← Chapters

ထိပ်တန်းအရှင်သခင်တစ်ယောက်ကို တုန်လှုပ်သွားစေသော တန်ခိုးစွမ်းအား

Vol. 73 Ch. 1029

ထိပ်တန်းအရှင်သခင်တစ်ယောက်ကို တုန်လှုပ်သွားစေသော တန်ခိုးစွမ်းအား

Vol. 73 Ch. 1029

အခန်း (၁၀၂၉) ထိပ်တန်းအရှင်သခင်တစ်ယောက်ကို တုန်လှုပ်သွားစေသော တန်ခိုးစွမ်းအား

ရန်ကျောက်ကဲလက်ဖဝါးက ကောင်းကင်ကို မှောက်လှန်သွားစေပြီး ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းပြန်လန်သွားစေသည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ ဗလာနယ်ထောင်တစ်နေရာတွင် မသိမသာ လှုပ်ရှားသွားပြီး အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာသည်။

ဤသို့သော ပြင်းထန်သည့် တန်ခိုးစွမ်းအားကို တွေ့လိုက်ရသည့်အခါ ဝါဒတောင်ဘက်မှ တိုက်ခိုက်ပေးနေသော အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူ မျက်ခုံးများတွန့်ချိုးသွားသည်။

“ဒါက အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ လက်ဝါးရိုက်ချက်တဲ့လား”

ကမ္ဘာအစွန်းများများကို ပြောင်းပြန်လှန်ပြီး မိုးမြေတစ်ခုလုံး မှောက်လှန်သွားစေသည့် ရောင်စဉ် (၄)မျိုးတောက်ပနေသော ကြယ်တံခွန်များမှာ လေထဲတွင်ပိတ်မိနေပြီး မလှုပ်ရှားနိုင် ဖြစ်သွားသည်။

ကြယ်တံခွန်များ၏ မျက်နှာပြင်ပေါ်တွင် တောက်ပနေသော အလင်းရောင်များသာ အဆက်မပြတ် ရွေ့လျားနေသည်။

သန့်စင်သောရေလှိုင်း သမာဓိမီးတောက် အက်ကွဲသွားပြီး ကောင်းမြတ်ခြင်း မြေကြီးသမာဓိမီးတောက်က အဝါရောင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။

ထို့နောက်မှာတော့ ခရမ်းရောင်အလင်းတန်းများငြိမ်းသတ်သွားပြီး အဖြူရောင်ချီစွမ်းအားသည်လည်း လွင့်ပြယ်သွားသည်။

တိုက်ပွဲကို သတိထားလိုက်မိသည်နှင့် အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်း မျက်ဝန်းများ တုန်ခါသွားသည်။

“စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က အဲဒီလောက်စွမ်းအားမကြီးမားနိုင်ဘူး ၊ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က ကျွမ်းရှန်ရဲ့ သမာဓိမီးတောက် (၄)မျိုးကို ချိုးဖျက်နိုင်လောက်တဲ့အထိ တန်ခိုးစွမ်းအား မမြင့်မားသင့်ဘူး”

“ဒီလက်ဝါးရိုက်ချက်က စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို အခြေခံအုတ်မြစ် လုပ်ထားပေမယ့် အထဲမှာပေါင်းစပ်ထားတဲ့ နက်နဲတဲ့ သိုင်းပညာတွေ အများကြီးရှိနေတယ်”

တစ်ချက်ကြည့်ရုံဖြင့် ထိုလက်ဝါးရိုက်ချက်ထဲတွင် ယင်ယန်ကောင်းကင်ကျမ်းစာ ၊ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ ၊ ထိုက်ကျိယင်ယန် လက်ဝါးသိုင်း ထာဝရအလင်းကောင်းကင် ကျမ်းစာများ ပါဝင်သည်ကို လန်ချင်း သိရှိလိုက်သည်။

ယိုးမင်ဂမ္ဘီရဂိုဏ်း၏ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်လည်း ပါဝင်နေပုံရသည်။

ထိုမျှသာမကသေးဘဲ သူမသိသော အခြားထိပ်တန်းသိုင်းပညာများလည်း ရှိနေနိုင်ပေသည်။

ဆိုတော့ အနှီ‌ကောင်လေးရန်ကျောက်ကဲက အသက်ဘယ်လောက် ရှိသေးလို့လဲ။

ဆယ်စုနှစ်အနည်းငယ်အတွင်း ဤမျှမြင့်မားသော သိုင်းပညာများကို တပြိုင်တည်း နားလည်သဘောပေါက်အောင် ကျင့်ကြံထားပြီး အောင်မြင်မှုရရှိထားသည်မှာ မည်သို့ဖြစ်နိုင်ပါမည်လဲ။

ဗဟုသုတအလွန်ကြွယ်ဝပြီး နယ်ပယ်တစ်ခုတွင် အထွတ်ထိပ်ရောက်ရှိနေသော အနောက်ပိုင်း ထိပ်တန်းအရှင်သခင် လန်ချင်းသည်ပင် ထိုခဏတွင် အံ့အားသင့်သွားရသည်။

“ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားတဲ့လား...”

သမာဓိမီးတောက်လေးမျိုး၏စွမ်းအား ဆုံးရှုံးသွားသည်နှင့် ကြယ်တံခွန်များမှာ ရန်ကျောက်ကဲ၏ စက်ဝန်သံသရာကောင်းကင်စည်းတံဆိပ်ကို တွန်းလှန်နိုင်ခြင်း မရှိတော့ပေ။

ပြင်းထန်သော ကြယ်တာရာချီစွမ်းအားအနှစ်သာရအောက်တွင် မီးလျှံများက အေးခဲသွားပြီး ဆက်တိုက်ဆိုသလို ငြိမ်းသတ်သွားကြသည်။

ဤအခိုက်အတန့်တွင် ကြယ်တံခွန်အားလုံးသည် ရေခဲအဖြစ်သို့ ပြောင်းလဲသွားသည်။

ကမ္ဘာကြီးသည် လွန်ခဲ့သည့်အခိုက်အတန့်တွင် ပူလောင်သောမီးငရဲနှင့်တူပြီး ဤအခိုက်အတန့်တွင် ရေခဲနှင့်နှင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရေခဲနှင့်နှင်းများ၏ သက်ရောက်မှုအောက်တွင် မီးလျှံဇာမဏီမှာ အသက်ဓာတ်စွမ်းအား ဆုံးရှုံးသွားပုံရသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်သည် အခြားသူမျာထက် ရန်ကျောက်ကဲ၏အရည်အချင်းကို နားလည်သူ ဖြစ်သည်။

သူက ချက်ချင်း တိုက်ကွက်ပြောင်းလဲလိုက်ပြီး မီးလျှံဇာမဏီငှက်က လေထဲသို့နောက်တစ်ကြိမ် ပျံသန်းသွားကာ သမာဓိမီးတောက်လေးမျိုးက အားကောင်းလာပြီး ပြိုကျလာသည့်ကောင်းကင်ကို အတင်းအကျပ် ပိတ်ဆို့ထားလိုက်သည်။

ရန်ကျောက်ကဲက သူ၏လက်ဝါးရိုက်ချက်ကို မပြောင်းလဲဘဲ ရိုးရှင်းသည့် ဓားအလင်းတန်းတစ်ခု လက်ထဲမှ ထွက်ပေါ်လာပြီး ကျွမ်းရှန်ကို ထိုးညွှန်လိုက်သည်။

ကြုံးဝါးသံများထွက်ပေါ်လာပြီး စိမ်းပြာနဂါးတစ်ကောင် ပေါ်လာသည်။

ဤတစ်ခုတည်းဆိုလျှင် ကျွမ်းရှန်က စိတ်ထဲထားမည် မဟုတ်ပေ။

သို့သော် စိမ်းပြာနဂါး၏ခန္ဓာကိုယ်မှ ခရမ်းနီရောင်ဓား အလင်းတန်းများတောက်ပလာပြီး အသက်ဓာတ်စွမ်းအားများ အားလုံးကို သုတ်သင်ပစ်နိုင်သည့် တန်ခိုးစွမ်းအားများ ပါရှိနေသည်။

ထို့နောက်မှာတော့ စိမ်းပြာနဂါးကြီး၏ အကြေးခွံများအားလုံးအောက်မှ အသွေးအသားများပေါက်ကွဲထွက်သွားသည်။

ကြွယ်ဝသေသာအသက်ဓာတ်စွမ်းအားများက ချက်ချင်းပင် မရဏချီစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ကျွမ်းရှန်ကိုပစ်မှတ်ထားကာ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

ဤသည်က ရန်ကျောက်ကဲကိုယ်တိုင်တီထွင်ထားသော ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ ပင် ဖြစ်၏။

အရင်က ဟောက်လင်တောင်တွင် ကံကောင်းပြီးအသက်ရှင်ကျန်ရစ်သူများထံမှ ရန်ကျောက်ကဲ၏ ဤဓားသိုင်းကို မေးမြန်းထားခဲ့ပြီး ကျွမ်းရှန်သည် ထိုသိုင်းပညာကို အတော်လေး အာရုံစိုက်ခဲ့သည်။

ယခု ကိုယ်တိုင်ကြုံတွေ့ရသည့်အခါ သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေကြောင်း ခံစားသိရှိလိုက်သည်။

“ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ဓားသိင်းလဲ ၊ ယွိချင်အဆက်အနွယ်က ဆင်းသက်လာတယ် ဆိုပေမယ့် စန့်ချင်အဆက်အနွယ်က နတ်ဘုရားသတ်ဖြတ်ဓားသိုင်းလို့ ဘာလို့ ရက်စက်ကြမ်းတမ်းနေရတာလဲ”

ကျွမ်းရှန်သာမဟုတ်အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာထျန်းယိ သည်လည်း မျက်မျောင်ကြုတ်ကာ ထိုသို့ပင် တွေးလိုက်မိသည်။

ဝူထုန်တောင်စောင်းမှ အစစ်အမှန်ဇာမဏီကျမ်းစာနှင့် နှိုင်းယှဉ်ပါက သူ၏ ချင်းဟွာကျောင်းတော်မှ ချန်စန်းသိုင်းပညာက ဤ စိမ်းပြာနဂါး သုတ်သင်ဓားသိုင်းနှင့်ရင်ဆိုင်ရလျှင် ပို၍ပင် အားနည်းချက် ရှိသွားနိုင်သည်။

“သူ့ရဲ့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ပကတိမိုးကြိုးစွမ်းအားလိုမျိုး တစ်ချက်တည်းပေါက်ကွဲထွက်သွားနိုင်တဲ့ တန်ခိုးစွမ်းအားလို့ ထင်ခဲ့တာ ၊ ဒါပေမဲ့ မဟုတ်ခဲ့ဘူး ၊ သူ တိုက်ခိုက်နေတာ သူ့မှာရှိတဲ့ ပကတိ တန်ခိုးစွမ်းအားပဲ”

ထိုသို့တွေးမိတော့ တာအိုဆရား ထျန်းယိ အတော်လေး စိတ်အနှောက်အယှက် ဖြစ်သွားသည်။

သူကိုယ်တိုင်သည်လည်း တုန်လှုပ်ချောက်ချားစရာ တန်ခိုးစွမ်းအားများဖြင့် ခဏတာပေါက်ကွဲထွက်စေနိုင်သည့် ပကတိမိုးကြိုးစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက ကျွမ်းရှန်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်ကိုတွေ့ရသည့်အခါ ထိုသို့သော ယာယီစွမ်းအားမျိုးကို အသုံးပြုခြင်းဖြစ်မည်ဟု သံသယဝင်သွားမိသည်။

သို့သော် ရန်ကျောက်ကဲက လက်ဝါးရိုက်ချကရော ဓားချက်ပါ ထုတ်လွှတ်တိုက်ခိုက်လိုက်ကြောင်းတွေ့မြင်ရသည်။

လက်တစ်ဖက်ဖြင့် စက်ဝန်းသံသရာ ကောင်းကင်စည်းတံဆိပ်ကိုထုတ်ဖော်ပြီး ကျန်လက်တစ်ဖက်က စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို ထုတ်ဖော်လိုက်သည့်အခါ သူ၏ခန့်မှန်းချက် မှားယွင်းသွားပြီဖြစ်ကြောင်း တာအိုဆရာထျန်းယိ သိရှိလိုက်သည်။

သူ့ထက်အဆပေါင်းများစွာ ငယ်ရွယ်သော ဤလူငယ်သည် သိုင်းသူတော်စင် သတ္တမအအဆင့်သာရှိသေးသော်လည်း ကျွမ်းရှန်ခဲ့သို့ ထိပ်တန်းအရှင်သခင်တစ်ယောက်ကို အမှန်တကယ်ပင် တွန်းလှန်နိုင်ခဲ့သည်လား။

ရန်ကျောက်ကဲ၏ စိမ်းပြာနဂါးကိုတွေ့မြင်လိုက်ရသည့်အခါ ကျွမ်းရှန်၏မျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။

သူ၏ခန္ဓာကိုယ်အား တစ်ချက်လှုပ်ခါလိုက်ရာ အဖြူရောင်ချီကြိုးတစ်ခုထွက်ပေါ်လာပြီး မီးလျှံဇာမဏီငှက်ဖြင့် ပေါင်းစပ်သွားလျှက် ဇာမဏီငှက်က ချက်ချင်းပင် သေးသွယ်သော မီးလျှံကြိုးစတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရန်ကျောက်ကဲ၏ ဓားချက်ကို ရှောင်တိမ်းလိုက်သည်။

မီးလျှံကြိုးမျှင်က ရန်ကျောက်ကဲ၏ခန္ဓာကိုယ်အား ခုတ်ပိုင်းမချခင် ဗလာနယ်ထဲတွင် တစ်ချက်လှည့်ပတ်သွားသည်။

ကြောက်မက်ဖွယ်ရာမီးလျှံကြိုးမျှင်ကြောင့် ဗလာနယ်နှစ်ပိုင်းကွဲသွားပြီး အစွန်းနှစ်ဖက်တွင် သွေးနီရောင်များ ထွက်ပေါ်လာသည်။

ဗလာနယ်အက်ကွဲကြောင်းများမှာ အလွယ်တကူ ပြန်လည်ကုစားနိုင်ခြင်းမရှိသဖြင့် ကောင်းကင်ယံတစ်ခုလုံး အက်ကွဲတောက်လောင်နေသည့် အလား ထင်မှတ်ရသည်။

ဤ “ကောင်းကင်ထိုးခွင်းမီးလျှံဓားသိုင်း” ဆိုသည်က “ဇာမဏီတောင်ပံဓားသိုင်းပညာ” ၏ ထိပ်တန်းအဆင့် လူသတ်တိုက်ကွက် ဖြစ်သည်။

ဝူထုန်တောင်စောင်းတစ်ခုလုံးတွင် ဤဓာသိုင်းကို ကျွမ်းရှန်တစ်ယောက်တည်းသာ ကျွမ်းကျင်တတ်မြောက်ထားသည်။

ကျွမ်းရှန်၏ “ကောင်းကင်ထိုးခွင်းမီးလျှံဓားသိုင်း” ကို စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

တိုက်ပွဲတွင် အသာစီးမရတော့သော ကျွမ်းရှန်က ဇာမဏီငှက်အား မီးလျှံကြိုးစအဖြစ် ပြောင်းလဲလိုက်ပြီး ယခင်ကတိုက်ကွက်အတိုင်း ရန်ကျောက်ကဲ၏ဓားသိုင်းကို နေက်တစ်ကြိမ် ရှောင်လွှဲရန် ကြိုးစားလိုက်သည်။

သို့သော် ကမ္ဘာမြေဖျက်ဆီး ကောင်းကင်ဝါးမျိုဓားသေတ္တာက ရန်ကျောက်ကဲလက်ထဲ ရုတ်တရက် ထွက်‌ပေါ်လာသည်။

ဓားသေတ္တာကို ဖွင့်လိုက်သည်နှင့် အတွင်းမှ ရှေးဟောင်းကြေးဝါဓားတစ်လက် ထွက်ပေါ်လာပြီး အနက်ရောင်အလင်းတန်းများက လွှမ်းခြုံသွားသည်။

ရန်ကျောက်ကဲက ရှေးဟောင်းကြေးဝါဓားကို ဆုပ်ကိုင်လိုက်ပြီး လေထဲတွင် စက်ဝိုင်းသဏ္ဌာန် ဝှေ့ယမ်းလိုက်သည်။

အနက်ရောင်အလင်းတန်း လှည့်ပတ်မှုမှတစ်ဆင့် တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာ စုပ်ယူအားတစ်ခုထွက်ပေါ်လာကာ သေးသွယ်သော မီးလျှံကြိုးစကို နေရာမှာပင် ပိတ်ဆို့ထားလိုက်သည်။

ယခုအချိန်မှာတော့ ရန်ကျောက်ကဲက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်နေပြီ ဖြစ်သည်။

မိစ္ဆာဓားတောင်းတျဲ ဓားဝိညာဉ်က ရန်ကျောက်ကဲ၏ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းနှင့် ပေါင်းစပ်သွားသည်။

ကြောက်မက်ဖွယ်ရာ တွင်းနက်ကြီးမှ ထွက်ပေါ်လာသည့် ကြီးမားသော စုပ်ယူစွမ်းအားသည် ခရမ်းနီရောင်ဓားအလင်းတန်းနှင့် ပေါင်းစပ်သွားပြီး နှိုင်းယှဉ်မရလောက်အောင် ပြင်းထန်ထက်မြက်လျက် ရှိ၏။

တွင်းနက်ကြီးက ကြီးမားသော သားရဲတစ်ကောင်ပမာ ပါးစပ်ကိုဖွင့်ဟပြီး ကောင်းကင်ကိုမျိုချ မြေကြီးကိုဝါးမျိုရန် ကြိုးပမ်းလိုက်သည်။

သူက ရန်သူကို ဝါးမျိုပစ်ချင်ရုံသာမက ကြွေမွသွားအောင်လည်း ကိုက်ဖြတ်ချင်နေခဲ့သည်။

မီးလျှံကြိုးစက တဖြည်းဖြည်း ပြန်ကျယ်လာပြီး မီးလျှံဇာမဏီငှက်အသွင် ပြန်ပေါ်လာသည်။

ကျွမ်းရှန်၏လက်ထဲတွင် ဓားတစ်လက်ပေါ်လာပြီး ဓားသွားထက်တွင် ဇာမဏီငှက်မွှေးပမာ ပုံစံများ ရှိနေသည်။

သူက ဓားကို ပင့်မြှောက်ပြီး တွင်းနက်ဆီသို့ ခုတ်ပိုင်းချလိုက်သည်။

လျန်ကျူးလင်ကဲ့သို့ပင် ကျွမ်းရှန်သည်လည်း အဆင့်မြင့် အထွတ်ထိပ် မှော်ဝင်ပစ္စည်း တစ်ခုထက်မက ပိုင်ဆိုင်ထားသည်ပင်။

လက်နက်များစွာနှင့် သိုင်းစွမ်းအားပေါင်းစပ်လိုက်သည့်အခါ ပိုမိုကြီးမားသော တန်ခိုးစွမ်းအားကို ထုတ်လွှတ်နိုင်သည်။

အလင်းရောင် တာအိုဝတ်ရုံနှင့် ဇာမဏီသံစဉ်သရဖူတို့က ရန်ကျောက်ကဲ ခန္ဓာကိုယ်ထက်တွင် ထွက်ပေါ်လာပြီး ကျွမ်းရှန်၏တိုက်ခိုက်မှုကို ခုခံကာကွယ်လိုက်သည်။

ယခင်က ကျန်းစုရန်ပိုင်ဆိုင်သည့် ဇာမဏီသံစဉ် သရဖူအားတွေ့လိုက်ရသည့်အခါ ကျန်းရွှမ်မျက်နှာက ပိုမိုအေးစက်သွားသည်။

မီးလျှံဇာမဏီပုံရိပ်က ဖြန့်ကားထားသော အတောင်များကို ရုတ်တရက် ခေါက်ချိုးလိုက်ပြီး ရန်ကျောက်ကဲအား ခုတ်ပိုင်းချလိုက်သည်။

ရန်ကျောက်ကဲက ဓားတစ်လက်ဖြင့် ကျွမ်းရှန်၏တိုက်ခိုက်မှုကို ကြားဖြတ်လိုက်သည်။

ထို့နောက် လက်ဖဝါးကိုမြှောက်လိုက်ရာ ကောင်းကင်ထက်သို့ ရွှေရောင်နေဝန်း တစ်စင်းမြင့်တက်လာပြီး နေရောင်ခြည်များက တစ်လောကလုံးအား လွှမ်းခြုံသွားသည်။

ကြီးကျယ်ခမ်းနားသော နေရောင်ခြည်အလင်းတန်းက ထိပ်တန်းအရှင်သခင်များ၏ ခန္ဓာကိုယ်များကိုပင် မခံမရပ်နိုင်အောင် ပူလောင်လာစေသည်။

ဤသည်မှာ အဆင့်မြင့် အထွတ်ထိပ် မှော်ဝင်ပစ္စည်းများ၏ ဧကရာဇ်ဖြစ်သော “ထူးကဲယန်စည်းတံဆိပ်” ပင် ဖြစ်၏။

ဟောက်လင်တောင်တန်းနှင့် စက်ဝန်းတောင်တန်းတိုက်ပွဲများ မဖြစ်ပွားခင် ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားကို ကျယ်ကျယ်ပြန့်ပြန့် မသိရသေးစဉ်က သူသာ အမတကူးပြောင်းခြင်း အဆင့်တက်ရောက်သွားသည်နှင့် သူ၏တန်ခိုးစွမ်းအား လုံးဝ ကွဲပြားသွားမည်ဟု ယုံကြည်ကြပြီး လူအများက သတိထားစောင့်ကြည့်နေခဲ့ကြသည်။

အကြောင်းပြချက်ကတော့ ဤ “ထူးကဲယန်စည်းတံဆိပ်” ပင် ဖြစ်၏။

ယခု ရန်ကျောက်ကဲ အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိသွားသည့်အခါ ထူးကဲယန်စည်းတံဆိပ်၏ တန်ခိုးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။

ဤ ရတနာပစ္စည်း အထွတ်ထိပ်အဆင့် တန်ခိုးစွမ်းအား ထွက်ပေါ်လာသည့်အခါ သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူကိုပင် အားထုတ်မှုအနည်းငယ်ဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်သည်။

ကျွမ်းရှန်နှင့် လန်ချင်းတို့ကဲ့သို့ လူသားအထွတ်ထိပ်အဆင့်ကျင့်ကြံသူများသည်ပင် ထူးကဲယန်စည်းတံဆိပ်ဖြင့် ထိုးနှက်ခံရပါက အလွန်အမင်း စုတ်ပြတ်သွားနိုင်ပေသည်။

All Chapters