← Chapters

လင်းရီက တကယ်ကြီး လင်းကျင်ကျန့်ရဲ့သား

Vol. 35 Ch. 516

လင်းရီက တကယ်ကြီး လင်းကျင်ကျန့်ရဲ့သား

Vol. 35 Ch. 516

"ဟားဟား.. ပြောတာကောင်းတယ်... ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေအရဆိုရင် သွားပြီးတော့ ချီးမွမ်းထောပနာ ပြုပေးဖို့ အသင့်တော်ဆုံးပဲ..."

"အင်း....ခုဆို Cisco ရဲ့ စတော့တန်ဖိုးတွေက နေ့တိုင်းဆိုသလို ထိုးတက်နေတာ... ငါ့ရဲ့ လက်ရှိ ပိုင်ဆိုင်မှု တန်ဖိုးက ဘီလီယမ် ငါးဆယ်လောက် ရှိနေပြီ... တကယ်လို့ ငါသာ အဲ့ဒီမျောက်ပွဲကို ပေါ်တင်ကြီးသွားကြည့်မယ်ဆို ငါ့ နာမည် ထိခိုက်တာပေါ့ဟ... လူမသိသူမသိ သွားတာပဲကောင်းပါတယ်...."

"အဲ့တာလည်း ဟုတ်သားပဲ... ခုဆို အဖေ့ရဲ့ အဆင့်အတန်းက အရင်လို မဟုတ်တော့ဘူးလေ... နှာတစ်ချက်ချေလိုက်ရင်တောင် နည်းပညာနယ်ပယ်ကြီး တစ်ခုလုံး လှုပ်ခတ်သွားနိုင်တဲ့ အနေအထားကို ရောက်နေပြီ... "

ချောင်ကျားတုံး ခေါင်းညိမ့်လိုက်ပြီး "မင်းဘက်ကကော မူပိုင်ခွင့်တွေ အကုန်လုံး ပြင်ဆင်ထားပြီးပြီလား... မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲမှာ လုံးရှင်းကို တစ်ချက်တည်းနဲ့ လက်စဖြတ်ဖို့ မမေ့နဲ့နော်.. မင်း ဘာအမှားမှ လုပ်မိလို့ မဖြစ်ဘူး..."

"ကျွန်တော် အကုန် ပြင်ဆင်ပြီးသွားပြီ... မူပိုင်ခွင့်တွေနဲ့ တစ်ချက်ချင်းရိုက်ရင်တောင် သူတို့ကို မြေကြီးထဲ ၀င်သွားတဲ့အထိ ထုရိုက်ဖို့ လုံလောက်တယ်.... "

"အဲ့လို အသေးမွှား ကိစ္စလေးကိုတော့ ငါ အသေးစိတ် မစီမစဉ်တော့ဘူး... မနက်ဖြန် ဇာတ်ခွဲထုတ်ကြစို့... ငါ သမိုင်း၀င်မယ့် အခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ ကြုံချင်တယ်.... "

"နားလည်ပါပြီ...."

ကလင်.....

နှစ်ယောက်သား စကားပြောရင်း သောက်ရမ်းဟိုက်နေကြတုန်း ချောင်ကျားတုန်း၏ ဖုန်းသံ မြည်လာခဲ့၏။

ခေါ်ဆိုလာသူ၏ အမည်ကို မြင်တော့ ချောင်ကျားတုံး၏ အမူအရာမှာ လေးနက်သွားလေသည်။

"ရှန့်ယွီ... မင်းအရင် ပြန်နှင့်လိုက်... ငါ ဖုန်းပြောလိုက်ဦးမယ်... တကယ်လို့ အကြောင်းတစ်ခုခုထူးရင် ဖုန်းကနေပဲ ဆက်သွယ်လိုက်ကွာ...."

"ဟုတ် အဖေ .... နားလည်ပါပြီ..."

သူ့အဖေ မည်သူနှင့် ဖုန်းပြောမလဲဆိုတာကို ချောင်ရှန့်ယွီ မသိသော်လည်း တစ်ခွန်းမျှ မမေးမြန်းပဲ နာခံစွာဖြင့် ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။

မကြာမီ ရုံးခန်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး ချောင်ကျားတုံး ဖုန်းကိုင်လိုက်၏။

"ဒါရိုက်တာကျောက်... ဘာကိစ္စရှိလို့ပါလဲ..."

"မနက်ဖြန် လုံရှင်းက သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ကြားထားတာ.. မင်း ဘက်က ပြင်ဆင်ထားတဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ..."

"ဘာမှမပူပါနဲ့ ဒါရိုက်တာကျောက်... အားလုံး အစီအစဉ်တကျ ဖြစ်ပြီးသားပါ... မနက်ဖြန် ပြီးရင် လုံရှင်းဆိုတာ သမိုင်းထဲမှာပဲ မြင်တွေ့ရတော့မယ့် ခေါင်းစဉ်ဖြစ်သွားပြီ... ကျုပ်တို့ကို ဘယ်လိုမှ ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး...."

"သေချာလား... လုံရှင်းရဲ့ ရည်မှန်းချက်က မသေးဘူးနော်... ASML ကနေတောင် ဖိုတိုလီတိုဂရပ်ဖီစက် ၀ယ်ချင်နေသေးတာ.. ငါ့ဘက်က တိတ်ဆိတ်လေး တားမြစ်ထားလို့... အနာဂတ်မှာ မလိုလားအပ်တဲ့ လှည့်ကွက်တွေ ရှောင်ရှားလို့ရအောင် နည်းပညာ နယ်ပယ်ထဲကနေ သူတို့ ပျောက်ကွယ်သွားတာကို ငါ မြင်ချင်တယ်...."

"စိတ်ချပါ... ကျုပ် သူတို့ကို အသက်ရှူချိန်လေးတောင် မပေးဘူး..."

"ကောင်းပြီ... ငါ ကျိုးဟိုင်ကို သုံးလေးရက် နေရင် ရောက်မယ်... အဲ့ခါကျ အနာဂတ်ပလန်တွေအကြောင်း ဆွေးနွေးကြတာပေါ့..."

"ဟုတ် ဟုတ် .. ကျုပ်ဘက်ကလည်း အချိန်မရွေး ကြိုဆိုနေလျက်ပါ ဒါရိုက်တာကျောက်...."

ဖုန်းချပြီးနောက် ချောင်ကျားတုံး စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းမောကြီး တစ်ချက်ချလိုက်ပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။

"မိသားစုကြီးက လူတွေနဲ့ စကားပြောရတာ တကယ့်ကို ဖိအားများတာပဲ...."

..........

နန်ကျင်း ၊ စစ်ဒေသ။

အထူး အဆောက်အဦးတစ်ခုထဲသို့ စစ်တပ် အစိမ်းရောင် SUV တစ်စင်း ၀င်ရောက်လာခဲ့သည်။ ထို့နောက် ကားတံခါး ပွင့်လာခဲ့ပြီး လျန်ချွင်းရှောင်နှင့် ရှန်းရှူးရီတို့ ဆင်းလာခဲ့ပြီး မိသားစု အဆောက်အအုံထံသို့ လျှောက်လာခဲ့ကြလေသည်။

လျန်ရှန်းဟော်၏ အိမ်မှာ ကြီးမားလှပြီး စတုရန်း တစ်ရာ့ငါးဆယ်မီတာကျော် ကျယ်၀န်းကာ ရှေးဟောင်းပုံစံ ဆောက်လုပ်ထားသည်။ အောက်ရှိ ကြမ်းခင်းနှင့် အိမ်ရဇိ ပရိဘောဂများကိုတော့ မဟော်ဂနီသစ်သားဖြင့် ပြုလုပ်ထားလေသည်။

အခန်း၏ နေရာထောင့်စုံတွင် စစ်ဆုတံဆိပ်များကို မှန်ဗီယိုဖြင့် တစ်ခမ်းတနား ခင်းကျင်းပြသထား၏။ ထိုအရာများအားလုံးက လျန်ရှန့်ဟော် သူ၏ အသက်ကို စွန့်စားပြီး ရရှိလာခဲ့သည့် ဆုတံဆိပ်များ ဖြစ်ပြီး လက်ရှိ သူ ယခုကဲ့သို့ နေထိုင်နိုင်သည့် အကြောင်းပြချက်တို့၏ မြစ်ဖျားခံရာလည်း ဖြစ်သည်။

အခန်းထဲတွင် စတုရန်းပုံသဏ္ဌာန် စားပွဲတစ်လုံးရှိပြီး အပေါ်တွင်လည်း အသားနှင့် အသီးအရွက် ဟင်းလျာများကို ဆယ်မျိုးထက်မနည်းခင်းကျင်းထား၏။ဟင်းပွဲများ၏ အဆင်းနှင့် အနံ့အရသာတို့မှာ ကြည့်ရုံဖြင့် သာမန်လူတို့ ဆာလောင်မှုကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။

"မြန်မြန် ... အားလုံးက နင်တို့နှစ်ယောက်ကို စောင့်နေကြတာ..."

စတုရန်းပုံသဏ္ဌာန် စားပွဲ၏ အရှေ့တည့်တည့်တွင် လျန်ရှန့်ဟော်အပြင် အခြား ဆံနွယ်တို့ ဖြူဆွတ်နေသည့် အဘွားကြီးတစ်ယောက်လည်း ရှိသေး၏။ သူမ ပြုံးလိုက်သောအခါ မျက်လုံးထောင့်စွန်းရှိ အရေးအကြောင်းတို့မှာ စုံလင်စွာ ပုံပေါက်လာလေသည်။

ထိုအဘွားကြီး၏ နာမည်ကတော့ ရန်ယွီ့ဟွာပင်။ လျန်ရူရွှယ်၏ အဘွားဖြစ်ပြီး ဟွာရှ၏ ပထမဦးဆုံး နျူလက်နက် တည်ထွင်သူများထဲမှ အဓိက အဖွဲ့၀င်တစ်ဦးလည်း ဖြစ်၏။

"အဖေ.. အမေ..."

စားပွဲနားသို့ ရောက်လာပြီးနောက် နှစ်ယောက်သား ပြိုင်တူနှုတ်ဆက်လိုက်ကြပြီး လွတ်နေသည့် ထိုင်ခုံများတွင် ၀င်ထိုင်လိုက်ကြသည်။

"နင်က ခုတလော ကမ္ဘာပတ်နေတာ ဆိုတော့ ဖုန်းဆက်ဖို့ အရမ်းအားနာနေတာ... ကျိုးဟိုင်မှာ ဘာဖြစ်သွားလဲဆိုတာ ငါ့ကို မြန်မြန်ပြောပြ..."

"ဘာတွေ လောကြီးနေတာ... ချွေးမလေးက ခုမှ လေယာဉ်ပေါ်က ဆင်းတာလေ .. ထမင်းလေး ဘာလေး အရင် စားပါစေဦးဟ..."လျန်ရှန့်ဟော်မှ ပြောလိုက်သည်။

"သိပါတယ်‌ဟဲ့... ငါကလည်း ငါ့မြေးမလေးကို စိတ်ပူနေလို့ပါ.... သူ့အသက်က သုံးဆယ်ထဲတောင် ၀င်တော့မယ်... လက်ထပ်ဖို့ မစောတော့ဘူး..."

လျန်ချွင်းရှောင် သူ့ဇနီးကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး " အမေ့ကို ကျိုးဟိုင် ခရီးစဉ်အကြောင်း ပြောပြလေ... မဟုတ်ရင် ထမင်း အေးဆေး စားနိုင်မှာ မဟုတ်လောက်ဘူး...."

ရှန်းရှူးရီ တခဏမျှ တွေးတောပြီးနောက် "သမီး ကျိုးဟိုင်မှာ လင်းရီလို့ ခေါ်တဲ့ ကောင်စုတ်လေးနဲ့ အမှတ်မထင် ‌တွေ့ဆုံပြီးတော့ ထမင်းစားခဲ့တယ်... အဲ့ကောင်လေးက တကယ်မဆိုးဘူး... စကားပြောကောင်းပြီးတော့ ထက်ထက်မြက်မြက်လည်း ရှိတယ်... နည်းနည်းလေး စကားပေါတာကလွဲရင် တခြား ဘာချွတ်ယွင်းချက်မှ မရှိဘူး...."

ရှန်းရှူးရီ၏ အကဲဖြတ်မှုကို နားထောင်ပြီးနောက် လျန်မိသားစု၀င်တိုင်း စိတ်သက်သာရာ ရသွားခဲ့ကြသည်။ ရှန်းရှူးရီ၏ အမြင်ကို မေးခွန်းထုတ်စရာ မလိုပေ။ သူမပင် ထိုမျှ မြင့်မားစွာ အကဲဖြတ်နေရပါက လင်းရီ မည်မျှ ထူးချွန်နေကြောင်းကို ပြသဖို့ရာ လုံလောက်ချေပြီ။ ယင်းကလည်း သူတို့မြေးမလေးကို အရမ်းစိတ်၀င်စားနေသည့် ကျောက်မိုကိုပင် ထိုသို့ အကဲဖြတ် မပေးဖူးသောကြောင့်ပင်။

"သူ့ရုပ်ရည်လေးကကော ဘယ်လိုနေလဲ.. "ရန်ယွီ့ဟွာ အလောတကြီးဖြင့် မေးမြန်းလိုက်ပြီး "တို့ရဲ့ မီလိလေးနဲ့ လိုက်ဖက်ညီတယ်မလား..."

"အွန်း... အဲ့ကောင်လေးက ကြည့်လို့လည်း မဆိုးဘူး..."

"ဟင်း... အဲ့လိုကြားရလိုက်တာပဲ စိတ်ချမ်းသာပါပြီကွယ်.... "ရန်ယွီ့ဟွာ ပြောလိုက်ပြီး "သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဒီတိုင်းပဲ လွှတ်ထားလိုက်ကြ... လူကြီးတွေက ၀င်စွက်ဖက်နေဖို့ မလိုဘူး... ပြီးတော့ မီလိလေးက အရမ်းလည်း ခေါင်းမာတယ်... ငါတို့ လေကုန်ခံပြီး သူ့အစားစိတ်ပူပေးမနေကြနဲ့... "

"အမေ... သမီး ပြောစရာရှိတယ်..."ရှန်းရှူးရီ ပြောလိုက်၏။

"ဘာလဲ ပြောလေ..."

"သမီး လင်းရီကို ငြင်းလိုက်တယ်...."

"ဟင်...."

၎င်းကိုကြားတော့ လျန်မိသားစု၀င်များအားလုံး အံ့အားသင့်သွားခဲ့ကြသည်။

ဒိလောက် ပြီးပြည့်စုံနေတဲ့ အမျိုးသားက မီလိလေးနဲ့ မလိုက်ဖက်သေးဘူးတဲ့လား...

အဖေတစ်ယောက်ဖြစ်သည့် သူပင် မငြင်းပယ်ရသေးတာကို အမေဖြစ်တဲ့သူက ဘာလို့ ကြိုပြီး ငြင်းဆန်ထားရတာလဲ....

"ဘာလို့ ငြင်းလိုက်တာ... သူက နင့်ကို မပျော်ရွှင်အောင် လုပ်လိုက်လို့လား...."

လျန်မိသားစုမှာ အမှားမခံသည့် မိသားစုဖြစ်၏။ ချွတ်ယွင်းချက် တစ်နေရာ ရှိလျှင်တောင် လျန်ရူရွှယ်နှင့် ပေါင်းဖက်ရန် ခက်ခဲသွားမည် ဖြစ်၏။

"သူက အရမ်းကောင်းတယ်.. အရမ်းလည်းတော်တယ်... အနည်းဆုံးတော့ သမီးဘက်က ဘာအမှားမှ ရှာမတွေ့ဘူး..."ရှန်းရှူးရီ ပြောလိုက်ပြီး "သမီးသူ့ကို ငြင်းလိုက်တဲ့ အကြောင်းပြချက်က အရမ်း ရည်မှန်းချက် ကြီးလွန်းနေတာကြောင့်ပဲ... သူ့လိုလူမျိုးက အသက်မွေး၀မ်းကြောင်းနဲ့ မိသားစုကို မျှခြေညီအောင် ထားပေးနိုင်မှာ မဟုတ်ဘူး.... သမီးကတော့ မီလိလေးကို သူ့ထက် မသာရင်တောင် တခြား သူ့အောက် မလျော့တဲ့သူနဲ့ပဲ အတူရှိစေချင်တယ်.... မိသားစုကိုလည်း ဂရုစိုက်ပေးနိုင်မယ့် လူစားမျိုးပေါ့.... အဲ့တာမှလည်း မီလိလေးက အရေးပါတဲ့ နေရာမှာ ရှိနေမှာ..... "

၎င်းကိုကြားတော့ လျန်မိသားစု၀င်များ တစ်ဖန် တိတ်ဆိတ်သွားကြပြန်သည်။

မိဘတို့၏ သဘာ၀မှာ အမြဲတမ်း သူမတို့ သားသမီးတွေအတွက် ပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက်မျိုးကိုသာ ရှာပေးချင်ကြသည်။

စီးပွားရေးလုပ်ငန်းတွင် အောင်မြင်ပြီး အိမ်တွင်လည်း ဇနီးနှင့် သားသမီးကို နွေးထွေးမှု ပေးရန်မှာ အတော်လေးကို စိတ်ကူးယဉ်ဆန်လှသည့် အတွေးအခေါ်မျိုး ဖြစ်၏။လူတိုင်းမှာ တစ်ဖက်စောင်းနင်း တိမ်းကြစမြဲပင်။ အကယ်၍ ထိုတိမ်းစောင်းမှုက အနည်းငယ်သာဆိုလျှင်တော့ မပြောပလောက်သော်လည်း ပမာဏများသွားလျှင်တော့ အိမ်ထောင်ရေး အဆင်မပြေတာတို့ ဖြစ်ပေါ်လာနိုင်သည်။

ရှန်းရှူးရီ ထိုသို့ အကဲဖြတ်လိုက်ခြင်းက လင်းရီ၏ အရည်အသွေးတို့ကို သက်သေပြရန် လုံလောက်၏။ ၎င်းကိုလည်း လျန်မိသားစုမှ ကောင်းစွာ နားလည်လေသည်။ မဟုတ်ပါက အဓိက ဆေးကုမ္ပဏီခြောက်ခုကို နာမည်စာရင်း ပေးအပ်ရန် တွန်းအားပေးနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူတို့မှာ လျန်ရူရွှယ်နှင့် အရင်းနှီးဆုံး ချစ်ရသူများဖြစ်သည့်အလျာက် သဘာ၀အားဖြင့် သူမ၏ အမျိုးသားမှာ သူမအပေါ် နွေးထွေးကြင်နာပြီး တစ်ဘ၀လုံး ကာကွယ်သွားပေးဖို့ရာ မျှော်လင့်မိလေသည်။ ကံမကောင်းစွာဖြင့် လျန်ရူရွှယ် ဘေးရှိ လင်းရီမှာ ထိုကဲ့သို့သော ဘ၀မျိုးကို ပေးစွမ်းနိုင်လိမ့်မည်လို့ မထင်ပေ။

ထို့ကြောင့် ယခု အခြေအနေမှာ ကိုင်တွယ်ရန် ခက်ခဲလွန်းလှ၏။ သူတို့ လင်းရီအပေါ် လက်လျှော့ချင်ပါသော်လည်း ထိုသို့ မလုပ်ရက်ပေ။ မကွယ်ဝှက်တမ်း ဆိုရလျှင်တော့ လင်းရီမှာ လျန်မိသားစု၏ လိုအပ်ချက်များကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောကြောင့်ပင်။

"အဖေ.. အမေ..သမီးကို အဲ့လိုမျိုး မကြည့်ကြသေးနဲ့ဦး... သမီး စကား မကုန်သေးဘူး..."ရှန်းရှူးရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျိုးဟိုင်မှာ သူနဲ့ ထမင်းအတူစားပြီးတော့ သမီးတစ်ခုတော့ တပ်အပ် ပြောနိုင်တယ်... လင်းရီက လင်းကျင်ကျန့်နဲ့ ဟိုအမျိုးသမီးရဲ့ ကလေးပဲ…”

All Chapters