← Chapters

မဟာသွေးဝိညာဉ်ပညာရပ်များ

Vol. 19 Ch. 261

မဟာသွေးဝိညာဉ်ပညာရပ်များ

Vol. 19 Ch. 261

မျက်စိတမှိတ်အတွင်း သူတို့နှစ်ယောက်ကြား အကွာအဝေးသည် ပေသုံးဆယ်လောက်ထိ ကြုံ့လာ၏။ ဟန်လိသည် စိတ်ထဲကနေ အဆက်မပြတ် ကျိန်ဆဲနေစဉ်မှာ သွေးတိမ်ထုနှင့်အတူ သူ့နောက်လိုက်လာသော ဝမ်ချန်မှာလည်း အကြီးအကျယ် အံ့အားသင့်နေသည်။

မဟာသွေးဝိညာဉ်ပညာရပ်၏ အမြန်နှုန်းပညာရပ်သည် မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်း၌ အမြန်ဆုံးဟု မပြောဝံ့သော်လည်း ၎င်း၏အမြန်နှုန်းကမူ ဂိုဏ်းငါးလုံး၏ ထိပ်တန်းပညာရပ်ငါးခုတွင် ပါဝင်မှာ သေချာသည်။ ထိပ်တန်းအဆင့် ပျံသန်းခြင်း မှော်ပစ္စည်းများထက်လည်း များစွာ ပိုမြန်သည်။ သို့ပေမည့် သူ၏ အမြန်နှုန်းပညာရပ်ကို အပြည့်အဝ အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း အခုထိ ဟန်လိ၏ လှေငယ်ကို အလုံးစုံ လိုက်မီခြင်း မရှိသေးပေ။ ဝမ်ချန်က အံ့အားသင့်နေရာမှသည် သူ၏ သတ်ဖြတ်ချင်စိတ်မှာလည်း ပို၍ အားကောင်းလာ၏။

ဟန်လိသည် သည်ပုံစံအတိုင်း အသည်းအသန် ဆက်ပြေးနေပါက ဆယ့်ငါးမိနစ်လောက်အကြာလောက်မှာ ဖမ်းမိခံရလိမ့်မည်ကို သိသည်။ သူ ခုချက်ခြင်း တခုခု လုပ်မှ ဖြစ်မည်။

ထို့ကြောင့် သူ့လက်ဖြင့် သိုလှောင်အိတ်ကို ထိ၏။ စဦးအဆင့် မီးလုံးအဆောင် တသီတသန်းကြီး သူ့လက်ထဲတွင် ပေါ်လာသည်။ များများစားစား တွေးမနေဘဲ သူက သူ၏နောက်သို့ ၎င်းအဆောင်များအား ပစ်ထည့်၏။ အရူးအမူး ရှေ့ဆက်၏။ ချက်ခြင်းပင် သူ၏ နောက်မှ ပေါက်ကွဲသံများကို ကြားရလေသည်။ ဟန်လိသည် ခေါင်းလှည့်မကြည့်မိဘဲ မနေနိုင် ဖြစ်ရ၏။

သူက အရိုင်းဆန်လှသော သွေးတိမ်တိုက်၏ ရှေ့ပိုင်းကိုသာ မြင်ရသည်။ ပေါက်ကွဲမှုများ လွင့်ပြယ်သွားမှ တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေး ပုံရိပ်က ပေါ်လာမည့်ပုံ ရသည်။

သူ ပျော်သွား၏။ သူက ကျန်သည့် အဆောင်များကို ပစ်သွင်းရန် ဟန်ပြင်စဉ် ထိုသွေးတိမ်အတွင်းရှိ ဝမ်ချန်သည် ရုတ်တရက် သူ့လက်ကို လှုပ်ရှားသည်။ အစိမ်းရောင်အလင်းတန်းတစ်ခုက ဟန်လိထံ တန်းတန်းမတ်မတ် ပျံသန်းဝင်လာချေ၏။ ၎င်းက နီးကပ်လာသည်နှင့်အမျှ ပို၍ အရွယ်အစား ကြီးလာ၏။ ၎င်းမှာ ဝမ်ချန် မူလတုန်းက ရပ်နေသော ပျံသန်းနိုင်သည့် မှော်ပစ္စည်း ဖြစ်သည့် အစိမ်းရောင် ခရင်းခွကြီးတည်း။ ပိုကောင်းသော ရွေးချယ်စရာ မရှိလေပါ။ ဟန်လိက လက်ကျန်အဆောင်များကို သွေးတိမ်ထုအစား အစိမ်းရောင်ခရင်းခွထံ ချက်ခြင်း လှမ်းပစ်ရတော့၏။ မီးလုံး နှစ်ဆယ်သုံးဆယ်သည် အနက်ရောင်ချီ ခြုံလွှမ်းထားသော ခရင်းခွကြီးနားမှာ ဆက်တိုက် ပေါက်ကွဲသည်။ ၎င်းမှော်ပစ္စည်းမှာ တုန်ခါသွားပြီး ထပ်မံ၍ ရှေ့တိုးလာနိုင်ခြင်း မရှိတော့ပေ။

သို့သော် ထိုအချိန်အတွင်း သွေးတိမ်သည် ၎င်း၏မူလအသွင်ပုံစံသို့ ထပ်မံ ပြောင်းလဲ၏။ လောင်ကျွမ်းနေသော မီးတောက်တစ်ခု အရိုင်းဆန်စွာ ကခုန်နေသည့်နှယ်။

ဝမ်ချန်က ရုတ်တရက် စူးရှသော လေချွန်သံများ ပြု၏။ ထိုအသံများနှင့်အတူ သွေးတိမ်သည် အရွယ်အစား ကြီးလာတော့သည်။ ချက်ခြင်းပင် ၎င်းတိမ်ထုမှာ ကောင်းကင်တခွင် နီးပါး ပြည့်သွားသည့်အလား။

၎င်းသွေးတိမ်ထု၏ အမြန်နှုန်းမှာလည်း အစောပိုင်းတုန်းကထက် များစွာ ပိုမြန်လာသည်။ ၎င်းသည် တောင်တစ်လုံးထံ ဝင်ဆောင့်လာသော ဆူနာမီမုန်တိုင်းနှယ် ဟန်လိ၏ နတ်လေလှေရှေ့သို့ ရောက်လာ၏။ ဟန်လိမှာ လေထဲ၌ ပိတ်မိသွားလေပြီ။

အလန့်တကြားဖြစ်ကာ ဟန်လိသည် သူ၏နတ်လှေကို သွေးတိမ်တိုက်နှင့် မတိုက်မိအောင် အလျင်စလို ရပ်ပစ်သည်။ တချိန်တည်းမှာ သူ၏ သိုလှောင်အိတ်ထဲမှ အနက်ရောင်လက်သည်းတစ်ခုကို ထုတ်ယူ၏။ ထိုအချိန်မှာပင် အစိမ်းရောင်ခရင်းခွကြီးက သူ၏နောက်ကနေ တိတ်တဆိတ် တိုက်ခိုက်လာသည်။

“သွား…”

ဟန်လိသည် သူ့နောက်စေ့မှာ မျက်လုံး ပါသည့်အလား နောက်ဘက်သို့ ထိုမှော်ပစ္စည်းကို ပစ်သွင်း၏။ ထိုအခါ သည်လက်သည်းသည် ချက်ခြင်းကြီး မီတာများစွာထိ ကြီးမားလာပြီး အစိမ်းရောင်ခရင်းခွ၏ တိုက်ခိုက်မှုကို ကြမ်းတမ်းစွာ ဖမ်းဆုပ်ကိုင်သည်။

ခရင်းခွကြီးကလည်း အလျော့မပေးလေပေ။ ၎င်း၏ထိပ်မှ အနက်ရောင်ချီအမျှင်တန်းများစွာကို ထုတ်လွှတ်၏။ တအောင့်အကြာမှာ ကြီးမားသောလက်သည်းကို အနက်ရောင်ချီ အလွှာအထပ်ထပ် လွှမ်းခြုံသွားပြီး နည်းနည်းလေးမျှ မလှုပ်နိုင်တော့ပေ။

ဟန်လိက ထိုသည်ကို မြင်သည့်အခါ လက်ဟန်တစ်ခု ပြုလုပ်သည်။ လက်သည်းထံမှ တစ်မီတာရှည်သော အနက်ရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး ၎င်းကို ဝန်းရံထားသော အနက်ရောင်ချီများကို ခွာချသည်။ ချီများ ပုံစံအသွင်ဖွဲ့ခြင်းကို ဟန့်တား၏။

“မဆိုးဘူး။ မဆိုးဘူး။ ထင်ထားတဲ့အတိုင်း ဒါက ပုံမှန် ထိပ်တန်းမှော်ပစ္စည်းတစ်ခု မဟုတ်ဘူးပဲ။ ဒါက ယင်ကျောက်စိမ်းခရင်းခွရဲ့ ယင်ဝိညာဉ်အမျှင်တန်းတွေကိုပါ တကယ်ကြီး လွယ်လင့်တကူ ချိုးဖျက်နိုင်တာပဲ။ ကြည့်ရတာ ငါကိုယ်တိုင် လှုပ်ရှားတာ အလကားဟသတော့ မဖြစ်ဘူးပဲ…”

ဝမ်ချန်၏ မကောင်းဆိုးဝါဆန်သော အသံသည် သွေးတိမ်အတွင်းရှိ မတူညီသော နေရာများကနေ ထွက်လာသည်။ တချိန်တည်းမှာ အစိမ်းရောင်ခရင်းခွသည် ခဏရပ်ကာ ပြီးနောက်မှာ သွေးတိမ်အတွင်း ပြန်ဆုတ်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

၎င်းမှာ ရေနဂါး၏ လက်သည်းကနေ သန့်စင်ထားသော နဂါးနက်ဖမ်းဆုပ်ခြင်း အမည်ရှိ ထိပ်တန်းမှော်ပစ္စည်း ဖြစ်လေ၏။ ထိုမှော်လက်နက်ကို ပြန်သိမ်းဆည်းလိုက်ပြီး ဟန်လိသည် ဘေးဘီဝဲယာတိုင်းကို သတိအနေအထားဖြင့် ကြည့်သည်။

ထိုအချိန်တွင် ကောင်းကင်ကို ခြုံလွှမ်းထားသော သွေးတိမ်တိုက်တွင် မသိမသာ အက်ကြောင်းများ ပေါ်လာတာကို မြင်ရသည်။ ဟန်လိသည် လေထဲကနေ သွေးနံ့ရသည်။

သူသာ အစွမ်းကုန် ကြိုးစား၍ လွတ်လမ်းတစ်ခု မဖောက်ပါက လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ဟန်လိက ထိုသို့ တွေးမိမိချင်း အနက်ရောင်နဂါးဖမ်းဆုပ်မှု အမည်ရ လက်သည်းကို ထုတ်လွှတ်သည်။

သို့သော် သူ့ရှေ့မှ သွေးတိမ်တိုက်သည် ရုတ်ချည်း ဆူပွက်လာသည်။ ထို့နောက်မှာ သုံးမီတာလောက် ရှည်သော သွေးနီရောင်မွန်းစတားနှစ်ကောင် ထိုးထွက်လာသည်။ ယင်းမွန်းစတားနှစ်ကောင်၌ အစွယ်များ၊ လက်သည်းများ၊ ဦးချိုတိုတို၊ ဖြောင့်တန်းထက်ရှသော အမြီး၊ နီရဲသော မျက်လုံးတို့ ပိုင်ဆိုင်ထားသည်။ သူတို့၏ လက်သည်းများကို ဝေ့ယမ်းကာ ဟန်လိထံ ခုန်ပေါက်တိုးဝင်လာ၏။

“ဒါတွေက…”

ထိုသို့သော မွန်းစတားမျိုးကို ခုမှ ဟန်လိ ပထမဆုံး မြင်ဖူးတာ ဖြစ်၏။ ၎င်းတို့၏ အသွင်က ပုံပြင်တွေထဲက မှင်စာများနှင့် တူလှသည်။ ဟန်လိက ထိတ်ထိတ်လန့်လန့်ဖြင့် နဂါးနက်ဖမ်းဆုပ်မှု လက်သည်းကို သူတို့ထံ အလျင်စလို ပစ်သွင်းသည်။ အလင်းတစ်ချက် လင်းလက်သွားခြင်းနှင့်အတူ ထိုမှင်စာသည် လုံးတ ပျက်စီးကာ ၎င်း၏ ဇစ်မြစ်ဖြစ်သော သွေးတိမ်တိုက်အဖြစ် ပြန်ပြောင်းလဲသွားလေ၏။

သို့မှသာ ဟန်လိသည် များစွာ စိတ်အေးနိုင်တော့၏။ ယင်းမှင်စာများမှာ ကိုင်တွယ်ရ မခက်ခဲလှချေ။

သို့ပေမည့် ဟန်လိ ထိုသို့ တွေးမိရုံ ရှိသေး ဝမ်ချန်၏ လှောင်ရယ်သံကို အဘက်ဘက်မှ ကြားရ၏။

“ဟားဟား…မင်းကိုယ်မင်း အထင်ကြီးလှချည်လား။ စိတ်အေးတာ အလျင်မလိုနဲ့အုံး။ ငါ့ရဲ့ မဟာသွေးဝိညာဉ်ပညာရပ်ရဲ့ သွေးတစ္ဆေတွေကို စေလွှတ်ဖို့ဟာ အရမ်းလွယ်တယ်။ ခုမှ စမှာ..”

ထိုစကားများကို ကြားမှ ဟန်လိသည် စိတ်ထဲ၌ လန့်သွား၏။

သို့ပေမည့် သူ၏ စိတ်နှလုံးမှာ ခိုင်မာ၏။ သူက အလျော့ပေးတတ်သူ မဟုတ်လေပေ။ သူသည် ရန်သူက စကားသပ်သပ်ဖြင့် သူ့ကို ချောက်ချားသွားအောင် လုပ်ဖို့ ဘယ်ခွင့်ပြုပါမည်နည်း။ သူသည် သူ၏ မှော်လက်နက်ဖြစ်သည့် လက်သည်းဖြင့် သွေးတိမ်ထုထံ ထိုးစိုက်သည်။ သို့အတွက် နဂါးနက်ဖမ်းဆုပ်မှု လက်သည်းမှာ သွေးတိမ်တိုက်ကို တဝီဝီ မွှေနှောက်ကာ ၎င်းထဲသို့ လွယ်လင့်တကူ တိုးဝင်သွားသည်။

ဟန်လိ ပျော်သွား၏။ သို့သော် တအောင့်အကြာတွင် ထိုလက်သည်းမှာ အသက်ကင်းမဲ့သွားကာ ရွှေ့လျားနိုင်စွမ်း မရှိတော့ပေ။ ၎င်းမှာ ပျက်စီးခြင်း ဆိုက်တော့မည့်အလား။ ဟန်လိမှာ ကြီးစွာ မင်သက်သွားရ၏။ လုံးလုံး ထိန်းချုပ်မှု မလွတ်သွားခင် သူက အင်ပြည့်အားပြည့်သုံးကာ သူ၏ မှော်ပစ္စည်းကို ပြန်သိမ်းဆည်းသည်။ ကံကောင်းစွာဖြင့် နဂါးနက်ဖမ်းဆုပ်မှု မှော်ပစ္စည်းမှာ သွေးတိမ်တိုက်ထဲကနေ ထွက်ခွာပြီး သူ့ဘေးနားသို့ ပြန်၍ ပျံသန်းလာနိုင်စွမ်း ရှိနေ၏။

“အယ်…မင်းရဲ့ ဒီမှော်ပစ္စည်းက သွေးတိမ်တိုက်ရဲ့ တိုက်စားမှုကိုပါ အမှန်တကယ် တောင့်ခံနိုင်စွမ်း ရှိတာပဲ။ ဒီသခင်လေးတော့ ဒီပစ္စည်းကို ပို လိုချင်မိသွားပြီ…”

ဝမ်ချန်ထံမှ အံ့အားသင့်ဟန် ထွက်ပေါ်လာ၏။ သူ၏ လောဘကိုလည်း ဖုံးကွယ်မထားပေ။

ထိုအချိန်၌ သွေးတိမ်တိုက်၏ အဘက်ဘက်ထံမှ တုန်ဟည်းမြည်သံများ ထွက်ပေါ်ကာ သွေးတစ္ဆေများသည် တစ်ကောင်ပြီးတစ်ကောင် ထွက်လာ၏။ ယင်းတို့သည် ဟန်လိထံ အပြိုင်အဆိုင် ခုန်ပေါက်ဝင်လာကြပြီ။

ဟန်လိမှာ လွှမ်းမိုးနိုင်စွမ်း အပြည့်ဖြင့် ပျက်စီးထိခိုက်သွားသော နဂါးနက်ဖမ်းဆုပ်မှုလက်သည်းကို ကိုင်ကာ ၎င်းတို့ထံ ပြေးဝင်သွားပြီး တစ်ကောင်ပြီးတစ်ကောင်ကို ဆုတ်ဖြဲပစ်သည်။

ဟန်လိသည် တခဏအတွင်း ထိုသွေးတစ္ဆေတစ်ရာကျော်ကို သတ်ပစ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ယင်းတို့သည် အဘက်ဘက်မှ မွေးဖွားလာနေဆဲ ဖြစ်တာကို တွေ့ရသည်။ သူ သက်ပြင်းချမိ၏။ အခြေအနေများက အလွန်အမင်း ဆိုးဝါးနေလေပြီ။ ထိုမွန်းစတားများကား အဆုံးမရှိလေ၊ ဟန်လိမှာ များစွာ အံ့အားသင့်ရသည်။ သူ တစ်ကောင်သတ်တိုင်း နောက်တစ်ကောင်သည် သွေးတိမ်တိုက်ထံမှ မွေးဖွားလာနေသည်ပင်။

သည်တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးသည် သူ့ကို ဒီနေရာမှာပဲ မောပန်းကာ သေသွားစေချင်သည့်အလား။

ထိုသို့တွေးကာ ဟန်လိသည် လက်သင့်မခံနိုင်ဘဲ အဆက်မပြတ် ဆက်တိုက်ခိုက်သည်။

သူသည် သိုလှောင်အိတ်ကို လက်ဖြင့် ထိပုတ်ပြီး စဦးအလယ်နှင့် စဦးအဆင့်မြင့်ရှိသော အဆောင်များကို တန်းစီ ထုတ်ယူသည်။ စုစုပေါင်းဆို အဆောင် ရှစ်ဆယ်လောက် ရှိမည်။ ထို့နောက်တွင် အသက်တချက် ရှိုက်ကာ သွေးတိမ်တိုက်၏ တဖက်သို့ ယင်းအဆောင်အားလုံးကို ပစ်သွင်းသည်။ ယင်းနောက်မှာ မီးလုံးများ၊ ရေခဲစူးများနှင့် တခြားလက်နက်ပစ္စည်းများစွာကိုပါ သူ ထုတ်ယူ၏။ ထိုမျှသာ မကသေး။ အရံအတားနောက်ကနေ သူ ကိုယ်တိုင်လည်း မန္တာန်ဖြင့် မီးမြွေများကို ထုတ်ဖော်သေးသည်။

မီးလုံးများဖြင့် ဆက်တိုက် ထိုးနှက်ခြင်းသည် သွေးတိမ်တိုက်များကို ပြန့်ကြဲနိုင်စွမ်း ရှိကြောင်း မြင်ဖူးခဲ့ပြီးဖြစ်၏။ သူက ၎င်းအချက်ကို စိတ်ထဲ၌ အသေမှတ်ထားသည်။ အခုအခါ သူသည် ထိုမှော်ပစ္စည်းများအပေါ် မှီခိုပြီး သူ့ လွတ်လမ်းကို ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားသည်။

“မင်းက အတော် စိတ်ကူးယဉ်တဲ့ကောင်ပဲ…”

ဝမ်ချန်သည် အာခေါင်ခြစ်ကာ အော်၏။ ဟန်လိထံ၌ သည်လောက်များသော အဆောင်များ ရှိနေလောက်မည်ဟု သူ မထင်ထားမိခဲ့ပေ။ တကယ်တော့ စဦးအဆင့်မြင့် အဆောင်များကလွဲ၍ တခြားသော အဆောင်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် များများစားစား အသုံးမတည့်ချေ။

တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေးသည် မော်ကြွားကာ မာနကြီးသော်လည်း သူ၏ သွေးတိမ်အပေါ် ၎င်းမှော်ပညာရပ်များစွာ ကျရောက်လာမည်ကိုတော့ ခွင့်မပြုဝံ့ပေ။ သူသည်လည်း မဟာသွေးဝိညာဉ်ပညာရပ်၏ အဆင့်နှစ်ထိသာ ကျင့်ကြံရသေး၏။ ထို့ကြောင့် သည်သွေးတိမ်ထုမှာ မှော်ပညာရပ်များစွာ၏ တရစပ်ထိုးနှက်မှုကို ခံနိုင်မည် မဟုတ်ချေ။ မှော်ပစ္စည်းတိုက်ခိုက်မှုများကိုမူ သွေးတိမ်၏ တိုက်စားနိုင်စွမ်းကြောင့် သူက စိုးရိမ်မနေပေ။

သူ၏ အော်သံနှင့်အတူ သွေးတိမ်နှင့် မှော်ပညာရပ်များကြားမှာ လူအရိုးခေါင်းများ ပေါ်လာသည်။ ၎င်းတို့က ပါးစပ်များဟကာ အနက်ရောင်ချီများကို ထွေးထုတ်ပြီး ဟန်လိ တိုက်ခိုက်လိုက်သော မှော်မန္တာန်များစွာကို ဟန့်တားသည်။ ပြင်းထန်သော ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်ပြီးနောက် လူအရိုးခေါင်းများကလွဲ၍ ၎င်းတို့၏ နောက်ရှိ သွေးတိမ်တိုက်သည် နည်းနည်းလေးမျှ ထိခိုက်မသွားခဲ့ပေ။

ဟန်လိသည် မျက်စိမျက်နှာ ပျက်သွားတော့၏။ သူသည် တခြားအရပ်မျက်နှာများထံလည်း အကြည့်ရောက်သွား၏။ သူ ဘာမျှ မလှုပ်ရှားနိုင်ခင်မှာပင် ထိုလူအရိုးခေါင်းများသည် သွေးတိမ်၏ အဘက်ဘက်တွင် ပေါ်လာခဲ့ပြီ။ ထိုအခိုက်တွင် ဝမ်ချန်၏ လှောင်ပြောင်ရယ်မောသံကို ကြားရ၏။

“မင်း အခွင့်အရေးရမယ်လို့ ထင်နေတာလး။ နာနာခံခံနဲ့ပဲ ငါ့သွေးတစ္ဆေတွေရဲ့ အစာ ဖြစ်လာစမ်းပါ။ မင်း သွေးနဲ့ လွှမ်းသွားမယ့် အဲ့မြင်ကွင်းက လှပလွန်းမှာ သေချာတာပေါ့ကွာ။ ငါတော့ ဒါကို မြင်ရဖို့ စိတ်မရှည်တောင် ဖြစ်လာပြီ…”

တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်သည် တဟားဟား အော်ရယ်၏။ သူ၏ ရူးသွပ်သော စိတ်ထားမှာ အတော်လေး သိသာလှချေသည်။

“အရူးကောင်…”

ဟန်လိသည် ထိုသွေးတစ္ဆေများကို နဂါးနက်ဖမ်းဆုပ်ခြင်းလက်သည်းဖြင့် ရင်ဆိုင်နေလျက် စိတ်ထဲကနေလည်း တုန့်ပြန်ရမည့် အစီအစဉ်ကို ပူပန်တကြီး စဉ်းစားနေသည်။ သူ့နဖူးထက်၌ ချွေးစေးများ ပြန်နေလေပြီ။

ထိုအချိန်၌ ဟန်လိသည် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူထားပြီး လက်တစ်ဖက်တွင် ကိုင်ကာ သူ၏မှော်စွမ်းအားကို ဖြည့်တင်းနေရသည်။ သူကဲ့သို့ အခြေခံတည်ဆောက်ခြင်းအစောပိုင်း ကျင့်ကြံသူတစ်ယောက်အတွက် သည်လောက်များပြားလှသော သွေးတစ္ဆေများကို သတ်ဖြတ်နေရခြင်းသည် အတော်လေးကို ခက်ခဲလှပေသည်။

ဝမ်ချန်မှာ သွေးတိမ်တိုက်ထု၏ ထိပ်ဆုံးမှာ တင်ပုလွေချိတ် ထိုင်လျက် သွေးတစ္ဆေများ အဆက်မပြတ် ထပ်မံ ထွက်ပေါ်လာနေအောင် မန္တာန်လက်ဟန်များ ဆက်တိုက်ထုတ်ဖော်သည်။ သူကား လုံးဝကို စိတ်အပူအပင် ကင်းနေ၏။

အဝါရောင်မေပယ်တောင်ကြားမှ ထိုကျင့်ကြံသူ၏ မှော်စွမ်းအားသည် အလွန်မြင့်မားလှခြင်း မရှိသော်လည်း ပိုင်ဆိုင်ထားသည့် မှော်ပစ္စည်းများမှာ ထူးခြားလှ၏။ သည်တိုက်ပွဲပြီးလျှင် သူ၏ သိုလှောင်အိတ်ထဲသို့ ကောင်းမွန်သော မှော်ပစ္စည်းများကို ထပ်ထည့်နိုင်မည်ဟု ဝမ်ချန်က တွေးနေသည်။ သူ့ကိုယ်သူလည်း ကျေနပ်နေမိ၏။

ဘန်း…။ ရုတ်တရက် သွေးတိမ်အတွင်း၌ ကျယ်လောင်စွာ မြည်ဟိန်းသံကို ကြားရသည်။ ထူထဲ သိပ်သည်းသော အနီရင့်ရောင်မြူလွှာထုတစ်ခု ပေါ်လာ၏။ ဟန်လိ၏ ပုံရိပ်က ထိုမြူထုအတွင်း ပုန်းကွယ်လျက် ဖြည်းဖြည်းချင်း စတင် ပြန့်နှံ့နေသည်။ တအောင့်အကြာတွင် ၎င်းအနီရင့်ရောင်မြူထုသည် သွေးတစ္ဆေများကို ခြုံလွှမ်းသွားပြီး သွေးတိမ်တိုက်ထဲ၌ စတင် ရောနှောလာ၏။

ဝမ်ချန်မှာ ကြီးစွာ မင်သက်သွားသည်။ သို့သော် သူသည် သူ၏ကိုယ်ပိုင် သွေးတိမ်နှင့်အတူ ပေါင်းစပ်သွားသော အနီရောင်မြူကို တွေ့ရချိန်တွင်မူ ချက်ခြင်းလက်ငင်း တည်ငြိမ်သွား၏။

ထိုမြူကို သွေးတိမ်ထုက အဆက်မပြတ် စုပ်ယူနေသော်လည်း ၎င်းမှာ နည်းနည်းလေးမျှ လျော့မသွားပေ။ ထိုအနီရင့်ရောင်မြူများကြောင့် ဝမ်ချန်သည် ဟန်လိ၏ လှုပ်ရှားမှုများကို အခိုက်အတန့်အားဖြင့် မြင်နိုင်စွမ်း မရှိတော့ချေ။ သူ မသင်္ကာ ဖြစ်လာ၏။

All Chapters