← Chapters

အဖြေကို ထုတ်ပြောဖို့ အချိန်ပဲ

Vol. 35 Ch. 521

အဖြေကို ထုတ်ပြောဖို့ အချိန်ပဲ

Vol. 35 Ch. 521

"လင်းရီက တကယ်ကြီး လုံရှင်းစင်တာရဲ့ ဥက္ကဌလား..."

အဆိုပါ သတင်းက လက်ရှိ ရောက်နေကြသည့် သူများအကြား ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။

ကျီချင်းရန် သူမ၏ ရွှန်းစိုးနေသည့် မျက်၀န်းတို့ဖြင့် ဟော်ယွမ်ယွမ်ကို ကြည့်လိုက်သည်။ "လင်းရီ ဘယ်အချိန်တုန်းက လုံရှင်းရဲ့ ဥက္ကဌ ဖြစ်လာတာလဲတဲ့...."

ဟော်ယွမ်ယွမ် ပခုံးတွန့်လိုက်ပြီး "ညီမလည်း ဘယ်သိမှာ...."

"နင်က သူ့၀န်ထမ်း မဟုတ်ဘူးလား... ဒါလေးတောင် မသိဘူးလားဟဲ့.."

"မမ... အဲ့တာဆို ရှင်ကျတော့ကော... ရှင်တို့နှစ်ယောက်က နေ့တိုင်း အတူအိပ်နေကြပြီးတော့ မသိရင် ကျွန်မတို့က ဘယ်လိုသိမှာလဲလို့..."

"ငါတို့က ကျိုကျုံးဗီလာမှာ အတူနေရုံလေးပဲ... နင် မဟုတ်တာတွေ လျှောက်မပြောစမ်းနဲ့..."

နှစ်ယောက်လုံး ထိုမျှလောက်နှင့် ရပ်တန့်လိုက်ကြပြီး ဆက်ခွပ်ကြဖို့ စိတ်မရှိကြသေးချေ။

ယခု အချိန်တွင်တော့ သူမတို့၏ စိတ်ထဲတွင် မေးခွန်း သင်္ကေတ အကြီးစား ဖြစ်ပေါ်နေလေသည်။

သူ လုံရှင်းကို ဘယ်တုန်းက ၀ယ်လိုက်တာလဲ...

စင်နောက်တွင်တော့ လုရင်း၏ စကားကို နားထောင်ပြီးနောက် ချောင်ကျင်းချိုး ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

သူမစိတ်ထဲတွင် ဗလာကျင်းနေပြီး အတွေးတစ်ခုတည်းကသာ ကြီးစိုးနေလေသည်။

ပူပေါင်းကြံစည်ထားတာ....

ဒါသေချာပေါက် ပူးပေါင်းကြံစည်ထားတာပဲ...

စွန်းဖုယွီနဲ့ လုရင်းက သူမဆီလာပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပေးဖို့ တောင်းဆိုတာက တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ဘူး...

လင်းရီက သေချာပေါက် အမှောင်ထဲကနေ ထိန်းချုပ်နေတာပဲ ဖြစ်ရမယ်...

သူ ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲတဲ့....

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမ၏ နိမ့်ချည်မြင့်ချည် ဖြစ်နေသည့် ရင်ဘက်ကြီးကို အသက်ပြင်းပြင်းရှူပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

ထို့နောက် သူမ ခေါင်းအေးအေးထား၍ စတင်စဉ်းစားတော့၏။

မည်သည့် ရှုထောင့်မှကြည့်စေကာမူ Cisco ဘက်မှ အသာစီး အနေအထားကြီးပင်။

လုံရှင်းအတွက် အခန်းကဏ္ဍ မရှိချေ။

အကယ်၍ လင်းရီက လုံရှင်း၏ ခေါင်းဆောင်ဖြစ်နေလျှင်တောင် တူညီသည့် နိဂုံးဖြင့် အဆုံးသတ်ရပေမည်။

ယင်းကလည်း Cisco ၏ ချစ်ပ် ၁.၀ နည်းပညာမှာ နိုင်ငံထဲတွင် အဆင့်အမြင့်ဆုံး နည်းပညာ တစ်ရပ် ဖြစ်နေသောကြောင့်ပင်။ ဤအမှန်တရားကို လက်ကိုင်ထားနေသ၍ မည်သူကမျှ Cisco ကို လှုပ်ခါနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

ထိုသို့ ဆိုလျှင်တောင် ချောင်ကျင်းချိုး မနေနိုင်ပဲ စိုးရွံ့နေမိ၏။ ယင်းကလည်း စင်ပေါ်တွင် ရပ်နေသူမှာ လင်းရီ ဖြစ်နေသောကြောင့်ပင်။

အနှီ လင်းရီမှာ တစ်ကြိမ်တစ်ခါမျှ မဆုံးရှုံးဖူးသည့်အပြင် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့် တိုက်ပွဲကို တိုက်လိမ့်မည် မဟုတ်ကြောင်း သူမ ကောင်းမွန်စွာ နားလည်ထားလေသည်။

ဒါဆိုရင် သူ့ရဲ့ အဓိက ရည်မှန်းချက်က ဘာများ ဖြစ်မလဲ...

"မစ္စတာချောင်... မတွေ့ရတာတောင် အတော်ကြာပြီ....."

လင်းရီ လုရင်း ကမ်းလာသည့် မိုက်ကို ယူရင်း ပြုံးလျက် ဆိုလိုက်သည်။

ချောင်ရှန့်ယွီကတော့ သူ့မိန်းမ တခြားသူနောက် ပါသွားသကဲ့သို့ အံတကြိတ်ကြိတ်ဖြင့် လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ယနေ့ စင်ပေါ်ရောက်နေသည့် လင်းရီမှာ ယခင် သူတွေ့မြင်နေကျ ကလေကချေ လင်းရီပုံစံနှင့် လားလားမျှ မအပ်စပ်ပေ။

ဒီကောင် ဘာလုပ်ချင်နေတာလဲ....

"ဥက္ကဌလင်း... မင်းဘက်က ဒီရဲ့ မှတ်ပုံတင်ထားတဲ့ နည်းပညာ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တစ်ခု ပေးမယ်လို့ မျှော်လင့်တယ်... ဘာလို့ Cisco ရဲ့ နည်းပညာကို ခိုးယူခဲ့တာလဲ...."

"ခင်များတို့ရဲ့ နည်းပညာကို ခိုးယူတယ်..."လင်းရီ အံ့အားသင့်သွားဟန်ဖြင့် အသံကို အနည်းငယ် မြင့်လိုက်ပြီး "တကယ်ကြီးလား... Cisco ကနေ ဘယ်ရဲ့ နည်းပညာကို ခိုးယူလိုက်တာ... တစ်ခုချင်း ထောက်ပြစမ်းပါဦး...."

"လာပြီး ရူးချင်ယောင် ဆောင်မနေနဲ့..."ချောင်ရှန့်ယွီ အေးစက်စွာ ဆိုလိုက်ပြီး "မင်းတို့ရဲ့ ချစ်ပ်ထဲမှာ Cisco ရဲ့ FW ,MIPS ,Nand Gates တွေအပြင် နောက်ထပ် နည်းပညာပေါင်း နှစ်ဆယ်ကျော်ကို အကုန် ခိုးသုံးထားတာ မဟုတ်ဘူးလား...."

"နိုး နိုး နိုး ...ဒါတော့ မဟုတ်သေးဘူး..."လင်းရီ သူ၏ လက်ညိုးကို ဝှေ့ယမ်းလိုက်ပြီး "မစ္စတာချောင် ... အဲ့တာတွေက နည်းပညာ အခေါ်အဝေါ်သပ်သပ်ပဲ... ဘာမှ သေချာ ရှင်းပြနိုင်တာ မဟုတ်ဘူး... ဒီလိုဆို ကျုပ်မေးပါဦးမယ်... တစ်ကမ္ဘာလုံးမှာချောင်ရှန့်ယွီဆိုတဲ့ နာမည်ကို ခင်များတစ်ယောက်တည်း အသုံးပြုခွင့် ရှိတာလား... ဒါမှမဟုတ် ကျန်တဲ့သူတွေ အသုံးပြုရင်ကော တရားမ၀င်ဘူးလား... ပြီးတော့ ခင်များနဲ့ နာမည်တူရင်တောင်မှ ရုပ်ချင်းဆင်တူမယ်ဆိုတာ ဘာလို့ ဒီလောက်ထိ သေချာနေရတာ.... "

"မင်း ဘာပြောချင်နေတာလဲ.... "

"ရှင်းရှင်းလေးပါ... "လင်းရီ ပြောလိုက်ပြီး "တကယ်တော့ ဒီနေ့ ကျုပ်တို့ရဲ့ သတင်းစာ ရှင်းလင်းပွဲကြီးက ချစ်ပ် ၁.၀ ကို ကြေညာဖို့အတွက် မဟုတ်ဘူး..."

ထိုစကား ပြောလျှင်ပြောချင်း စင်အောက်ရှိလူအုပ်ကြီးမှာ ဆွေးနွေးသံများဖြင့် တစ်ဖန် ကျွတ်စီညံသွားပြန်သည်။

သူတို့က ချစ်ပ် ၁.၀ နည်းပညာကို မကြေညာဘူးဆိုရင် ဘာကို ကြေညာမလို့လဲ...

ဒီထက် ပိုမြင့်တဲ့ ချစ်ပ်များ ဖြစ်နိုင်မလား....

ဒါပေမယ်.... အဲ့တာကြီးက မဖြစ်နိုင်လု နီးပါးပဲလေ....

"အားလုံးပဲ စိတ်ငြိမ်ငြိမ်ထားကြပါ..."လင်းရီ အပြုံးလေးဖြင့် လက်ကာပြလိုက်ပြီး "အမှန်တော့ ကျုပ်တို့ ထုတ်လုပ်မှာကလည်း ချစ်ပ်နည်းပညာ ဖြစ်နေတုန်းပါပဲ.. ဒါပေမယ့် ၁.၀ တော့ မဟုတ်ဘူး... ပိုပြီး အဆင့်မြင့်တဲ့ ၂.၀ပဲ "

"ကျုပ်တို့ လုံရှင်းက ချစ်ပ်ဗားရှင်း ၂.၀ ကို ထုတ်လုပ်မှာပါ...."

ယင်းစကားလုံးများက လူတိုင်း၏ နားထဲတွင် မိုင်းခွဲသံအလား ဟိန်းထွက်သွားခဲ့သည်။

ပြည်တွင်းထဲမှာ ချစ်ပ် ၁.၀ ကို ထုတ်လုပ်နိုင်တာတောင် မကြာသေးဘူး... လုံရှင်းက ချစ်ပ် ၂.၀ တောင် ထုတ်လုပ်ပြီးနေပြီ တဲ့လား....

တက်တမ်းဆို Intel ရဲ့ နည်းပညာတောင်မှ ၂.၀ ပဲ ရှိသေးတာလေ...

တစ်ခြားနည်းနဲ့ ပြောရရင် လုံရှင်းရဲ့ နည်းပညာက ကမ္ဘာ့အဆင့်မှီတယ်လို့ ပြောနေတာပဲ မဟုတ်ဘူးလား....

ဒါကြီးက လုံး၀ကို ရူးလောက်စရာ သတင်းပဲဟ...

ချောင်ရှန့်ယွီ ဟန်ချက်ပျက်ပြီး လဲကျလု မတတ် ဖြစ်သွားခဲ့၏။

ရှေ့ နှစ်လ သုံးလ လောက်ကမှ လုံရှင်း ချစ်ပ် ၁.၀ အတွက် အရင်းအမြစ်ကုတ်ကို ရေးသားနိုင်ခဲ့တာ လေ... ခု ဘယ်လောက်တောင် ကြာသေးလို့လဲ... တကယ်ကြီး ၂.၀ ကို ထုတ်လုပ်နိုင်နေပြီတဲ့လားဟ....

အဲ့ဒီ အမြန်နှုန်း... အဲ့ဒီအမြန်နှုန်းကြီးက နည်းနည်းလေး ကြောက်စရာ မကောင်းလွန်းဘူးလား...

"စီးပွားရေးလုပ်ရင် အရှက်ကင်းမဲ့မှ ဖြစ်မယ်လို့ ကျုပ် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်... အဲ့ဒီစကားလုံးကိုလည်း ကျုပ် အခိုင်အမာ ယုံကြည်တယ်... ဒါပေမယ့် Cisco က ကျုပ်ယုံကြည်ချက်ကို ပိုပြီး ခိုင်မာသွားအောင် သက်သေပြလိုက်လိမ့်မယ်လို့တော့ မထင်ထားမိဘူး...."

" မစ္စဝာာချောင် ....လွန်ခဲ့တဲ့ နှစ်လ သုံးလ လောက်တုန်းက ကျုပ်တို့လုံရှင်းက ချစ်ပ် ၁.၀ ကို တီထွင်ပြီးသွားပြီ... ဒါပေမယ့် Cisco ကလုံရှင်းရဲ့ သုတေသန ပညာရှင်ကို မက်လုံးပေးပြီး ဆွဲခေါ်သွားတယ်... ချစ်ပ်ရဲ့ နည်းပညာကို ခိုးချတယ်... ပြီးတော့ ခင်များတို့ဘာသာ တီထွင်တယ်ဆိုပြီး ခေါင်းစ‌ဥ်တပ်လိုက်တယ်... ဒီလို အရှင်ကင်းမဲ့တဲ့ နည်းလမ်းမျိုးကို ကျုပ်တို့လို ဂျူနီယာလေးတွေ သေချာပေါက် နမူနာယူသင့်ပါတယ်...... "

"ဒါပေမယ့် အထွေအထူးတော့ မပြောလိုပါဘူး... စီးပွားရေး လုပ်တဲ့နေရာမှာ ပြိုင်ဘက် အချင်းချင်းက သူသေ ကိုယ်ကြေ ချကြတာကြီးပဲမဟုတ်လား.... ခင်များတို့က ကျုပ်တို့ရဲ့ နည်းပညာကို ခိုးယူသွားတယ် ... ရတယ် ယူလိုက်... ဒါပေမယ့် ခု ကျုပ်တို့က နည်းပညာ ၂.၀ ကို ထုတ်လုပ်နိုင်လာခဲ့ပြီ... Cisco ဘက်က ဘယ်လိုတွေ ဆက်ပြီး ယှဉ်ပြိုင်သွားဦးမလဲဆိုတာ မြင်ချင်စမ်းပါဘိ.... "

ဘုန်း....

ချောင်ရှန့်ယွီ ထိုင်ခုံပေါ်သို့ ပုံလျက်သား လဲကျသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ရှိ စွမ်းအင်များအားလုံး စုပ်ယူခံလိုက်ရပြီး အသက်ရှူဖို့ပင် ခွန်အား မရှိတော့ချေ။

"ဘာလို့လဲ.. ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ... ဘာလို့လဲ.........."

ချောင်ကျင်းချိုးလည်း ထိုနည်းလည်းကောင်းပင်။ စင်အနောက်ဘက်ရှိ သူမ၏ မျက်နှာမှာ သေမတတ် ဖြူလျော်နေလေသည်။

လင်းရီက ဘယ်တော့မှ အရှုံးမရှိဘူးပဲ...

ယခု လုံရှင်းမှ ချစ်ပ်နည်းပညာ ၂.၀ကို ထုတ်လုပ်လိုက်သောကြောင့် Cisco ၏ အနာဂတ်မှာ သေချာပေါက် ခက်ခဲတော့မည်။

လှပနေခဲ့သည့် ရှယ်ယာတန်ဖိုးတို့မှာလည်း မကြာမီ အတိတ်၏ ပုံရိပ်တို့ ဖြစ်သွားပေတော့မည်။

သံသယရှိရန် မလိုချေ။ Cisco မှာ ဆုံးခန်းတိုင်သွားခဲ့ချေပြီ။

ချောင်ကျင်းချိုး နဖူးကို နာကျင်စွာ ဖိကပ်ထားလိုက်၏။ သူမအပါအ၀င် ချောင်မိသားစုရှိလူတိုင်း လင်းရီ၏ အရူးလုပ်ခြင်းကို ခံလိုက်ရလေသည်။

"ကောင်းပြီ... ကျုပ်ဘက်ကတော့ လက်ခံနိုင်တဲ့ အဖြေကို ပြောပြပြီးသွားပြီ... ကျန်တာကိုတော့ ပရော်ဖက်ဆာလုကပဲ ဆက်ရှင်းပြပေးသွားလိမ့်မယ်.. အားလုံးပဲ မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေ..."

လင်းရီ စတိတ်စင်ပေါ်မှ ဆင်းလာခဲ့ပြီး ကျန်သည့် presentation ကို လုရင်းထံ လွှဲထားခဲ့လိုက်သည်။ လုရင်းနှင့် စွန်းဖုယွီတို့၏ အရည်အချင်းဖြင့် ဆိုပါက ကျန်သည့်ကိစ္စများကို ဦးဆောင်သွားဖို့ရာ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

လင်းရီ စင်ပေါ်မှ ဆင်းလာတော့ လူတိုင်း သောင်းသောင်းဖြဖြဖြင့် လက်ခုပ်တီးလိုက်ကြသည်။ ယခုဆိုလျှင် အနှီလူငယ်လေးကို လူတိုင်း လေးစားသည့် အကြည့်တို့ဖြင့် ကြည့်ရှုနေကြလေသည်။

လင်းရီ ထွက်ခွာသွားသည်ကို မြင်တော့ ကျီချင်းရန်နှင့် ကျန်သူများလည်း နောက်မှ လိုက်လာခဲ့ကြ၏။

တစ်ချိန်တည်းတွင် ချောင်ရှန့်ယွီနှင့် ချောင်ကျားတုံးတို့လည်း နေရာမှ ထလာခဲ့ကြသည်။ သူတို့ ယခုကိစ္စကို အတည်ပြုချင်နေသည်။

သတင်းစာ ရှင်းလင်းပွဲမှာ မပြီးဆုံးသေးသော်လည်း ပွဲကျင်းပရာ နေရာတစ်ခုလုံးကတော့ ပရမ်းပတာ ဖြစ်နေခဲ့၏။

အထူးသဖြင့် သတင်းထောက်များပင်။ လင်းရီကို ခုန်အုပ်တော့မည့် အသွင် ဖြစ်နေကြပြီး စောင့်ကြပ်နေကြသည့် လုံခြုံရေးကြောင့်သာ မဟုတ်ပါက လင်းရီ အရိုးတခြား အသားတခြား ဖြစ်နေလောက်ချေပြီ။ ထိုသို့ ဖြစ်ပျက်နေသည်ကိုလည်း အပြစ်ဆို၍ မရချေ။ မည်သို့ပင်ဆိုစေ လင်းရီ ပြောကြားသွားသည်များက ချစ်ပ်နယ်ပယ် တစ်ခုလုံးကို အကြီးအကျယ် ဂယက်ရိုက်သွားစေနိုင်သည် မဟုတ်ပါလော။

"ဥက္ကဌချီ.. ခင်များလည်း ဒီရောက်လာတာပဲလား..."

ချောင်ရှန့်ယွီနှင့် ချောင်ကျားတုံးတို့ ဟိုတယ်၀င်ပေါက်၀နား ရောက်သောအခါ အမှတ်မထင် ချီရှန်းကျောက်တို့ နှင့် ပက်ပင်းတိုးမိလေသည်။

သို့သော်လညိး သူတိူ့၏ မျက်လုံးထဲတွင်တော့ ချီရှန်းကျောက်မှာ Didi ရှယ်ယာပိုင်ရှင်၏ သားဖြစ်ပြီး ဟော်ယွမ်ယွမ်မှာ ၎င်း၏ အတွင်းရေးမှူးပင်။

ကံမကောင်းစွာဖြင့် ထိုသူနှစ်ဦးလုံးမှာ သူတို့နှစ်ယောက်ကို လျစ်လျူရှူသွားခဲ့ပြီး လင်းရီထံသို့ တန်းမတ်စွာ ပြေးသွားခဲ့ကြ၏။

ယခုအခြေအနေ ရောက်နေမှတော့ သူမတို့ ဆက်လက် ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။

"ဘော့စ်.. စောင့်ဦးလို့... အတူသွားကြမယ်လေ... "

ဟော်ယွမ်ယွမ် လင်းရီကို မည်သို့ခေါ်လိုက်လဲဆိုတာ ကြားသိတော့ ချောင်ကျားတုံးနှင့် ချောင်ရှန့်ယွီတို့ ကြက်သေသေသွားကြပြန်သည်။

"မစ်ဟော်... ခင်များက ဥက္ကဌချီရဲ့ အတွင်းရေးမှူး မဟုတ်ဘူးလား...ဘာလို့ လင်းရီကို ဘော့စ်လို့ ခေါ်လိုက်တာ.... "

ချောင်ကျားတုံး မရေရာသည့် လေသံဖြင့် မေးမြန်းလိုက်သည်။

"ကျွန်မက လင်းယွမ်အုပ်စုရဲ့ CFO လေ.. သူက ကျွန်မတို့ ကုမ္ပဏီရဲ့ စီအီးအို.. ကျွန်မက သူ့ကိုမှ ဘော့စ်လို့ မခေါ်ရင် ဘယ်သူ့ကို သွားခေါ်ရမှာ... "

လင်း... လင်းရီက လင်းယွမ် အုပ်စုရဲ့ ဘော့စ်...."

သားအဖ နှစ်ယောက်လုံး ဂယောင်ခြောက်ခြား ဖြစ်ကုန်ကြသည်။ သူတို့နှစ်ယောက်လုံး ချောင်ကျင်းချိုး၏ သတိပေးစကားကို ပြန်လည်ကြားယောင်မိသွားကြ၏။

လင်းရီမှာ လင်းယွမ် အုပ်စု၏ ဘော့စ်ဖြစ်ကြောင်း အတိုက်အခံ လုပ်၍ ပြောခဲ့သော်လည်း သူတို့နှစ်ယောက်လုံးက မယုံကြည်ခဲ့ကြချေ။

ယခုတော့ သူမ၏ စကားတို့မှာ အမှန်တရားဖြစ်နေလေသည်။

"နင် .. နင်က ဥက္ကဌချီရဲ့ အတွင်းရေးမှူး မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး လင်းယွမ်အုပ်စုရဲ့ CFO ဖြစ်လာခဲ့တာ... "

"အမှန်အတိုင်း ပြောရရင် အစ်ကိုချီက လင်းယွမ်အုပ်စုရဲ့ ဒါရိုက်တာလေ.. ကျွန်မကတော့ CFO ပေါ့... ရှင်းရှင်းလေး မဟုတ်ဘူးလား...."

"မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး... မင်း ညာနေတာ... မင်းတို့က Didi ရဲ့ အမှုဆောင် အရာရှိတွေ မဟုတ်ဘူးလား... ငါတို့ မနေ့တနေ့တုန်းကမှပဲ ဖုန်းထဲမှာ စကားပြောခဲ့ကြသေးတယ်လေ... ဘယ်လိုလုပ်ပြီး လင်းယွမ်အုပ်စုမှာ အလုပ်လုပ်နေကြပြန်တာတုန်းဟ....."ချောင်ကျားတုံး စိတ်ကယောင်ခြောက်ခြား ဖြစ်ပြီး အရူးတစ်ပိုင်း ဖြစ်နေဟန်ဖြင့် ပြောဆိုလိုက်သည်။

"အဲ့တာကို ကျုပ်ရှင်းပြမယ်..."လင်းရီ ပြုံးလိုက်ပြီး "ခင်များတို့ သိကြလောက်ဦးမှာတော့ မဟုတ်သေးဘူး... ခု Didi က လင်းယွမ်အုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီ ဖြစ်သွားပြီလေ... ပြီးတော့ ကျုပ်က လင်းယွမ်ရဲ့ ဘော့စ်ဆိုတဲ့... ဒီလောက်ဆို ခင်များတို့နှစ်‌ယောက် သဘောပေါက်ပါတယ်....”

All Chapters