← Chapters

ချောင်ကျင်းချိုး၏ သံသယများ

Vol. 35 Ch. 518

ချောင်ကျင်းချိုး၏ သံသယများ

Vol. 35 Ch. 518

တီဗွီသတင်း တင်ဆက်သူ၏ စကားကို နားထောင်ပြီးနောက် လျန်မိသားစု၀င်များအားလုံး ကြက်သေသေသွားကြသည်။ သူတိူ့အားလုံး တူများ ပန်းကန်လုံးများကို ပြန်ချလိုက်ပြီး သတင်းဖိုင်ကို ကြည့်နေကြလေသည်။ ကြည့်နေရင်းဖြင့်လည်း တစ်ချိန်တည်းတွင် မယုံကြည်နိုင်စရာ ကောင်းသလို ခံစားနေကြရ၏။

'ရှန်းရှူးရီ ပြောတော့ ပေချောင်မြို့ ပရောဂျက်က လင်းရီ လုပ်နေတာပါဆို... ဒါဆို ဘာလဲဖြစ်လို့ CITIC က ပံ့ပိုးထားပါတယ်လို့ နာမည်ထွက်လာခဲ့တာလဲတဲ့...'

"ချွေးမလေး... ဘာတွေ ဖြစ်နေတာ... ဘာလို့ နင်ပြောတာနဲ့ မတူဘူးဖြစ်နေတာလဲ..."

ရန်ယွီ့ဟွာ မေးလိုက်ပြီး "နင်ပြောတော့ ပေချောင်မြို့က ပရောဂျက်က လင်းယွမ်အုပ်စုက စပွန်ဆာ ပေးထားတာပါဆို... ခုကျတော့ ဘာလို့ CITIC အုပ်စုက ကိုင်တွယ်နေတယ် ဖြစ်သွားပြန်တာ...."

ရှုန်းရှူးရီ၏ အမူအရာမှာ လူတိုင်းကို ဆွဲဆောင်သွားခဲ့သည်။ သူမ ပထမတော့ အံ့အားသင့်သွားခဲ့၏။ ထို့နောက် ညင်သာစွာ ပြုံးလိုက်လေသည်။

"ဟိုကောင်စုတ်လေးက ကျွန်မကို သူက အလွယ်တကူ အနိုင်ယူလို့ရတဲ့သူ မဟုတ်ဘူးဆိုတာ သက်သေပြလိုက်ပြီထင်တယ်...."

"ဒီတော့ သူက မင်းကို အလေးအနက် ထားပုံတောင် မရပါလားကွ..."လျန်ရှန့်ဟော် ရယ်မောလိုက်၏။

"သမီးပြောသားပဲ... လင်းရီက လင်းကျင်ကျန့်လိုမျိုး အရမ်း သတ္တိကောင်းပါတယ်လို့... ခုတော့ ယုံပြီမလား..."ရှန်းရှူးရီ ပြောလိုက်ပြီး "တကယ်လို့ သူသာ မီလိလေးနဲ့ ပေါင်းဖက်သွားခဲ့ရင် ယောက္ခမဖြစ်တဲ့ သမီးတောင် သူ့ကို ထိန်းချုပ်လို့ရမယ် မထင်ဘူး...."

"ငါ့အထင်တော့ ငါတို့ မီလိလေးနဲ့ သူတို့နှစ်ယောက်ကြား ကိစ္စကို ...ငါတို့ ၀င်စွက်ဖက်ချက်ရင်တောင်မှ မရတော့ဘူးထင်တယ်....."လျန်ချွင်းရှောင် ပြောလိုက်ပြီး "သူက ငါတို့ကို လုံး၀ အလေးအနက် မထားတာပဲ...."

ရှန်းရှူးရီ လည်း သက်ပြင်းချလိုက်သည်။ တီ‌ဗွီတွင် ကြေညာနေသည့် သတင်းကို နားထောင်ရင်း သူမ လင်းရီကို အထင်သေးမိသလို ခံစားလိုက်ရ၏။

လင်းကျင်ကျန့်တောင် သူ့အသက်အရွယ်တုန်းက ဒီလိုမျိုး မဟုတ်ပါဘူး...

"ကောင်းပြီ... အရင်ဆုံး စားကြစို့... သူနဲ့ မီလိလေး ကိစ္စကိုတော့ သဘာ၀အတိုင်းပဲ ဆက်ရှိပါစေ..."လျန်ရှန့်ဟော် ပြောလိုက်ပြီး "ငါ့မြေးမလေးက ငယ်ကတည်းကရင် အမြဲတမ်း ခေါင်းမာနေခဲ့တာ... ငါတို့ ပြောလည်း အကြံပေးရုံလောက်ရှိမှာပဲ...ဘယ်သူမှ သူ့ဆုံးဖြတ်ချက်ကို ထိန်းချုပ်လို့ရမှာ မဟုတ်ဘူး..."

ရှန်းရှူးရီလည်း ကူကယ်ရာမဲ့သွားခဲ့သည်။ ကြည့်ရသလောက်တော့ ဘာဆက်ဖြစ်မလဲဆိုတာကို ဘေးမှ စောင့်ကြည့်ရုံသာ ကျန်တော့လေသည်။

CITIC အုပ်စု၏ ခေါင်းဆောင်ရာထူးဖြင့်ပင် လင်းရီကို မဖိနှိပ်နိုင်ပါက ကျန်သည့် နည်းလမ်းများဖြင့်ဆိုလျှင်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်။

.......

နောက်တစ်နေ့ နံနက်တွင် ကျီချင်းရန် ထုံးစံအတိုင်း နံနက်စာများကို စီမံ ချက်ပြုတ်လေသည်။ ထမင်းစား စားပွဲတွင် လင်းရီမှ "ချင်းရန်...မင်း အဲ့ဒီကိုရောက်ရင် ယွမ်ယွမ်တို့နဲ့ အတူ ထိုင်နေလိုက်.... ငါ့မှာ တခြား လုပ်စရာတွေ ရှိနေသေးတယ် ဆိုတော့ မင်းနဲ့ အတူ မထိုင်နိုင်တော့ဘူး...."

"အွန်းပါ... နင် လုပ်စရာ ရှိတာသာလုပ်... ငါတို့အတွက် ဘာမှ စိတ်မပူနဲ့...."

နံနက်စာ စားပြီးနောက် နှစ်ယောက်လုံး ကျန်းနန် စမ်းချောင်းဟိုတယ်သို့ ဦးတည်လိုက်ကြ၏။

ဟိုတယ်၏ ၀င်ပေါက်၀တွင် အနီရောင် ကော်ဇော ခင်းကျင်းထားပြီး ဘေးနှစ်ဖက်တွင်တော့ ပန်းခြင်းတောင်းများဖြင့် အလှဆင်ထားလေသည်။

အဆက်မပြတ် ရောက်လာနေသည့် ဧည့်သည်တော်များမှာလည်း အဆုံးမရှိသည့် လှိုင်းလုံးကြီးကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း ရောက်ရှိလာနေပြီး

လူအုပ်ကြီး၏ နောက်တွင် ရပ်နေရင်း ဟိုတယ်ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်၏။

"အဖေက သတင်းထောက်တွေ ဘယ်လောက်တောင် ခေါ်ထားတာလဲ.. ဒီလိုသာ ဆက်လာနေမယ်ဆိုရင် ပွဲကျင်းပတဲ့ နေရာက ဆံ့တောင် ဆံ့တော့မှာ မဟုတ်ဘူး.... သူ ဘယ်လောက်တောင် လုံရှင်းကို အမှုန့်ကြိတ်ချင်နေတာပါလိမ့်...."

"ဥက္ကဌချောင်.... သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့အတွက် အကုန် အဆင့်သင့် ဖြစ်ပြီမလား... "လုရင်း ရောက်လာပြီး မေးမြန်းလိုက်၏။

လုရင်းမှာ ဖောင်းကြွနေသည့် သူမ၏ တင်ပါးအလှကို ပေါ်လွင်စေသည့် အနက်ရောင် စကတ်အတိုနှင့် အသားရောင် စတော်ကင်အရှည်ကို ၀တ်ဆင်ထားသည်။ သူမဘက်ကသာ မပြောပြဘူးဆိုပါက မည်သူမျှ အမျိုးသမီး သုတေသန ပညာရှင် ဆိုတာ သိလိမ့်မည် မဟုတ်ချေ။

"အားလုံး အဆင်သင့်ပါပဲ ပရော်ဖက်ဆာလု .. ကျွန်မတို့ ကိုးနာရီတိတိမှာ စတင်လို့ ရပါပြီ...."ချောင်ကျင်းချိုး အပြုံးလေးဖြင့် ပြန်ဖြေလိုက်ပြီး "ဒီနေ့ လူတွေ အများကြီး ရောက်နေကြတယ် ဆိုတော့ လုံရှင်းရဲ့ သတင်းစာရှင်းလင်းပွဲက အကြီးအကျယ်အောင်မြင်မှာ ကျိန်းသေတယ်..."

"ဥက္ကဌချောင်ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးပါ... ကျွန်မတို့ဘက်ကလည်း ဒီချစ်ပ်ရဲ့ bug errorတွေကို သေချာလေး အချိန်ယူပြီး ပြင်ဆင်ထားတာဆိုတော့ လုံး၀ကို ပြီးပြည့်စုံတဲ့ productတစ်ခုပဲလေ... လူတိုင်း စိတ်ကျေနပ်အားရကြလိမ့်မည်ဆိုတာ ကျွန်မ ယုံကြည်တယ်...."

"အမှန်ပါပဲ..."ချောင်ကျင်းချိုး အချိုသာဆုံး တုံ့ပြန်လိုက်၏။

"ဥက္ကဌချောင်ကို ဆက်ကြည့်ထားပေးဖို့ ဒုက္ခပေးရတော့မယ်... ကျွန်မမှာ တခြားလုပ်စရာလေးတွေ ရှိနေသေးလို့ အရင်သွားလိုက်ဦးမယ်နော်..."

"ကောင်းပါပြီ ပရော်ဖက်ဆာလု...."

လုရင်း ထွက်ခွာသွားသည်က်ု ကြည့်ရင်း ချောင်ကျင်းချိုး သက်ပြင်းချလိုက်၏။

နင်တို့ ပရိုဂရမ်က ဘယ်လောက်ပဲ ပြီးပြည့်စုံနေပါစေ နည်းပညာ မူပိုင်ခွင့်တွေက Cisco ရဲ့ လက်ထဲမှာပဲ...

လုံရှင်း လုံရှင်း... နင်တို့ ဘာလို့ သိပ္ပံသုတေသနလုပ်ငန်းတွေပဲ အာရုံမစိုက် မလုပ်ပဲနဲ့ ဘာလို့ Cisco နဲ့ ယှဉ်ပြိုင်ချင်နေရတာလဲ... နင်တို့က ပြိုင်ဖက်ဖြစ်ဖို့တောင် မတန်ပါလား...

'ဟင် သူက ဘာလို့ ဒီရောက်လာခဲ့တာ..'

ဟိုတယ် ၀င်ပေါက်၀တွင် Bentley တစ်စင်းရောက်ရှိလာပြီး လင်းရီ ထိုကားထဲမှ ထွက်လာခဲ့သည်။

လင်းရီကို မြင်တော့ ချောင်ကျင်းချိုး၏ အမူအရာမှာ အေးစက်သွားပြီး ခါးကို ယိမ်းနွဲ့၍ လင်းရီထံသို့ လျှောက်လာခဲ့လေသည်။

"ရှင်က ဒီကို ဘာလာလုပ်တာ..."

လင်းရီ၏ လင်းယွမ်အုပ်စု၏ သူဌေးဟူသော အထောက်အထားကြောင့် ချောင်ကျင်းချိုး သူ့ကို အစဉ်အမြဲ သတိကပ်ထားခဲ့သည်။

"မင်းက ရူးနေတာလား.. ငါက ဒီလာလို့ မရဘူးလား... ဒီနေရာက မင်းအိမ်မို့လို့လား..."လင်းရီ ပြောလိုက်ပြီး "ဘာပဲ ဆိုဆို ငါက Sci-tech ရဲ့ တာ၀န်ရှိသူပဲလေ.. ဒီတော့ နည်းပညာ နယ်ပယ်မှာ ဘာဖြစ်နေလဲဆိုတာ သိနေမှ ဖြစ်မယ် မဟုတ်ဘူးလား.... "

"ရှင် ‌ဟန်ဆောင် မနေစမ်းနဲ့.. ကျွန်မ အဖေနဲ့ အစ်ကိုက ရှင်ဘယ်လိုလူစားမျိုးလဲဆိုတာ မသိပေမယ့် ကျွန်မကတော့ အကုန်လုံး သိတယ်ရှင့်...."

"အဲ့တာဆို ငါက ဘယ်လိုလူစားမျိူးလဲ... ငါက မင်းနဲ့ ဆက်ဆံရင် ကွန်ဒုံးမသုံးတဲ့ လူစားမျိူးလား... ဒါမှမဟုတ် မင်းနဲ့ အတူအိပ်ပြီး ပိုက်ဆံ မပေးခဲ့လို့ လာတောင်းနေတာလား..."လင်းရီ ပြောလိုက်ပြီး "လစ်စမ်းပါကွာ...."

သို့နှင့် လင်းရီ ချောင်ကျင်းချိုးကို လျစ်လျူရှုပြီး ဟိုတယ်ထဲသို့ တည့်မတ်စွာ ၀င်ရောက်သွားခဲ့သည်။

သုံးဘီလီယမ်တန် ရှိုးပွဲမှာ သူ၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေလေရာ သူမအပေါ် အချိန်ဖြုန်းဖို့ရန် မထိုက်တန်ပေ။

ချောင်ကျင်းချိုး ရင်ဘက်ထဲတွင် မကောင်းသည့် နိမိတ်ကို ခံစားနေရပြီး သူမ၏ အမူအရာမှာ အလိုလို အေးစက်သွား၏။

လင်းရီ ရောက်ရှိလာခြင်းက သူမစိတ်ကို မသိုးမသန့် ဖြစ်သွားစေသည်။ ထိုငနဲမှာ ရောက်သည့် နေရာတိုင်း ပြဿနာ ရှာတတ်ပြီး သူ၏ လုပ်ဆောင်မှုက Cisco အပေါ်တွင် သက်ရောက်မှု တစ်ချို့တောင် ရှိလာနိုင်သည်။ သို့သော်လည်း မကြာမီ ချောင်ကျင်းချိုး သူမ၏ အတွေးများကို ပြန်လည် စစ်ထုတ်လိုက်၏။

Cisco ဘက်မှ ယခုပွဲအတွက် ပြီးပြည့်စုံသည့် ပြင်ဆင်မှုများပြုလုပ်ထားပြီး လင်းရီဘက်မှ ချွတ်ယွင်းချက် ရှာတွေ့ဖို့ရန် လုံး၀ မဖြစ်နိုင်လု နီးပါးပင်။

ယနေ့ Ciscoက လုံရှင်းကို လက်ထဲရှိ မူပိုင်ခွင့် အခု နှစ်ဆယ်နှင့်အတူ သဲကြီးမဲကြီး ဆုံးခန်းတိုင်အောင် တိုက်ခိုက်ဖို့ ဆုံးဖြတ်ထား၏။ လင်းရီ ကူညီချင်လျှင်တောင်မှ ယခုလို အခြေအနေမျိုးတွင်တော့ မည်သို့မျှ စားပွန်လှန်ရန် မဖြစ်နိုင်ချေ။ ဒုတိယအနေဖြင့် Cisco အတွက် အရေးကြီးဆုံးက Didi နဲ့ သဘောတူထားသည့် စီးပွားရေးကိစ္စပင်။

လင်းရီမှာလည်း Sci-tech မှ ဖြစ်နေသောကြောင့် လုံရှင်းနှင့် မသက်ဆိုင်သကဲ့သို့ Cisco ကို လှုပ်ကိုင်ဖို့ရာ စွမ်းရည်လည်း မရှိချေ။

သို့သော်လည်း အစမှ အဆုံးထိတိုင် ချောင်ကျင်းချိူး တစ်ခုကိုတော့ နားမလည်နိုင် ဖြစ်နေလေသည်။

'သူက ဘာလို့ သူ့ရဲ့ အထောက်အထားကို ကွယ်ဝှက်ပြီးတော့ သူ့ညီကိုကောင်းကို အာဏာ လွှဲအပ်ထားတာလဲ... သူ့မှာ တကယ်ပဲ ကိုင်တွယ်ဖို့ အချိန်မရှိလို့များလား...

အဲ့လိုကတော့ မဖြစ်နိုင်လု နီးပါပဲ....'

လက်တွေ့တွင်တော့ လင်းရီ၏ အကြံအစည်မှာ လည်းလုံး၀ ပြီးပြည့်စုံနေခြင်းမျိုး မဟုတ်ချေ။ သူအရေးကြီးသည့် အချက်တစ်ချက်ကို မေ့ပစ်ထားခဲ့၏။ ယင်းကတော့ လျိုချူးပင်။

သို့သော်လည်း လျိုချူးမှ အရေးကြီးသည့် အတွင်းအစည်းအဝေးများကို မတက်ရောက်လိုက်ရသောကြောင့် ချစ်ပ် ၁.၀ မှာ လင်းရီ၏ အိုင်ဒီယာဖြစ်တယ်ဆိုတာ မပြောပြလိုက်ရချေ။ ရလဒ်အနေဖြင့် လင်းရီ၏ အထောက်အထားကို မည်သူမျှ မသိရှိလိုက်ပဲ ဖြစ်သွားခဲ့ရသည်။

အကယ်၍ Cisco ကသာ သိရှိသွားမည်ဆိုပါက လင်းရီ၏ အကြံအစည်တို့မှာ လက်ဖမိုး လှန်လိုက်သကဲ့သို့ ကပြောင်းကပြန် ဖြစ်သွားပေမည်။

သို့သော်လည်း ကံကောင်းစွာဖြင့် ထိုသို့ မဖြစ်သွားခဲ့ချေ။ ဖြစ်သွားခဲ့လျှင်လည်း အသုံးမ၀င်ပေ။ လင်းရီ၏ ချစ်ပ်ဗားရှင်း ၂.၀ မှာ မည်သို့မျှ ရိုက်ချမရသည့် အတားအဆီးကြီး ဖြစ်နေပြီး စာချုပ်ချုပ်ဆိုပြီးကတည်းက Cisco အဆုံးသတ်မည့် နေ့ရက်ကို သတ်မှတ်ပြီးဖြစ်သည်။

ထိုအခိုက်အတန့်တွင်တော့ ပွဲကျင်းပရာ နေရာတစ်ခုလုံး လူသူလေးပါးဖြင့် ပြည့်နှက်နေပြီး ရောက်ရှိနေကြသည့် လူဦးရေ၏ ရှစ်ဆယ်ရာခိုင်းနှုန်းကတော့ နည်းပညာ နယ်ပယ်ရှ် မီဒီယာများအပြင် သတင်းထောက်များ ၊ ဘလော့ဂါများဖြစ်ကြသည်။

လုံရှင်းနှင့် Cisco မှာ ဆယ်စုနှစ် တစ်ခုတိုင် တိုက်ခိုက်နေကြပြီး ယနေ့တွင်တော့ နောက်ဆုံးပွဲစဉ်အဖြစ် မည်သူက ဘုရင်ဖြစ်ပြီး မည်သူက သေလူဖြစ်မလဲဆိုတာ လူတိုင်း မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့မည်။

လူသူ သိပ်မရှိသည့် ထောင့်တစ်နေရာတွင် ချောင်ကျားတုံးတို့ သားအဖ အတူထိုင်နေကြ၏။

ချောင်ကျားတုံး သူ၏ နာရီကို ကြည့်ပြီး "လုံးရှင်းရဲ့ သတင်းစာရှင်းလင်းပွဲက စတင်ဖို့ ဆယ်မိနစ်လိုသေးတယ်... မင်း အားလုံး ပြင်ဆင်ပြီးပြီမလား....”

All Chapters