← Chapters

ယင်ယန်ပင်လယ်နီကိုချိုးဖျက်သည့်ဓားသွား

Vol. 73 Ch. 1027

ယင်ယန်ပင်လယ်နီကိုချိုးဖျက်သည့်ဓားသွား

Vol. 73 Ch. 1027

အခန်း (၁၀၂၇) ယင်ယန်ပင်လယ်နီကိုချိုးဖျက်သည့်ဓားသွား

အထက်ဘုံကမ္ဘာ  ၊ အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်ရှိ ပင်လယ်နီဆိုသည်က ယွိချင်အဆက်အနွယ်တည်ထောင်သူ ယွမ်စီထျန်းကျွင်း၏တပည့် ‘ချိကျင်းကျီ’ ၏ အဆက်အနွယ်များ နေထိုင်ရာဖြစ်သည်။

ချိကျင်းကျီ၏ တာအိုနန်းတော်ဖြစ်သည့် အလင်းရောင်တောင် ၊ တိမ်တိုက်ကောင်းကင်ဂူတွင် ယင်ယန်ကြေးမုံမှန်ဟု လူသိများသည့် အလွန်တရာ စွမ်းအားကြီးမားသော ရတနာပစ္စည်းတစ်ခု ပိုင်ဆိုင်ထားသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

ထိုရတနာကြေးမုံမှန်ဖြင့် လူတစ်ယောက်ကို အရိပ်ထင်စေလိုက်ပါက ထိုသူ၏ အသက်နှင့်သေခြင်းကို ဆုံးဖြတ်ပေးနိုင်သည်ဟု ဆိုကြသည်။

ထိုကြေးမုံမှန်တွင် ယင်စွမ်းအားတစ်ခြမ်း ၊ ယန်စွမ်းအားတစ်ခြမ်း ပါရှိပြီး ယင်စွမ်းအားက အဖြူရောင်ဖြစ်ကာ ယန်စွမ်းအားက အနီရောင်ဖြစ်သည်။

အဖြူရောင်က သေခြင်းမန္တန်ကိုကိုယ်စားပြိုပြီး အနီရောင်က အသက်မန္တန်ကို ကိုယ်စားပြုသည်။

နတ်ဘုရားများအုပ်စိုးသည့်ခေတ်အခါက ဤကြေးမုံမှန်သည် ဒဏ္ဍာရီများတွင် အလွန်ကျော်ကြားခဲ့သည်။

ပင်လယ်နီအဆက်အနွယ်၏ အမြင့်မားဆုံး သိုင်းပညာဖြစ်သော ‘သွေးနီယင်ယန်အလှည့်အပြောင်း’ သိုင်းပညာမှာ ထိုကြေးမုံမှန်အယူအဆမှ ဆင်းသက်လာခြင်း ဖြစ်သည်။

လျန်ကျူးလင် လက်ဖဝါးကိုလှန်လိုက်သည့်အခါ ပင်လယ်နီလှိုင်းလုံးများအလယ်တွင် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ကြီးမားစွာ ပေါ်ထွက်လာ၏။

လျန်ကျူးလင်သည် ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် လူအများဆုံးသတ်ခဲ့သူတစ်ယောက်ဖြစ်ပြီး ဤသည်မှာ အပိုချဲ့ကားပြောခြင်း မဟုတ်ပေ။

ယနေ့ ရောက်ရှိလာကြသည့် အခြာသော ထိပ်တန်းအရှင်သခင် (၅)ယောက်အနက် သမာဓိမီးတောက်လေးမျိုးဖြင့် ကြောက်မက်ဖွယ်ရာ ခံစစ်စွမ်းအားကိုပိုင်ဆိုင်သည့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်မှလွဲပြီး မည်သူမှ လျန်ကျူးလင်ကို ထိပ်တိုက်ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။

သူမ၏ ယင်နှင့်ယန်ကိုလှည့်ပတ်ကာ သေခြင်းတရားမန္တန်ဖြင့် တိုက်ခိုက်ခြင်းက အထက်ဘုံကမ္ဘာတွင် ရှားပါးသော သတ်ဖြတ်လိုသည့်တန်ခိုးစွမ်းအားကို ပိုင်ဆိုင်သည်။

ချင်းဟွာကျောင်းတော်မှ တာအိုဆရာထျန်းယိ၏ ဒြပ်စင်ငါးပါးသံသရာစက်ဝန်းသည်ပင် လျန်ကျူးလင်နှင့် ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက ချက်ချင်းပျက်ဆီးသွားနိုင်ပေသည်။

အမှန်တော့ သမာဓိမီးတောက် (၄)မျိုးဖြင့် ခိုင်မာသော ခံစစ်ရှိသည့် ကျွမ်းရှန်သည်ပင် ဖြစ်နိုင်လျှင် သူမနှင့် ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ပေ။ ထိပ်တိုက်ရင်ဆိုင်မိပါက သူ့အတွက် ဆိုးကျိုးသာရှိနိုင်သည် မဟုတ်ပါလား။

သို့သော် ယခုတော့ လျန်ကျူးလင်၏ ပြင်းထန်သောထိုးနှက်ချက်ဖြင့် ရင်ဆိုင်ရသည့်တိုင် အမတ ကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်က ရှောင်တိမ်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ရန်တိ...။

သူက ဝင်ရောက်လာသော အဖြူရောင် အလင်းတန်းကို ရင်ဆိုင်လိုက်ပြီး တစ်ချက်မျက်နှာမပျက်ဘဲ လက်ထဲမှဓားကို ဝှေ့ရမ်းလိုက်သည်။

ရန်တိ၏ဓားချက်က နောက်သို့ဆုတ်မသွားရုံသာမက နဂါးဟိန်းသံများပင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

သူ၏ဓားချက်က ပိုမိုရက်စက် ကြမ်းကြုတ်လာကာ ပိုမိုထက်မြက်လာပြီး လွှမ်းမိုးနိုင်စွမ်းလည်း မြင့်မားလာသည်။

ဓားအလင်းတန်းက လွတ်လပ်စွာပျံသန်းလာပြီး လျန်ကျူးလင်ရှေ့သို့ ဖြတ်ကျော်ရောက်ရှိလာသည်။

“မင်းက အသက်ချင်းလဲချင်နေတာလား ၊ ငါ သေခြင်းရှင်ခြင်းတိုက်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့တုန်းက မင်းက မွေးတောင်မမွေးလောက်သေးဘူး”

လျန်ကျူးလင်၏မျက်နှာက အေးစက်နေပြီး လက်ဖဝါးတစ်ဖက်ကို ပင့်မြှောက်လိုက်သည်။

ထိုခဏတွင် အဆုံးမရှိသောပင်လယ်နီက သိပ်သည်းသော အဖြူရောင်ပင်လယ်ကြီးးအဖြစ်‌ ပြောင်းလဲသွားသည်။

အဖြူရောင်ပင်လယ်ထဲတွင် အနီရောင်အလင်းတန်းများ မှိန်ဖျော့သွားပြီး စက်ဝိုင်းပုံကြေးမုံမှန်တစ်ချပ်ပမာ ပြောင်းလဲသွားသည်။

ထိုခဏတွင် ပင်လယ်ပြင်သည် အနီရောင်တစ်ဝက်နှင့် အဖြူရောင်တစ်ဝက်ရှိပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ၎င်း၏အရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အလင်းတန်းတစ်ခုရှိနေသည်။

ပင်လယ်ပြင်တစ်ခုလုံးက ယင်နှင့်ယန် အသွင်ဖြစ်ပြီး ထိုက်ကျိကားချပ်နှင့် ဆင်တူသည်။

အသက်ဓာတ်ပင်လယ်နီထဲမှ အဖြူရောင် မရဏစွမ်းအားက ဆန့်ကျင်ဘက်ဖြစ်ပြီး မရဏပင်လယ်ဖြူအတွင်းမှ အသက်စွမ်းအားအနီရောင်အလင်းတန်းက လူတစ်ယောက်အား လွတ်လပ်မှုနှင့် ရှင်သန်ခြင်းကို ပေးစွမ်းရန် အထောက်အကူ ပြုသည်။

လျန်ကျူးလင်ရှေ့တွင် အနီရောင်အလင်းတန်းတောက်ပလာပြီး ရန်တိ၏ဓားကို ပိတ်ဆို့ထားလိုက်သည်။

သို့တိုင် စောစောက ပင်လယ်နီကို ဖြတ်ကျော်ဝင်ရောက်လာစဉ်ကလိုပင် ရန်တိ၏ ဓားအလင်းတန်းက ရပ်တန့်နိုင်ခြင်း မရှိတော့ပေ။

“အရှိန်အဟုန်က ငါ့အထဲမှာရှိတယ် ၊ ငါ မရပ်တန့်နိုင်ဘူး”

အဟန့်အတားအားလုံးကို မလွဲမသွေ ဖြတ်ကျော်ရလိမ့်မည်။

ရန်တိ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဓားသွားက လျန်ကျူးလင်၏ သွေးနီယင်ယန်အလှည့်အပြောင်းမှ အနီရောင်ယန်အပြောင်းအလဲကို ခုတ်ပိုင်းချလိုက်သည်။

ရန်တိ၏ဓားအလင်းတန်းက အနီရောင်ရတနာကြေးမုံမှန်ထက် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။

ဓားအလင်းတန်းနှင့် ကြေးမုံမှန်တို့ ထိပ်တိုက်တွေ့သွားကြစဉ်...

ကြေးမုံမှန်မျက်နှာပြင်ထက်မှ အက်ကွဲကြောင်းက ပိုမိုကြီးမားလာပြီး ဓားအလင်းတန်းက ရှေ့သို့ အဆက်မပြတ် မြင့်တက်လာသည်။

လျန်ကျူးလင် အတော်လေးအံ့အားသင့်သွားသည့်တိုင် စိုးရိမ်စိတ်တော့ မဖြစ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သေခြင်းတရား ကိုယ်စားပြုသော အဖြူရောင် မှန်အလင်းတန်းက ရန်တိဦးခေါင်းထက်သို့ ကျရောက်နေပြီ မဟုတ်ပါလား။

ထိုအချက်ဖြင့်ပင် တိုက်ပွဲ အနိုင်အရှုံးက ဆုံးဖြတ်ပြီးနေပြီ ဖြစ်၏။

ရန်တိ၏ ဓားသိုင်းစွမ်းက သူမကို အတော်လေးထိန်းထားနိုင်ပြီး သွေးနီရောင်မှန်သား အက်ကွဲသွားလျှင်တောင်မှ ရန်တိအနေဖြင့် အဖြူရောင်အလင်းတန်းကို သေချာပေါက် တွန်းလှန်နိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ယုံကြည်ရန်ခက်ခဲလှသည့်တိုင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်၏ ပြင်းထန်သောတိုက်ခိုက်မှုက သူမကို ခြိမ်းခြောက်နိုင်စွမ်းရှိခဲ့သည်ကိုတော့ လျန်ကျူးလင် ဝန်ခံရပေမည်။

သို့သော် ခံစစ်စွမ်းအားမှာတော့ သူမကဲ့သို့ လူသားအထွတ်ထိပ်အဆင့်နှင့် အလှမ်းဝေးကွာလှသည်။

လျန်ကျူးလင်တွေးနေရင်းပင် အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

ရန်တိ၏ဦးခေါင်းထက်မှ ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာပြီး မှေးမှိန်သည့် ပရမ်းပတာတိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။

တိမ်တိုက်အတွင်းမှ သေးငယ်သည့်အလင်းတန်းများက တောက်ပခြင်း မရှိသော်လည်း အတွင်းထဲမှ နက်နဲသည့်အဓိပ္ပါယ်ကို ဖော်ဆိုရန် ခက်ခဲသည်။

တိမ်တိုက်က ဖြည်းဖြည်းချင်း ချဲ့ထွင်လာပြီး ကြာပန်းတစ်ပွင့်နှင့် ဆင်တူလာသည်။ သို့သော် ပွင့်ချပ်များကတော့ မှုံဝါးလျှက် ရှိ၏။

အခြားသူများ၏အသက်ကို နှုတ်ယူနိုင်စွမ်းရှိသော အဖြူရောင်အလင်းတန်းသည် ကြာပန်းပွင့်သဏ္ဌန်တိမ်တိုက်နှင့် ရင်ဆိုင်လိုက်ရသည်နှင့် ပြိုလဲသွားပြီး လှိုင်းဂယက်များပမာ လှုပ်ခတ်လာသည်။

ကြာပန်းက အဆက်မပြတ်ရွေ့လျားနေပြီး တိမ်တိုက်ချီသည်လည်း မရပ်မနားချဲထွင်နေသည်။

အဖြူရောင်အလင်းတန်းမှာတော့ ရွှံ့နွံကြားတွင်ပိတ်မိနေသည့်ပမာ ရန်တိကို အန္တရယ်ပြုရန် အသာထား သူ၏ အံ့သြဖွယ်ရာ တန်ခိုးစွမ်းအားသည်ပင် ဆုံးရှုံးသွားသည်။

သို့သော် ရန်တိ၏ဓားက ပိုမိုအားကောင်းလာပြီး အနီရောင်ကြေးမုံမှန်နှင့် အဖြူရောင်ပင်လယ်ကို အပြည့်အဝ အက်ကွဲသွားသည်အထိ ခုတ်ပိုင်းချလိုက်သည်။

ဓားသွားက လျန်ကျူးလင်ရှိရာနေရာအထိ ရောက်ရှိသွားပြီး လုံးဝ အရှိန်အဟုန် ရပ်တန့်ခြင်း မရှိခဲ့ပေ။

လျန်ကျူးလင် တုန်လှုပ်သွားသည်။

လျန်ကျူးလင်က ယုံကြည်မှုရှိပြီး မာနကြီးသူဖြစ်သည်။ တိုက်ပွဲအတွေ့အကြုံလည်း များပြားသူဖြစ်သည့်တိုင် ဝါဒတောင်အားတိုက်ခိုက်မည်ဆိုသောအခါ အခြေအနေများကို သဘာဝကျကျ စူးစမ်းလေ့လာခဲ့သည်။

ရန်တိက အလွန်တရာတန်ခိုးစွမ်းအားမြင့်မားပြီး တုန်လှုပ်ချောက် ချားဖွယ်ဖြစ်သည်ဟု သတင်းကြားသိရသော်လည်း သူမမျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်မည်ဟု ယေဘုယျ တွေးထင်ထားခဲ့သည်။

ထို့ကြောင့် လျန်ကျူးလင်က ဝါဒတောင်မှ ပိုင်ဆိုင်ထားသည့် ရတနာပစ္စည်းများကိုသာ အဆက်မပြတ် သတိထားနေခဲ့သည်။

သို့သော် ရန်တိ၏ဦးခေါင်းထက်တွင် ထိုက်ယိဟွာတိမ်တိုက် ထွက်ပေါ်လာပြီး လူသတ်တိုက်ကွက်ဖြင့် ရင်ဆိုင်ရလိမ့်မည်ဟု လျန်ကျူးလင် ဘယ်သောအခါမှ တွေးထင်မထားခဲ့ပေ။

သွေးနီယင်ယန် အလှည့်အပြောင်းမှ ယင်စွမ်းအားအလှည့်အပြောင်းက ထိုက်ယိဟွာတိမ်တိုက်နှင့် ရင်ဆိုင်ရသည့်အခါ ကူရာကယ်ရာမဲ့သွားသည်။

တစ်ချိန်တည်းပင် သူမကိုယ်သူမ ကာကွယ်ရန်အသုံးပြုထားသော ယန်စွမ်းအား အလှည့်အပြောင်းမှာ ရန်တိ၏ဓားချက်ဖြင့် ထိုးဖောက်ခံလိုက်ရသည်။

ရန်တိကိုင်‌ဆောင်ထားသောဓားက သူကိုယ်တိုင်ပြုလုပ်ထားသည့် ‘ကောင်းကင်နဂါးဓား’ ပင် ဖြစ်သည်။

သို့သော် အရင်တုန်းက ကောင်းကင်နဂါးဓား မဟုတ်တော့ဘဲ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်နေပေပြီ။

အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်ပြီးနောက် နှစ်အနည်းငယ်အတွင်း ဤသို့သော အဆင့်မြင့် အထွတ်ထိပ် မှော်ဝင်ပစ္စည်းတစ်ခုပြုလုပ်ရန်မှာ ရန်တိအတွက် လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။

သို့သော် ဝါဒတောင်က အလွန်တရာ ကြွယ်ဝချမ်းသာလေသည်။

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်အတွင်းမှ လက်ကျန်နဂါးရုပ်အလောင်းများအားလုံးကို ရန်တိထံပေးအပ်ခဲ့ပြီး အခြားလိုအပ်သော ရတနာပစ္စည်းများစွာကိုလည်း ပေးအပ်ခဲ့သည်။  ထို့ကြောင့် နှစ်အနည်းငယ်အတွင်း ကောင်းကင်နဂါးဓားကို အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအဖြစ် ပြုလုပ်နိုင်ခဲ့ခြင်းပင်။

လောလောဆယ်မှာတော့ ထိုက်ယိဟွာတိမ်တိုက်က ကာကွယ်ပေးထားသဖြင့် ရန်တိသည် ခံစစ်ကိုလုံးဝ စဉ်းစားရန် မလိုအပ်ခဲ့ပေ။

သူ၏ဓားနှင့် သူ၏တန်ခိုးစွမ်းအားပေါင်းစပ်ကာ သူ၏သိုင်းတာအိုနှင့် ကြယ်တာရာချီစွမ်းအား အနှစ်သာရကို ပြီးပြည့်စုံသည်အထိ ပြသနိုင်ခဲ့သည်။

လျန်ကျူးလင်သည် သူမကိုယ်သူမကာကွယ်ရန် ရတနာပစ္စည်းတစ်ခု အလျင်အမြန် ထုတ်ယူလိုက်သည့်တိုင် ဆင်းသက်လာသော ရန်တိ၏ဓားချက်ကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။

တိုက်ပွဲကိုကြည့်နေကြသူများမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

သူတို့ အကြည်များမှားလေသလားဟု ထင်ရသည့်တိုင် ဤတိုက်ပွဲတွင် တကယ် အောင်နိုင်ခဲ့သူက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် ရန်တိ ဖြစ်နေသည်တဲ့လား။

ဦးခေါင်းထက်တွင် ခမ်းနားထည်ဝါသော ထိုက်ယိဟွာ တိမ်တိုက်ရှိနေပြီး ဓားသွားကိုရင်ဘတ်ထက် ကန့်လန့်ဖြတ်ထားရင်း ရန်တိက ခေါင်းကိုမော့လိုက်သည်။

“မင်းက ဂုဏ်သတင်းနဲ့ထိုက်တန်တဲ့ လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ၊ ဒီတိုက်ပွဲက ပျော်စရာကောင်းတယ် ၊ လာ... ထပ်တိုက်ရအောင်”

လျန်ကျူးလင်မျက်နှာထက် လေးလံသောအမူအရာဖြင့် နောက်သို့ ဆုတ်သွားသည်။

အစက အမတကူးပြောင်းခြင်းအဆင့် ရန်သူကို ရင်ဆိုင်ရမည်ဖြစ်ရာ ရန်သူက လက်ဗလာဖြစ်စေ ၊ လက်နက်ကိုင်ဆောင်သည်ဖြစ်စေ သူမ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် ဤတိုက်ပွဲကို သူမတစ်ယောက်တည်းပင် အဆုံးသတ်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။

တစ်ဖက်လူက အရည်အချင်းရှိပြီး ထူးခြားသောတန်ခိုးစွမ်းအားများ ပိုင်ဆိုင်ထားလျှင်တောင်မှ ယနေ့အချိန်ထိ လျှောက်လှမ်းခဲ့သော လျန်ကျူးလင်ကိုယ်တိုင်က ပါရမီရှင်များကြားမှ ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သည် မဟုတ်ပါလား။

သို့သော် ယခုတော့ သူမ၏လက်နက်ကိုအသုံးပြုရန် ဖိအားပေးခံလိုက်ရသည်။ မဟုတ်ပါက သူမ ပိုပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်သည်။

လျန်ကျူးလင် သူမ၏ဘယ်ဘက်လက်ကို မြှောက်လိုက်သည့်အခါ သွေးများစီးကျလာသည်ကို တွေ့ရသည်။

သွေးနီယင်ယန် အလှည့်အပြောင်းသိုင်းပညာမှ အနီရောင် ယန်စွမ်းအား အလှည့်အပြောင်းကိုအသုံးပြုပြီး ‘အသက်’ ဓာတ်ကို ပြန်လည်ရယူလိုက်သည်။

အနီရောင် အလင်းတန်းများ ထွက်ပေါ်လာမှ သူမ၏ဒဏ်ရာသက်သာသွားပြီး ချက်ချင်း ပြန်လည် ကောင်းမွန်သွားသည်။

သို့တိုင် သူမ၏လက်ဖျံထက်တွင် ဒေါသထွက်နေသည့် နဂါးတစ်ကောင်အသွင် အမာရွတ်တစ်ခု ထင်ကျန်ခဲ့သည်။

ဤသည်က လျန်ကျူးလင်၏ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်ခဲ့သည့် ရန်တိ၏ ဓားဝိညာဉ် ဖြစ်၏။

သိုင်းသူတော်စင် ဒဿမအဆင့်ရှိသော သူမ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် အဆိုပါ ရက်စက်ကြမ်းကြုတ်သော ဓားဝိညာဉ်ကို ထိရောက်စွာ မနှိမ်နင်းနိုင်ခဲ့ပေ။

All Chapters