ပြန်လာခြင်း
Vol. 64 Ch. 896
ဝမ်ဝေ့က ကောင်းကင်ခုံရုံးထဲ ရပ်နေကာ သူ့တည်ငြိမ်သည့် မျက်ဝန်းများက မိုးမြေကြားရှိ သက်ရှိအားလုံး၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နှင့် ကံကြမ္မာကို မြင်နေရဟန်ပေါ်သည်။
သူက ထုံရို့ပင်း၏ ရောက်ရှိလာမှုကို တွေ့လိုက်သော်လည်း သူမကို အခန်းတစ်ခုအတွင်း စောင့်ဆိုင်းဖို့သာ သတင်းစကား ပို့လိုက်သည်။ သူ့မျက်ဝန်းက ကမ္ဘာ၏ လျှို့ဝှက်ချက်အားလုံးကို ထိုးဖောက်သွားဟန်ပေါ်၏။
နယ်ရုပ်တွေအားလုံးထဲက တစ်ခုကလွဲရင် အားလုံးနေသားတကျဖြစ်ပြီ…
သူက လေလွင့်ကျင့်ကြံသူ မဟာမိတ်ကို အာရုံစိုက်လိုက်သည်။ သူ တွက်ဆထားမှုအရ အင်အားစုအများစုသည် မဟာမိတ်ကို သူတို့၏ နတ်ဘုရားရာထူးအတွက် ဖိအားပေးကြမည် ဖြစ်ကာ မဟာမိတ်အနေနှင့် ခုံရုံးကို မှီခိုရုံမှအပ ရွေးချယ်စရာရှိမည် မဟုတ်ပေ။
သို့သော်လည်း သူ့ဂမ္ဘီရအရ မဟာမိတ်သည် ထင်ထားသည်ထက် ပိုမိုခေါင်းကြောမာကာ ခုခံဖို့ ရွေးချယ်ခဲ့ကြသည်။ သို့သော်လည်း သူတို့က တောင့်မခံနိုင်ကြောင်း သိထားသည့်အတွက် ဂရုမစိုက်ပေ။
သူတို့တွင် ရွေးချယ်စရာ မရှိတော့ကြောင်း သိရှိသွားပြီးသည့်နောက်တွင် ထောက်ပံ့မှုအတွက် သူ့ဆီ အပြေးအလွှား ရောက်လာကြလိမ့်မည်။
ဝမ်ဝေ့က မိနစ်ပိုင်းကြာ ကြည့်ပြီးသည့်နောက်တွင် မျက်လုံးမှိတ်လိုက်၏။
နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက ပြန်လည်ဖွင့်လာကာ တားမြစ်နယ်မြေတစ်ခု ဖြစ်သည့် အနောက်ပိုင်းသန့်စင်ကောင်းချီးကုန်းမြေကို အာရုံစိုက်လိုက်သည်။
အနက်နှင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် ပုတီးကုံး ဆွဲထားသည့် ဖုန်းဟွမ်၏ ရှေ့တွင် ပစ္စည်းနှစ်ခု မြောလွင့်နေလေ၏။ ညာဖက်ရှိ ပစ္စည်းတစ်ခုက တာအိုဘာသာ စည်းချက်များ ထုတ်လွှတ်နေပြီး ဘယ်ဘက်မှတစ်ခုကမူ ဗုဒ္ဓဘာသာ ရောင်ဝါများ ထုတ်လွှတ်နေသည်။
လက်ရှိ သူ့ကို ကြည့်နေရင်းဖြင့် ညာဖက်ရှိအရာသည် တာအိုဘာသာ ကံကောင်းမှုစုစည်းရေး အသုံးအဆောင်ဖြစ်ကြောင်း သတိထားမိလိုက်၏။ ထိုသို့သော ပစ္စည်းမျိုးက ထိုက်ယီနက်နဲမုခ်တွင် တင်းတင်းကြပ်ကြပ် သိမ်းဆည်းထားသင့်သည့် အရာမျိုး ဖြစ်ပေသည်။
သို့သော် ယခုတွင် ဖုန်းဟွမ်လို ဗုဒ္ဓဘုန်းကြီး တစ်ယောက်ဆီတွင် ရှိနေလေ၏။ လူများစွာက ထိုက်ယီနက်နဲမုခ်သည် ဖုန်းဟွမ်ကို သူတို့ဂိုဏ်းမှ ထုတ်ပယ်ကာ သစ္စာဖောက်ဟု အမည်တပ်ပြီး အဘယ်ကြောင့် အမဲလိုက်နေကြမှန်း နားလည်သွားခဲ့သည်။
…………………………………….
အလယ်ပိုင်းကုန်းမြေ၊ ထိုက်ယီနက်နဲမုခ်
ဖုန်းဟွမ်၏ ပေါ်ထွက်လာမှုကို မြင်တွေ့ပြီးသည့်နောက်တွင် သူတို့က တစ်စုံတစ်ခု ဆိုးဆိုးရွားရွား ဖြစ်ပျက်တော့မည်ဖြစ်ကြောင်း ခံစားမိလိုက်သည်။
“အားလုံးကို ဆင့်ခေါ်ပြီးတော့ သူတို့လုပ်ဖို့ကြိုးစားနေတဲ့အရာကို ငါတို့တွေတားဆီးရမယ်”
သို့သော်လည်း ထိုစကားများကို ပြောလိုက်သည်နှင့် ကြောက်မက်ဖွယ် စိတ်ဆန္ဒတစ်ခုက ဂိုဏ်းအပေါ် ကျရောက်လာကာ အားလုံးကို ဖိအားပေးလာသည်။ ထိုစိတ်ဆန္ဒက အကြည့်တစ်ချက်၏ ရလဒ်မှ ဖြစ်ကြောင်း သိလိုက်ကြသော်လည်း အားအကောင်းဆုံး ဆန့်ကျင်ကျင့်ကြံသူပင် ဒူးများ တုန်ယင်လာသလို ခံစားလိုက်ရ၏။
ကံကောင်းစွာဖြင့် ထိုအကြည့်က ခေတ္တမျှအတွင်း ပျောက်ကွယ်သွားပြီး မမြင်နိုင်သည့် ဒိုင်းကာအနေဖြင့် ယာယီစည်းတံဆိပ်တစ်ခု ချန်ထားခဲ့ကာ ဂိုဏ်းအား နောက်ထပ် နာရီပိုင်းကြာအတွင်း ဝင်ခြင်းထွက်ခြင်းကို တားဆီးထားသည်။
အနောက်ပိုင်းကုန်းမြေ
ဖုန်းဟွမ်က အချိန်သင့်တော်ကြောင်း ခံစားမိကာ စတင်လိုက်သည်။
“အထက်မှ ကောင်းကင်ဘုံ။ ကျုပ် ခံစားခဲ့ရတာတွေကို တုံ့ပြန်ဖို့ တောင်းဆိုပါတယ်။ ဗုဒ္ဓဘာသာက ကပ်ဘေးကို ကြုံတွေ့ခံစားရပြီး မျိုးဆက်များစွာ ပြတ်တောက်ခဲ့ရတယ်။ ကျုပ်တို့တွေက အပြစ်ရှိပေမဲ့ ကံကြွေးကို ပေးဆပ်ခဲ့ပြီးတာ ကြာမြင့်လှပါပြီ။ ကျုပ်တို့ရဲ့ အမှားကနေ သင်ယူပြီးတော့ ပြန်လည်ဆင်ခြင်ပြီးသွားပါပြီ”
သူ့အသံက ကမ္ဘာတစ်ခုလုံးဆီ ပျံ့နှံ့ထွက်သွားသည်။
“ကမ္ဘာမှာ ပြန်လည်ပေါ်ထွက်လာဖို့ အခွင့်အရေးကိုပဲ တောင်းဆိုနေတာပါ”
ထိုစကားများကို ပြောပြီးသည့်နောက်တွင် သူ့မျှော်လင့်ချက် နှလုံးသားကို အသက်သွင်းလိုက်သည်။
ထို့နောက် အချိန်က ချက်ချင်းဆိုသလို ကြည့်ရှုနေသူအားလုံးအတွက် ရပ်တန့်သွားဟန်ပေါ်၏။ ထို့နောက် မြင့်မြတ်ကာ ကြီးမားလှသည့် မျက်လုံးတစ်လုံးက ကောင်းကင်အထက် ထွက်ပေါ်လာသည်။
အစစ်အမှန် ကောင်းကင်တာအို
ဗုဒ္ဓဘာသာ၏ ပျက်သုဉ်းမှုက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံး ပါဝင်ခဲ့သည့်အတွက် အသင်္ချေအင်ပါယာကမ္ဘာက ထိုသို့သော အခြေအနေမျိုးကို အကဲမဖြတ်နိုင်ပေ။
ထို့အပြင် အကဲဖြတ်နိုင်လျှင်ပင် ဝမ်ဝေ့၏ ထိန်းချုပ်မှုအောက်တွင် ရှိမည် မဟုတ်ပေ။ တားမြစ်ခံစစ်ဆေးမှုကဲ့သို့သော အရာမျိုးက သူ့ထိန်းချုပ်မှုကို ကျော်လွန်နေလေ၏။
ထိုမျက်ဝန်းက ဖုန်းဟွမ်ကို ကြည့်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု ယူဆောင်သွားသည်။ ဖုန်းဟွမ်က ကမ္ဘာ့အသိုက်အဝန်းများမှတဆင့် စုဆောင်းထားသည့် ဗုဒ္ဓဘာသာမှ ကုသိုလ်များ ဖြစ်ကြောင်း သိလိုက်၏။
ဒီလောက် ကုသိုလ်အများကြီးလား။ တကယ်လို့ ဝမ်ဝေ့ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ မျှော်လင့်ချက် နှလုံးသားက လုံလောက်မှာမဟုတ်ဘူး။ တကယ်လို့ လုံလောက်ခဲ့ရင်တောင် ငါက အဆင့်နိမ့် ဧကရာဇ်တစ်ပါးပဲ ဖြစ်လာလိမ့်မယ်…
ခရမ်းရွှေရောင် သတ္တုလုံးတစ်ခုက ကောင်းကင်ဘုံမှ ဆင်းသက်လာပြီး ဖုန်းဟွမ်ရှေ့မှောက် ကျရောက်လာသည်။ ကမ္ဘာကြီးက ထိုအရာသည် သူတို့အိပ်မက် မက်နေရသည့် ကောင်းကင်အလိုဆန္ဒဖြစ်ကြောင်း သိသွားသည့်အခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ဖုန်းဟွမ်က တုံ့ဆိုင်းမနေဘဲ ကောင်းကင်အလိုဆန္ဒကို စုပ်ယူလိုက်သည်။ ဝမ်ဝေ့ ဝန်းကျင်တွင် ရှိခဲ့ဖူးသည့် ကာကွယ်ရေးစက်ယန္တရားကဲ့သို့ အလွှာ ပေါ်ထွက်လာလေသည်။
အချိန်ကုန်ဆုံးသွားပြီးသည့်နောက် ဖုန်းဟွမ်၏ အနောက်ဖက်၌ ရွှေရောင်အလင်းဖြင့် ကြာပွင့်က ပေါ်ထွက်လာခဲ့သည်။ လူများက သူသည် မဟာတာအိုအရင်းအမြစ်၏ ၂၀ ရာခိုင်နှုန်းကိုနားလည်ဖို့ ပထမ အတားအဆီးကို ချိုးဖောက်နိုင်ခဲ့ကြောင်း သိလိုက်သည်။
သိပ်မကြာခင် ဒုတိယမြောက် ရွှေကြာလည်း ထွက်ပေါ်လာခဲ့သည်။ ဖုန်းဟွမ်က တုယီနယ်ပယ်အဆင့် ရှိသည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဖြစ်သည့်အတွက် သူ့တာအိုဆန္ဒကို ထုတ်ဖော်ဖို့ရာ ပိုမိုလွယ်ကူသည့်အတွက် မအံ့ဩကြပေ။
စိန်ခေါ်မှုက နောက်ဆုံးအပိုင်း ဖြစ်၏။ လူများစွာက သူသည် ကျရှုံးဖို့ရာ ဆုတောင်းနေကြပြီး အတုအယောင် ထာဝရဧကရာဇ် ဖြစ်လာဖို့သာ မျှော်လင့်နေကြသည်။ လူတချို့က မထူးမခြားနားဖြင့်သာ ကြည့်နေကြ၏။ အနောက်ပိုင်းသန့်စင်ကောင်းချီးကုန်းမြေရှိ ဘုန်းကြီးတချို့ကမူ သူတို့၏ ခေါင်းဆောင် အောင်မြင်ဖို့ရာအတွက် ဆုတောင်းနေကြသည်။
ထာဝရကြာရှည်သည်ဟု ခံစားရပြီးသည့်နောက်တွင် ဖုန်းဟွမ်၏ အနောက်ဖက်၌ တတိယကြာပွင့် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့အမြင်ရုပ်လွှာက ကမ္ဘာနှင့် ဤကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးအထိ ပျံ့နှံ့သွားလေသည်။ ထိုအမြင်ရုပ်လွှာက ကမ္ဘာ့အသိုက်အဝန်း ဒါဇင်ချီအထိ ပျံ့နှံ့သွားပြီး ရှုရှစ်နှင့်ပင် ယှဉ်နိုင်လေသည်။
သို့သော်လည်း ဖုန်းဟွမ်၏ အမြင်အာရုံက ထူးခြားမှုတစ်ခု ပါဝင်နေ၏။ ဝမ်ဝေ့ ဗုဒ္ဓဘာသာကို တိတ်တဆိတ် ဖြန့်ဝေခဲ့သည့် ကမ္ဘာများတွင် ဗုဒ္ဓ၊ ရွှေကြာနှင့် မန္တန်ရွတ်ဖတ်သံများ အမြင်ရုပ်လွှာတို့ ပေါ်ထွက်လာသည်။ မည်သူကမှ အကြောင်းအရင်းကို မသိကြသည့်အတွက် လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်လာသည်။
ဖုန်းဟွမ်၏ အသွင်ပြောင်းမှုက ဝမ်ဝေ့လိုမျိုး မြန်ဆန်လှသည်။ သူက သိပ်မကြာခင် မျက်လုံးဖွင့်လိုက်၏။
“ငါက ဖုန်းဟွမ်” သူ့အသံက မိုးမြေကြား ပဲ့တင်ထွက်သွားသည်။
“ယင်နဲ့ယန်၊ အကြွင်းမဲ့စတင်ခြင်းနဲ့ အကြွင်းမဲ့အဆုံးသတ်ခြင်းကို ကိုင်စွဲသူ။ တာအိုဗုဒ္ဓဘာသာရဲ့ ဖန်တီးသူ။ အခုကစပြီး ငါက တောက်-ဇင် ဗုဒ္ဓဧကရာဇ်ဆိုတဲ့ နာမည်ကို ခံယူမယ်”
ယခုမှစ၍ သူ့နာမည်က သမိုင်းကြောင်းတစ်လျှောက်တွင် ရေးထွင်းခံရလိမ့်မည်။ သို့သော်လည်း ဖုန်းဟွမ်က ကိစ္စများသည် မပြီးဆုံးသေးမှန်း သိသည့်အတွက် စိတ်လှုပ်ရှားခြင်း မရှိပေ။
သူက တာအိုဘာသာ၏ ကံကောင်းမှု စုစည်းရေးရတနာကို ကြည့်လိုက်သည်။ သူက လက်ညှိုးဖြင့် ထိုးလိုက်သည့်အချိန် ကောင်းကင်က ပြောင်းလဲသွား၏။
ဗုဒ္ဓဘာသာ စာလုံးကို ချည်နှောင်ရစ်ပတ်ထားသည့် ကြောက်မက်ဖွယ် သံကြိုးတစ်ခု ပေါ်ထွက်လာသည်။ ထိုသံကြိုးက ကမ္ဘာအနှံ့ပျံ့နှံ့နေပြီး ဤနေရာက မူလဇစ်မြစ် ဖြစ်ပုံပေါ်သည်။
“အကြွင်းမဲ့စတင်ခြင်းမှော်” ဖုန်းဟွမ်က အမုန်းတရားဖြင့် ရေရွတ်လိုက်သည်။ သူက စိတ်ခံစားချက်များကို ထိန်းချုပ်ဖို့ အသက်ပြင်းပြင်းရှူလိုက်ပြီး သံကြိုးများကို အာရုံစိုက်ထားလိုက်၏။
ဖုန်းဟွမ်က သံကြိုးပေါ် အက်ရာတချို့ကို မြင်လိုက်ရပြီး ထိုအရာက နှစ်များစွာ ကြံစည်လာရသည့် ရလဒ်ဖြစ်ကြောင်း သိလိုက်သည်။
အကယ်၍ သူတာအိုဗုဒ္ဓဘာသာ ဖန်တီးပြီး ထိုဘာသာရေးနှစ်ခု၏ ကံကောင်းမှုနှစ်ခုကို အတူရောစပ်ခဲ့၍ကြောင့်သာ မဟုတ်လျှင် ထိုသို့သေးငယ်လှသည့် အက်ကြောင်းက ဘယ်တော့မှ ပေါ်ထွက်လာမည် မဟုတ်ပေ။ ပို၍အရေးကြီးသည်က ထိုအက်ကြောင်း မရှိလျှင် ဗုဒ္ဓဘာသာက ကမ္ဘာအတွင်း ပေါ်ထွက်လာမည့် အခွင့်အရေးရှိမည် မဟုတ်ပေ။
ဖုန်းဟွမ်က လက်ဝှေ့လိုက်ပြီး သူ့မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်လိုက်သည်။ သူက ယင်ယန်စက်ဝန်ကို ဖန်တီးကာ သံကြိုးများကို ကြိတ်ချေပြီး အက်ကြောင်းများစွာ ပေါ်ထွက်လာစေခဲ့သည်။
အကြွင်းမဲ့စတင်ခြင်းက ထာဝရအထွတ်အထိပ်ထက် ပိုပြီးတော့ အားကောင်းတာပဲ…
သူက တိတ်တဆိတ် ခေါင်းခါရင်း မှတ်ချက်ပေးလိုက်သည်။ ထို့နောက် သူက ကံကောင်းမှုစုစည်းရေး အသုံးပစ္စည်းတစ်ခုကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ကောင်းချီး ပေးလိုက်၏။
သူ ရရှိထားသည့်စွမ်းအားအသစ်ဖြင့် သံကြိုး၌ အက်ကြောင်းများစွာ ပေါ်ထွက်လာခဲ့သည်။ ဖုန်းဟွမ်၏ မျက်နှာအထက် မျက်မှောင်ကြုတ်မှုက ပျောက်ကွယ်မသွားသေးပေ။ ထိုဖြစ်စဉ်က အချိန်တချို့ ကြာမြင့်မည်မှန်း သိလေ၏။
သူက ကောင်းကင်တာအို၏ ကာကွယ်မှုအောက်တွင် မရှိတော့သည့်အတွက် ဤအချိန်တွင် ဘာမဆိုဖြစ်ပျက်သွားနိုင်သည်။ သူက ဤသို့အရေးကြီးလှသည့် ဖြစ်ရပ်အတွင်း အပြောင်းအလဲ ဖြစ်မလာစေလိုပေ။
ဖုန်းဟွမ်က ဤမှော်စွမ်းအားကို တတ်နိုင်သမျှ မြန်မြန်ဖျက်ဆီးပစ်ဖို့ အစွန်းရောက် နည်းလမ်းများကို သုံးဖို့ အလျင်အမြန် ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော်လည်း နောက်ထပ် ကောင်းချီးတစ်ခုက သူ့စွမ်းအားကို မြှင့်တင်ပေးနေကြောင်း ခံစားမိလိုက်သည်။
ကောင်းကင်ခုံရုံးရဲ့ ကံကောင်းမှုလား…
သူက သိပ်များများစားစား မပြောဘဲ တွေးလိုက်မိသည်။ သူက ယင်ယန်စက်ဝန်း၏ စွမ်းအားကို မြှင့်တင်လိုက်၏။
ဝုန်း
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သံကြိုးက အလင်းပြောက်များအဖြစ် ပေါက်ကွဲထွက်သွားကာ ဗုဒ္ဓဘာသာစာလုံးက လွတ်မြောက်သွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ် လှိုင်းလုံးတစ်ခုက ဒိုင်မေးရှင်းအနိမ့်ရှိ ကမ္ဘာအားလုံးထံ ပျံ့နှံ့သွား၏။
ဖုန်းဟွမ်၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေသည်။ သူက အဖြစ်အပျက်ကို သိလိုက်၏။ ယခုမှစ၍ ဗုဒ္ဓဘာသာသည် ကြွက်များကဲ့သို့ ပုန်းအောင်းနေစရာ မလိုတော့ဘဲ ပွင့်လင်းမြင်သာစွာ ထွက်ပေါ်လာနိုင်လေပြီ။
သူတို့က လွတ်မြောက်သွားခဲ့လေပြီ။
“အစ်ကို၊ အစ်မ၊ ဆရာ၊ အားလုံး မြင်ရဲ့လား” ဖုန်းဟွမ်က ရေရွတ်လိုက်သည်။
“ကျွန်တော် လုပ်နိုင်ခဲ့ပြီ။ ကျွန်တော် အောင်မြင်ခဲ့ပြီ။ ကျွန်တော်တို့ရဲ့ အမွေအနှစ်က မပြတ်တောက်သွားတော့ဘူး”
သူ့စိတ်ထဲ မှတ်ဉာဏ်များစွာ စီးဝင်လာသည်။ သူက အထီးကျန်မှုဟု သိသည့် ဆေးအတွင်း နစ်မြောနေခဲ့သည်မှာ ခေတ်ကာလများစွာ ကုန်ဆုံးခဲ့ရသည်။ ဖုန်းဟွမ်က ဆုံးရှုံးသွားပြီး ရည်ရွယ်ချက် မရှိတော့သလို ခံစားခဲ့ရသော်လည်း လူတချို့က သူ့အပေါ် ရည်ရွယ်ချက် ထားပေးခဲ့ကြသည်။
ထို့ကြောင့် သူက ရှေ့ဆက် လျှောက်လှမ်းခဲ့ရသည်။ သူက မျှော်လင့်ချက် မရှိဘဲ အဆုံးသတ်လိုလျှင်ပင် သူ့တာဝန်ကို ဆက်လက် ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိလေ၏။
အားလုံးက ယနေ့အတွက် ဖြစ်သည်။
ဖုန်းဟွမ်က အသက်ပြင်းပြင်းရှူကာ စိတ်ခံစားချက်များကို ထုတ်လွှတ်လိုက်၏။ ယခုသူက ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းပြီးပြီ ဖြစ်ကာ နောက်အဆင့်က စည်ပင်ကြွယ်ဝစေဖို့ ဖြစ်သည်။
သူက အနောက်ပိုင်းသန့်စင်ကောင်းချီးကုန်းမြေကို ကြည့်ကာ လက်ဝှေ့လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို အနောက်ပိုင်းကုန်းမြေ၌ ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။ သိပ်မကြာခင် ထိုနေရာက ကမ္ဘာတစ်ခုဖြစ်လာကာ နာမည်တစ်ခု ရေးထွင်းထားသည့် ဝင်ပေါက်တစ်ခုပါ ရှိလာလေ၏။
“ဒီနေ့ကစပြီး ငါ တောက်-ဇင် ဗုဒ္ဓဧကရာဇ်က အနောက်ပိုင်းကောင်းချီးဂိုဏ်းကို တည်ထောင်ခဲ့တယ်။ ကမ္ဘာအနှံ့နှံ့က တာအိုရောင်းရင်းတို့ ဖွင့်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားပါတယ်”
ဖုန်းဟွမ်၏ နောက်အဆင့်က တပည့်များကို ရွေးချယ်ပြီး ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ဖြစ်သည်။
ထို့ကြောင့် သူက ဧကရာဇ်မျိုးနွယ်အားလုံးကို ဖိတ်ကြားဖို့ စီစဉ်ထားကာ ကောင်းကင်ဧကရာဇ်ကိုမူ ကိုယ်တိုင်ဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့သည်။
ဤနည်းလမ်းက ဗုဒ္ဓဘာသာ၏ အမွေအနှစ်နှင့် စွမ်းအားကို ပြသမည့် နည်းလမ်းတစ်ခု ဖြစ်စဉ် အင်အားစုအသီးသီးမှ အရင်းအမြစ်များစွာကို လက်ဆောင်အဖြစ် ရယူနိုင်လိမ့်မည်။
လက်ရှိအခြေအနေတွင် ဗုဒ္ဓဘာသာက ပြန်လည်ရှင်သန်မှုအတွက် အကူအညီများ လိုအပ်နေဆဲ ဖြစ်၏။