← Chapters

ဝါဒတောင်သို့ရောက်လာသည့် ထိပ်တန်းအရှင်သခင်(၆)ယောက်

Vol. 73 Ch. 1023

ဝါဒတောင်သို့ရောက်လာသည့် ထိပ်တန်းအရှင်သခင်(၆)ယောက်

Vol. 73 Ch. 1023

အခန်း (၁၀၂၃) ဝါဒတောင်သို့ရောက်လာသည့် ထိပ်တန်းအရှင်သခင်(၆)ယောက်

ကျူတောပင်လယ်ဒေသဆိုသည်က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် အနောက်ဘက်စွန်း နယ်စပ်တွင် တည်ရှိသည်။

ဤနေရာမှ အရှေ့မြောက်ဘက်သို့သွားမည်ဆိုပါက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ရောက်နိုင်ပြီး အရှေ့မြောက်ဘက်သို့ဆက်သွားမည်ဆိုလျှင် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ ရောက်ရှိပေမည်။

မိုးနှင့်မြေကိုလွှမ်းခြုံထားသည့် အဆုံးမရှိဟုထင်မှတ်ရသော စွမ်းအားရောင်ဝါများကိုအာရုံခံရင်း ရောက်ရှိလာသူများက ‘လူသားအထွတ်ထိပ်အဆင့်’ ကျင့်ကြံသူများဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။

‘လူသားအထွတ်ထိပ်အဆင့်’ သိုင်းသူတော်စင် တစ်ယောက်တည်းမကပေ။

ပြီးတော့ စွမ်းအားရောင်ဝါ (၂)ခုက တိုက်ပွဲထဲတွင် ပိတ်မိနေသည့်အလား ရှင်းလင်းစွာ လှုပ်ရှားနေကြလေရာ တန်ခိုးစွမ်းအားရှင် (၂)ယောက် တိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်။

ထိပ်တန်းအရှင်သခင် (၂)ယောက် ဝါဒတောင်သို့ချဉ်းကပ်လာစဉ် အပြင်းအထန် တိုက်ခိုက်ခဲ့ကြဟန် ရှိသည်။

သို့သော် သူတို့၏တိုက်ပွဲက မြေပြင်အောက်ဘက်မှ သက်ရှိများအပေါ် ကြီးမားသည့်သက်ရောက်မှုမရှိစေရန် ဆင်ခြင်တုံတရားဖြင့် ထိန်းသိမ်းထားကြသည်။

သူတို့ (၂)ယောက်၏ တိုက်ခိုက်မှုက ကျူတောပင်လယ်ဒေသ ၊ အရှေ့မြောက်ဘက်လမ်းတစ်လျှောက်လံဒးသို့ ပျံ့နှံ့သွားသဖြင့် ဗလာနယ်ထဲတွင် ရှည်လျားသောအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာကာ တိုက်ပွဲက အဆုံးမရှိဟု ထင်မှတ်ရသည်။

မိုးမြေတစ်ခွင်မှ ဝိညာဉ်စွမ်းအားများ ချက်ချင်းပြန်လည်စုစည်း လာကြသော်လည်း ထိုကြောက်မက်ဖွယ်ရာ ဗလာနယ်အက်ကွဲကြောင်းကြီးက အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်သွားခြင်း မရှိပေ။

ယခင်က ဝါဒတောင်တိုက်ပွဲတွင် ရန်ကျောက်ကဲနှင့် ကြယ်ခြွေလက်ဝါးသခင် ကွမ်းလီတဲ့တို့ ရင်ဆိုင်ခဲ့ချိန် မပျောက်ကွယ်နိုင်သော ကောင်းကင်အက်ကွဲကြောင်းဒဏ်ရာများ ဖြစ်ပွားခဲ့သလိုမျိုး ဖြစ်၏။

သို့သော် ထိုစဉ်က ကောင်းကင်အက်ကွဲကြောင်းအမာရွတ်များက ယခုကဲ့သို့ ကပ်ဆိုးတစ်ခုပမာမြင်ကွင်းနှင့်နှိုင်းယှဉ်လျှင် အလွန်သေးငယ်လှပေသည်။

အဝေးမှလှမ်းကြည့်မည်ဆိုလျှင် ဤကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကြီးမှာ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်မှစတင်ပြီး အ‌နောက်တောင်ဘက်ခြမ်း တစ်လျှောက်ဖြတ်သန်းသွားက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ထိတိုင် ရောက်ရှိလာကြောင်း တွေ့မြင်ကြရမည် ဖြစ်သည်။

ဝါဒတောင် ၊ မိုးထိတောင်ထွတ်ရှိ ပင်မခန်းဆောင်ထဲတွင် ထိုသို့သော ပြင်းထန်သည့်တိုက်ပွဲကို လူတိုင်းသတိပြုမိလိုက်ကြသည်။

သို့သော် မည်သူမှ ထိတ်လန့် တုန်လှုပ်သွားခြင်း မရှိကြပေ။

သူတို့စိတ်ထဲ တူညီသည့်အတွေးတစ်ခုသာလျှင် ဝင်ရောက်လာသည်။

“တိုက်ပွဲစပြီ...”

ရန်တိက တည်ငြိမ်စွာဖြင့်...

“ကြည့်ရတာ ဧည့်သည်ဆိုးတစ်ယောက် ရောက်လာပြီထင်တယ်”

ထို့နောက် သူကိုယ်တိုင်ဦးဆောင်ပြီး ခန်းမထဲမှထွက်ခွာသွားသည်။

သူ့ဘေးနားတွင်ရှိနေသော ရန်ကျောက်ကဲနှင့် အထူးဧည့်သည်တော် နေရာတွင်ထိုင်နေသော အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်တို့သည်လည်း ခန်းမဆောင်အပြင်ဘက်သို့ ထွက်လာကြသည်။

အခြားသောဧည့်သည်တော်များ ၊ ဝါဒ‌တောင်မှ အကြီးအကဲများသည်လည်း ထိုင်မနေနိုင်တော့ဘဲ အားလုံးမတ်တတ်ထရပ်ကာ ခန်းမထဲမှ ထွက်ခွာလာကြတော့၏။

ခန်းမအပြင်သို့ ရောက်ရှိသည်နှင့် အဝေးတစ်နေရာ ကောင်းကင်ထက်တွင် လျှပ်စီးများ လင်းလက်လျက် မိုးခြိမ်းသံများ ကျယ်လောင်စွာထွက်ပေါ်နေကြောင်း တွေ့မြင်လိုက်ရသည်။

မည်သူမည်ဝါ ထုတ်ဖော်ပြသခြင်းမရှိသည့်တိုင် ရောက်လာသူမည်သူဖြစ်ကြောင်း လူတချို့က ရိပ်မိလိုက်ကြသည်။

ချောင်ကျယ်က မိုးကြိုးတိမ်တိုက်များ လွှမ်းခြုံနေသည့်ကောင်းကင်ထက်သို့မော့ကြည့်ရင်း...

“အကြီးအကဲ’လျို’ ရောက်လာပြီ”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်တယ်... အရှေ့မြောက်ထိပ်တန်းအရှင်သခင်ပဲ”

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားအတွက် ရန်ကျောက်ကဲက အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ် ၊ ချင်းရှောင်းတောင် ၊ ကွေလေနန်းတော်သို့ ဖိတ်ကြားစာတစ်စောင် ပေးပို့ခဲ့သော်လည်း အရှေ့မြောက် ထိပ်တန်းအရှင်သခင် လျိုကျန်းကူက အကြောင်းပြန်ခြင်း မရှိခဲ့ပေ။

လာမည်လည်းမပြော ၊ မလာဘူးလည်းမပြောခဲ့ပေ။

ယခုတော့ အရှေ့မြောက်ထိပ်တန်း အရှင်သခင်က ကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာပုံရသည်။

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားသို့ ပိုးသားဧကရာဇ် ရောက်လာတော့မည် မဟုတ်ကြောင်း သတင်းထွက်ပေါ်လာသည့်အခါ ချင်းယွမ်ဧကရာဇ်အပေါ် ဖိအားများလျော့နည်းသွားသည်။

သို့သော် အများအမြင်အရဆိုလျှင် အရှေ့မြောက်ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ သည် ရန်ကျောက်ကဲ ၊ ဝါဒတောင်တို့နှင့် အဆက်အသွယ် များစွာရှိသူ မဟုတ်ပေ။

အတွင်းပိုင်းဇာတ်လမ်းများကို ကျင်းထင်တောင်မှ လူအနည်းငယ်သာ သိရှိကြခြင်း ဖြစ်၏။

ရွှယ်ချူးချင်နှင့် ဝါဒတောင်ကြားမှ ဆက်ဆံရေးအား ထုတ်ဖော်ခြင်းမရှိပါက တစ်ချိန်တစ်ခါက ရွှယ်ချူးချင်ကို တိတ်တဆိတ်ကာကွယ်ပေးခဲ့သော အရှေ့မြောက်ထိပ်တန်း အရှင်သခင်သည် ဝါဒတောင်သို့ရောက်ရှိလာပြီး လူအများသံသယဝင်စေမည့် သဲလွန်စများကို ထုတ်ဖော်ပြသမည် မဟုတ်ပေ။

ယခုတော့ သူ ရောက်ရှိလာခဲ့ပြီ။

ရောက်လာရသောအကြောင်းရင်းက တခြားသူများလည်း ရောက်ရှိလာသောကြောင့်ပင်။

သူရောက်ရှိလာခြင်းက ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်ကြားမှ ဆက်ဆံရေးမှာ လျှို့ဝှက်ချက်မဟုတ်တော့ကြောင်း အခိုင်အမာဖော်ပြလိုက်ခြင်းသာပင်။

ထိုသို့ဆိုလျှင် ဝါဒတောင်သို့ လူပေါင်းများစွာ ပိုမိုရောက်ရှိလာကြပေမည်။

ပိုးသားဧကရာဇ်က ချင်းယွမ်ဧကရာဇ်ကို ထိန်းချုပ်ထားသည်ဆိုလျှင်တောင်မှ  ဝါဒတောင်အတွက် ကြီးမားသည့်ဖိအားကို ရင်ဆိုင်ရမည် ဖြစ်၏။

ထိုသို့သောအခြေအနေတွင် အရှေ့မြောက်ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ သည် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝါဒတောင်အား အကူအညီပေးရန် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။

ရန်သူ (၂)ယောက်မှာ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်မှ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်အထိ တောက်လျှောက်တိုက်ခိုက်လာခဲ့ကြခြင်း ဖြစ်သည်။

လျှပ်စီးမိုးကြိုးများအပြင် မြင့်မားသောသစ်ပင်တစ်ပင် ပါရှိနေသည့် အဝေးဆီမှ မိုးကုပ်စက်ဝိုင်းဆီသို့ ရန်ကျောက်ကဲ လှမ်းကြည့်လိုက်သည်။

ထိုသစ်ပင်ကြီး၏ အမြစ်နှင့်အကိုင်းအခက်တို့က အရပ်ရပ်သို့ဖြန့်ကြက်လျက် မိုးမြေတစ်ခွင် မြင့်မား ဖြောင့်မတ်စွာ ရပ်တည်နေသည်။

ကောင်းကင်ထက်တွင်ရှိနေသည့် တောင်ထွတ်ပမာမြင့်မားသည့် သစ်ပင်ကြီးပတ်လည်တွင် မိုးကြိုးလျှပ်စီးများက အရှိန်အဟုန်ပြင်းစွာ ဝိုင်းရံနေသည်။

ထိုသူက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ၊ အထီးကျန်တိမ်တိုက်တောင် ၊ ချင်းဟွာကျောင်းတော်မှ အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာ’ထျန်းယိ’ ပင် ဖြစ်၏။

ကျူတောပင်လယ်ဒေသနှင့် နီးကပ်လာသည့်အခါ ရှေးဟောင်းသစ်ပင်ကြီး၏အကိုင်းအခက်များအ နည်းငယ်တုန်ခါသွားပြီး သစ်ပင်ထက်တွင် လူတစ်‌ယောက်ပုံရိပ် ထွက်ပေါ်လာသည်။

ထိုသူက လူရွယ်တစ်ယောက်ဖြစ်ကာ အစိမ်းရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သေချာပေါက် တာအိုဆရာ’ထျန်းယိ’ ပင် ဖြစ်သည်။

သူက တာအိုဝတ်စုံကိုဝတ်ဆင်မထားဘဲ စာပေသမားတစ်ယောက်ပမာ ဝတ်ဆင်ထားသည့်တိုင် အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားလွန်းသည်။

စာပေသမားဝတ်စုံကိုဝတ်ဆင်ခြင်းက အထက်ဘုံကမ္ဘာတွင် နှစ်ပေါင်းများစွာ ပျံ့နှံ့ခဲ့သော သူ၏အထူးဝိသေသ ဖြစ်၏။ ထို့ကြောင့် သူ၏ အဝတ်အစားကိုကြည့်ရုံဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ကြသည်။

မိုးကြိုးလျှပ်စီးပင်လယ်ထက်တွင်တော့ ကျောက်စိမ်းခါးပတ်တစ်ခု ပတ်ထားပြီး ဦးခေါင်းထက်တွင် ခရမ်းရောင်သရဖူ ဆောင်းနှင်းထားသည့် အရပ်မြင့်မြင့် အဘိုးအို တစ်ယောက် ထွက်ပေါ်လာသည်။

ခမ်းနားထည်ဝါသော မျက်နှာထားဖြင့် အရပ်မြင့်မားသော ထိုအဘိုးအိုမှာ အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူပင် ဖြစ်သည်။

တာအိုဆရာထျန်းယိနှင့်တိုက်ခိုက်ရင်း သူ၏လွှမ်းမိုးနိုင်စွမ်းမြင့်မားသောအသံက စည်တီးသံပမာကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ချင်းယွမ်ဧကရာဇ်နဲ့ တောင်ပိုင်းကျွမ်းရှန်က ဝါဒတောင်နဲ့ရန်ငြိုးရှိလို့ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ကြတာကို နားလည်နိုင်ပါတယ် ၊ ဒါပေမဲ့... ထျန်းယိ... မင်းက ဒီကိုလာပြီး အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တာ မရှက်ဘူးလား”

တာအိုဆရာထျန်းယိက...

“အဲဒီမိန်းကလေးက ယိုးမင်ဧကရာဇ်နဲ့ မတော်တဆ ပတ်သက်မိတယ်လို့ ငါထင်ခဲ့တာ ၊ အခုတော့ အဲဒီလိုမဟုတ်ဘူး ၊ အရာအားလုံးက ကြိုတင်ကြံစည်ထားတာပဲ”

“အခြေအနေတွေက အရင်ကမျှော်မှန်းထားတာထက် အများကြီးပိုပြီး ပြင်းထန်တယ် ၊ မြန်မြန်ဖြေရှင်းနိုင်လေကောင်းလေပဲ ၊ ဒီလိုအခြေအနေမျိုးမှာ အသေးအဖွဲတွေကိုအရေးစိုက်နေစရာမလိုဘူး”

သူက လျိုကျန်းကူကိုကြည့်ရင်း...

“ဒါပေမဲ့ မင်းကသာ အကြောင်းမရှိဘဲ မြစ်ထဲဆင်းပြီး တမင်သက်သက်လိုက်မွှေနှောက်နေတာ”

မိုးကြိုးပင်လယ်ထက်တွင်မတ်တတ်ရပ်နေသော လျိုကျန်းကူ၏ စကားသံက မိုးကြိုးပစ်သံပမာ ပေါက်ကွဲထွက်ပေါ်လာသည်။

“လူတိုင်းဝင်ပါနေကြတာ... ငါက ဘာအကြောင်းပြချက်ပေးစရာလိုသလဲ”

တာအိုဆရာထျန်းယိက ဒေသထွက်သွားခြင်းမရှိဘဲ တည်ငြိမ်စွာပင်ဆိုသည်။

“လူတိုင်းဝင်ပါတယ်လို့ပြောဖို့ စောပါသေးတယ်”

သူက ဆက်ပြောသည်။

“ဒီနေ့ ပိုးသားဧကရာဇ်ရောက်မလာနိုင်ဘူးဆိုတဲ့သတင်း အခုပဲ ရခဲ့တယ် ၊ ချင်းယွမ်ဧကရာဇ်ရောက်မလာခင် မင်းနောက်ပြန်ဆုတ်ဖို့ အချိန်မီသေးတယ်”

လျိုကျန်းကူ မျက်ဝန်းများကို အသာ ကျဉ်းမြောင်းလိုက်သော်လည်း ဆုံးဖြတ်ချက်ကတော့ ယိမ်းယိုင်မသွားပေ။

“ဘာမှထပ်ပြောစရာမလိုဘူး”

တာအိုဆရာယိထျန်းက ခေါင်းညိတ်လိုက်ပြီး ကျူတောပင်လယ်ဒေသ တည်ရှိရာနေရာသို့ လှမ်းကြည့်လိုက်သည်။

“တကယ်လည်း ဘာမှထပ်ပြောစရာမရှိပါဘူး”

တာအိုဆရာယိထျန်း ကြည့်လိုက်သောနေရာတွင် အားကောင်းသော စွမ်းအားရောင်ဝါများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဝါဒ‌တောင်ထွက်မှ ရန်ကျောက်ကဲနှင့် အခြားသူများသည်လည်း ထိုစွမ်းအားရောင်ဝါများကို အာရုံခံလိုက်မိပြီး အနောက်မြောက်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

ထိုဦးတည်ချက်က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် နယ်နိမိတ် ဖြစ်သည်။ မြောက်ဘက်သို့ဆက်သွားပါက အလယ်ပိုင်းကျွင်းထျန်း ကောင်းကင်ပြည်နယ်သို့ ရောက်ရှိပေမည်။

ထိုခဏတွင် အနောက်မြောက် ကောင်းကင်ယံတွင် မီးလျှံများထွက်‌ပေါ်လာကြောင်း တွေ့လိုက်ရသည်။

မီးပင်လယ်က မိုးကြိုးပင်လယ်နှင့်ထိပ်တိုက်တွေ့သွားပြီး ချက်ချင်းဆိုသလို ပျက်ပြယ်သွားသည်။

အဆုံးမဲ့မီးလျှံများထဲမှ မီးလျှံဇာမဏီငှက်တစ်ကောင်ထွက်ပေါ်လာပြီး ဇာမဏီငှက်အရိပ်ထဲတွင် နှင်းဖြူရောင်ဆံနွယ်ရှည်များနှင့် ချောမောလှပသောလူရွယ်တစ်ယောက် ပေါ်လာသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’။

ကျွမ်းရှန်နှင့်အတူ မီးပင်လယ်ထဲမှ ဖြည်းညင်းစွာလမ်းလျှောက်ထွက်ပေါ်လာသူတစ်ယောက်ရှိသည်။ သူမကို ပတ်ဝန်းကျင် မီးတောက်မီးလျှံများက လုံးဝ ထိခိုက်စေခြင်း မရှိပေ။

သူမက သွယ်လျသည့်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အပြာရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားပြီး မျက်နှာတစ်ခုသာလျှင် တွေ့မြင်ရသည်။

အမျိုးသမီးက အလွန်တရာချောမောလှပသည်ဟု မဆိုနိုင်ဘဲ သာမန်အသွင်အပြင်သာရှိသည့်တိုင် လူအများ ထိတ်လန့်ကြောက်ရွံ့စေသည့် ခံစားချက်ကို ပေးစွမ်းသည်။

အဘယ်ကြောင့်ဆိုသော သူမထံမှ ပြင်းထန်သောမိစ္ဆာရောင်ဝါများထွက်ပေါ်နေပြီး သူမဘေးတွင်ရှိနေသော ကျွမ်းရှန်ထက်ပင် ပိုမိုအားကောင်းနေသေးသည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“အနောက်မြောက်ထိပ်တန်းအရှင်သခင် ၊ ပင်လယ်နီသခင်မ လျန်ကျူးလင်…”

ထို့နောက် သူက ဆက်ပြောလိုက်သည်။

“အနောက်ပိုင်းထိပ်တန်းအရှင်သခင်လည်းရောက်နေတယ်မဟုတ်လား ၊ ဘာလို့ ထွက်မလာသေးတာလဲ”

မီးလျှံပင်လယ်နှင့် မိုးကြိုးပင်လယ်အောက် ၊ ကျူတောပင်လယ်ဒေသအထက် လေထုထဲတွင် မည်သည့်အရာမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

ယခု ထိုနေရာမှ အသံတစ်သံထွက်ပေါ်လာသည်။

“တကယ်ထူးခြားတဲ့လူငယ်တစ်ယောက်ပဲ...”

မည်သည့်အရာမှမရှိသောလေထုက ရေလှိုင်းများပမာ လှုပ်ခတ်သွားသည်။

ထို့နောက် ပုံရိပ်ယောင်ပမာ မှုံဝါးဝါး အသွင်သဏ္ဌန်တစ်ခုထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ထင်သာမြင်သာ အနေအထားသို့ ပြောင်းလဲသွားသည်။

ထိုသူကိုမြင်တော့ ဝါဒတောင်မှ လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ထိုသူထွက်ပေါ်လာစေရန် ရန်ကျောက်ကဲသာ မဖိတ်ခေါ်လိုက်ဘူးဆိုလျှင် လက်ရှိ ရောက်ရှိနေကြသူများထဲတွင် ထိုသူရောက်ရှိနေကြောင်း ခြေရာခံနိုင်သူ တစ်ရာတွင် ဆယ်ယောက် မရှိနိုင်ပေ။

ထိုသူက...

အနောက်ပိုင်းထိပ်တန်းအရှင်သခင် ‘လန်ချင်း’။

ထိပ်တန်းအရှင်သခင် (၄)ယောက်၏ စွမ်းအားရောင်ဝါများက ဝါဒတောင်အား လွှမ်းခြုံထားသည်။

ဝါဒ‌တောင်အားကူညီရန် ရောက်ရှိနေသည့် အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်ကျယ်’ နှင့် အရှေ့မြောက်ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ တို့ကိုပါ ထည့်တွက်မည်ဆိုလျှင် အထက်ဘုံကမ္ဘာမှ ထိပ်တန်းအရှင်သခင် (၁၀)ယောက်တွင် တစ်ဝက်ကျော်ခန့် ကျူတောပင်လယ်ဒေသသို့ ရောက်ရှိနေသည်ဟု ဆိုနိုင်ပေ၏။

All Chapters