← Chapters

ထိပ်တန်းအရှင်သခင်များ၏တိုက်ပွဲ

Vol. 73 Ch. 1025

ထိပ်တန်းအရှင်သခင်များ၏တိုက်ပွဲ

Vol. 73 Ch. 1025

အခန်း (၁၀၂၅) ထိပ်တန်းအရှင်သခင်များ၏တိုက်ပွဲ

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်နှင့် အနောက်မြောက်ထိပ်တန်း အရှင်သခင် လျန်ကျူးလင်တို့ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြစဉ် အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာထျန်းယိနှင့် အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူတို့ကလည်း ဆက်လက်တိုက်ခိုက်ကြသည်။

လျိုကျန်းကူလက်ထဲတွင် မရေမတွက်နိုင်သောမိုးကြိုးသွားများ သိပ်သည်းပေါင်းစပ်ထားသည့် ဝရဇိန်လှံရှည်ကို ကိုင်ဆောင်ထားသည်။

သူက လှံရှည်ဖြင့် ရှေ့သို့ ဆောင့်ထိုးလိုက်၏။

ထိုအခါ ကျူတောပင်လယ်ဒေသတစ်ခုလုံး၏ ထက်ကောင်းကင်ယံတွင် မိုးကြိုးများ တဟုန်းဟုန်း တောက်လောင်နေပြီး နက်မှောင်သော တိမ်တိုက်များဖြင့် ပြည့်နက်လာသည်။

မိုးကြိုးတိမ်တိုက်များက ကျူတောပင်လယ်ဒေသ အပြင်ဘက်နေရာများသို့ပင် ပျံ့နှံ့သွားသည်။

ကျူတောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေအထက် လေထုထဲတွင် စုဝေးနေသည့် လျှပ်စီးများက မြွေများပမာ နက်မှောင်သောတိမ်တိုက်များအတွင်း လျှောဆင်းသွားသည်။

ထို့နောက် လျိုကျန်းကူလက်ထဲမှလှံရှည်ဆီသို့ အဆုံးမရှိသော လျှပ်စီးမြွေများက ဆင်းသက်လာသည်။

နောက်အခိုက်အတန့်မှာတော့ မိုးခြိမ်းသံများပေါက်ကွဲထွက်လာပြီး မိုးမြေတစ်ခုလုံးက မျဉ်းကြောင်းတစ်ကောင်းအသွင် ပေါင်းစည်းသွားကာ ပြင်းထန်သော မိုးကြိုစွမ်းအားပေါက်ကွဲမှုက လျိုကျန်းကူရှေ့မှ နေရာလွတ်ဆီသို့ ခုတ်ပိုင်းကျရောက်သွားသည်။

အထက်ဘုံကမ္ဘာ၏ ဗလာနယ်အရံအတား နယ်နိမိတ်က မည်မျှခိုင်ခံပါသနည်း။ အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာတို့နှင့် နှိုင်းယှဉ်ပါက မည်သို့ရှိသနည်း။

သို့တိုင် လျိုကျန်းကူ၏လှံရှည်ဖြင့် ထိုးနှက်ခံရသည့်အခါ မိုးမြေတစ်ခွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အမာရွတ်တစ်ခု ဖြစ်တည်လာသည်။

အစွန်းအထင်းအက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာပြီး အထက်ဘုံကမ္ဘာ၏ ဗလာနယ် နယ်နိမိတ် ဆုတ်ဖြဲခံလိုက်ရဟန် ရှိသည်။

သိုင်းသူတော်စင် နဝမအဆင့်ရှိသော ‘ဘဏ္ဍာတော်ထိန်းတောင်ထိပ်မှ ကျန်းစုရန်’ သာ စွမ်းအားအပြည့်အသုံးပြုထားသော ဤလှံရှည်ကို ရင်ဆိုင်ရပြီး ဝူထုန်ဇာမဏီအစီအရင်ဖြင့် တွန်းလှန်ကာကွယ်မည်ဆိုပါက ချက်ချင်းပင် အသက်ပျောက်သွားပေမည်။

ဇာမဏီငှက်ပဲဖြစ်ဖြစ် ၊ ဝူထုန်သစ်ပင်ပဲဖြစ်ဖြစ် မိုးခြိမ်းသံကြောင့် အရာအားလုံး အခိုးအငွေ့ ဖြစ်သွားနိုင်သည်။

နတ်ကောင်းကင်သိုင်းပညာက ပြင်းထန်ကြောက်မက်ဖွယ်ရာကောင်းသလို နတ်‌ကောင်းကင်လှံရှည်သည်လည်း အရှိန်အဟုန်ရပ်တန့်ခြင်းမရှိ အဆက်မပြတ် မြင့်တက်လာသည်။

တာအိုဆရာထျန်းယိက ထိုလှံရှည်ကိုပိတ်ဆို့ထားသည်။ သူ၏လက်ဖဝါးများက စက်ဝိုင်းသဏ္ဌန်လေထုထဲတွင် လှည့်ပတ်နေပြီး ကြီးမားသည့် ရေဝဲဂယက်ကြီးတစ်ခု ဖြစ်တည်လာကာ ဒြပ်စင်ငါးပါး ထွက်ပေါ်လာသည်။

ဤသည်က အထီးကျန်တိမ်တိုက်တောင် ၊ ချင်းဟွာကျောင်းတော်မှ ထိပ်တန်းအဆင့်သိုင်းပညာဖြစ်သော ဒြပ်စင်ငါးပါးသံသရာစက်ဝန်း သိုင်းပညာပင် ဖြစ်၏။

ထိုသိုင်းပညာကို တာအိုဆရာထျန်းယိအသုံးပြုလိုက်သည့်အခါ ယခင်က ရန်ကျောက်ကဲနှင့်ရင်ဆိုင်ဖူးသည့် ရှန်းယိယန်အသုံးပြုခဲ့သော ဒြပ်စင်ငါးပါး သံသရာစက်ဝန်း သိုင်းပညာနှင့် တန်ခိုးစွမ်းအားအရာအတွင် လုံးဝကွဲပြားသည်။

ဤနေရာ ဤအချိန် မိုးမြေတစ်ခွင်အရာအားလုံးသည် ဒြပ်စင်ငါးပါး ချီစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ရေဝဲဂယက်က လှည့်ပတ်သွားသည်။ ရေဝဲဂယက်ထဲတွင် များပြားလှစွာသော ပုံရိပ်များရှိနေပြီး သေခြင်းရှင်ခြင်း ပေါင်းစပ်ထားသည့် လောကတစ်ခုပမာ ဖြစ်၏။

အရာအားလုံးက ဒြပ်စင်ငါးပါးအဖြစ်ပြောင်းလဲသွားပြီး သေခြင်းရှင်ခြင်းတရား (၂)ခု၏ ပြင်းထန်သောစွမ်းအားများက ကောင်းကင်တစ်ခွင်လှည့်ပတ်နေသည်။

ဤသည်မှာ “ဒြပ်စင်ငါးပါးသံသရာစက်ဝန်း” ပင် ဖြစ်သည်။

ထိုရေဝဲဂယက်က လျိုကျန်းကူ၏ နတ်ကောင်းကင်လှံရှည်ကိုပိတ်ဆို့လိုက်ပြီး လှံရှည်အတွင်းမှ အဖျက်စွမ်းအားနှင့် မရဏချီများကို ပြတ်ပြတ်သားသား ချေမှုန်းကာ တန်ပြန်တိုက်စစ်အနေဖြင့် အသက်ဓာတ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

လူသားအထွတ်ထိပ်သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော လျိုကျန်းကူမှာ ဤသို့သော တိုက်ကွက်မျိုးနှင့်ရင်ဆိုင်ရသည့်အခါ မာကျောမှုကို သိမ်မွေ့မှုနှင့် နှိမ်နင်းရန်လိုအပ်ကြောင်း သိရှိလိုက်သည်။

သို့သော် တာအိုဆရာထျန်းယိက လျိုကျန်းကူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

လျန်ကျူးလင်နှင့် လန်ချင်းတို့ကဲ့သို့ပင် သူ၏ပစ်မှတ်မှာ ရန်ကျောက်ကဲ ၊ ရန်တိနှင့် ရွှယ်ချူးချင်တို့သာလျှင် ဖြစ်သည်။

သူ့အနေဖြင့် ဝါဒတောင်သို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်မတိုက်ခိုက်နိုင်သော်လည်း လျိုကျန်းကူအား ထိန်းထားနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။

ဝါဒတောင်ပြိုကျခဲ့လျှင် သူလိုချင်သောအရာများစွာရှိသည်။

အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ၊ အနောက်မြောက် ထိပ်တန်းအရှင်သခင်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်တို့က အနောက်မြောက်ထိပ်တန်းအရှင်သခင်နှင့် ရင်ဆိုင်နေကြစဉ် အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းနှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းတို့က လှုပ်ရှားကြခြင်း မရှိသေးပေ။

လန်ချင်းသည် ပင်လယ်ရေပြင်ထက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး တိုက်ပွဲက သူ့ကိုလုံးဝ စိုးရိမ်ပူပန်ခြင်းမဖြစ်စေဘဲ သာသမန်လူတစ်ယောက်ပမာ ဖြစ်နေသည်။

သူ့မျက်နှာထက် အပြုံးရိပ်တစ်ခုရှိနေသော်လည်း သူ့မျက်ဝန်းများကတော့ ပြုံးရယ်နေခြင်း မရှိပေ။

ကျွမ်းရှန်နှင့် လျန်ကျူးလင်တို့၏ တိုက်ခိုက်မှုများကို မသိသကဲ့သို့ ချောင်ကျယ်က ဝါဒတောင်ထက်တွင် တည်ငြိမ်စွာမတ်တတ်ရပ်နေသည်။

သူ့မျက်ဝန်းများက လုံးဝ အန္တရာယ်မရှိသောအသွင်ဖြစ်နေသည့် အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏ ခြေထောက်အောက်မှ ပင်လယ်ရေပြင်ဆီသို့ စူးစိုက်ကြည့်နေသည်။

လန်ချင်းသည် ယွိချင်အဆက်အနွယ်မှ ဗလာနယ်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည့် ‘လူသားအထွတ်ထိပ်အဆင့်’ ကျင့်ကြံသူ ဖြစ်သည်။

ဗလာနယ်အပိုင်းအခြား အကွာအဝေးဆိုသည်က လန်ချင်းအတွက် အဓိပ္ပါယ်မရှိသည့် အရာတစ်ခု ဖြစ်၏။

ထိပ်တန်းအရှင်သခင်များအားလုံးတွင် သူက အလျင်မြန်ဆုံးဟု ယူဆနိုင်သည်။

တဟုန်းဟုန်း မိုးခြိမ်းသံများနှင့်အတူ အရှိန်အဟုန်မြင့်မားသော လျိုကျန်းကူပင်လျှင် အမြန်နှုန်းဖြင့် တိုင်းတာမည်ဆိုလျှင် လန်ချင်းကို ယှဉ်နိုင်စွမ်းမရှိပေ။

တာအိုဆရာထျန်းယိက သူ့ကို အချိန်ဆွဲတိုက်ခိုက်လိုကြောင်း သဘောပေါက်သွားသည်နှင့် လျိုကျန်းကူက အေးစက်စွာတစ်ချက်ကြုံးဝါးလိုက်ပြီး တိုက်ကွက်ကို ချက်ချင်းပြောင်းလဲလိုက်သည်။

မိုးကြိုးသွားများဖြင့်ပေါင်းစပ်ထားသော ပြင်းထန်ကြမ်းတမ်းသည့် အစိမ်းရောင်လှံရှည်သည် ချက်ချင်းပင် ရေကဲ့သို့နူးညံ့သိမ်မွေ့သွားသည်။

မိုးမြေတစ်ခွင် အပြင်းထန်ဆုံး တောက်ပနေသည့် မိုးကြိုးလျှပ်စီးများမှာ ယခုတော့ စီးဆင်းနေသည့်ရေပမာ ပြောင်းလဲသွားသည်။

လျိုကျန်းကူက သူ၏လှံရှည်ကို ရုပ်သိမ်းလိုက်ချိန် ရေစီးကြောင်းပမာ လျှပ်စီးမိုးကြိုးများက တာအိုဆရာထျန်းယိထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။

သို့သော် အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းက ပင်လယ်ရေမျက်နှာပြင်ထက်မှ အောက်ဘက်သို့ ရွေ့လျားသွားသည်။

အချိန်၏အတားအဆီးမရှိဘဲ လျန်ချင်းသည် လျိုကျန်းကူရှေ့တွင် ပေါ်လာသည်။

သူ့အတွက် လှုပ်ရှားရန် အချိန်ယူလိုက်သည့်ပမာ အချိန်ကရပ်တန့်သွားလေရာ အားလုံး၏စိတ်အာရုံအပိုင်းအစများ ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

ဗလာနယ်အကွာအဝေးဆိုသည်က အနောက်ပိုင်း ထိပ်တန်းအရှင်သခင် လန်ချင်းအတွက် တည်ရှိနေသည့်အရာတစ်ခု မဟုတ်ပေ။

လန်ချင်း၏လှုပ်ရှားမှုကို တစ်ချိန်လုံးစောင့်ကြည့်နေသည့် ချောင်ကျယ်သည်လည်း ယခုတော့ စတင်လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

စကြာဝဠာအမှောင်ထုအလယ်တွင် ကြယ်စင်ရောင်များ ထူးခြားစွာလင်းလက်တောက်ပလာပြီး သိပ်သည်းသောဓားချီတစ်ခုက ကောင်းကင်ဆီသို့ လွင့်ပျံမြင့်တက်လာသည်။

ထိုဓားဝိညာဉ်စွမ်းအားက ကြီးကျယ်ခမ်းနားသော အနန္တတန်ခိုးရှင် တစ်ပါးဆင်းသက်လာသည့်ပမာ ထင်မှတ်ရသည်။

ချောင်ကျယ်၏ဓားချီစွမ်းအား မြင့်တက်လာသည်နှင့်အမျှ ကောင်းကင်ထက်မှ ခရမ်းရောင်ဓူဝံကျယ်က တလက်လက် တောက်ပလာသည်။

သူက ဓားကိုဝှေ့ယမ်းလိုက်ပြီး အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းဆီသို့ ခရမ်းရောင်ဓားအလင်းန်းဖြင့် ထိုးစိုက်ချလိုက်သည်။

အခြားသော ထိပ်တန်းအရှင်သခင်များ၏ မိုးမြေကို ထိတ်လန့်တုန်လှုပ်စေသော တန်ခိုးစွမ်းအား အရှိန်အဟုန်ဖြင့်နှိုင်းယှဉ်လျှင် ချောင်ကျယ်၏ဓားချက်က အလွန်ရိုးရှင်းပုံရသည်။

ထူးဆန်းစွာ သာမန်ဆန်လွန်းပြီး အပြစ်ကင်းသည်ဟုထင်ရသော ခရမ်းရောင်ဓားအလင်းတန်းက ဗလာနယ်ကိုဖြတ်သန်းသွားသည့် အနောက်ပိုင်း ထိပ်တန်းအရှင်သခင် လန်ချင်းနောက်သို့ ချက်ချင်းပင် အမီလိုက်ပါသွားသည်။

ဓားအလင်းတန်းနှင့်အတူ ချောင်ကျယ်၏စွမ်းအားရောင်ဝါက မိုးမြေတစ်ခွင် လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော တန်ခိုးစွမ်းအားအဖြစ် လုံးဝ ပြောင်းလဲသွားသည်။

ခရမ်းရောင်ဓားအလင်းတန်းနှင့် ရင်ဆိုင်ရသည့်အခါ တည်ငြိမ်လွန်းသော လန်ချင်း၏စိတ်စဉ်သည်ပင် ယိမ်းယိုင်သွားရသည်။

လန်ချင်းနှင့် ချောင်ကျယ်က ရန်သူများဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးခြင်း မရှိကြပေ။

ချောင်ကျယ်၏ ပြင်းထန်သော တိုက်ခိုက်မှုကို တွေ့မြင်ရသည့်အခါ လန်ချင်းက သူ၏ဓားချက်ကို ရှောင်တိမ်းရန်အတွက် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။

သို့သော် သူပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ပေါ်လာသည်။

ချောင်ကျယ်၏ နောက်ကျောဘက်တွင် ဖြစ်၏။

မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိသော လန်ချင်း၏လက်ထဲတွင် ပုံပျက်နေသည့်ဗလာနယ်တစ်ခု ဖြစ်တည်လာပြီး သဏ္ဌန်မရှိ ‌ရေပြင်ပမာကြည်လင်သောဓားတစ်လက် ထွက်ပေါ်လာကာ ချောင်ကျယ်အား ခုတ်ပိုင်းချလိုက်သည်။

ချောင်ကျယ်ဆိုသည်က သူ၏အဓိကပစ်မှတ်ဖြစ်သည် မဟုတ်ပါလား။

လန်ချင်းနှင့်ချောင်ကျယ်က အချင်းချင်း ရင်းနှီးမှုမရှိသည့်တိုင် တစ်ယောက်၏ သိုင်းစွမ်းကို အခြားတစ်ယောက်က နက်ရှိုင်းစွာ အာရုံခံနိုင်စွမ်း ရှိသည်။

ရုတ်တရက် ခရမ်းရောင်ဓားအလင်းတန်းက ကျယ်ပြန့်လာပြီး ချောင်ကျယ်၏ ခန္ဓာကိုဘ်တစ်ခုလုံးကိုလွှမ်းခြုံသွားကာ မြောက်ပိုင်း ကြယ်စင်သည်လည်း ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

“ချွင်...”

ချောင်ကျယ်က သူ၏နောက်ကျောဘက်သို့ ဓားဖြင့်ထိုးစိုက်ချလိုက်ပြီး လန်ချင်း၏ ဗလာနယ်ဓားကို သီသီလေး ပိတ်ဆို့လိုက်နိုင်သည်။

လန်ချင်း၏ခြိမ်းခြောက်မှု မရှိတော့သည်နှင့် လျိုကျန်းကူက သူ၏လက်ထဲမှ အစိမ်းရောင်လှံရှည်ဖြင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ထံသို့ ထိုးစိုက်ချလိုက်သည်။

လျိုကျန်းကူက ဗလာနယ်ကို ထိုးဖောက်သွားလာနိုင်သည့်လန်ချင်းလောက် မလျင်မြန်သော်လည်း သူ၏မိုးကြိုးသွားလှံရှည်က ကျွမ်းရှန်ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

ထိုအချိန် ဘေးနားတွင်ရှိနေသည့် အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်က ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် သွေးနီရောင်ပင်လယ်ကို ဝါဒတောင်ရှိရာသို့ ဖိနှိပ်ချလိုက်ပြီး ကျန်လက်တစ်ဖက်က ကျွမ်းရှန်ထံဝင်ရောက်လာသည့် အစိမ်းရောင်လှံရှည်ကို လက်ညှိုးညွှန်ပြလိုက်သည်။

သူမ၏လက်ချောင်းထိပ်တွင် ယင်နှင့်ယန် စွမ်းအားနှစ်ခုစီးဆင်းထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်လှုပ်ခါသွားစေကာ အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုများကို ပြောင်းပြန်ဖြစ်သွားစေ၏။

မိုးကြိုးသွားများဖြင့် ဖွဲ့စည်းထားသော လျိုကျန်းကူ၏လှံရှည်မှာ လျန်ကျူးလင်၏ ယင်ယန်လက်ချောင်းသိုင်းအား တွန်းလှန်ရန်ခက်ခဲသွားပြီး ခဏမျှ ရပ်တန့်သွားသည်။

သူက ကျွမ်းရှန်ကိုတိုက်ခိုက်ပြီး လျန်ကျူးလင်ကိုမတိုက်ရသည့်အကြောင်းရင်းမှာ လျန်ကျူးလင်က ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူဖြစ်ပြီး ရန်သူများစွာကို တစ်ပြိုင်တည်း တိုက်ခိုက်ရန် ကြောက်ရွံ့ခြင်း မရှိကြောင်း သိရှိထားသောကြောင့်ပင်။

သို့သော် လျန်ကျူးလင်၏ကျင့်ကြံခြင်းအဆင့်က နက်ရှိုင်းလွန်းပြီး သူမကို တိုက်ရိုက်တိုက်ခိုက်ခြင်း မရှိသည့်တိုင် ယင်ယန်လက်ချောင်းသိုင်းအသုံးပြုကာ ထူးခြားသည့်စွမ်းအားဖြင့် လျိုကျန်းကူ၏ လှံရှည်ကိုပိတ်ဆို့ထားနိုင်ခဲ့သည်။

လျိုကျန်းကူတိုက်ခိုက်လာသည့်တိုင် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်က ကြောက်ရွံ့ခြင်းမရှိဘဲ ဝါဒတောင်ရှိရာသို့ ဆက်လက်ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ထိုအချိန် လျန်ကျူးလင်၏ တိုက်ခိုက်မှုကြောင့် ခဏမျှ ရပ်တန့်သွားသည့် လျိုကျန်းကူ၏နောက်ကျောဘက်သို့ တာအိုဆရာထျန်းယိရောက်ရှိသွားပြီး လက်သီးဖြင့် ထိုးစိုက်ချလိုက်လေသည်။

All Chapters