← Chapters

လူ့လောကကြီးက ခက်ခဲတယ်

Vol. 35 Ch. 511

လူ့လောကကြီးက ခက်ခဲတယ်

Vol. 35 Ch. 511

မာစီးတီး၏ ကျယ်လောင်သည့် အင်ဂျင်သံကိုကြားတော့ တံတားအလယ်တွင် ပိတ်ဆို့ထားကြသည့် လူတိုင်း ရုပ်ဆိုး အကျည်းတန်သွားကြ၏။

သို့သော်လည်း မည်သူကမျှ လင်းရီ သူတို့ကို တိုက်ဝံ့လိမ့်မည်လို့ မယုံကြည်ကြချေ။

အကယ်၍ လင်းရီ မသက်မရှင်ချင်တော့ဘူး ဆိုလျှင်တော့ တစ်မျိူးပင်။ တစ်စုံတစ်ယောက်ကို သတ်လိုက်ပါက မာစီးတီး ဆယ်စီးပေးလျှင်ပင် လျော်ရန် လုံလောက်လိမ့်မည် မဟုတ်ချေ။ ယင်းက လူတစ်ဦးကို ချွတ်ခြုံကျသွားစေသည်အထိ ပြုလုပ်ရန် လုံလောက်၏။ ယင်းအတွေးအခေါ်က ကျန်သူများအပေါ်တွင် အလုပ်ဖြစ်သော်လည်း လင်းရီ အပေါ်တွင်တော့ အသုံးမ၀င်ချေ။အကြောင်းပြချင်ကတော့ ရိုးရှင်းသည်။ အဘယ်ကြောင့်ဆိုသော် သူက လင်းရီ ဖြစ်နေသောကြောင့်ပင်။

တုံ့ဆိုင်းခြင်း အလျှင်းမရှိ လင်းရီ လီဗာကို တအား နင်းချလိုက်သည်။ သားရဲရိုင်းကြီးတစ်ကောင်ကဲ့သို့ ပြေးလာနေသည့် လင်းရီ၏ကားကို မြင်တော့ တံတားပေါ်ရှိ ရွာသားများအားလုံး ကြောက်ချေးပန်းသွားကြလေသည်။ သူတို့၏ ခြင်းတောင်းများကိုပင် ဂရုမစိုက်နိုင်အားတော့ပဲ တံတားဘေးသို့ ကမန်းကတမ်း ပြေးသွားကြ၏။ အချို့အဘိုးကြီးများဆိုလျှင် သူတို့၏ တောင်ဝှေးများကို ပစ်ချပြီး လူငယ်များထက်လျှင်မြန်စွာ ရှောင်ပြေးသွားကြလေသည်။

လင်းရီတို့ကား ရှေ့မှ မောင်းထွက်သွားသည်ကို မြင်တော့ နောက်ရှိ ထရပ်ကားမှလည်း မျက်ခြည်မပြတ် လိုက်လာခဲ့၏။ နောက်ဆက်တွဲကတော့ တံတားပေါ်တွင် ဖုန်မုန့်များ နေရာအနှံ့ ပေကျံနေပြီး ငါးအသေကောင်များလည်း လမ်းလည်တွင် ပြန့်ကျဲနေကာ တောင်းများလည်း ကျိုးကြေနေလေသည်။ ရွာသားများအဖို့တော့ ၀မ်းနည်းစရာ မြင်ကွင်းကြီးပင်။

"မျိုးမစစ်လေး.. မင်း အသေဆိုးနဲ့ သေမယ့်ကောင်... ငါတို့ကို ပြန်လျော်ပေးစမ်း...."

"ဒီမှာ အော်နေလို့ ဘာထူးမှာ... ရွာထဲမှာ သွားရှာကြမယ်... ငါတို့ သူ့ကို ရှာတွေ့အောင် ရှာရမယ်...."

"သူလုပ်တာနဲ့ ငါ နှလုံးရောဂါတောင် ရတော့မလို့... ငါ့ကိုလည်း ဖြေရှင်းချက်ပေးရမယ်...."

"ဟုတ်တယ် သွားစို့.. သွားရှာပြီး ဖြေရှင်းချက် တောင်းကြမယ်...."

ကျောက်တုံးတံတားကို ကျော်ဖြတ်ပြီးနောက် နှစ်ယောက်သား ပေချောင်မြို့သို့ ဦးတည်လိုက်လေသည်။

"ဒီ ပေချောင်မြို့ ဒေသခံတွေက အတော်လေးဆိုးရွားတာပဲ..."လင်းရီ ပြောလိုက်သည်။

"ဆင်းရဲလွန်းတော့ ငတ်မှာကြောက်လို့ သောင်းကျန်းနေကြတာနေမှာပါ..."

"ဖြစ်နိုင်တယ်...."

မြို့ထဲတွင်တော့ မီတာရာကျော်ရှည်သော လမ်းတစ်ခု ရှိသည်။ လမ်း၏ ဘေးနှစ်ဖက်တွင်တော့ ယိုင်နဲ့နေသည့် ဆိုင်လေးများ တန်းစီနေပြီး ကမ္ဗည်းပြားပေါ်တွင် ရေးသားထားသည့် ဆေးသားစာလုံးတို့မှာလည်း အဖြူရောင်သို့ ကူးပြောင်းနေချေပြီ။ အချို့ကတော့ သစ်သားပြားများပေါ်တွင် စာလုံးများ ရေးသားကာ ကမ္ဗည်းပြားများအဖြစ် အသုံးပြုထားကြ၏။

ပေချောင်မြို့သို့ ရောက်သွားသည်မှာ ခေတ်နောက်ပြန်ဆွဲနေသည့် နေရာတစ်ခုသို့ ရောက်ရှိလာသည့် အလား လင်းရီ ခံစားနေရတော့သည်။

"အမှန်ဆို ပေချောင်မြို့က အဲ့လောက်မဆိုးသေးဘူး...သူ့အောက်မှာ ဒီထက်ဆိုးတဲ့ ရွာတွေ တစ်ဒါဇင်လောက် ရှိနေသေးတယ်... အဲ့ဒီက အခြေအနေတွေဆို အရမ်းဆိုးတယ်... ကျောင်းဆိုတာ တကယ့်ကို ချမ်းသာတဲ့ မိဘတွေရဲ့ သားသမီးမှ နေနိုင်တာမျိုးပေါ့...."

"မပူနဲ့... အဲ့ဒီ ပြဿနာက ကျောင်းဆောက်ပြီးသွားတာနဲ့ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်... "လင်းရီ ပြောလိုက်ပြီး "အချိန်တစ်ချို့လောက်တော့ ကြာမှာပေါ့...."

"အွန်း - အွန်း....."

နှစ်ယောက်သား မြို့ထဲ ၀င်ရောက်လာသောအခါ လူအများအပြား၏ အမြင်အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။

၎င်းတို့အတွက်တော့ မာစီးတီးမောင်းနိုင်ခြင်းမှာ မိသားစု၏ ဂုဏ်ကျက်သရေကို ဆောင်နိုင်သည်နှင့် အတူတူပင်။

လီချူးဟန်၏ လမ်းညွှန်ပေးမှုအောက်တွင် နှစ်‌ယောက်သား မြို့ကို ဖြတ်ကျော်လာပြီး မြို့ပြင်သို့ ရောက်ရှိလာခဲ့၏။ သူတို့၏နောက်တွင်တော့ လှေကားထစ်စိုက်ခင်းများမှာ ဖြတ်သွားဖြတ်လာ ပုံရိပ်သဖွယ် ကျန်ရစ်ခဲ့လေသည်။ စိမ်းစိုနေသည့် လယ်ကွင်းပြင်များကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင်တော့ တောင်ပူစာလေး တစ်လုံးထံသို့ ရောက်ရှိလာခဲ့၏။

ပေချောင်မြို့ခံများကတော့ ယင်းတောင်ကို ရှီးရှန်း(‌အ‌နောက်တောင်)ဟု ခေါ်ဝေါ်ကြပြီး အကယ်၍ တစ်စုံတစ်ဦးမှ အနိစ္စရောက်သွားလျှင် ဤနေရာ၌သာ လာရောက် မြှုပ်နှံလေ့ရှိကြလေသည်။

လီချူးဟန်၏ မိခင်ကိုတော့ ညစ်ပတ်သည့် လမ်းနှင့် ဆယ်ပေအကွာတွင် မြုပ်နှံထားသောကြောင့် လင်းရီတို့ အချိန်အကြာကြီး လမ်းမလျှောက်လိုက်ရပေ။ ထို့နောက် သုံးယောက်သား ၊ ဒရိုင်ဘာ အပါအ၀င် ကားပေါ်မှ ပစ္စည်းများကို အောက်သို့ချကြ၏။ ထိုအချိန်တွင်ပဲ လင်းရီ ပြဿနာ တစ်ခုကို သတိထားမိသွားလေသည်။

ယခု နေရာ၌ လူသေအလောင်းများကို အခေါင်းနှင့်တကွ မြုပ်နှံလေ့ရှိပြီး မီးရှို့သည့် အလေ့အထ မရှိချေ။ အကယ်၍ အုတ်ဂူကို ရွေ့ချင်သည်ဆိုပါက အနည်းငယ် အခက်ကြုံရနိုင်လေသည်။

သို့သော်လည်း ငွေကြေးက အရာအားလုံးကို ဖြေရှင်းပေးနိုင်သည် မဟုတ်ပါလော။

ပစ္စည်းများ အောက်ချပြီးနောက် လင်းရီ လီချူးဟန် ပြောစကားကို နားမထောင်ပဲ ဒရိုင်ဘာကို ယွမ်နှစ်ရာ ပေးလိုက်၏။ ဒရိုင်ဘာလည်း ပျော်ရွှင်စွာဖြင့် ထိုနေရာမှ ထွက်ခွာသွားခဲ့လေသည်။

ထို့နောက် လင်းရီ မီးခြစ်ဖြင့် ငွေစက္ကူများကို အုတ်ဂူပေါ်တွင် မီးတင်ရှို့သည်။ လီချူးဟန်လည်း ဘေးတွင် ရပ်ကြည့်နေ၏။ သူမ၏ သက်တမ်းတွင် သေလူများကို များစွာကြံတွေရခဲ့ခြင်းကြောင့်လားတော့မသိ သာမန်လူတစ်ယောက်ကဲ့သို့ ငိုကြွေးနေခြင်း မရှိတော့ချေ။ ထိုအစား သူမ အရမ်းကို တည်ငြိမ်နေခဲ့၏။

လင်းရီ ၀ယ်လာခဲ့သည့် ပစ္စည်းများမှာ များပြားလွန်း၍ အကုန်လုံးလောင်ကျွမ်းပြီးမြောက်သွားရန် တစ်နာရီခွဲခန့် အချိန်ယူလိုက်ရလေသည်။

"ငါ ဒီမှာ ခဏလောက် နေဦးမယ်...ရမလား...."

"အင်း...ရပါတယ်..."

ညစ်ပတ်နေသည့် မြေပြင်ကို သန့်ရှင်းရေးပြုလုပ်ရန် အာရုံမရှိတော့ပဲ လီချူးဟန် ဆတ်ခနဲ ထိုင်ချလိုက်၏။

"အမေ့ကို အမြဲတမ်း ကျေးဇူးတင်နေခဲ့တာ..."လီချူးဟန်၏ အကြည့်တို့မှာ ညင်သာနေပြီး သူမ လင်းရီကို စကားပြောနေခြင်းလော သို့မဟုတ် မြုပ်နှံခံထားရသည့် သူမအမေကို စကားပြောခြင်းလော သို့မဟုတ် သူမ မျက်နှာကို ထွေးပွေ့သွားသည့် လေညင်းလေးများကို ပြောနေခြင်းလော မသဲကွဲပေ။

"အမေက ပညာမတတ်ဘူး...ဆင်းရဲတဲ့ ကျေးတောသူ အမျိုးသမီးလေး‌... ဒါပေမယ့် ငယ်ငယ်ကတည်းကရင် ပညာတတ်မြောက်ဖို့က အရမ်းအရေးကြီးတယ်ဆိုပြီး ငါ့ကို ကြိုးစားလေ့လာခိုင်းတယ်.... "

"ငါ ငယ်ငယ်တုန်းက ဆင်းရဲတော့ မိသားစုကလည်း ကျောင်းထားဖို့ မတတ်နိုင်ဘူး... ပြီးတော့ မောင်လေးတစ်ယောက်လည်း ရှိနေသေးတယ်ဆိုတော့ ကျောင်းသွားဖို့ အခွင့်အရေး လုံး၀မရှိတာပေါ့... ကံကောင်းချင်တော့ ငါတို့အိမ်နဲ့ ဘေးချင်းကပ်ရပ် အဘွားနဲ့အဘွား စုံတွဲက ကောင်တီမှာ စာသင်ပေးတဲ့ ကျောင်းဆရာတွေလေ... ငါ့ကို သနားတာနဲ့ နေ့တိုင်း ဘယ်လိုရေးရ ဖတ်ရမလဲဆိုတာ သင်ပေးတယ်... မူလတန်းသင်ရိုးကို ပြီးရုံလေးတင်ပေါ့... "

"ဂျူနီယာ အထက်တန်း တက်ရတော့မယ်ဆိုတော့ အဘိုးနဲ့အဘွားက ငါ့ကို ကောင်တီစီ ခေါ်သွားပေးတယ်... သူတို့ စာပြနေတဲ့ ကျောင်းလေးဆီကိုပေါ့... အဘိုးက ငါ့ကောင်းကြောင်းတွေ အများကြီး ပြောပြပေးတော့ အမေက ငါ့တောင် ယွမ် ငါးဆယ် လက်ဆောင်ပေးလိုက်သေးတယ်... ကျောင်းအုပ်ကြီးကလည်း ငါ့ကို ချွင်းချက်အနေနဲ့ စကောလားရှစ်ပေးပြီး ကျောင်းတက်ခွင့် ပေးခဲ့တယ်လေ.... မဟုတ်ရင်တော့ ငါ ခုချိန်လောက်ဆို ဆိုင်တစ်ဆိုင်မှာ စားပွဲထိုး လုပ်နေရလောက်ပြီ...."

"ဒါပေမယ့် ငါ ချမ်းချမ်းသာသာနဲ့ ဘာမှ ပူပန်စရာမလိုပဲ နေရတဲ့ အချိန်ကျတော့ အမေက ငါ့ဘေးနားမှာ မရှိတော့ဘူး..."လီချူးဟန် ညင်သာစွာဖြင့် ရေရွတ်လိုက်သည်။

"အမေ ငယ်ငယ်တုန်းက အလုပ်ကြမ်းလုပ်တာအပြင် ငါ့ကို ဆူတတ်သေးတယ်.. ရိုက်တတ်သေးတယ်.... ဒေါက်တာက ငါ့အမေ အလုပ်အရမ်းလုပ်လို့ ပင်ပန်းလွန်းပြီး သေနိုင်တယ်လို့ တိတ်တိတ်လေး ပြောပြဖူးတယ်.... နောက်ဆုံးကျတော့လည်း အမေ အဆုတ်ကင်တာ ဖြစ်ပြီးတော့မှ သူ့ဘ၀မှာ သောက်ဖူးခဲ့တဲ့ ဈေးအကြီးဆုံးဆေး နှစ်ယွမ်တန် ယူသနေးရှားကို သောက်ပြီးတော့ ဝေဒနာ မခံစားရပဲ ငါ့ကို အပြုံးလေးနဲ့ နှုတ်ဆက်သွားတယ်လေ........ "

"အဲ့ဒီ အချိန်တုန်းက ငါ့ကိုယ်ငါ အရမ်းစွမ်းအားမဲ့တယ်လို့ ခံစားရတယ်... ငါတတ်နိုင်တယ်ဆိုတာ ကလည်း ဘာမှ မရှိဘူး... အရွယ်ရောက်လာလို့ ငါ့အခြေအနေ နည်းနည်းလေး ပိုကောင်းလာပြီဆိုရင်တောင်မှ ခုလည်း စွမ်းအားမဲ့နေတုန်းပဲလေ..."

လင်းရီ တစ်ခွန်းမျှ ၀င်မပြောပဲ လီချူးဟန် ပြောသမျှကို နားထောင်နေလိုက်၏။ သူမလိုအပ်သည်မှာ စိတ်ခွန်အားပေးမှုမဟုတ်ပဲ သူမ ရင်ဖွင့်သမျှကို နားထောင်ပေးမည့် နားတစ်စုံပင်။

လင်းရီ ရုတ်ချည်း ၀မ်းနည်းသလို ခံစားလိုက်ရသည်။ ဤအကြောင်းပြချက်ကြောင့် သူမ အိမ်ထောင်မပြု သားမမွေးချင်ရခြင်း ဖြစ်လောက်၏။

တိတ်ဆိတ်စွာဖြင့် လင်းရီ လမ်းလျှောက်လာပြီး လေကြောင့် ရှုပ်ပွနေသည့် သူမ၏ ဆံနွယ်များကို သပ်ရပ်အောင် ပြုပြင်ပေးရင်း ဖြူ၀င်းသောမျက်နှာပြင်ပေါ်တွင် ဖြည်းညင်းစွာ စီးကျနေသည့် မျက်ရည်တို့အား ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။

"လင်းရီ...."

လီချူးဟန် လင်းရီကို တင်းကြပ်စွာ ဖက်လိုက်ရင်း မျက်ရည်တို့ ထိန်းချုပ်မရနိုင်အောင် စီးဆင်းလာခဲ့တော့၏။သူမရင်ထဲတွင် မျိုသိပ်ထားရသည့် နာကျင်မှုတို့ကို ပုံအပ်ပြီး ငိုကြွေးရန် ရင်ခွင်တစ်စုံကို သူမရှာတွေ့ခဲ့ချေပြီ။

ပြောကြသည်ကတာ့ အခက်အခဲကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ပြီး နာကျင်ခံစားဖူးမှသာလျှင် လူတစ်ယောက်ကို အထက်သို့ တက်လှမ်းနိုင်စေနိုင်မည်။ သို့သော်လည်း သူမတွင် တစ်ပါးသူ၏ အထက်တွင် နေချင်စိတ် ဘယ်သောအခါကမျှ မရှိခဲ့။ထိုသို့ဆိုလျှင်တောင် ကမ္ဘာကြီးက သူမကို ညှာတာထောက်ထားခြင်း လုံး၀ မပြုချေ။

"မငိုနဲ့တော့လေ... အန်တီက နင့်ကို ကောင်းကင်ဘုံကနေ ကြည့်နေလိမ့်မယ်..."

လင်းရီ မျက်ရည်များကို ပြန်ဖယ်ရှားပေးလိုက်၏။ မျက်ရည်များကြောင့် ကြည်လဲ့နေသော မျက်၀န်းတစ်စုံကို ကြည့်ရင်း လင်းရီလည်း ၀မ်းနည်းမှုတို့ ကူးစက်လာလေသည်။

"အင်းပါ..."

နှစ်ယောက်သား အုတ်ဂူရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး လင်းရီ လီချူးဟန်၏ ပခုံးကို ဖက်ကာ "အန်တီ... စိတ်မပူပါနဲ့... ကျွန်တော် ချူးဟန်ကို သေချာလေး စောင့်ရှောက်ပေးမှာပါ... သူ့ကို ဘယ်သူကမှ အနိုင်မကျင့်စေရဘူး... "

မျက်ရည်တို့ဝဲနေရင်း လီချူးဟန်၏ အကြည့်တို့မှာ ညင်သာနေခဲ့၏။

"သွားစို့... ပြီးပြီမလား..."လင်းရီ လီချူးဟန်ကို ကြည့်၍ ပြောလိုက်ပြီး "အန်တီ့ကို ကျိုးဟိုင်ခေါ်သွားပြီးရင် ငါတို့ သွားလည်ချင်တဲ့အချိန် သွားလည်လို့ရပြီလေ..."

"အွန်း..."

မျက်လုံးထောင်စွန်းရှိ မျက်ရည်စများကို လက်နှစ်ဖက်ဖြင့် ဖယ်ရှားရင်း လီချူးဟန် စိတ်တည်ငြိမ်အောင် ပြုလုပ်ကာ လင်းရီနှင့်အတူ လှည့်ထွက်လာခဲ့လိုက်လေသည်။

"အစ်မ... "

လင်းရီ နောက်သို့ နောက်သို့ လှည့်ခါရှိသေး ဆိုင်ကယ်တစ်စီးဖြင့် လူငယ်တစ်ယောက် အဝေးမှ ရောက်ချလာသည်ကို မြင်တွေ့လိုက်ရ၏။

"အဲ့ကောင်က မင်းမောင်လေးလား..."လင်းရီ မေးလိုက်ပြီး "သူလည်း အန်တီ့ရဲ့ အုတ်ဂူကို လာကြည့်တာလား...."

"အင်း....သူက ငါ့ရဲ့ မောင်လေး လျိုခိုင်... သူလာလည်တာ ဟုတ်လား မဟုတ်လားတော့ ငါလည်း မပြောတတ်ဘူး..."

လီချူးဟန်၏ အဖြေက လင်းရီကို ရှုပ်ထွေးသွားစေခဲ့၏။

သူက အုတ်ဂူကို လာမကြည့်ဘူးဆိုရင် ဒီဘာလာလုပ်မှာလဲ...

"ဒါနဲ့ မင်းတို့နှစ်ယောက်က မျိုးရိုးနာမည်လည်း မတူကြဘူးနော်...."

လီချူးဟန် ခေါင်းညိမ့်လိုက်သည်။ "ငါ တက္ကသိုလ်တက်တုန်းက နာမည်ပြောင်းပြီးတော့ အမေ့ရဲ့ မျိုးရိုးနာမည်ကို ယူလိုက်တာလေ...."

"သဘောပေါက်ပြီ...."

လမ်းဘေးတွင် ဆိုင်ကယ်ထိုးရပ်ပြီးနောက် လျိုခိုင် လီချူးဟန်ဆီသို့ အပြေး ရောက်ချလာလေသည်။

"အစ်မ... နင် ဒီအချိန်လာမယ်ဆိုတာ ငါ သိသားပဲ..."

သူတို့နှစ်ယောက်ရှေ့သို့ ရောက်သောအခါ လျိုခိုင် ရည်ရွယ်ချက်ရှိရှိ အရှိန်ကို လျော့ချလိုက်ပြီး လင်းရီကို သတိထားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"နင်ဘာလို့ ဘာမှ ယူမလာခဲ့တာ..."လီချူးဟန် မေးမြန်းလိုက်၏။

"ကျွန်တော်က အစ်မကို လာရှာတာလေ... "လျိူခိုင်ပြောလိုက်ပြီး "ကျွန်တော့်ကို ပိုက်ဆံ နည်းနည်းလောက် ပေးစမ်းပါ... ခု အိမ်မှာ မြေဩဇာ၀ယ်ဖို့ ပိုက်ဆံ မလောက်တော့ဘူး....”

All Chapters