အရာအားလုံးက ဒီနေ့အပေါ်မူတည်တယ်
Vol. 73 Ch. 1021
အခန်း (၁၀၂၁) အရာအားလုံးက ဒီနေ့အပေါ်မူတည်တယ်
မင်းဆက်မြစ်ဆိုသည်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် ကျော်ကြားသည့် ရေလမ်းကြောင်းရင်းမြစ်တစ်ခု ဖြစ်သည်။
မင်းဆက်မြစ်မှာ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် နှင်းဖန်သားတောင်တွင် မြစ်ဖျားခံလာပြီး မိုင်ပေါင်းသန်းနှင့်ချီစီးဆင်းကာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို ဖြတ်သန်းပြီး အရှေ့တောင်ဘက်သို့ ဦးတည်သွားလေသည်။
ထိုနှစ်က စက်ဝန်းတောင်တိုက်ပွဲတွင် ရန်ကျောက်ကဲက မင်းဆက်မြစ်ကို အသုံးပြုကာ မြစ်ဝါကိုးကွေ့အစီအရင်ကို တည်ဆောက်ပြီး အမတကူပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် (၃)ယောက်အား ထောင်ချောက်ဆင်သတ်ဖြတ်ကာ အထက်ဘုံကမ္ဘာတစ်ခုလုံးအား တုန်လှုပ်စေခဲ့သည်။
တိုက်ပွဲအပြီးတွင် ရန်ကျောက်ကဲက အရှေ့တောင်ပိုင်းသို့ပြန်လာခဲ့ပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ထပ်မသွားတော့သော်လည်း တောင်ပိုင်းထိပ်တန်းအရှင်သခင် ပြန်မလာသေးမချင်း ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူများအနေဖြင့် စက်ဝန်းတောင်တန်းဒေသသို့ ခြေတစ်လှမ်းပင် မလှမ်းဝံ့ခဲ့ကြပေ။
စက်ဝန်းတောင်တန်းဒေသမှ မဟုတ်ပေ။
ဝူထုန်တောင်စောင်းမှ သိုင်းသမားများမှာ မင်းဆက်မြစ် ဖြတ်သန်းစီးဆင်းရာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တစ်လျှောက်မှ ဆုတ်ခွာသွားခဲ့ကြသည်။
သို့ဖြစ်ရာ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် ၊ အရှေ့ဘက်နယ်နိမိတ်တစ်ခုလုံးက ရန်ကျောက်ကဲ၏ နယ်မြေဖြစ်လာလုနီးပါး ဖြစ်ခဲ့၏။
မြစ်ဝါကိုးကွေ့ အစီအရင်မရှိသည့်တိုင် မင်းဆက်မြစ်ကိုယ်တိုင်က သဘာဝကျုံးကြီးတစ်ခုပမာ အတားအဆီး ဖြစ်နေခဲ့သည်။
မင်းဆက်မြစ်က ပင်လယ်ကဲ့သို့ကျယ်ဝန်းပြီး ရေစီးအားလည်း ကောင်းသည့်အတွက် အမတကူးပြောင်းခြင်း အဆင့် သိုင်းသူတော်စင် တစ်ယောက်သည်ပင် ထိုနေရာတွင် ခြေကုပ်ယူရန် ခက်ခဲသည်။
ထိုမြစ်ရေကို ကြားဖြတ်ဟန့်တားလိုပါက “လူသားအထွတ်ထိပ်အဆင့်” ရှိသော သိုင်းသူတော်စင်များပင်လျှင် ပြုလုပ်ရန် အခက်အခဲရှိနိုင်သည်။
သို့သော် ယနေ့တော့ တစ်စုံတစ်ယောက်က ပြုလုပ်နေဟန် ရှိသည်။
ထိုသူက သိုင်းသူတော်စင်တစ်ယောက်လည်း ဖြစ်၏။
နှင်းဖန်သားတောင်မှ မြစ်ဖျားခံလာသည့် မင်းဆက်မြစ်ရေလမ်းကြောင်းက ကျယ်ပြန့်လာပြီး ရေစီးဆင်းမှုကလည်း အနည်းငယ်နှေးကွေးသွားကာ မြစ်ညာမှာကဲ့သို့ ဒရကြမ်းမြန်ဆန်ခြင်း မရှီတော့ပေ။
မိုမြေတစ်ခွင်တွင် ဇာမဏီငှက်တစ်ကောင်က အတောင်ပံများရိုက်ခတ်ပျံသန်းလျှက် ရှိသည်၊။
ထိုဇာမဏီငှက်က အလင်းပုံရိပ်အသွင်ဖြစ်နေပြီး ၎င်းအလင်းပုံရိပ်အလယ်ဗဟိုတွင် သက်တံ့တိမ်တိုက်များ လွှမ်းခြုံနေကာ လူသားသဏ္ဌာန်တစ်ခု ရှိနေသည်။
ထိုသူက နှင်းဖြူပမာ ဆံနွယ်နှင့် မျက်ခုံးမွေးများကို ပိုင်ဆိုင်ထားပြီး ထူးထူးခြားခြား ချောမောခန့်ညားသူ တစ်ယောက် ဖြစ်သည်။
အခြားသူမဟုတ် ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ ပင် ဖြစ်၏။
သူက အောက်ဘက်တွင် စီးဆင်းနေသောမြစ်ရေကို ခေါင်းငုံ့ကြည့်လိုက်သည်။
ဝူထုန်တောင်စောင်းမျိုးဆက်တွင် အကြီးအကဲ (၂)ယောက်ဖြစ်သည့် ကျန်းစုရန်နှင့် ဖန်ဟယ် ၊ လူငယ်မျိုးဆက်တွင် အထူးချွန်ဆုံးဖြစ်သည့် ယွမ်ရှန်းချန်တို့အားလုံးမှာ ဤ မင်းဆက်မြစ်ရေပြင် သွေးကြောကြောင့် သေဆုံးခဲ့ကြရသည်။
ကျွမ်းရှန်က မြစ်ရေကိုကြည့်နေရာမှ ခေါင်းကို မော့လိုက်သည်။
သူ၏မျက်ဝန်းများက ဝေးကွာသော ဗလာနယ်ကိုဖြတ်ကျော်လျက် စက်ဝန်းတောင်ဆီသို့ ကျရောက်သွားလေသည်။
ကျွမ်းရှန်က စကားတစ်ခွန်းမဆိုဘဲ ကျောက်စိမ်းသေတ္တာ တစ်လုံးထုတ်ယူကာ အဖုံးဖွင့်လိုက်သည်။
ကျောက်စိမ်းသေတ္တာထဲတွင် အဝါရောင်မြေလွှာတစ်ခုရှိနေပြီး ကျွမ်းရှန်က သေတ္တာကို မှောက်ချလိုက်သည့်အခါ ပုံရိပ်ယောင်ပမာ မြေလွှာက အောက်ဘက်မှ မြစ်ရေပြင်ထက်သို့ ကျဆင်းသွားသည်။
ရေနှင့်ထိတွေ့သည့်အခါ မြေလွှာက ရေတွင်ပျော်ဝင်သွားခြင်းမရှိပေ။ ထိုအစား အဝါရောင် တိမ်တိုက်တစ်ခုပမာ တဖြည်းဖြည်း ကြီးထွားချဲ့ထွင်လာသည်။
မြေလွှာက ပိုမိုတိုးပွားလာပြီး ပျံ့နှံများပြားလာသည့်တိုင် ပါးလွှာသွားခြင်းမရှိဘဲ ကြမ်းတမ်းသိပ်သည်းကာ သန့်စင်လျှက် ရှိ၏။
တဖြည်းဖြည်း မြေလွှာ၏ပျော့ပျောပြောင်းမှုက အဆုံးမရှိ ကျယ်ပြန့်လာပြီး မင်းဆက်မြစ် ရေမျက်နှာပြင်ကို အတင်းအကျပ် ပိတ်ဆို့ကာ ရေပြင်နေရာတွင် ကုန်းမြေကနေရာယူလိုက်ပြီး မြစ်ကြောင်းတစ်လျှောက် မြေလွှာများဖြင့် ပြည့်နက်သွားသည်။
မြစ်ဖျားခံရာ နှင်းဖန်သားတောင်နှင့် နီးကပ်သောနေရာတွင် မင်းဆက်မြစ်က ပိုမိုရေစီးသန်သည်။
မြေလွှာဖြင့် ပိတ်ဆို့ခံရသည့်အခါ မင်းဆက်မြစ်အတွင်းမှမြစ်ရေများက သိသိသာသာ မြင့်တက်လာပြီး ကမ်းပါးနှစ်ဘက်သို့ပျံ့နှံသွားကာ ကမ်းပါးများ အက်ကွဲထွက်မတတ် ဖြစ်လာသည်။
သို့သော် အဝါရောင်မြေလွှာကလည်း နောက်ဆုတ်သွားခြင်းမရှိဘဲ ပိုမို တိုးမြှင့်လားပြီး မင်းဆက်မြစ် မြစ်ဖျားခံရာ နှင်းဖန်သားတောင် မူလအစအထိ ရောက်ရှိသွားသည်။
လမ်းတစ်လျှောက်မြင့်တက်လာသောမြစ်ရေများကို မီးခိုးငွေ့များပမာ ကျယ်ပြန့်လာသည့် အဝါရောင်မြေလွှာက ချက်ချင်းပိတ်ဆို့ထားလိုက်သည်။
မြစ်ရေများအပြင်သို့မည်မျှ လျှံထွက်လာပါစေ မြေလွှာကလည်းပိုမိုများပြားလာပြီး မြစ်ရေများကို အလွတ်မပေးဘဲ လုံးဝပိတ်ဆို့ပစ်လိုက်သည်။
အဆုံးသတ်မှာတော့ မင်းဆက်မြစ် မြစ်ဖျားခံရာ နှင်းဖန်သားတောင်အထိ ဦးတည်ပိတ်ဆို့ပစ်လိုက်သည်။
အထက်ဘုံကမ္ဘာတင် စီးဆင်းနေသည့် ပင်မမြစ်ကြီးတစ်စင်းသည် လုံးဝထွက်ပေါက်မရှိဘဲ မြစ်ဖျားခံရာနေရာအထိ ပိတ်ဆို့ခံလိုက်ရသည်။
နှင်းဖန်သားတောင်ကြီးတစ်ခုလုံးနှင့် ပတ်ဝန်းကျင်မှအဆုံးမရှိသော နှင်းတောင်တန်းများ ရုတ်တရက် တုန်ခါသွားသည်။ သို့သော် အဝါရောင်မြေလွှာက မြစ်ကြောင်းတစ်လျှောက် ခိုင်ခံ့စွာ ပိတ်ဆို့ထားဆဲပင်။
ကောင်းကင်ထက်ရှိ ဇာမဏီအလင်းအရိပ်ထဲတွင် ရှိနေသော တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ က ဤမြင်ကွင်းကိုကြည့်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
သူ သို့မဟုတ် သူတို့တွင် အချိန်အကန့်အသတ်ရှိလေသည်။
အချိန်အကြာကြီးနှောင့်နှေးနေပါက “အသက်မြေလွှာ” က မင်းဆက်မြစ်ကြောင်းတစ်လျှောက် ပိတ်ဆို့ထားခြင်းအတွက် နှင်းဖန်သားတောင်နှင့် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ဘုံတစ်ခုလုံး ပရမ်းပတာဖြစ်ကာ ကပ်ဘေးကြီးကျရောက်နိုင်ခြေ ရှိသည်။
ကျောက်စိမ်းသေတ္တာကို ကျွမ်းရှန်လက်ထဲ ထည့်ပေးခဲ့သော မြေကမ္ဘာထိပ်တန်း အရှင်သခင်သည်လည်း ဤသို့သောအကျိုးဆက်ကို တွေ့မြင်လိုမည် မဟုတ်ပေ။
“အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် ဒီနေ့အပေါ် မူတည်တယ်...”
ကျွမ်းရှန်က ကျောက်စိမ်းသေတ္တာအလွတ်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ထို့နောက် တုန်ခါနေသည့် နှင်းဖန်သားတောင်ကိုမကြည့်တော့ဘဲ အရှေ့တောင်ဘက်သို့ ပျံသန်းထက်ခွာသွားသည်။
ခဏအကြာတွင် ကောင်းကင်ထက်တစ်နေရာ၌ သူ့ကိုစောင့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းပင် ဖြစ်၏။
ကျွမ်းရှန်ကိုတွေ့တော့ လန်ချင်းက...
“သူတို့အားလုံးသွားကြပြီ ၊ ငါတို့နှစ်ယောက်ပဲ ကျန်တော့တယ်”
ကျွမ်းရှန်က...
“အသက်မြေလွှာက မင်းဆက်မြစ်ကိုပိတ်ဆို့ထားလိုက်ပြီ ၊ တောင်ပိုင်းက ရေကြောတစ်ခုလုံး မကြာခင် ခန်းခြောက်သွားလိမ့်မယ်”
သူကဆက်ပြောသည်။
“’ရန်’ အိမ်က ကောင်စုတ်လေး မြစ်ဝါကိုးကွေ့အစီအရင် တည်ဆောက်နိုင်မှာ မဟုတ်တော့ဘူး”
ကျောက်စိမ်းသေတ္တာအတွင်းမှမြေလွှာမှာ နတ်မြေလွှာအမျိုးအစားဖြစ်ပြီး ‘အသက်မြေလွှာ’ ဟု လူသိများသည်။ ထိုမြေလွှာက အလိုအလျောက် ကြီးထွားနိုင်စွမ်းရှိပြီး ဘယ်သောအခါမှ လျော့နည်းသွားခြင်း မရှိပေ။
မဟာကပ်ဘေးကြီးမတိုင်ခင် ရှေးခေတ်အျိန်အခါက “ကောင်းကင်ကိုးထပ်အသက်မြေလွှာ” ဟု လူသိများသော ရတာပစ္စည်းတစ်ခုရှိပြီး အံ့သြဖွယ်ကောင်းသော ခုခံနိုင်စွမ်းရှိကာ များပြားလှစွာသော ရတနာပစ္စည်းများ ၊ ထိပ်တန်းသိုင်းပညာများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။
ထိုမြေလွှာ၏မှော်တန်ခိုးစွမ်းအား အသုံးပြုမှုများမှာလည်း အဆုံးမရှိလှပေ။
မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် ထိုရတနာပစ္စည်း ပျောက်ဆုံးသွားပြီး နောက်ပိုင်းတွင် ‘ကောင်းကင်အသက်မြေလွှာ’ ဆိုသော အကြွင်းအကျန် မြေလွှာသာလျှင် ကျန်ရစ်တော့သည်။
ထိုမြေလွှာတွင် မှော်ဆန်သောတန်ခိုးစွမ်းအားများစွာ မပါဝင်သော်လည်း ကမ္ဘာပေါ်ရှိ ရေပြင်သွေးကြောများကိုတော့ ကျွမ်းကျင်စွာထိန်းချုပ်နိုင်စွမ်း ရှိသည်။
ကျွမ်းရှန်သည် အသက်မြေလွှာဖြင့်ပိတ်ဆို့ခံထားရသော မင်းဆက်မြစ်ကိုဖြတ်ကျော်ပြီး အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းနှင့်အတူ တောင်ဘက်သို့ဦးတည်ထွက်ခွာသွားသည်။
သူ၏ပစ်မှတ်က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသပင် ဖြစ်လေ၏။
***
အချိန်ကြာလာသည်နှင့်အမျှ...
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ကြား နယ်နိမိတ်တွင် စောင့်ကြပ်နေသော အရှေ့တောင်ဓားနတ်မယ်မှာ မင်းဆက်မြစ်တွင် တစ်ခုခုမှားနေပြီဟု ချက်ချင်း သဘောပေါက်သွားသည်။
အရှန်အဟုန်ဖြင့် တဟုန်းဟုန်းစီးဆင်းနေသောမြစ်ရေသည် တဖြည်းဖြည်း နှေးကွေးသွားပြီး ရေမျက်နှာပြင်က ဆက်တိုက်ဆိုသလို ကျဆင်းသွားသည်။
ဤသို့ဆက်ဖြစ်နေလျှင် မြစ်ရေစီးဆင်းမှု ရပ်တန့်သွားနိုင်ပေသည်။
ဤဖြစ်ရပ်က သဘာဝတရားကြောင့်မဟုတ်ဘဲ လူသားများ ပြုလုပ်ခြင်းကြောင့် ဖြစ်ကြောင်း ချက်ချင်းပင် အရှေ့တောင်ဓားနတ်မယ် သိရှိလိုက်၏။
ဤအချိန် ဤနေရာတွင် ဤသို့သောအခြေအနေဖြစ်ပေါ်လာသည်မှာ တစ်ဖက်လူက ရန်ကျောက်ကဲနှင့် ဝါဒတောင်အား ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း သံသယဝင်စရာ မရှိပေ။
ဝါဒတောင်သာမက အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့် ကျင်းထင်တောင်မှ ကျင့်ကြံသူများသည်လည်း ပစ်မှတ်တွင် ပါဝင်ပေမည်။
ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီးနောက် အရှေ့တောင်ဓားနတ်မယ်က ကျူတောပင်လယ်ဒေသရှိ ဝါဒတောင်သို့ အမြန်ဆုံး ထွက်ခွာလာခဲ့ခြင်းပင်။
အရှေ့တောင်ဓားနတ်မယ်ထံမှ သတိပေးချက်ရပြီးနောက် ရန်ကျောက်ကဲနှင့် ချောင်ကျယ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ချောင်ကျယ်က...
“ဒါ တောင်ပိုင်း ‘ကျွမ်း’ တို့အုပ်စု လက်ချက်ပဲဖြစ်ရမယ်”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ကိစ္စမရှိပါဘူး”
သူက ဆက်ပြောသည်။
“ကျွန်တော်တို့ နောက်ပြန်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ကျူတောပင်လယ်ဒေသမှာ ကျွန်တော်တို့ ဝါဒတောင်ဂိုဏ်း ဖွင့်ပွဲအခမ်းအနားကျင်းပနေတာ ၊ တစ်ခုခုမှားယွင်းခဲ့မယ်ဆိုရင် ဒီနေရာက ချက်ချင်း တိုက်ပွဲစစ်မြေပြင်ဖြစ်သွားမှာပဲ”
ထို့ကြောင့်ပင် ယမန်နေ့ကတည်းက ကျူတောပင်လယ်ဒေသမှ အငယ်စားနှင့် အလတ်စား အင်အားစုများ၏ဦးဆောင်မှုနှင့်အတူ သာမန်လူများ မထိခိုက်စေရန် ဝါဒတောင်က ယာယီရှောင်ပုန်းခိုင်းထားပြီး ဖြစ်သည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ဒီနေ့တော့ ဧည့်သည်ဆိုးတစ်ယောက် ငါတို့အိမ်တံခါးကိုလာခေါက်တော့မယ်”
အရှေ့တောင်ဓားနတ်မယ်ပေးပို့သည့်သတင်းကိုကြားသိပြီးနောက် ဝါဒတောင်မှကျင့်ကြံသူများ ခဏမျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ချက်ချင်းပြန်လည်တည်ငြိမ်သွားကြသည်။
အရာအားလုံးက စည်းစနစ်တကျ ၊ အစီအစဉ်တကျ ရှိနေဆဲပင်။
အချိန်ကြာလာသည်နှင့်အမျှ တောင်ပေါ်သို့ ဧည့်သည်များ တဖွဲဖွဲ ရောက်ရှိလာပြီး ဖွင့်ပွဲကျင်းပရန် မင်္ဂလာအချိန်လည်း နီးကပ်လာပြီ ဖြစ်သည်။
အထက်ဘုံကမ္ဘာရှိ ဝါဒတောင်ဖွင့်ပွဲအခမ်းအနား တရားဝင် စတင်ပေတော့မည်။
သို့သော် မင်းဆက်မြစ်ရေဖြတ်တောက်ခံရခြင်းထက် ပိုမိုဆိုးရွားသောပြဿနာတစ်ခု ပေါ်ပေါက်လာပြန်သည်။
ကျူတောပင်လယ်ဒေသ ၊ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျတက်ရောက်မည်ဟု သဘောတူထားသည့် အထက်ဘုံကမ္ဘာ၏ အုပ်စိုးရှင် (၅)ပါးထဲမှ တစ်ပါးဖြစ်သော ပိုးသားဧကရာဇ် ကြွရောက်မလာခြင်းပင် ဖြစ်သည်။
ထိုခဏတွင် ဝါဒတောင်မှကျင့်ကြံသူများအားလုံး စိုးရိမ်စိတ်များဖြစ်ပေါ်လာကြသည်။
ကျင်းထင်တောင်မှလူများသည်ပင် စိတ်မသက်မသာ ခံစားလာကြရသည်။
ရန်ကျောက်ကဲက စားပွဲတစ်နေရာတွင်ထိုင်နေသည့် မြောက်ဖေးတောင်ထွတ်မှာ ကျင့်ကြံသူကိုလှမ်းကြည့်လိုက်တော့ တစ်ဖက်လူသည်လည်း အလွန်တရာစိတ်ရှုတ်ထွေးပြီး စိုးရိမ်အားနာနေဟန်ရှိကြောင်း တွေ့လိုက်ရသည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့သားအဖ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာအမူအရာများက ထူးဆန်းသွားကြသည်။
အမုန်းတရားမဲ့တာအိုနန်းတော်သို့ သူတို့သားအဖသွားရောက်စဉ်ကလည်း ပိုးသားဧကရာဇ် ရောက်ရှိမလာခဲ့ဘဲ သူတို့သာလျှင် ဒုက္ခရောက်ခဲ့ကြရသည် မဟုတ်ပါလား။