← Chapters

တစ္ဆေဝိညာဉ်ဂိုဏ်း

Vol. 19 Ch. 253

တစ္ဆေဝိညာဉ်ဂိုဏ်း

Vol. 19 Ch. 253

ဟန်လိသည် တတိယထပ်သို့ ရောက်လာသည့်အခါ သူ့ထံ ဝေ့ခတ်ဖြတ်သန်းလာသည့် စိတ်ဝိညာဉ်အာရုံများကို ချက်ခြင်း ခံစားမိပြီး သူ့စိတ်နှလုံးပါ တုန်ယင်မိသွားသည်။

သူ့ကို ထောက်လှမ်းလာသော ထိုမှော်စွမ်းအားတို့သည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်၌ ရှိကြပြီး သူကဲ့သို့ အစောပိုင်းအဆင့်ကျင့်ကြံသူတို့ထက် များစွာ ပိုအားကောင်းနေသည်။ ဟန်လိသည် သူ၏ အင်မောတယ်လှိုဏ်ဂူတွင် လေးနှစ်တာ တံခါးပိတ် ကျင့်ကြံခဲ့စဉ်အတွင်း သူ၏ မှော်စွမ်းအားသည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ထိ ရောက်လုရောက်ခင် ဖြစ်ခဲ့၏။ သို့သော် သူသည် ထိုအဆင့်သို့ အမှန်တကယ် ရောက်ရန် အလွှာပါးတစ်ခု တစ်ဆို့နေသေးသည်။ ခုထိလည်း ၎င်းတစ်ဆို့မှုကို မချိုးဖျက်နိုင်သေးသည့်အတွက် ဟန်လိမှာ များစွာ စိတ်ပျက်ရသည်။

တကယ်တော့ လေးနှစ်တာ ကျင့်ကြံခြင်းဖြင့် အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်ထိ ရောက်လုနီးပါး ဖြစ်ခဲ့ခြင်းက သာမန်ကျင့်ကြံသူများ၏ အမြန်နှုန်းထက် များစွ သာလွန်နေခဲ့ပြီ။ ထို့အပြင် ထိုအဆင့်တစ်ဆိုမှုက အခြေခံတည်ဆောက်ခြင်းအဆင့်၌ သူ့အနေဖြင့် ပထမဆုံး တွေ့ကြုံရတာ ဖြစ်၏။ ၎င်းမှာ ဆေးဝါးအကူအညီဖြင့် ချိုးဖျက်နိုင်သည့် အရာ မဟုတ်လေပေ။ ထိုသို့သော အဆင့်တစ်ဆို့မှုကို ချိုးဖျက်နိုင်ရန် အခွင့်အရေးကောင်းတစ်ခု ရဖို့လည်း လိုသေး၏။

သူသည် မတူညီသော ဆေးဝါးများကို သုံးစွဲခဲ့လျှင်ပင် သူ၏ မှော်စွမ်းအားကို နည်းနည်းပါးပါး ပိုနက်ရှိုင်းသွားစေရုံသာ ရှိလိမ့်မည် ဖြစ်၏။ ထိုအဆင့်တစ်ဆို့မှုကိုတော့ လွယ်လင့်တကူ ဖြတ်ကျော်နိုင်မည် မဟုတ်လေပေ။

ဟန်လိက ထိုသို့တွေးနေရင်း တတိယထပ်မှ အခြေအနေကို အကြမ်းဖျဉ်း မြင်တွေ့သည်။

တတိယထပ်မှ သူများသည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများသာ ဖြစ်ကြ၏။ သို့သော် သူတို့မှာ အုပ်စုနှစ်စုကွဲနေတာ သိသာနေသည်။ အုပ်စုတစ်စုမှာ ယွဲ့ဒေသ၏ မဟာဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ သူများ ဖြစ်ကာ ကျန်အုပ်စုကတော့ ပြင်ပဒေသမှ ကျင့်ကြံသူများ ဖြစ်ကြ၏။

မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ငါးယောက်သာ ရှိ၏။ သူတို့က စားပွဲတစ်ခုမှာ ဝိုင်းဖွဲ့ထိုင်ပြီး ခပ်တိုးတိုးဖြင့် စကားစမည် ပြောဆိုလျက် ရှိသည်။ သူတို့က ရင်းနှီးနေကြပုံ ပေါ်၏။ တခြားကျင့်ကြံသူများကမူ ခုနစ်ယောက် ရှစ်ယောက်လောက် ရှိမည် ဖြစ်ပြီး တစ်ယောက်တည်းသပ်သပ်၊ သို့မဟုတ် နှစ်ယောက်တတွဲစီ ထိုင်နေလျက် ရှိ၏။ သူတို့က အေးတိအေးစက် မျက်နှာထားများဖြင့် လဘ္ဘက်ရည် သောက်နေလျက် ရှိပြီး စကားပြောတာဆိုတာ ရှိမနေပေ။

ထိုသို့သော အခြေအနေကြောင့် ဟန်လိသည် ဒီအထပ်၌ ရန်လိုမှုအခြေအနေကို ခံစားမိရသည်။

သူ ရောက်လာမှုက တခြားကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်တာ သဘာဝပင်။ သူ ဝင်လာလာချင်း လှမ်းစူးစမ်းသူများအပြင် တခြားသူများကလည်း သူ့ထံ အကြည့်ရောက်ကာ လေ့လာသည်။ ထို့နောက်တွင်တော့ ဟန်လိသည် ဘာမျှ တွေဝေမနေဘဲ မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများ ထိုင်နေသော စားပွဲထံ ဦးတည်၍ လျှောက်လာ၏။ တကယ်တော့ သူသည်လည်း ထိုဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲမှ တစ်ယောက် မဟုတ်ပါလား။

ဟန်လိ၏ လှုပ်ရှားမှုကြောင့် ပြင်ပဒေသမှ ကျင့်ကြံသူများက သူတို့၏အကြည့်ကို ပြန်ရုတ်သိမ်းသွားကြ၏။ ထို့နောက်တွင်မူ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ သူများက ထရပ်ကာ ဟန်လိကို ပြုံး၍ ကြိုဆို၏။

အဝါရောင်မေပယ်တောင်ကြား၏ ဝတ်စုံကို ဝတ်ထားသည် ဖြစ်ရာ ဟန်လိသည် ထူးထူးထွေထွေ ပြောပြနေရန် မလိုတော့ပေ။ ထိုသူများက သူ့ကို အဝါရောင်မေပယ်တောင်ကြားမှ သူမှန်း သိကြမည်သာ။

“ ကျုပ်ကတော့ အဝါရောင်မေပယ်တောင်ကြားက ဟန်လိပါ။ စီနီယာအစ်ကိုနဲ့ အစ်မတွေကို နှုတ်ဆက်ပါတယ်…” ဟန်လိက နှုတ်ဆက်ကာ ယဉ်ကျေးမှုအရ အရိုအသေပေးသည်။ သူ့ရှေ့ရှိ ငါးယောက်တွင် သုံးယောက်က အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်များ ဖြစ်ကာ ကျန်နှစ်ယောက်ကတော့ သူကဲ့သို့ပင် အစောပိုင်းအဆင့် ဖြစ်လေ၏။

ဂျူနီယာညီလေးဟန်…ကျုပ်က ဗလာသန့်စင်ဂိုဏ်းက ဝူဖာကျိပဲ။ သူကတော့ ဂျူနီယာညီငယ် ဝူယောက်ကျိ ဖြစ်တယ်။ ဒီသုံးယောက်ကတော့ ဝိညာဉ်သားရဲတောင်က ဂျူနီယာညီငယ်ဝူ၊ ဓားဘီလူးဂိုဏ်းက စီနီယာအစ်ကို

“ဂျူနီယာညီလေးက ရောက်လာမှတော့ အရင်ဆုံး ဒီဆိုင်ရဲ့ နာမည်ကျော် နှင်းလုံးလဘ္ဘက်ရည်ကို မြည်းစမ်းကြည့်လိုက်အုံး။ ဒီလဘ္ဘက်ရည်ဆိုင်ဟာ ကျုပ်တို့လို အပြင်က လာတဲ့ ကျင့်ကြံသူတွေအတွက် သေချာ ကျကျနန စီစဉ်ပေးထားတဲ့ဆိုင်ပဲ…”

ဝိညာဉ်သားရဲတောင်မှ ကျင့်ကြံသူဝူသည် ပျော်တတ်ရွှင်တတ်ဟန်ရသော သက်လတ်ပိုင်းအရွယ် ရှိသူတစ်ယောက်ပင်။ ဟန်လိ သူတို့ဝိုင်းမှာ ထိုင်သည်နှင့် သူက ချက်ခြင်း လဘ္ဘက်ရည်အိုးကို ကမ်းပေးပြီး ဟန်လိအတွက် စိတ်ဝိညာဉ်အတွက် လန်းဆန်းတက်ကြွစေသော အဖြူရောင်လဘ္ဘက်ရည်ကို ခွက်ထဲ သွန်းငှဲ့ပေးသည်။

ဟန်လိက ထိုသူ့ကို ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး အာစွတ်ရုံ သောက်ကြည့်သည်။

“လဘ္ဘက်ရည်ကောင်းပဲ…” ဟန်လိက သည်လဘ္ဘက်ရည်ကို မချီးကျူးမိဘဲ မနေနိုင် ဖြစ်ရ၏။

အနှီလဘ္ဘက်ရည်ကို သောက်ပြီးပြီးချင်းမှာ ဟန်လိ၏ ဝမ်းဗိုက်ထဲမှ အေးမြမှုအနည်းငယ် မြင့်တက်လာ၏။ ထိုလဘ္ဘက်ရည်သည် သူ့အာဂတွင်း တလျောက် မွှေးရနံ့သင်းသင်းကို စွဲထင်ကျန်စေခဲ့သည်။

ကျင့်ကြံသူဝူက ဟန်လိ၏ လဘ္ဘက်ရည်ကို ချီးကျူးသံကို ကြားသည့်အခါ သူ့အပြုံးက ပို၍ ပီပြင်လာ၏။

“ဂျူနီယာညီလေးဟန်ကို သိပ်မသိသလိုပဲ။ မင်းက အဝါရောင်မေပယ်တောင်ကြားက လက်ခံထားတဲ့ အရည်အချင်းရှိလှတဲ့ တပည့်သစ်တစ်ယောက်များလား…”

အသက်နှစ်ဆယ်ဝန်းကျင်ရှိ ဂျူနီယာညီမဖန်က ထိုသို့ မေးလာ၏။

“ကျုပ်ဆရာက လီဟွာယွမ်ပါ။ ကျုပ်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်ပြီးတဲ့နောက် သူက တရားဝင် သူ့တပည့်အဖြစ် လက်ခံခဲ့ပါတယ်။ ကျနော်က အပြင်ထွက်ခဲတော့ ကိစ္စအများအပြားကို မသိပါဘူး။ စီနီယာအစ်ကိုနဲ့ အစ်မတို့က ကျနော့်ကို နည်းနည်းပါးပါး လမ်းညွှန်ပြသပေးနိုင်ပါတယ်…”

“ကျုပ်တို့က မင်းကို ဘယ်လိုလုပ် ညွှန်ကြားပြသပေးနိုင်မှာလဲ။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံချင်း အပြန်အလှန် ဖလှယ်နေကြတာပါ။ ဂျူနီယာညီလေးဟာ သိုင်းစီနီယာစီရဲ့ တပည့် ဖြစ်လာနိုင်စွမ်း ရှိပြီး ဒီလောက် အသက်အရွယ် ငယ်ငယ်နဲ့ ခုလိုအဆင့်ထိ ရောက်နေတာဆိုတော့ ကျိန်းသေပေါက် ထူးချွန်မှာပဲ။ မင်းကိုယ်မင်း နှိမ့်ချနေဖို့ မလိုပါဘူး…”

သည်တစ်ခါ ပြောလာသူမှာ ဓားဘီလူးဂိုဏ်းမှ သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဖြစ်၏။ ထိုသူ၏ ပုံပန်းသွင်ပြင်က ထောက်ထားညှာတာမည့်ဟန် ရှိသော်လည်း သူ့ပါးစပ်မှ ထွက်လာသော စကားလုံးများထဲတွင်မူ ထိုသို့သော အရိပ်အယောင် လုံးဝ လုံးဝ ပါမနေပေ။ သို့အတွက် ဟန်လိမှာ အံ့အားတသင့် ဖြစ်သွား၏။

ဟန်လိက နောက်ထပ် နှိမ့်နှိမ့်ချချ စကားအချို့ကို ထပ်ပြောသည်။ ထိုသို့ဖြင့် ငြိမ်သက်တိတ်ဆိတ်နေသော ပိန်ပိန်ပူပူ ဝူယောင်ဇီကလွဲ၍ ဟန်လိနှင့် တခြားသူများသည် အတွေ့အကြုံများကို စိတ်လှုပ်တရှား ဆွေးနွေးကြကုန်သည်။

ထို့နောက်တွင် ဟန်လိသည် သူ သိချင်နေသော မေးခွန်းတစ်ခုကို မေးလိုက်၏။

“အစောပိုင်းလေးတုန်းက စီနီယာအစ်ကိုတို့က ဘာအကြောင်းများ ပြောနေခဲ့တာလဲ…”

“ထွေထွေထူးထူး မဟုတ်ပါဘူး။ ကျုပ်တို့က ပြင်ပနိုင်ငံကသူတွေ ယန်လင်းရဲတိုက်ဆီ ဘာကြောင့် ရောက်လာခဲ့လဲဆိုတဲ့အကြောင်းကို ဆွေးနွေးနေကြတာ။ ဒါက တကယ်ပဲ ပုံမှန် မဟုတ်ဘူး။ ယန်လင်းစေတီဟာ အဖိုးတန်လွန်းတယ် ဆိုပေမယ့် ဒီရတနာနဲ့တော့ အဲ့လူတွေကို မစွဲဆောင်နိုင်တာ သေချာတယ်…”

ဝူဖန်ဇီသည် ဟန်လိ၏ မေးတာ ကြားသည့်အခါ သူက လေးလေးနက်နက်ဟန်ပန်ဖြင့် ပြန်ဖြေသည်။

ထိုစကားလုံးများက ဟန်လိ၏ သံသယများကို ပပျောက်သွားစေသည်။ သူသည် ဝူဖန်ဇီ၏ အဖြေကို သဘောတူကြောင်း ထပ်ခါထပ်ခါ ခေါင်းညိတ်နေ၏။

“အစောပိုင်းတုန်းက ကျုပ်တို့ ကိစ္စတစ်ခုနဲ့ ပတ်သတ်လို့လည်း ဆွေးနွေးခဲ့ကြသေးတယ်။ ဒါပေမဲ့ ကောက်ချက် မချနိုင်ခဲ့ဘူး…”

“ကျမတို့က ဒီနေရာမှာ တမူထူးခြားလွန်းတဲ့ ရတနာတစ်ခု ပေါ်လာဖို့ဟာ သိပ်မမြင့်မားလောက်ဘူးလို့ ခံစားမိတယ်။ တကယ်လို့ အဲ့လိုသာ ဖြစ်လာခဲ့ရင်လည်း အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေသာမက အမြုတေအဆင့်ကျွမ်းကျင်သူတွေပါ ဒီကို ရောက်နေတာ ကြာနေလောက်ပြီ။ ခုလောက်ထိ အေးအေးချမ်းချမ်း ရှိနေလိမ့်မှာ မဟုတ်လောက်ဘူး။ သူတို့ရဲ့ အမှန်တကယ် အကြောင်းရင်းတွေကိုတော့ ကျမတို့မှာ သိနိုင်တဲ့ နည်းလမ်း မရှိပါဘူးလေ…”

မျှော်စင်ရဲတိုက်ဂိုဏ်းမှ အမျိုးသမီးဖန်က ထိုသို့ ပြောသည်။

“ကျုပ်တို့က လက်လွတ်စပယ်တော့ သံသယဖြစ်နေတာကျတော့ မသင့်တော်ဘူးလေ။ သေချာတာကတော့ ရတနာရှာဖွေခြင်းစုဝေးပွဲ စမယ့် လာမယ့်နှစ်ရက်မှာ အရာအားလုံးကို သိသွားလိမ့်မယ်။ ကျုပ်ကတော့ ဒီကနေ့ ရောက်လာတဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေနဲ့ ပတ်သတ်ပြီး မလွယ်ကူသလို ခံစားမိတယ်။ ဒီလူတွေက သိပ်ပုံစံ မကျဘူးလို့လည်း ကျုပ် ခံစားမိတယ်။ သူတို့ဟာ ယန်ဂိုဏ်းက တပည့်တွေကို အကြိမ်ကြိမ် အနိုင်ယူပြီး ပြဿနာ တော်တော် ရှာခဲ့ကြတယ်။ ဒီထဲမှာ သူတို့ရဲ့ ဇစ်မြစ်ကို သိတဲ့ တယောက်ယောက်များ မရှိဘူးလား…”

ဝူအမည်ဖြင့် သက်လတ်ပိုင်းလူက မျက်မှောင်ကြုံ့ကာ ထိုသို့ မေးလာသည်။ သူသည် တစ္ဆေဝိညာဉ်ဂိုဏ်းမှ သူများနှင့် ပတ်သတ်ပြီး အမှန်တကယ် မလွယ်ကူသလို ခံစားနေရပုံ ပေါ်သည်။

ကျင့်ကြံသူဝူ၏ မေးခွန်းက ဟန်လိတို့ ကျင့်ကြံသူအုပ်စုကို တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်မိသွားစေသည်။

သူတို့သည် ထိုဂိုဏ်း၏ အမည်ကို ခုမှ ပထမဆုံး ကြားဖူးတာ ဖြစ်၏။ သို့သော် ထိုသူများ၏ ဂိုဏ်းအမည်အားဖြင့်ပင် သူတို့သည် လမ်းမှန်အုပ်စုမှ မည်သို့ ဖြစ်နိုင်ပါတော့မည်နည်း။ သူတို့သည် မိစ္ဆာတာအိုလမ်းစဉ်ကို ကျင့်ကြံသူများ ဖြစ်ဖို့များသည်။ ထိုအုပ်စုသည် အနီးအနားနိုင်ငံတစ်ခုမှ ဂိုဏ်းတစ်ခု ဟုတ်နေလား၊ မဟုတ်နေလားကိုလည်း မည်သူကမျှ မသိကြပေ။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ သူတို့သည် ယန်ဂိုဏ်းကဲ့သို့ ဒေသခံအင်အားစုကြီးတစ်ခုကိုပါ ထိတ်လန့်စေနိုင်ခဲ့သည်။

ခုထိ ဘာတစ်ခွန်းမှ မဆိုသော ဝူယောင်ဇီမှလွဲ၍ အများစု၏ အမူအရာများသည် ပျက်ယွင်းကုန်သည်။ သူတစ်ယောက်၏ အမူအရာကသာ မပြောင်းလဲသွားတာ ဖြစ်၏။ သူသည် ထိုတစ္ဆေဝိညာဉ်ဂိုဏ်းအကြောင်း တစ်ခုခု သိထားပုံ ရသည်။ လူတိုင်းက သူ့ထံမှ ယင်းဂိုဏ်းအကြောင်း သိရဖို့ မျှော်လင့်မိနေသည်။

“ဂျူနီယာညီလေး…မင်း တစ္ဆေဝိညာဉ်ဂိုဏ်းအကြောင်းကို သိလား…”

ဝူဖေးဇီက အကြီးအကျယ် အံ့အားသင့်ဟန်ဖြင့် မေးလာသည်။ သူ၏ ဂျူနီယာညီလေးသည် တခြားသူများနှင့် ရောရောနှောနှော ပတ်သတ်ဆက်ဆံရတာကို သဘောမကျသူ ဖြစ်၏။ သို့သော် သူသည် စာအုပ်မျိုးစုံံကို အရူးအမူး ဖတ်ရှုရတာတော့ ခုံမင်သူ ဖြစ်သည်။ သူက တစ္ဆေဝိညာဉ်ဂိုဏ်းအကြောင်း နည်းနည်းပါးပါးတော့ သိထားတာ ဖြစ်နိုင်လောက်၏။

“တစ္ဆေဝိညာဉ်ဂိုဏ်း၊ ထျန်လောဒေသရဲ့ ဂိုဏ်းခြောက်ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ။ သူတို့ဟာ တစ္ဆေတွေကို ထိန်းချုပ်၊ နတ်ဆိုးတွေကို ကျေးကျွန်လုပ်ခိုင်းတဲ့ နေရာမှာ ကျွမ်းကျင်ကြတယ်။ သူတို့ဟာ အဆိပ်ပညာရပ်များစွာနဲ့ တချို့ အမှောင်ပညာရပ်တွေမှာလည်း ကျွမ်းကျင်မှု ရှိတယ်။ သူတို့ဟာ အဲ့ဂိုဏ်းခြောက်ဂိုဏ်းထဲမှာ အားအနည်းဆုံး ဖြစ်ပေမယ့် ယွဲ့ဒေသရဲ့ အသန်မာဆုံးဂိုဏ်းဖြစ်တဲ့ လမျက်နှာဖုံးဂိုဏ်းထက်တောင် ပိုပြီး အားကောင်းသေးတယ်၊ ချမ်းသာသေးတယ်…”

ဝူယောင်ဇီသည် ခေါင်းမော့လာကာ ထိုသို့ အေးစက်စက် ပြောပြပြီးနောက် သူသည် တဖန် ပြန်တိတ်ဆိတ်သွားသည်။ သို့ပေမည့် သူ၏ စကားလုံးအချို့က လူတိုင်း၏ အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေဖို့ရာ လုံလောက်နေသည်။

“ထျန်လောဒေသရဲ့ မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလား။ ယန်းဂိုဏ်းက သူတို့ကိုယ်သူတို့ အရှက်ရကြောင်း ဝန်ခံကြတာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူတို့ဟာ ကျုပ်တို့ ဂိုဏ်းခုနစ်ဂိုဏ်းထက်တောင် အဆများစွာ ပိုအစွမ်းထက်မှာ သေချာတယ်။ ကျုပ်တို့ ဒေသတွင်းမှာဆို ဖန်တုဒေသရဲ့ လမ်းမှန်တာအိုမဟာမိတ်အဖွဲကလွဲလို့ ဘယ် တခြားနိုင်ငံက ကျင့်ကြံသူတွေကမှ သူတို့ ကျူးကျော်လာတာကို ခုခံနိုင်စွမ်း ရှိကြမှာ မဟုတ်ဘူး…”

ဓားဘီလူးဂိုဏ်းမှ လူသည် ဖြူရောသော ဟန်ပန်ဖြင့် ထိုသို့ ပြောလိုက်သည်။

“ဒါနဲ့ ပတ်သတ်ပြီး ကျုပ်တို့ အမှားတစ်ခုမှ လုပ်လို့ မဖြစ်ဘူး။ ယွဲ့ဒေသကို ခုလိုစွမ်းအားစုကြီးက ရောက်လာပြီး ရတနာရှာဖွေခြင်းစုဝေးပွဲလို သေးသေးမွှားမွှားပွဲလေးကို ဘယ်လိုကြောင့်များ ပါဝင်လာရတာလဲ…”

အမျိုးသမီးဖန်က ထိုသို့ မေး၏။ သူမ၏ စကားလုံးထဲတွင် သံသယအချို့ ပါဝင်နေသည်။

“(ကောင်းကင်တောင်ပိုင်းစာ)၊ ဒုတိယမြောက်စာလိပ်၊ အခန်းလေး…”

ဝူယောင်ဇီက အေးစက်စက်လေသံဖြင့် ထိုသို့ ပြောပြန်သည်။

“အန်…” ထိုအမျိုးသမီးကျင့်ကြံသူဖန်မှာ အစပိုင်း၌ ဝူယောင်ဇီ၏ စကားက ဘာကိုဆိုလိုမှန်း မသိ ဖြစ်သွားသည်။ သို့သော် ခဏအကြာတွင် သူမက သူ့စကား၏ ဆိုလိုရင်းကို သဘောပေါက်သွားလေ၏။

ဂိုဏ်းကြီးတိုင်း၌ ‌ရှေးဟောင်းမှတ်တမ်းများစွာ ပိုင်ဆိုင်ထားကြ၏။ ယင်းမှတ်တမ်းများထဲတွင် နိုင်ငံတိုင်း၏ ဆက်ဆံပတ်သတ်မှု၊ အလေ့အထများနှင့် စိတ်ဝင်စားဖို့ ကောင်းသော ပုံပြင်ဇာတ်လမ်းများ၊ စိတ်ကူးယဉ် ဇာတ်လမ်းများအချို့လည်း ပါဝင်သည်။ ယင်းတို့သည် ကျင့်ကြံခြင်းလောက၏ ကိစ္စကိရပ်များအပေါ် အနည်းအပါးတော့ ထိမိတွေ့မိနိုင်သည်။ သို့ပေမည့် ထိုသို့သော မှတ်တမ်းများက များပြားလွန်းသောကြောင့် အမျိုးသမီးကျင့်ကြံသူဖန်သည် စာအုပ်အနည်းငယ်ကို ခပ်မြန်မြန် လှန်လှောကြည့်ပြီးနောက်မှာ အင်တင်တင်ဟန် ဖြစ်ပေါ်လာသည်။ တစ္ဆေဝိညာဉ်ဂိုဏ်း၏ အရေးကိစ္စကို ထိုမှတ်တမ်းများထဲ၌ တွေ့နိုင်လောက်လား။

သူမ တစ်ယောက်တည်း ထိုသို့ ဖြစ်သွားတာ မဟုတ်ပေ။ တခြားသူများမှာလည်း သံသယ ဖြစ်ကုန်သည်ပင်။ ဝူယောင်ဇီက မပြောချင်ပြောချင်လေသံဖြင့် ပြောလာသည်။ “ဒုတိယမြောက်စာလိပ်မှာ တစ္ဆေဝိညာဉ်ဂိုဏ်းအကြောင်း အသေးစိတ် ဖော်ပြထားရုံသာမက ထျန်လောဒေသရဲ့ တခြားဂိုဏ်းငါးဂိုဏ်းအကြောင်းကိုပါ အကြမ်းဖျဉ်း မိတ်ဆက်ဖော်ပြထားသေးတယ်…”

ဝူယောင်ဇီ၏ သေချာနေသော ဟန်ပန်ကြောင့် တခြားသူများက သူ့စကားများအပေါ် သံသယ မဝင်ကြဘဲ ယုံကြည်ကြသည်။ သည်တစ်ကြိမ်၌ သူတို့သည် တုန်လှုပ်ချောက်ချားခြင်းအပြင် ထိုတစ္ဆေဝိညာဉ်ဂိုဏ်းက ယန်ဂိုဏ်း၌ ရုတ်တရက်ကြီး ဘာကြောင့်များ ပေါ်လာခဲ့ရသနည်းဟုပါ စစဉ်းစားကုန်သည်။ ဟန်လိလည်း သူ့ အလေ့အတိုင်း နားထင်ကို ပွတ်သပ်ကာ အတွေးနက်နေတော့သည်။

ထျန်လောဒေသ၏ ဂိုဏ်းခြောက်ဂိုဏ်းက ယွဲ့ဒေသကို ကျူးကျော်ဖို့ ရည်ရွယ်နေတာလား။

မဟုတ်လောက်ပေ။ ထိုသည်က မမှန်လောက်ပါ။ ယွဲ့ဒေသနှင့် ထျန်လောဒေသတို့ကြားမှာ နိုင်ငံငယ်နှစ်ခု ရှိ၏။ ယင်းတို့မှာ ချီကျိနှင့် ကျန်းနိုင်ငံတို့ပင်။ ယွဲ့ဒေသကို မကျူးကျော်ခင်မှာ သူတို့သည် ယင်းနိုင်ငံနှစ်ခုကို ဦးဆုံး ကျူးကျော်ရမည်သာ။

ထိုနိုင်ငံနှစ်ခုက အရွယ်အစားအားဖြင့် မကြီးသော်လည်း သူတို့၏ ကျင့်ကြံခြင်းလောက ခွန်အားကမူ မသေးငယ်ပေ။ သူတို့သည် ယွဲ့ဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းနှင့် ပူးပေါင်းခဲ့ပါက မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်း အနေဖြင့် ယင်းနိုင်ငံနှစ်ခုကို ခြေသံလုံလုံနှင့် လွယ်ကူစွာ ကျူးကျော်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

ထို့အပြင် အနီးအနားတွင် ရှိသော ဖန်တုဒေသ၏ လမ်းမှန်တာအိုမဟာမိတ်အဖွဲကလည်း သူတို့ကို ဂရုတစိုက် စောင့်ကြည့်နေမည်သာ။ လမ်းမှန်တာအိုမဟာမိတ်အဖွဲ့က မိစ္ဆာဂိုဏ်းများ အင်အားချဲ့ထွင်မည့်အပေါ် အခွင့်အရေး မပေးမှာ သေချာသည်။

ဟန်လိသည် ထိုသို့ စဉ်းစားပြီးနောက် ဟန်လိသည် ကြောက်မက်ဖွယ်အကောင်းဆုံး ယင်းအခြေအနေကို ထည့်မတွေးတော့ပေ။

All Chapters