါတို့ လုပ်ဖို့ ကြိုးစားနေတာကို သိသွားရင် ငါတို့ရဲ့ ပျက်သုဉ်းမှုကို အရှိန်မြှင့်လိုက်သလို ဖြစ်မသွားဘူးလား။”

“အဲဒါဆို ငါတို့ ဘာလုပ်သင့်တုန်း”

“အစီအစဉ်အတိုင်း ဆက်လုပ်မယ်”

“ငါ သဘောမတူဘူး”

“အဲဒါဆိုရင် ပိုကောင်းတဲ့ အစီအစဉ်ရှိလို့လား”

“အဲဒီကတုံးဘုန်းကြီးတွေဆီ အရှုံးခံလိုက်မှာလား”

“ဘာ မင်း ရူးနေလား”

“သူတို့တွေက ဓားကို ချပြီးတော့ ဗုဒ္ဓဖြစ်လာမယ်ဆိုတဲ့ သဘောတရား ကိုင်ဆောင်ထားကြတာ မဟုတ်ဘူးလား။ ငါ ပြောတာက သူတို့ဆီ အညံ့ခံလိုက်ပြီးတော့ ဘုန်းကြီးအဖြစ် ပြောင်းလိုက်တာကို ပြောတာ”

“သောက်စကားကို တော်လိုက်စမ်း။ အဲဒီဘုန်းကြီးတွေဆီ အညံ့ခံမဲ့အစား ငါ သတ်သေလိုက်မယ်”

“ငါရောပဲ”

“အဲဒါဆို အဲဒီကတုံးတွေအစား ခုံရုံးဆီ အညံ့ခံတာ ပိုကောင်းလိမ့်မယ်”

“ဟင် မင်းက ဘာကို ပြောချင်တာလဲ”

“ငါတို့တွေက ကောင်းကင်ဧကရာဇ်ရဲ့ လူမိုက်အဖွဲ့ဖြစ်လာဖို့ပဲ လိုတယ်။ အနည်းဆုံးတော့ အဲဒီကတုံးတွေထက်တော့ ကောင်းမှာပါ”

“အဲဒါက အကြံဆိုးတော့ မဟုတ်ဘူးပဲ”

“အဲဒီခွေးကောင် စကားကို နားမထောင်နဲ့။ သူက ခုံရုံးရဲ့ သူလျှိုပဲ နေမယ်”

“မင်းကသာ ခုံရုံးရဲ့ သူလျှိုကွ။ ခွေးကောင် မင်းက ငါ့ကို မုန်းနေတာ။ မင်းက ခိုး…”

“ပါးစပ်ပိတ်ထားကြ…”

“တော်သင့်ပြီ” မိုမျိုးနွယ်ခေါင်းဆောင်က အော်ပြောလိုက်သည်။

“ငါတို့တွေက ပျက်သုဉ်းလုနီးပါး ဖြစ်နေတာကို မင်းတို့တွေက ကြက်တွေလို တကျီကျီ လုပ်နေတုန်းပဲ”

အားလုံးက တည်ငြိမ်သွားကြသော်လည်း လူများစွာ၏ စိတ်ထဲတွင် မျိုးစေ့တစ်ခု စိုက်ပျိုးနိုင်လိုက်သည်။ မိုမျိုးနွယ်ခေါင်းဆောင်က လူတချို့၏ တုံ့ပြန်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုအရာကို သိလိုက်၏။

“ငါတို့တွေ နတ်ဘုရားရာထူးကို ရယူဖို့လိုပြီးတော့ အမြင့်ဆုံးတစ်ခုကို ရယူရမယ်။ အဲဒီနောက်ကျရင် ငါတို့တွေ ထာဝရဦးသျှောင်ကို ပြုစုပျိုးထောင်နိုင်လိမ့်မယ်”

“ငါတို့တွေ ဘယ်လိုလုပ် အဲ့လိုလုပ်မှာလဲ။ ခုံရုံးက ငါတို့ဘက်က မဟုတ်ဘူးဆိုတာကို သိသာနေတာပဲ”

“ငါ့ဆီမှာ အစီအစဉ် သုံးပိုင်း ရှိတယ်” မိုမျိုးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။

“ပထမဦးဆုံး ငါတို့ထဲက တချို့က ခုံရုံးဆီ အညံ့ခံလိုက်ပြီးတော့ သူတို့ရဲ့ နောက်လိုက် ဖြစ်လာရမယ်။ ဒီနည်းလမ်းက ကောင်းကင်ဧကရာဇ်ဆီ ဂုဏ်ကျက်သရေ ယူဆောင်လာနိုင်မှာဆိုတော့ ငါတို့တွေ ရာထူးယူတဲ့နေရာကို ဝင်ရောက်စွက်ဖက်ဖို့ တားဆီးပြီးသား ဖြစ်သွားလိမ့်မယ်။

ဒုတိယအနေနဲ့ ငါတို့တွေ အောင်းရှန်ကို အာရုံစိုက်သင့်တယ်။ သူ့ဆီကနေ ရာထူးတချို့ ယူနိုင်ရင်တော့ အကောင်းဆုံးပဲ။ နောက်ဆုံးအနေနဲ့ ငါတို့တွေ ကိုယ့်အိမ်ကိုယ်ရှင်းပြီးတော့ ကောင်းကင်ခုံရုံးအတွက် အကျိုးပြုရမယ်”

အားလုံးက ထိုစကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို သိကာ အမူအရာပြောင်းလဲသွားကြသည်။

“ဘယ်သူက လုပ်မှာလဲ” နောက်ထပ် မိစ္ဆာတစ်ယောက်က မေးလိုက်သည်။

“ငါတို့တွေ အကောင်းဆုံးဂိုဏ်းကို ခုံရုံးကို လွှတ်လို့လည်း မရသလို အားအနည်းဆုံးလူကိုလည်း လွှတ်လို့ မရဘူး။ အလယ်အလတ် ဖြစ်မှဖြစ်မယ်” မိုမျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည်။

“ရှင်းလင်းရေးအတွက်ကတော့…”

All Chapters