← Chapters

လင်းရီ၏ ဖုံးကွယ်ထားသော အတွေးများ

Vol. 35 Ch. 513

လင်းရီ၏ ဖုံးကွယ်ထားသော အတွေးများ

Vol. 35 Ch. 513

"ငိုးပဲ... ငါ လခွမ်းမို့လို့ အဲ့လိုလာပြောနေတာလားကွ.... "လူကြီးတစ်ယောက်မှ မတ်တပ်ရပ်ပြီး လင်းရီကို လက်ညိုးထိုးကာ "မင်းက ငါတို့ရဲ့ ငါးတွေကို ကားနဲ့ တက်ကြိတ်သွားတယ်... ပြီးတော့ ငါ့အဖေကိုလည်း နှလုံးဖောက်အောင် လုပ်လိုက်တယ်... မြန်မြန်လျော်ကြေးပေးစမ်း...."

"မဖြစ် မဖြစ်ဘူး.. အမယ်လေး ငါ့နှလုံးတွေ.... ငါ့နှလုံးတွေ နေလို့ မကောင်းတော့ဘူး....."

ထိုလူကြီးတစ်ယောက် ပြောပြောပြီးချင်းတွင် ဘေးရှိ အဘိုးကြီးမှာ ရင်ဘက်ကို ဖိ၍ မြေပြင်ပေါ်တွင် လဲလျောင်းပြီး "အိုက်ယိုးဝေး.... ငါ့နှလုံးတွေ နေလို့ မကောင်းလှချည်ရဲ့... ဒီဝေဒနာကို ခံစားနေမယ့်အစား ငါ့ကိုသာ သတ်လိုက်ပါတော့လားကွာ..."

အဘိုးကြီး မြေပြင်ပေါ်တွင် ထိုသို့ပြောရင်း လဲလျောင်းနေသည်ကို မြင်တော့ ကျန်သည့် သူ့အပေါင်းအပါများလည်း ထိုသို့ လိုက်လုပ်လိုက်ကြလေသည်။

"လျော်ကြေးပေးစမ်း.."

လူ အယောက် နှစ်ဆယ်ထက်မနည်း လင်းရီနှင့် လီချူးဟန်တို့ကို ဝိုင်းရံထားကြပြီး "ငါပြောလိုက်မယ်... မင်းတို့နှစ်ယောက် လျော်ကြေးမပေးလို့ကတော့ ဒီကနေ ထွက်သွားဖို့ စိတ်တောင်မကူးနဲ့..."

"ငါ ဒီကောင့်ကို သိတယ်... သူက ချူးဟန်ရဲ့ လက်အောက်ငယ်သားပဲ... ငါတို့ ဆေးရုံမှာ ဆရာ၀န်သွားပြတော ငါ့သားကို ရဲဖမ်းခိုင်းပြီးတော့ ယွမ်တစ်သိန်းတောင် ညစ်လိုက်သေးတယ်...ဒီနေ့တော့ သူ့အလှည့် ကိုယ့်အလှည့် တွေ့ကြပြီပေါ့ကွာ..."ဝေအာကျူးမှ ပြောလိုက်သည်။

"လင်းရီ..."

လီချူးဟန် လင်းရီကို ကြည့်လိုက်ပြီး "ငါတို့ခု ဘယ်လိုလုပ်ကြမလဲ..."

"မင်း ကြောက်နေပြီလား...."

"နင်သာ ဘေးမှာ ရှိနေရင် ငါ ဘာကိုမှ မကြောက်တော့ဘူး..."

လီချူးဟန် လင်းရီ၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး ထိုအခိုက်အတန့်တွင် သူမတို့နှစ်ဦး တွဲလက်မဖြုတ်တော့ပဲ လူအုပ်ကြီးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တော့မည်။

"အားလုံး ဘေးဖယ်ကြစမ်း ......"

လေထုသိပ်သည်းနေစဉ်တွင် လူအုပ်ကြီး၏ နောက်မှ အသံဗလံများကို ကြားလိုက်ရ၏။

လင်းရီ လှမ်းကြည့်လိုက်သောအခါ လူငယ်သုံးယောက် ရောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

"အစ်ကိုစွန်းလည်း ရောက်လာတာလား..."

ထိုသူ ရောက်လာသည်ကိုမြင်တော့ လျိုခိုင် အပြေးအလွှား သွားနှုတ်ဆက်လိုက်၏။

လျိူခိုင်ပြောသည့် အစ်ကိုစွန်းဆိုသူမှာ စွန်းမောက်ချွင်း၏ သား စွန်းတိလျန်ပင်။

"လျိုခိုင်.... မင်းအစ်မ ပြန်လာပြီလို့ ပြောသံကြားလို့ ... အဲ့ကောင်မလား..."

"လှရက်လိုက်တာကွာ... မင်းတို့ လျိုမိသားစုကလို့တောင် မထင်ရဘူး..."

"သူမက အမေနဲ့ တူတာလေ... "

"ကောင်းပြီ... ခု မင်းဘေးမှာ သွားရပ်နေလိုက်တော့.... မင်းနဲ့ မဆိုင်တော့ဘူး....."

စွန်းတိလျန် ရှေ့သို့ လှမ်းအနည်းငယ် လျှောက်လိုက်ပြီး "ဘာလို့ ဒီမှာ ဆူညံဆူညံ လာလုပ်နေကြတာ...."

"တိလျန်... ဒီနှစ်ယောက်က ငါ့အဖေရဲ့ ဈေးဆိုင်ကို ဖျက်ဆီးပြီးတော့ နှလုံးဖောက်အောင်လည်း လုပ်လိုက်သေးတယ်... ဒါကြောင့်မို့ သူနဲ့ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးကြမလို့...."

"ငါနေတဲ့ နေရာမှာ အဲ့လို ကိစ္စမျိုး ဖြစ်ပျက်သွားတယ်ပေါ့....."

စွန်းတိလျန် မြေပြင်ပေါ် လဲနေကြသည့် လူများကို တစ်ချက် ကြည့်ပြီးနောက် လင်းရီနှင့် လီချူးဟန်တို့ဘက် လှည့်ကာ "မင်းကဘာကောင်လဲ... ပေချောင်မြို့ကို လာပြီးတော့ ထင်ရာစိုင်း၀ံ့နေတယ်ပေါ့လေ... အဲ့ငါးတွေထဲမှာ ငါ့ရှယ်ယာဝေစုလည်း ရှိတယ်ဆိုတာကို မင်းက နားမလည်တာလား.... ဒါမှမဟုတ် မင်း ဒီလိုလုပ်ပြီး ငါ့ကို စီးပွားပျက်အောင် လုပ်နေတာလားကွ...."

"လမ်းပိတ်ပြီး ပိုက်ဆံတောင်းတဲ့ စီးပွားရေးလား...မင်းတို့ကောင်တွေက လူမှုရေး နားမလည်တဲ့ တောသားတွေလားပဲ..."

"တောသားဆိုတော့ကော ဘာဖြစ်လဲ... မင်းက မာစီးတီးကြီး မောင်းနေတယ်ဆိုတော့ ငါတို့လို တောသားတွေကို အထင်လာသေး‌ နေတာလား...."စွန်းတိလျန်ပြောလိုက်ပြီး "မင်း ဒီက ထွက်သွားချင်သေးလား...."

"ဆိုတော့...."

"အဲ့တာဆို လွယ်လွယ်လေးပါ .. ရွာသားတွေက မင်းကြောင့် ကြောက်လန့်ကုန်ပြီး နှလုံးဖောက်သွားတယ်ဆိုတော့ မင်းကို ခက်ခဲအောင်လည်း မလုပ်ချင်ဘူး... ယွမ် နှစ်သိန်းပေးပြီးတော့ အဲ့စော်လေးကို ငါနဲ့ အဖော်ပြုပြီး အရက်သောက်ခိုင်းလိုက်ရင် ကြေပြီ...."

ဖြောင်း...

လင်းရီ တစ်ခွန်းမျှ မဆိုပဲ လက်သံပြောင်ပြောင်ဖြင့် စွန်းတိလျန်၏ ပါးကို အရာထင်အောင် ဖြတ်ရိုက်လိုက်သည်။

"ဟေ့ကောင် နိုးထတော့... နေ့ခင်းကြောင်တောင်ကြီး ဘာအိပ်မက်တွေလာမက်နေတာ..."

လင်းရီ စွန်းတိလျန်ကို ပါးရိုက်လိုက်သည်ကို မြင်တော့ လူတိုင်း ကြက်သေသေသွားကြ၏။

ဒီလူ ရူးသွားပြီလားဟ... သူ စွန်းတိလျန်ကို ပါးရိုက်လိုက်တယ်...

ပေချောင်မြို့ကနေ မထွက်သွားချင်တော့လို့များလား...

လီချူးဟန် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး လင်းရီ နားအနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ငါ သေချာတော့ မမှတ်မိပေမယ့် သူက မြို့တော်၀န်လျန်ရဲ့ သားထင်တာပဲ..."

လင်းရီ ခေါင်းတဆတ်ဆတ် ညိမ့်လိုက်ပြီး " ဆိုတော့ ဒီကောင် ဒီလောက် အောက်ခြေလွတ်နေတာ မဆန်းတော့ပါဘူး..."

စက္ကန့်အနည်းငယ် ကြာပြီးနောက် စွန်းတိလျန် ကြောင်အနေရာမှ အသိပြန်၀င်လာလေသည်။

"မင်း ငါ့ကို ရိုက်ဝံ့တယ်ပေါ့လေ... "

" အေး ... မင်း လမ်းမဖယ်ပေးဘူးဆိုရင် ပါးရိုက်တာလောက်နဲ့ ပြီးသွားမယ့် ကိစ္စ မဟုတ်ဘူး..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ မင်းအဖေက စွန်းမောက်ချွင်းမလား... မင်းအဖေကိုယ်တိုင် ဒီရောက်နေရင်တောင်မှ ငါ့ကားကို မတားဝံ့ဘူးကွ... မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...."

"မင်း... မင်းက ငါ့အဖေကို သိနေတယ်..."စွန်းတိလျန် ရုတ်ချည်း ကြောက်ရွံ့သွားခဲ့၏။ သူ့အဖေကို သိရုံတင်မက ထိုသို့လည်း ပြောဝံ့နေပုံကို ထောက်ပါက သူ အပြစ်ပြု၍ မရသူများဆိုတာ သိသာထင်ရှားနေလေသည်။

"မင်းအဖေကို မေးကြည့်လိုက်... သူ ငါ့ကို သိလားလို့..."

ထိုအချိန်တွင် အနီရောင် ရှာရီ တစ်စီး ရောက်ချလာသည်။ မောင်းလာသူကို မြင်တော့ လူတိုင်း အလိုလို လမ်းဖယ်ပေးလိုက်ကြ၏။

ရွာထဲတွင် ကားစီးနိုင်သူမှာလည်း စွန်းမောက်ချွင်း တစ်ဦးတည်းသာ ရှိလေသည်။

"အိုက်ယိုး... မစ္စတာလင်း... နောက်ဆုံးတော့ ကျုပ် ခင်များကို ရှာတွေ့သွားပြီ..."

စွန်းမောက်ချွင်း အချိန်အတန်ကြာ ပျောက်ဆုံးနေသော သူ့အဘိုးကို မြင်လိုက်ရသည့် အတိုင်း စိတ်လှုပ်ရှားစွာဖြင့် ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်သည်။

"ကျုပ်ကို ရှာနေတာလား...."

"အမှန်ပဲ... ကျုပ် အတွင်းရေးမှူးဝူဆီက ကြားတာတော့ မစ္စတာလင်းက မာစီးတီး အနီရောင် ၀ယ်ပြီးတော့ ဒီနေ့ မြို့ကို လာမယ်လို့ ကြားထားတယ်... မနက်တုန်းက မစ္စတာလင်းရဲ့ ကားကို မြင်လိုက်တဲ့သူတွေ ရှိသံကြားတော့ ကျုပ် မြို့ထဲ လိုက်ရှာတာ ရှာမတွေ့ဘူး....ဖုန်းဆက်ပြန်တော့လည်း မကိုင်တာနဲ့ မြို့ပြင်နားထိ ရောက်လာခဲ့တာလေ... နောက်ဆုံး ဒီနား လူတွေ အုံနေလို့ ဘာဖြစ်နေလဲ စပ်စုကြည့်တော့မှ မစ္စတာလင်းကို ရှာတွေ့တော့တယ်...... "

"ကျုပ်ကတော့ ခင်များတို့ ပေချောင်မြို့ကို နောက်တစ်ကြိမ် လာရမှာတောင် အတော်လေး လန့်သွားပြီ... မြို့အ၀င်တုန်းကလည်း တံတားအလယ်‌ခေါင်မှာ လမ်းပိတ်ပြီးတော့မှ ငါးတွေအတင်းရောင်းတယ်... ခင်များသားကလည်း အဲ့ငါးတွေထဲမှာ သူ့ရှယ်ယာတွေ ပါတယ်ဆိုပြီး မ၀ယ်လို့ ခြိမ်းခြောက်နေပြန်ရော... ခု သူ့လူတွေနဲ့ မြေပြင်ပေါ်မှာ လဲတဲ့သူက လဲနဲ့ ကျုပ်လုပ်လို့ နှလုံးဖောက်နေတယ်ဆိုပြီး လျော်ကြေးတောင်းနေပြန်ပြီ....ပေချောင်မြို့က တော်တော်လေးကို ကြောက်ဖို့ ကောင်းနေတာပဲ.... "

မြေပြင်ပေါ်ရှိ လဲနေသူများကိုကြည့်ပြီးနောကိ စွန်းမောက်ချွင်း၏ ခန္ဓာကိုယ်မှာ ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်ယင်လာလေသည်။

ထို့နောက် မွေးရကျိုးမနပ်သည့် သူ့သားဘက်သို့ လှည့်ကာ ပါးတစ်ချက် ခပ်ပြင်းပြင်း ရိုက်ချလိုက်၏။

ဖြောင်း...

ကျယ်လောင်သော မြည်သံနှင့်အတူ စွန်းတိလျန် တစ်ပတ်လည်သွားပြီး လဲကျလု မတတ် ဖြစ်သွားခဲ့သည်။

ထို့နောက် လူတိုင်းကို ကြည့်ကာ

"မင်းတို့ကောင်တွေ သောက်ရှက်မရှိကြဘူးလားကွ... မစ္စတာလင်းက ဒီကိုလာပြီး လမ်းတွေ ကျောင်းတွေ ဆောက်ပေးဖို့ လုပ်နေတာ... ဒါပေမယ့် မင်းတို့ကောင်တွေက ဧည့်သည်ကို ဒီလိုမျိုး ဆက်ဆံနေကြတယ်ပေါ့လေ... ပေချောင်မြို့ကို အိုးမဲသုတ်နေကြတာလား...."

"ကျောင်းတွေ လမ်းတွေ ဆောက်မယ်...."စွန်းတိလျန် သူ့ပါးစပ်ကို ကြောင်အစွာ ပွတ်သပ်ရင်း "ပရဟိတ လုပ်ဖို့ လာခဲ့တာ သူလား...."

"မဟုတ်ရင် မစ္စတာလင်းလို ပုဂ္ဂိုလ်မျိုးက ငါတို့ရဲ့ စုတ်ပြတ်သပ်နေတဲ့မြို့ကို ဘာဘာလာလုပ်မယ်လို့ထင်လဲ..."

လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြ၏။ မြေပြင်ပေါ်၌ လဲလျောင်းနေသူများလည်း ကမန်းကတမ်း ကုန်းရုန်းထကြကာ သူတို့၏ မျက်နှာထက်တွင်တော့ အရှက်ရနေသည့် အမူအရာတို့က ကြီးစိုးထားလေသည်။

လျိုတကျွင်းနှင့် လျိုခိုင်တို့လည်း မြေပြင်ပေါ်တွင် သံမှိုရိုက်ထားသကဲ့သို့ တောင့်တောင့်ကြီး ရပ်နေမိကြ၏။ လီချူးဟန် ထိုမျှ ချမ်းသာကြွယ်၀သည့် အမျိုးသားတစ်ယောက်ကို ရှာတွေ့သွားလိမ့်မည်လို့ ထင်မထားခဲ့ချေ။

"မစ္စတာလင်း.. ကျုပ် တကယ်ကို တောင်းပန်ပါတယ်ဗျာ.... ဒီလိုမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ကျုပ် ထင်မထားမိဘူး... ကျုပ်ကိုယ်ကျုပ် အရှက်ရစေမိပြီ..."

"ခင်များ ဒီလူတွေကို သေချာလေး ဂရုစိုက်လိမ့်မယ်လို့တော့ မျှော်လင့်တယ်.. မဟုတ်ရင် ခင်များရဲ့ ပေချောင်မြို့ကို ဘယ်သူမှ လာရဲကြတော့မှာ မဟုတ်ဘူး... အဲ့လိုဆို ဒီမြို့လည်း ဒုံရင်းက ဒုံရင်း ဖြစ်နေမှာပဲ...တိုးတက်ဖို့ အိပ်မက်မက်နေလိုက်တော့...."

"ဟုတ်ဟုတ် မစ္စတာလင်းပြောတာ မှန်ပါတယ်.. ကျုပ် ပြန်ရောက်ရင် ဒီသဘောက်မသားတွေကို သေချာလေး သွန်သင်လိုက်ပါ့မယ်... ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး..."

"အဲ့တာဆို အလုပ်ကိစ္စ စကားပြောကြရအောင်... "

"ဟုတ် ဟုတ်... မစ္စတာလင်း.. ကားထဲ၀င်လိုက်ပါ.. ကျုပ်တို့ ဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့..."

"အင်း... "

ထို့နောက် စွန်းမောက်ချွင်း မြို့ထဲမှ အတန်ငယ် လက်ရာကောင်းသည့် စားဖိုမှူးကို ခေါ်ယူ၍ လင်းရီနှင့် လီချူးဟန်ဆို့အတွက် အရသာရှိသည့် ဟင်းလျာများကို စားပွဲအပြည့် ချက်ပြုတ်ခိုင်းလိုက်လေသည်။

ထိုနေ့လည်ခင်းတွင်ပဲ စွန်းမောက်ချွင်း လင်းရီကို ခေါ်ဆောင်လာခဲ့ပြီး ပေချောင်မြို့၏ အခြေအနေအကြောင်း စားရင်းသောက်ရင်း ဆွေးနွေးပြောဆိုကြ၏။

ယင်းကလည်း ပေချောင်မြို့အောက်တွင် ရွာဆယ်ရွာ ရှိနေပြီး သူတို့၏ တည်နေရာက အနီးအနားရှိ ဧရိယာများကို ကူညီပေးရန်နှင့် ယခု ပရဟိတကို ဖြန့်ဝေပေးရန် အချက်အချာ နေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။

နှစ်ရက်တာ လိုက်လံကြည့်ရှု သုံးသပ်ပြီးနောက် လင်းရီနှင့် လီချူးဟန်တို့ အသင့်လျော်ဆုံး နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ ကျန်ရှိနေသည်ကတော့ အရေးအကြီးဆုံး အပိုင်းဖြစ်သည့် စာချုပ်လက်မှတ်ထိုးရန်ပင်။

"မစ္စတာလင်း.. ကျုပ်တို့ မနက်ဖြန်ကျမှ လက်မှတ်ထိုးကြရင်ကော... ကျုပ်သတင်းထောက်တွေကော ခေါ်ထားလိုက်မယ်... ဒီလိုကိစ္စကြီးက အများပြည်သူဆီ မချပြလို့ ဘယ်ဖြစ်မှာ...."

"မလိုဘူး.. ဒီနေ့ပဲ လက်မှတ်ထိုးကြမယ်... "လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ကျုပ်ဘက်က တစ်ခုတောင်းဆိုစရာ ရှိတယ်.. ခင်များ ကျုပ်ပြောတဲ့ အတိုင်းသာ လုပ်ပေး..."

"ပြောစရာရှိရင် လွတ်လွတ်လပ်လပ်သာ ပြောပါ မစ္စတာလင်း... ကျုပ်ဘက်က အစွမ်းကုန် ကူညီပေးမှာပါ...."

"ကျုပ်တို့ လက်မှတ်ထိုးပြီးလို့ ခင်များ လူထုဆီ ချပြတော့မယ်ဆိုရင် လင်းယွမ်အုပ်စုက ဒီငွေတွေကို ထောက်ပံ့ပေးတယ်လို့ မပြောပဲ CITIC အုပ်စုက စပွန်ဆာပေးတယ်လို့ပဲ ကြေညာလိုက်.. ကျုပ်တို့ နာမည်ကို တစ်ခွန်းမှ မဟနဲ့.... “

All Chapters