← Chapters

ငါ နင့်အတွက် ကလေးမွေးပေးဖို့ ဆန္ဒရှိပါတယ်...

Vol. 35 Ch. 514

ငါ နင့်အတွက် ကလေးမွေးပေးဖို့ ဆန္ဒရှိပါတယ်...

Vol. 35 Ch. 514

လင်းရီ၏ တောင်းဆိုမှုက စွန်းမောက်ချွင်းကို ပဟေဠိ ဖြစ်သွားစေသည်။

"CITIC အုပ်စုက မစ္စတာလင်းရဲ့ ကုမ္ပဏီ မဟုတ်ဘူးမလား... အဲ့လိုဆိုရင် မစ္စတာလင်းအတွက် ဘယ်အကျိုး ရှိတော့မှာ..."

"ကျုပ်ပြောတဲ့ အတိုင်းသာ လုပ်စမ်းပါ..."လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး "ဒီပိုက်ဆံတွေကို လင်းယွမ်အုပ်စုက ထောက်ပံ့ပေးထားတယ်ဆိုရင်တောင် ကျုပ်တို့နဲ့ မသက်ဆိုင်ဘူး..."

လင်းရီ မူလက ယခု အစီအစဉ်ကို ၀န်ရှူးအား လုပ်ခိုင်းရန် စီစဉ်ထားခဲ့၏။ သို့သော်လည်း အဆုံးတွင်တော့ သူမမှ သူ့ကို စကားပြောရန်ပင် အခွင့်အရေး မပေးခဲ့သောကြောင့် စွန်းမောက်ချွင်းကိုသာ စေခိုင်းလိုက်တော့သည်။

"ကောင်းပြီလေ.. မစ္စတာလင်း သဘောပါ... CiTic အုပ်စုက ပံ့ပိုးပေးတယ်လို့ပဲ ကြေညာလိုက်ပါ့မယ်..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ကတော့ ကျုပ် ဒီကိုတစ်ယောက်သပ်သပ် စေလွှတ်လိုက်မယ်... ခင်များက သူတို့နဲ့ ပူးပေါင်းပေးပါဦး... "

"အဲ့အပိုင်းတော့ စိတ်ချပါ မစ္စတာလင်း.. ကျုပ် လိုလေသေးမရှိအောင် ဆောင်ရွက်ပေးသွားမှာပါ..."

အဆိုပါကိစ္စကိုဆွေးနွေးပြီးနောက် လင်းရီနှင့် လီချူးဟန်တို့ ချက်ချင်း မပြန်ကြသေးချေ။ နောက်တစ်နေ့တွင် လီချူးဟန်အမေ၏ အုတ်ဂူကို ရွေ့ရဦးပေမည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍လည်း သူထျန်းရန်ကို အကြောင်းကြားထားပြီး အုတ်ဂူရွေ့ပြောင်းသည့် ကိစ္စအား ပြုလုပ်ပေးရန် တစ်စုံတစ်ယောက်ကို ပေချောင်မြို့သို့ စေလွှတ်ခိုင်းထား၏။ သက်ဆိုင်သည့် ရိုးရာအခမ်းအနားများကို ပြုလုပ်ရန်အတွက် နောက်တစ်နေ့ ဆက်နေရဦးပေမည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်ကပင် စွန်းမောက်ချွင်းမှ လင်းရီတို့ နေထိုင်နိုင်စေရန် ပေချောင်မြို့မှ ကောင်းပေ့ဟူသည့် တစ်ရာ စတုရန်းမီတာ ကျယ်၀န်းသော အုတ်ဖြင့်ဆောက်ထားသည့် အိမ်ကို စီမံပေးထားလေသည်။

ပုံမှန်အားဖြင့် အရေးကြီး ဧည့်သည်တော်များသာ ထိုနေရာ၌ နေခွင့်ရှိသညိ။

"နင့်အတွင်းခံကော..."အိပ်ရာ မ၀င်ခင် လီချူးဟန်မှ မေးမြန်းလိုက်၏။

"ဟမ်... အတွင်းခံ..."

"အွန်း.. ငါ လျော်ပေးမလို့လေ...."

"မလိုအပ်ဘူး ထင်တာပဲ... မနက်ဖြန်ရောက်တဲ့ အထိကို ခြောက်လောက်သေးဦးမှာ မဟုတ်ဘူး...."

"ဒရိုင်ရာ ရှိတယ်လေ..ငါအဲ့တာနဲ့ ခြောက်အောင် လုပ်ပေးမယ်....." လီချူးဟန် ပြောလိုက်ပြီး "ဒီညတော့ ကိုယ်လုံးတီးနဲ့ အိပ်လိုက်တော့... အဲ့တာက ကြွက်သားဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူဖြစ်စေတယ်လေ... ခြောက်ပြီးသွားတော့မှပဲ နင့်ကို ပြန်ပေးလိုက်မယ်..."

"အာ.... မင်းကျတော့ကော...."

"ငါလည်း တူတူပဲလေ...."

"အဲ့တာဆို ကောင်းပြီ...."

လင်းရီ သက်တောင့်သက်သာ ရှိစွာဖြင့် လဲလျောင်းလိုက်ပြီး လီချူးဟန်ကတော့ သူ၏ ပစ္စည်းများကို ယူဆောင်ကာ ခြံ၀န်းထဲသို့ ဆင်းသွားခဲ့သည်။

သူ တစ်ချက် ခိုးကြည့်လိုက်၏။ လီချူးဟန်၏ ပုံရိပ်မှာ မှိန်ဖျော့ဖျော့ မီးအလင်းရောင်၏အောက်တွင် စိတ်ကူးယဉ်ဆန်လှပြီး နှလုံးသား အနက်ရှိုင်းဆုံး တစ်နေရာမှာ ညင်သာသည့် အရှိန်အဝါများလည်း ရေးတေးတေး ထွက်ပေါ်နေလေသည်။

ညင်သာပြီး သိတတ်တဲ့ ယောက်ျားတိုင်းရဲ့ အိပ်မက် အမျိုးသမီးဆိုတာ ဒါကိုခေါ်တာလား...

နောက်တစ်နေ့ နံနက်တွင်တော့ ထျန်းရန် စေလွှတ်လိုက်သည့် လူမှာ ပေချောင်မြို့သို့ အစောကြီး ရောက်ရှိနေသည်။

ရိုးရာ အခမ်းအနား ကျင်းပခြင်း၊ ၀မ်းနည်းကြောင်း ပြသခြင်း ၊ မီးသဂြိုဟ်ပေးခြင်း ....အစရှိသဖြင့် ပြုလုပ်ရန် လိုအပ်သည်များကို အဆင့်ဆင့် ပြုလုပ်သွား၏။ လျိုခိုင်နှင့် လျိုတကျွင်းတို့ကတော့ ဘေးတွင် ရပ်ကြည့်နေကြသည်။သူတို့၏ ခံစားချက်များ ရှုပ်ထွေးနေသော်လည်း တစ်ခွန်းမျှ ၀င်မပြောဝံ့ကြချေ။

ကြီးမားသည့် ကိစ္စမဟုတ်သော်လည်း အဆိုပါကိစ္စများ ပြီးစီးရန် နေ့တစ်၀က်ခန့် အချိန်ယူလိုက်ရလေသည်။ ထို့နောက် သူမ အမေ၏ အရိုးပြာအိုးကို ရင်၀ယ်ပိုက်လျက် လင်းရီကားထဲသို့ ၀င်ကာ ပေချောင်မြို့ထဲမှ ထွက်လာခဲ့လိုက်၏။ ကား၏ နောက်ကြည့်မှန်မှတစ်ဆင့် ပေချောင်မြို့၏ ပုံရိပ်မှာ ဝေးတထက် ဝေးကွာလာလေသည်။

'ပေချောင်'ဟု နာမည်နှစ်လုံးတည်းသာ ရှိသော်လည်း လီချူးဟန်အတွက်ကတော့ အဓိပ္ပာယ်များ၊ အမှတ်တရများစွာ ရှိခဲ့လေသည်။

"ကြည့်မနေနဲ့တော့... ခု အဲ့တာက အတိတ်ဖြစ်သွားပြီ..."လင်းရီ မောင်းနေရင်း ပြောလိုက်၏။

"အွန်း....ငါ ဘယ်တော့မှ ပြန်မလာတော့ဘူး..."

"တန်ဖိုးအရှိဆုံး အရာကလည်း မင်းလက်ထဲ ရောက်နေပြီလေ... ဘာမှ လွမ်းဆွေးနေစရာ အကြောင်းမရှိတော့ဘူး..."

လင်းရီ မျက်လုံးထဲတွင်တော့ လီချူးဟန်မှာ အထီးကျန်ဆန်သည့် သင်္ချိုင်း စောင့်ရှောက်သူ မိန်းကလေးဖြစ်၏။ ပေချောင်မြို့မှာ သူမ နှလုံးသား အနက်ရှိုင်းဆုံးတစ်နေရာတွင် မြုပ်နှံထားသည့် သင်္ချိုင်းကြီးပင်။

သူမ နှလုံးသားထဲရှိ အတိတ်၏ နာကျည်းဖွယ်ပုံရိပ်များလည်း လွင့်စင်သွားပြီး ရောင်နီဖြာသည့် နေ့သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ရာ သူတိတ်တခိုးလေး မျှော်လင့်နေမိသည်။

.........

နှစ်ယောက်သား ကျိုးဟိုင်သို့ ပြန်ရောက်လာသည့် အချိန်တွင်တော့ လေးနာရီကျော်နေပြီးဖြစ်၏။

ဖုန်းရွှေအရ လူကို နံနက်ခင်းအချိန်တွင် မြုပ်နှံသည်က အကောင်းဆုံးဖြစ်သောကြောင့် အရိုးပြာများကို ပြန်သယ်ဆောင်သွားပြီး နံနက်ခင်းရောက်မှ မြုပ်နှံရန် စီစဉ်လိုက်၏။

"နင် ဒီည အားလား...."လီချူးဟန် လင်းရီကို ရွှန်းလဲ့နေသည့် မျက်၀န်းတို့ဖြင့် မေးမြန်းလိုက်သည်။

" ကုမ္ပဏီမှာ ငါ့လုပ်စရာတွေ အများကြီးပဲ.....မင်းနဲ့အတူ ညစာစားပေးဖို့တော့ မဖြစ်နိုင်လောက်တော့ဘူး ထင်တယ်......"

"အင်းပါ.. ကိုယ့်ကိုယ်ကိုလည်း အရမ်းကြီး အပင်ပန်းမခံနဲ့ဦးနော်... အနားယူဖို့လည်း သတိရဦး..."

"အင်း...."လင်းရီ ခေါင်းညိမ့်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း လင်းရီ နောက်သို့ လှည့်ခါရှိသေး လီချူးဟန်၏ အသံကို နောက်မှ ကြားလိုက်ရ၏။

"လင်းရီ...."

"ဘာကျန်သေးလို့လဲ... "

လီချူးဟန်၏ အမူအရာမှာ အနည်းငယ် ခက်ခဲနေပြီး လိမ္မော်ရောင် နေအလင်းရောင်အောက်တွင် သူမ၏ ရှက်သွေးဖြန်းနေသည့် မျက်နှာကို လင်းရီ အထင်းသား မြင်တွေ့နေရသည်။

"နင် ကလေးတွေကို ချစ်တယ်လို့ ပြောဖူးတယ်မလား...."

"အင်းလေ... ဘာလဲဖြစ်လို့...."လင်းရီ အတော်လေးရှုပ်ထွေးနေခဲ့၏။

"ငါက လက်ထပ်ဖို့ စိတ်ကူးမရှိဘူးဆိုပေမယ့် နင့်ရဲ့ ရင်သွေးလေးကိုတော့ လွယ်ပေးနိုင်ပါတယ်...."

"ရင် ရင်သွေးလေး...."

"နင် စိတ်မခြောက်ခြားနဲ့နော်... ငါ နင့်ကို ဒုက္ခမပေးပါဘူး...နင်လိုချင်ရင် ငါနင့်အတွက် လွယ်ပေးဖို့ ဆန္ဒရှိပါတယ်...."

'အာ.....'

အမျိုးသမီး ဒေါက်တာတွေ အားလုံးက ဖွင့်ပြောရင် သူများနဲ့ မတူကြဘူးလား...

"ခု ကြိုးစားကြရင်ကော... မြန်မြန်လုပ်ရင် အချိန်မှီလောက်မှာပါ.. အိမ်ကလည်း အသံလုံတယ်မလား...."

လီချူးဟန်၏ မျက်နှာမှာ ပန်းသီးလေးတစ်လုံးကဲ့သို့ နီရဲသွားခဲ့၏။

"ငါ......"

လီချူးဟန်၏ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည့် အသက်ရှူသံတို့ကို ကြားတော့ လင်းရီကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ငါ ဒါကိုမှတ်ထားမယ်... လန့်မနေပါနဲ့... အနည်းဆုံးတော့ ခုလောလောဆယ် ကလေးယူဖို့ အစီအစဉ်မရှိသေးဘူး... ငါ့ကို နောက် လေးငါးနှစ်လောက် ပေးပျော်စမ်းပါဦး..."

"အွန်း... အဲ့တာဆိုလည်း ငါစောင့်နေမယ်နော်... နင့်အတွက် ငါ ဘာမဆို လုပ်ပေးဖို့ အဆင်သင့် ရှိနေမယ်သိလား..."

လင်းရီ ပြုံးပြီး ထွက်ခွာသွားခဲ့သည်။ လီချူးဟန် ထိုသို့ ပြောလာခြင်းအတွက်လည်း သူ မအံ့ဩပေ။ သူမ၏ မွေးရပ်မြေကို တိုးတက်အောင် ကူညီပေးပြီး သူမအမေ၏ အုတ်ဂူကို သယ်လာနိုင်အောင် ပြုလုပ်ပေးခဲ့သည့် အတွက်လည်း သူမလင်းရီကို ကျေး‌ဇူးကြွေး အများကြီး တင်နေသလို ခံစားမိမှာ အမှန်ပင်။ ထို့ကြောင့်လည်း ပြန်ဆပ်ရန် အလို့ငှာ သူမ ထိုသို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်လောက်၏။ ကျေးဇူးတင်စိတ်ဖြင်ဘ ခန္ဓာကိုယ်ပေးဆပ်သည့် နည်းလမ်းကို လင်းရီ အလိုမရှိပေ။ ထို့ကြောင့် အလောမကြီးပဲ သူမ၏ စိတ်ကို အနည်ထိုင်စေရန် အချိန်တစ်ချို့ပေးလိုက်ပြီး တစ်ဖက်လှည့်မှ ပြန်လည် သုံးသပ်ခိုင်းလိုက်၏။

လီချူးဟန်၏ အိမ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကျီချင်းရန်နှင့် တွေ့ဆုံရန် ချောင်ရန်အုပ်စုသို့ ထွက်လာခဲ့လိုက်သည်။

ယင်းကလည်း ချင်းရန်မှ သူ့ပြန်အလာကို ကြိုဆိုသည့် အနေဖြင့် စားပွဲကြိုမှာထားပြီး ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ကို ဖိတ်ခေါ်ထားလေသည်။ လင်းရီလည်း အလုပ်ကိစ္စ ပြောစရာရှိသည်နဲ့ ကွက်တိဖြစ်သွား၏။

"ဘော့စ်.. ဒီတစ်ခေါက် ပေချောင်မြို့ကို သွားတာ ဘယ်လို ခံစားရလဲ..."သီသန့်ခန်းထဲတွင် ဟော်ယွမ်ယွမ်မှ ဝိုင်နီတစ်ခွက်ကို မွေ့ရင်း မေးလိုက်၏။

"ဆင်းရဲလွန်းလို့ အိမ်သာတောင် မရှိသလောက်ပဲ..."လင်းရီ ပြောလိုက်ပြီး "အခြေခံကျကျပြောရရင် ကလေးတွေအားလုံး နီးပါးက အိမ်မှာပဲ စာသင်ကြတာ... သုံးဆယ်ရာခိုင်နှုန်းလောက် အတန်အသင့် ပိုက်ဆံရှိတဲ့ မိဘတွေပဲ ကျောင်းထားနိုငိကြတာ...ဒါကြောင့်မို့ ငါတို့ ဒီပရောဂျက်ကို အရေးတကြီးကိုင်တွယ်ဖို့ လိုနေပြီ...."

"မပူနဲ့ ငါ့ဘက်က အကုန်လုံး စီစဉ်ပြီးသွားပြီ... ပေချောင်မြို့က ပရောဂျက်ကို အဓိကထားပြီးတော့ သုံးလအတွင်း အပြီးသတ်ဖို့ ခန့်မှန်းထားတယ်..."ကျီချင်းရန်မှ ပြောလိုက်၏။

"အင်း... အကောင်းဆုံးလုပ်.. တခြား ပရောဂျက်တွေကိုလည်း ပစ်ထားမိသလိုမျိုး မဖြစ်စေနဲ့ဦး..."

ကျီချင်းရန် တောက်ပစွာ ပြုံးလိုက်ပြီး "အဲ့ဒီအတွက်တော့ စိတ်ပူစရာမလိုဘူး... ငါ့ဘက်က လိုအပ်တာတွေ အကုန်လုံး စီစဉ်ထားပြီးသား...."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဟော်ယွမ်ယွမ်ကိုကြည့်ကာ "ဒီပရောဂျက်ကို လင်းယွမ်အုပ်စုရဲ့ နာမည်အောက်မှာ မလုပ်နဲ့... ငါမင်းကို အရင်ကလည်း ပြောဖူးပါတယ်.. CITIC အုပ်စုရဲ့ နာမည်အောက်မှာပဲ ထားလိုက်... ဘယ်လို အကျိုးအမြတ်ကိုမှ ငါ မလိုချင်ဘူး..."

"ဟင်... ဘာလို့လဲ..."ကျီချင်းရန် မပျော်မရွှင် ဖြစ်သွားခဲ့၏။ လင်းရီ ဆုံးရှူံးမှာကို သူမ မကြည့်ရက်ချေ။

"ဘာလို့လဲဆိုတော့ ငါးမီလီယမ်ကလွဲရင် ကျန်တဲ့ပိုက်ဆံက CITIC က ထောက်ပံ့ထားတာပဲလေ... ငါ သူများအပေါ် အမြတ်မထုတ်ချင်ဘူး..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ငါတို့ဘက်ကလည်း အရှုံးမရှိပါဘူးဟ....CITIC ရဲ့ ဂုဏ်သတင်း မွှေးနေချိန်မှာ ချောင်ရန်အုပ်စုကလည်း ပိုက်ဆံရတယ်လေ... ပြီးတော့ ပေချောင်မြို့အတွက်လည်း ကျောင်းတွေ လမ်းတွေ ဖြစ်မြောက်သွားမယ်... သုံးယောက်လုံး အကျိုးအမြတ်ရှိတဲ့ အခြေအနေပဲ... ငါတော့ အတော်လေးမဆိုးဘူးလို့ ထင်တာပဲ... "

ကျီချင်းရန် သူမ နှုတ်ခမ်းကို ဖိကိုက်လိုက်၏။ အမှန်တော့ သူမ ပိုက်ဆံရသည်ကို ဂရုမစိုက်ပေ။ အရေးကြီးဆုံးက လင်းယွမ်အုပ်စုအတွက် ဂုဏ်သတင်းကောင်းတစ်ချို့ တည်ဆောက်ပေးရန်ပင်။ သို့သော်လည်း လင်းရီမှ အဆင်ပြေသည်ဟု ဆိုနေ၍ ဆွေးနွေးညှိနှိုင်းဖို့ရာ အခန်းကဏ္ဍ မရှိတော့ချေ။

အမှန်တော့ လင်းရီ ထိုသို့ပြုလုပ်သည်ကလည်း သူ့အကြောင်းနှင့်သူ ရှိ၏။ ရှန်းရှူးရီမှ သူ့ကို ထိုငွေပမာဏကို ပေးရင်း သူမ၏ အထောက်အထားကို ဖော်ပြကာ သတိပေးထားခဲ့သည်။ သူလည်း သူမ၏ ပိုက်ဆံကိုယူကာ ကိုယ်စား အကျိုးဆောင်ပေးလိုက်လေသည်။ ထိုအတွက် အကျိုးအမြတ်ကိုတော့ လင်းရီမယူပဲ ယခုဆို ရှန်းရှူးရီမှ လင်းရီအပေါ် အကူအညီတစ်ခု အကြွေးတင်သွားလေပြီ။ ယင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။

ငါက တည်သီးဖြစ်ရင် ဖြစ်မယ်.. ဒါပေမယ့် ငါ့ကို အဲ့လို လာညှစ်လို့တော့ ဘယ်ရမှာ....

"စကားမစပ် Cisco က ငါတို့ကို ပိုက်ဆံဘယ်နေ့ ချေမှာလဲလို့ မေးလာသေးလား..."

"ခု ကုန်ပစ္စည်းတွေက ထုတ်လုပ်ပြီးသွားလို့ ကုန်စာရင်းတွေကို အဆုံးသတ် စီစစ်နေပြီ... သင်္ဘောကနေ တင်ဆောင်ခကိုတော့ သန်ဘက်ခါ ပေးမယ်လို့ သဘောတူထားတယ်...."

"ကောင်းပြီ... ငါနားလည်ပြီ..."လင်းရီ ပြောလိုက်ပြီး "အဲ့ဒါဆို အဲ့တိုင်းပဲ လုပ်ကြတာပေါ့...."

"ဒါဆို ကျန်တဲ့ ၂.၅ ဘီလီယမ်ကို ပေးဖို့ စီစဉ်ထားလိုက်ရတော့မလား..."

"ငါ့ဖင်ကြီးကိုပဲ စီစဉ်လိုက်လေ... အဲ့တာ ၂.၅ ဘီလီယမ်ကွ...၀က်နံကင်တွေ ဘယ်လောက်တောင် ၀ယ်လို့ရတယ်လို့ ထင်လဲ... "လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ရော့ ဒါလေးစားပြီး ကော်လဂျင်ကို ပြန်ဖြည့်လိုက်...."

"အဲ့တာဆို ကျွန်မတို့က ဘာလုပ်ရမှာလဲလို့..."

"CISCO က သန်ဘက်ခါဆို ပြိုလဲပြီ... ငါတို့ဘက်က တစ်ပြားမှ ပေးစရာမလိုဘူး..."

လင်းရီ၏ စကားကို ကြားတော့ သုံးယောက်လုံး အကြည့်ဖလှယ်လိုက်ကြ၏။

Cisco က ခု တက်သစ်စနေမင်းကြီးလို ဖြစ်နေတာလေ.. ဘယ်လိုလုပ်ပြီး ဗြုန်းစားကြီး အောက်ပြုတ်ကျသွားမှာလဲတဲ့....

"ဟုတ်သား.. Cisco ရဲ့ စတော့ အခြေအနေကော ဘယ်လိုရှိလဲ..."

လင်းရီ မေးမြန်းလိုက်၏။

"လွန်ခဲ့တဲ့ သုံးရက်လောက်ကစပြီးတော့ သူတို့ရဲ့ရှယ်ယာတန်ဖိုးတွေက တစ်ဟုန်ထိုး တက်နေတာ.. အကြောင်းပြချက်ကိုတော့ ရှင်လည်း သိပါတယ်... အပြင်မှာ Didi နဲ့ Ciscoတို့ ယွမ် သုံးဘီလီယမ်တန် စာချုပ်ချုပ်ထားတဲ့အကြောင်း ပျံ့နေတာလေ... အဲ့သတင်းကြောင့်မို့လည်း ချောင်ကျားတုံးရဲ့ အသားတင်ပိုင်ဆိုင်မှုက ၅၀ ဘီလီယမ်လောက်အထိ ဖြစ်လာပြီ... ခုဆို သူက နည်းပညာ နယ်ပယ်မှာ ဒိတ်ဒိတ်ကျဲ သူဌေးကြီးတစ်ဦးတောင် ဖြစ်နေပြီ.... "

"အဲ့လိုဖြစ်အောင် လုပ်ထားတာကလည်း ငါ့လက်ချက်ပဲ ... ဘာမှ အံ့အားသင့်မနေကြနဲ့... "လင်းရီ ပြောလိုက်ပြီး ကျီချင်းရန်ကို ကြည့်ကာ "ငါ မင်းကို Cisco ရဲ့ စတော့တွေမှာ ၁၀၀ မီလီယမ်လောက် ရင်းနှီးထားခိုင်းတာ မှတ်မိသေးလား.... "

"အွန်း မှတ်မိတယ်လေ.. "လင်းရီ ပြန်ပြောလိုက်ပြီး "ခုဆို နှစ်ဆတောင် ဖြစ်နေလောက်ပြီ..."

"သန်ဘက်ခါ ကိုးနာရီမတိုင်ခင် အားလုံးကို ထုတ်ရောင်းလိုက်တော့... တစ်ပြားတစ်ချပ်လေးတောင် မကျန်စေနဲ့... "

သုံးဦးစလုံး လင်းရီထံတို့ အကြည့်တို့ စုပြုံသွားခဲ့ကြပြီး "ဘော့စ်.. သန်ဘက်ခါ ကိုးနာရီကျရင် ကြီးကြီးမားမားကြီးတွေ လုပ်တော့မလို့လား..."

လင်းရီ ရယ်မောလိုက်ပြီး သုံးယောက်လုံးကို သိချင်စိတ်ပြင်းပြအောင် ပြုလုပ်လိုက်ကာ "သန်ဘက်ခါ မင်းတို့နှစ်ယောက်လုံး ကုမ္ပဏီသွားစရာ မလိုဘူး... ဒါပေမယ့် လှလှပပလေးတော့ ၀တ်ခဲ့ကြ.. ငါမင်းတို့ကို ပြပွဲတစ်ခု ကြည့်ခိုင်းမယ်...."

"နားလည်ပါပြီ..."

စားသောက်ပြီးနောက် လေးယောက်မှာ သုံးအုပ်စုခွဲလိုက်ပြီး အသီးသီး အိမ်ပြန်သွားကြ၏။

လင်းရီနှင့် ကျီချင်းရန်တို့ကတော့ ကျိုကျုံးဗီလာထံ ပြန်လာကြလေသည်။

သူမှာထားသည့် စက်ပစ္စည်း ကိရိယာတို့မှာ တပ်ဆင်ပြီးဖြစ်သောကြောင့် လင်းရီ အင်္ကျီလက်ပင့်၍ အလုပ်စလုပ်ရန်သာ လိုအပ်တော့သည်။ ယခင်အတိုင်း လင်းရီကတော့ အလုပ်ကို အာရုံစိုက်နေပြီး ကျီချင်းရန်ကတော့ ပျင်းရိနေသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ဆိုဖာပေါ်တွင် အလုပ်လုပ်နေလေသည်။

"လင်းရီ... နင် သန်ဘက်ခါကျရင် ဘယ်လည်း သွားမှာ..."ကျီချင်းရန် မေးလိုက်၏။

"ဘာလို့...မင်းလည်း လိုက်ချင်လို့လား..."

"ငါသွားချင်တယ်လို့ မပြောပါဘူး.. ဒီတိုင်း သိချင်ရုံလေးပါ..."

"စိတ်မ၀င်စားဘူးဆိုရင်လည်း ဘာလို့ အဲ့လောက် အများကြီးတွေ လာမေးနေတာ.."

"ငါ့မှာ သိခွင့်မရှိဘူးလားလို့လား... "ကျီချင်းရန် မကျေမနပ် ပါးဖောင်းသွားခဲ့ပြီး "နင်က ငါ့ကိုလည်း မဖိတ်ခေါ်ကြည့်ပဲနဲ့ ငါမသွားချင်ဘူးဆိုတာ ဘယ်လိုသိလဲ..."

"ဒါဆိုလည်း ကျုပ်က ဥက္ကဌကျီကို ...."

"အိုကေ... သဘောတူတယ်..."

လင်းရီ ပြောစရာစကား ကင်းမဲ့သွား၏။

"ငါပြောလို့ မပြီးသေးဘူးလေ... ဘာလို့ သဘောတူလိုက်တာ...."

"နင်ဘာပြောမလဲဆိုတာ ငါကြိုသိနေတာပဲလေ.. ဒါကြောင့်မို့ ငါလည်း ကြိုသဘောတူလိုက်တာ...."

"ဒါပေမယ့် ငါက မင်းကို ကလေးအတူအလုပ်ဖို့ တောင်းဆိုနေတယ်ဆိုရင်ကော.....”

All Chapters