အမတကူးပြောင်းခြင်းအဆင့်နှင့် လူသားအထွတ်ထိပ်အဆင့်
Vol. 73 Ch. 1026
အခန်း (၁၀၂၆) အမတကူးပြောင်းခြင်းအဆင့်နှင့် လူသားအထွတ်ထိပ်အဆင့်
ထိပ်တန်းအရှင်သခင်များက သိုင်းစွမ်းများစွာထုတ်ဖော်ပြသပြီး ကြောက်မက်ဖွယ်ရာတိုက်ပွဲတစ်ခု ဆင်နွှဲနေကြသည်။
မည်သူမဆို တစ်ယောက်ထက်ပိုသောရန်သူများနှင့် အချိန်မရွေးရင်ဆိုင်ရနိုင်ခြေ ရှိသည်။
အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်က အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းကို တားဆီးနိုင်ခဲ့သော်လည်း အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူ၏ တိုက်ခိုက်မှုကို အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်က ပိတ်ဆို့ထားနိုင်ဆဲ ဖြစ်၏။
လျန်ကျူးလင်၏ပိတ်ဆို့မှုကြောင့် လျိုကျန်းကူ ခဏမျှ နှောင့်နှေးသွားချိန် တာအိုဆရာထျန်းယိက သူ၏နောက်သို့ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
တာအိုဆရာထျန်းယိ၏ မိုးကြိုးစွမ်းအားက လျိုကျန်းကူ၏ ခရမ်းရောင်မိုးကြိုးစွမ်းအားနှင့် မတူညီဘဲ စိမ်းပြာရောင်မိုးကြိုးစွမ်းအားဖြစ်သည်။
အထီးကျန်တိမ်တိုက်တောင် ၊ ချင်းဟွာကျောင်းတော်က ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ မှဆင်းသက်လာသော သိုင်းပညာအမွေကိုဆက်ခံထားခြင်းဖြစ်လေရာ မိုးကြိုးစွမ်းအားကိုလည်း ကျင့်ကြံလေ့ရှိကြသည်။
ချန်စန်းသိုင်းပညာက အလုံးစုံကိုလွှမ်းခြုံနိုင်စွမ်းရှိသော်လည်း တိုက်စစ်ထက် ခံစစ်ကိုဦးစားပေးသည်ဖြစ်ရာ တိုက်စစ်အားကောင်းရန်အတွက် မိုးကြိုးစွမ်းအားကို အသုံးပြုရလေ့ရှိသည်။
ချင်းဟွာကျောင်းတော်မှမိုးကြိုးစွမ်းအားက ချင်းရှောင်းတောင် ၊ ကွေလေနန်းတော်မှ အမွေဆက်ခံထားသော ‘နတ်ကောင်းကင်သိုင်းပညာ’ မိုးကြိုးစွမ်းအားလောက် မပြင်းထန်သော်လည်း အလွန်အစွမ်းထက်နေဆဲ ဖြစ်သည်။
“အမတမိုးကြိုးအလင်းလက်သီး” သိုင်းပညာဆိုလျှင် ချန်စန်းသိုင်းပညာတွင် မှတ်တမ်းတင်ထားသည့် လျှို့ဝှက်လူသတ်သိုင်းပညာ ဖြစ်၏။
တာအိုဆရာထျန်းယိက ဒြပ်စင်ငါးပါးစွမ်းအားကိုအသုံးပြုကာ သေခြင်းစွမ်းအားကို အသက်ရှင်ခြင်းအဖြစ် ပြောင်းလဲလိုက်ပြီး အမတမိုးကြိုးအလင်းလက်သီးကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ဤသည်က စွမ်းအားပြည့် ပြိုင်ဘက်ကင်းထိုးနှက်မှုတစ်ခု ဖြစ်၏။
“သွားစမ်း...”
ရန်သူက နောက်မှဝင်ရောက်တိုက်ခိုက်သော်လည်း လျိုကျန်းကူက ထိတ်လန့်သွားခြင်း မရှိပေ။
သူက အသက်တစ်ချက် ရှူထုတ်လိုက်ပြီး မိုးခြိမ်းသံပမာ ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်ရာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ဝက်ခန့် တုန်လှုပ်သွားသည့်ပမာ ထင်မှတ်ရသည်။
ခရမ်းရောင်သရဖူ ဆောင်းနှင်းထားသောအဘိုးအိုသည် လက်သီးချက်ကို ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ထက်တွင် ရွှေရောင်လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ရွှေရောင်လျှပ်စီးထွက်ပေါ်လာသည်နှင်တပြိုင်နက် ပတ်ဝန်းကျင် အချိန်နှင့်နေရာတစ်ခုလုံး တစ်ခဏ ရပ်တန့်သွားသည်။
တစ်ခဏရပ်တန့်သွားသော်လည်း အရာအားလုံးက ထာဝရဖြစ်တည်လာသည်။
ထိုမိုးကြိုးစွမ်းအားက ရှေးကျပြီး ထာဝရဖြစ်သည် ၊ မပျက်ဆီးနိုင်သလို အဆုံးသတ်နိုင်ခြင်းလည်း မရှိပေ။
တာအိုဆရာထျန်းယိ၏ အမတမိုးကြိုး အလင်းလက်သီးသိုင်းက ရွှေရောင်လျှပ်စီးနှင့် ထိပ်တိုက်တွေ့သွားသည်။ မိုးမြေတစ်ခွင် အက်ကွဲသွားစေလောက်သော စွမ်းအားပေါက်ကွဲခြင်းများ ထွက်ပေါ်လာခြင်းမရှိဘဲ လက်သီးချက်က ငြိမ်သက်စွာပင် ပျက်ပြယ်သွားသည်။
ဤအခိုက်အတန့်သည် အေးခဲနေပြီး ထာဝရအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
“ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုး” တွင် အဆင့် (၅)ရှိသော...
“မပျက်ဆီးနိုင်သောထာဝရမိုးကြိုး”
ထာဝရနှင့် တစ်ခဏ ၊ အချိန်၏ အစွန်း (၂)ပါး။
ထာဝရနှင့် တစ်ခဏဆိုသော စစ်မှန်သည့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ပါက အချိန်၏လျှို့ဝှက်ချက်ကို ပုံဖော်နိုင်မည်သာပင်။
“ကောင်းကင်ကိုးထပ် နတ်ဘုရားမိုးကြိုး” တွင် မိုးကြိုးစွမ်းအား (၉)မျိုးပါရှိပြီး အားလုံးက မှော်ဆန်သော တန်ခိုးစွမ်းအားများ ပိုင်ဆိုင်သည်။
သို့သော် အဆင့် (၅)ဖြစ်သော မပျက်ဆီးနိုင်သောထာဝရမိုးကြိုးစွမ်းအားနှင့် အဆင့် (၆)ဖြစ်သော ပကတိမိုးကြိုးစွမ်းအားတို့က ကမ္ဘာမြေကြီး ဖန်ဆင်းချိန် ရှေးဦးကာလ၏ စစ်မှန်သောအဓိပ္ပါယ်များ ပေါင်းစပ်ထည့်သွင်းထားသည်။
လျိုကျန်းကူ၏ တိုက်ခိုက်မှုပုံစံက ပြင်းထန်ကြမ်းတမ်းလွန်းသည်။
သို့သော် သူ၏ခန္ဓာကိုယ်ထဲမှ မပျက်ဆီးနိုင်သော ာထာဝရမိုးကြိုးစွမ်းအား အကန့်အသတ် မကျော်လွန်သေးသရွေ့ လျိုကျန်းကူ၏ မိုးကြိုးစွမ်းအားက အဆုံးမရှိ စွမ်းအားမြင့်မားနေမည် ဖြစ်သည်။
သူ၏ခန္ဓာကိုယ်အား ဤမိုးကြိုးစွမ်းအားဖြင့်ကာကွယ်ထားလေရာ ကြီးမားသော ခံစစ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
လျိုကျန်းကူက တာအိုဆရာထျန်းယိ၏ လက်သီးချက်ကို မပျက်ဆီးနိုင်သောထာဝရမိုးကြိုးဖြင့် တွန်းလှန်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး သူ၏မျက်နှာက ဖြူဖျော့သွားသည်။ သို့သော် တစ်ခဏအတွင်း မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
လျန်ကျူးလင်ကြောင့် ကျွမ်းရှန်ကိုတိုက်ခိုက်ရန် အခွင့်အရေးဆုံးရှုံးသွားပြီဖြစ်ရာ လျိုကျန်းကူက လှံရှည်ကိုလှည့်လိုက်ပြီး တာအိုဆရာထျန်းယိအား ထိုးစိုက်ချလိုက်သည်။
တာအိုဆရာထျန်းယိ၏ မျက်ဝန်းများတွင် စိမ်းပြာရောင်မိုးကြိုးစွမ်းအားများ တောက်ပနေပြီး တစ်ခဏအတွင်း ခရမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။
သူ၏တန်ခိုးစွမ်းအားက အသစ်သောအဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။
ဤသို့ တန်ခိုးစွမ်းအားပေါက်ကွဲခြင်းက ရန်ကျောက်ကဲနှင့် အလွန်ရင်းနှီးသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်က ပကတိမိုကြိုးစွမ်းအားပင် မဟုတ်ပါလား။
ချင်းဟွမ်ကျောင်းတော်မှတပည့် ရှန်းယိယန်ထံမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ရရှိကတည်းက တာအိုဆရာထျန်းယိသည်လည်း ပကတိမိုးကြိုးစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်သည်ဟု ရန်ကျောက်ကဲ ခန့်မှန်းခဲ့သည်ပင်။
တာအိုဆရာထျန်းယိ ပကတိမိုးကြိုးစွမ်းအားထုတ်လွှတ်လိုက်သည်နှင့် အမှန်တကယ်ပင် ထူးခြားလွန်းလှသည်။
သူက လူသားအထွတ်ထိပ်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် သူ၏တန်ခိုးက ရုတ်တရက် မြင့်တက်သွားသည်။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲထွက်လာသည့် မိုးကြိုးစွမ်းအားက အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူထက်ပင် ပိုမိုမြင့်မားနေသည်။
ပကတိမိုးကြိုးစွမ်းအားက လျိုကျန်းကူ၏ လျှပ်စီးအသွင်အစိမ်းရောင်လှံရှည်ကို ရိုက်ချိုးပစ်လိုက်သည်။
လှံရှည်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး မိုးကြိုးသွားအလင်းတန်းများက လောကတစ်ခွင် ပျံ့ကျဲသွားကာ မိုးခြိမ်းသံများ လွှမ်းခြုံထွက်ပေါ်လာသည်။
သိပ်သည်းသောမိုးကြိုးသွားများ တစ်ခုပြီးတစ်ခု ကျဆင်းလာပြီး အောက်ဘက်မှ ပင်လယ်ပြင်အတွင်း ဝင်ရောက်ပေါက်ကွဲကုန်ကြသည်။
မရေမတွက်နိုင်သော မိုးကြိုးသွားများ ထူထပ်စွာ ကျဆင်းနေသဖြင့် ဤနေရာတစ်ခုလုံး မိုးကြိုးငရဲအဖြစ် ပြောင်းလဲသွားသည်။
ယခုအချိန်တွင် ဝါဒတောင်တည်ရှိရာ ဝိညာဉ်နယ်မြေသည် ဘေးချင်းကပ်လျက်တွင်ရှိသော အဆုံးမဲ့သံလိုက်မုန်တိုင်းများ ပြင်းထန်နေသည့် သဘာဝပသာဒနယ်မြေထက်ပင် ပိုမိုကြောက်စရာကောင်းနေပေပြီ။
မိုးကြိုးလျှပ်စီးများဖြင့် ထိမှန်ခံရမည်ကိုအသာထား အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်ခြင်းမရှိသေးသော သိုင်းကျင့်ကြံသူများဆိုလျှင် မိုးကြိုးစက်ကွင်းမလွတ်လျှင်ပင် အပိုင်းပိုင်း ပြတ်တောက်သွားမည် ဖြစ်သည်။
ဤသို့သော ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လျိုကျန်းကူလက်ထဲမှ နတ်ကောင်းကင်လှံရှည် ပျောက်ကွယ်သွားပြီး တာအိုဆရာထျန်းယိ၏ စွမ်းအားရောင်ဝါများသည်လည်း အားနည်းသွားသည်။
သို့သော် သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မူလအတိုင်း တန်ခိုးစွမ်းအားများ လျင်မြန်စွာ ပြန်လည် ရရှိလာသည်။
တာအိုဆရာထျန်းယိ၏အဆက်အနွယ်များက မိုးကြိုးစွမ်းအားများကို အဖြေရှာရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြပြီး မြင့်မားသောကျင့်ကြံခြင်းအဆင့်ကိုလည်း ပိုင်ဆိုင်ထားကြသည်။
ထို့ပြင် မိုးကြိုးစွမ်းအားများကို စေ့စေ့စပ်စပ် ထိန်းချုပ်နိုင်စွမ်းရိပြီး စွမ်းအားထုတ်ဖော်လိုက်သည်နှင့် လောင်ကျွမ်းမသွားစေဘဲ ဆန္ဒရှိသည့်အတိုင်း ထိန်းချုပ်ရန် ညှိနှိုင်းနိုင်ကြသည်။
ထိုအချိန် လျိုကျန်းကူက ထပ်မံတိုက်ခိုက်လိုက်ရာ အဆုံးမရှိသော မိုးကြိုးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
တာအိုဆရာထျန်းယိ၏မျက်နှာမှာ မှောင်မှိုင်းသွားသော်လည်း သိုင်းကွက်ပြောင်းလဲကာ လျိုကျန်းကူ၏တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ရင်ဆိုင်လိုက်သည်။
အလင်းနှင့်အရိပ်များရောင်ပြန်ဟပ်နေသည့် ထိပ်တန်းအရှင်သခင်များအကြားတိုက်ပွဲကို အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်မှ လူတိုင်းနီးပါး တွေ့မြင်ခဲ့ကြရသည်။
မရေမမတွက်နိုင်သော ကျင့်ကြံသူများမှာလည်း တိုက်ပွဲကြည့်ရှုရင်း ရင်သပ်ရှုမော အံ့အားသင့်လျှက် ရှိကြသည်။
တောင်ပိုင်းထိပ်တန်းအရှင်သခင် ယခင်က လေးယောက်တစ်ယောက် တိုက်ခိုက်ခဲ့ဖူးသည်။
အရှေ့တောင်ဓားနတ်မယ် ၊ အပါအဝင် နဝမအဆင့်သိုင်းသူတော်စင် (၃)ယောက်နှင့် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော လုန်ဟန့်ဟွာတို့နှင့် ဖြစ်သည်။ သို့တိုင် သူ၏ အစစ်အမှန်စွမ်းအားကို အသုံးမပြုဘဲ လွယ်ကူစွာ ကိုင်တွယ်နိုင်ခဲ့၏။
ထိပ်တန်းအရှင်သခင်များသည် တူညီသောအဆင့်အချင်းချင်း တိုက်ခိုက်မှသာ သူတို့၏ စစ်မှန်သောတန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသကြသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သိုင်းသူတော်စင် ဒဿမအဆင့်နှင့် သိုင်းသူတော်စင် နဝမအဆင့် မည်မျှကွာခြားကြောင်း သိရှိနိုင်သည်။
သို့သော် ယခုတိုက်ပွဲမှာတော့ လူသားများ၏အသိတရားကို စိန်ခေါ်သောဖြစ်ရပ်များ ရှိလာခဲ့သည်။
အထူးသဖြင့် လူသားတိုင်း၏ အယူအဆများကို ပိုပြီးစိန်ခေါ်လာခြင်းမှာ ထိုသို့သောတည်ရှိမှုက တစ်ခုထက်မက ရှိနေခြင်းပင် ဖြစ်၏။
လျိုကျန်းကူနှင့် တာအိုဆရာထျန်းတောက် ဆက်လက်တိုက်ခိုက်နေသည်ကိုတွေ့သည်နှင့် လျန်ကျူးလင်က ဝါဒတောင်အားတိုက်ခိုက်ရန် အာရုံစိုက်လိုက်သည်။
သို့သော် ထိုအချိန် သူမမျက်ဝန်းရှေ့တွင် ဓားရောင်တစ်ချက် လင်းလက်သွားသည်။
ဓားအလင်းတန်းက နေရာတိုင်းတွင်ရှိနေပြီး အရာအားလုံးက ပြောင်းလဲသွားပုံရသည်။
တစ်လောကလုံးအားလွှမ်းမိုးနိုင်စွမ်းရှိသော ပြင်းထန်လွန်းသည့် ဓားဝိညာဉ်က မိုးမြေကိုထိုးခွင်းကာ ဝါဒတောင်ထက်မှ ပင်လယ်နီရှိရာသို့ ထိုးဖောက်ဆင်းသက်လာသည်။
ကျယ်ပြန့်ပြီး ကြောက်မက်ဖွယ်ရာအတိဖြစ်သော ပင်လယ်နီကြီးမှာ ဓားဝိညာဉ်ကြောင့် အလယ်ဗဟိုမှ ပိုင်းဖြတ်ခံလိုက်ရသည်။
ဓားအလင်းတန်းက အဆက်မပြတ်အထက်သို့တက်လာပြီး မိုးမြေတစ်ခုလုံးကို ပိုင်းခြားကာ ကမ္ဘာကိုဖန်ဆင်းခြင်းစွမ်းအားနှင့် ကမ္ဘာကိုဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်။
မိုးမြေတစ်ခုလုံးအားဖြိုခွင်းပြီး ဖန်ဆင်းခံအရာများအားလုံးကို ဖျက်ဆီးနိုင်ခြင်းမှာ ရိုးရှင်းသည့်ကိစ္စ မဟုတ်ပေ။
၎င်းသည် အစမှအဆုံး ပြီးပြည့်စုံသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
ထို့ကြောင့် ရပ်တန့်၍ မရနိုင်ပေ။
သဘာဝတရား၏ပြောင်းလဲမှုများနှင့် ယေဘူယျလမ်းကြောင်းများသည် အရာအားလုံးကိုလွှမ်းမိုးနေပြီး အရားအားလုံးကို ဖြိုခွဲပစ်လိုက်သည်။
အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ပင်လယ်နီကြီးမှာ ထိုခဏတွင် အလယ်ဗဟိုမှ အက်ကွဲသွားပြီး ပင်လယ်ရေများက ဘေးနှစ်ဖက်သို့ ဆုတ်ခွာသွားသည်။
ဓားဖြင့်ခုတ်ပိုင်းချလိုက်သူက မည်သူဖြစ်ကြောင်း နှစ်ခါပြန်စဉ်းစားနေစရာမလိုပေ။
လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ် ‘ရန်တိ’ ပင် ဖြစ်၏။
သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့် ရှိသော ‘ရန်တိ’ သည် သိုင်းသူတော်စင် ဒဿမအအဆင့် ၊ လူသားအထွတ်ထိပ်အဆင့် ရှိသော လျန်ကျူးလင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းသာပင်။
အနောက်ပိုင်းထိပ်တန်းအရှင်သခင် လျန်ကျူးလင်၏မျက်ဝန်းများတောက်ပသွားပြီး သူမ၏မျက်နှာအမူအရာက ယခင်ကထက်ပိုပြီး တည်ကြည်လေးနက်သွားသည်။
သူမက ရုတ်တရက် လက်ဖဝါးကိုလှန်လိုက်သည်။
သွေးနီရောင်ပင်လယ်က မှန်တစ်ချပ်ပမာ စက်ဝိုင်းသဏ္ဌန်ပြောင်းလဲသွားပြီး အဖြူရောင်အလင်းတန်းများ ရုတ်ချည်းထွက်ပေါ်လာသည်။
ဤသည်က ပင်လယ်နီအဆက်အနွယ်များ၏ ထိပ်တန်းသိုင်းပညာတစ်ရပ်ဖြစ်သော “သွေးနီယင်ယန် အလှည့်အပြောင်း” သိုင်းပညာဖြစ်သည်။
အဖြူရောင်အလင်းတန်းများက သိမ်မွေ့သည်ဟုထင်ရသော်လည်း အသက်ပေါင်းများစွာကို ဖြတ်တောက်သုတ်သင်နိုင်စွမ်း ရှိသည်။
မိစ္ဆာချီနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်က စောစောက ပင်လယ်နီထက်ပင် ပြင်းထန်နေပြီး စွမ်းအားစုစည်းမှုက ရန်တိတစ်ယောက်တည်းဆီသို့ အပြည့်အဝ အာရုံစူးစိုက်ထားသည်။
ရန်တိက ကြောက်ရွံ့ခြင်းမရှိ တစ်ချက်ပင် နောက်မတွန့်ဘဲ လျန်ကျူးလင်ကို ဓားဖြင့် ခုတ်ပိုင်းချလိုက်လေသည်။