နောက်ကွယ်က ဒိတ်ဒိတ်ကျဲ
Vol. 35 Ch. 522
"မင်း ..မင်း.... Didi က တကယ်ကြီး မင်းရဲ့ ကုမ္ပဏီလား....."
အဆိုပါ သတင်းကိုကြားတော့ သားအဖနှစ်ယောက်လုံး မယုံကြည်နိုင် ဖြစ်သွားကြပြန်သည်။
Didi ဆိုတာ ဘယ်လို ကုမ္ပဏီမျိုးလဲ
ဒေါ်လာ ၃၀ ဘီလီယမ်လောက် ရှိတဲ့ ငွေကြေး ယူနီကွန်းကြီးလေ...
အဲ့တာကို သူက ဘယ်လိုလုပ်ပြီး အလွယ်တကူပဲ ၀ယ်လိုက်တာလဲဟ...
သို့သော်လည်း မည်သူမျှ ထို့သို့သော ကိစ္စမျိုးကို လိမ်ညာလိမ့်မယ် မဟုတ်ချေ။
ဖူး....
ချောင်ကျားတုံး သွေးတစ်လုတ် အန်လိုက်၏။ အကယ်၍ ချောင်ရှန့်ယွီ ဖေးမပေးထားသောကြောင့်သာ မဟုတ်ပါက မြေပြင်တွင် လဲကျသွားပြီး ဖြစ်၏။
"မင်း.... မင်း အယုတ်တမာကောင်... ဒါပူးပေါင်းကြံစည်ထားတာပဲ..."
"ပူးပေါင်းကြံစည်တယ်..."လင်းရီ ရယ်မောလိုက်ပြီး "မစ္စတာချောင်... ကျုပ်ရှေ့မှာ အဲ့ဒီစကားမျိုး ပြောတာက နည်းနည်းလေး လွန်ရာ မကျလွန်းဘူးလား...."
"ခင်များက လျိုချူးကို မဲဆွယ်ပြီးတော့ ကျုပ်တို့ရဲ့ နည်းပညာကို ခိုးယူသွားတယ်... ပြီးတော့ မူပိုင်ခွင့်လည်း အရင်တင်လိုက်သေးတယ်... ခုကျတော့ကျုပ်ကို ပူးပေါင်းကြံစည်တယ်ဆိုပြီး စွပ်စွဲနေတယ်.... ခင်များက တော်တော် စိတ်၀င်စားဖို့ ကောင်းတဲ့သူပဲ...."
"မင်း....."
သားအဖ နှစ်ယောက်လုံး ပြောစရာ စကား ရှာမရတော့သည်အထိ ဒေါသထွက်နေခဲ့ကြသည်။ ယင်းကလည်း သူတို့ဘက်က လုံရှင်း၏ နည်းပညာကို ခိုးယူထားကြောင် ငြင်းပယ်၍ မရသောကြောင့်ပင်။
အကယ်၍ သူတို့သာ လျိုချူးကို မခေါ်ယူခဲ့ဘူး ဆိုပါက Cisco မှာ ယခုလို နေ့မျိုး ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။ ယခု မတိုင်ခင်ကတော့ Cisco မှာ လုံရှင်းကို အစဉ်အမြဲ ဖိနှိပ်နိုင်ခဲ့၏။
လင်းရီ ချောင်ကျားတုံး၏ ပခုံးကို ပုတ်လိုက်ပြီး "အဘိုးကြီး... ခေတ်တွေပြောင်းသွားပြီ... အိမ်ပြန်ပြီးတော့ မြေးထိန်းနေလိုက်တော့...."
ထို့နောက် လင်းရီ ချောင်ရှန့်ယွီကို ကြည့်ကာ "အစ်ကိုချောင်... လုံရှင်းက ဒီနေ့ အနိုင်ရသွားခဲ့တယ်ဆိုတော့ ပါတီလေး လုပ်လိုက်ကြရအောင်... မပူနဲ့ ကျုပ်တိုက်မှာပါ..."
"ငါ့ ဖင်ကြီးကိုပဲ ပါတီလုပ်လိုက်လေ... မင်းယုံမလားတော့ မသိဘူး.. ငါ တစ်ယောက်ယောက်ကို ခိုင်းပြီး မင်းကို သေအောင် သတ်ခိုင်းလို့ ရတယ်...."ချောင်ရှန့်ယွီ ကျိန်ဆဲလိုက်၏။
"ကျုပ်ကို သတ်မယ်...."လင်းရီ ပြုံးလိုက်ပြီး "ကျုပ်ကတော့ ခင်များတို့ ပြန်ပြီး စာချုပ်ကိစ္စ ကိုင်တွယ်တာက ပိုကောင်းမယ်လို့ ထင်တယ်နော...."
"စာချုပ်... ဘာစာချုပ်လဲ...."ချောင်ရှန့်ယွီ ပြောလိုက်ပြီး "မင်းတို့ လင်းယွမ်အုပ်စုနဲ့ ဘာစာချုပ်ချုပ်ထားလို့တုန်း...."
"လင်းယွမ်အုပ်စုနဲ့တော့ စာချုပ် မချုပ်ထားဘူး... ဒါပေမယ့် Didi နဲ့တော့ ယွမ် သုံးဘီလီယမ်တန် စာချုပ် ချုပ်ထားတယ်လေ... မေ့သွားပြီလား... မှတ်ဉာဏ်ကလည်း စုတ်ချာလိုက်တာ...."
"ဟုတ်တယ်လေ... ငါတို့ Didi နဲ့ ယွမ် သုံးဘီလီယမ်တန် စာချုပ် ချုပ်ထားတယ်... ဒါပေမယ့် ကုန်ပစ္စည်းတွေ အကုန်လုံးကို ထုတ်လုပ်ပြီးသွားပြီလေ... မင်း ငါတို့ကို ခုချက်ချင်း ငွေလွှဲပေး... မဟုတ်ရင် စာချုပ်ချိုးဖောက်တယ်လို့ သတ်မှတ်ရလိမ့်မယ်...."
လင်းရီ ချောင်ရှန့်ယွီ၏ မျက်နှာကို ခပ်ဆတ်ဆတ် အသာအယာ ရိုက်လိုက်ပြီး ရွှင်မြူးနေသည့် လေသံဖြင့် "မင်းတို့ သားအဖနှစ်ယောက်က ချစ်စရာကောင်းလောက်အောင် ပိန်းတိန်းနေကြတာပဲကွ... ငါ ဘာလို့ ဒီလိုမျိုး သတင်းစာ ရှင်းလင်းပွဲ လုပ်လဲဆိုတာ မင်းတို့ တစ်ခါမှ မစဉ်းစားဖူးဘူးလား.... "
ချောင်ရှန့်ယွီ ရင်ထိတ်သွားခဲ့သည်။ မသိစိတ်မှ တစ်ခုခု မှားယွင်းနေပြီဟု အဆက်မပြတ် သတိပေးနေလေသည်။
"မင်း ဘာပြောချင်တာတုန်းကွ..."
"မင်းတို့ကောင်တွေ ယွမ်သုံးဘီလီယမ်ဖိုး ချစ်ပ်တွေ ထုတ်လုပ်ပြီးသွားပြီဆိုတာ ငါသိတယ်... အဲ့လို လုပ်ခိုင်းရတဲ့ အကြောင်းပြချက်ကလည်း မင်းတို့ရဲ့ ရန်ပုံငွေတွေ အကုန်လုံး ကုန်ခမ်းသွားအောင်လို့ပဲ..."လင်းရီ ပြောလိုက်ပြီး "နောက်ပြီးတော့ ငါတို့ စာချုပ်ချုပ်တုန်းက အပိုဒ်ငယ်လေး တစ်ခု ထပ်မထည့်ထားခဲ့ဘူးလား... တကယ်လို့ နောက်နှစ်အထိ Ciscoရဲ့ ချစ်ပ်တွေက နည်းပညာ ရှေ့ပြေးနေမယ်လို့ အာမ မခံပေးနိုင်ရင် စာချုပ်တန်ဖိုးရဲ့ ဆယ်ဆ ပြန်လျော်ပေးပါ့မယ်လို့ သဘောတူထားတာကိုလေ... ခု လုံရှင်းက ချစ်ပ် ၂.၀ ကို ထုတ်လုပ်လိုက်ပြီဆိုတော့ သဘောတူထားတဲ့အတိုင်း လျော်ကြေး မပေးသင့်ဘူးလား...."
လင်းရီ၏ စကားလုံးများက ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်ကို ဆွံ့အသွားစေသည်။
ထိုစဉ်အခါတုန်းက သူမတို့၏ ဘော့စ်မှာ ယွမ် ၅၀၀ မီလီယမ်သာ အသုံးပြုခဲ့၏။ ယခုတော့ နှစ်လ သုံးလ အတွင်း ယွမ် ၂၉.၅ ဘီလီယမ် ပြန်ရှာနိုင်ခဲ့လေသည်။
ယင်းက ကြောက်ခမန်းလိလိပင်။
ဖူး....
ချောင်ကျားတုံး ထပ်မံ၍ သွေးတစ်လုပ် အန်လိုက်ရသည်။ ထို့နောက် မျက်ဖြူလှန်၍ သတိလစ်သွားတော့၏။
"အာ... သတိလစ်သွားပြီလားဟ... ဘယ်လောက်တောင် အားနည်းလိုက်လဲ...."
လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "သွားစို့... တစ်ခုခုသွားစားကြမယ်... ငါ ဗိုက်အတော်လေးဆာနေပြီ...."
ထိုစဉ် သတင်းထောက်များအားလုံး ဟိုတယ်ထဲမှ ပြေးထွက်လာပြီး လင်းရီကို အင်တာဗျူးချင်နေကြ၏။ သို့သော်လည်း လင်းရီကတော့ အခွင့်အရေးမပေးဘဲ သူ၏ Bentley ထဲသို့ ၀င်ရောက်သွားခဲ့လေသည်။
ချောင်ရှန့်ယွီကတော့ သူ့အဖေကို လက်တွဲ၍ ကားထဲသို့ ပို့ဆောင်လိုက်သည်။ ထိုအခါမှ သူတစ်စုံတစ်ခုကို သတိပြုမိသွားသည်။ လင်းရီမှာ အစကတည်းက ကလေကချေ တစ်ယောက်မဟုတ်ပဲ ကျားသားစားချင်၍ တော၀က်ယောင်ဆောင်နေခြင်းပင်။
အကယ်၍ ယခုလိုနေ့မျိုး ရောက်လာမည်မှန်း ကြိုသိခဲ့မည်ဆိုပါက ချောင်ကျင်းချိုး၏ စကားကို သူ မြေ၀ယ်မကျ နားထောင်မိခဲ့မှာ အမှန်ပင်။ ကံမကောင်းစွာဖြင် လောကကြီးတွင် နောင်တအတွက် ဆေးမရှိပေ။
ထိုအချိန်တွင်ပဲ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် လူတိုင်း ယနေ့ အဖြစ်အပျက်မှာ ဟွာရှ၏ သိပ္ပံနှင့်နည်းပညာနယ်ပယ်ကို အကြီးအကျယ် လှုပ်ခတ်သွားစေလိမ့်မည်ဖြစ်ကြောင်း သေချာနေကြတော့၏။
ဘယ်လိုရှော့ခ်ရမှုမျိုးများကို ဖြစ်ပေါ်သွားစေမလဲ ဆိုတာကိုတော့ မည်သူမျှ မသိကြသေးချေ။
လေးယောက်သား လင်းယွမ် အုပ်စုထံသို့ ပြန်လာခဲ့ကြပြီး သူတို့ ဆုံနေကျ စီချွမ် စားသေယက်ဆိုင်သို့ ဦးတည်လိုက်ကြသည်။
"လင်းရီ.. နင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ..."ကျီချင်းရန် လင်းရီ၏ လက်ကို ဆွဲရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ထိုသို့ ပြီးပြည့်စုံသည့် စစ်ဆင်ရေးမှာလည်း သမိုင်းတွင် မှတ်တမ်းတင်ထားဖို့ရာအထိ လုံလောက်လေသည်။
"ဘော့စ်... ကျွန်မ ရှင့်ရှေ့မှာ မိမိုက်သလို လုပ်ခဲ့တာတွေက အရမ်းမှားတာပဲ... "ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ကျွန်မက တကယ်ကြီး ဘော့စ်နဲ့ မယှဉ်ပြိုင်နိုင်ပါဘူး..."
"ဘာလို့ တောင်းပန်တဲ့ စကားတွေ လာပြောနေတာ... ချစ်ပ် ၂.၀ နည်းပညာသာ မရှိဘူးဆိုရင် ဒါတွေအားလုံးက အချည်းနှီး ဖြစ်ကုန်မှာပဲလေ.... "
"အဲ့လိုဆိုရင်တောင်မှ ဘော့စ်မှာ ချစ်ပ် ၂.၀ နည်းပညာကို ထုတ်လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိသေးတယ်လေ... ခုဆို ကျွန်မတို့က ၂၉.၅ ဘီလီယမ်တောင် အကျိူအမြတ်ရလိုက်သေးတယ်... ကျွန်မကို လစာလေး မတိုးပေးချင်ဘူးလားဘော့စ်...."
"နိုးထတော့... ဘာလို့ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်တွေ လာမက်နေတာ...."
"ဘော့စ်လင်း... ဒီနေ့ပြီးရင်တော့ Cisco က သက်ဆိုးရှည်လိမ့်မယ်လို့တော့ ကျုပ်မထင်ဘူး...."ချီရှန်းကျောက် ပြောလိုက်ပြီး "မူလကတော့ သူတို့ရဲ့ ငွေကြေးအင်အားက သွားရှုပ်လို့ရတဲ့ အနေအထားမဟုတ်ဘူး... ခုတော့ ကျွန်တော်တို့ဆီ လျော်ကြေးပေးရမယ့် ပမာဏနဲ့ဆိုရင် မကြာခင် သေချာပေါက် ဒေဝါလီခံရမှာပဲ...."
"ဒီတိုင်း Cisco လေးပါကွာ... ဘာမှ ကြီးကျယ်နေတာလည်း မဟုတ်ဘူး..."လင်းရီ ရယ်မောလိုက်ပြီး "သူတို့နောက်မှာ ပံ့ပိုးထားတဲ့ တကယ့် ဒိတ်ဒိတ်ကျဲကြီး ရှိနေသေးတယ်... ငါခန့်မှန်းတာ မှန်မယ်ဆိုရင် သူတို့လည်း မကြာခင် လူလုံးပြလာတော့မှာ...."
"ဒါဆို နင့်မျက်လုံးထဲမှာ Cisco ဆိုတာ အစကတည်းက မရှိခဲ့ဘူးပေါ့နော်...."ကျီချင်းရန် မေးမြန်းလိုက်၏။
"ဘယ်လိုထင်လို့လဲ..."လင်းရီ ပြောလိုက်ပြီး "လုံရှင်းကို ၀ယ်ယူပြီးတော့ ငါ့ အစီအစဉ်က ပြည်တွင်းဈေးကွက်မှာ ခြေကုပ်ယူပြီး ခု ချစ်ပ် ၁.၀ ကို ဖြည်းဖြည်းချင်း ထုတ်လုပ်သွားမလို့ပဲ...ဒါပေမယ့် အဲ့ကောင်တွေက ငါ့ရဲ့ နည်းပညာကို လာခိုးသွားတယ်လေ... အဲ့တော့လည်း ဒီကောင်တွေနဲ့ ပြန်ဆော့ကစားပေးရတာပေါ့.... "
"နောက်ပြီးတော့ ငါ ဖိုတိုလီတိုဂရပ်ဖီစက် ၀ယ်ယူချင်နေတုန်းက တစ်စုံတစ်ယောက်ကနေပြီးတော့ နောက်ကွယ်ကနေ တားဆီးထားတယ်... ငါ့အထင်တော့ အဲ့ဒီရဲ့ လက်သည်တရားခံကလည်း Cisco နဲ့ပဲ ဆက်စပ်နေမှာ.. Ciscoရဲ့ လက်ရှိ အရွယ်အစားနဲ့ဆိုရင် ASML ကို ဖိအားပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. ဒီလိုဆိုရင်တော့ Ciscoရဲ့ ရှယ်ယာရှင်တွေထဲမှာ တကယ့်ကို ဒိတ်ဒိတ်ကျဲတစ်ယောက် ရှိနေပြီဆိုတာ သေချာသလောက် ဖြစ်သွားပြီ... "
"တစ်ဖက်လူက ASML လို နိုင်ငံခြားကုမ္ပဏီကိုတောင်မှ ဖိအားပေးနိုင်တယ်ဆိုတော့ သူတို့ရဲ့ အင်အားက သေချာပေါက် အထင်သေးလို့ ရမှာ မဟုတ်ဘူးနော်... ဟွာရှလို ကျယ်ပြန့်တဲ့ နိုင်ငံကြီးထဲမှာဆိုရင် သူတို့က နယ်ရှင်ပယ်ရှင် အဆင့်လောက် ရှိရမယ်...."
"ဘယ်လိုကုမ္ပဏီလဲဆိုတာ အရေးမကြီးဘူး.. ငါ့စီးပွားရေးကို ဖျက်လိုဖျက်ဆီး လာလုပ်လို့ကတော့ သေချာပေါက် ဖြေရှင်းချက် ပေးရမှာပဲ..."လင်းရီ ပြောလိုက်ပြီး "ခု မင်းတို့ကောင်တွေလည်း အားလုံး နားလည်သွားပြီဆိုတော့ နောက်လာမယ့် အကျိုးဆက်တွေကို ကိုင်တွယ်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပြီ.... "
"နားလည်ပါပြီ ဘော့စ်...."
နေ့လည်စာ စားပြီးနောက် လင်းရီ ဟွာရှန်းဆေးရုံသို့ ပြန်လာခဲ့လိုက်သည်။
နည်းပညာနယ်ပယ်တွင် အုံကြွသွားသည့် ဂယက်က လင်းရီ၏ နေ့စဉ်ဘ၀ကို မည်သို့မျှ အကျိုးမသက်ရောက်စေခဲ့ပေ။
သို့သော်လည်း သတင်းစာ ရှင်းလင်းပွဲပြီးပါပြီ ဆိုကတည်းက လင်းရီ၏ ဖုန်းမှာ မနားတမ်း မြည်ဟီးနေသည်။ လင်းရီကတော့ ရှန်ထျန်းကျိူ ဖုန်းမှလွဲ၍ ကျန်သည့် ဖုန်းများအားလုံးကို ငြင်းဆိုလိုက်သည်။
ဌာနထဲတွင်တော့ လူတိုင်း အလုပ်ကိုယ်စီနှင့် ယောက်ယပ်ခပ်နေကြသည်။ ကမ္ဘာနှစ်ဖက် ဖြစ်နေသကဲ့သို့ပင်။ သူတို့ ရှေ့ရှိ လူနာများကိုသာ ဂရုစိုက်နေကြပြီး မနက်ခင်းတွင် ဖြစ်ပွားသွားခဲ့သော ကမ္ဘာတုန်လှုပ်စရာ သတင်းစာရှင်းလင်းပွဲအကြောင်း မည်သူမျှ အာရုံထားမနေချေ။
နေ့လည်ခင်းပိုင်း ခွဲစိတ်မှု ပြုလုပ်ပြီးနောက် လင်းရီ သူ့ဖုန်းတွင် လွဲချော်သွားသည့် ခေါ်ဆိုမှုများ ရာကျော်နေကျောင်း မြင်တွေ့လိုက်ရ၏။
အရေးပါသည့် ဖုန်းကောတစ်ချို့မှ လွဲ၍ လင်းရီ ကျန်တာများကို လျစ်လျူရှုလိုက်သည်။
"ငါ့ဆီ ဖုန်းခေါ်ထားတာလား..."လင်းရီ လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်၏။
"CISCOက ခုဆို အဆုံးသတ်သွားပြီ... ဒါတွေအားလုံး နင့်လက်ချက်မလား..."
"ဒါပေါ့ကွ.. သူတို့က ငါ့နည်းပညာ ခိုးယူထားမှတော့ ငါက အေးဆေး လွှတ်ထားပေးမယ်လို့များ ထင်နေတာလား...."
"နင်သိလား.. Cisco ကို နောက်ခံပေးထားတဲ့ တကယ့် ရင်းနှီးမြုပ်နှံသူတွေ အများကြီး ရှိနေသေးတယ်နော်... သူတို့က ခုလို နင့်လုပ်ရပ်ကို သည်းခံနေမှာ မဟုတ်ဘူး..."လျန်ရူရွှယ် ပြောလိုက်ပြီး "ဒါပေမယ့်...... ထားပါ... ဒီကိစ္စ ဖုန်းထဲမှာ ပြောလို့ မကောင်းဘူး.. ငါခု အလုပ်ဆင်းပြီ... ဒီည ငါ့အိမ်လာခဲ့....”