← Chapters

စက်ရုပ်သေးများနှင့် မဟာဖွံ့ဖြိုးခြင်းပညာရပ်

Vol. 19 Ch. 264

စက်ရုပ်သေးများနှင့် မဟာဖွံ့ဖြိုးခြင်းပညာရပ်

Vol. 19 Ch. 264

မြေရိုင်းဒေသတွင် တစ်မီတာမျှ ရှည်လျားသော ကင်းလိပ်ချောတစ်ကောင်သည် ကျောက်တုံးကျောက်ပဲ့တစ်ခုထံကနေ ခေါင်းပြူတစ် ပြူတစ် လုပ်ကာ ဘေးပတ်လည်သို့ ကြည့်လျက် သည်နေ့အတွက် အမဲလိုက်ရန် ပြင်ဆင်နေသည်။

သို့သော် ၎င်း၏ အသိုက်အမြုံထဲမှ မီတာတော်တော်များများထံ တွားသွားရောက်လာရုံ ရှိသေး သုံးမီတာလောက် ရှည်လျားသည့် အဝါရောင်မှင်စာတစ်ကောင်သည် သဲမြေထဲကနေ ရုတ်ချည်း ခုန်ထွက်လာသည်။ ၎င်း၏ ရှေ့လက်သည်းနှစ်ခုနှင့် ပါးစပ်တို့ကို အသုံးပြုကာ ထိုကင်းလိပ်ချောထံ လှမ်းဝင်ပြီး၏ ၎င်း၏ လည်တိုင်ကို လွယ်ကူစွာ ဆုတ်ဖြဲပစ်သည်။ ကင်းလိပ်ချော၏ အလောင်းကို ၎င်း၏ ပါးစပ်ထဲ၌ ခဲထားလျက် ဦးတည်ရာတစ်ခုထံ အလျင်အမြန် ပြေးသည်။

ထိုထူးခြားသော မွန်းစတားကောင်၌ လက်သည်းလေးခု၊ ဖြောင့်တန်းသော အမြီးတစ်ခု ပိုင်ဆိုင်ထားသည်။ ၎င်းမှာ ကြီးမားသော ကင်းလိပ်ချောတစ်ကောင်နှင့် ဆင်တူသည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်မာကျော၏။ ၎င်း ပြေးလွှားသွားသည့်အခါ ဆူသံညံသံများပါ ထွက်ပေါ်လေ၏။

ထိုကောင်က ကီလိုမီတာတဝက်လောက်တွင် ကျောက်ပြားတစ်ခုပေါ်တွင် တရားထိုင်လျက် ရှိနေသည့် အဝါရောင်ဝတ်စုံဖြင့် လူတစ်ယောက်နား ရောက်လာသည်။ ထို့နောက်တွင် ၎င်းက ထိုသူ၏ဘေးသို့ ကင်းလိပ်ချောအသေကို ပစ်ပေးကာ ဆက်ပြေးသွား၏။ ယင်းအတွက် ထိုသူမှာ နည်းနည်းလေးမျှ အံ့အားသင့်မသွားပေ။ သူ၏ အမူအရာသည် မတုန်မလှုပ်ဟန် ရှိ၏။

သူက သူ့လက်ကို တည်ငြိမ်စွာ လှုပ်ရှား၏။ သူ့ဘေးမှ ကင်းလိပ်ချောအသေသည် လေထဲသို့ မီတာများစွာ မြောက်တက်သွားပြီးနောက်မှာ ရပ်တန့်သွားသည်။ ထို့နောက်တွင် သူက လက်ညှိုးကို ကင်းလိပ်ချော၏ ခေါင်းထံ ဆန့်ထုတ်ပြီး တစ်စုံတစ်ခုကို ခပ်တိုးတိုး ရေရွတ်သည်။

တအောင့်အကြာ၌ ခပ်ဖျော့ဖျော့ အဖြူရောင်အလင်းတစ်ခုမှာ သူ၏ ဆန့်ထုတ်သော လက်ချောင်းထံမှ ဖြည်းဖြည်းချင်း ထုတ်လွှတ်လာသည်။

သူ မန္တာန်ဆက်ရွတ်နေ၏။ အဖြူရောင်အလင်းသည် လွန်စွာ တောက်ပလာကာ မျက်စိကျိန်းသည့်အထိပင်။

ထိုအခိုက်တွင် အဝါရောင်ဝတ်စုံဖြင့်သူက ခပ်တိုးတိုး ပြောသည်။

သူ့လက်ချောင်းပေါ်ရှိ အဖြူရောင်အလင်းထံကနေ အဖြူရောင်အမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး ကင်းလိပ်ချော၏ ဦးခေါင်းအတွင်းနက်ပိုင်းထဲ ဝင်ရောက်သွားသည်။ ယင်းနောက်မှာ အဝါရောင်ဝတ်စုံဖြင့်သူသည် ထိုအမျှင်တန်းကို ပြန်ဆွဲယူ၏။ သူ့အမူအရာမှာ လေးနက်လျက် အလွန်တရာ သတိထားနေပုံ ပေါက်သည်။

တဖြည်းဖြည်းချင်း သူ၏ ဂရုတစိုက် ကြည့်နေမှုအောက်၌ အဖြူရောင်အမျှင်တန်းသည် ကင်းလိပ်ချော၏ အလောင်းကနေ အစိမ်းရောင်အလင်းစက်ဝန်းတစ်ခုကို ဆွဲထုတ်ပေးလာသည်။ ၎င်းမှာ ငှက်မွှေးတောင်ကဲ့သို့ ပေါ့ပါးပြီး သူ၏လက်မလောက် အရွယ်အစား ရှိ၏။

သူ၏ တခြားလက်တစ်ဖက်မှ အလင်းတစ်ခု လင်းလက်သွားပြီး အဝါရောင်ကျောက်စိမ်းပုလင်းငယ်တစ်ခု လှစ်ဟပေါ်သည်။ ထိုပုလင်းထံမှ ရောင်စုံအလင်းတန်းများစွာ ထိုးထွက်ကာ အစိမ်းရောင်အလင်းလုံးကို ခြုံလွှမ်း၍ ပုလင်းထံ ဆောင်ယူလာ၏။

ထိုအချိန်တွင် အဝါရောင်ဝတ်စုံနှင့်လူသည် အသက်ဝဝရှိုက်သွင်းလေ၏။ သူသည် ဝန်ထုတ်ဝန်ပိုးတစ်ခုကို ထမ်းထားရသည့်အလား။ သူ့နဖူးပေါ်မှာ ချွေးစို့နေပြီ။ ပြီးခဲ့သော သူ၏ လုပ်ဆောင်မှုအတွက် စွမ်းအင်ပမာဏများစွာ အသုံးပြုခဲ့ရမှာ ထင်ရှားသည်။

“ဒီစိတ်ဝိညာဉ်နှုတ်ယူခြင်းပညာရပ်ဟာ အခြေခံတည်ဆောက်ခြင်းအစောပိုင်းကျင့်ကြံသူ တစ်ယောက် အလွယ်တကူ အသုံးပြုနိုင်တဲ့ အရာ မဟုတ်ဘူး။ သုံးလေးကြိမ်လောက်မှ တစ်ကြိမ်ပဲ အောင်မြင်နိုင်တယ်။ ကြည့်ရတာ ဒီတနေ့လုံး ဒီမှာ ငါ အချိန်ကုန်တော့မယ့်ပုံပဲ…”

အဝါရောင်ဝတ်စုံနှင့်သူသည် သူ့လက်ထဲရှိ ကျောက်စိမ်းပုလင်းငယ်ကို ကြည့်ကာ တကိုယ်တည်း တီးတိုးရေရွတ်သည်။ သူ၏မျက်နှာထက်တွင်မူ အကူအညီမဲ့ဟန် ပေါ်နေ၏။

ထိုသူမှာ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ခုလက်ရှိ ကျင့်ကြံနေသော ဟန်လိပင်။

သူသည် စိတ်ဝိညာဉ်ကျောက်တွင်းနှင့် ကီလိုမီတာငါးဆယ်လောက် အကွာရှိ သည်ဧရိယာတွင် ပေါ်လာသည့်အကြောင်းရင်းမှာ တိရိစ္ဆာန်စိတ်ဝိညာဉ်များကို စုဆောင်းလို၍ ဖြစ်သည်။ ဤသည်မှာ ပုံမှန်အားဖြင့် မိစ္ဆာတာအိုလမ်းစဉ်မှ လူများသာ လုပ်လေ့လုပ်ထရှိသော အရာမျိုးပင်။ ဟန်လိ ယခုကဲ့သို့ ပြုလုပ်နေရသည့်အကြောင်းကမူ ရုပ်သေးကျမ်းကို လေ့လာနေသောကြောင့် ဖြစ်၏။

စစချင်းတုန်းက ရုပ်သေးသန့်စင်ခင်းပညာရပ် စဦးအဆင့်ကို လေ့လာပြီးနောက် ဟန်လိသည် ရုပ်သေးသန့်စင်ဖို့အတွက် မှော်ပစ္စည်းများ သန့်စင်ရာတွင် အသုံးပြုသော ပုံမှန်အမယ်ပစ္စည်းများသာ လိုအပ်သည်မဟုတ်၊ သက်ရှိများ၏ စိတ်ဝိညာဉ်များသာ လိုအပ်ကြောင်းကို ရှာတွေ့ခဲ့သည်။ စိတ်ဝိညာဉ်တစ်ခု မပါဘဲ သန့်စင်ပါက ၎င်းတွင် စိတ်ဝိညာဉ်ဆိုင်ရာ ဂုဏ်သတ္တိများ လုံးလုံး ပါဝင်လိမ့်မည် မဟုတ်ပေ။

ရုပ်သေး၏ အဆင့် ကို၍ မြင့်လာလေလေ ပါဝင်ရမည့် စိတ်ဝိညာဉ် အရည်အသွေးမှာလည်း ပိုတိုးလာလိမ့်မည်သာ။ ထို့ကြောင့် ရုပ်သေးသန့်စင်ဖန်တီးဖို့အတွက် မိစ္ဆာတာအိုပညာရပ်များ ဖြစ်သည့် စိတ်ဝိညာဉ်နှုတ်ယူခြင်း၊ စိတ်ဝိညာဉ်စုစည်းခြင်းနှင့် စိတ်ဝိညာဉ်သန့်စင်ခြင်း ပညာရပ်တို့ကို အခြေခံအားဖြင့် အသုံးပြုရသည်။

စိတ်ဝိညာဉ်နှုတ်ယူခြင်းပညာရပ်ကို အသုံးပြု၍ ဟန်လိသည် ကင်းလိပ်ချောအသေမှ စိတ်ဝိညာဉ်ကို နှုတ်ယူခဲ့တာ ဖြစ်၏။

ထိုမှော်ပညာရပ်၏ စွမ်းအားမှာ အားနည်းရုံသာမက ၎င်း၏ အောင်မြင်မှုနှုန်းမှာလည်း နိမ့်သည်။ ထို့အပြင် ၎င်းပညာရပ်ကို သေဆုံးတာ မကြာသေးသော အလောင်းများပေါ်၌သာ အသုံးပြု၍ ရတာ ဖြစ်သည်။ စိတ်ဝိညာဉ်များနှင့် ပတ်သတ်ပြီး အထူးပြုထားသော မိစ္ဆာတာအိုလမ်းစဉ်၏ လျှို့ဝှက်ပညာရပ်များကို နှိုင်းယှဉ်ပါက ၎င်းသည် စွမ်းအား ကွာဟချက်တွင် ကြီးမားလွန်းသည်။

ထိုပညာရပ်၏ တစ်ခုတည်းသော ကောင်းကျိုးဟူ၍ မှော်စွမ်းအားပမာဏ နည်းနည်းပါးပါးသာ လိုအပ်ခြင်း ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူများသည် ၎င်းပညာရပ်ကို မကြာခဏ အသုံးပြုနိုင်ကြသည်။ သို့သော် ဟန်လိကဲ့သို့ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကမူ ၎င်းပညာရပ်ကို အသုံးပြုရာ၌ အခက်အခဲ ရှိသည်။ အောင်မြင်မှုနှုန်းမှာလည်း မမြင့်မားလှပေ။

စိတ်ဝိညာဉ်စုစည်းခြင်း ပညာရပ်သည် စိတ်ဝိညာဉ်များကို သိပ်သည်းသော မှော်ပညာရပ်တစ်ခု ဖြစ်၏။ တကယ်တော့ အားကောင်းလှသော စိတ်ဝိညာဉ်များကို လွယ်လင့်တကူ ရှာဖို့ မလွယ်ကူပေ။ ပုံမှန်အားဖြင့် အဆင့်မြင့်ရုပ်သေးများသည် အားကောင်းသော စိတ်ဝိညာဉ်များကို အသုံးပြုရသည်။ ထိုသို့အားကောင်းသော စိတ်ဝိညာဉ်များကို ရဖို့အတွက် အားနည်းသော စိတ်ဝိညာဉ်ဆယ်ခုကျော်လောက်ကို ပေါင်းစည်းကာ သန့်စင်ရလေ့ ရှိ၏။ ယင်းသို့သော စိတ်ဝိညာဉ်အမျိုးအစားများသည် ဝမ်းတွင်းပါ အားကောင်းသော စိတ်ဝိညာဉ်များလောက် မကောင်းမွန်သော်လည်း အဆင့်နိမ့် စိတ်ဝိညာဉ်များကို အသုံးပြုခြင်းထက်တော့ များစွာ ပိုအစွမ်းထက်သည်။

နောက်ဆုံးတစ်ခုမှာ စိတ်ဝိညာဉ်သန့်စင်ခြင်း ပညာရပ်ပင်။ အမည်အတိုင်း ၎င်းမှာ စိတ်ဝိညာဉ်များကို သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်းတို့အတွက် အသုံးပြုသော ပညာရပ် ဖြစ်၏။ တကယ်တော့ စိတ်ဝိညာဉ်များကို ရုပ်သေးတို့နှင့် အတူတကွ သန့်စင်နိုင်၏။ အစိမ်းသပ်သပ် စိတ်ဝိညာဉ်များကိုမူ အသုံးပြုနိုင်စွမ်း မရှိချေ။ စိတ်ဝိညာဉ်များကို သန့်စင်ဖို့အတွက် အသုံးမပြုခင်မှာ သီးခြားနည်းလမ်းတစ်ခုဖြင့် အရင်ဆုံး ပြုလုပ်ထားရသည်။

အစောပိုင်းတုန်းက ကင်းလိပ်ချောကြီးကဲ့သို့ ရုပ်သေးသားရဲမှာ ဟန်လိ ပထမဆုံးအကြိမ်အဖြစ် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကနေ အမှီအခိုကင်းသော နတ်ဘုရားအာရုံ အမျှင်တန်းကို သန့်စင်ပြီးနောက်မှာ သူကိုယ်တိုင် သန့်စင်ဖန်တီးထားသော ပထမဆုံးစက်ရုပ်သေး ဖြစ်သည်။ သူ အသုံးပြုခဲ့သော စိတ်ဝိညာဉ်များကမူ အဝါရောင်ကြွက်များ၏ စိတ်ဝိညာဉ်များ ဖြစ်၏။

သည့်မတိုင်ခင်မှာ ဟန်လိသည် ရှစ်ကြိမ်လောက် ကျရှုံးခဲ့ပြီး ဖြစ်၏။ သူ၏ အောင်မြင်မှုနှုန်းသည် အမှန်တကယ် မပြောပလောက်ပါ။

သို့ပေမည့် ဟန်လိက ထိုရုပ်သေးကို ထိန်းချုပ်ရန် သူ့အသိစိတ်အမျှင်တန်းကို ၎င်းအတွင်းသို့ ပို့လွှတ်သည့်အခါ၌ အလွန်အံ့အားသင့်ဖွယ်ကောင်းသည့် ခံစားချက်ကို ရ၏။ ၎င်းရုပ်သေးထံမှ တုန့်ပြန်မှုသည် မှော်ပစ္စည်းများထက် သာသည်။ သို့သော် လူတစ်ယောက်၏ သူ့ခြေလက်များကို လှုပ်ရှားမှု ပြုနိုင်သလောက်တော့ မချောမွေ့သေးပေ။

အမှန်တကယ်တွင်မူ သူ၏အသိစိတ်အမျှင်တန်းနှင့် ထိုစက်ရုပ်သေးသားရဲတို့ကြား သခင်နှင့်ကျေးကျွန် ပတ်သတ်မှုမျိုး ရှိနေပုံ ရသည်။ ရုပ်သေးမှာ သူ၏ စိတ်ထဲ၌ အမိန့်တိုင်း လိုက်ပါ ပြုမူ ဆောင်ရွက်လိမ့်မည်။ ရုပ်သေ မည်သို့မည်ပုံ လှုပ်ရှားမည်ကမူ ၎င်းကိုယ်တိုင်သာ ဆုံးဖြတ်လိမ့်မည် ဖြစ်၏။ ထို့အပြင် ရုပ်သေးက မြင်သည့်၊ ကြားသည့်အရာမျိုးကိုလည်း ဟန်လိကပါ ကောင်းကောင်း အာရုံခံနိုင်စွမ်း ရှိ၏။ ဤသည်က သူ့ကို လွန်စွာ ကျေနပ်သွားစေသည်။

ဟန်လိသည် ကိုယ်တိုင်ဖန်တီးထားသော စဦးရုပ်သေးသားရဲတစ်ကောင်ကိုသာမက သူ့တွင် ပိုင်ဆိုင်ထားပြီး ဖြစ်သော အဆင့်မြင့်ရုပ်သေးအချို့နှင့်ပါ လေ့ကျင့်သည်။

သူသည် ထိုရုပ်သေးများကို ထိန်းချုပ်ကြည့်နေရင်း ၎င်းတို့၏ အကန့်အသတ်အချို့ကို တဖြည်းဖြည်း သိလာ၏။

ပထမတစ်ချက်မှာ ယင်းရုပ်သေးများကို ကီလိုမီတာတစ်ခွဲအတွင်း၌သာ ထိန်းချုပ်နိုင်သည်။ ထိုထက်ပိုသော အကွာအဝေးတွင်တော့ စက်ရုပ်သေးများသည် လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။ သည့်အပြင် သူ၏အသိစိတ်အမျှင်တန်းမှာ ဟန်လိထံ ပြန်ရောက်လာမည်သာ။ ဤသည်မှာ သူ့အသိစိတ်ကို ခန္ဓာကိုယ်နှင့် အဝေးဆုံး ပိုင်းခြား၍ ရသော အကွာအဝေးဟု ခန့်မှန်းမိသည်။ သူ၏ကျင့်ကြံမှုနှင့် ရှေးဦးစိတ်ဝိညာဉ်တိုးတက်လာခဲ့လျှင်တော့ ယင်းအကန့်အသတ်သည်လည်း တိုးလာလိမ့်မည်သာ။

အားနည်းချက်ကို ဖာထေး၍ မရသော ရုပ်သေးပညာရပ်၏ ပစ်ချက်တစ်ခုလည်း ရှိသေးသည်။ ထိုရုပ်သေးများသည် အမိန့်များကို နာခံသည့်အခါ ချက်ခြင်း ပြန်မတုန့်ပြန်၊ နှေးဖင့်တတ်သည်။ အစစ်အမှန်တိုက်ပွဲတွင် သူ၏ရန်သူက ထိုအားနည်းချက်ကို အခွင့်ကောင်း ယူနိုင်၏။

ယင်းအားနည်းချက်နှစ်ခု ရှိနေလျှင်ပင် သည်ရုပ်သေးပညာရပ်မှာ အာပလာတော့ မဟုတ်ပေ။ နတ်အာရုံအမျှင်တန်းများ ပို၍ ဖန်တီးနိုင်ခြင်း၊ မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ပထမအဆင့်ကို ကျင့်ကြံနိုင်ခြင်းဖြင့်ပင် ဟန်လိအဖို့ ပို၍ အစွမ်းထက်လာမည်သာ။

တကယ်တော့ သူ့ဘေး၌ အကူအညီပေးနိုင်သူ ဆယ်ယောက်ကျော် ရှိနေပါက ယင်းတို့၏ ခွန်အားသည် ချီစုဆောင်းခြင်းအဆင့်၌ ရှိနေခဲ့လျှင်ပင် သူ၏ ခုခံမှုကို များစွာ ပိုအားကောင်းစေနိုင်သည် မဟုတ်လား။

အနည်းဆုံးတော့ သူသာ တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေး၏ ပိတ်ဆို့ခြင်းကို ထပ်ခံရလျှင်ပင် သူသည် အဆုံးမသပ်သော သွေးတစ္ဆေများကို ကြောက်နေရန် မလိုတော့ပေ။ သူ၏ အဆင့်နိမ့်စက်ရုပ်သေးများကို အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးများ သုံးစွဲစေပြီး လှုပ်ရှားခိုင်းလိုက်ရုံသာ။

ဝါးတစ်ထောင်ကျောင်းတော်၊ ဟောင်လုံ၏ အံ့မခန်းခွန်အားနှင့် ကျားရုပ်သေးကြီးကမူ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးစွဲရလိမ့်မည်။ ထိုရုပ်သေးသားရဲမှာ အဆင့်သုံး သို့မဟုတ် ထို့ထက်ပိုမြင့်လိမ့်မည်ဟု ဟန်လိ ထင်သည်။ ၎င်းကျားရုပ်သေးက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ သုံးလေးယောက် ပူးပေါင်းဖန်တီးထားသော အရံအတားကိုပါ တိုက်ချက်နှစ်ခုတည်းဖြင့် ဖျက်စီးပစ်နိုင်စွမ်း ရှိခဲ့ပေသည်။ ထိုအချက်ဖြင့်ပင် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို ရှင်းရှင်းလင်းလင်း မြင်ရသည်။

သို့ပေမည့် ကံမကောင်းသည်မှာ သူ၏ စီနီယာလိုင်က မှော်ရတနာအသုံးပြုပြီး ထိုရုပ်သေးကို အမှုန့်ဖြစ်သွားစေခဲ့တာပင်။ ဟန်လိသည် ခုချိန်၌ ထိုကျားသားရဲရုပ်သေးကို ရထားခဲ့ပါက ၎င်းက သူ့အတွက် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်မည်သာ။

ထိုသို့သော ကျားသားရဲရုပ်သေးကို ပိုင်ဆိုင်ခဲ့လျှင် ရမည့် အကျိုးကျေးဇူးများကို တွေးမိနေစဉ် သူ့စိတ်ထဲ၌ ယင်းသို့ သားရဲမျိုးကို သန့်စင်ဖို့ အာသိသ ရှိလာတော့သည်။

စဦးအဆင့်တစ်ရုပ်သေး ဆယ်ကောင်ကျော်ကို သန့်စင်ဖန်တီးပြီးနောက်မှာ ဟန်လိသည် စဦးအဆင့်နှစ်ရုပ်သေးတစ်ကောင်ကိုပါ သန့်စင်ဖို့ ဆုံးဖြတ်သည်။ ယင်းအဆင့် ရုပ်သေးများကို သူ အရင်က မြင်ခဲ့ဖူးသည်။ ဝါးတစ်ထောင်ကျောင်းတော်က ယင်းသားရဲရုပ်သေးများကို တိုက်ခိုက်ရာမှာ အဓိကအသုံးပြုခဲ့ဖူး၏။ သူသာ ထိုအဆင့်သားရဲများကို သန့်စင်ဖန်တီးနိုင်စွမ်း ရှိပါက သူ၏ ရုပ်သေးများကိုအသုံးပြုရာတွင် စိုးတထိပ်ထိပ် ဖြစ်နေရန် မလိုတော့ပေ။

သို့ပေမည့် အဆင့်နှစ်ရုပ်သေးများကို သန့်စင်ခြင်းမှာ လွယ်ကူသော အရာ မဟုတ်ပေ။ အဆင့်မြင့်မှော်ပစ္စည်းတစ်ခုကို သန့်စင်ရာ၌ လိုအပ်သော သတ္တုအမယ်များ နီးပါးလောက် လိုအပ်လိမ့်မည်။ အရေးကြီးဆုံး သတ္တုအမယ်မှာ နှစ်ရာချီ သက်တမ်းရှိ သံသစ်သားပင်။

အကယ်၍ ဟန်လိသည် သူ၏ အင်မောတယ်လှိုဏ်ဂူ၌ ရှိနေခဲ့ပါက ထိုသံသစ်သားကို သက်တမ်းရင့်အောင် လုပ်ရန် ပြဿနာ မရှိပေ။ သို့ပေမည့် ခုလက်ရှိ သူ့ တာဝန်များကြောင့် ဟန်လိသည် အဝေးရှိ ဈေးမြို့များမှသာ တခြားသူများကို မှာခိုင်းရန်သာ ရှိတော့သည်။

ခုချိန်၌ သူ့မှာ သတ္တုအမယ်များ ရှိနေခဲ့လျှင်ပင် သင့်လျော်သော စိတ်ဝိညာဉ်တစ်ခု လိုအပ်အုံးမည် ဖြစ်သည်။ သည်ချောက်နက်အတွင်း၌ အတွေ့ရအများဆုံး ကြွက်ဝါ၏ စိတ်ဝိညာဉ်ကမူ အလွန်တရာ အားနည်း၏။ သူက ယင်းတို့၏ စိတ်ဝိညာဉ်များစွာကို စုဆောင်းခဲ့လျှင်ပင် သိသိသာသာ တိုးတက်မှုကို ဖြစ်လာစေနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဟန်လိက ကြွက်ဝါကို စားသုံးသော မြေရိုင်းဒေသ ကင်းလိပ်ချောအပေါ် မျက်စိကျခဲ့တာ ဖြစ်သည်။

ဟန်လိသည် သုံးလေးလလောက် အားစိုက်ထုတ်ပြီးနောက်မှာ နတ်အာရုံအမျှင်တန်းများကိုလည်း ဖန်တီးနိုင်ခဲ့ပြီး ဖြစ်သည်။ ထိုအသိစိတ်အမျှင်တန်းများကို အသုံးပြု၍ အဆင့်နိမ့်ရုပ်သေးသားရဲများကို ထိန်းချုပ်ကာ မြေရိုင်းဒေသတခုလုံး၏ ကင်းလိပ်ချောများအားလုံးကို ထောက်လှမ်းခဲ့သည်။

ဟန်လိသည် ကင်းလိပ်ချော၏ စိတ်ဝိညာဉ်ပါဝင်သော ပုလင်းငယ်ကို သိမ်းဆည်းပြီးနောက် သူက မျက်လုံးမှိတ်၍ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံကာ သူ့ရှေးဦးစိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း သန်မာအောင် လုပ်နေလေ၏။

ထိုမဟာဖွံ့ဖြိုးခြင်းပညာရပ်သည် ရုပ်သေးပညာရပ်များကို အသုံးပြုဖို့အတွက် ပဓာနကျင့်စဉ် ဖြစ်သည်။ သူ ၎င်းပညာရပ်ကို ပေါ့ပေါ့ဆဆ မထားဝံ့ပေ။

မဟာဖွံ့ဖြိုးခြင်းပညာရပ်သည် ဝါးတစ်ထောင်ကျောင်းတော်၏ အဓိကကျင့်စဉ် ဖြစ်ဖို့ အမှန်တကယ် ထိုက်တန်ပေ၏။ တွေ့နေမြင်နေကျ အသိစိတ်ခွဲထုတ်ခြင်း လျှို့ဝှက်ပညာရပ်များက ၎င်းကို ယှဉ်၍ မရပေ။

သာမန် အသိစိတ်ခွဲထုတ်ခြင်း ပညာရပ်များသည် လူတစ်ယောက်၏ နတ်ဘုရားအာရုံ အစိတ်အပိုင်းငယ်တစ်ခုကိုသာ အတင်းအကြပ် ခွဲထုတ်နိုင်တာ ဖြစ်၏။ နတ်ဘုရားအာရုံအမျှင်တန်းမည်မျှများများ ထုတ်နိုင်မည်မှာ လူတစ်ယောက်၏ ရှေးဦးစိတ်ဝိညာဉ်ခွန်အားအပေါ်၌ မူတည်လေ၏။ ထို့အပြင် ယင်းပညာရပ်များသည် ရှေးဦးစိတ်ဝိညာဉ်ကို ပိုသန်မာအောင် မလုပ်ပေးနိုင်ချေ။

မဟာဖွံ့ဖြိုးခြင်းပညာရပ်ကမူ ထိုအားနည်းချက်ကို ဖာထေးထား၏။ ၎င်းကို ကျင့်ကြံပါက ရှေးဦးစိတ်ဝိညာဉ်များကို ပိုသန်မာအောင် လုပ်ပေးနိုင်သည်။ ထို့အပြင် သည်ပညာရပ်၏ နတ်အာရုံခွဲထုတ်သည့် နည်းလမ်းမှာ ပုံမှန်ပညာရပ်များထက် ပို၍ ဘေးကင်းကာ ထိရောက်မှု ပိုသည်။

သို့အတွက်ကြောင့် မဟာဖွဲ့ဖြိုးခြင်းပညာရပ်သည် ဝါးတစ်ထောင်ကျောင်းတော်၏ သင်ကြားမှုများ၌ အဓိကအဖြစ် သတ်မှတ်တာ အံ့အားသင့်စရာ မရှိတော့ပေ။ ယင်းအတွက်ကြောင့်လည်း စီနီယာအစ်ကိုလင်းက သည်ပညာရပ်၏ နောက်ဆုံးအဆင့် မန္တာန်သုံးခုကို အသည်းအသန် လိုချင်ခဲ့တာ ဖြစ်၏။

(TL: အပိုင်း(၂၃၂)တွင် စီနီယာအစ်ကိုလင်းသည် ဟန်လိ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားပြီးနောက် သူ့အသက်ကို မသတ်ရန် ဒီမဟာဖွဲ့ဖြိုးခြင်းပညာရပ်ကို ပေးပါမည်ဟု တောင်းပန်ခဲ့ဖူးသည်။ )

All Chapters