မိုးမြေကိုမှောက်လှန်နိုင်သည့် လက်ဝါးရိုက်ချက်က မီးလျှံဇာမဏီကိုဖိနှိပ်
Vol. 73 Ch. 1028
အခန်း (၁၀၂၈) မိုးမြေကိုမှောက်လှန်နိုင်သည့် လက်ဝါးရိုက်ချက်က မီးလျှံဇာမဏီကိုဖိနှိပ်
လျန်ကျူးလင်က ရန်တိကို စူးစိုက်ကြည့်နေသည်။
အခြားသူများသည်လည်း ဓားကိုင်ထားသော ရန်တိ၏ပုံရိပ်ကို လှမ်းကြည့်လိုက်ကြသည်။
တိုက်ခိုက်နေကြဆဲဖြစ်သော လန်ချင်း ၊ ကျွမ်းရှန်နှင့် အခြားသော ထိပ်တန်းအရှင်သခင်များသည်ပင် သူတို့၏အာရုံစိုက်မှုက တိုက်ပွဲထဲတွင် အနည်းငယ်လျော့နည်းသွားပြီး ရန်တိထံ အာရုံရောက်သွားသည်။
ထိုနှစ်တွင် ရန်ကျောက်ကဲက ဟောက်လင်တောက်တိုင်ပွဲနှင့် စက်ဝန်းတောင်တိုက်ပွဲကိုဆင်နွှဲကာ အထက်ဘုံကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားကိုတိုင်းတာရန်ခက်ခဲမည်ဆိုလျှင် ဟောက်လင်တောင်တိုက်ပွဲတွင် နတ်ဘုရားသိမြင်ခြင်းအဆင့်သာရှိသေးသော ရန်ကျောက်ကဲက ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့ကို အနိုင်ယူခဲ့သည် အမှန်ပင်။
ယွမ်ရှန်းချန်ဆိုလျှင် နိဗ္ဗာနမီးတောက်မှ နှစ်ကြိမ်တိုင်တိုင် ပြန်လည်မွေးဖွားခဲ့ရသည် မဟုတ်ပါလား။
သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော တာအိုဆရာတုန်းချွမ်နှင့် ခရမ်းရောင်ဓားသခင် ကျောက်ကျန်တို့မှာလည်း ရန်ကျောက်ကဲ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဤသို့သောအောင်မြင်မှုက တစ်လောကလုံးကို တုန်လှုပ်စေသည် အမှန်ပင်။
နတ်ဘုရားသိမြင်ခြင်းအဆင့်မှာပင် ထိုသို့ တန်ခိုးစွမ်းအားမြင့်မားခဲ့သော ရန်ကျောက်ကဲသည် ယခု အမတ ကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ မည်သို့ရှိပါမည်နည်း။
လူတိုင်းက ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားကို ယေဘုယျအားဖြင့် နားလည်ကြသည်။
သို့သော် ယခုအချိန်မှာတော့ ရန်တိ၏တန်ခိုးစွမ်းအားက လူတိုင်းကို အံ့သြတကြီး ဖြစ်စေခဲ့သည်။
“သူ့ရဲ့ဓားဝိညာဉ်က အတော်လေးထူးဆန်းတယ်... ကြည့်ရတာ... ကြည့်ရတာ...”
လန်ချင်းသည် ရန်တိကိုကြည့်ရင်း သူ့စိတ်ထဲ တစ်စုံတစ်ရာကို ဖျတ်ခနဲ တွေးတောလိုက်မိသည်။
“သူ့ရဲ့ ဦးခေါင်းထက်က တိမ်တိုက်... အဲဒါက...”
လျန်ကျူးလင်မှာ တစ်စုံတစ်ခုကို တွေးတောနေဟန် မျက်ခုံးများတွန့်ချိုးထားပြီး သူ၏မျက်ဝန်းများက အဝေးမှပန်းပွင့်များကို ငေးမောနေသည့်ပမာ သတိလက်လွတ်ဖြစ်နေသည်။
သို့သော် သူမအတွေးမည်သို့ရှိပါစေ ရန်တိက ကောင်းကင်နဂါးဓားကို ဝှေ့ယမ်းပြီး နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။
ယခုတစ်ကြိမ်မှာတော့ လျန်ကျူးလင်က ရန်တိကို အစွမ်းကုန်သတိထားနေပြီ ဖြစ်၏။
ရန်တိကို သူမနှင့်အဆင့်တူညီသော လူသားအထွတ်ထိပ် ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်ပြီး ရင်ဆိုင်လိုက်သည်။
သူမနှင့်တိုက်ခိုက်နေသူမှာ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်မဟုတ်ဘဲ ချောင်ကျယ် ၊ လျိုကျန်းကူတို့နှင့် အဆင့်တူသူတစ်ယောက်ဟု သတ်မှတ်လိုက်သည်။
ရန်တိ၏ ဓားသိုင်းထက်မြက်မှုကို သူမ သိရှိခဲ့သည့်တိုင် ထိုသူတွင် ထိုက်ယိဟွာတိမ်တိုက် ပိုင်ဆိုင်ထားမည်ဟု ထင်မှတ်မထားခဲ့ပေ။
သူမက ရန်တိကို အချိန်တိုအတွင်း ရှင်းပစ်နိုင်ရန် သွေးနီယင်ယန်အလှည့်အပြောင်းမှ အနီရောင် ယန်ပြောင်းလဲမှုကို ရက်စက်ကြမ်းတမ်းစွာ အသုံးပြုခဲ့သည်။
သို့သော် အဆုံးသတ်မှာတော့ တိုတောင်းသည့် တိုက်ခိုက်ချိန်အတွင်း သူမသည်သာ ပြောင်းပြန် လန်သွားလုမတတ် ဖြစ်သွားရသည်။
ယခုတော့ အမှားမှ သင်ခန်းစာယူပြီး လျန်ကျူးလင် တည်ငြိမ်စွာ ပြန်လည် ရင်ဆိုင်လိုက်သည်။
သူမက အောင်မြင်ကျော်ကြားသည့် ထိပ်တန်းအရှင်သခင်တစ်ယောက် ဖြစ်လေရာ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း တစ်ခုမက ပိုင်ဆိုင်ထားပြီး ထိုပစ္စည်းများအားလုံးကလည်း ထူးခြားသော အရည်အသွေးများ ရှိကြသည်။
ထိုရတနာပစ္စည်းများက ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူတို့လောက် စွမ်းအားမကြီးမားသော်လည်း မိစ္ဆာဓားတောင်းတျဲ ၊ တိမ်လွှာအလင်းဓား၊ ခရမ်းရောင်ပင်လယ်ဓားနှင့် ရွှေကျီးကန်းကောင်းကင်ဓားကဲ့သို့ လက်နက်များနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာသာလွန်ပေသည်။
လူသားအထွတ်ထိပ်ကျင့်ကြံသူများ၏လက်ထဲတွင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများက ပို၍ပင် အစွမ်းပြနိုင်ကြပေသည်။
လက်နက်များ၏အစွမ်းဖြင့် လျန်ကျူးလင်၏တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာသည်။
ရန်တိ၏ ဦးခေါင်းထက်တွင် ထိုက်ယိဟွာတိမ်တိုက်ရှိနေသည်ဖြစ်ရာ သူက ခံစစ်ကို လုံးဝအာရုံမစိုက်ဘဲ လျန်ကျူးလင်ကို အစွမ်းကုန် တိုက်ခိုက်ရန်သာ စွမ်းအားရှိသမျှ အသုံးပြုခဲ့သည်။
နှစ်ဦးနှစ်ဖက် တိုက်ပွဲက ပြင်းထန်လွန်းသည်။
ယင်ယန်ကောင်းကင်ကျမ်းစာ ၊ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ ၊ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာများက ရန်တိ၏ဓားဝိညာဉ်ထဲတွင်ပေါင်းစပ်ထားလေရာ များပြားလှစွာသော ကြယ်တာရာချီစွမ်းအားနှစ်သာရနှင့် မြင့်မားသော ချီစွမ်းအားပြန်လည်ရရှိမှုတွင် သာမန် အမတကူးပြောင်းခြင်း သိုင်းသူတော်စင်များနှင့် ရန်တိက လုံဝတူညီခြင်း မရှိပေ။
ထို့ကြောင့်သာ အလွန်တရာလွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဓားဝိညာဉ်ကို ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ၏ရန်သူက လူသားအထွတ်ထိပ်အဆင့်ရှိသော လျန်ကျူးလင်ဖြစ်လေရာ ရန်တိ ကုန်ခမ်းသွားသည့် ချီစွမ်းအားက အခြားသူများနှင့် တိုက်ခိုက်ခြင်းထက် ပိုမိုများပြားသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ခံနိုင်ရည်သည်လည်း တဖြည်းဖြည်း လျော့နည်းလာနိုင်သည်။
သို့သော် လျန်ကျူးလင် တုန်လှုပ်စွာသိရှိလိုက်ရသည်မှာ ကြယ်တာရာချီစွမ်းအားအနှစ်သာရများစွာ ကုန်ဆုံးသွားသည့်တိုင် ရန်တိက သူ၏ဓားရှည်ကိုဝှေ့ယမ်းရင်း ရက်စက်ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဓားရှည်ကို ပို၍ပင် သက်သောင့်သက်သာ ကိုင်ဆောင်ထားခဲ့ခြင်းပင်။
ကြည့်ရသည်မှာ ထိပ်တန်းအရှင်သခင်တစ်ယောက်နှင့် တိုက်ခိုက်ရသည်ကို တဖြည်းဖြည်း ကျင့်သားရလာဟန် ရှိသည်။
ကောင်းမွန်သည့်ကျောက်စိမ်းမျက်နှာပြင်က ပွတ်တိုက်ပါများသဖြင့် ပိုမိုတောက်ပြောင်လာသည့်အလားပင် ဖြစ်သည်။
ရန်တိနှင့် လျန်ကျူးလင် တိုက်ခိုက်နေစဉ် ရန်ကျောက်ကဲက တောင်ပိုင်းထိပ်တန်း အရှင်သခင် ကျွမ်းရှန်နှင့် ရင်ဆိုင်လိုက်သည်။
လျိုကျန်းကူက ကျွမ်းရှန်အားတိုက်ခိုက်လိုက်စဉ် လျန်ကျူးလင်က ကြားဖြတ်ဟန့်တားခဲ့သဖြင့် လျိုကျန်းကူမှာ သူ့ကိုထိန်းထားနိုင်ခြင်းမရှိတော့ပေ။
ထို့ကြောင့် သူက ရန်ကျောက်ကဲထံ အပြင်းအထန် ဝင်ရောက်သွားသည်။
ရန်သူများ၏မျက်ဝန်းများက သွေးရောင်လွှမ်းနေပြီး ယခုအချိန်တွင် စကားလုံးများထက်ပိုမိုပေသည်။
ကြီးမားသော ဇာမဏီငှက်တစ်ကောင်က အတောင်ပံများကို ဖြန့်ကြက်လျက် မိုးကောင်းကင်နှင့် နေကို ဖုံးအုပ်ထားသည်။
ဝါဒတောင်ထက်သို့ ကျဆင်းလာသော အဆုံးမဲ့မီးလျှံမိုးများက ဝိညာဉ်ဒေသတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်သည် ခံစစ်တွင်ကျွမ်းကျင်ပြီး တိုက်စစ်တွင် အလယ်အလတ်ဖြစ်ကြောင့် လူတိုင်းကပြောဆိုကြသည်။
သို့သော် ဤသည်က ချောင်ကျယ်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်တူများအလယ်တွင် ပြောဆိုခြင်း ဖြစ်သည်။
လူသားအထွတ်ထိပ်အဆင့်အောက်ရှိသော ကျင့်ကြံသူများအတွက်တော့ ကျွမ်းရှန်၏တန်ခိုးစွမ်းအားက မိုးကောင်းကင်ကိုဖျက်ဆီးနိုင်ပြီး ကမ္ဘာမြေတစ်ခုလုံး အက်ကွဲသွားစေနိုင်သည်။
ရန်ကျောက်ကဲက မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိပေ။ သူက ဝါဒတောင်ထက်မှနေပြီး လက်ဝါးဖြင့် တန်းပြီးရိုက်ချလိုက်သည်။
သူ၏လက်ဝါးရိုက်ချကက ကောင်းကင်တစ်ခုလုံး မှောက်လန်သွားသည့်ပမာ ဖြစ်၏။
အစွန်းများအားလုံးကိုပြောင်းပြန်လှန်ပြီး ကောင်းကင်တစ်ခုလုံးပြိုကျလာသော ကြီးမားသည့် တန်ခိုးစွမ်းအားက မီးလျှံဇာမဏီငှက်ဆီသို့ ဦးတည်ဝင်ရောက်သွားသည်။
မီးလျှံဇာမဏီငှက်က အော်မြည်သံတစ်ချက်ထုတ်လွှတ်လိုက်ပြီး ဗလာနယ်အာကာသ ပုံပျက်သွားသည်။
မိုးမြေတစ်ခွင်ပျံ့ကျဲနေသော မီးလျှံမိုးများက ဝါဒတောင်ထက်သို့ ကျဆင်းမလာနိုင်တော့သလို ပေါက်ကွဲထွက်နိုင်ခြင်းမရှိတော့ဘဲ နေရာမှာပင်ငြိမ်သက်ကာ ငြိမ်းသတ်သွားကြ၏။
ရန်ကျောက်ကဲ အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်ပြီးသည့်အခါ သူထုတ်ဖော်အသုံးပြုသည့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်သည် မိုးမြေတစ်ခွင်ကို အမှန်တကယ် ပြောင်းပြန်လန်စေနိုင်သော တန်ခိုးစွမ်းအား အမှန်တကယ် ပိုင်ဆိုင်ထားသည်။
“တိုက်...”
ကျွမ်းရှန် အေးစက်စွာအော်ဟစ်လိုက်သည်။
သန့်စင်သောရေလှိုင်းသမာဓိ မီးတောက် ၊ ကောင်းမြတ်ခြင်း မြေကြီးသမာဓိမီးတောက် ၊ မရဏသမာဓိမီးတောက် ၊ ခရမ်းရောင်သမာဓိမီးတောက်များက မီးလျှံဇာမီငှက်ကို ချက်ချင်းလွှမ်းခြုံသွားသည်။
သမာဓိမီးတောက် (၄)ပါးပေါင်းစပ်ထားသော မီးလျှံဇာမဏီငှက်သည် အတော်ကိုဖြန့်လျက် ဝါဒတောင်ထက်သို့ ဆက်လက်ပျံသန်းလာပြန်သည်။
ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်က တာအိုကိုပြန့်ပွားစေပြီး ဇာမဏီငှက်၏ခန္ဓာကိုယ်မှ မီးလျှံများငြိမ်းသတ်မသွားစေရန် တားဆီးပေးထားသည်။
သန့်စင်သောရေလှိုင်းသမာဓိမီးတောက်က မိုးမြေတစ်ခွင်မှကျရောက်လာသော ဖိအားများကိုတွန်းလှန်ရာတွင် ဇာမဏီငှက်အား ကူညီပေးထားသည်။
ခရမ်းရောင်သမာဓိမီးတောက်က မတူညီသော အချိန်နှင့် ဗလာနယ်ကြား ထွက်ပေါ်လာသော တန်ခိုးစွမ်းအားများမှ ဇာမဏီငှက်ကိုကာကွယ်ပေးထားပြီး ကပ်ဘေးများကို ဖယ်ရှားပေးသည်။
မရဏသမာဓိမီးတောက်က အသက်ဓာတ်စွမ်းအားကိုထုတ်ဖော်ပြီး အန္တရာယ်ရှိသောအခြေအနေမှ လွတ်မြောက်အောင်လမ်းကြောာင်းရှာဖွေရန် ကူညီပေးသည်။
အားလုံး၏စိတ်အာရုံကို ပိုမိုစွဲဆောင်စေသည်မှာ သမာဓိမီးတောက် (၄)မျိုးဖြင့် လွှမ်းခြုံခံထားရသော မီးလျှံဇာမဏီငှက် အတောင်ပံခတ်လိုက်တိုင်း မီးမိုးများ ပြင်းထန်စွာ ထပ်မံရွာသွန်းလာခြင်း ဖြစ်၏။
ထိုမီးလျှံမိုးစက်များသည် သမာဓိမီးတောက် (၄)မျိုး၏ ကောင်းမြတ်ခြင်းများဖြင့် ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် လက်ဝါးရိုက်ချက်စွမ်းအားကို တွန်းလှန်ကာ ရန်ကျောက်ကဲရှိရာသို့ တည့်တည့်မတ်မတ် တိုးဝင်သွားသည်။
သူ၏ရန်သူ ချောင်ကျယ်က ထိုမြင်ကွင်းကိုကြည့်ရင်း မျက်ခုံးများ တွန့်ချိုးလိုက်သည်။
“ဒီကောင် အတော်လေး တိုးတက်လာတာပဲ”
ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များအနေဖြင့် သိုင်းကွက်တစ်ကွက်တိုက်ခိုက်သည်နှင့်ပင် လူတစ်ယောက်၏ စွမ်းအားကို နားလည်နိုင်စွမ်း ရှိသည်။
အစစ်အမှန်ဇာမဏီကျမ်းစာအပေါ် ကျွမ်းရှန်၏ နားလည်နိုင်စွမ်းက ယွမ်ရှန်းချန် ၊ ကျန်းစုရန်နှင့် ဖန်ဟယ်တို့ထက် အဆပေါင်းမျာစွာ သာလွန်သည်။
ယခုဆိုလျှင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခံစစ်စွမ်းအားများကို ပိုင်ဆိုင်ထားသော သမာဓိမီးတောက် (၄)မျိုးအား သူက တိုက်စစ်ဆင်ရာတွင် အသုံးပြုနိုင်ပြီ ဖြစ်သည်။
သူ၏တိုက်ခိုက်မှုက ချောင်ကျယ် ၊ လျန်ကျူးလင် ၊ လျိုကျန်းကူတို့ကဲ့သို့ ရက်စက်ကြမ်းတမ်းခြင်းမရှိသော်လည်း ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ခံစစ်စွမ်းအားဖြင့် အဆက်မပြတ်အားဖြည့်ထားသဖြင့် ရန်သူအတွက် ဖြတ်ကျော်ရန် အဆုံးမရှိသောအခက်အခဲများ ပေးစွမ်းပေသည်။
ဤတိုက်ကွက်တစ်ချက်တည်းဖြင့် ကျွမ်းရှန်က ခံစစ်ကိုကျွမ်းကျင်ပိုင်နိုင်ပြီး တိုက်စစ်တွင်အားနည်းသည်ဆိုသော အခြာသူများ၏ ထင်မြင်ယူဆချက်များကို မြေလှန်ပစ်နိုင်ခဲ့သည်။
ကျွမ်းရှန်က သူ့အကြောင်းသူ နားလည်သူ ဖြစ်သည်။
သူကျင့်ကြံထားသော သိုင်းပညာနှင့်ပတ်သက်ပြီး နားလည်နိုင်စွမ်းမြင့်မားပြီး အဆက်မပြတ်လေ့လာမြှင့်တင်နေခဲ့သည်။
ဤတိုက်ပွဲတွင် သူ၏ကြိုးစားမှုရလဒ်ကို တွေ့မြင်နိုင်သည်။
“ကောင်းတယ်...”
ကျွမ်းရှန်ကိုကြည့်ရင်း ရန်ကျောက်ကဲက ကြုံးဝါးသံပြုလိုက်သည်။
သို့တိုင် သူက ရှောင်တိမ်းခြင်းမပြုဘဲ လက်ဝါးရိုက်ချက်ကို မြှင့်တင်ထားဆဲ ဖြစ်၏။
နောက်အခိုက်အတန့်မှာတော့ သူ၏စွမ်းအားရောင်ဝါက အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး မိုးမြေတစ်ခွင်တွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
မြေပြင်ထက်တွင် ဖြောင့်မတ်စွာမတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ မျှော်စင်ကြီးတစ်ခုပမာ မြင့်တက်သွားပြီး မိုးကောင်းကင်နှင့်တစ်သားတည်းပေါင်းစပ်သွားသော ပုံရိပ်ယောင် ဖြစ်သည်။
သူ၏လက်ဝါးရိုက်ချက်က မြင့်မားဝေးကွာပြီး ရိုးရှင်းရှေးကျသည်။ တည်ကြည်လေးနက်ပြီး စစ်မှန်သည်။ လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး ရက်စက်ပြင်းထန်သည်။
ကျွမ်းရှန်၏ စွမ်းအားကြီးမာသောတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန် ရန်ကျောက်ကဲက ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိဘဲ ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
သူ၏လက်ဝါးရိုက်ချက်ကျဆင်းလာသည်နှင့် မီးလျှံဇာမဏီငှက်နှင့် ကျွမ်းရှန်ဆီသို့ ကောင်းကင်တစ်ခုလုံး ပြိုကျသွားသည့်ပမာ ဖြစ်သည်။
ရန်ကျောက်ကဲဆိုသည်က...
သူ့အားတိုက်ခိုက်လာသူမည်သူမဆိုထက်ပိုပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသည် ၊ စွမ်းအားမြင့်မားသည် ၊ ခမ်းနားကြီးကျယ်သည် ၊ အောင်နိုင်သူဆန်သည် မဟုတ်ပါလား။